← Chapters

စွမ်းအားကြီးတဲ့ ကြမ္မာဆိုး

Vol. 107 Ch. 1114

စွမ်းအားကြီးတဲ့ ကြမ္မာဆိုး

Vol. 107 Ch. 1114

“အမှောင်သခင်ကြီးက တော်တော်လေး စွမ်းအားကြီးတယ်၊ သူ ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာ ငါတောင် အတိအကျ မပြောနိုင်ဘူး၊ လောကဦးနတ်ဘီလူး သုံးပါး ပူးပေါင်းရင်တောင် ငါ ကြောက်မိတာက...”

ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ဟွမ်ဟာ မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ရဲ့ ကူညီမှုကို မငြင်းဆန်ပါဘူး။ သူလည်း ဒီအတောအတွင်း အမှောင်သခင်ကြီးကိစ္စကို စိုးရိမ်နေတာမလို့ မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ရဲ့ ကူညီမှုက ရေငတ်တုန်း ရေတွင်းထဲကျသလိုပါပဲ။

ဒါပေမဲ့ ဟန်ဟွမ်ဟာ မူလလောကဦး သေမှာကိုလည်း စိုးရိမ်ပါတယ်။ မူလလောကဦး သူ့ဆီ အိပ်မက်ထဲကနေ လာလည်တုန်းက မာန မိုးထိပြီး အရမ်းကို ယုံကြည်ချက် ရှိနေခဲ့တယ် မဟုတ်ပါလား။

မူလလောကဦးဟာ ပြုံးလိုက်ပါတယ် “အမှောင်သခင်ကြီးက မဟာတာအို အထွတ်အထိပ်အဆင့်ကို ကျော်လွန်သွားတဲ့ တည်ရှိမှုဆိုတာ ငါ သိတယ်၊ မဟာတာအို အထွတ်အထိပ်အဆင့်ရဲ့ အထက်မှာ တာအိုဖန်တီးရှင်အဆင့် ရှိတယ်၊ ဒီအဆင့်က ပဋိပက္ခကို ကျော်သွားပြီ”

“တာအိုဖန်တီးရှင်...” ဟန်ဟွမ်ဟာ မျက်မှောင် ပိုကြုတ်သွားပြီး သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။

ဟွမ်ဇွမ်တျန် “ရှီတုတောက်က အမှောင်သခင်ကြီးကို တော်တော်လေးကိုမှ သက်ဝင်ယုံကြည်တာ၊ အဲဒီတော့ ငါ ရှုံဟွာအင်အားစုကို ဆက်ပြီးတော့ မထိန်းချုပ်နိုင်တော့ဘူး၊ ငါ မင်းကို သတိပဲ ပေးလို့ရတော့တယ်၊ ရှုံဟွာအင်အားစုထဲမှာ တော်တော်လေး အင်အားကြီးတဲ့ အင်အားစုတစ်စု ပုန်းနေတယ်”

ဟန်ဟွမ် “ပြဿနာအများဆုံးက အမှောင်သခင်ကြီးပဲ၊ အမှောင်ဂိုဏ်းက အမှောင်သခင်ကြီး သေသွားရင် သူတို့ဘာသာ သူတို့ ပြိုကွဲသွားလိမ့်မယ်”

ဟွမ်ဇွမ်တျန်ဟာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတာကြောင့် ဟန်ဟွမ်ရဲ့ စကားကို မငြင်းပါဘူး။ တကယ့်ပြဿနာက အမှောင်သခင်ကြီး ဖြစ်နေတုန်းပါ။ အမှောင်သခင်ကြီးကို ဖျက်ဆီးနိုင်တာနဲ့ ကျန်တာတွေ အကုန်လုံးက အဆင်ပြေသွားမှာပါ။

ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ကို တွေးမိလိုက်ပါတယ် ‘ဟန်ဟွမ်သာ သခင်ကို အကူအညီတောင်းရင်... မဟုတ်သေးဘူး... သခင် မလှုပ်ရှားတာက ငါတို့ကို စမ်းသပ်ချင်လို့ ဖြစ်မယ်’

