← Chapters

အချိန်-အာကာသ စွမ်းအား

Vol. 107 Ch. 1119

အချိန်-အာကာသ စွမ်းအား

Vol. 107 Ch. 1119

ပဋိပက္ခသိစိတ်၊ သဏ္ဍာန်မဲ့နတ်မင်း၊ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်နဲ့ ယင်ယန်ချွမ်တုနတ်မင်းတို့ဟာ ဟန်ကျွယ်ကို မခြိမ်းခြောက်နိုင်ပါဘူး။ ဟန်ကျွယ်ရဲ့ အဓိက ရန်သူက နဝမပဋိပက္ခ ဖြစ်နေတုန်းပါ။

နဝမပဋိပက္ခကို တကယ်ကို စွမ်းအားကြီးပါတယ်။ ယင်ယန်ချွမ်တုနတ်မင်းထက် အများကြီး စွမ်းအားပိုကြီးပါတယ်။

ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်ထားပေမဲ့ ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားဟာ တာအိုဖန်တီးရှင်တွေထက် မြင့်မားနေတုန်းပါ။ ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို အသာလေး မဖိနှိပ်နိုင်ပါဘူး။

နဝမပဋိပက္ခက တကယ်ကို ထိပ်တန်း တည်ရှိမှုပါ။ အနည်းဆုံး ပဋိပက္ခထဲက သက်ရှိတွေ အကုန်လုံး သူ့ကို မယှဉ်နိုင်ပါဘူး။ ပဋိပက္ခကိုတောင် သူ ဖန်တီးထားတာ မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ သုံးတဲ့ ဆန်းကြယ်စွမ်းအားကို အသုံးမပြုဘဲ နိယာမစွမ်းအားနဲ့သာ တိုက်ခိုက်ပါတယ်။ နဝမပဋိပက္ခကလည်း အတူတူပါပဲ။

သူတို့တွေအတွက် ဆန်းကြယ်စွမ်းအားက အလှပြရုံသက်သက်ပါ။ သူတို့ရဲ့ စွမ်းအားအစစ်အမှန်က နိယာမတွေပါ။

ဟန်ကျွယ်ဟာ ရုတ်တရပ် ရပ်တန့်ပြီး ခန္ဓာကိုယ်ကို လှုပ်ခါကာ ယင်ယန်ချွမ်တုနတ်မင်းရဲ့ အာကာသ ဝဲဂယက်ကို ချိုးဖျက်လိုက်ပါတယ်။ အဲဒီနောက် အထွတ်အထိပ် နိယာမခုနစ်ပါးကို နဂါးခုနစ်ကောင် အသွင်ခဲပြီး ခန္ဓာကိုယ်မှာ ပတ်လိုက်ပါတယ်။

အန္တိမမူလကမ္ဘာမှာ အထွတ်အထိပ် နိယာမက ကိုးပါး ရှိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သရုပ်မှန် ပေါ်သွားမှာစိုးတဲ့အတွက် ခုနစ်ပါးပဲ အသုံးပြုပါတယ်။

ဒီအထွတ်အထိပ် နိယာမခုနစ်ပါးနဲ့ နဝမပဋိပက္ခကို ရင်ဆိုင်ဖို့ လုံလောက်ပါတယ်။

နဝမပဋိပက္ခဟာ ညာလက်ကို မြှောက်ပြီး ဟင်းလင်းပြင်ကို ဖမ်းဆုပ်လိုက်ပါတယ်။ နဝမပဋိပက္ခဟာ ဟန်ကျွယ်ကိုယ်မှာ ပတ်နေတဲ့ အထွတ်အထိပ် နိယာမခုနစ်ပါးကို ဆွဲထုတ်ပြီး လက်ဖဝါးထဲမှာ ကြိတ်ချေပစ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ကို လက်ဝါးနဲ့ လှမ်းရိုက်ပါတယ်။ ကြောက်မက်ဖွယ် ဖိအားဟာ တခြားတာအိုဖန်တီးရှင် လေးပါးကို နောက်လန်သွားစေပါတယ်။

ဟန်ကျွယ်ဟာ နဝမပဋိပက္ခရဲ့ နောက်မှာ ပေါ်လာပြီး အမှောင်ထုအဖြစ် ပြောင်းလဲကာ နဝမပဋိပက္ခကို ဝါးမျိုပါတယ်။

ရုတ်ခြည်းဆိုသလို ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို အဆုံးမဲ့ အိပ်မက်ထဲ ဆွဲသွင်းပြီး ဘဝပေါင်း ဘီလီယံချီ တွေ့ကြုံခံစားစေပါတယ်။ နဝမပဋိပက္ခ အမှောင်နယ်မြေကို ထိုးဖောက်ထွက်လာတဲ့ အခါမှာတော့ တခြားတာအိုဖန်တီးရှင်လေးပါးဟာ သူတို့ကိုယ်သူတို့ ထိန်းနိုင်ရုံ ရှိပါသေးတယ်။

ဟန်ကျွယ်ဟာ ပျော်ပျော်ရွှင်ရွှင်ပဲ တိုက်ခိုက်ပါတယ်။ နဝမပဋိပက္ခက သူ့ကို စိတ်မပျက်စေပါဘူး။

ဟန်ကျွယ်ရဲ့ ခန့်မှန်းချက်အရ တာအိုဖန်တီးရှင် ထိပ်ဆုံးအဆင့်မှာ ရှိနေတဲ့ သူက နဝမပဋိပက္ခကို သတ်ချင်ရင် အသက်ရှူကြိမ် တစ်ကြိမ်ရဲ့ တစ်ရာခိုင်နှုန်း လိုအပ်ပါတယ်။ နဝမပဋိပက္ခရဲ့ နေရာမှာ ယင်ယန်ချွမ်တုနတ်မင်းဆိုရင်တော့ ဟန်ကျွယ်ဟာ သူ့ကို အကြိမ်ပေါင်း သန်းချီ သတ်ပစ်နိုင်ပါတယ်။

ဒါက သတ်ရုံပဲ သတ်နိုင်တာပါ။ ဖျက်ဆီးပစ်တာ မဟုတ်ပါဘူး။ တာအိုဖန်တီးရှင်တွေကို စိတ်ရှိသလောက် ပြန်ရှင်သန်လာနိုင်ပါတယ်။ ဒါပေမဲ့ အနိုင်အရှုံးဆိုတာက သေခြင်းရှင်ခြင်းနဲ့ ဆုံးဖြတ်တာ မဟုတ်ပါဘူး။

နဝမပဋိပက္ခ ထပ်ခါထပ်ခါ သတ်ခံရတာကို ကြည့်ပြီး တခြား တာအိုဖန်တီးရှင်လေးပါးဟာ လန့်သွားကြပါတယ်။

‘အမှောင်သခင်ကြီးက နဝမပဋိပက္ခကို တကယ်ကြီး ဖိနှိပ်နိုင်တာပါလား’

ဒီအချိန်မှာ တာအိုဖန်တီးရှင် လေးပါးဟာ ဘာမှ ဂရုမစိုက်နိုင်တော့ပါဘူး။ အချိန်ဆွဲထားနိုင်ဖို့ ဆက်တိုက်ခိုက်ပါတယ်။

သူတို့တွေဟာ ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိတွေ ယွမ်ရှီကျယ်ဝမ်ကို အနိုင်ယူပြီး အဆုံးမဲ့ခေတ် ရောက်လာဖို့ မျှော်လင့်နေပါတယ်။ ဒါမှ နဝမပဋိပက္ခက အခွင့်အရေးကို အမိအရ အသုံးချ အဆင့်ထိုးဖောက်ပြီး အမှောင်သခင်ကြီးကို ဖိနှိပ်နိုင်မှာပါ။

ဟန်ကျွယ်ဟာ သူတို့ရဲ့ အစီအစဉ်ကို ရိပ်မိပါတယ်။

ဒါပေမဲ့ ကံမကောင်းချင်တော့ ဒီနည်းလမ်းက မှားနေပါတယ်။ အဆုံးမဲ့ခေတ်ကို ဖန်တီးရှင်သခင်ပဲ ဖွင့်လှစ်နိုင်တာပါ။

.....

ပဋိပက္ခနက်ထဲမှာ စိတ်ရိုင်းဝင်နေတဲ့ ယွမ်ရှီကျယ်ဝမ်ဟာ ပဋိပက္ခထဲမှာ စပြီးတော့ သောင်းကျန်းပါတယ်။ သူ့နောက်မှာလည်း လူတွေ အမြောက်အမြား ကပ်ပါလာပါတယ်။ သူတို့တွေဟာ ယွမ်ရှီကျယ်ဝမ်ကို ဆန်းကြယ်စွမ်းအားတွေ မဟာတာအိုစွမ်းအားတွေနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပေမဲ့ ယွမ်ရှီကျယ်ဝမ်ကိုတော့ နှေးအောင် မလုပ်နိုင်ပါဘူး။

လမ်းတစ်လျှောက်မှာ ယွမ်ရှီကျယ်ဝမ်ဟာ တွေ့တွေ့သမျ ကမ္ဘာတွေ သက်ရှိတွေကို ဝါးမျို စားသောက်တာကြောင့် သူ့အရွယ်အစားဟာ တိုက်ပွဲအစတုန်းကထက် အဆတစ်ရာလောက် ကြီးလာပါတယ်။ ဥပမာပေးရရင် ကောင်းကင်တာအို တစ်ခုလုံးက သူ့မျက်လုံးတစ်လုံးစာပဲ ရှိပါတယ်။

“ဝုန်း...”

ဟန်ဟွမ်ဟာ ယွမ်ရှီကျယ်ဝမ်နဲ့ ဝင်တိုက်ပြီး ပါးစပ်မဖွင့်နိုင်အောင် လက်နှစ်ဖက်နဲ့ ဖက်ထားလိုက်ပါတယ်။

ဒီအချိန်မှာ လောကဦးနတ်ဘီလူး အသွင် ပြောင်းထားတဲ့ ဟန်ဟွမ်ဟာ တော်တော်လေးကိုမှ ကျက်သရေ ရှိလှပါတယ်။ ဟန်ဟွမ်ဟာ ယွမ်ရှီကျယ်ဝမ်ကို စိတ်လိုက်မာန်ပါ တိုက်ခိုက်ရဲပါတယ်။ ယွမ်ရှီကျယ်ဝမ်ဟာ ဟန်ဟွမ်ကို မှတ်မိတာကြောင့် ထိခိုက်အောင် မလုပ်ချင်ပါဘူး။

ယွမ်ရှီကျယ်ဝမ်ရဲ့ မျက်လုံး ၁၈ လုံးဟာ ဟန်ဟွမ်ကို ကြည့်ပြီး ဝေခွဲမရ ဖြစ်သွားပါတယ်။

ဟန်ဟွမ်ဟာ ယွမ်ရှီကျယ်ဝမ်ရဲ့ အကြည့်ကို ကြည့်ပြီး မှင်တက်သွားပါတယ်။ ယွမ်ရှီကျယ်ဝမ်ဟာ တစ်ခဏ မှင်တက်နေပြီးနောက် ခန္ဓာကိုယ်ကို ရုတ်တရက် ခါထုတ်လိုက်တဲ့အတွက် ဟန်ဟွမ် လွင့်စဉ်သွားပါတယ်။

ယွမ်ရှီကျယ်ဝမ်ရဲ့ အသိဉာဏ်က နိမ့်ပါးလွန်းပါတယ်။ ဒါကြောင့် အခုချိန် သူ့ဆီမှာ အလိုလိုသိစိတ်ပဲ ရှိပါတယ်။ သူ့မျက်လုံးထဲမှာ ဒီဟာက စားသောက်ပွဲကြီးလိုပါပဲ။

ဟန်ဟွမ်ဟာ ရပ်ပြီး ယွမ်ရှီကျယ်ဝမ်ကို ခံစားချက် ရှုပ်ထွေးတဲ့ မျက်နှာနဲ့ ကြည့်လိုက်ပါတယ်။

ပြောရရင် ယွမ်ရှီကျယ်ဝမ်က သူစီစဉ်ထားတဲ့ အမိန့်ကို လိုက်နာပါတယ်။ သူ့ကို သစ္စာမဖောက်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စမှာ ရပ်တည်တဲ့ဘက် ပြောင်းသွားတာကို ယွမ်ရှီကျယ်ဝမ်ခမျာ နားမလည်နိုင်ရှာပါဘူး။

လင်းထိန်တောက်ပတဲ့ ဓားအလင်းရောင် တစ်ရောင် ဆင်းသက်လာပြီး ယွမ်ရှီကျယ်ဝမ်ကို နှစ်ပိုင်းခြမ်းပစ်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ယွမ်ရှီကျယ်ဝမ်ရဲ့ မျက်လုံးတစ်လုံးက ပစ်လွှတ်လိုက်တဲ့ အကုသိုလ်ကံ အလင်းရောင်ဟာ ဒီဓားအလင်းရောင်ကို အသာလေး ဖျက်ဆီးပစ်လိုက်ပါတယ်။

လီတောက်ခုံးဟာ မျက်မှောင်ကြုတ်ပြီး ဒေါသထွက်သွားပါတယ်။ လီတောက်ခုံးဟာ သူ့ကိုယ်သူ အမြင့်ကြီး တွေးထားခဲ့တာပါ။ ဒါပေမဲ့ ဒီတိုက်ပွဲမှာတော့ သူ ဘယ်လောက်ပဲ တိုက်ခိုက် တိုက်ခိုက် ဘယ်လိုနည်းလမ်းပဲ သုံးသုံး အကုန်လုံး အရာမရောက်ပါဘူး။

ဒီအချိန်မှာပဲ အသံတစ်သံ ထွက်ပေါ်လာပါတယ် “လီတောက်ခုံး... ငါတို့မှာ နည်းလမ်းတစ်ခု ရှိတယ်”

လီတောက်ခုံး လှည့်ကြည့်လိုက်တဲ့အခါ အမှောင်သခင်ကြီး အာကာသလှိုင်းထဲ ပို့လိုက်တဲ့ တာအိုအရှင်သခင်တို့ သုံးယောက် ပြန်ရောက်လာတာကို တွေ့လိုက်ရပါတယ်။

“ဘာနည်းလမ်းလဲ” လီတောက်ခုံးဟာ မျက်မှောင်ကြုတ်ပြီး ပြန်မေးလိုက်ပါတယ်။

တာအိုအရှင်သခင်ရဲ့ အသံလွှင့်စကားကို နားထောင်ပြီး လီတောက်ခုံးဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။ လီတောက်ခုံးဟာ ချက်ချင်း အဖြေပြန်မပေးဘဲ ဘေးကျပ်နံကျပ် ဖြစ်သွားပါတယ်။

ကျန်းယီဟာ စိတ်မရှည်တော့ပါဘူး “ဘယ်လိုလဲ... မင်း ဆုံးဖြတ်ပြီးပြီလား”

တိုက်ပွဲက ဆက်ဖြစ်နေတုန်းပါ။ သူတို့တွေမှာ အချင်းချင်း အငြင်းပွားဖို့ အချိန်မရှိပါဘူး။ လီတောက်ခုံးဟာ ယွမ်ရှီကျယ်ဝမ်ကို ကြည့်လိုက်ပါတယ်။ ပဋိပက္ခကိုးပါးဟာ ယွမ်ရှီကျယ်ဝမ်ရဲ့ လျှာအောက်မှာ ထပ်ပြီးတော့ ပြာအတိကျသွားပါတယ်။

“ကောင်းပြီ၊ ငါ သဘောတူတယ်” လီတောက်ခုံးဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ်။

တာအိုအရှင်သခင်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် သူတို့လေးယောက်ဟာ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင်ပြီး တရားထိုင်ပါတယ်။ ပြီးတဲ့အခါမှာတော့ မန္တန်သုံးပြီ အစီအရင် လုပ်ပါတယ်။

သူတို့ရဲ့ ရောင်ဝါဟာ ညီတူမျှတူ အခြေအနေကို ရောက်ရှိသွားပါတယ်။ တစ်ယောက်ထက် တစ်ယောက် အားလည်း မကြီးသလို အားလည်း မနည်းပါဘူး။

စစ်မြေပြင်ဟာ ဝရုန်းသုန်းကား ဖြစ်နေပါတယ်။ တချို့က တိုက်ခိုက်နေကြပြီး တချို့က အနားယူနေကြပါတယ်။ တချို့ကတော့ ကြောက်ရွံ့နေကြပါတယ်။ ဒါကြောင့် တာအိုအရှင်သခင်တို့ကို ဘယ်သူမှ ဂရုမစိုက်အားပါဘူး။

ပဋိပက္ခနဲ့ လောကဦးပဋိပက္ခရဲ့ အဓိကအင်အားစုဟာ ယွမ်ရှီကျယ်ဝမ်နောက်ကို ထက်ကြပ်မကွာ လိုက်ပါတယ်။ အဝေးတစ်နေရာမှာတော့ အင်အားစုအသီးသီးက ကျင့်ကြံသူတွေဟာ လမ်းတစ်လျှောက် ကမ္ဘာအသီးသီးဆီ ဖြန့်ကြက်ပြီး သေမျိုးတွေကို ကယ်တင်ပါတယ်။

သေမျိုးအများစုဟာ တုံ့ပြန်ချိန်တောင် မရလိုက်ဘဲ ကျင့်ကြံသူတွေရဲ့ ဓမ္မရတနာတွေထဲ ပါသွားပါတယ်။ ဒီကပ်ဘေးက သက်ရှိအားလုံးကို ပစ်မှတ်ထားတဲ့ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတဲ့ ကပ်ဘေးတစ်ခုပါ။

ဒီအချိန်မှာ ဘယ်နေရာမှာပဲရှိရှိ ဘယ်လောက်ပဲ အဆင့်အတန်း နိမ့်ကျပါစေ အသိဉာဏ်ရှိတဲ့လူ မှန်သမျှ တုန်လှုပ်ချောက်ချားနေပါတယ်။ လူမှုအဖွဲ့အစည်း မျိုးစုံဟာလည်း အမှောင်သခင်ကြီးရဲ့ အိပ်မက်ကြောင့် မျှော်လင့်ချက် မဲ့ကုန်ပါတယ်။

နည်းပညာ လူ့အဖွဲ့အစည်း၊ ကျေးကျွန် လူ့အဖွဲ့အစည်း၊ ကျင့်ကြံခြင်း လူ့အဖွဲ့အစည်း၊ နတ်ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်း၊ သိုင်းပညာ လူ့အဖွဲ့အစည်း... အစရှိတဲ့ လူ့အဖွဲ့အစည်းမှန်သမျှ ဒီကပ်ဘေးရှေ့မှာ ပုရွက်ဆိတ်သာသာပဲ ရှိပါတယ်။

ဟန်လင်ဟာ ယွမ်ရှီကျယ်ဝမ်ရဲ့ ရှေ့မှာ ပိတ်ရပ်လိုက်ပါတယ်။ ဟန်လင်ရဲ့ ကျောဘက်က အဆုံးမဲ့ နတ်အလင်းရောင်ကနေ ဧကရာဇ်စစ်သား အမြောက်အမြား ပျံထွက်လာပါတယ်။

ယွမ်ရှီကျယ်ဝမ်ဟာ ဟန်လင်ကို ကြည့်ပြီး ထုတ်လိုက်တဲ့ လျှာက ရုတ်တရက် ရပ်သွားပါတယ်။

ယွမ်ရှီကျယ်ဝမ်ဟာ တစ်ခဏ မှင်တက်သွားပြီးနောက် တခြားသက်ရှိတွေကို လိုက်ကြည့်ပါတယ်။ ယွမ်ရှီကျယ်ဝမ်ဟာ မဟာတာအိုပညာရှိ ဒါဇင်ကျော်ကို ပါးစပ်ထဲ ဆွဲသွင်းလိုက်ပါတယ်။

မျက်နှာဖုံးအောက်က ဟန်လင်လည်း မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်လင်ဟာ တစ်ခုခု မူမမှန်တာကို ခံစားမိပါတယ်။ ဒါက ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ယွမ်ရှီကျယ်ဝမ်ဟာ သူ့ကို ထိခိုက်အောင် လုပ်ခါနီးတိုင်းမှာ အချိန်မီ ရပ်တန့်လိုက်တာချည်းပါပဲ။

‘ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ... သူ့ဆီမှာ အစ်ကိုနှစ်ရဲ့ စိတ်ဆန္ဒ တစ်စွန်းတစ်စ ရှိနေလို့လား’

ဟန်ဟွမ်က ယွမ်ရှီကျယ်ဝမ်ကို ဘယ်လို ဖန်တီးထားလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ ဟန်ဟွမ်ကလည်း ထုတ်မပြောချင်ပါဘူး။

“ဝုန်း...”

ကြောက်မက်ဖွယ် ဖိအား ထွက်ပေါ်လာတဲ့အတွက် သက်ရှိအားလုံးကို ထိတ်လန့်သွားစေပါတယ်။ ယွမ်ရှီကျယ်ဝမ်တောင် ရပ်ပြီး နောက်လှည့်ကြည့်လိုက်ပါတယ်။

တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီနဲ့ လီတောက်ခုံးတို့ဟာ မျက်နှာချင်းဆိုင် တရားထိုင်နေကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က တောက်ပတဲ့ အလင်းရောင်တွေဟာ အတူပေါင်းစည်းပြီး အထွတ်အထိပ် နိယာမတွေနဲ့ ဆက်သွယ်ထားတဲ့ ဧရာမ အလင်းတိုင်ကြီး ဖြစ်တည်လို့ နေပါတယ်။

ဒီအလင်းတိုင်က တံခါးဟသွားသလိုမျိုး ဖြည်းဖြည်းချင်း ပွင့်လာပါတယ်။

အလင်းတိုင်ထဲမှာ ကြောက်စရာကောင်းတဲ့ လူတစ်ယောက် ပေါ်လာပါတယ်။

“အဲဒါ ဘာလဲ”

ဂျိရှင်းရှန်ဟာ အံ့အားသင့်သွားပါတယ်။ ဂျိရှင်းရှန်ဟာ အချိန်-အာကာသ စွမ်းအားကို ခံစားမိပါတယ်။ ဂျိရှင်းရှန်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိပြီး မျက်နှာ အကြီးအကျယ် ပြောင်းသွားပါတယ်။

‘အဲဒီကောင်များလား... သူက ဘယ်လိုလုပ်ပြီး တာအိုအရှင်သခင်တို့ကို ရှာတွေ့သွားတာလဲ’ ဂျိရှင်းရှန်ဟာ ပဟေဠိ ဖြစ်သွားပါတယ်။

“ဘယ်လောက်တောင် စည်ကားလိုက်လဲ၊ အဆုံးမဲ့ခေတ်ကို ဖွင့်လှစ်တဲ့ ဒီတိုက်ပွဲကို ငါ မီသေးတာပဲ”

ဒီအသံဟာ အေးစက်ပေမဲ့ စိတ်အားထက်သန်မှုတွေ ပါဝင်နေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters