← Chapters

ကောင်းကင်အရှင်ရွှင်

Vol. 107 Ch. 1120

ကောင်းကင်အရှင်ရွှင်

Vol. 107 Ch. 1120

လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ရုတ်တရက် ပေါ်လာတာက စစ်မြေပြင်တစ်ခုလုံးကို တိတ်ဆိတ်သွားစေပါတယ်။ ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ရောင်ဝါဟာ စောစောက တိုက်ခိုက်တဲ့ တာအိုဖန်တီးရှင်နဲ့ တစ်တန်းတည်းပါပဲ။

‘မဟာတာအို အထက်က နောက်ထပ် တာအိုဖန်တီးရှင်တစ်ပါးလား... သူက ဘယ်ဘက်ကလဲ’

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တာအိုအရှင်သခင်တို့ လေးယောက်ကို တွေ့လိုက်ရတဲ့အခါ သက်ပြင်းရှည်ကြီး ချလိုက်ကြပါတယ် ‘မဟာမိတ်မလို့ တော်သေးတယ်’

လီတောက်ခုံးဟာ မော့ကြည့်ပြီး ခပ်တိုးတိုး မေးလိုက်ပါတယ် “သူက ငါတို့ကို ကူညီမယ်ဆိုတာ သေချာလို့လား”

လီတောက်ခုံးဟာ ခံစားချက် သိပ်မကောင်းပါဘူး။

တာအိုအရှင်သခင် “အင်း... ကူညီလောက်ပါတယ်”

‘ကူညီလောက်တယ်’ လီတောက်ခုံးရဲ့ မျက်နှာဟာ ရုတ်ခြည်း မည်းမှောင်သွားပါတယ်။

အလင်းတိုင်ဟာ ပိုပိုကြီးမားလာပြီး လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်ရဲ့ အသွင်ဟာလည်း ပိုပို ထင်ရှားလာပါတယ်။ သူ့အသွင်ကို ကြည့်ရတာတော့ လူသားပုံစံပါပဲ။ သူဟာ တော်‌တော်လေးကိုမှ ကျက်သရေရှိပြီး လောကဦးနတ်ဘီလူး သုံးပါးပေါင်းထက် ပိုကြီးပါတယ်။

ယွမ်ရှီကျယ်ဝမ်ဟာ ပထမဆုံးအကြိမ် ကြောက်ရွံ့မှုကို ခံစားလိုက်ရပါတယ်။ ယွမ်ရှီကျယ်ဝမ်ဟာ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်ကို ဟိန်းဟောက်ရင်း မျက်လုံး ၁၈ လုံးနဲ့ စိုက်ကြည့်ပါတယ်။

မကြာခင်မှာပဲ ငွေရောင်ချပ်ဝတ်နဲ့ လူတစ်ယောက်ဟာ အလင်းတိုင်ထဲကနေ လှမ်းထွက်လာပါတယ်။ သူ့ခေါင်းထက်မှာလည်း ကမ္ဘာအသေးစားလေး ရှိနေပါတယ်။ ငွေရောင်ချပ်ဝတ်နဲ့လူဟာ ရုပ်ရည် ချောမောပြီး အဆင်းသွင်ပြင်က ကျက်သရေရှိလှပါတယ်။

အရွယ်အစားမျိုးစုံ ပုံစံမျိုးစုံ နတ်လက်နက်တွေကလည်း ပေါလောမျောပြီး သူ့နောက်မှာ လိုက်ပါလာပါတယ်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တဲ့အခါ ငွေရောင်ချပ်ဝတ်ဟာ လှုပ်ရှားသွားပြီး ထွက်ပေါ်လာတဲ့ အသံက ဝိညာဉ်ကျိန်းလောက်ပါတယ်။ အားနည်းတဲ့ ကျင့်ကြံသူတွေဆို ညှို့ဓာတ်မိပြီး သိစိတ်တွေ ဝရုန်းသုန်းကား ဖြစ်ကုန်ပါတယ်။

အိပ်မက်ထဲကနေ တိုက်ပွဲကို ကြည့်နေတဲ့ သက်ရှိတွေကတော့ ဘာမှမဖြစ်ပါဘူး။ ဟန်ကျွယ်ရဲ့ စွမ်းအားက သူတို့ကို သီးခြား ခွဲထုတ်ထားတဲ့အတွက် ဒီငွေရောင်ချပ်ဝတ်နဲ့လူက သူတို့ကို မခြိမ်းခြောက်နိုင်ပါဘူး။

“ငါက ကောင်းကင်အရှင်ရွှင်ပဲ၊ ငါ့နာမည်ကို မှတ်ထား၊ ငါ မင်းတို့ကို ကယ်တင်ဖို့ ရောက်လာတာ” ငွေရောင်ချပ်ဝတ်နဲ့လူဟာ ဂုဏ်ယူဝင့်ကြွားစွာ ပြောပြီး ယွမ်ရှီကျယ်ဝမ်ကို ငုံ့ကြည့်လိုက်ပါတယ်။

ကောင်းကင်အရှင်ရွှင်ဟာ လက်ဝါးမြှောက်ပြီး ရိုက်ချလိုက်တဲ့အခါ သူ့နောက်က နတ်လက်နက် အမြောက်အမြားဟာ ကောင်းကင်ယံ ထိုးတက်ပြီး မှောင်မိုက်တဲ့ ဟင်းလင်းပြင်မှာ လှပတဲ့ စက်ဝန်း အမြောက်အမြား ဆွဲသွားပါတယ်။ ကြယ်ပင်လယ် ဆင်းသက်လာသလိုပါပဲ။

နတ်လက်နက်တွေဟာ တာဆီးမရတဲ့ အရှိန်အဟုန်ရှိပြီး အလွန်တရာ မြန်ဆန်လွန်းပါတယ်။ ဒီလက်နက်တွေ အကုန်လုံးဟာ ယွမ်ရှီကျယ်ဝမ်ကို ထိမှန်ပြီး ယွမ်ရှီကျယ်ဝမ်ကို နာကျင်စွာ အော်ဟစ်သွားစေပါတယ်။

ယွမ်ရှီကျယ်ဝမ်ရဲ့ ခန္ဓာကိုယ်မှာ ပထမဆုံးအကြိမ် အက်ကြောင်းတွေ ပေါ်လာပြီး မြစ်အလား သွေးတွေ စီးကျလာပါတယ်။

‘တာအိုဖန်တီးရှင်ပဲ’ ဟန်ဟွမ်ဟာ ကောင်းကင်အရှင်ရွှင်ကို စိုက်ကြည့်ပြီး လက်သီးဆုပ်လိုက်ပါတယ် ‘ပဋိပက္ခမှာ တာအိုဖန်တီးရှင်တွေ ဘယ်လောက်တောင် ပုန်းနေတာလဲ’

ဒီလိုတွေးတာ ဟန်ဟွမ် တစ်ယောက်တည်း မဟုတ်ပါဘူး။ ပဋိပက္ခရဲ့ ထိပ်ဆုံးမှာ ရပ်နေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တိုင်း ဒီလို တွေးကြတာပါ။ အတိတ်ကို ပြန်တွေးကြည့်တဲ့အခါ သူတို့တွေ ရှက်ရွံ့သွားကြပါတယ်။ သူတို့တွေဟာ သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းပြီလို့ တွေးထားခဲ့ကြတာပါ။ သူတို့ရဲ့ ပြိုင်ဘက်နဲ့ တွေ့ရင်တောင် အများကြီး မဖိနှိပ်နိုင်ပါဘူး။ ဒါပေမဲ့ အခုတော့...။

ကောင်းကင်အရှင်ရွှင်ရဲ့ တိုက်ခိုက်မှုက တော်တော်လေးကိုမှ ကြမ်းလွန်းတာကြောင့် ယွမ်ရှီကျယ်ဝမ်ရဲ့ ခန္ဓာကိုယ်ဟာ အပိုင်းပိုင်း ပြတ်လာပါတယ်။ ဒါက ကြည့်နေတဲ့ သက်ရှိအားလုံးကို ကျေနပ်အံ့အားသင့်သွားစေပါတယ်။

‘ပဋိပက္ခ ကယ်တင်ခံရပြီလား’

ယွမ်ရှီကျယ်ဝမ်ဟာ နာကျင်မှုကြောင့် လုံးဝ စိတ်လွတ်သွားပါတယ်။ ယွမ်ရှီကျယ်ဝမ်ဟာ ဟိန်းဟောက်ပြီး ကောင်းကင်အရှင်ရွှင်ဆီ တစ်ဟုန်ထိုး ပြေးသွားပါတယ်။ သူ့ရောင်ဝါကလည်း ဆက်တိုးနေတုန်းပါ။

ကောင်းကင်အရှင်ရွှင်ဟာ အံ့အားသင့်သွားပြီး ချက်ချင်းပဲ အထင်သေးစွာ ပြောလိုက်ပါတယ် “တာအိုဖန်တီးရှင်ရဲ့ စွမ်းအားပဲ၊ အံ့ဩစရာ မရှိတော့ပါဘူး၊ ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်က ဒီလောက်ကြီးမားတဲ့ အင်အားကို မခံနိုင်ဘူး၊ မင်းဘာပဲဖြစ်ဖြစ် ဒီနေ့ သေရလိမ့်မယ်”

ကောင်းကင်အရှင်ရွှင်ဟာ ညာလက်ကို မြှောက်လိုက်တဲ့အခါ တောက်ပတဲ့ အလင်းရောင် ဖြာထွက်လာပါတယ်။ ဒီအလင်းရောင်နဲ့အတူ အချိန်-အာကာသ မြစ်ဟာလည်း လိမ့်တက်လာပါတယ်။ ဒီအချိန်-အာကာသမြစ်ဟာ နတ်တောင်ဝှေးအဖြစ် ခဲသွားပါတယ်။

နတ်တောင်ဝှေးရဲ့ ထိပ်ပိုင်းဟာ လခြမ်းပုံစံရှိပြီး ကိုယ်ထည်ကတော့ သံရည်ကနေ သွန်းလုပ်ထားတဲ့ သစ်မြစ်တွေနဲ့ တူပါတယ်။

နတ်တောင်ဝှေးဟာ ယွမ်ရှီကျယ်ဝမ်ရဲ့ အထက်မှာ ဇောက်ထိုးမိုးမျှော် တည်ပြီး ယွမ်ရှီကျယ်ဝမ်ကို လှမ်းရိုက်လိုက်တဲ့အခါ အချိန်-အာကာသ စွမ်းအားဟာ ငွေရောင် ရေစီးကြောင်းအသွင် ယူပြီး တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ ယွမ်ရှီကျယ်ဝမ်ကို ရေထဲမြှုပ်ပစ်လိုက်ပါတယ်။

ငွေရောင် ရေစီးကြောင်းထဲမှာ ယွမ်ရှီကျယ်ဝမ်ရဲ့ ခန္ဓာကိုယ်ဟာ မျက်စိနဲ့ မြင်နိုင်လောက်တဲ့ အလျင်နဲ့ ခြောက်ကပ်ပြီး လျင်မြန်စွာ အသက်ကြီးသွားပါတယ်။ မကြာခင်မှာပဲ ယွမ်ရှီကျယ်ဝမ်ရဲ့ ခန္ဓာကိုယ်ဟာ အရေပြားနဲ့ အရိုးပဲ ကျန်တော့တဲ့အတွက် တော်‌တော်လေး ကြောက်စရာ ကောင်းသွားပါတယ်။

သက်ရှိအားလုံးဟာ ဒီမြင်ကွင်းကို ကြည့်ပြီး မကြောက်တဲ့အပြင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပါတယ် ‘နိုင်တော့မှာလား’

ဒီအချိန်မှာပဲ...

ယွမ်ရှီကျယ်ဝမ်ရဲ့ အသွေးအသားတွေဟာ ပြန်ဖြစ်တည်လာပါတယ်။ ယွမ်ရှီကျယ်ဝမ်ရဲ့ ပြန်ကောင်းနှုန်းက အရင်ကထက်တောင် ပိုမြန်လာပါတယ်။ အသက်ရှူကြိမ် နှစ်ကြိမ် မပြည့်ခင်မှာပဲ ယွမ်ရှီကျယ်ဝမ်ဟာ ထိပ်ဆုံးကို ပြန်ရောက်သွားပြီး သူ့ရောင်ဝါက ပိုလို့တောင် အားကောင်းသွားပါတယ်။

“ဝေါင်း...”

ယွမ်ရှီကျယ်ဝမ်ဟာ ဒေါသတကြီး ဟိန်းဟောက်ရင်း အနက်ရောင် အလင်းတန်းကို ထွေးထုတ်လိုက်ပါတယ်။ ဒီအနက်ရောင် အလင်းတန်းဟာ ငွေရောင် ရေစီးကြောင်းကို ဖယ်ရှားပြီး ကောင်းကင်အရှင်ရွှင်ကို တိုက်ခိုက်ပါတယ်။

ကောင်းကင်အရှင်ရွှင်ဟာ မျက်မှောင်ကြုတ်သွားပြီး ဘယ်လက်ကို မြှောက်ကာ ဒီအင်အားကို ဟန့်တားလိုက်ပါတယ် “ဟွန်း... ငါ မင်းကို လျှော့တွက်မိတာပဲ”

ကောင်းကင်အရှင်ရွှင်ဟာ သူ့ရဲ့ ဆန်းကြယ်စွမ်းအားကို ထပ်သုံးပါတယ်။

စစ်မြေပြင်တစ်ခုလုံးမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ နောက်ဆုတ်သွားကြပြီး ယွမ်ရှီကျယ်ဝမ်ကို ကောင်းကင်အရှင်ရွှင်လက်ထဲ အပ်လိုက်ပါတယ်။

ကောင်းကင်အရှင်ရွှင်ဟာ ထက်မြက်တဲ့ တာအိုဖန်တီးရှင်တစ်ပါးပါ။ သူဟာ ယွမ်ရှီကျယ်ဝမ်ကို အသာလေး ဖိနှိပ်နိုင်ပါတယ်။ ဒါပေမဲ့ သေအောင်တော့ မသတ်ပစ်နိုင်ပါဘူး။

ဒီအချိန်မှာ ဟန်ဟွမ်ရဲ့ ခံစားချက်တွေက တော်တော်လေးကို ရှုပ်ထွေးပါတယ်။

‘ဘာလို့ ဒီလိုဖြစ်ရတာလဲ... ငါ ဖန်တီးထားတဲ့ တည်ရှိမှုက ဘာဖြစ်လို့ ငါ့ထက် စွမ်းအားကြီးနေရတာလဲ’

‘အမှောင်သခင်ကြီးရဲ့ စွမ်းအားကို ရလိုက်တယ်ဆိုရင်တော့ ဘာဖြစ်လို့ အချိန်တိုအတွင်း ဒီလောက် စွမ်းအားကြီးသွားရတာလဲ’

‘တာအိုဖန်တီးရှင်အဆင့်က တကယ်ပဲ အဲဒီလောက်တောင် မြင့်မားတာလား၊ တာအိုဖန်တီးရှင် ဖြစ်တာနဲ့ အောက်မှာရှိတဲ့ လူတွေအကုန်လုံးကို ဂရုစိုက်စရာ မလိုတော့ဘူးလား’

.....

ဗလာနယ်မြေထဲက မှောင်မိုက်တဲ့ နယ်မြေမှာ ပဋိပက္ခသိစိတ်၊ သဏ္ဍာန်မဲ့နတ်မင်း၊ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်နဲ့ ယင်ယန်ချွမ်တု နတ်မင်းတို့ဟာ ရောင်ဝါနက်ရဲ့ နှောင်ဖွဲ့မှုကြောင့် မလှုပ်ရှားနိုင်ကြပါဘူး။

သူတို့တွေမှာ အမှောင်သခင်ကြီးနဲ့ တိုက်ခိုက်နေတဲ့ နဝမပဋိပက္ခပဲ အားကိုးရှိပါတော့တယ်။ ဒါပေမဲ့ အခြေအနေက သိပ်မကောင်းလှပါဘူး။ နဝမပဋိပက္ခဟာ လုံးဝ အရေးနိမ့်နေပါတယ်။

အမှောင်သခင်ကြီးက တကယ်ကို တန်ခိုးစွမ်းအား ကြီးမားလှပါတယ်။ အမှောင်သခင်ကြီးဟာ ဟင်းလင်းပြင်ကို ညာလက်နဲ့ ဖမ်းဆုပ်ပြီး အဝေးကနေ ဆန်းကြယ်စွမ်းအားတွေ ထုတ်သုံးပါတယ်။

ဟန်ကျွယ် ယာယီ ဖန်တီးထားတဲ့ အမှောင် ဆန်းကြယ်စွမ်းအား မျိုးစုံဟာ နဝမပဋိပက္ခကို ဆက်တိုက် ထိမှန်ပါတယ်။

နဝမပဋိပက္ခဟာ အကြိမ်ပေါင်း မြောက်မြားစွာ ဖျက်ဆီးခံရပေမဲ့ ဇွဲကောင်းကောင်းနဲ့ ဆက်တိုက်နေတုန်းပါပဲ။

ဒီအချိန်မှာ နဝမပဋိပက္ခဟာ ဟန်ကျွယ်ကို အနိုင်ယူဖို့ လက်လျှော့လိုက်ပါပြီ။ ပဋိပက္ခ အခွင့်အရေးတစ်ခု ရအောင် အချိန်ဆွဲနေတာပါ။

ဖန်တီးရှင်သခင် စွမ်းအားဟာ အနက်ရောင် ကောင်းကင်ထောက်တိုင် အမြောက်အမြားအဖြစ် ပြောင်းလဲပြီး ကောင်းကင်ပေါ်ကနေ ဆင်းသက်ကာ နဝမပဋိပက္ခကို ဖိနှိပ်ပါတယ်။ နဝမပဋိပက္ခရဲ့ ဝိညာဉ်ဟာ လွင့်ပါး ပျောက်ကွယ်သွားပြီးနောက် ပြန်ခဲလာကာ ဟန်ကျွယ်ကို နောက်ကနေ တိုက်ခိုက်ပါတယ်။

အထွတ်အထိပ် နိယာမ ခုနစ်ပါးရဲ့ စွမ်းအားဟာ နဝမပဋိပက္ခရဲ့ လက်ဖဝါးထဲမှာ စုစည်းပြီး အလွန်တရာ အားကောင်းတဲ့ အင်အားတစ်ခု ဖြစ်လာပါတယ်။ အဲဒီနောက် တောက်ပတဲ့ အလင်းရောင် ဖြာထွက်လာပြီး မဟာတာအို သင်္ကေတ အမြောက်အမြား ပေါက်ကွဲမှုဟာ ဟန်ကျွယ်ကို လွှမ်းမိုးသွားပါတယ်။

နောက်တစ်စက္ကန့်မှာပဲ အားကောင်းတဲ့ အလင်းရောင်နဲ့ မဟာတာအို သင်္ကေတတွေဟာ ဟန်ကျွယ်ရဲ့ လက်ဖဝါးထဲကို ကျုံ့ဝင်သွားပါတယ်။ ဟန်ကျွယ်ဟာ အထွတ်အထိပ် နိယာမ ခုနစ်ပါးရဲ့ စွမ်းအားကို အချိန်မရွေး ချေမွပစ်လို့ ရပါတယ်။

ဒါကို ကြည့်ပြီး နဝမပဋိပက္ခဟာ လန့်သွားပါတယ်။

‘ဒီကောင် အဆင့်ထိုးဖောက်သွားတာ ဖြစ်ရမယ်၊ ဒီကောင်က သေချာပေါက် တာအိုဖန်တီးရှင် မဟုတ်ဘူး’

ဒီအချိန်မှာ နဝမပဋိပက္ခဟာ တိုက်ခိုက်တာ ရပ်လိုက်ပါတယ်။

“ဘာလို့ မတိုက်တော့တာလဲ” ဟန်ကျွယ်ဟာ အပြုံးနဲ့ မေးလိုက်ပါတယ်။

“မင်း တာအိုဖန်တီးရှင်အဆင့်ကို ကျော်သွားပြီမလား”

“ဟုတ်တယ်”

ဟန်ကျွယ်ဟာ မဖုံးကွယ်ပါဘူး။ ဒီအချိန်မှာ ဖုံးကွယ်ဖို့လည်း မလိုတော့ပါဘူး။

နဝမပဋိပက္ခဟာ ဟန်ကျွယ်ရဲ့ အဖြေကြောင့် တိတ်ဆိတ်သွားပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်း အလျှော့ပေးရင် မင်းရဲ့ ပဋိပက္ခ ပျက်စီးလိမ့်မယ်၊ မင်းလည်း သေလိမ့်မယ်”

နဝမပဋိပက္ခဟာ တကယ်ကို ထိတ်လန့်သွားပါတယ်။ နဝမပဋိပက္ခဟာ ဒီအကျပ်အတည်းကနေ လွတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ နည်းလမ်း ရှာပါတယ်။

“မင်း ငါ့ကို သတ်လို့ရတယ်၊ ဒါပေမဲ့ ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိတွေကိုတော့ ချမ်းသာပေးပါ” နဝမပဋိပက္ခဟာ တောင်းပန်တိုးလျှိုးလိုက်ပါတယ်။

တခြား တာအိုဖန်တီးရှင် လေးပါးလည်း ဒါကို ကြည့်ပြီး ပါးစပ် အဟောင်းသား ဖြစ်သွားကြပါတယ်။ သူတို့တွေဟာ နဝမပဋိပက္ခ အညံ့ခံလိုက်တာကို မယုံနိုင်ကြပါဘူး။

‘အမှောင်သခင်ကြီးက တာအိုဖန်တီးရှင်အဆင့်ကို ကျော်သွားပြီလား’ တာအိုဖန်တီးရှင် လေးပါးဟာ မျှော်လင့်ချက် ကင်းမဲ့သွားကြပါတယ် ‘ငါတို့တွေ အတူတူ ပူးပေါင်းတာတောင် အမှောင်သခင်ကြီးကို အနိုင်မယူနိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး’

‘ဘာလို့ ဒီလိုဖြစ်ရတာလဲ... အမှောင်သခင်ကြီးက ဘယ်သူလဲ’

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ပဋိပက္ခ မလွဲမသွေ ပျက်စီးရလိမ့်မယ်”

“မင်း...” နဝမပဋိပက္ခဟာ ဒေါသထွက်သွားပါတယ်။ နဝမပဋိပက္ခဟာ အမှောင်သခင်ကြီးကို သွေးထဲသားထဲကကို မုန်းတီးသွားပါတယ်။

နဝမပဋိပက္ခဟာ လွတ်လမ်း မရှိတော့ဘူးဆိုတာ သိတဲ့အတွက် ချက်ချင်း တိုက်ခိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဟန်ဆောင်နေတာ ရပ်ပြီး လက်မြှောက်လိုက်တဲ့အခါ ဖန်တီးရှင်သခင် စွမ်းအား လုံးဝ ထွက်ပေါ်လာပါတယ်။

နဝမပဋိက္ခရဲ့ သာလွန်နိယာမဟာ ခဲပြီးပြီးချင်းပဲ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။ ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို ဖမ်းဆုပ်လိုက်ပါတယ်။

“နဝမပဋိပက္ခ... တကယ်တော့ မင်း မမှားပါဘူး၊ စွမ်းအားချင်း ကွာခြားရုံတင်ပဲ၊ ငါ မင်းထက် စွမ်းအားနည်းရင်လည်း မင်းက ငါ့ကို ရှင်းပစ်ပြီး မင်းရဲ့ နောက်လိုက် လုပ်ခိုင်းမှာမလား” ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters