← Chapters

ဝှက်ဖဲလှန်ခြင်း

Vol. 107 Ch. 1116

ဝှက်ဖဲလှန်ခြင်း

Vol. 107 Ch. 1116

ပဋိပက္ခနဲ့ လောကဦးပဋိပက္ခရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ယွမ်ရှီကျယ်ဝမ်ရဲ့ စွမ်းအားနဲ့ အမှောင်သခင်ကြီးရဲ့ မောက်မာမှုကို ကြောက်လည်း ကြောက်သလို ဒေါသလည်း ထွက်ကြပါတယ်။

ယွမ်ရှီကျယ်ဝမ်ဟာ အရင်က ဒီလောက် စွမ်းအားမကြီးပါဘူး။ ဟန်ကျွယ်စွမ်းအားရဲ့ တစ်စွန်းတစ်စကို ရလိုက်လို့ ဒီလိုဖြစ်သွားတာပါ။

“ငါတို့မှာ ရွေးချယ်စရာ မရှိဘူး၊ ကြောက်ရွံ့မှုကို ဘေးချိတ်ပြီး သူသေကိုယ်သေ တိုက်ကြ”

အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အသံ ထွက်ပေါ်လာပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ဟွမ်နဲ့ ကျောက်ရွှမ်ကွမ်းထက် ပိုပြီးတော့ လွှမ်းမိုးမှု ရှိပါတယ်။ သူက ပဋိပက္ခမှာ အမြင့်မားဆုံး တည်ရှိမှု မဟာတာအို နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင် မဟုတ်ပါလား။

မဟာတာအို နတ်စိတ်ဝိညာဉ်တွေနဲ့ ဒဏ်ခတ်သမားတွေဟာ သူတို့ရဲ့ နတ်စွမ်းအားကို စုစည်းကြပါတယ်။ ဒီအခါ မဟာတာအိုသုံးထောင်နဲ့ အထွတ်အထိပ် နိယာမခုနစ်ပါး တုန်ခါပြီး မဟာတာအိုပညာရှိ အကုန်လုံးဆီ စွမ်းအား အမြောက်အမြား ကျဆင်းလာပါတယ်။

ဟန်ကျွယ်ဟာ ဒါကို စိတ်ဝင်တစား ကြည့်ရှုပြီး အလျင်စလို မတိုက်ခိုက်ပါဘူး။

နဝမပဋိပက္ခက နောက်ကွယ်ကနေ ပံ့ပိုးပေးနေတယ်ဆိုတာ အသိသာကြီးပါ။ မဟုတ်ရင် မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါးက ဒီလောက် အားကောင်းတဲ့ နိယာမစွမ်းအားကို ငှားယူနိုင်မှာ မဟုတ်ပါဘူး။

အန္တိမဒဏ်ခတ်နတ်မင်းကလည်း နတ်အာဏာရှင် စစ်သူကြီး ငါးသောင်းကို ဆင့်ခေါ်လိုက်ပါတယ်။ ပဋိပက္ခသိစိတ် ကိုယ်ပွားကလည်း ဖျက်ဆီးရှင်သခင် စစ်သူကြီး တစ်သိန်းကို ဆင့်ခေါ်လိုက်ပါတယ်။

ဒီလိုနဲ့ ယွမ်ရှီကျယ်ဝမ်ကို ဝိုင်းတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ပိုပိုများလာပါတယ်။

“ဝှစ်...”

ဟင်းလင်းပြင်ကိုခွဲပြီး အနီရောင် မြားတစ်စင်းဟာ ဟန်ကျွယ်ဆီ ပျံသန်းလာပါတယ်။ ဒီမြားက မြန်လွန်းလို့ ယွမ်ရှီကျယ်ဝမ်တောင် တုံ့ပြန်ချိန် မရလိုက်ပါဘူး။ ဒါပေမဲ့ ကံဆိုးစွာပဲ ဒီမြားက ဟန်ကျွယ်ကို ထိခါနီးမှာ သူ့အလိုလို လွင့်ပါးပျောက်ကွယ်သွားပါတယ်။

“ဘာလဲဟ”

ဟန်ယဲ့ဟာ နှလုံးလှုပ်သွားပါတယ်။ ဟန်ယဲ့ဟာ ရှိသမျှအင်အား အကုန်ထုတ်သုံးပြီး ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ စွမ်းအားကြီးမြားကို ပစ်ခွင်းလိုက်တာပါ။

တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ဟာ စုချီနဲ့နောက်မှာ ပေါ်လာပါတယ်။ ကျောက်ရွှမ်ယွမ်ဟာ စုချီကို ဖမ်းဆုပ်ဖို့ ကြိုးစားပြီး တာအိုအရှင်သခင်နဲ့ ကျန်းယီကတော့ မဟာတာအိုကမ္ဘာကို အသုံးပြုကာ ဟန်ကျွယ်ကို တိုက်ခိုက်ပါတယ်။

ဒါပေမဲ့ ဟန်ယဲ့ရဲ့မြားလိုပဲ သူတို့ရဲ့ တိုက်ခိုက်မှုဟာ ဟန်ကျွယ်ကို ထိခါနီးမှာ သူတို့ဘာသာသူတို့ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။ တာအိုအရှင်သခင်နဲ့ ကျန်းယီဟာ ဟန်ကျွယ်ရဲ့ နီရဲတဲ့မျက်လုံးကို ကြည့်ပြီး ရင်တထိတ်ထိတ် ခုန်သွားပါတယ်။

“အို... မကောင်းတော့ဘူး... ငါ သူ့ကို‌ ခေါ်သွားလို့ မရဘူး” ကျောက်ရွှမ်ယွမ်ဟာ စိုးရိမ်တကြီး ပြောလိုက်ပါတယ်။

“ရှောင်ကြ...” တာအိုအရှင်သခင်ဟာ ချက်ချင်း အမိန့်ပေးလိုက်ပါတယ်။

သူတို့သုံးယောက်ဟာ ရုတ်တရက် လှုပ်ရှားလိုက်ပေမဲ့ သူတို့ လှုပ်ရှားလိုက်တဲ့အချိန်မှာပဲ ကြောက်မက်ဖွယ် အင်အားတစ်ခုနဲ့ တိုက်မိပြီး အာကာသမြစ်ထဲ ပြုတ်ကျကာ အာကာသဂယက်ထဲ ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ ရှေ့ကို ပြန်ကြည့်လိုက်တဲ့အခါ ဆန်းကြယ်စွမ်းအား အမြောက်အမြားက ဘက်ပေါင်းစုံကနေ တိုက်ခိုက်လာတာကို တွေ့လိုက်ရပါတယ်။ တလက်လက် တောက်ပတဲ့ အလင်းရောင်မျိုးစုံဟာ မှောင်မိုက်တဲ့ ဟင်းလင်းပြင်ကို လင်းထိန်သွားစေပါတယ်။

ယွမ်ရှီကျယ်ဝမ်ဟာ ပါးစပ်ဟပြီး ဆန်းကြယ်စွမ်းအား အကုန်လုံးကို ပါးစပ်ထဲ စုပ်ယူလိုက်ပါတယ်။

ပေတစ်သန်း မြင့်မားတဲ့ နတ်အာဏာရှင် စစ်သူကြီးတွေနဲ့ ဖျက်ဆီးရှင် စစ်သူကြီးတွေဟာ ယွမ်ရှီကျယ်ဝမ်ရှေ့မှာ ပုရွက်ဆိတ်လေးတွေလိုပါပဲ။

အန္တိမဒဏ်ခတ်နတ်မင်းနဲ့ ပဋိပက္ခသိစိတ်ဟာ မန္တန်တွေ ဆက်တိုက်သုံးပြီး နတ်အာဏာရှင် စစ်သူကြီးတွေနဲ့ ဖျက်ဆီးရှင် စစ်သူကြီးတွေကို ဆက်ပြီးတော့ ဖန်တီးကြပါတယ်။ ဒီစစ်သူကြီးတွေဟာ ပေါ်လာချင်းချင်း တိုက်ပွဲထဲ ပြေးဝင်တဲ့အတွက် ခမ်းနားထည်ဝါတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ ယွမ်ရှီကျယ်ဝမ်ရဲ့ ခေါင်းပေါ်မှာ ထိုင်ရင်း တိုက်ပွဲကို ကြည့်ပါတယ်။

“သက်ရှိအကုန်လုံးကို မင်း ဘယ်လောက်စွမ်းတယ်ဆိုတာ ပြလိုက်ကြရအောင်”

ဟန်ကျွယ်ဟာ အိပ်မက်ထဲဝင်တဲ့ ဆန်းကြယ်စွမ်းအားကို သုံးပြီး သက်ရှိအကုန်လုံးကို အုပ်လိုက်ပါတယ်။ ဒီအချိန်ကစပြီး အိပ်မက်ထဲဝင်တဲ့လူ ဘယ်သူမဆို ဒီတိုက်ပွဲကို ကြည့်နိုင်ပါပြီ။

ဒါကြောင့် အချိန်တစ်ခုအတွင်း ပဋိပက္ခတစ်ခုလုံး ဂယက်ထသွားပါတယ်။ ဒီသတင်းပျံ့လေလေ အိပ်မက်ထဲဝင်ပြီး တိုက်ပွဲကြည့်တဲ့ သက်ရှိတွေ များလာလေလေပါပဲ။ အမှောင်ဂိုဏ်းသားတွေတောင် သူတို့လုပ်နေတာတွေကို ရပ်ပြီး အိပ်မက်ထဲဝင်ကာ တိုက်ပွဲကြည့်ကြပါတယ်။ သူတို့တွေက အမှောင်သခင်ကြီးရဲ့ စွမ်းအားအစစ်အမှန်ကို မြင်ချင်တာပါ။

ဟန်ဟွမ်၊ မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်ဟာ ယွမ်ရှီကျယ်ဝမ်ကို အတူ တိုက်ခိုက်ပါတယ်။ သူတို့တွေဟာ ဆန်းကြယ်စွမ်းအားသုံးပြီး ယွမ်ရှီကျယ်ဝမ်ကို ဖိနှိပ်ဖို့ ကြိုးစားကြပါတယ်။

ဒါပေမဲ့ ဖန်တီးရှင်သခင်စွမ်းအား ရထားတဲ့ ယွမ်ရှီကျယ်ဝမ်ဟာ တော်တော်လေးကိုမှ ကြမ်းပါတယ်။ ယွမ်ရှီကျယ်ဝမ်ရဲ့ ခန္ဓာကိုယ်ဟာ တုန်ခါသွားပြီး အဆုံးမဲ့ အကုသိုလ်ကံကို ထုတ်လွှတ်ပါတယ်။ ဒီအကုသိုလ်ကံတွေက လှိုင်းအဖြစ် ပြောင်းလဲပြီး အရပ်မျက်နှာ ဘက်ပေါင်းစုံကို ရိုက်ခတ်သွားပါတယ်။

ဟန်ဟွမ်တို့ သုံးယောက်လည်း နောက်ကို တွန်းပို့ခံလိုက်ရပါတယ်။

ဟန်လင်ဟာ အထက်မှာ ပေါ်လာပြီး ခါးညွှတ်ကာ ယွမ်ရှီကျယ်ဝမ်ကို ငုံ့ကြည့်လိုက်ပါတယ်။ ဟန်လင်ဟာ သေမျိုးကမ္ဘာရဲ့ မကောင်းမှုတွေကို ငုံ့ကြည့်နေတဲ့ နတ်ဘုရားတစ်ပါးလိုပါပဲ။ ဧကရာဇ်စစ်သားတွေဟာ ဟန်ကျွယ်ကို ပစ်မှတ်ထားပြီး မြားမိုးလို ထိုးဆင်းပါတယ်။

ယွမ်ရှီကျယ်ဝမ်ရဲ့ မျက်လုံး ၁၈ လုံးဟာ အပေါ်ကို မော့ကြည့်ပြီး သွေးရောင် အလင်းတန်းတွေ ပစ်လွှတ်လိုက်ပါတယ်။ များပြားလှတဲ့ ဒီသွေးရောင် အလင်းတန်းတွေဟာ ဧကရာဇ်စစ်သားတွေကို တစ်ပါးပြီးတစ်ပါး ဖျက်ဆီးပစ်ပါတယ်။ အသက်ရှူကြိမ် နှစ်ကြိမ် မပြည့်ခင်မှာပဲ ဧကရာဇ်စစ်သား အကုန်လုံး ပျက်စီးသွားပါတယ်။

အခြေအနေက တကယ်ကို အရေးမသာလှပါဘူး။

အမှောင်သခင်ကြီးက အခုထိ ဘာမှမလုပ်သေးပါဘူး။ ယွမ်ရှီကျယ်ဝမ်နဲ့တင် ပဋိပက္ခနဲ့ လောကဦးပဋိပက္ခဟာ ကူကယ်ရာမဲ့နေပါပြီ။

ဟန်ဟွမ် ယမ်းပုံမီးကျ ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှောင်သခင်ကြီးနားကိုတောင် ကပ်လို့မရလို့ပါပဲ။ ဟန်ဟွမ်ဟာ အရူးအမူး ဖြစ်သွားပြီး သူ မသုံးတာ ကြာပြီဖြစ်တဲ့ ဆန်းကြယ်စွမ်းအားကို ထုတ်သုံးလိုက်ပါတယ်။

အန္တိမမူလစွမ်းအားကို ငှားယူတဲ့ ဆန်းကြယ်စွမ်းအားပါ။

ဟန်ကျွယ်ဟာ တစ်ယောက်ယောက်က သူ့စွမ်းအားကို ငှားယူမှန်း သိတဲ့အခါ လျစ်လျူရှုထားလိုက်ပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်က ဖန်တီးရှင်သခင်ပါ။ တာအိုဖန်တီးရှင် မဟုတ်တော့ပါဘူး။

ဟန်ဟွမ်ဟာ မျက်နှာ အကြီးကျယ် ပျက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆန်းကြယ်စွမ်းအား မအောင်မြင်လို့ပါ။

.....

တတိယ တာအိုစက်ကွင်း။

ရှင်းဟုန်ရွှမ်၊ ရွှမ်ချင်းကျွင်း၊ ဝူတောက်ကျန့်နဲ့ တခြားလူတွေလည်း ဒီတိုက်ပွဲကို ကြည့်နေကြပါတယ်။

“အခြေအနေ မကောင်းဘူး၊ ဒီလောက် စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဝိုင်းတိုက်တာတောင် သူတို့တွေ ယွမ်ရှီကျယ်ဝမ်ကို ဘာမှမလုပ်နိုင်ဘူး” ဝူတောက်ကျန့်က စိုးရိမ်သံနဲ့ ပြောလိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ယွမ်ရှီကျယ်ဝမ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ အကြောင်းတချို့ကြောင့် ရှင်းဟုန်ရွှမ်ဟာ ယွမ်ရှီကျယ်ဝမ်ဆီကနေ ခံစားချက်တစ်မျိုး ရနေပါတယ်။ ယွမ်ရှီကျယ်ဝမ်က ဒီလောက်ထိ ကြမ်းတမ်းပေမဲ့ ရှင်းဟုန်ရွှမ်ဟာ သူ့ကို ဘယ်လိုမှ မမုန်းနိုင်ပါဘူး။

‘ငါ ဒီလိုဖြစ်နေတာက သူ့ကို ဟန်ဟွမ် ဖန်တီးထားလို့များလား...’

“အခုကြည့်ရသလောက်တော့ စွမ်းအားချင်းက တော်တော်ကွာတယ်၊ ယောက်ျားဝင်ပါမှ တိုက်ပွဲဒီရေကို ပြောင်းနိုင်မယ် ထင်တယ်” ရွှမ်ချင်းကျွင်းဟာ သက်ပြင်းချလိုက်ပါတယ်။

ပဋိပက္ခက တကယ်ကို လူတော်တွေနဲ့ ပြည့်နေပါတယ်။ အရင်တုန်းက ဟန်ဟွမ် သက်ရှိအားလုံးကို တစ်ကိုယ်တော် တိုက်ခိုက်တာနဲ့တင် တော်တော်လေး အံ့အားသင့်ဖို့ ကောင်းနေပါပြီ။ အခုသူ့ထက် စွမ်းအားပိုကြီးတဲ့ အမှောင်သခင်ကြီး ပေါ်လာပါတယ်။

ရှင်းဟုန်ရွှမ်တို့ဟာ တိုက်ပွဲအကြောင်း ဆွေးနွေးကြပါတယ်။ သူတို့ဆွေးနွေးနေတုန်းမှာပဲ နောက်ဆုံး တိုက်ပွဲဟာ ပြောင်းလဲသွားပါတယ်။ ပဋိပက္ခဘက်မှာ အထိအခိုက် အကျအဆုံး စပေါ်လာပါတယ်။

ယွမ်ရှီကျယ်ဝမ်ဟာ လျှာရှည်ကြီးထုတ်ပြီး ကံကြမ္မာမုန်တိုင်းလိုမျိုး ဟင်းလင်းပြင်ထဲ တိုက်ခိုက်ကာ မဟာတာအိုပညာရှိ ဒါဇင်ကျော်ကို ဖမ်းယူသွားပါတယ်။ အဲဒီနောက် မဟာတာအိုပညာရှိတွေကို ပါးစပ်ထဲထည့်ပြီး အကြင်အနာကင်းစွာ ဝါးစားပါတယ်။

ဒီမြင်ကွင်းက ကြောက်လန့်စရာ ကောင်းလွန်းတာကြောင့် သက်ရှိအမြောက်အမြား အိပ်မက်ထဲကနေ နိုးထသွားကြပြီး သူတို့တွေ တိုက်ပွဲကို ဆက်မကြည့်ရဲကြတော့ပါဘူး။ ချင်းလွမ်အာလည်း မသက်မသာ ဖြစ်လာတာကြောင့် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။

ဒီရုတ်တရက် ပြောင်းလဲမှုက ပဋိပက္ခကို မျှော်လင့်ချက် ကင်းမဲ့စေပါတယ်။

လောကဦး နတ်ဘီလူးသုံးပါးနဲ့ ပဋိပက္ခကိုးပါးဟာ ယွမ်ရှီကျယ်ဝမ်ကို ဝိုင်းတိုက်ပေမဲ့ ထိခိုက် အနာတရဖြစ်အောင် မလုပ်နိုင်ကြပါဘူး။ ဒီအတိုင်းဆက်သွားရင် သူတို့ရှုံးမှာ သေချာနေပါပြီ။

ကျိုးစုန်ဟာ မချိပြုံး ပြုံးလိုက်ပါတယ် “ကွာခြားချက်က မိုးနဲ့မြေတောင် လိုက်မီမှာ မဟုတ်ဘူး”

စုချီဟာ တိတ်ဆိတ်နေပါတယ်။ တကယ်တော့ စုချီဟာ မျှော်လင့်ချက် မမဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ အမြဲတမ်း မျှော်လင့်ချက်ရှိလို့ပါ။ သူ့ရဲ့ မျှော်လင့်ချက်က သူ့ဆရာသခင်ပါ။

‘ငါ့ဆရာ လှုပ်ရှားတာနဲ့ ပဋိပက္ခနဲ့ လောကဦးပဋိပက္ခ မဖြေရှင်းနိုင်တဲ့ ဒီပြဿနာက သေချာပေါက် ရှင်းလင်းသွားမှာ’

“မင်းတို့က နယ်ရုပ်လေးတွေ၊ မင်းတို့အဆင့်လောက်နဲ့ ငါ့ကို ယှဉ်ချင်တာလား၊ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ... မဟာတာအိုပညာရှိချုပ် အထက်က တာအိုဖန်တီးရှင်တွေ... မင်းတို့တွေ ဘယ်အချိန်ထိ ထိုင်ကြည့်နေဦးမှာလဲ”

ဟန်ကျွယ်ရဲ့ အသံက တိုက်ခိုက်နေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို နှလုံးလှုပ်သွားစေပါတယ်။

‘တာအိုဖန်တီးရှင်... ဒါက မဟာတာအို အထွတ်အထိပ်အဆင့် အထက်က အဆင့်လား’

ဟန်ဟွမ်ရဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ် ‘အဲဒီအဆင့်မှာ တစ်ယောက်မက ရှိနေတာလား’

“ဟွန်း...”

အေးစက်တဲ့အသံက မဟာတာအိုပညာရှိချုပ်အားလုံးရဲ့ နှလုံးသားကို ကိုင်လှုပ်လိုက်ပါတယ်။

အမှောင်ထုဟာ စုတ်ပြဲသွားပြီး ယွမ်ရှီကျယ်ဝမ်ထက် အဆပေါင်းများစွာ ကြီးမားတဲ့ မျက်လုံးတစ်စုံ ပေါ်လာပါတယ်။ ဒီမျက်လုံးတွေက မိုးကောင်းကင်ရဲ့ မျက်လုံးတွေလိုပါပဲ။ အေးစက်ပြီး ဂုဏ်ကျက်သရေ ရှိပါတယ်။

တာအိုဖန်တီးရှင်၊ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်။

ယွမ်ရှီကျယ်ဝမ်ဟာ တာအိုဖန်တီးရှင်ကို ဂရုမစိုက်ပါဘူး။ မဟာတာအိုပညာရှိတွေကို ဆက်စားတာကြောင့် မဟာတာအိုပညာရှိတွေဟာ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ပေါ်လာလို့ အံ့ဩချိန်တောင်မရလိုက်ဘဲ ယွမ်ရှီကျယ်ဝမ်ကို ဆက်ပြီးတော့ ရင်ဆိုင်ရပါတယ်။

“အနန္တဖျက်ဆီးရှင်သခင် ရှီထျန်...  မင်း အရင်ဆုံး ထွက်လာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး”

ဟန်ကျွယ်ရဲ့ ခံစားချက်ကင်းမဲ့စွာ နာမည်ခေါ်လိုက်သံက ရှီထျန်က လူတိုင်းကို အံ့ဩ တုန်လှုပ်သွားစေပါတယ်။

‘ရှီထျန်က တကယ်ကြီး တာအိုဖန်တီးရှင်အဆင့် ရှိတာလား’

အနန္တဖျက်ဆီးရှင်သခင် ရှီထျန် “ဟွန်း... အမှောင်သခင်ကြီး... မင်းက မဟာတာအို အနန္တကပ်ဘေးကို ပြောင်းလဲချင်တာလား၊ ဒါက သေမင်းဆီ သွားတဲ့လမ်းပဲ”

စကားဆုံးတယ်ဆိုရင်ပဲ မျက်လုံးတွေ ပျောက်ကွယ်သွားပြီး ပဋိပက္ခ‌လောက် ကြီးမားကျယ်ပြန့်တဲ့ ဧရာမလက်ဝါးကြီး ထွက်ပေါ်လာပါတယ်။

ဒါကိုကြည့်ပြီး ဟန်ဟွမ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲက သူ့အဖေကို တွေးမိလိုက်ပါတယ်။

‘သူက တကယ်ကို အဖေနဲ့ အဆင့်တူပဲ’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters