← Chapters

အိပ်မက် တစ်ခုတော့ ရှိနေ ရမယ်။

Vol. 109 Ch. 1525

အိပ်မက် တစ်ခုတော့ ရှိနေ ရမယ်။

Vol. 109 Ch. 1525

လင်းယွန် တစ်ယောက် နတ်နဂါး အရိုး အပေါ် စွဲလမ်း စိတ်သည်၊ နဖူး၌ အမည်းစက် အသွင် ဖြစ်နေ သည်။

သတိ မထားသော် ဆင်ခြင်တုံ တရားကို ဆုံးရှုံး ပေမည်။ သို့သော် အမည်ခံ ကောင်းကင် အမိုး ဓားနှင့်၊ သူတော်စင် မိုးပြာ နဂါး ခန္ဓာကို ပိုင်ဆိုင် ထားသဖြင့်၊ မျှော်လင့်ချက် ရှိသည်။

သို့သော် ငြားလည်း၊ ပေါင်းစပ်မှု ဖြစ်စဉ် တစ်ရပ် လုံးသည် အန္တရာယ် ရှိပြီး၊ ယခု အချိန်၌ အရေး ကြီးသည့် အခိုက်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။

နေ့ဝက်ခန့် ကြာသော အခါ၊ အပြာရောင် အလင်းများ တဖြည်းဖြည်း မှိန်ဖျော့ လာလျက် ရင်ဘတ် ဒဏ်ရာ သက်သာ၏။

နဂါး ရူရ်များ အားလုံး နတ်နဂါးပြာ အရိုးအတွင်းသို့ ရောက်ရှိ ကုန်ပြီး၊ ထုတ်လွှတ် ထားသည့် ကြမ်းကြုတ်သော အငွေ့ အသက် များမှာ၊ တဖြည်းဖြည်း မေှးမှိန် သွား ခဲ့သည်။

လင်းယွန် မျက်လုံး ဖွင့်လိုက်သော အခါ၊ နဖူးရှိ အနက်ရောင် အစက်များ ပျောက်ကွယ် သွားတော့သည်။

ဖြည်းဖြည်းချင်း ထရပ် လိုက် သော်လည်း၊ သူ့ခန္ဓာ ကိုယ်ကို ထိန်းချုပ် နိုင်စွမ်း မရှိတော့ဘဲ၊ ကြမ်းပြင်ပေါ် လဲကျ သွားခဲ့သည်။

“ အ ... ။ ”

ခရမ်းငယ်၏ ပုလဲရောင် ကဲ့သို့၊ ဖြူသွယ် နေသော လက်တစ်ဖက်၊ ကမ်းပေး လာသဖြင့်၊ အားပြု ထိုင်လိုက် မိသည်။ ပြီး သူတော်စင် ဆေးလုံး တစ်လုံး သောက်ကာ၊

“ ခဏလေး အနား ယူမှ ရမယ်။ ”

-ဟု ပြောလိုက်သည်။

အမွှေးတိုင် တစ်ဝက် လောင်ကျွမ်းချိန် ကုန်လွန် ပြီးနောက်၊ လင်းယွန်၏ မျက်လုံးများ ပွင့်လာကာ၊ သူ့ကိုယ်သူ စစ်ဆေး ကြည့်၏။

လက်သီး ဆုပ်လိုက် သည်နှင့်၊ နဂါးပြာ အရိုးမှ စွမ်းအင်များ တဟုန်ထိုး တက်လာလေ သည်။

ခရမ်း-ရွှေရောင် နဂါး ရူရ် များက၊ ရေစီးကြောင်း အလား၊ သူ့ လက်သီး၌ ရစ်ခွေ လာ၏။

၎င်းက တောင်ကြီး တစ်လုံးကို ဖျက်ဆီး ပစ်နိုင်သည် ဟူသော ခံစားချက်မျိုး ပေးစွမ်း ချေ၏။

“ ဒါ ... ။ ”

မူလ နဂါးရူရ် အရေ အတွက်မှာ၊ (၁၀၀၀) မျှသာ ဖြစ်သော်လည်း၊ ယခု အချိန်၌ (၂၀၀၀) အထိ၊ ရယူ နိုင်မည်ဟု ခံစား ရ၏။

ထို့အပြင် ၎င်းတို့ ကွဲအက် သွား ပါက၊ ပြန်လည် စုစည်းရန် အချိန် အနည်း ငယ်သာ လိုပေမည်။

တစ်ချိန်တည်း မှာပင်၊ သူတော်စင် မိုးပြာနဂါး ခန္ဓာကိုယ် သည်လည်း၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှုသို့ ရောက်ရှိ လာသည်။

ထို့ကြောင့် ကျင့်ကြံမှု အဆင့် မြင့်မားသော သူ များကို၊ ရုပ်ခွန် အားဖြင့် ပြန်လည် တိုက်ခိုက် လာနိုင်ပြီ ဖြစ်၏။

လက်ဖဝါးကို ဖြန့်ကြည့် လိုက်ရာ၊ ခရမ်း- ရွှေရောင် နဂါး ရူရ်များ ပေါ်လာပြီး၊ ရူရ် တစ်ခု စီ၏ အလယ်၌၊ ကြက်သွေးရောင် အဝိုင်းများ ပါရှိ လေသည်။

ထို့နောက်တွင် နဂါး ရူရ်များ ပေါင်းစပ် လာပြီး၊ အပြာရောင် နဂါးအမြီး၊ သဏ္ဍာန် အရေး အကြောင်း လေထဲ ပေါ်လာ၏။

မကြာမီ အကြေး ခွံများ၊ လက်သည်းများ၊ ခန္ဓာကိုယ် စသည်ဖြင့် ဖြည်းညှင်းစွာ ဖြစ်ပေါ် လာ လေသည်။

ဤသည်မှာ ပေ (၁၀၀) ရှည်လျားသော မိုးပြာ နဂါး ရောင်ဝါကြီး ဖြစ်ပြီး၊ ခန်းမ အပြည့် ဖြစ်တည် လာသည်။

“ ဂျိန်း ... ။ ”

ထိုအချိန်၌ သူတော်စင် နဂါး ခန္ဓာအား အသက် သွင်းလိုက်ရာ၊ မိုးကြိုး မုန်တိုင်းများ ဖြစ်ပေါ် လာသည်။

မိုးကြိုး မုန်တိုင်း အတွင်းမှ အပြာရောင် အလင်း တန်းများ ဖြာထွက်လျက်၊ နဂါး ရူရ်များ ပို၍-ပို၍ ဖြစ်တည် လာသည်။

ထို့ကြောင့် သေွးသား စွမ်းအင်များ ကုန်ဆုံးလာပြီး၊ နဂါး ရူရ်များ ပြန်၍ ကောင်းမွန် နိုင်နှုန်းမှာ၊ နှေးကွေး သွားမည် ဖြစ်သည်။

သို့သော် လက်ရှိ သူသည် ယခင် ကထက် ဆယ်ဆ ပိုမို အားကောင်း လာ၏။ နတ်နဂါးပြာ အရိုးမှ ထုတ်ပေးသော ရူရ် (၁၀၀၀)က၊ ချပ်ဝတ် အဖြစ်သို့ လျင်မြန်စွာ ပေါင်းစပ် သွား လေသည်။

ဤ မြင်ကွင်းက ကြေနပ် စရာ ပေပင်။ အတိတ်၌ နဂါး ရောင်ဝါနှင့် နဂါး ချပ်ဝတ် တို့ကို တစ်ချိန်တည်း ဆင့်ခေါ် နိုင်ခြင်း မရှိချေ။

တစ်ခု ကိုသာ ရွေးချယ် နိုင်ခဲ့သည်။ သည့်နောက် နဂါး ထွက်သက်ကို အသုံး ပြုရန် ကြိုးစား လိုက်၏။

ညာလက်ကို ဆန့်လိုက် သည်နှင့်၊ မိုးပြာ နဂါး၏ လက်သည်းကြီး ပေါ်လာသည်။ နေရာ အခက် အခဲကြောင့်၊ ပြန်လည် ရုတ်သိမ်းကာ၊ လက်ဖဝါး ပေါ်၌ လေဝဲ အဖြစ် ပြောင်းလဲ ပစ်သည်။

လေဝဲ ထံမှ၊ စုပ်ယူမှု စွမ်းအားသည် အားကောင်း လွန်းသဖြင့်၊ လေဟာနယ် အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာ၏။

ထို့နောက်တွင် အာကာပြင် ပြိုကျ သွားတော့သည်။ ယင်းက စကြာဝဠာ တွင်းနက် များနှင့် တူ၏။ လေထုကိုပင် ဝါးမျို နေသည်။

နဂါး ထွက်သက်သည်၊ လေထုသာ မက၊ အာကာပြင် ကိုပင် ကမောက် ကမ ဖြစ်လာစေ ခဲ့သည်။

အာကာပြင်နှင့် လေထုသည် အတူတူ ဖြစ်သည်ဟု ထင်ရ သော်လည်း၊ လုံးဝ ကွဲပြား လေသည်။

အာကာပြင် ဟူသည်၊ နေရာလွတ် တစ်ခု ဖြစ်ပြီး၊ ၎င်း တည်နေရာပေါ် မူတည်၍၊ သဘာဝ စွမ်းအားများ ပါရှိသည်။

ယခင်က နဂါး ထွက်သက်သည်၊ လေထု ကိုသာ ကွဲအက် စေနိုင်ပြီး၊ ထိုအာကာပြင်ကို မထိခိုက် နိုင်ခဲ့ချေ။

ယခုမူ အာကာပြင် ပုံပျက်သွား သဖြင့် လေထု ပြန်ကောင်း လာစေရန်၊ အချိန် ယူရ ပေမည်။

“ နဂါး ထွက်သက်က မဆိုးဘူး၊ တကယ် ကြောက်စရာ ကောင်းတယ်၊ ကြည့်ရတာ မိုးပြာ နဂါး သခင်ရဲ့ လက်ဆောင်ကို အထင် သေးလို့ မရဘူး။ ”

ခရမ်းငယ်က မှတ်ချက် ပေးလာသည်။ ဤသည်မှာ ကောင်းကင် လမ်းတွင် ကျန့်လင်းမှ ပေးလာသော ပေါ့ပေါ့ ပါးပါး လက်ဆောင် ဖြစ်၏။

သို့သော် ပြသ လာသော စွမ်းအား အရ၊ များစွာ တန်ဖိုး ရှိသည်။ လင်းယွန်က ခရမ်းငယ် စကားကို သဘော တူပြီး၊ ခေါင်းညိတ် မိ၏။

နတ် နဂါးပြာ အရိုး၏ စွမ်းအားကို စမ်းသပ်ပြီး သောအခါ ခန်းမ တစ်ဝိုက်တွင် လှည့်ပါတ် ရှာဖွေ တော့သည်။

“ နင် ... ၊ ဘာ ရှာနေ တာလဲ။ ”

ထိုအပြု အမူကြောင့် ခရမ်းငယ်မှ စိတ်ဝင်တစား မေးသည်။

“ အစွမ်း ထက်တဲ့ တစ်ခုခု ... ။ ”

ခန်းမကို ရှာဖွေ နေလျက်မှ လင်းယွန်က ပြန်ဖြေသည်။ အတိ အကျ ဆိုရပါမူ၊ နဂါးပြာနှင့် သက်ဆိုင်သည့်၊ ခန္ဓာကိုယ် သန့်စင်မှု ပညာ ရပ်ကို ရှာဖွေ နေခြင်း ဖြစ်၏။

မိုးပြာ နဂါး ခန္ဓာ ကိုယ်မှာ၊ အဆုံးသတ် သွားပြီ ဖြစ်သည်။ မည်သည့် အချိန်ထိ အသုံးဝင် နေဦး မည်ကို မသိ သေးချေ။

အနာဂါတ်၌ ၎င်းထက် သာလွန်သော ခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ် တစ်ခုခုကို လိုအပ် လာပေမည်။

ခရမ်းငယ်က ထိုအတွေး များကို မြင်ပြီး၊

“ နင်က ... တကယ့်ကို လောဘ ကြီးတဲ့ လူပဲ၊ သူတော်စင် မိုးပြာ နဂါး ခန္ဓာကိုယ် ဆိုတာ၊ သူတော်စင် နယ်ပယ် တိုင်အောင် အသုံးဝင် ပါတယ်၊ ဒါကိုတောင် ...

... နတ်နဂါး ပြာရဲ့ ... ၊ ခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ်ကို ... ၊ ထပ်ပြီး မျှော်လင့် နေတာလား၊ အရှက်မဲ့ လိုက်တာ ... ဟွန်း။ ”

-ဟု နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ဤသည်မှာ အမှန် ဖြစ်သောကြောင့်၊ လင်းယွန် တစ်ယောက် ရှာဖွေ ခြင်းကို၊ ရပ်တန့် လိုက်သည်။ သို့သော်။

“ ဒါပေမယ့် ... ၊ အိမ်မက် တစ်ခုတော့ ရှိဖို့လိုတယ်၊ အိမ်မက် ဆိုတာ မဖြစ်နိုင် ဖူးလို့၊ ဘယ်သူမှ မပြော နိုင်ဘူး၊ ကံကောင်းပြီး တွေ့ခဲ့ရင် အမြတ်ပဲ။ ”

ရုတ်တရက် ခရမ်းငယ်မှ၊ မျက်နှာ အမူ အယာ ပြောင်းလဲ သွားကာ၊ လောဘ တကြီးဖြင့် ခန်းမထဲ ဝေ့ကြည့် လာတော့သည်။

***

All Chapters