ဟန်ဟွမ်တို့ သုံးယောက်ဟာ အမှောင်သခင်ကြီးကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဆက်ပြီးတော့ ဆွေးနွေးကြပါတယ်။

တစ်ခဏ အကြာမှာတော့ ကျန်းယီက ဟန်ဟွမ်ဆီ အသံလွှင့်ပြီး ပဋိပက္ခကိုးပါး ရောက်လာကြောင်း ပြောလာပါတယ်။ ဟန်ဟွမ်လည်း ချက်ချင်း အသံပြန်လွှင့်ပြီး ပဋိပက္ခကိုးပါးကို ကြိုဆိုခိုင်းပါတယ်။

“ပဋိပက္ခကိုးပါး ရောက်လာပြီ၊ ဒါက ငါတို့တွေ တစ်‌ယောက်နဲ့ တစ်ယောက်နဲ့ သိကျွမ်းဖို့ အခွင့်ကောင်းပဲ၊ ငါတို့တွေ အမှောင်သခင်ကြီးကို ရင်ဆိုင်ဖို့ ငါတို့ကိုယ် ငါတို့ပဲ အားကိုးရလိမ့်မယ်၊ ကျန်တဲ့ မဟာတာအိုပညာရှိချုပ်တွေ အကုန်လုံးက အစတေးခံ နယ်ရုပ်တွေပဲ”

ဟန်ဟွမ်ရဲ့ စကားကို မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်က မကန့်ကွက်ကြပါဘူး။

မကြာခင်မှာပဲ ပဋိပက္ခကိုးပါး ရောက်လာပါတယ်။ သူတို့ရဲ့ အကြည့်တွေဟာ မူလလောကဦးနဲ့ ဟန်ဟွမ်ဆီ ရောက်သွားပါတယ်။

နဝမပဋိပက္ခရဲ့ ကိုယ်ပွားဟာ မျက်လုံးကျဉ်းပြီး နှုတ်ဆက်လိုက်ပါတယ် “မူလလောကဦး မတွေ့တာကြာပြီနော်၊ မင်း အသက်ရှင်နေလိမ့်မယ်လို့ ငါ ထင်မထားဘူး”

တစ်ခါတုန်းက မူလလောကဦးဟာ ပန်ကူးရဲ့ နောက်ဆုံးပြိုင်ဘက် ပဋိပက္ခနတ်ဘီလူးပါ။ နောက်ဆုံး ပြိုင်ဘက် ဆိုကတည်းက ပဋိပက္ခ နတ်ဘီလူးတွေကြားထဲမှာ သူ့အဆင့်အတန်းနဲ့ အရည်အချင်းကို ခန့်မှန်းလို့ ရပါတယ်။ မူလလောကဦးက ပဋိပက္ခထဲမှာ အရှည်ကြာဆုံး တည်ရှိမှု ဖြစ်တဲ့အတွက် နဝမပဋိပက္ခကို မြင်ဖူးပါတယ်။

မူလလောကဦးဟာ မျက်မှောင်ကြုတ်သွားပါတယ် “မင်းပါလား... မင်းက ဘယ်သူလဲ”

အရင်တုန်းက ပဋိပက္ခနတ်ဘီလူး သုံးထောင် တိုက်ပွဲမှာ သူ့ကို ပန်ကူးနဲ့ တိုက်ခိုက်ဖို့ သွေးထိုးပေးခဲ့တဲ့လူက နဝမပဋိပက္ခပါ။ ဒါပေမဲ့ အဲဒီတုန်းက နဝမပဋိပက္ခဟာ ကောင်းကျိုးရော ဆိုးကျိုးရော ပြောခဲ့တဲ့အတွက် မူလလောကဦးဟာ နဝမပဋိပက္ခကို အပြစ်တင်လို့ မရပါဘူး။

ဒါပေမဲ့ ဒီလောက်နှစ်တွေ ကြာတာတောင် နဝမပဋိပက္ခက အသက်ရှင်နေသေးတာကြောင့် မူလလောကဦးဟာ ကိစ္စတော်တော်များများကို တွေးမိလိုက်ပါတယ်။

နဝမပဋိပက္ခ “ဟီးဟီး... အတိတ်က အကြောင်းတွေကို ပြန်ပြောဖို့ မလိုပါဘူး၊ အခုက ငါက လောကကြီးကို ကာကွယ်ဖို့ တိုက်ခိုက်နေတဲ့ ပဋိပက္ခကိုးပါးထဲက တစ်ပါးပဲ”

မူလလောကဦးဟာ မျက်မှောင် ပိုကြုတ်သွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ်။

‘ငါက အသွင်လည်း ပြောင်းပြီးပြီ၊ ခန္ဓာကိုယ်ကလည်း ပြောင်းလဲသွားပြီ၊ ဝိညာဉ်ကလည်း လောကဦးနတ်ဘီလူး ဖြစ်သွားပြီ၊ သူက ဘယ်လိုလုပ်ပြီး ငါ့ကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိနေသေးတာလဲ... မဟုတ်မှလွဲရော...’

မူလလောကဦးဟာ တစ်စုံတစ်ခုကို တွေးမိပြီး ပဋိပက္ခကိုးပါးကို ကြောက်သွားပါတယ်။

ဟန်ဟွမ်ဟာ ပဋိပက္ခကိုးပါးကို နေရာပေးပြီး အမှောင်သခင်ကြီးကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဆက်ဆွေးနွေးကြပါတယ်။

.....

မှောင်မိုက်တဲ့ ဟင်းလင်းပြင်မှာ စုချီဟာ ဖြည်းဖြည်းချင်း ခရီးနှင်နေပါတယ်။ သူ့နောက်မှာတော့ သမုဒ္ဒရာလို အတောမသတ်နိုင်အောင် ကျယ်ပြောတဲ့ ကြမ္မာဆိုး မြူခိုးတွေ ကပ်ပါလာပါတယ်။

နှစ်တွေ ကြာသွားပြီ ဖြစ်တဲ့အတွက် စုချီရဲ့ ကြမ္မာဆိုးဟာ တော်တော်လေးကိုမှ အားကောင်းလာခဲ့ပါပြီ။ သာမန် မဟာတာအိုပညာရှိချုပ်တောင် သူ့နားကို မကပ်ရဲတဲ့အထိပါပဲ။

သက်ရှိတွေကို ပိုပြီးတော့ ထိခိုက်စေလေလေ စုချီရဲ့ ကြမ္မာဆိုးက ပိုပြီးတော့ အားကောင်းလာလေလေပါပဲ။ အဆင့် အပိတ်အဆို့သာ မရှိဘူးဆိုရင် သာမန်ကျင့်ကြံတာထက် အများကြီး မြန်ဆန်မှာပါ။

ဒီတစ်ကြိမ်မှာတော့ စုချီဟာ ပဋိပက္ခနဲ့ လောကဦးပဋိပက္ခကို တုန်လှုပ်ချောက်ချားစေတဲ့ အမှောင်သခင်ကြီးနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ ပထမတော့ စုချီဟာ လောကဦးပဋိပက္ခကို ကူညီဖို့ပါ။ ဒါပေမဲ့ အမှောင်သခင်ကြီးက ဟန်ဟွမ်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်လိုက်တဲ့အတွက် စုချီဟာ အမှောင်သခင်ကြီးကို ရင်ဆိုင်ဖို့ ရွေးချယ်လိုက်ပါတယ်။

“အမှောင်သခင်ကြီး... မင်းရဲ့ အမှောင်ထုက ငါ့ရဲ့ ကြမ္မာဆိုးကို ဟန့်တားနိုင်မလား ကြည့်ကြသေးတာပေါ့” စုချီဟာ ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်ပါတယ်။ စုချီဟာ မျက်လုံးစုံကန်းပြီး သူ့ကိုယ်သူ ယုံကြည်မှု ရှိနေတာ မဟုတ်ပါဘူး။ ဒီယုံကြည်မှုက သူ့ရဲ့ တိုက်ပွဲအောင်မြင်တွေကနေ စုစည်းလာတာပါ။

သူ့ရဲ့ ကြမ္မာဆိုးကို ပဋိပက္ခ နိယာမကိုယ်တိုင်ပဲ နှင်ထုတ်လို့ရပါတယ်။ ဖျက်ဆီးလို့ရတာ မဟုတ်ပါဘူး။ နှင်ထုတ်လို့ပဲ ရတာပါ။

စုချီဟာ ယွမ်ရှီကျယ်ဝမ်ကို အာရုံခံမိတဲ့အခါ အံ့ဩတုန်လှုပ်သွားပါတယ်။ ‘ဟန်ဟွမ် ဖန်တီးထားတဲ့ အရာလို့ မပြောရဘူး... အမှောင်သခင်ကြီး သူ့ကို ရွေးတာ အံ့ဩစရာ မရှိတော့ပါဘူး’

စုချီဟာ ခပ်သုတ်သုတ် ခရီးနှင်တဲ့အတွက် ယွမ်ရှီကျယ်ဝမ်ရှေ့ကို လျင်မြန်စွာ ရောက်ရှိသွားပါတယ်။ စုချီရောက်လာတာနဲ့ ကြောက်မက်ဖွယ် ကြမ္မာဆိုးဟာ ယွမ်ရှီကျယ်ဝမ်ကို လွှမ်းမိုးသွားပါတယ်။

ဒီအချိန်မှာ ယွမ်ရှီကျယ်ဝမ်ဟာ မှေးနေတာပါ။ ကြမ္မာဆိုးကို အာရုံခံမိတာကြောင့် ယွမ်ရှီကျယ်ဝမ်ဟာ မျက်လုံး ၁၈ လုံးကို ရုတ်တရက် ဖွင့်ကြည့်လိုက်ပါတယ်။

ကြမ္မာဆိုးက သူ့ကို မသက်မသာ ဖြစ်စေတဲ့အတွက် ယွမ်ရှီကျယ်ဝမ်ဟာ နားကွဲမတတ် အော်ဟစ်ပြီး စုချီကို တိုက်ခိုက်ပါတယ်။

မှေးနေတဲ့ ဟန်ကျွယ်လည်း ဒီအသံတွေကြောင့် နိုးလာပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုနဲ့ အိပ်စက်ဖို့ မလိုပါဘူး။ ဒီအတိုင်း မှေးချင်လို့ကို မှေးနေတာပါ။

ဟန်ကျွယ်ဟာ စုချီကို အာရုံခံမိတာ ကြာပါပြီ။ ဒါပေမဲ့ မတားခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စုချီရဲ့ လက်ရှိစွမ်းအားကို စမ်းသပ်ချင်တာကြောင့်ပါ။

စုချီဟာ ဘယ်လိုပဲ တိုက်ခိုက် တိုက်ခိုက် ယွမ်ရှီကျယ်ဝမ်ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး။ ကြမ္မာဆိုးမြူခိုးတွေကတော့ ယွမ်ရှီကျယ်ဝမ်ကို မျှော်လင့်ချက် ကင်းမဲ့စေပြီး မသက်မသာ ဖြစ်စေပါတယ်။ ဒီလိုနဲ့ မကြာခင်မှာပဲ ယွမ်ရှီကျယ်ဝမ်ရဲ့ အပေါ်ဆုံး မျက်နှာပြင်အလွှာဟာ တောက်လောင်ပြီး မီးခိုးတွေ ထွက်လာပါတယ်။

‘ကြမ္မာဆိုးက စွမ်းလှချည်လား၊ လောကဦးနတ်ဘီလူးရဲ့ ခန္ဓာကိုယ်ကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်တယ်’ ဟန်ကျွယ်ဟာ နည်းနည်းတော့ အံ့ဩသွားပါတယ်။

ယွမ်ရှီကျယ်ဝမ်က လောကဦးနတ်ဘီလူး စစ်စစ် မဟုတ်ပေမဲ့ သူ့ခန္ဓာကိုယ်က လောကဦးနတ်ဘီလူး ခန္ဓာကိုယ်လို့ ယူဆလို့ရပါတယ်။ ဒါကြောင့်လည်း ယွမ်ရှီကျယ်ဝမ်က ဒီ‌လောက်ထိ ပြိုင်ဘက်ကင်းနေခဲ့တာပါ။

စုချီရဲ့ ကျင့်ကြံမှုက သိပ်ပြီးတော့ မရှိပါဘူး။ ဒါပေမဲ့ ကြမ္မာဆိုး စွမ်းအားက သူ့ကျင့်ကြံမှု စွမ်းအားထက် အများကြီး သာလွန်ပါတယ်။ ဒီအတိုင်းဆက်သွားရင် စုချီရဲ့ ကြမ္မာဆိုးက ပဋိပက္ခကိုတောင် ဖျက်ဆီးနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစွမ်းအားက ဗလာနယ်မြေကို ထိခိုက်အောင် လုပ်နိုင်မလားဆိုတာ တွေးမိလိုက်ပါတယ်။ ဒီအတွေးကြောင့်ပဲ စုချီရဲ့ အရည်အချင်းက အကန့်အသတ် မရှိဘူးလို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။

‘ငါ ဒီကောင်လေးကို သေချာလေး ပျိုးထောင်မှပဲ’

ဟန်ကျွယ်နောက်က ကျိုးစုန်ဟာလည် တိုက်ပွဲကို ကြည့်နေပါတယ်။ ကျိုးစုန်ဟာ ချိပ်ပိတ်ခံထားရပြီး မရွှေ့လျားနိုင်ပါဘူး။ ဟန်ကျွယ်ကလည်း ကျိုးစုန်ကို စိတ်ထဲ မထည့်တဲ့အတွက် ကျိုးစုန်ခမျာ ဒီအတိုင်း ဆက်ပြီးတော့ ဒုက္ခခံရပါတယ်။

‘စုချီ... ဒီကောင်က ယွမ်ရှီကျယ်ဝမ်ကို ထိခိုက်အောင် လုပ်နိုင်တာလား... ဒီကောင် အရင်တုန်းက ဒီလောက်ထိ စွမ်းအားမကြီးပါဘူး’

ကျိုးစုန်ဟာ စုချီကို ကြည့်ပြီး အံ့အားလည်းသင့်သလို စိတ်လည်း ပျက်သွားပါတယ်။ ကိုယ့်လောက် မတော်တဲ့လူတစ်ယောက် ကိုယ့်ကို ကျော်တက်သွားတယ်ဆိုတဲ့ ခံစားချက်က တော်တော်လေးကို နေရထိုင်ရ ခက်စေပါတယ်။

တိုက်ပွဲကို ခဏကြည့်ပြီးတဲ့ အခါမှာတော့ ကျိုးစုန်ရဲ့ နှလုံးသားဟာ ရေထဲမြုပ်သွားပါတယ်။

စုချီက ယွမ်ရှီကျယ်ဝမ်ကို ထိခိုက်အောင် လုပ်နိုင်ပေမဲ့ ဒဏ်ရာပဲ ရစေနိုင်တာပါ။ ဒဏ်ရာရအောင် လုပ်နိုင်တာနဲ့ သေအောင် သတ်နိုင်တာက မိုးနဲ့မြေလို အဝေးကြီး ကွာခြားလှပါတယ်။ အမှောင်သခင်ကြီးကတော့ စကားထဲ ထည့်ပြောစရာတောင် မလိုပါဘူး။

အမှောင်သခင်ကြီးက ယွမ်ရှီကျယ်ဝမ်ထက် အများကြီး စွမ်းအားပိုကြီးပါတယ်။ စုချီက အမှောင်သခင်ကြီးရဲ့ တည်ရှိမှုကို အာရုံခံမိပုံ မပေါ်ပါဘူး။

အမှောင်သခင်ကြီးက သူ့ရှေ့မှာ ထိုင်နေတယ်ဆိုပေမဲ့ အမှောင်သခင်ကြီးသာ ဆန္ဒမရှိရင် သူ့ကို ဘယ်သူမှ မမြင်နိုင်ဘူးဆိုတာ ကျိုးစုန် သိပါတယ်။

ဒီနည်းလမ်းက တော်တော်လေးကိုမှ ထူးဆန်းသလို တော်တော်လေးလည်း ပြောင်မြောက်လှပါတယ်။

ယွမ်ရှီကျယ်ဝမ်ဟာ ရုတ်တရက် ပါးစပ်ဟလိုက်တဲ့အခါ ကြောက်စရာကောင်းတဲ့ စုပ်အား ဖြစ်ပေါ်လာပြီး စုချီကို သူ့ရဲ့ အသူရာပါးစပ်ထဲ ဆွဲယူပါတော့တယ်။

စုချီဟာ လန့်သွားပြီး မန္တန်သုံးကာ ထွက်ပြေးဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ဒီစုပ်အားက အာကာသစွမ်းအား ပါဝင်တဲ့အတွက် စုချီပတ်လည်က အာကာသကို ချိပ်ပိတ်ထားပါတယ်။ ဒါကြောင့် စုချီဟာ ခုန်ထွက်လို့ မရပါဘူး။

‘အို... သွားပြီ’

စုချီဟာ တစ်ခုခု မှားသွားပြီဆိုတာကို သိလိုက်ပါတယ်။ စုချီ အလန့်တကြား ဖြစ်နေတုန်းမှာပဲ သူ့အမြင်အာရုံဟာ ရုတ်တရက် ဝေဝါးသွားပြီး ကျိုးစုန်ဘေးမှာ ဒူးထောက်လျက်သား သွားပေါ်ပါတယ်။ သူလည်းပဲ ကျိုးစုန်လိုပါပဲ။ တစ်စက်ကလေးတောင် ရွှေ့လျားလို့ မရပါဘူး။

စုချီဟာ မျက်လုံးပြူးသွားပြီး သူ့ဘေးက ကျိုးစုန်ကို သတိထားမိသွားပါတယ်။

“မင်းပါလား”

“ဘာတွေ ဖြစ်နေတာလဲ”

စုချီဟာ အစွမ်းကုန် ကြိုးစားရုန်းပေမဲ့ လုံးဝ မလှုပ်ရှားနိုင်ပါဘူး။ ကုန်ကုန်ပြောရရင် ပါးစပ်တောင် မဟနိုင်ပါဘူး။

ကျိုးစုန်ဟာ သက်ပြင်းချလိုက်ပါတယ် “ရုန်းကန်နေတာ ရပ်ပြီး ရှေ့ကို ကြည့်လိုက်”

စုချီဟာ ရှေ့ကို ကြည့်လိုက်တဲ့အခါ အမှောင်ထုကလွဲပြီး ဘာမှ မမြင်ပါဘူး။

ဒါပေမဲ့ ဒီအချိန်မှာပဲ သူ့မြင်ကွင်းထဲမှာ ရုပ်သွင်တစ်သွင် ပေါ်လာပါတယ်။

အမှောင်သခင်ကြီးတစ်ဖြစ်လည်း ဟန်ကျွယ်ပါ။

ဟန်ကျွယ်ဟာ စုချီကို တမင်မြင်ခွင့် ပေးလိုက်တာပါ။

“မင်းရဲ့ ကြမ္မာဆိုးက မဆိုးဘူး၊ ဒါပေမဲ့ မဆိုးရုံလေးပဲ၊ ဒီနေရာမှာ ဒူးထောက်ပြီး ငါ ပဋိပက္ခကို ဖျက်ဆီးတာ ထိုင်ကြည့်ချည်” ဟန်ကျွယ်ဟာ သာမန်ကာလျှံကာ ပြောလိုက်ပေမဲ့ လေသံက အေးစက်လွန်းလှပါတယ်။

စုချီဟာ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ရဲ့ ပစ်မှတ်ထားခံရမှုကြောင့် အလုံးစုံ တုန်လှုပ် ချောက်ချားသွားပါတယ်။ ဒါက ဘယ်လိုမှ ထိန်းချုပ်လို့မရတဲ့ ခံစားချက်ပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters