တာအိုဖန်တီးရှင်များ စုဝေးခြင်း
Vol. 107 Ch. 1117
တာအိုဖန်တီးရှင် စွမ်းအားက သက်ရှိအားလုံးကို ချောက်ချားသွားစေပါတယ်။ သက်ရှိတွေဟာ အံ့အားသင့်ဖို့တောင် မေ့သွားပါတယ်။
ဟန်ဟွမ်၊ မူလလောကဦး၊ ဟန်လင်နဲ့ တခြားလူတွေလည်း ပဋိပက္ခလောက်ရှိတဲ့ ဧရာမလက်ကြီးကို မော့ကြည့်လိုက်ကြပါတယ်။
အနန္တဖျက်ဆီးရှင်သခင်ရဲ့ ဧရာမလက်ကြီးဟာ ယွမ်ရှီကျယ်ဝမ်ဆီ ရောက်သွားပြီး ယွမ်ရှီကျယ်ဝမ်ကို ပဋိပက္ခထဲက ဆွဲထုတ်ဖို့ ကြိုးစားပါတယ်။ ဒီဧရာမလက်ကြီးရဲ့ရှေ့မှာ ယွမ်ရှီကျယ်ဝမ်က သဲတစ်ပွင့်ထက် သေးငယ်လှပါတယ်။
ဒါက ပထမဆုံးအကြိမ် ယွမ်ရှီကျယ်ဝမ် ကြောက်သွားတာပါ။ ယွမ်ရှီကျယ်ဝမ်ဟာ တစ်ကိုယ်လုံး တုန်တက်ပြီး တိုးတိုးညှင်းညှင်း အော်လိုက်ပါတယ်။
စုချီနဲ့ ကျိုးစုန်လည်း ခေါင်းမော့လိုက်တဲ့အခါ ဧရာမလက်ကြီးကို တွေ့လိုက်ရတာကြောင့် ကြက်သေသေသွားပါတယ်။ သူတို့နှစ်ယောက်ဟာ သူတို့မျက်လုံးကိုတောင် မယုံနိုင်အောင် ဖြစ်သွားပါတယ်။
‘ဒါက ဘယ်လို စွမ်းအားမျိုးလဲ... ကျင့်ကြံမှုနဲ့ ဒီလိုအဆင့်မျိုးကို တကယ် ရောက်နိုင်တာလား’
ဒါက ဒီနေရာမှာရှိနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံးရဲ့ အတွေးပါ။
ဟန်ကျွယ်ဟာ မတ်တတ်မရပ်ပါဘူး။ ညာလက်ကို အသာမြှောက်ပြီး ကောင်းကင်ကို ဆုပ်ကိုင်လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ရဲ့ ဧရာမလက်ကြီးဟာ မမြင်နိုင်တဲ့ အင်အားတစ်ခု ဆုပ်ကိုင်ခံလိုက်ရသလိုမျိုး ရှုံ့တွသွားပြီး အပိုင်းအပိုင်းပြတ်ကာ မီးခိုးလို ပျောက်ကွယ်သွားပါတယ်။
ဒီမြင်ကွင်းကြောင့် စွမ်းအားကြီးပုဂ္ဂိုလ်တွေ အကုန်လုံး သတိပြန်ဝင်လာကြပါတယ်။
‘မဖြစ်နိုင်ဘူး... မဟာတာအို အထက်က တာအိုဖန်တီးရှင်တောင် အမှောင်သခင်ကြီးကို ဘာမှမလုပ်နိုင်ဘူးလား’
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ ဘာမှမပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူလည်း လန့်သွားလို့ပါပဲ။ ဒါပေမဲ့ သက်ရှိအားလုံးရှေ့မှာဆိုတော့ အရှုံးကို ဝန်မခံလိုပါဘူး။ မျက်နှာပျက်မှာစိုးလို့ပါ။
တာအိုဖန်တီးရှင်ရဲ့ ခြိမ်းခြောက်မှု ပျောက်ကွယ်သွားတဲ့အခါ ယွမ်ရှီကျယ်ဝမ်ဟာ ပြန်ပြီးတော့ ရူးသွပ်သွားပါတယ်။ ယွမ်ရှီကျယ်ဝမ်ဟာ ဂလက်ဆီထက် ကြီးမားတဲ့ လျှာကိုထုတ်ပြီး မဟာတာအိုပညာရှိ ဒါဇင်ကျော်ကို လှမ်းဖမ်းကာ ဝါးစားပစ်ပါတယ်။
ဒါကြောင့် စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ထပ်ပြီးတော့ ရင်ထိတ်သွားကြပါတယ်။
“မရပ်နဲ့... သတ်ကြ... မင်းတို့ရဲ့ ပစ်မှတ်က ယွမ်ရှီကျယ်ဝမ်ပဲ၊ အမှောင်သခင်ကြီးကို ငါတို့ ရင်ဆိုင်မယ်” ကျောက်ရွှမ်ကွမ်းဟာ ဒေါသတကြီး အော်ပြောလိုက်ပါတယ်။
ကျောက်ရွှမ်ကွမ်းဟာ ဒေါသကို သုံးပြီး ကြောက်ရွံ့ထိတ်လန့်မှုကို ဖိနှိပ်လိုက်တာပါ။ သူတို့တောင် ကြောက်နေရင် အောက်ကလူတွေက ဘယ်လိုလုပ်ပြီး တိုက်ခိုက်လိုစိတ် ရှိတော့မှာလဲ။
ဒီလိုနဲ့ ဝရုန်းသုန်းကား တိုက်ပွဲဟာ ထပ်ပြီးတော့ ဖြစ်ပွားပါတယ်။
ဒါပေမဲ့ သူတို့ရင်ဆိုင်ရတာက ပြိုင်ဘက်ကင်းပြီး စွမ်းအားကြီးမားတဲ့ အမှောင်သခင်ကြီးနဲ့ ယွမ်ရှီကျယ်ဝမ်ဆိုတော့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဘယ်လိုပဲ ကြိုးစားကြိုးစား အရာမရောက်ပါဘူး။
အိပ်မက်ထဲကနေ ဒီတိုက်ပွဲကို ကြည့်နေတဲ့ သက်ရှိတွေဟာ ပိုကြောက်ပြီး စိတ်အားငယ်လာကြပါတယ်။
‘ပဋိပက္ခက တကယ်ပဲ ပျက်စီးတော့မှာလား’
.....
ဗလာနယ်မြေ။
တာအိုဖန်တီးရှင်တွေဟာ နဝမပဋိပက္ခ ကျင့်ကြံအားထုတ်တဲ့ နတ်သစ်ပင်အောက်မှာ စုဝေးနေကြပါတယ်။
ဟန်ကျွယ်ရဲ့ ကိုယ်ပွားလည်း ရောက်လာပါတယ်။ နဝမပဋိပက္ခက အိပ်မက်ပေးပြီး ဆင့်ခေါ်တာကြောင့် တတိယ တာအိုစက်ကွင်းထဲမှာ ဟန်ကျွယ် ချန်ထားခဲ့တဲ့ ကိုယ်ပွားက ဒီနေရာကို ရောက်လာတာ ဖြစ်ပါတယ်။
ဟန်ကျွယ်က ဖန်တီးရှင်သခင်ဆိုတော့ သူ့ကိုယ်ပွားကလည်း ပင်မခန္ဓာကိုယ်လိုပါပဲ။ ဒါကြောင့် နဝမပဋိပက္ခဟာ ဟန်ကျွယ်က ကိုယ်ပွား လွှတ်လိုက်တယ်ဆိုတာကို မသိပါဘူး။
ပဋိပက္ခသိစိတ်၊ သဏ္ဍာန်မဲ့နတ်မင်း၊ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်နဲ့ ယင်ယန်ချွမ်တု နတ်မင်းတို့လည်း ရောက်လာကြပါတယ်။
သူတို့အကုန်လုံးဟာ နဝမပဋိပက္ခကို ကြည့်ရင်း တိတ်ဆိတ်နေကြပါတယ်။
ဟန်ကျွယ်ဟာ မျက်နှာသေနဲ့ဆိုပေမဲ့ ရင်ထဲမှာတော့ ပန်းတွေ ပွင့်နေပါတယ်။
‘မင်း ငါ့ကို ဘယ်လို အကောက်ကြံမလဲဆိုတာ ကြည့်ကြသေးတာပေါ့’
နဝမပဋိပက္ခ “ပဋိပက္ခအတွက် အကြီးမားဆုံး အန္တရာယ် ရောက်လာခဲ့ပြီ၊ အဲဒီ အမှောင်သခင်ကြီးက သာမန် တာအိုဖန်တီးရှင်တွေထက် အများကြီး စွမ်းအား ပိုကြီးတယ်”
‘သာမန်တာအိုဖန်တီးရှင်တဲ့လား’ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ မျက်နှာပျက်သွားပါတယ်။ အနန္တဖျက်ဆီးရှင်သခင်ဟာ ဟန်ကျွယ်ရဲ့ အထင်သေးတဲ့ အကြည့်ကို တွေ့လိုက်ရတာကြောင့် ပိုပြီးတော့ အရှက်ရသွားပါတယ်။
သဏ္ဍာန်မဲ့နတ်မင်း “မင်း သူ့ကို ရင်ဆိုင်နိုင်လား”
နဝမပဋိပက္ခ “ငါ့မှာ ယုံကြည်ချက် မရှိဘူး”
နဝမပဋိပက္ခရဲ့ ခံစားချက်တွေဟာ တော်တော်လေးကိုမှ ရှုပ်ထွေးနေပါတယ်။ နဝမပဋိပက္ခဟာ အမှောင်သခင်ကြီးကို အမြဲတမ်း လျှော့တွက်ထားခဲ့တာပါ။ ဒါပေမဲ့ အနန္တဖျက်ဆီးရှင်သခင်ရဲ့ ဖန်တီးမှု စွမ်းအားကို အမှောင်သခင်ကြီးက အသာလေး ချိုးဖျက်လိုက်တဲ့အခါမှာတော့ နဝမပဋိပက္ခ လန့်သွားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူ အဲဒီလို အသာလေး မလုပ်နိုင်လို့ပါ။
အဲဒီဧရာမလက်ကြီးက ဆန်းကြယ်စွမ်းအား မဟုတ်ပါဘူး။ အနန္တဖျက်ဆီးသခင် ရှီထျန်ရဲ့ လက်ပါ။ အကောင်းစား ရတနာလို့လည်း ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနန္တဖျက်ဆီးရှင်သခင်က သူ့ခန္ဓာကိုယ်ကို အကောင်းစားရတနာဖြစ်အောင် လုပ်ထားလို့ပါ။ ဒါကြောင့် သူ့ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်ဖို့ဆိုတာက တော်တော်လေး ခက်ခဲတဲ့အရာပါ။
“အဲဒီလောက် အန္တရာယ်များမှတော့ တာအိုစက်ကွင်းထဲမှာပဲ ပုန်းနေတော့မယ်၊ ငါ့ရဲ့ တာအိုစက်ကွင်းက ဘယ်လောက် အထင်ကြီးဖို့ကောင်းလဲဆိုတာ မင်းတို့လည်း အသိပဲ၊ အနည်းဆုံး ငါ အသက်ဆက်ရှင်နိုင်တာပေါ့” ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ်။
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ ဟန်ကျွယ် စကားကို နားထောင်ပြီး ဒေါသထွက်သွားပါတယ် “ဒီလို အရေးကြီး အခြေအနေမျိုးမှာ မင်း ဘယ်လိုလုပ်ပြီး နောက်ဆုတ်နိုင်ရတာလဲ၊ ပုန်းရင်တောင် မင်း ဘယ်လောက်ကြာအောင် ပုန်းနိုင်မှာလဲ၊ အဲဒီအမှောင်သခင်ကြီးက ဒီလောက်တောင် အပုန်းတော်တာ၊ မင်းရဲ့ မဟာတာအိုကမ္ဘာကို မကြာခင် ရှာတွေ့သွားမှာပဲ”
ဟန်ကျွယ်ရဲ့ မဟာတာအိုကမ္ဘာက အမြဲတမ်း ဗလာနယ်မြေထဲမှာပါ။ ဒါကို တာအိုဖန်တီးရှင် အကုန်လုံး သိကြပါတယ်။
သဏ္ဍာန်မဲ့နတ်မင်းဟာ ပဟေဠိ ဖြစ်သွားပါတယ် ‘သူ တကယ်ပဲ ပုန်းချင်နေတာလား’
အတိတ်က အဖြစ်အပျက်တွေကို ပြန်တွေးကြည့်ရင် ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။
‘အဲဒါဆို ငါက ဘာဖြစ်မှာလဲ’
ပဋိပက္ခသိစိတ်က မတိုးမကျယ် ပြောလိုက်ပါတယ် “ငါတို့တွေ တိုက်ခိုက်ရမယ်၊ ငါတို့တွေ ပူးပေါင်းပြီး အမှောင်သခင်ကြီးကို တိုက်ခိုက်ရမယ်၊ အမှောင်သခင်ကြီး အမှောင်ခေတ်ကို ဖွင့်လှစ်လိုက်ရင် ဒီထက်ပိုပြီးတော့ စွမ်းအားကြီးသွားနိုင်တယ်၊ တာအိုဖန်တီးရှင်ကို သတ်နိုင်လောက်တဲ့အထိ စွမ်းအားကြီးသွားနိုင်တယ်”
ယင်ယန်ချွမ်တုနတ်မင်းဟာ ဆိတ်ဆိတ်ပဲ နေပါတယ်။
နဝမပဋိပက္ခ “ဟုတ်တယ်၊ ဒီလိုဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များတယ်၊ အမှန်အတိုင်း ပြောရရင် ငါ တာအိုဖန်တီးရှင်အဆင့်ကို ထိုးဖောက်ဖို့ ကြိုးစားနေတာ ကြာပြီ၊ ဒါပေမဲ့ ခုထိ မအောင်မြင်သေးဘူး၊ အမှောင်သခင်ကြီးကလည်း ငါနဲ့ ပန်းတိုင် တူလောက်တယ်၊ သူ အောင်မြင်မလားဆိုတာ ငါ မသိဘူး၊ ဒါပေမဲ့ ဒီကိစ္စက အမှောင်ခေတ်နဲ့ ပတ်သက်နေတယ်ဆိုတာတော့ ငါ အတည်ပြုနိုင်တယ်”
‘နောက်တစ်ဆင့်လား’
တာအိုဖန်တီးရှင်လေးပါးဟာ ရင်လေးသွားပါတယ်။
ဟန်ကျွယ်ကလည်း ရေလိုက်ငါးလိုက် လိုက်ဟန်ဆောင်ပါတယ်။
နဝမပဋိပက္ခဟာ သူတို့ကို အကဲခတ်ပြီး ပြောလိုက်ပါတယ် “ဒီတိုက်ပွဲမှာ မင်းတို့ ဝင်ပါချင်ရင် ငါ မင်းတို့ကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်၊ အောင်မြင်ရင် ငါ မင်းတို့ကို နောက်ထပ်မြင့်မားတဲ့ အဆင့်ကို ဘယ်လို ထိုးဖောက်ရမလဲဆိုတာ ပြောပြမယ်”
ပဋိပက္ခသိစိတ်နဲ့ အနန္တဖျက်ဆီးရှင်သခင်ဟာ ဝင်ပါဖို့ ရွေးချယ်လိုက်ပါတယ်။
သဏ္ဍာန်မဲ့နတ်မင်းနဲ့ ယင်ယန်ချွမ်တုနတ်မင်းကတော့ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။
“မင်းတို့တွေ အရင်တိုက်ကြပေါ့၊ ငါ့အတွက်တော့ အချိန်မကျသေးဘူး၊ ငါ အဆင့်ထိုးဖောက်ခါနီးနေပြီ၊ ငါ အဆင့်ထိုးဖောက်ပြီးရင် အမှောင်သခင်ကြီးကို နိုင်နိုင်ခြေ ပိုများသွားလိမ့်မယ်”
‘အဆင့်ထိုးဖောက်မယ်’ တာအိုဖန်တီးရှင်တွေဟာ ဟန်ကျွယ်ကို တအံ့တဩ ကြည့်လိုက်ပါတယ်။
နဝမပဋိပက္ခကလည်း စိတ်ထဲမှာ သူ့ကိုယ်သူ ပြောလိုက်ပါတယ် ‘ဒီကောင်က နောက်ဆုံးအဆင့်ကို ထိုးဖောက်တော့မှာလား... မြန်လှချည်လား’
နဝမပဋိပက္ခဟာ ဟန်ကျွယ်နဲ့ တစ်ခါမှ မတိုက်ဖူးပေမဲ့ ဟန်ကျွယ်က ယင်ယန်ချွမ်တုနတ်မင်းကို ဖိနှိပ်နိုင်တာကြောင့် အလယ်အဆင့် ရှိရမယ်လို့ တွက်ထားခဲ့တာပါ။ နောက်ဆုံးအဆင့်ကိုတော့ ဒီလောက်မြန်မြန် ရောက်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး။ သူ အဆင့်တက်တုန်းကဆို အဆင့်လေးတစ်ဆင့်တောင် နှစ်ပေါင်း ၁ ထရီလီယံ ဒါမှမဟုတ် ဒီထက်ကြာခဲ့တယ် မဟုတ်ပါလား။
သဏ္ဍာန်မဲ့နတ်မင်းနဲ့ ယင်ယန်ချွမ်တုနတ်မင်းဟာ ဝင်ပါဖို့ ရွေးချယ်လိုက်ရပါတယ်။
နဝမပဋိပက္ခက ဟန်ကျွယ်ကို ခက်ခဲအောင် မလုပ်ပါဘူး။ ဟန်ကျွယ်လည်း ကိစ္စမရှိတော့တာနဲ့ ထွက်ခွာလာခဲ့ပါတယ်။
နဝမပဋိပက္ခ “သွားမယ်... အမှောင်သခင်ကြီးကို ပဋိပက္ခ အပြင်ထွက်ပြီး တိုက်ခိုက်အောင် နည်းလမ်း ရှာရမယ်”
တာအိုဖန်တီးရှင်လေးပါးဟာ နဝမပဋိပက္ခရဲ့ စကားကို မကန့်ကွက်ပါဘူး။ သူတို့တွေဟာ ပဋိပက္ခဆီ အပြေးသွားပါတယ်။
ပြောရရင် ဒါ သူတို့တွေ ပထမဆုံးအကြိမ် ရင်ပေါင်တန်းပြီး တိုက်ခိုက်ဖူးတာပါ။ သူတို့ရဲ့ ခံစားချက်တွေဟာ တော်တော်လေးကိုမှ မတည်ငြိမ်ပါဘူး။ သူတို့ရဲ့ခေတ် ကုန်ဆုံးတော့မယ် မဟုတ်ပါလား။
အခုတောင် ဒီလိုဖြစ်နေရင် အဆုံးမဲ့ခေတ် ရောက်လာတဲ့အခါ ပါရမီရှင်တွေ ပိုပေါ်ထွက်လာပြီး တာအိုဖန်တီးရှင်တွေ ပိုများလာမှာပါ။ အထူးသဖြင့် နဝမပဋိပက္ခ အဆင့်ထိုးဖောက်တာ အောင်မြင်သွားရင် တာအိုဖန်တီးရှင်အဆင့်က အစွမ်းအထက်ဆုံး မဟုတ်တော့ပါဘူး။ ဒီလိုဆို သူတို့ရဲ့ အဆင့်အတန်းလည်း လျော့ကျသွားမှာပါ။
ဒီအကြောင်းကို တွေးမိပြီး သူတို့တွေဟာ စိတ်မကောင်း ဖြစ်သွားကြပါတယ်။ ပေါ်တင်ရော နောက်ကွယ်မှာရော နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တာက အဓိပ္ပာယ်မဲ့သွားတယ် မဟုတ်ပါလား။
တခြားတစ်ဖက်မှာတော့...
ယွမ်ရှီကျယ်ဝမ်ရဲ့ ပါးစပ်ထဲကို မဟာတာအိုပညာရှိတွေ ပိုပိုရောက်ကုန်ပါတယ်။ ယွမ်ရှီကျယ်ဝမ်ရဲ့ ကျင့်ကြံမှုကလည်း လျင်မြန်စွာ တိုးတက်လာပါတယ်။ ဝါးမျိုတာက စွမ်းအားကြီးလာဖို့ အမြန်ဆုံးနည်းလမ်းပါ။
လောကဦး နတ်ဘီလူး သုံးပါးနဲ့ ပဋိပက္ခကိုးပါးဟာ အမှောင်သခင်ကြီးကို ဘယ်လို တိုက်ခိုက်ရမလဲဆိုတာ စဉ်းစားနေတုန်းပါ။ ဒါပေမဲ့ သူတို့တွေ ဘယ်လိုပဲ လုပ်လုပ် ဟန်ကျွယ်ကို ထိတောင် မထိနိုင်ပါဘူး။
ဒီအချိန်မှာ ဟန်ကျွယ်ဟာ ရုတ်တရက် မတ်တတ်ရပ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာအိုဖန်တီးရှင်တွေရဲ့ ရောင်ဝါကို အာရုံခံမိတာကြောင့်ပါ။
‘နောက်ဆုံးတော့ ရောက်လာပြီပဲ... ငါစောင့်ရတာ တော်တော် ကြာသွားပြီ’
တာအိုဖန်တီးရှင် ငါးပါးလောက်တော့ ဟန်ကျွယ်အတွက် စာမဖွဲ့ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။