← Chapters

သက်ရှိအားလုံးရဲ့ မျှော်လင့်ချက်

Vol. 107 Ch. 1118

သက်ရှိအားလုံးရဲ့ မျှော်လင့်ချက်

Vol. 107 Ch. 1118

အမှောင်သခင်ကြီး မတ်တတ်ရပ်လိုက်တာကို တွေ့လိုက်ရတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံး ရုတ်ခြည်း ရင်ထိတ်သွားကြပါတယ်။

‘အမှောင်သခင်ကြီးက တိုက်ခိုက်တော့မှာလား’

အမှောင်သခင်ကြီး ဧရာမလက်ကြီးကို အသာလေး ဖျက်ဆီးလိုက်တဲ့ မြင်ကွင်းက သူတို့မျက်လုံးထဲမှာ စွဲနေတုန်းပါ။ ဒါကို တွေးမိတိုင်း သူတို့တွေ ကြက်သီးမထဘဲ မနေနိုင်ပါဘူး။ လောကဦး နတ်ဘီလူးသုံးပါးဟာ ထပ်ပြီးတော့ တိုက်ခိုက်လိုက်ပါတယ်။ သူတို့သုံးယောက်ဟာ သူတို့ရဲ့ အစွမ်းအထက်ဆုံး ဆန်းကြယ်စွမ်းအားကို အားကုန်သုံးပြီး တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

“ဝုန်း...”

လောကဦးနတ်ဘီလူး သုံးပါးဟာ နောက်ကို တွန်းထုတ်ခံရပြီး ခန္ဓာကိုယ်တွေ ပျက်စီးကာ မှောင်မိုက်တဲ့ ဟင်းလင်းပြင်ရဲ့ အဆုံးမှာ ဝိညာဉ်သာ ကျန်ရှိပါတော့တယ်။

“ဟန်ယဲ့... အမှောင်သခင်ကြီးက မင်းကို မသတ်ဘူးဆိုတာ သတိထားမိလား”

ဟန်ယောင်နဲ့ ဟန်ယဲ့ဟာ ယွမ်ရှီကျယ်ဝမ်ကို အတူတိုက်ခိုက်ရင်း အသံလွှင့်လိုက်ပါတယ်။

ဟန်ယဲ့ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ သူလည်း ဒီအချက်ကို သတိထားမိပါတယ်။ ထိပ်တန်း စွမ်းအားကြီးပုဂ္ဂိုလ်တွေ အမှောင်သခင်ကြီးကို ဘယ်လောက်ပဲ တိုက်ခိုက် တိုက်ခိုက် မသေပါဘူး။ မဟာတာအိုပညာရှိချုပ် တစ်ပါးအတွက် ခန္ဓာကိုယ် ပျက်စီးတာက ဘာအရေးလဲ။

‘အမှောင်သခင်ကြီးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ’

ဟန်ယဲ့ဟာ အမှောင်သခင်ကြီးက စိတ်ကောင်းရှိတယ်လို့ မတွေးပါဘူး။ ရည်ရွယ်ချက် တစ်ခုခုရှိလို့ ဒီလိုလုပ်နေတာလို့ တွေးလိုက်ပါတယ်။

‘သူက ဘာလိုချင်နေတာလဲ’

“မင်းတို့တွေ ယွမ်ရှီကျယ်ဝမ်နဲ့ ဆက်တိုက်ချည်၊ ငါ ယွမ်ရှီကျယ်ဝမ်ကို စွမ်းအားတချို့ ပေးထားခဲ့မယ်၊ ငါကတော့ ပဋိပက္ခ၊ ရှီထျန်၊ သိစိတ်မဲ့၊ သာလွန်နဲ့ ချွမ်တု မဟာတာအိုကမ္ဘာတွေရဲ့ ဖန်တီးရှင်တွေကို သွားရင်ဆိုင်ရဦးမယ်၊ သူတို့တွေက သက်ရှိအားလုံးရဲ့ အထက်မှာရှိတဲ့ အစွမ်းအထက်ဆုံး တည်ရှိမှုတွေပဲ၊ ပဋိပက္ခ ပျက်စီးရင်တောင် သူတို့တွေက သက်ရှိအကုန်လုံးကို လက်တစ်ဖျစ်တောက်ပြီး အသက်ပြန်ရှင်အောင် လုပ်နိုင်တယ်”

“ဒါပေမဲ့ နောက်တစ်ခါ ငါ ပြန်ပေါ်လာရင်တော့ သူတို့ သေပြီလို့သာ မှတ်ပေတော့၊ ပြီးရင် မင်းတို့အလှည့်ပဲ၊ အဲဒီအချိန်ကျရင် မင်းတို့ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး”

ဟန်ကျွယ်ရဲ့ အသံဟာ ဟင်းလင်းပြင်ထဲမှာရော သက်ရှိတွေရဲ့ အိပ်မက်ထဲမှာရော ပဲ့တင်ထပ်သွားပါတယ်။

သက်ရှိအားလုံးက သာလွန်တည်ရှိမှုငါးပါး အနိုင်ရဖို့ ဆုတောင်းကြပါတယ်။

ဟန်ကျွယ် ပျောက်ကွယ်သွားပြီး ယွမ်ရှီကျယ်ဝမ်ရဲ့ ရောင်ဝါဟာ တစ်ဟုန်ထိုး ထိုးတက်ကာ ပိုကြမ်းလာပါတယ်။ ယွမ်ရှီကျယ်ဝမ်ဟာ လျှာရှည်ကြီးထုတ်ပြီး ကမ္ဘာပေါင်းရာချီနဲ့ မဟာတာအိုပညာရှိ ဆယ်ပါးကျော်ကို ဝါးစားပစ်ပါတယ်။

လီတောက်ခုံး၊ လုံဟောင်နဲ့ မုရုံချီဟာ ယွမ်ရှီကျယ်ဝမ်ရဲ့ ခေါင်းပေါ်ကို သွားပြီး စုချီကို ကယ်တင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ သူတို့တွေ မန္တန် ဘယ်လောက်သုံးသုံး စုချီကို လုံးဝ မ‌ရွှေ့နိုင်ပါဘူး။ စုချီနဲ့ ကျိုးစုန်က ယွမ်ရှီကျယ်ဝမ်နဲ့ ပေါင်းစပ်သွားတဲ့အတွက် လုံးဝ ခွဲခြားလို့ မရတဲ့အတိုင်းပါပဲ။

‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’ လီတောက်ခုံးဟာ နှလုံးလှုပ်သွားပြီး စုချီရဲ့ ဝိညာဉ်ကို နှုတ်ယူဖို့ ကြိုးစားကြည့်ပါတယ်။ ဒါလည်း မအောင်မြင်ပါဘူး။ အမှောင်သခင်ကြီးရဲ့ စွမ်းအားက စုချီကို ချိပ်ပိတ်ထားရုံမက ကာကွယ်ထားပါသေးတယ်။

စုချီဟာ မချိပြုံး ပြုံးလိုက်ပါတယ် “ထားလိုက်တော့... ယွမ်ရှီကျယ်ဝမ်ကိုသာ သတ်ဖို့ နည်းလမ်းရှာချည်၊ အမှောင်သခင်ကြီး သေသွားရင် ငါလည်း လွတ်သွားလိမ့်မယ်”

လီတောက်ခုံးတို့ သုံးယောက်လည်း ဆက်မကြိုးစားတော့ဘဲ ချက်ချင်း ထွက်ခွာသွားကြပါတယ်။

ကျိုးစုန်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... မင်းတို့ တိတ်ဆိတ်ဂိုဏ်းက တကယ်ကို စည်းလုံးတာပဲ”

တိတ်ဆိတ်ဂိုဏ်းသားတွေဟာ စုချီကို ကယ်တင်ဖို့ အကြိမ်ကြိမ် ကြိုးစားကြပေမဲ့ သူ့ကိုတော့ ဘယ်သူမှ လာမကယ်ဘူး မဟုတ်ပါလား။

စုချီဟာ ပြုံးလိုက်ပါတယ် “မင်း တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ချင်လို့လား၊ ငါ မိတ်ဆက်ပေးမယ်လေ”

နှစ်တွေကြာသွားပေမဲ့ သူတို့တွေ ထွက်ပြေးလို့လည်း မရသလို ကျင့်ကြံလို့လည်း မရပါဘူး။ ဒါကြောင့် စကားတွေပြောပြီး မိတ်ဆွေတွေ ဖြစ်လာကြပါတယ်။

“အခြေအနေအရပဲ”

ကျိုးစုန်ဟာ သက်ပြင်းချလိုက်ပါတယ်။ မျက်လုံးထဲမှာလည်း စိုးရိမ်မှုတွေ ပြည့်နေပါတယ်။

အမှောင်သခင်ကြီး ထွက်သွားတဲ့အခါ ယွမ်ရှီကျယ်ဝမ်ဟာ ပိုပြီးတော့ စွမ်းအားကြီးလာပါတယ်။ ဖန်တီးရှင်သခင်ရဲ့ စွမ်းအားကို ရထားမှတော့ ပြိုင်ဘက်ကင်းတာ အဆန်း မဟုတ်ပါဘူး။ တာအိုဖန်တီးရှင် ပေါ်မလာရင် ဘယ်သူမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ ပေါင်းတိုက် ပေါင်းတိုက် အသုံးမဝင်ပါဘူး။

ဧကရာဇ်စစ်သားတွေ နတ်အာဏာရှင် စစ်သူကြီးတွေနဲ့ ဖျက်ဆီးအာဏာရှင် စစ်သူကြီးတွေဟာ တစ်ဟုန်ထိုး တိုက်ခိုက်ပြီး ယွမ်ရှီကျယ်ဝမ်ရဲ့ အာရုံကို ကန့်သတ်ကြပါတယ်။ ဒီလိုဆိုပေမဲ့ မဟာတာအိုပညာရှိတွေဟာ ယွမ်ရှီကျယ်ဝမ်ကို ဘာမှမလုပ်နိုင်ကြပါဘူး။

တိုက်ပွဲဖိအားက ပိုပိုကြီးမားလာတဲ့အတွက် ပဋိပက္ခအစွန်းက အာကာသကို စပြိုလဲလာစေပါတယ်။ ကံတရားမြစ်နဲ့ အချိန်-အာကာသမြစ်ဟာ ရှုံ့တွနေတဲ့ မဟာတာအိုသုံးထောင်နဲ့ အတူ ပေါ်လာပါတယ်။ အချိန်မရွေး ပျက်စီးသွားနိုင်တဲ့ အတိုင်းပါပဲ။

ပဋိပက္ခ အပြင်ဘက်က ဗလာနယ်မြေမှာတော့ တာအိုဖန်တီးရှင်ငါးပါးဟာ ရင်ပေါင်တန်း ရပ်နေကြပါတယ်။ နဝမပဋိပက္ခက အလယ်မှာပါ။

သူတို့ရှေ့မှာ အရိပ်နက်တစ်ရိပ် ပေါ်လာပါတယ်။ ခြေလှမ်းတိုင်းမှာ အရိပ်နက်ဟာ အရွယ်အစား နှစ်ဆဖြစ်သွားပြီး တာအိုဖန်တီးရှင် အကုန်လုံးကို ဖိနှိပ်ပါတယ်။

ပဋိပက္ခသိစိတ်၊ သဏ္ဍာန်မဲ့နတ်မင်း၊ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်နဲ့ ယင်ယန်ချွမ်တု နတ်မင်းတို့ဟာ အလွန်ကြီးမားတဲ့ ဖိအားကို ခံစားလိုက်ရပါတယ်။ နဝမပဋိပက္ခတောင် ရင်ထဲ လေးလံသွားပါတယ်။

ဒီလောက်နီးကပ်နေပေမဲ့ နဝမပဋိပက္ခဟာ တစ်ဖက်လူကို ထိုးဖောက် မမြင်နိုင်သေးပါဘူး။ နဝမပဋိပက္ခဟာ အမှောင်သခင်ကြီးက ဘယ်လိုသတ္တိမျိုးနဲ့ သူတို့ကို စိန်ခေါ်ရဲလဲဆိုတာ နားမလည်နိုင်ပါဘူး။

‘သူက တာအိုဖန်တီးရှင်အဆင့်ကို ကျော်လွန်သွားလို့များလား’ ဒီအတွေးက နဝမပဋိပက္ခရဲ့ စိတ်ထဲမှာ လျင်မြန်စွာ နေရာယူသွားပါတယ်။

‘အမှောင်သခင်ကြီးက ငါ့ထက် ရှည်ကြာတဲ့ တည်ရှိမှုလား... အမှောင်ထဲမှာ ပုန်းနေလို့ ငါ မသိတာများလား’

‘ဖြစ်နိုင်တယ်... မဟုတ်ရင် သူ စွမ်းအားကြီးလာတာကို ငါ ဘာဖြစ်လို့ အာရုံမခံမိရမှာလဲ’

‘တခြားတာအိုဖန်တီးရှင်တွေလည်း သူတို့တွေ တာအိုဖန်တီးရှင် မဖြစ်ခင် ငါ့ကို အာရုံခံမိကြတာမှ မဟုတ်တာ’

နဝမပဋိပက္ခဟာ တွေးကြည့်လေလေ စိတ်လေးလေးလေလေပါပဲ။ နဝမပဋိပက္ခ ဒီလိုမျိုး မခံစားရတာ အတော်ကို ကြာခဲ့ပါပြီ။ အခုအချိန်မှာ ဘာပဲတွေးတွေး အသုံးမဝင်ပါဘူး။ တိုက်ခိုက်ဖို့ပဲ ရှိပါတယ်။

အမှောင်သခင်ကြီး လာရဲမှတော့ သေချာပေါက် ပြင်းထန်တဲ့ တိုက်ပွဲတစ်ပွဲ ဖြစ်ပေါ်လာမှာပါ။

နဝမပဋိပက္ခဟာ စိတ်ထဲက အထင်သေးစိတ်ကို ဘေးချိတ်ပြီး အမှောင်သခင်ကြီးကို စူးစူးစိုက်စိုက် ကြည့်လိုက်ပါတယ်။

“အမှောင်သခင်ကြီး... အခုအချိန် နောက်ပြန်ဆုတ်ရင် မီသေးတယ်နော်” အနန္တဖျက်ဆီးရှင်သခင်က မတိုးမကျယ် ပြောလိုက်ပါတယ်။ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ ရင်ထဲမှာ ထိတ်လန့်နေပေမဲ့ ဘေးမှာ တာအိုဖန်တီးရှင်တွေ ရှိတဲ့အပြင် နဝမပဋိပက္ခလည်း ရှိနေတဲ့အတွက် သူတို့နိုင်နိုင်ခြေက ပိုများတယ်လို့ ခံစားရပါတယ်။

ရှေးခေတ်ကတည်းက တာအိုဖန်တီးရှင်တွေ တစ်ခါမှ မပူးပေါင်းဖူးပါဘူး။ ဒါကြောင့် ဒီတိုက်ပွဲက တကယ့် သမိုင်းဝင် တိုက်ပွဲတစ်ပွဲ ဖြစ်လာမှာပါ။

ဟန်ကျွယ်ဟာ နဝမပဋိပက္ခတို့ကို ကြည့်ပြီး ပြောလိုက်ပါတယ် “ငါ ဒီတိုက်ပွဲကို စောင့်မျှော်နေခဲ့တာ အတော်ကြာပြီ၊ ဘာဖြစ်လို့ နောက်ဆုတ်ရမှာလဲ”

စကားအဆုံးမှာပဲ အမှောင်ထုဟာ သူ့ကို ဗဟိုထားပြီး ဗလာနယ်မြေတစ်ခုလုံးဆီ ပျံ့နှံ့သွားပါတယ်။ မျက်တောင်တစ်ခတ်အတွင်း ဗလာနယ်မြေဟာ အကြွင်းမဲ့ မှောင်မိုက်သွားပါတယ်။

ဟန်ကျွယ်ရဲ့ ပတ်လည်မှာ မီးလျှံနီတွေ တောက်လောင်လာတဲ့အတွက် ဟန်ကျွယ်ဟာ အမှောင်ထုထဲမှာ ထင်ရှားလာပါတယ်။

တာအိုဖန်တီးရှင်ငါးပါးဟာ နှလုံးလှုပ်သွားကြပါတယ် ‘ဒါ ဘယ်လိုနည်းလမ်းမျိုးလဲ’

သူတို့တွေဟာ ဒီအမှောင်ထုထဲကနေ ထွက်ပြေးလို့ မရဘူးဆိုတာကို အာရုံခံမိကြပါတယ်။ ရှင်းအောင်ပြောရရင် သူတို့တွေမှာ တိုက်ခိုက်ဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိပါဘူး။

စိတ်မရှည်ဆုံး ယင်ယန်ချွမ်တုနတ်မင်းဟာ ပထမဆုံး စတိုက်ပါတယ်။ ယင်ယန်ချွမ်တုနတ်မင်းဟာ ဟန်ကျွယ်ရဲ့နောက်မှာ ပေါ်လာပြီး အချိန်-အာကာသ စွမ်းအားနဲ့ ဟန်ကျွယ်ကို အာကာသ ဝဲကတော့ထဲ ဆွဲသွင်းပါတယ်။ တခြား တာအိုဖန်တီးရှင်တွေကလည်း တစ်ပါးပြီးတစ်ပါး တိုက်ခိုက်ပါတယ်။

ပဋိပက္ခသိစိတ်ဟာ ဖျက်ဆီးရှင် အာဏာရှင် စစ်သူကြီးအဖြစ် အသွင်ပြောင်းလိုက်ပါတယ်။ ဒီဖျက်ဆီးရှင် အာဏာရှင်စစ်သူကြီးက မျက်လုံးကိုးလုံးရှိပြီး ရောင်ဝါက တော်တော်လေးကိုမှ ကြောက်စရာ ကောင်းလှပါတယ်။ လက်သီးတစ်ချက်နဲ့ သူ့ဓမ္မစွမ်းအားဟာ ကြက်သွေးရောင် အလင်းလုံးအဖြစ် ခဲသွားပါတယ်။ နေမင်းလို တောက်ပတဲ့ ဒီအလင်းလုံးဟာ ဟန်ကျွယ်နဲ့ ဝင်တိုက်ပါတယ်။

သဏ္ဍာန်မဲ့နတ်မင်းဟာ လက်တစ်ဖက်နဲ့ တံခါးတစ်ခု ဆွဲလိုက်ပါတယ်။ ဒီတံခါးဟာ လျင်လျင်မြန်မြန် ကြီးထွားပြီး ပွင့်သွားတဲ့အခါ ပဋိပက္ခကို ဖျက်ဆီးဖို့ လုံလောက်တဲ့ အချိန်လေပြင်း ထွက်ပေါ်လာပါတယ်။ ဒီလေပြင်းထဲမှာ အရိပ်တွေ အမြောက်အမြား ပါဝင်ပါတယ်။ ဒီအရိပ်တွေဟာ ရှေးခေတ်က တာအိုရှာဖွေသူတွေပါ။

အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာလည်း ဧရာမလက်ကြီးကို ပြန်ခဲပြီး ဟန်ကျွယ်ကို ဖိချပါတယ်။

နဝမပဋိပက္ခဟာ ဟန်ကျွယ်ရှေ့မှာ ပေါ်လာပါတယ်။

သူတို့နှစ်ယောက်ဟာ မျက်နှာချင်းဆိုင် ရပ်နေပါတယ်။ တစ်ယောက်က ကြီးပြီး တစ်ယောက်က သေးပါတယ်။ သူတို့နှစ်ယောက်က တော်တော်လေးကိုမှ နီးလွန်းပါတယ်။ အဲဒီနောက် ကြောက်မက်ဖွယ် ရောင်ဝါ ပေါက်ကွဲထွက်လာပြီး ရုတ်ခြည်းဆိုသလို အရိပ်နှောင်းတွေ အမြောက်အမြား ပေါ်လာတာက အမှောင်သခင်ကြီး အမြောက်အမြားနဲ့ နဝမပဋိပက္ခ အမြောက်အမြား တိုက်ခိုက်နေသလိုပါပဲ။

သူတို့နှစ်ယောက်ရဲ့ တိုက်ခိုက်မှုက အာကာသလှိုင်းထန်မှုကို ကွဲကြေစေပြီး အချိန်လေပြင်းကို ဖြတ်တောက်ကာ ရှီထျန်ရဲ့ ဧရာမလက်ကြီးကို မှုန့်မှုန့်ညက်ညက် ဖြစ်သွားစေပါတယ်။

ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို တာအိုဖန်တီးရှင်အဆင့်ထိ တမင်ဖိနှိပ်ပြီး တိုက်ခိုက်တာကို တဝကြီး ခံစားပါတယ်။ ဒါတောင် ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို လျင်လျင်မြန်မြန် ဖိနှိပ်သွားပါတယ်။

“ဝုန်း...”

နဝမပဋိပက္ခရဲ့ ခန္ဓာကိုယ်ဟာ အရိပ်အမြောက်အမြားရဲ့ တိုက်ခိုက်မှုကြောင့် ကွဲကြေသွားပါတယ်။ ရုပ်သွင်တွေဟာ အဆုံးမဲ့ အသူရာချောက်ထဲ ကျသွားသလိုမျိုး နောက်ပြန်လန်ကျ ကုန်ပါတယ်။

နဝမပဋိပက္ခဟာ အစွမ်းအထက်ဆုံး တာအိုဖန်တီးရှင် ဖြစ်တဲ့အတွက် သူ့ခေါင်းထက်ကနေ သစ်သားဓား တစ်ချောင်းကို ညာလက်နဲ့ ဆွဲထုတ်လိုက်ပါတယ်။ ဒီသစ်သားဓားက အရိုးတွေနဲ့ လုပ်ထားသလိုပါပဲ။

နဝမပဋိပက္ခဟာ ဓားကို ဝှေ့ယမ်းပြီး ခုတ်ချလိုက်တဲ့အခါ အသက်ဓာတ် ဘီလီယံချီ ထွက်ပေါ်လာပါတယ်။ ဒီအသက်ဓာတ်တွေကနေ သစ်ပင်တွေ လှိုင်းလုံးကြီးတွေ တောင်တန်း အထပ်ထပ် ဖြစ်တည်ပြီး ဟန်ကျွယ်ကို ဝင်တိုက်ပါတယ်။

ယင်ယန်ချွမ်တုနတ်မင်းဟာ အထက်ကနေ ဆင်းသက်လာပါတယ်။ ယင်ယန်ချွမ်တုနတ်မင်းဟာ သာလွန်နိယာမကို ခြေထောက်အောက်မှာ ခဲလိုက်တဲ့အတွက် တလက်လက် တောက်ပတဲ့ အလင်းရောင် ဖြစ်တည်လာပါတယ်။ ဒါပေမဲ့ သူ ဟန်ကျွယ် ခေါင်းပေါ်ကို တက်မနင်းနိုင်ခင်မှာပဲ မမြင်နိုင်တဲ့ အင်အားတစ်ခု တားဆီးတာကို ခံလိုက်ရပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters