← Chapters

ငါက သက်တံဓား သူတော်စင်ရဲ့ တပည့်ပဲ။

Vol. 109 Ch. 1526

ငါက သက်တံဓား သူတော်စင်ရဲ့ တပည့်ပဲ။

Vol. 109 Ch. 1526

ဂြိုဟ်သိမ် ခါးပတ် လမ်းကြောင်း ကောင်းကင်ဘုံ ကြယ်ခန်းမ ရှိရာ အရပ်၌၊ ဓါး ရောင်ခြည် တစ်စင်း ကောင်းကင်ပေါ် ပျံတက် လာ လေသည်။

ထျန်းကျွယ် တစ်ယောက်၊ နဂါး သွေးလွှတ်ကြော နယ်ပယ်သို့၊ အောင်မြင်စွာ ရောက်ရှိ သွားခြင်း ဖြစ်၏။

“ ထျန်းကျွယ်ရဲ့ အခြေခံ အုတ်မြစ်က ကြောက်စရာ ကောင်းလိုက်တာ၊ နဂါး မူလကို မဖွဲ့တည် နိုင်ခဲ့ရင်တောင်၊ အားနည်းမှာ မဟုတ်ဘူး။ ”

“ ဘယ်လို နေလဲ။ ”

ကောင်းကင်ဘုံ ကြယ်ခန်းမ၏ လောက နိယာမ နယ်ပယ် အကြီးအကဲမှ မျက်ခုံးပင့်ကာ မေးလိုက်သည်။

ထျန်းကျွယ်မှာ အောင်မြင်မှု တစ်ခု ရယူရန်၊ အလျင်လို နေသဖြင့်၊ ပထမ သွေးလွှတ် ကြော၌၊ နဂါး မူလ ရနိုင်မည် မဟုတ်ချေ။

ယင်းက ကြီးမားသော ဆုံးရှုံးမှု ပေပင်။ ဆိုလိုသည်မှာ၊ ရေရှည်တွင် ပြိုင်ဘက် ပါရမီရှင် များကို၊ လိုက်မီ တော့မည် မဟုတ်ချေ။

အကယ် ၍သာ ဆယ်ရက်ခန့် အချိန်ယူ ခဲ့ပါက၊ နဂါး မူလကို တစ်ထိုင်တည်း ဖွဲ့တည် နိုင်မည် ဖြစ်သည်။

“ အောင်မြင်လု နီးပါး ပါပဲ ... ၊ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် ကိစ္စ မရှိဘူး၊ အရေး ကြီးတာ အဲဒီ ကောင်။ ”

ထျန်းကျွယ်က နောင်တ မရဘဲ ပြန်ဖြေ လာသည်။

“ အကြီး အကဲ ချောင် ... ၊ ကြယ်နယ်မြေ ထဲက ဘယ်သူ ထွက်လာသေးလဲ။ ”

“ အခုထိ ဘယ်သူမှ ထွက်မလာ သေးဘူး၊ အထဲမှာ ဘာဖြစ် ခဲ့လို့လဲ။ ”

ကြယ်ခန်းမ၏ လောက နိယာမ နယ်ပယ်၊ အကြီး အကဲ အမည်မှာ၊ ချန်ချောင် ဖြစ်သည်။ ထျန်းကျွယ်က အန်းလျူယွင်ထံ လှည့်ကြည့်ပြီး၊ သူ့ အသံအား ချန်ချောင်ထံ ပေးပို့ လိုက်၏။

ထျန်းကျွယ်သည် ပထမဆုံး သံတမန် ဖြစ်သဖြင့်၊ ကြယ် ခန်းမတွင် ရာထူး ကြီးသူ ဖြစ်သည်။

သခင်ငယ် ရာထူး ရရန်၊ ဖြစ်နိုင် ခြေ မြင့်မား၏။ ထို့ကြောင့် ချန်ချောင် အနေဖြင့်၊ ၎င်း၏ ထင်မြင် ချက်ကို လေးစား ရပေမည်။

နန်းတော် အတွင်း ဖြစ်ပျက် သမျှကို ကြားပြီးနောက်၊ ချန်ချောင်က မယုံနိုင်ဟန် ခေါင်းယမ်း လိုက်သည်။

“ ဟမ့် ... ဘယ်သူမှ ဝင်မစွက် စေနဲ့၊ ငါကိုယ်တိုင် ကိုင်တွယ်မယ်။ ”

