← Chapters

နောက်ဆုံးတိုက်ပွဲ စတင်ခြင်း

Vol. 107 Ch. 1115

နောက်ဆုံးတိုက်ပွဲ စတင်ခြင်း

Vol. 107 Ch. 1115

“အမှောင်... သခင်ကြီး...”

စုချီဟာ အံကြိတ်လိုက်ပါတယ် ‘ငါ စောစောက အမှောင်သခင်ကြီးကို မမြင်တာ အံ့ဩစရာ မရှိတော့ပါဘူး၊ သူက ယွမ်ရှီကျယ်ဝမ်ရဲ့ ခေါင်းပေါ်မှာ ပုန်း‌နေတာကိုး’

ဟန်ကျွယ်ဟာ စုချီကို ဂရုမစိုက်ပါဘူး။

ကျိုးစုန်ဟာ သက်ပြင်းချလိုက်ပါတယ် “သည်းခံ သည်းခံ... မင်း ပြေးလို့ မလွတ်ဘူး”

စုချီဟာ ကျိုးစုန်ရဲ့ စကားကို မေးခွန်း မထုတ်ပါဘူး။ ကျိုးစုန်လို ပဋိပက္ခမှာ နာမည်ကြီးတဲ့လူတောင် ဒီလို အဆုံးသတ်ရရင် အမှောင်သခင်ကြီး ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။

ယွမ်ရှီကျယ်ဝမ်ဟာ စုချီ ပျောက်သွားတာကို သိလိုက်ရတဲ့အခါ မကျေမနပ် အော်ဟစ်လိုက်ပါတယ်။ အကြာကြီးနေမှ တွေ့ရတဲ့ အစာက ပျောက်သွားတယ် မဟုတ်ပါလား။ ယွမ်ရှီကျယ်ဝမ်နေရာမှာ တခြားလူတွေဆိုရင်လည်း မကျေမချမ်း ဖြစ်မိမှာပါ။

ဟန်ကျွယ်ဟာ အဝေးကို လှမ်းကြည့်လိုက်တဲ့အခါ ဟန်ဟွမ်၊ မူလလောကဦး၊ ဟွမ်ဇွမ်တျန်နဲ့ ပဋိပက္ခကိုးပါးက သူ့ကို ဘယ်လိုရင်ဆိုင်မယ်လို့ ဆွေးနွေးနေကြတာ တွေ့လိုက်ရပါတယ်။ သူတို့တွေ သူ့ကို လာတိုက်ရင် ဟန်ကျွယ်ဟာ မဟာတာအို အနန္တကပ်ဘေးကို ရှေ့တွန်းတင်မှာပါ။

ဒီမဟာတာအို အနန္တကပ်ဘေးက နှစ်သန်းရာချီ ကြာညောင်းဖို့ မလိုအပ်ပါဘူး။

မကြာခင်မှာပဲ လောကဦးပဋိပက္ခနဲ့ ပဋိပက္ခဟာ မဟာမိတ်ဖွဲ့လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြော်ငြာပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့တွေဟာ အမှောင်သခင်ကြီးက ဘယ်လောက် ကြောက်စရာကောင်းကြောင်း ပဋိပက္ခကို ဘယ်လို ထိခိုက်အောင် လုပ်နိုင်ကြောင်း ဝါဒဖြန့်ပါတယ်။

အမှောင်ဂိုဏ်းသားတွေက နေရာတိုင်းမှာ သက်ရှိတွေကို သတ်ဖြတ်ကြတဲ့အတွက် သက်ရှိတွေဟာ အမှောင်သခင်ကြီးကို ရင်ဆိုင်ဖို့ ပိုပိုပြတ်သားလာကြပါတယ်။

နှစ်ငါးထောင်ကြာတဲ့အခါမှာတော့ လောကဦးပဋိပက္ခနဲ့ ပဋိပက္ခဟာ မဟာတာအိုပညာရှိ အကုန်လုံးကို ဟင်းလင်းပြင်တစ်နေရာမှာ စုစည်းပါတယ်။ ဒီနေရာက ယွမ်ရှီကျယ်ဝမ်ကို တားမဲ့လမ်းပါ။

ဟန်ဟွမ်၊ မူလလောကဦး၊ ဟွမ်ဇွမ်တျန်၊ ပဋိပက္ခကိုးပါ။ စုစုပေါင်း သာလွန်ထိပ်သီးကျင့်ကြံသူ ၁၂ ပါးဟာ ရင်ပေါင်တန်း ရပ်နေကြပါတယ်။ သူတို့ ၁၂ ယောက်လုံးက အားကောင်းတဲ့ ရောင်ဝါတွေရှိပြီး တစ်ယောက်ကို တစ်ယောက် မဖိနှိပ်တာကြောင့် မိုက်မှောင်တဲ့ ဟင်းလင်းပြင်ကို တုန်ခါစေပါတယ်။

ကျောက်ရွှမ်ကွမ်း “မဟာတာအို အနန္တကပ်ဘေးက ပထမတော့ ပဋိပက္ခနဲ့ လောကဦးပဋိပက္ခရဲ့ တိုက်ပွဲပဲ၊ ဒါပေမဲ့ အဲဒီအမှောင်သခင်ကြီးက ပဋိပက္ခနဲ့ လောကဦးပဋိပက္ခကို စိန်ခေါ်ပြီး မဟာတာအို အနန္တကပ်ဘေးကို ဖျက်ဆီးချင်တယ်၊ တကယ်ကို မုန်းဖို့ကောင်းတယ်၊ အမှောင်သခင်ကြီးက စွမ်းအားကြီးပေမဲ့ ငါတို့တွေ အတူပူးပေါင်းရင် သူ့ကို သေချာပေါက် သတ်နိုင်မှာပါ”

ဒီနေရာမှာရှိတဲ့ လူတိုင်း စွမ်းအားကြီးပုဂ္ဂိုလ်တွေမလို့ အပိုတွေ ပြောစရာ မလိုပါဘူး။

ဟန်ဟွမ်က ကျောက်ရွှမ်ကွမ်းရဲ့ စကားကို ထပ်ပေါင်းပြီး ပြောလိုက်ပါတယ် “လောကဦးပဋိပက္ခ... အမှောင်သခင်ကြီး သေရမယ်၊ မဟုတ်လို့ အမှောင်ခေတ် ရောက်လာရင် ပဋိပက္ခပဲဖြစ်ဖြစ် လောကဦးပဋိပက္ခပဲဖြစ်ဖြစ် တည်ရှိတော့မှာ မဟုတ်ဘူး၊ ဒါက နောက်ဆုံး တိုက်ပွဲပဲ၊ ဒုတိယ အခွင့်အရေးဆိုတာ မရှိဘူး၊ ကျဆုံးတာက သေတာပဲ၊ မင်းတို့တွေ ထွက်ပြေးချင်ရင်တောင် အမှောင်သခင်ကြီးက မင်းတို့ကို အလွတ်ပေးမယ်လို့ ထင်လား”

“အမှောင်ဂိုဏ်းက အဲဒီတပည့်တွေကို တွေးကြည့်ချည်၊ သူတို့က ဘယ်သူတွေလဲ၊ သူတို့မှာ ဘာနှောင်ကြိုးမှ မရှိဘူး၊ သူတို့က ကပ်ဘေးထိန်းချုပ်သူတွေလိုမျိုး မဟာတာအို အပြင်ဘက်က တည်ရှိမှုတွေ၊ ငါတို့ရဲ့ ကံတရား အထောက်အပံ့ အကုန်လုံးက ပဋိပက္ခနဲ့ ဆက်စပ်နေတာ၊ အဆုံးမဲ့ခေတ် ရောက်မလာခင် ပဋိပက္ခနဲ့ လောကဦးပဋိပက္ခ ပျက်စီးသွားရင် ငါတို့တွေ အကုန်လုံး သေလိမ့်မယ်”

ဟန်ဟွမ်နဲ့ ကျောက်ရွှမ်ကွမ်းဟာ သူတို့ရဲ့ ရောင်ဝါတွေကို စပြီးတော့ စုစည်းပါတယ်။ ကမ္ဘာမကျေ ရန်သူတော်နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် နားလည်မှု ရှိတဲ့အတွက် ကျန်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ စိတ်သက်သာရာ ရသွားကြပါတယ်။ သူတို့တွေဟာ ဟန်ဟွမ်နဲ့ ကျောက်ရွှမ်ကွမ်းက စိတ်ရင်းနဲ့ မပူးပေါင်းမှာကို ကြောက်နေကြတာပါ။ သူတို့တွေဟာ အမှောင်သခင်ကြီးနဲ့ တိုက်ခိုက်တုန်း အချင်းချင်း မယုံသင်္ကာ မဖြစ်ချင်ကြပါဘူး။

စကားပြောလို့ ပြီးတဲ့အခါမှာတော့ ဟန်ဟွမ်နဲ့ ကျောက်ရွှမ်ကွမ်း ဦးဆောင်တဲ့ ခေါင်းဆောင် ၁၂ ယောက်ဟာ ရှေ့ကို ချီတက်ကြပါတယ်။ မဟာတာအိုပညာရှိချုပ်တွေနဲ့ မဟာာအိုပညာရှိတွေကလည်း နောက်ကနေ ထက်ကြပ်မကွာ လိုက်ကြပါတယ်။ အကုန်လုံးက သူတို့ရဲ့ ဓမ္မရတနာတွေကို ထုတ်ယူထားပြီး စိတ်ဖိအား များနေကြပါတယ်။

ခြေလှမ်းဝက် တာအိုဖန်တီးရှင်လေးပါးဟာ အရပ်လေးမျက်နှာကနေ ရောက်လာကြပါတယ်။ သူတို့တွေက ပဋိပက္ခသိစိတ်၊ သဏ္ဍာန်မဲ့နတ်မင်း၊ ယင်ယန်ချွမ်တုနတ်မင်းနဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန် တို့ရဲ့ ကိုယ်ပွားတွေ ဖြစ်ကြပါတယ်။

သူတို့တွေဟာ ဘာမှမပြောဘဲ ဟန်ဟွမ်တို့နဲ့ ပူးပေါင်းလိုက်ကြပါတယ်။ သူတို့တွေဟာ အရပ်မျက်နှာတစ်ခုတည်းကိုပဲ ကြည့်နေကြပါတယ်။ သူတို့ရဲ့ အကြည့်တွေဟာ စကြဝဠာ အမြောက်အမြားကို ဖောက်ထွင်းပြီး ဖြည်းဖြည်းချင်း လျှောက်လာတဲ့ ယွမ်ရှီကျယ်ဝမ်ဆီ ရောက်သွားပါတယ်။

ယွမ်ရှီကျယ်ဝမ်ဟာ သမ်းဝေပြီး လူတွေကို မကောင်းတာလုပ်စေတဲ့ သွေးရောင်ဝါကို ထွေးထုတ်လိုက်ပါတယ်။ ဒီရောင်ဝါက သွေးမြူခိုးဖြစ်ပြီး စကြဝဠာကို ဖုံးအုပ်သွားပါတယ်။

ဒါကိုကြည့်ပြီး ပဋိပက္ခနဲ့ လောကဦးပဋိပက္ခစစ်တပ်ဟာ မျက်နှာတွေ လေးသွားကြပါတယ်။

အဲဒီနောက် အလင်းစက်ဝိုင်းတစ်ခု ပေါ်လာပြီး စွမ်းအားကြီးပုဂ္ဂိုလ်တွေ ထွက်ပေါ်လာကြပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်း၊ မင်လင်းမယ်တော်၊ ရှန်ပေါင် တာအိုကျင့်ကြံသူနဲ့ တခြား မဟာတာအို နတ်စိတ်ဝိညာဉ်တွေလည်း ပေါ်လာကြပါတယ်။ ဒဏ်ခတ်သမားတွေလည်း ပါပါတယ်။ အကုန်လုံးဆိုရင် ရာကျော်ပါတယ်။

လောကဦး ဘိုးဘေးနတ်ဘုရားလည်း ရောက်လာပါတယ်။ လောကဦး ဘိုးဘေးနတ်ဘုရားဟာ အန္တိမဒဏ်ခတ်နတ်မင်းကို အေးစက်စွာ ကြည့်လိုက်ပေမဲ့ သူ့သတ်ဖြတ်ငွေ့ကိုတော့ ဝှက်ထားပါတယ်။ မူလဒဏ်ခတ်သမား ငါးဖော် ဖြစ်တဲ့ ဟန်ထော်၊ ယီတျန်၊ ချီဖာနဲ့ တခြားလူတွေလည်း ရောက်လာကြပါတယ်။

ဒါပေမဲ့ သူတို့တွေဟာ တိတ်ဆိတ်ဂိုဏ်းနဲ့ မပူးပေါင်းဘဲ ပဋိပက္ခနောက် လိုက်ပါတယ်။

“ဒေါင်...”

ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာပြီး အာကောင်းတဲ့ အလင်းရောင်က အမှောင်ထုကို ဖြိုခွဲလိုက်ပါတယ်။ ယွမ်ရှီကျယ်ဝမ်လို တင့်တင့်တယ်တယ်ရှိတဲ့ အသွင်တစ်သွင် ပေါ်လာပါတယ်။ ဒီအသွင်ရဲ့ဘေးမှာတော့ သေးငယ်တဲ့အသွင်လေးတွေဟာ ကောင်းကင်ယံက ကြယ်တာရာတွေလို တည်ရှိနေပါတယ်။

ဖန်တီးရှင်ဧကရာဇ်ရုံးတော် ဧကရာဇ်။

ဟန်လင်ဟာ ဧကရာဇ်စစ်သား ဆယ်သန်းနဲ့ ရောက်လာတာ ဖြစ်ပါတယ်။ ဟန်ယဲ့၊ ဟန်ယောင်နဲ့ ဟန်ပါရှန်တို့ကလည်း ဖန်တီးရှင်ဧကရာဇ်ရုံးတော်ရဲ့ မဟာတာအိုပညာရှိ အကုန်လုံးကို တစ်ပါးတည်း ခေါ်ဆောင်လာပါတယ်။

ဘယ်သူမှ အံ့ဩတကြီး မဖြစ်ကြပါဘူး။ စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံးဟာ ဒါတွေ အကုန်လုံးကို တိတ်တဆိတ် လက်ခံပါတယ်။ အင်အားစုတစ်စု ရောက်လာလေလေ သူတို့ရဲ့ စိတ်ဓာတ်က တိုးလေလေပါပဲ။

မြောက်ပိုင်းပဋိပက္ခ ရှန့်သခင်၊ တာအိုကောင်းကင်မျိုးနွယ်စု၊ အနောက်ပိုင်း အန္တိမ အသူရာချောက်၊ ရှီတျန်၊ သာလွန်နဲ့ တခြားအင်အားစုတွေလည်း ရောက်လာကြပါတယ်။

တဖြည်းဖြည်းနဲ့ မဟာတာအိုပညာရှိ အရေအတွက်ဟာ တစ်သောင်းကျော်သွားပါတယ်။ သူတို့တွေ အကုန်လုံးဟာ လုပ်စရာရှိတာတွေကို ပစ်ထားခဲ့ပြီး နောက်ဆုံးတိုက်ပွဲမှာ ဝင်ရောက်ဆင်နွှဲဖို့ အပြေးရောက်လာကြတာပါ။

အမှောင်ဂိုဏ်းဟာ ဘာဖိအားမှ မရှိတော့တဲ့အတွက် ပဋိပက္ခထဲက သက်ရှိတွေကို ဆက်ပြီးတော့ သတ်ဖြတ်ပါတယ်။ ဒါတွေ အကုန်လုံးကို တွေ့မြင်ကြရတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ ရင်ထဲမှာ မုန်းတီးမှုက ပိုပိုကြီးထွားလာပါတယ်။

အမှောင်သခင်ကြီးနဲ့ အမှောင်ဂိုဏ်းကို မဖြစ်မနေ ရှင်းပစ်ရမယ်ဆိုတဲ့ ခံယူချက်ကလည်း ပိုပိုခိုင်မာလာပါတယ်။

တုန်လှုပ်ချောက်ချားနေတဲ့ ပဋိပက္ခကောင်းကင်ခွေးဟာ မုရုံချီကို ပြောလိုက်ပါတယ် “ဆရာကြက်က ပညာရှိတယ်လို့ ငါ ရုတ်တရက်ကြီး ခံစားလာရတယ်”

မုရုံချီ ဘာမပြောခင်မှာပဲ ကွမ်းပုပိုင်က ပဋိပက္ခ ကောင်းကင်ခွေးကို စိန်းစိန်ဝါးဝါး ကြည့်ပြီး ပြောလိုက်ပါတယ် “ငါတို့တွေ နှစ်သန်းရာချီကြာအောင် ကျင့်ကြံအားထုတ်ခဲ့တာ ဘာအတွက်လဲ၊ ဒီလိုနေ့မျိုးအတွက်ပဲ မဟုတ်ဘူးလား”

“ဟုတ်တယ်၊ ဂိုဏ်းချုပ်ပြောပြတဲ့ ပုံပြင်ထဲကဆို ဒါက ဧရာမပိုက်ကြီးပဲ”

ကျန်းယီဟာ စိတ်လှုပ်ရှားစွာ ပြုံးလိုက်ပါတယ်။

တိတ်ဆိတ်ဂိုဏ်း တပည့်အများစုဟာ ကျန်းယီလိုပါပဲ။ အထူးသဖြင့် ပဋိပက္ခ နတ်ဘီလူးတွေပါ။ သူတို့တွေဟာ သွေးတွေ ဆူပွက်နေပြီး ပထမဆုံး တိုက်ခိုက်ချင်နေကြပါတယ်။

တခြားတစ်ဖက်မှာတော့...

ဟန်ယောင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... လောကဦးပဋိပက္ခနဲ့ ပဋိပက္ခက ပူးပေါင်းလိမ့်မယ်လို့ ငါ ထင်မထားဘူး၊ အကုန်လုံးက အမှောင်သခင်ကြီးကို ကျေးဇူးတင်ရမယ်”

“ဟွန်း... မဟုတ်တာတွေ လျှောက်မပြောနဲ့” ဟန်ယဲ့ဟာ နှာမှုတ်ပြီး ဟန်ဟွမ်ကို ကြည့်လိုက်ပါတယ်။ နောက်ဆုံးတော့ သူတို့နှစ်ယောက် ရင်ပေါင်တန်းပြီး တိုက်ခိုက်နိုင်ပြီး မဟုတ်ပါလား။

ဟန်ယဲ့ဟာ လောကခွင်းလေးကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပြီး မျက်လုံးထဲမှာ တိုက်ခိုက်လိုစိတ်တွေ ပြည့်နှက်နေပါတယ်။

ရောက်လာသင့်တဲ့လူတိုင်း ရောက်လာကြတဲ့အခါ ဟန်ဟွမ်ဟာ အရှိန်စတင်ပါတယ်။ ဟန်ဟွမ်ဟာ လောကဦးနတ်ဘီလူးရဲ့ မူလအသွင်ကို ပြောင်းလိုက်တဲ့အခါ ဟန်လင်ထက်တောင် ကြီးသွားပါတယ်။

မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်လည်း အသွင်ပြောင်းလိုက်ပါတယ်။ သူတို့က ဟန်ဟွမ်အောက် မနိမ့်ကျပါဘူး။ သူတို့အသွင်တွေကို ကြည့်ရုံနဲ့ မျိုးနွယ်တူ နတ်ဘီလူးတွေဆိုတာ သိနိုင်ပါတယ်။ ဒါက စွမ်းအားကြီးပုဂ္ဂိုလ်တွေကို လန့်သွားပါတယ်။

‘သူတို့တွေကလည်း...’

ဒါပေမဲ့ ဒီအချိန်မှာတော့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဒီကိစ္စကို ဂရုမစိုက်အားပါဘူး။ လောလောဆယ်တော့ ဒါက ကောင်းတဲ့ကိစ္စပါ။

စကြဝဠာအလွှာတွေကို ဖြတ်ပြီးတဲ့အခါမှာတော့ သူတို့တွေဟာ ယွမ်ရှီကျယ်ဝမ်ကို တွေ့လိုက်ရပါတယ်။

ဟန်ကျွယ်ဟာ တမင်ပေါ်လာပြီး သူတို့ကို မြင်ခွင့်ပေးလိုက်တာပါ။

“စုချီ...”

လီတောက်ခုံးဟာ မျက်မှောင်ကြုတ်သွားပါတယ်။ တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာလည်း ချက်ချင်း ဒေါသအိုး ပေါက်ကွဲသွားကြပါတယ်။

“မင်းကတော့ သေချင်နေပြီနဲ့ တူတယ်” ကောင်းကင်နက္ခ နတ်ဘီလူးဟာ ချက်ချင်း တိုက်ခိုက်ပါတယ်။ တိတ်ဆိတ်ဂိုဏ်းက တခြားပဋိပက္ခ နတ်ဘီလူး ဒါဇင်ကျော်လည်း နောက်ကနေ ထက်ကြပ်မကွာ လိုက်ပါတယ်။

တခြားတပည့်တွေကတော့ သူတို့တွေ ဒုက္ခရောက်မှာစိုးတဲ့အတွက် နောက်ကနေ အမီလိုက်ကြပါတယ်။

ဒါကိုမြင်တဲ့ ဟန်ဟွမ်ဟာ ချက်ချင်း အမိန့်ပေးလိုက်ပါတယ် “သတ်...”

ဟန်ဟွမ်ဟာ ခုန်ပျံထွက်ပြီး လက်ထဲမှာ အန္တိမမူလ ဝိညာဉ်ချွေဓားကိုခဲလိုက်ပါတယ်။ အဲဒီနောက် နတ်အလင်းရောင်ဓားကို ယွမ်ရှီကျယ်ဝမ် ခေါင်းပေါ်က အမှောင်သခင်ကြီးဆီ ပစ်ခွင်းလိုက်ပါတယ်။

“ဝေါင်း...”

ယွမ်ရှီကျယ်ဝမ်ဟာ ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်တဲ့အခါ ကြောက်မက်ဖွယ် အသံလှိုင်းတွေ ဖြစ်ပေါ်လာပြီး အရပ်ဆယ်မျက်နှာကို ပျံ့နှံ့ကာ အချိန်-အာကာသကို မျက်စိနဲ့ မြင်နိုင်လောက်တဲ့အထိ ကွဲကြေသွားစေပါတယ်။

ဟန်ဟွမ်ဟာ အငိုက်မိပြီး လွင့်စဉ်ထွက်သွားပါတယ်။ မျက်တောင်တစ်ခတ်အတွင်း ဟန်ဟွမ်ဟာ မဟာတာအိုသုံးထောင်နဲ့ သွားတိုက်မိပါတယ်။

‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်ထိ စွမ်းအားကြီးသွားတာလဲ’ ဟန်ဟွမ်ဟာ စိတ်ထဲမှာ မယုံနိုင် ဖြစ်သွားပါတယ်။ ယွမ်ရှီကျယ်ဝမ်ကို သူကိုယ်တိုင် ဖန်တီးခဲ့တာပါ။

တကယ်တော့ လွင့်စဉ်ထွက်သွားတာက ဟန်ဟွမ် တစ်ယောက်တည်း မဟုတ်ပါဘူး။ ပဋိပက္ခ နတ်ဘီလူးအကုန်လုံး လွင့်စဉ် ထွက်သွားတာပါ။

အဲဒီနောက် မဟာတာအိုပညာရှိ တစ်သောင်းကျော်လည်း တိုက်ခိုက်ကြပါတယ်။

“မင်းတို့အစွမ်းက ဒါ အကုန်ပဲလား၊ ဒါနဲ့များ ပဋိပက္ခကို ကာကွယ်ချင်သေးတယ်၊ အိပ်မက်မက်နေလိုက်” ဟန်ကျွယ်ရဲ့ အထင်အမြင်သေးတဲ့ အသံ ထွက်ပေါ်လာပါတယ်။ ဟန်ကျွယ်ရဲ့ အသံဟာ အေးစက်ပြီး လှောင်ပြောင်မှု အပြည့်ပါပဲ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters