နတ်နဂါးပြာ အရိုးဖြင့် ပေါင်းစည်းခြင်း။
Vol. 109 Ch. 1524
“ နတ်နဂါး ပြာက၊ မိုးပြာ နဂါးထက် သန်မာတဲ့ အတွက်၊ နင် ... နာကျင်ရ လိမ့်မယ်၊ သူတို့က တူညီတဲ့ အဆင့်မှာ မဟုတ်ဘူး။ ”
ခရမ်းငယ်က အသေးစိတ် ရှင်းပြသည်။
“ တကယ် တော့ ... ၊ နင့်ရဲ့ နဂါး အရိုးက နဂါး သခင်က ပေးခဲ့တဲ့ အရိုး မို့သာ ... ၊ အစွမ်း ထက် နေတာ၊ မဟုတ်ရင် နတ်နဂါးပြာ အရိုးနဲ့ ခိုင်းနှိုင်း ဖို့တောင် မထိုက် တန်ဘူး။ ”
လင်းယွန်က အသက် ပြင်းပြင်း ရှူလိုက်သည်။ သူသည် နတ်နဂါး အရိုး အပေါ်၊ အပြင်း အထန် စွဲလမ်း ခဲ့သည်။
ထိုအခွင့် အရေးကို ရရှိပြီ ဖြစ်ရာ၊ မည်မျှ နာကျင် နေပါစေ ရှေ့ဆက်တိုး ရမည် ဖြစ်၏။ ခရမ်းငယ်မှ နတ်နဂါးပြာ အရိုးကို ယူပြီးနောက် စေ့စေ့ စပ်စပ် ကြည့်သည်။
နတ် နဂါးပြာ အရိုး အတွင်း၊ ချော်ရည်များ ကဲ့သို့၊ တောက်လောင် နေသော သွေး တစ်စက် ရှိသည်။
၎င်းက ရွှေရောင် အလင်းများ ဖြာထွက် နေပြီး၊ မြင့်မြတ်သော ရောင်ဝါကို ထုတ်လွှတ် ပေး၏။
သည့်နောက် ခရမ်းငယ် နဖူးရှိ ရူရ် နှစ်လုံး တောက်ပကာ၊ ကျယ်လောင်သော ဟောက်သံ နှင့်အတူ၊ အရှိန် အဝါ တစ်ခု ပေါက်ကွဲ လာသည်။
နဂါး ဟောက်သံ လှိုင်းများကြောင့် ပတ်ဝန်းကျင် နံရံများမှာ ပေါင်တူဖြင့် ထုနှက် ခံလိုက်ရ သကဲ့သို့၊ တုန်ယင် ကုန်သည်။
လင်းယွန် မျက်နှာ ပြောင်းလဲ သွားကာ၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်လိုက် မိသည်။
ကြီးမားသော ဖိအားကြောင့် ဒူး တစ်ဖက်ထောက် ကျသွားသည်။ နဖူးတွင် ချွေးများ ချက်ချင်း သီးထ လာ၏။
“ ဖရူး ... ။ ”
ထိုရောင်ဝါသည် ကြောက်မက်ဖွယ် ကောင်းလွန်း သဖြင့်၊ ရွှေကျီးကန်း တောင်ပံ များကို ဆင့်ခေါ် လိုက်ရသည်။
“ အတောင်ပံ တွေကို ပြန်သိမ်းပြီး လာခဲ့၊ ဒီရောင်ဝါ ကိုမှ မခံ နိုင်ရင်၊ နတ်နဂါးပြာ အရိုးနဲ့ နင့်ခန္ဓာ ပေါင်းစပ်လို့ မရဘူး၊ အနည်း ဆုံးတော့ သူ့ရဲ့ အသိအမှတ် ပြုမှု တစ်ခု လိုတယ်။ ”
ခရမ်းငယ်က နတ်နဂါး အရိုးကို ကိုင်ထားလျက်မှ ပြောလာသည်။ ထိုစကားကို ထောက်ခံ သကဲ့သို့၊ နတ်နဂါးပြာ အရိုးက တုန်ခါလျက် တုန့်ပြန်၏။
ထို့နောက်တွင်၊ ပြင်းထန် လွန်းသော ရောင်ဝါဖိအားက၊ လင်းယွန် အပေါ်သို့ ကျဆင်း လာသည်။
“ ခရစ် ... ။ ”
ခရမ်းငယ်မှာ အနည်းငယ် အကြင်နာ မဲ့လွန်းချေပြီ။ ဖိအားကို အံကြိတ်ခံ နေစဉ်၊ သူ့ အရိုးများ ကွဲအက် လာသည်။
ထို့ကြောင့် နဂါး ရူရ် တစ်သောင်း ဖြည်းညှင်းစွာ ဖြစ်ပေါ် လာ၏။ ဆယ်မီတာ မျှ သော အကွာ အဝေးကို၊ တစ်နာရီ ကြာအောင် လျှောက်လှမ်း လိုက်ရသည်။
“ အား ... ။ ”
အနားရောက် ချိန်၌ ခရမ်းငယ်က နတ်နဂါးပြာ အရိုးကို သူ့ ရင်ဘတ်ထဲ စွပ်ခနဲ ထိုးထည့် လိုက်လေသည်။
နှလုံးသား ကွဲအက် လုမတတ် နာကျင် လှပြီး၊ ရင်ဘတ် တစ်ခုလုံး သွေးချင်းချင်း ရဲသွား တော့၏။
ထို့နောက် နတ်နဂါးပြာ အရိုးသည် ခန္ဓာကိုယ်နှင့် ပေါင်းစည်းမှု စတင် တော့သည်။ ဤလုပ်ငန်း စဉ်သည် လက်နက်ကို မီးပြင်း ပြင်းဖြင့်၊ သွန်းလုပ်ခြင်း မည်၏။
ယခင် အချိန်က အလားတူ နာကျင်မှုကို ခံစားခဲ့ရ ဖူးပြီး၊ ယခု အကြိမ်သည် ဒုတိယ ဖြစ် လေသည်။
သို့သော် ဤတစ်ကြိမ် နာကျင်မှုသည်၊ ယခင်ထက် အဆ တစ်ထောင် ပို၍ ပြင်းထန် နေ၏။
စိတ်ဝိညာဉ် ထို့သို့တိုင်၊ နက်နက် ရှိုင်းရှိုင်း ထိုးဖောက် ဝင်ရောက် လာသဖြင့်၊ ဂရု မစိုက်က ကြေမွှ သေဆုံး နိုင်သည်။
‘အား’ ဟု အော်ရန်၊ ခွန်အားပင် မရှိ တော့ချေ။ မျက်ဝန်း များမှ အာရုံ ခံစားမှုများ ဆုံးရှုံး လာသည်။ မြင်ကွင်း တစ်ခုလုံး မှုန်ဝါး လာပြီး၊ အသိစိတ် မကပ်နိုင် တော့ချေ။
“ မသေနဲ့ဦး ... ။ ”
ခရမ်းငယ်က မျောနေသော လင်းယွန်၏ နဖူးကို ထိကာ၊ စိတ်ဝိညာဉ်အား သတိပေးလိုက် လေသည်။
ရေခဲရေ ပုံးနှင့် သွန်းလောင်း ခံလိုက် ရသကဲ့သို့၊ လင်းယွန် တစ်ယောက် ပုတ်နှိုးခံ လိုက်ရ၏။
“ အား ... ။ ”
ထို့နောက် ထိတ်လန့် တကြား၊ အသံကုန် ခြစ်အော်လိုက် မိသည်။ နတ်နဂါးပြာ အရိုးသည် သူ့ခန္ဓာ ကိုယ်နှင့် ပေါင်းစပ်ကာ၊ နဂါး ရူရ် များကို ဆင့်ခေါ်၏။
လက်ရှိ အချိန်၌ လင်းယွန် ခန္ဓာမှာ ကြမ်းပြင်၌ လဲနေပြီး၊ မြွေ တစ်ကောင်လို တွန့်လိမ် ရုန်းကန် နေသည်။
ဤသည်မှာ နောက်ဆုံး လုပ်ငန်းစဉ် ဖြစ်သည်။ နဂါး ရူရ်များက နတ်နဂါးပြာ အရိုးထံ ပျော်ဝင် ပေါင်းစည်း နေသည်။
တစ်ချိန် တည်း မှာပင်၊ နတ်နဂါး အရိုး၏ ကြမ်းရှသော စွမ်းအင် များသည်၊ အတွင်း အင်္ဂါ များနှင့် ခြေလက်များ ဆီသို့ ပျံ့နှံ့ လာ၏။
ချွေးပေါက်များ ပွင့်လာပြီး၊ အပြာရောင် အလင်းတန်းများ ထုတ်လွှတ် တော့၏။ အဝေးမှ လှမ်းကြည့်သော် နဂါး ကြီးက သူ့အား သိုင်းခြုံ ထားသလို ပေပင်။
ပြင်းထန်သော နာကျင်မှု နှင့်အတူ၊ ခန္ဓာကိုယ် အနှံ့မှ စိမ့်ထွက် လာသော ရောင်ဝါ များကြောင့်၊ ဒုတိယ အကြိမ်မြောက် သတိလစ် လုနီးပါး ဖြစ်လာသည်။
“ အား ... ။ ”
ထိုအချိန်၌ ခရမ်းငယ်က သူ့ နဖူးအား ထိကာ ပုတ်နှိုး ပေး ပြန်၏။ သနားဖွယ် ကောင်း သော မြင်ကွင်းမျိုး ဖြစ်သည်။ ယင်းက သူမကို နာကျင် စေ၏။
နတ်နဂါး အရိုးသည် ထူးခြားလှ သဖြင့်၊ ဝေဒနာကြောင့် သတိမေ့ သွားပါက ပြန်လည် နိုးထ နိုင်တော့မည် မဟုတ်ချေ။
နတ်နဂါးပြာ အရိုးနှင့်၊ လင်းယွန်၏ ခန္ဓာကိုယ် ပေါင်းစပ်မှု အရှိန် အဟုန်သည် တစ်စ တစ်စ မြင့်မားလာ တော့သည်။
ထို့ကြောင့် ခရမ်းငယ်က ညင်သာစွာ ပြန်ဆုတ် သွားမိသည်။ ဤဖြစ်စဉ် အောက်တွင် လင်းယွန် ခန္ဓာ ကိုယ်မှာ၊ အပြာရောင် အလင်း များ ခြုံလျက်၊ လေထဲ ကြွတက် လာ၏။
ရင်ဘတ် ပေါ်ရှိ ဒဏ်ရာက သက်သာ လာပြီး၊ နှလုံးခုန်သံ မြန်လာ တော့သည်။ ခဏ အကြာတွင် လေထဲ လွင့်မျော နေသော လင်းယွန်က သားရဲ ကြီးလို ဟိန်းဟောက် စပြု လာသည်။
နဂါး များသည် နတ်သားရဲများ ဖြစ်ပြီး ၎င်းတို့အား ကမ္ဘာဦး ခေတ်တွင်၊ မွေးဖွား လာခဲ့ ကြသည်။ ရှေးဦးခေတ်၌ ဘီလူးများ ဖြစ်၏။
ရက်စက် ကြမ်းကြုတ်ပြီး၊ လူသား ဉပဒေသဖြင့်၊ တရား စီရင် နိုင်မည် မဟုတ်ချေ။ ထို့ပြင် နတ်သားရဲတိုင်း၊ မကောင်း ဆိုးရွားများ မဟုတ်ကြောင်း ဆိုထားသည်။
ဖျက်ဆီးခြင်း သားရဲ များ သည်သာ၊ မကောင်းမှုကို ကျူးလွန် ကြသဖြင့်၊ ၎င်းတို့ကို မွေး ကတည်းက ကမ္ဘာမှ ငြင်းပယ်သည်။
ဥပမာ အားဖြင့် မိုးပြာ နဂါးသည်၊ ကမ္ဘာဦး ခေတ်၌ ဖျက်ဆီးခြင်း နဂါး တစ်ကောင် ဖြစ်ပြီး၊ အသူရာ နဂါး အဖြစ် အမည် တွင်သည်။
နတ်နဂါးဖြူ များကြောင့်၊ ၎င်းအား တံခါးစောင့် ရာထူး ပေးကာ၊ တန်းဖိုးထား လာကြခြင်း ဖြစ်၏။
ခရမ်းငယ်မှာ စိုးရိမ် နေမြဲ ဖြစ်သည်။ ယင်းသည် နတ်နဂါးပြာ အရိုးဖြစ် သဖြင့်၊ ၎င်း၌ အသိဉာဏ် မရှိ သော်မှ၊ ကြမ်းကြုတ်သော ဗီဇ ရှိသည်။ လူတိုင်း ခံနိုင်သော အရာ မဟုတ်ချေ။
အဆိုပါ ဗီဇအား နှိမ်နင်း နိုင်ခြင်း မရှိ ခဲ့သော်၊ နတ်နဂါးပြာ အရိုးသည် လင်းယွန်ကို ဝါးမြိုကာ၊ သူ့ကိုယ်သူ ပြန်လည် မွေးဖွား လာနိုင်သည်။
***