← Chapters

ငါ မကြောက်ဘူး။

Vol. 109 Ch. 1523

ငါ မကြောက်ဘူး။

Vol. 109 Ch. 1523

အစောပိုင်း အချိန်၌ မလိုလား အပ်သော အန္တရာယ်များ ရှောင်ရှားလို သဖြင့် လွတ်ပေး ခြင်း ဖြစ်သည်။

လင်ချင်းယွီ သေဆုံး ပြီးနောက်၊ သွေးမိစ္ဆာ အစီရင် ပြိုကျ သွားကာ၊ မရေမတွက် နိုင်သော ကြက်သွေးရောင် ပန်းများ အဖြစ်၊ ပြောင်းလဲ သွားသည်။

“ ဖပ် ... ။ ”

၎င်းတို့က ခေါက်ယပ်တောင် အတွင်း ပေါင်းစည်း သွားကာ၊ လင်းယွန်ရှေ့ ပြုတ်ကျ လာတော့၏။

ဤသည်မှာ သွေးလမင်း ဂိုဏ်း၏ အမေွခံ သူတော်စင် ရတနာ ဖြစ်သည်။ စစ်မှန်သော စွမ်းအားသည် သွေးမိစ္ဆာ အစီရင် ဖြစ်၏။

ထို့ကြောင့် ယပ်တောင်ကို သိမ်းယူပြီး ကြယ်စွမ်းအင် များအား မီးတောက်များ အဖြစ် သို့၊ ပြောင်းလဲ လိုက်သည်။

လင်းချင်းယွီ၏ အလောင်း၌ မီးလျှံများ တောက်လောင် ကုန်ပြီး ပြာကျ သွား ခဲ့သည်။ လက်ဝှေ့ယမ်းကာ ထိုပြာ များအား လွင့်ပါး စေလိုက်၏။

ဤနေရာ၌ နတ်နဂါး အရိုးကို သန့်စင်လို သဖြင့်၊ ကြမ်းပြင် ပေါ်၌ အလောင်း ရှိနေ ပါက၊ စိတ် အနှောက် အယှက် ဖြစ်ရ ပေမည်။

လက်နှစ်ဖက်ကို ပေါင်ပေါ်တင် ပြီးနောက်၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ဝေ လိုက်သည်။

ကြယ်စွမ်းအင် များက ခန္ဓာကိုယ်ကို နေရာလပ် မကျန်အောင် အားဖြည့် ပေးသည်။ လင်းချင်းယွီ ထံမှ ပါလာသော အငွေ့ အသက် များက ချွေးပေါက်များ ထဲမှ ပြန်ထွက် လာသည်။

ဤမိစ္ဆာ ရောင်ဝါ များသည် မိစ္ဆာ ကျင့်ကြံသူများ အတွက် အကျိုးရှိ သော်လည်း၊ သူ့ အတွက် အသုံး မဝင်ချေ။

ထို့ကြောင့် ဒုက္ခ ဖြစ် မလာခင် သဘာဝ အတိုင်း ဖယ်ရှား ပစ်ခြင်း ဖြစ်သည်။ နာရီဝက် အကြာ၌ မျက်လုံးပွင့် လာပြီး၊ ဖြည်းညှင်းစွာ ထရပ် လိုက်သည်။

ပြီးနောက် လေထဲတွင် ပျံဝဲ နေသော နတ်နဂါး အရိုးကို ကြည့်ကာ ခံစားချက်များ လှိုင်းထ လာ၏။

၎င်းအတွက် များစွာ ပေးဆပ်ပြီး၊ အချိန် အတော် ကြာပင် ထျန်းကျွယ် ထံ၌ လက်ပါးစေ ဖြစ်ခဲ့ ရသည်။

ထို့ကြောင့် နတ်နဂါးပြာ အရိုး အနား တိုးကပ် သွားကာ၊ ဖြည်းညှင်းစွာ ဆုပ်ကိုင် လိုက်သည်။

လေးလံ ခြင်းမှ လွဲ၍ ထူးထူး ခြားခြား တုန့်ပြန်မှု မရှိချေ။ ထိုအချိန်တွင် နဂါး အကြွင်း အကျန် နယ်မြေ၌၊ ကျန်ရှိ နေသော လူတိုင်းကို ပြန်လည် ပို့ဆောင် တော့သည်။

ထို့ကြောင့် ထျန်းကျွယ်၊ ချင်းယွီ၊ ဖေးအန်၊ ရန်ရွှမ်၊ ချန်ခွိုက်နှင့် မုရုံချန် တို့မှာ၊ ဂြိုဟ်သိမ် ခါးပတ်လမ်း ပေါ်သို့၊ ပြန်ရောက် သွား ကုန်ကြသည်။

ဤဖြစ်စဉ်ကြောင့် မိစ္ဆာ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှာ ရုတ်ရုတ် သဲသဲ ဖြစ်လာ တော့သည်။

“ သူတို့ ထွက်လာပြီ ... ။ ”

“ နဂါး အရိုး ဘယ်သူ ရခဲ့လဲ မသိဘူး၊ မုရုံချန်နဲ့ လင်ချင်းယွီတို့ နှစ်ယောက် ထဲက တစ်ယောက် ယောက်ပဲ ဖြစ်မယ်။ ”

“ နေဦး လင်ချင်းယွီ မတွေ့ပါလား၊ သူ ကျန်ခဲ့ တာလား။ ”

သွေးလမင်း ဂိုဏ်း၏ ဦးတည် ရာသို့ လှည့်ကြည့်ကာ လူတိုင်း အံ့ဩ သွား ကြသည်။

“ ဒါဆို ... နတ်နဂါးပြာ အရိုးကို လင်ချင်းယွီများ ရသွား တာလား။ ”

ကြယ်ခန်မ အကြီးအကဲက သူ့အား မေးလာသဖြင့် ထျန်းကျွယ် ခမျာ၊ မည်သို့ ပြန်ဖြေ ရမည် မသိ ခဲ့ချေ။

ပတ်ဝန်းကျင်၌ လင်းယွန် ရှိ-မရှိ လှည့်ပတ်ကြည့် ပြီးနောက်၊ သွေးလမင်း ဂိုဏ်း ရှိရာသို့ ပြန်ကြည့် မိသည်။

လင်းယွန်၏ ခွန်အားကို မျက်မြင် ကြုံရ ပြီးဖြစ်ရာ၊ လင်ချင်းယွွီ တစ်ယောက် အသက် ခံရ နိုင်သည် ဟူသော အတွေး ဝင်လာ၏။

“ မင်း ဒဏ်ရာက ဘာဖြစ် တာလဲ ... ။ ”

ကြယ်ခန်းမ၏ လောက နိယာမ နယ်ပယ် အကြီးအကဲ အာရုံက၊ ထျန်းကျွယ် ရင်ဘတ်ရှိ ဒဏ်ရာပေါ် ရောက်သွားသည်။

“ အဲဒါကို နောက်မှ ပြောပြမယ် ... ၊ အခု နဂါး သွေးလွှတ်ကြော နယ်ပယ်ကို ဝင်ရောက် ချင်တယ်၊ ကာကွယ် ပေးပါဦး။ ”

ထျန်းကျွယ်မှ ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်သည်။ နတ်နဂါး ပြာ အရိုးကို လင်းယွန် ရရှိ ထားပုံ ပေပင်။ ထို့ကြောင့် ပြင်ဆင် ရပေမည်။

“ မင်း ... ဘာလို့ အလျင်လို နေတာလဲ၊ အထဲမှာ ဘာဖြစ် လာလို့လဲ။ ”

ကြယ်ခန်းမ၏ လောက နိယာမ နယ်ပယ် အကြီး အကဲမှ မေးသည်။ အတွေ့ အကြုံ အရ ရိုးရိုး ရှင်းရှင်း မဟုတ်ကြောင်း၊ နားလည် လာသည်။

နဂါး သေွး လွှတ်ကြော နယ်ပယ်သို့ တက်ရောက် ခြင်းသည်၊ ပြဿနာ မဟုတ်လှ သော်လည်း၊ ဤအခြေ အနေဖြင့်၊ နဂါး မူလကို စုစည်းရန် မလွယ် ကူချေ။

ထျန်းကျွယ် မှာမူ၊ အများကြီး ရှင်းမပြ ချင်တော့ သဖြင့်၊ မျက်လုံးကို ချက်ချင်း မှိတ်ချ လိုက်သည်။

လင်းယွန်ကို နှိမ်နှင်း လိုပါက ဤနည်းလမ်းသာ ရှိပေ တော့သည်။ အခြား တပည့်ကြီး များ၏ မျက်နှာများ မှာလည်း ပျက်ယွင်း နေပြီး၊ အားလုံးက အောင်မြင်မှု တစ်ခုကို ရယူရန် ပြင်ဆင်လာ ကြသည်။

အထူး သဖြင့် မုရုံချန် ဖြစ်သည်။ နတ်နဂါးပြာ အရိုးကို မည်သူ ရရှိ ခဲ့ကြောင်း သူ သာလျှင် အသိဆုံး ဖြစ်၏။

လင်ချင်းယွီသည် ထိုနတ်ဆိုးအား လှည့်စားရန် ကြိုးစား ခဲ့ခြင်းဖြင့်၊ သေဆုံး သွားပုံ ရသည်။

“ လင်ချင်းယွီက သေဖို့ များတယ် ... ၊ ဒါကြောင့် အခု ... နဂါး သွေးလွှတ်ကြော နယ်ပယ်ကို ချိုးဖြတ် ချင်တယ်။ ”

မုရုံချန် စကားကြောင့်၊ ငရဲ ကမ္ဘာ ခန်းမ၏ လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများ အပါ အဝင်၊ လူတိုင်း ထိတ်လန့် ကုန်သည်။

အဖွဲ့ကို ဦးဆောင်လာ သူမှာ၊ အကြီးအကဲ ချူးချမ် ဖြစ်ပြီး၊ လောက နိယာမ နယ်ပယ်၏ နိဗ္ဗာန် အဆင့်၌ ရှိသည်။

ဆိုလို သည်မှာ သူတော်စင် ဖြစ်လာရန် ခြေတစ်လှမ်း မျှသာ လိုပြီး၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများ ကြား၌၊ အသန် မာဆုံး ဖြစ်သည်။

ကောင်းကင်ဘုံ ကြယ်ခန်းမကို တိုက်ရန် အခြားသော မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းအား သူပင် စုစည်း ခဲ့ခြင်း ဖြစ်သည်။

“ အကြီး အကဲ ချူး ... ၊ အခု ငါတို့ ဘာလုပ် သင့်လဲ။ ”

အခြားသော လောက နိယာမ နယ်ပယ် အကြီး အကဲများ မှလည်း၊ မည်သို့ ဆက်လုပ်ရ မည်ကို မသိ သောကြောင့် မေးလာ ကြသည်။

“ မုရုံချန် ... အောင်မြင်မှု ရယူ ပါစေ၊ နတ်နဂါး အရိုး ရတဲ့ သူက၊ ဘယ်သူပဲ ဖြစ်ဖြစ် ငါတို့ သတ်ပစ် ရမယ်၊ ဂျူနီယာတွေ အပေါ် လက် မတင်ရ ဆိုတဲ့ စည်းမျဉ်းကို၊ မေ့ထား လိုက်ရအောင်။ ”

ချူးချမ် မျက်ဝန်း များ၌ ရက်စက် ကြမ်းကြုတ်သော အငွေ့ အသက်များ ရစ်သိုင်း လာသည်။

အခြားသော ဂိုဏ်းများ၏ ကျွမ်းကျင် ပညာရှင် များစွာ ကလည်း၊ အလားတူ အတွေး မျိုး ရှိနေသည်။

ထို့ကြောင့် အန်းလျူယွင်နှင့် ရှောင်ယွင် တို့က၊ ထိတ်လန့် တကြား အကြည့်ချင်း ဖလှယ် လိုက် ကြသည်။

လင်းယွန် ထွက်မလာ သေးချေ။ ရှောင်ယွင်က တစ်ခုခု ပြောချင် သော်လည်း၊ အန်းလျူယွင်မှ တိတ်တိတ် နေရန် အချက် ြ သဖြင့်၊ ပါးစပ် ပိတ်ထား ထားရသည်။

ဂြိုဟ်သိမ် ခါးပတ်လမ်း အတွင်း၌၊ ဤသို့မုန်တိုင်း အတွက်၊ အစပျိုး နေသည်ကို လင်းယွန် မသိချေ။

နတ်နဂါးပြာ အရိုးကို ကြည့်ကာ ပြဿနာ တက်နေ ခဲ့သည်။ အရိုးကို မရ ခင်က ရရှိ ဖို့သာ အာရုံစိုက် မိသည်။

ရရှိလာ ပြီးနောက် ခန္ဓာကိုယ်နှင့် ပေါင်းစည်းရန် နည်းလမ်း လိုအပ် နေသည်။ တစ်ချိန်က နဂါးသခင် အကူ အညီဖြင့် ၎င်းကို လွယ်ကူ ခဲ့သည်။

“ ဧကရီ ... ၊ မင်း ငါ့ကို နဂါးပြာ အရိုးနဲ့ ပေါင်းစပ်ဖို့၊ ကူညီ ပေးနိုင် မလား။ ”

ခရမ်းငယ်သည် သူ့ အတွက် စွယ်စုံကျမ်း တစ်အုပ်လို၊ ဖြစ်လာခဲ့ သည်ကို၊ သတိ မထား မိချေ။

ခရမ်းငယ်က ဓားသေတ္တာမှ ထွက်ပြီး၊ နှင်းဦးရည် ဓားကို ထုတ်ကာ၊ ခုန်တက် လိုက် လေသည်။

ပြီးနောက် လွှမ်းမိုး ကြီးစိုး လိုသော အသွင်ဖြင့်၊ နတ်နဂါးပြာ အရိုးကို ကြည့်လိုက် လေသည်။

“ ဘာမှား လို့လဲ ... ။ ”

သူမ အမူ အရာကြောင့်၊ လင်းယွန်က မေးသည်။ ခရမ်းငယ်မှ ခေါင်းခါ လိုက်ပြီး၊

“ ကမ္ဘာ ပေါ်မှာ၊ ငါ့ကို ဒုက္ခ ပေးနိုင်တဲ့ အရာတွေ အများကြီး မရှိဘူး၊ ဒါကြောင့် ဒီအရိုး နဲ့၊ ဘယ်လို ပေါင်းစပ် ရမလဲ ဆိုတာ ငါ သိတယ်၊ ရှေးဦးခေတ် တုန်းက၊ ...

... ကျွန် အချို့ကို ဖီးနစ် အရိုးတွေ ပေးခဲ့ ဖူးတယ်၊ ဒါပေမယ့် ဒီနတ်နဂါးပြာ အရိုးကတော့ နင့်အပေါ် မူတည် နေတယ်၊ ရွှေခေတ် ကုန်ဆုံး ပြီးတဲ့နောက်၊ ဘာတွေ ဆက်ဖြစ် ခဲ့လဲ ဆိုတာ ငါ မသိနိုင် ပေမယ့်၊ ...

... ဧကရာဇ် ကိုးပါး ဖြစ်လာဖို့၊ သူတို့က နဂါးတံခါးရဲ့ အမွေကို ရခဲ့ လိမ့်မယ် ... ၊ မိုးပြာ နဂါးက အဆင်ပြေ ပေမယ့်၊ ဒီနတ်နဂါးပြာ အရိုးရဲ့ ကံကြမ္မာက၊ ...

... လေးနက် လွန်းတယ်၊ ဒါကို နင်နဲ့ ပေါင်းစည်းချင်ရင်၊ ဧကရာဇ် ကိုးပါးရဲ့ ကံကြမ္မာ ထဲကို၊ ဆွဲသွင်းခံ ရလိမ့်မယ်။ ”

“ အဲ့ဒီ လောက်တောင် လေးနက် တာလား။ ”

လင်းယွန်က အံ့သြ သွားသည်။

“ အန်းလျူယွင်နဲ့ ရှောင်ယွင် တို့က ... နင့်ထက် ပိုသိတယ်၊ နဂါးပြာက နဂါး တံခါးရဲ့ သခင်ပဲ၊ နဂါးဖြူ နန်းတော်ရဲ့ နံရံ ပေါ်က ဆံပင် ဖြူဖြူ ဓါးသမားကို မှတ်မိ သေးလား။ ”

“ အင်း ... ။ ”

“ အဲဒီ လူဟာ ... ၊ နဂါး တံခါး တံခါးရဲ့၊ ပထမ မျိုးဆက်၊ မိုးပြာ နဂါး ဘိုးဘေး ဖြစ်နိုင် တယ်။ ”

“ မိုးပြာ နဂါး ပထမ ဘိုးဘေးလား။ ”

“ မှန်တယ် ... ။ ”

“ အဲဒီ စီနီယာကို ... အရင်က မင်း တွေ့ဖူးလား။ ”

“ မတွေ့ ဖူးဘူး ... ၊ သူနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီ တွေလည်း မကြား မိဘူး၊ အဲဒီ တုန်းက နတ်ဘုရား တိုက်ပွဲမှာ၊ ငါတို့ စောင့်နေတဲ့ ...

... လူက သူ ဖြစ်မယ်လို့ ထင်တယ်၊ အိုင်းရစ်ဓား သူတော်စင် တောင် သူ့ဆီက အမွေ ရခဲ့ တာလို့ ထင်တယ်။ ”

“ ဒါက ... နတ်နဂါးပြာ အရိုးနဲ့ ဘာဆိုင်လဲ။ ”

“ ဆိုင်လောက်တယ်၊ အိုင်းရစ်ဓား သူတော်စင်က နဂါး တံခါး အစောင့် တစ်ဦးလို့ ငါ ထင်လာတယ်၊ ဧကရာဇ် ကိုးပါး ရုတ်တရက် ပေါ်ထွန်း လာခြင်း ကလည်း၊ သူနဲ့ ...

... ဆက်စပ် နေတယ်၊ ဒါကြောင့် နတ်နဂါးပြာ အရိုးကို သန့်စင်မယ် ဆိုရင်၊ အဲဒီ ကံကို နင် ... အမွေရ လိမ့်မယ်။ ”

ခရမ်းငယ်က ရှင်းပြ လာသည်။ သူမ ဆိုလိုသည်မှာ၊ နတ်နဂါးပြာ အရိုးကို ပေါင်းစည်း ခြင်းဖြင့်၊ ဧကရာဇ် ကိုးပါး၊ ခွန်လွန် ဘုံနှင့်၊ နဂါး တံခါး ကြားတွင်၊ ပါဝင် ပတ်သတ်နေ မည်ဟု၊ အဓိပ္ပါယ် ရသည်။

“ ဘာများ စဉ်းစားဖို့ လိုလို့လဲ ပစ္စုပ္ပန် အတွက်ပဲ ဖြစ်ဖြစ်၊ အနာဂတ် အတွက်ပဲ ဖြစ်ဖြစ် တိုက်ပွဲဝင် ရမှာ သဘာဝ ပါပဲ၊ ကံတရား လား ...၊ ငါ့ လမ်းကို ပိတ်လာရင်၊ ငါ့ဓားနဲ့ ခုတ်ပစ် လိုက်မယ်။ ”

လင်းယွန်က တွေဝေခြင်း မရှိဘဲ ပြန်ဖြေသည်။ သူ့စကားက ခရမ်းငယ်ကို ပြုံး စေ၏။

“ နင့် ဆန္ဒ အတိုင်းပဲ ... ၊ နတ်နဂါးပြာ အရိုးနဲ့ ပေါင်းစပ် နိုင်အောင်၊ ငါ ကူညီ ပေးမယ်၊ ဒါပေမယ့် သေချာ စဉ်းစားပါ၊ မိစ္ဆာဂိုဏ်း ခုနစ် ဂိုဏ်းက အထင် သေးလို့ မရဘူး။ ”

“ ငါ မကြောက် ပါဘူး။ ”

ထိုစကားကို သူ ပြောသော အခါတွင်၊ ပန်းသင်္ချိုင်း ဓားမှ ထောက်ခံ ဟန်ဖြင့်၊ မြည်သံ ပေးလာ တော့သည်။

***

All Chapters