တိုက်ပွဲ (၂)။
Vol. 109 Ch. 1522
ဓား ရောင်ခြည်များ ကောင်းကင်မှ ကျဆင်းကာ လင်ချင်းယွီကို ထိမှန် တော့သည်။ ထိုမြင်ကွင်းက မုရုံချန်အား ကြောက်ရွံ့ လာစေ၏။
ဆံပင်များ ဖွာလန်ကျဲ သွားပြီး၊ အဝတ် အစားများ အပိုင်းပိုင်း ပြတ်တောက် လျက်၊ သွေးချင်းချင်း ရဲလာသည်။
ကြက်သွေးရောင် လမင်းကြီး သည်ပင်၊ မှိန်ဖျော့ သွားလေသည်။ ထို့ကြောင့် နှစ်ယောက် သား ထိတ်လန့် စွာဖြင့်၊ လေထု အလယ် ရပ်နေသော လင်းယွန်ထံ၊ ပြန်ကြည့် လိုက်မိသည်။
သူတို့ နှစ်ဦး ပေါင်းစည်း သည့်တိုင်၊ ပြိုင်ဘက်အား အနိုင် မယူနိုင် သောကြောင့်၊ စိတ်ပျက် လာသည်။
ကောင်းကင် ဓားရေကန်သည် ၎င်းတို့ နှစ်ဦး၏ တစ္ဆေ ဝိညာဉ် ပညာရပ် များအား၊ ကောင်းစွာ နှိမ်နင်း နိုင်သည့် အဆင့်သို့ ရောက်ရှိ နေ၏။
လင်းယွန်က ပြိုင်ဘက် များအား အသက် ရှူချိန် မပေးလို သဖြင့်၊ ကောင်းကင် ဓားရေကန် ၏၊ နောက်ဆုံး လှုပ်ရှားမှုကို၊ အကောင် အထည် ဖော်လိုက်သည်။
“ ခရစ် ... ။ ”
ပန်းသင်္ချိုင်း ဓားထံမှ စူးရှသော အလင်း ရောင်များ ထုတ်လွှတ် လာပြီး၊ ကောင်းကင်ကို ခွဲပစ် လိုက်၏။
ဤဖြစ်စဉ်အား ခုခံ ကာကွယ်ရန် လင်ချင်းယွီတို့ နှစ်ဦးက နည်းလမ်း အမျိုးမျိုးကို အသုံးပြု တော့သည်။
“ ဝေါ့ ... ။ ”
သို့တိုင် ခြေလှမ်း ဆယ်လှမ်းမျှ နောက်ဆုတ်ပေး လိုက် ရပြီး၊ သွေးအန် ကုန် တော့သည်။
“ ငါ့ နာမည် ပန်းသင်္ချိုင်း ... ၊ ပန်းတွေနဲ့ လူတွေကို မြှပ်နှံ ပေးတယ်။ ”
သူ့ အသံက ပတ်ဝန်းကျင်ကို တုန်ခါ လာစေကာ၊ ပျံသန်း နေသော နဂါး တစ်ကောင် ကဲ့သို့၊ သူတို့ အနား ပျံဝဲ လာသည်။
ယင်းကြောင့် လက်နက်ကို ချက်ချင်း မြှောက်ကာ၊ ထိုတိုက်ခိုက် မှုအား တားဆီး လိုက် ရသည်။
သို့တိုင် ရောင်ဝါ အငွေ့ အသက်မှာ၊ ကျဆင်းနေြမဲ ဖြစ်သဖြင့် နှစ်ယောက်သား အံကြိတ်ပြီး၊ တောင့်ခံ လိုက်သည်။
ဓား တစ်လက်ကို နှစ်ယောက်သား ပြိုင်တူ တားဆီးထား သော်မှ၊ လင်းယွန် ရောင်ဝါသည် တောမီး ကဲ့သို့ တောက်လောင် နေပြီး၊ လျော့ကျ သွားမည့်၊ အရိပ် အယောင် မပြချေ။
ဤအရာကြောင့် သူတို့၏ ယုံကြည်မှု သည်လည်း တဖြည်းဖြည်း ပြိုပျက် သွားခဲ့ လေသည်။
သည့်စဉ် လင်းယွန်က ဓားကို ရုတ်လိုက် လေရာ၊ အနည်းငယ် သက်သာရာ ရသွားသည်။ သို့သော် ကောင်းကင် ဟူသော စကားစုက လေထဲ ပေါ်လာကာ၊ သူတို့ နှစ်ဦး၏ လက်ကျန် ယုံကြည်မှု များကို၊ ဖျက်ဆီး ပစ်လိုက် တော့သည်။
ကြယ်စွမ်းအင် အကာ အကွယ်ကို ‘ကောင်းကင်’ စကား လုံးက အလွယ် တကူ ဖျက်ဆီး သွားသည်။
“ ခရစ် ... ။ ”
အတွင်း အင်္ဂါများ၌ အက်ကွဲ ကြောင်းများ ပေါ်လာပြီး၊ နာကျင်မှု ပြင်းပြင်း ထန်ထန် ခံစား လာရသည်။
အသက်ရှူ ကြပ်လာ သဖြင့်၊ မြေပြင်ပေါ် လဲကျသွား တော့သည်။ ချက်ချင်း ထွက်ပြေးရန် အတွေးများ ပေါ်လာ ကြသည်။
သို့သော် အေးစက် နေသော မျက်ဝန်း တစ်စုံက သူတို့အား စောင့်ကြည့် နေသဖြင့် မလှုပ်ရဲ တော့ချေ။
“ မင်း ... ထွက်သွား ချင်လား၊ သိုလှောင် လက်ကောက်ကို ထားခဲ့ပါ ... ၊ မင်းမှာ ငရဲပန်း ရှိတယ်လို့ ပြောတာ ငါ မှတ်မိတယ်။ ”
“ မင်း ... လွန် မလာနဲ့ ... ၊ ခုချိန်မှာ ငါ့ကိုယ်ငါ ဖောက်ခွဲ လိုက်ရင်၊ မင်းလည်း သေရ လိမ့်မယ်။ ”
မုရုံချန်က အံကြိတ်ကာ ခြိမ်းခြောက် လိုက်သည်။ သို့သော် လင်းယွန်မှ ဂရုစိုက်ပုံ မပြဘဲ၊
“ ဒါဆို လုပ်ပါဦး ... ။ ”
-ဟု ပြောလာ တော့သည်။
“ သူကော ... သူ့ဆီက ဘာလို့ မတောင်း ရတာလဲ။ ”
မုရုံချန် မျက်နှာ မည်းမှောင် သွားကာ၊ လင်ချင်းယွီထံ လက်ညှိုး ထိုးပြ လိုက်သည်။
“ စိတ်မဝင် စားဘူး၊ ငါ ... မင်းရဲ့ ရတနာ ကိုပဲ စိတ်ဝင် စားတယ်။ ”
လင်းယွန်မှ ပြန်ဖြေ လာ သဖြင့်၊ မုရုံချန် ခမျာ အံကြိတ်လျက်၊ စိတ်ပျက် လက်ပျက် ဖြစ် သွားသည်။
ငရဲပန်းကို အမှန် တကယ် လက်လွှဲ မပေးလိုခေျ။ သို့သော် ရွေးချယ် စရာ မရှိ မှန်းလည်း၊ သူ သိသည်။
မုရုံချန် ထွက်ခွာ သွား ပြီးနောက်၊ ခန်းမထဲ ပြန်လည် တိတ်ဆိတ် သွား၏။ လင်ချင်းယွီက တိတ်ဆိတ်မှုကို ချိုးဖြတ်ကာ၊
“ ငါ ရှုံးတာကို ဝန်ခံတယ်၊ မင်း လိုချင်တာ မှန်သမျှ ပြောပါ။ ”
“ မလိုဖူး ထွက်သွား ... ။ ”
လင်းယွန်က လှည့်ပင် မကြည့်ချေ။ လင်းချင်းယွီအား ချောင်ပိတ် ရိုက်ခြင်း ကြောင့်၊ သူ့ကိုယ်သူ ဖောက်ခွဲရန် ရွေးချယ်ခဲ့ ပါက၊ ပြဿနာ ဖြစ်လာ ပေမည်။
ထိုကြောင့် လွှတ်ပေးရန် ရည်ရွယ် ခဲ့ခြင်း ဖြစ်သည်။ လင်ချင်းယွီ ခမျာ အံ့သြ သွားသည်။ အချိန် အတော် ကြာအောင် တိတ်ဆိတ် နေရာမှ၊
“ ဒီကျေးဇူးကို ... ၊ ငါ မှတ်မိ နေမှာပါ။ ”
-ဟု ပြောပြီး၊ ကောက်ကျစ်စွာ ပြုံးလိုက်သည်။
သည့်နောက် ခေါက်ယပ်တောင်ကို ဝှေ့ယမ်းပြီး၊ ခန်းမ တစ်ခုလုံး ကြက်သွေးရောင် ပန်းများဖြင့် ပြည့်နှက် စေခဲ့သည်။
“ ဖျပ် ... ။ ”
ဤသည်မှာ အစီရင် တစ်ခု ဖြစ်၏။ ၎င်းအားကိုးဖြင့် ခြေတစ်လှမ်း လှမ်းတက်ကာ လင်းယွန် ပုခုံးပေါ် ဆုပ်ကိုင် လိုက်သည်။
“ နောင်ဘဝ ဆိုတာ ရှိခဲ့ ရင်တော့ မင်းကျေးဇူးကို ငါ ပြန်ဆပ် ပါ့မယ်၊ နဂါး မူလကို ဖန်တီးထား နိုင်တဲ့၊ ပါရမီရှင်တွေ တောင်မှ၊ ငါ့ရဲ့ ဒီသွေးမိစ္ဆာ အစီရင်ကို ခံနိုင်ရည် မရှိဘူး၊ အခု ငါ မင်းရဲ့ ကျင့်ကြံမှုကို ယူလိုက်မယ်။ ”
မျက်စိ တစ်မှိတ် အတွင်း၊ အရာရာ ဖြစ်ပျက်ပြောင်းလဲ နိုင်သည်မှာ အမှန် ပေပင်။ ရှုံးနိမ့်စဉ် ကတည်းက၊ ဤနည်းလမ်းကို ထုတ်ဖော်ရန် စောင့်မျှော် နေခြင်း ဖြစ်၏။
လက်ဖဝါးမှ စုပ်ယူမှု စွမ်းအား တစ်ခု ထွက်ပေါ် လာပြီး၊ လင်းယွန်၏ ရောင်ဝါ သမုဒ္ဒရာကို ဝါးမျို တော့သည်။
“ နာကျင် ရတယ် မဟုတ်လား၊ စိတ်မပူနဲ့ ခဏပဲ။ ”
နီမြန်း နေသော မျက်နှာဖြင့် ပြုံးကာ ပြောလိုက်သည်။ ရောင်ဝါ သမုဒ္ဒရာ ခမ်းခြောက် ပြီးနောက်၊ လင်းယွန်အား သစ်ကိုင်း ခြောက် တစ်ခုလို၊ နင်းချိုး လိုက်ရုံသာ ပေပင်။
သို့သော် လင်းယွန်က ခေါင်းယမ်းလျက် သူ့အား စိုက်ကြည့် လာဖြင့်၊ စိတ်မသက် မသာ ဖြစ်လာပြီး၊ ဝါးမျိုခြင်း အရှိန်ကို မြှင့်တင် လိုက်သည်။
ကြယ်စွမ်းအင်များ ကုန်ဆုံး တော့မည့် အချိန်၌ ကြောက်စရာ ကောင်းသော အငွေ့ အသက်များ ရောင်ဝါ သမုဒ္ဒရာ ကြမ်းပြင်မှ တိုးထွက် လာသည်။
၎င်းသည် တရှဲရှုဲ မြည်နေသော ဆေးကြို အိုးကြီး တစ်လုံး ဖြစ်၏။ ထိုဆေးအိုး ကြီးသည် သမုဒ္ဒရာ အထက် ပျံတက် လာပြီး၊ ဒေါသဖြင့် သူ့ကြယ်စွမ်းအင် များကို၊ ပြန်လည် စုပ်ယူ တော့သည်။
“ ဘာ လဲ ဟ ... ။ ”
ထိုအရှိန်မှာ သူ့ထက် အဆ တစ်ရာ လျင်မြန်နေ သောကြောင့် လက်ဖဝါးအား ချက်ချင်း ပြန်ရုတ် လိုက်သည်။
သို့သော် သံမှိုဖြင့် စွဲထား သကဲ့သို့၊ ခွာမရ တော့ချေ။ လုံးဝ မယုံနိုင် စရာ ဖြစ်လေသည်။
လင်းယွန်က မကောင်း မြင်စိတ် များ လွန်းသော လင်ချင်းယွီ၏ ကျင့်ကြံမှုကို မလိုချင် သဖြင့်၊ လက်သီးနှင့် ထိုးချ လိုက်သည်။
“ သေ လိုက် တော့ ... ။ ”
“ ဖောင်း ... ။ ”
လင်ချင်းယွီ ခမျာ ဦးခေါင်း ပေါက်ကွဲ သွားပြီး၊ ခေါင်းမဲ့ အလောင်းက ကြမ်းပြင်ပေါ် ပြုတ်ကျ သွားတော့သည်။
***