နှလုံးသားတွင် မုန်းတီးမှုများ ပြည့်နှက် နေသဖြင့်၊ လင်းယွန်ကို စောင့်လျက်မှ ဒေါသ ပိုထွက် လာတော့သည်။

ထိုအချိန်တွင် အခြားသော အရပ်များ ၌လည်း အမျိုး မျိုးသော ဖြစ်စဉ်များ ထွက်ပေါ် လာလေသည်။

ချင်းယွီ၊ ဖေးအန်၊ ရန်ရွှမ်နှင့် ချန်ခွိုက်တို့ သည်လည်း၊ နဂါး သွေး လွှတ်ကြော နယ်ပယ် သို့၊ ရောက်ရှိ လာကြခြင်း ဖြစ်၏။

၎င်းတို့သည် ပထမ သွေးလွှတ် ကြောဖြင့်၊ နဂါး မူလကို၊ ဖွဲ့တည် နိုင်ခြင်း မရှိ သော်လည်း၊ ရောင်ဝါမှာ၊ လူများစွာကို ခြိမ်းခြောက် နိုင်စွမ်း ရှိနေသည်။

နှစ်ပေါင်း များစွာ စုဆောင်း ထားသော ကြယ်များသည် အကျိုးပြု လာပုံ ရ၏။ အကယ် ၍သာ ဆယ်ရက်ခန့် အချိန် ရခဲ့ ပါက၊ သူတို့ မည်မျှ သန်မာ နိုင်မည်ကို၊ စိတ်ကူး မယဉ် နိုင်ချေ။

“ ဘာတွေ ဖြစ်နေ တာလဲ ... ၊ သူတို့ အားလုံးက ဘာလို့၊ ဒီလောက် အလျင်လို နေရ တာလဲ။ ”

“ လူတိုင်း အတွက်၊ ပထမ သွေး လွှတ်ကြောမှာ၊ နဂါး မူလကို မရတာ၊ သာမာန် ပါပဲ၊ ဒါပေမယ့် သူတို့လို ကြီးကျယ် ခမ်းနားတဲ့ ပါရမီရှင်တွေ အတွက်တော့ နှမျော စရာ ကောင်းတဲ့၊ ဆုံးရှုံးမှုပဲ။ ”

လူတိုင်း ဝေဖန် နေကြစဉ်၊ နဂါးနက် တစ်ကောင်က ကျယ်လောင်သော ဟောက်သံ နှင့်အတူ ကောင်းကင်ပေါ် ပျံတက် သွားသည်။

ဤဖြစ်စဉ်ကြောင့် လူတိုင်း တုန်လှုပ် လာလေသည်။ နှလုံးသား ထဲ၌ ကြောက်ရွံ့ မှုများ မြင့်တက် လာတော့၏။

“ မု ရုံ ချန် ... ။ ”

အန်းလျူယွင်မှ သက်ပြင်းချ လိုက်သည်။ အမျိုးမျိုးသော ဂိုဏ်းများ၏ ကျွမ်းကျင် သူများ အပါ အဝင်၊ ဂြိုဟ်သိမ် ခါးပတ်ရှိ လူတိုင်း၏ အာရုံကို ထိုဖြစ်စဉ်က ဆွဲဆောင် နေ၏။

နဂါး သွေးလွှတ်ကြော နယ်ပယ် ရောက်ရုံဖြင့်၊ ဤမျှ ထိတ်လန့် စရာ ဖြစ်စဉ်မျိုး ဖြစ်ပွား လာစရာ အကြောင်း မရှိချေ။

“ လင်ချင်းယွီသာ ရှိရင်၊ သူ့ထက် နိမ့်ကျမှာ မဟုတ်ဘူး။ ”

သွေးလမင်း ခန်းမမှ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ သုံးယောက်က ၎င်းအား ကြည့်ကာ၊ သက်ပြင်း ချလိုက်သည်။

လူတိုင်း ထွက်လာကြ ချိန်တွင်၊ လင်ချင်းယွီ ထွက်မလာ သဖြင့်၊ နတ်နဂါးပြာ အရိုး ရရှိထား သည်ဟု၊ သူတို့ ယူဆ လိုက်၏။

နဂါးနက် (မိစ္ဆာ)သည် ကြယ်တံခွန် ကဲ့သို့၊ ပြန်လည် ဆင်းသက် လာပြီး၊ မုရုံချန် ခန္ဓာကိုယ် ထဲသို့ ဝင်ရောက် သွားသည်။

ပွင့်ချပ် (၁၆)ချပ် ပါသော ငရဲပန်းသည် သူ့နောက်၌ တဖြည်းဖြည်း ပွင့်လာ တော့၏။ မျက်လုံး ဖွင့်ကြည့် လိုက်ချိန်၌၊ အရာ အားလုံး ပျောက်ကွယ် သွားသည်။

မုရုံချန်သည် တစ်စုံ တစ်ရာ၊ ဝှက်ထားပုံ ရသည်။ သာမန် အဆင့် နဂါး သွေးလွှတ်ကြော နယ်ပယ်၊ ကျွမ်းကျင် သူမျိုး မဟုတ်ချေ။

“ ဘာလို့ ဖြစ်စဉ်တွေ အကုန်လုံး ပျောက်ကွယ် သွားရ တာလဲ၊ နဂါး မူလကို ဖွဲ့တည် နိုင်ခဲ့လို့ များလား ။ ”

“ ဘယ်လိုပဲ ကြည့်ကြည့် ... ၊ သူ့ရဲ့ ငရဲပန်းက နည်းနည်းတော့ ... ကြောက်စရာ ကောင်းတယ်။ ”

ပတ်ဝန်းကျင်ရှိ လူတိုင်းက အမြင် များကို ထုတ်ဖော် ဆွေးနွေး ကြသည်။ ချူးချမ် အမည်ရ ငရဲ ကမ္ဘာ၏ သက်လတ်ပိုင်း အရွယ် အမျိုးသား ကသာ၊ ပြုံးပြီး ခေါင်းညိတ်သည်။

“ အကြီးအကဲ ချူးချမ်၊ ဘာထူးလဲ။ ”

“ မထူး သေးဘူး။ ”

ချူးချမ်မှ ပြန်ဖြေ၏။

“ ဒါဆို စောင့်ရ တာပေါ့။ ”

မုရုံချင်မှ ကြောက်မက်ဖွယ် သတ်ဖြတ် လိုခြင်း ဆန္ဒများ ထုတ်ဖော်ကာ၊ ကြယ်နယ်မြေ ကို၊ လှမ်းကြည့် လေသည်။

မုရုံချန်သည် ဤကဲ့သို့ သတ်ပစ်ရန် ပြင်းပြသော ရည်ရွယ်ချက်ကို ပြိုင်ဘက်များ အပေါ် ပြခဲ ချေပြီ။

ရုတ်တရက် နဂါး အကြွင်း အကျန် ကြယ်နယ်မြေ ဝင်ပေါက်မှ တုန်ခါ လှိုင်းများ ထွက်ပေါ် လာသည်။

ယင်းက လူတိုင်း၏ အာရုံကို ချက်ခြင်း ဆွဲဆောင် သွား၏။ ကြည့် နေစဉ် မှာပင် ပုံရိပ် တစ်ရိပ် ဂြိုဟ်သိမ် ခါးပတ် လမ်းကြောင်းပေါ်၊ ဆင်းသက် လာသည်။

“ သူ ထွက် လာပြီ ... ။ ”

“ လင်ချင်းယွီလား ... ။ ”

“ စီနီယာ အစ်ကိုလင် မဟုတ်ဘူး။ ”

သွေးလမင်း ဂိုဏ်း၏ တပည့် များမှာ၊ အပြာရောင် အ၀တ် အစားနှင့် ဓားသေတ္တာ တစ်လုံးကို ထမ်းပိုး ထားသော၊ လူရိပ်ထံ ကြည့်ကာ၊ အံသြ သွားသည်။

“ လင်း ... ။ ”

အန်းလျူယွင်မှ တစ်ခုခု ပြောချင် သော်လည်း၊ မည်သည့် အရာကို ပြောရမှန်း မသိ သဖြင့်၊ ပါးစပ် ပြန်ပိတ် သွားသည်။

မည်သို့ပင် ဆိုစေ ကာမူ၊ လင်းယွန် အသက်ရှင်နေ သေးသောကြောင့်၊ စိတ်လှုပ်ရှား ဝမ်းသာ ရသည်။ သို့သော် စိုးရိမ် စိတ်များ ချက်ချင်း ဝင်ရောက် လာပြန်၏။

ဤအရာ အားလုံးကို ထျန်းကျွယ်က၊ သတိထား စောင့်ကြည့် နေပြီး၊ လှောင်ပြုံးဖြင့် တစ်ဖက် လှည့်သွားသည်။

ဤအခိုက်တွင် ကောင်းကင်ဘုံ ကြယ်ခန်းမသို့ မသွားဘဲ၊ လူတိုင်း၏ အကြည့် များကို ခံယူလျက်၊ လင်းယွန် တစ်ယောက် ဂြိုဟ်သိမ် တစ်ခုပေါ်၊ ငြိမ်သက် လိုက်သည်။

( အခု ငါတို့ ဘာလုပ် သင့်လဲ။ )

ခရမ်းငယ်မှ မေး၏။

( ဒီအတိုင်းဘဲ ထွက်သွား ရအောင်။ )

နတ်နဂါး နန်းတော်မှ မထွက် ခွာခင်၊ နတ်နဂါးပြာ မျိုးရိုး၏ ကိုယ်ခန္ဓာ သန့်စင်ခြင်း ပညာ ရပ်အား၊ တွေ့လို တွေ့ငြား လှည့်ပတ် ရှာဖွေခဲ့ သေးသည်။

ထို့ကြောင့် ဤမျှ ကြာနေခဲ့ခြင်း ဖြစ်၏။ သူထွက်သွား တော့မည့် အချိန်တွင်၊ ပုံရိပ် ငါးရိပ် ဂြိုဟ်သိမ်ပေါ် ပျံသန်း လာကာ၊ လမ်းပိတ် ထားသည်။

၎င်းတို့မှာ ချင်းယွီ၊ ရန်ရွှမ်၊ ဖေးအန်၊ ချန်ခွိုက်နှင့်၊ မုရုံချန်တို့ ဖြစ်၏။ ငါးယောက်သား နဂါး သွေးလွှတ်ကြော နယ်ပယ်၊ ရောင်ဝါများ ထုတ်ဖော်ကာ၊ နက္ခတ် များကို ဆင့်ခေါ် လိုက်သည်။

“ လင်းတျန် ... မင်းက တကယ် ... ရဲရင့် တာပဲ၊ နတ်နဂါးပြာ အရိုးကို ယူပြီး၊ ထွက်သွား ချင်နေ တာလား။ ”

မုရုံချန်မှ လှောင်ပြောင် လာသည်။ သူ့အသံမှာ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ လူတိုင်း ကြားရန် လုံလောက်၏။

ထို့ကြောင့် ရုတ်ရုတ် သဲသဲ ဖြစ်သွား လေသည်။ နတ်နဂါး အရိုးသည် အပြင် လူ တစ်ဦး လက်ထဲ ကျရောက် ခဲ့သည်လော။ မယုံနိုင် စရာ ပေပင်။

ဤသို့ ဆိုက၊ လင်ချင်းယွီ တစ်ယောက် အသတ်ခံလိုက် ရသည်ဟု၊ ဆိုရာ ရောက်လေ သည်။

ထိုအတွေးက လူတိုင်းကို ကျောရိုး တစ်လျှောက် အေးစက် သွားစေ၏။ နာမည် မရှိသော လူ တစ်ယောက်သည်၊ သူတို့၏ တပည့်ကြီး များကို၊ နင်းချေ ခဲ့ပေပြီ။

“ နတ်နဂါးပြာ အရိုးကို လွှဲပေးပါ ... ၊ ဒါမှ မဟုတ်ရင် ဒီနေ့ မင်း ဒီနေရာ ကနေ၊ ထွက်သွား ဖို့ လုံးဝ စိတ်မကူးနဲ့။ ”

ချန်ခွိုက်က အေးစက်စွာ ပြောလာသည်။

“ မင်းက ... ဒီနေရာကို၊ စမ်းသပ် နန်းတော်လို့ ထင်နေ တုန်းလား၊ မင်းကိုယ်မင်း ဘယ်သူ ထင်နေလဲ၊ ဟမ့် ... ခေါင်းကို မော့ပြီး ပတ်ပတ် လည်ကို ကြည့်လိုက် စမ်း ... ။ ”

ချင်းယွီက လှောင်ပြောင် ပြောဆို လာသည်။

“ ငါက သက်တံဓား သူတော်စင် တပည့်ပဲ၊ ဓားဂိုဏ်းရဲ့ ကောင်းကင် တပည့် တစ်ယောက် ကို၊ အင်အားသုံး အနိုင် ကျင့်ဝံ့တဲ့ ရလာဒ်မျိုး၊ မင်းတို့ တွေးကြည့် ပြီးပြီလား။ ”

လင်းယွန် စကားကြောင့်၊ ဂြိုဟ်သိမ် ခါးပတ်လမ်း တစ်ခုလုံး၊ လုံးဝ တိတ်ဆိတ် သွား တော့သည်။

***

All Chapters