← Chapters

ထွက်ခွာခြင်း

Vol. 110 Ch. 1527

ထွက်ခွာခြင်း

Vol. 110 Ch. 1527

လင်းယွန် စကားကြောင့် လူတိုင်း ထိတ်လန့် သွား ကြသည်။ ဂိုဏ်းပေါင်းစုံမှ လောက နိယာမ အကြီးအကဲ များသည်ပင် ကြောက်ရွံ့ ကုန်၏။

သက်တံဓား သူတော်စင်၏ အမည်ကို မကြားဖူးသူ တစ်ယောက်မျှ မရှိချေ။ အရှေ့ ဘက် ပျက်စီး မြေတွင် ဓားဘွဲ့ကို သတ္တိ ရှိရှိ အသုံးပြု ရဲသည်မှာ၊ သုံးဦးသာ ရှိသည်။

ဓားကိုင် သူတောင်စင် အများ အပြား ရှိသော်လည်း၊ လူတိုင်း ဓားသူတော်စင် ဘွဲ့နှင့် မထိုက် တန်ချေ။

‘ဘွဲ့’ အမည်သည် ၎င်းတို့၏ ဘုန်း အသရေနှင့် ခွန်အားကို ကိုယ်စား ပြု၏။ ဓား ဘွဲ့သည် ဤကမ္ဘာကြီး၌ အထက် တန်းစား မည်သည်။

လုံလောက်အောင် သန်မာခြင်း မရှိက၊ ထိုဘွဲ့ကို ဖယ်ထုတ်ရန် ကြိုးစား ကြပေမည်။ ထို့ကြောင့် ဗုံးတစ်လုံး တွေ့လိုက်ရ သကဲ့သို့၊ လူတိုင်း ထိတ်လန့် သွားသည်။

“ သူက သက်တံဓား သူတော်စင်ရဲ့ တပည့် ဆိုတာ တကယ်လား။ ”

“ မွေးရာပါ ဓားခန္ဓာနဲ့ ... ၊ မွေးရာပါ ဓားနှလုံးသား ပိုင်ဆိုင် ထားတဲ့၊ ရှားဟိုယန် ကိုတောင်၊ သက်တံဓား သူတော်စင်က ငြင်းပယ်ခဲ့တာ မဟုတ်လား။ ”

“ သက်တံဓား သူတော်စင်က၊ တပည့် တစ်ယောက် ခေါ်သွားတယ် ဆိုတာ ကြားမိ ခဲ့တယ်၊ ဒါဆို အမှန်ပေါ့။ ”

မိစ္ဆာဂိုဏ်းများ တည်ရှိမှုသည် အာရုံ စိုက်စရာ မဟုတ် သဖြင့်၊ ဤသတင်း အချက် အလက် များနှင့် ပတ်သက်ပြီး၊ မည်သူမျှ အရေးတယူ ဝေမျှခြင်း မရှိ ကြချေ။

လင်းယွန် ရှေ့တွင် ပိတ်ဆို့ ထားသော တပည့်ကြီး ငါးယောက်မှာ တုန်လှုပ် သွားသည်။

ဤလူငယ် သည်သာ သက်တံဓား သူတော်စင်၏ တပည့် ဖြစ်ရိုး မှန်သော် ယနေ့ မည်သူမျှ သူ့အား ထိဝံ့မည် မဟုတ်ချေ။

သို့တိုင် နောက်ဆုတ်ရန် တွန့်ဆုတ် နေခဲ့သည်။ ယခင်က ရှိခဲ့သော မောက်မာမှုများ ပျောက်ကွယ် သွားပြီ ဖြစ်သည်။

“ ဟမ့် ... ကြောက်မနေ ကြနဲ့ ... ၊ သက်တံဓား သူတော်စင်က ကျင့်ကြံ နေတယ် ဆိုတာ ... ၊ ငါ မသိ ဖူးများ ထင်နေလား။ ”

ငရဲ ကမ္ဘာ ခန်းမ၏ လောက နိယာမ နယ်ပယ် အကြီးအကဲ ချူးချမ် ထံမှ အေးစက် သော အသံ ထွက်ပေါ် လာသည်။

“ နတ်နဂါးပြာ အရိုးကို လွှဲပေးပြီး၊ မင်း ထွက်သွားပါ၊ ဒါက သက်တံဓား သူတော်စင်ကို မျက်နှာသာ ပေးလိုက် တာပဲ၊ ...

... ဓားဂိုဏ်းရဲ့ တပည့် တစ်ဦး ဖြစ်ရုံနဲ့ ... ၊ ငါ့တို့ကို ခြိမ်းခြောက် နိုင်မယ်လို့ မင်းက ထင်နေ တာလား။ ”

ချူးချမ်သည် မာန ကြီးသူ ဖြစ်သည် ။ ထိုစကားကို ပြောသော အခါတွင် လွှမ်းမိုး လိုသော အသွင်အား ထုတ်ပြ လာ၏။

၎င်းနှင့် ဆန့်ကျင်ဘက် ဖြစ်သည့်၊ အခြားသော မိစ္ဆာဂိုဏ်း များမှ အကြီး အကဲ များမှာ၊ မျက်လုံးပြူး ကုန်သည်။

ချူးချမ်သည် မကြောက် မရွံ့ ပြောဆို ဝံ့ချေပြီ။ သက်တံဓား သူတော်စင်ကို လေးစားမှု လုံးဝ မရှိချေ။

သို့သော် ဤသည်မှာ သဘာဝ ဖြစ်သည်။ သက်တံဓား သူတော်စင်သည် လူ မြင်ကွင်းမှ ပျောက်ကွယ် နေသည်မှာ ကြာပြီ ဖြစ်၏။

ထို့ကြောင့် ထျန်ရွှမ်ဇီသည် ရှေးဟောင်း ပျက်သုဉ်းမြေကို သိမ်းယူထား နိုင်ခြင်း ဖြစ်လေ သည်။

“ မုရုံချန် ဆက်လုပ်ပါ၊ ဓားဂိုဏ်းရဲ့ လက်တံက နတ်မိစ္ဆာ နယ်မြေထဲ မရောက်နိုင် တော့ဘူး။ ”

ချူးချမ်မှ အေးစက်စွာ ပြောလိုက်သည်။

“ ဟုတ်ကဲ့ ... ဟား ဟား ဟား ... ။ ”

မုရုံချန်က သဘော ကျစွာ ရယ်မော လိုက်သည်။ ချူးချမ်မှ ထောက်ခံ နေသဖြင့်၊ ဓားဂိုဏ်းကို ခေါင်းထဲ ထည့်နေစရာ မလို တော့ချေ။

“ ချွင် ... ။ ”

သူတော်စင် ဓားကို ဆွဲထုတ်ကာ လင်းယွန်ထံ ပြေးဝင် လိုက်တော့သည်။

“ သက်တံဓား သူတော်စင် တပည့် ဆိုတဲ့ လင်းတျန်၊ ဒီနေ့ မင်းကို ဘယ်သူမှ မကယ်တင် နိုင်စေ ရဘူး။ ”

ကောင်းကင် တစ်ဝက် ဖုံးလွှမ်း နေသော ပန်းချီကားကို ဖွင့်ကာ၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ခွန်အားဖြင့်၊ တွဲဖက် လိုက်သည်။

“ ဒီလောက် နဲ့တော့ ... မင်းကို ဖြေရှင်းဖို့၊ ဘယ်သူ့ အကူ အညီမှ မလို ပါဘူး။ ”

ပန်းသင်္ချိုင်း ဓားကို ယူကာ အရိယာ ကောင်းကင် ဓားကို ထုတ်လျက် လင်းယွန်မှ ပြန်ပြော လိုက်သည်။

သည့်နောက် မုရုံချန်မှ ပစ်လွှတ် လာသော ဓားရောင်ခြည်ကို ဖျက်ဆီး လိုက်သည်။

“ ကြည့်ရတာ ... မင်း တိုးတက် လာပုံ ရတယ်၊ ဒါပေမယ့် ... မင်း သေရ ဦမှာ ပါပဲ၊ ဟား ဟား ဟား ... ။ ”

ဓာရောင်ခြည် ပျက်စီးသွား သော်မှ၊ မုရုံချန်မှာ အပြုံး မပျက်ချေ။ ဓား ရောင်ခြည် (၈၁) စင်းကို ဆက်၍ ထုတ်ဖော် လိုက်သည်။

ဓားချက် တစ်ချက် စီက၊ ကြက်သွေးရောင် ရောင်ဝါဖြင့် ဖုံးအုပ် ထားသော နဂါးနက် အဖြစ် ထင်ရှား လာသည်။

နဂါးနက်၏ ရောင်ဝါသည် နာကြည်းမှု များဖြင့် ပြည့်နှက် နေသဖြင့်၊ ပတ်ဝန်း ကျင် တစ်ခုလုံး ငရဲ ကျနေ သလို ပေပင်။

လင်းယွန်က မြေကြီး ဓားပုံစံကို ခင်းကျင်း လိုက်သဖြင့်၊ ထိုငရဲနယ်မြေသည် လင်းတလှည့် မှောင်တလှည့်၊ ပြောင်းလဲ လာသည်။

“ ဖောင်း ... ။ ”

အဆုံးတွင် မြေကြီး ဟူသော စကားစုက၊ နဂါးနက် ပေါ်သို့ ကျရောက် သွားပြီး၊ ပေါက်ကွဲ ကုန်တော့သည်။

သူ့ တိုက်ခိုက်မှုအား လင်းယွန်မှ လွယ်ကူစွာ ဖြေရှင်းလိုက် သောကြောင့်၊ မုရုံချန် ခမျာ အံ့သြ သွားသည်။

ဤသို့သော ဓားရေး မျိုးကို တစ်ကြိမ် တစ်ခါမှ မမြင်ဖူးချေ။ ထို့ကြောင့် လင်းယွန်ထံ ပြန်ကြည့် မိသည်။

ထိုအချိန်တွင် လင်းယွန်၏ ဓားရည်ရွယ် ချက်မှာ၊ ကြောက်မက်ဖွယ် ကောင်းလောက် အောင် မြင့်မား လာသည်။

“ ဝှစ် ... ။ ”

ခြေထောက်ကို မြေပြင်ပေါ် ညင်သာစွာ ပုတ်လိုက်ပြီး၊ ကောင်းကင်ပေါ် ခုန်တက်ကာ မုရုံချန်ထံ ဓားဖြင့် ထိုးလိုက်သည်။

မည်သူ့ အပေါ် မဆို၊ လျစ်လျူရှု ထားနိုင်သော ဝံ့ကြွား လွန်းသည့်၊ ရည်ရွယ်ချက် တစ်ခု ထွက်ပေါ် လာ၏။

၎င်းတိုက်ခိုက် မှုအား ရှောင်တိမ်း လိုက်သော်လည်း၊ မုရုံချန်၏ ညာဖက် ပခုံးထံ၊ ဓားက အဖျားခတ် သွားသေးသည်။

“ ဒါပဲလား ... ၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ရောက်တာတောင်၊ မင်းက စိတ်ပျက် စရာ ကောင်းနေ တုန်းပဲ။ ”

လင်းယွန်က မြေပြင်ပေါ် ပြန်လည် ဆင်းသက် လာပြီး၊ နှာခေါင်းရှုံ့ကာ ပြောလိုက် လေသည်။

“ မဖြစ် နိုင်တာ ... ။ ”

ချင်းယွီ၊ ဖေးအန်၊ ချန်ခွိုက်နှင့် ရန်ရွှမ်က အံသြ သွား၏။ နဂါး သွေးလွှတ်ကြော နယ်ပယ် သို့ ဝင်ရောက် ပြီးနောက်၊ မုရုံချန် ခမျာ ဓား သုံးချက်ဖြင့် ဒဏ်ရာ ရသွား သေးသည်။

လေးယောက်သား အကြည့်ချင်း ဖလှယ် လိုက်သော အခါတွင်၊ သဘော တူညီချက် ရရှိ သွားခဲ့ပြီး၊ လက်နက်များ ဆွဲကာ မုရုံချန် အနားသို့၊ လှမ်းတက် လိုက် ကြသည်။

လင်းယွန်၏ နောက်ခံကြောင့် တွက်ဆ နေစဉ် မုရုံချန်မှ တိုက်ခိုက်ဝံ့ သဖြင့် ကြောက် စိတ်များ လွင့်ပါး လာပြီ ဖြစ်သည်။

“ ပေါ့ပေါ့ တန်တန် မလှုပ်နဲ့ ... ၊ သူ့ ဓားရေးက ထူးဆန်းတယ်၊ ငါ့ အထင် နတ်နဂါး ပြာ အရိုးကို၊ သန့်စင် ထားပြီး ပုံပဲ။ ”

ပခုံး ပေါ်ရှိ ဓားဒဏ်ရာကို ငဲ့ကြည့်ပြီး၊ မုရုံချန်မှ သတိ ပေးလိုက်သည်။ အစောပိုင်း ဓားသည်၊ ရှောင်တိမ်း နိုင်လောက်သည့်၊ နှုန်း အတွင်း ရှိနေ သည်မှာ၊ ကံကောင်း လှ၏။

“ အတူတူ တိုက်ကြ ရအောင် ... ၊ နတ်နဂါးပြာ အရိုး ဘယ်သူ ရသင့်လဲ ဆိုတာ၊ နောက်မှ ဆွေးနွေး ကြမယ်။ ”

ချန်ခွိုက်က လင်းယွန်၏ သိုလှောင် လက်ကောက်ထံ ကြည့်ကာ ပြောသည်။ ၎င်း အတွင်း အခြားသော ရတနာ များလည်း ရှိနိုင်၏။

“ သဘော တူတယ်။ ”

ရန်ရွှမ် နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ ထောက်ခံသည်။

“ ဒါဆို မင်းတို့တွေ နောင်တ မရ ကြနဲ့။ ”

လင်းယွန်မှ ပြောလိုက်သည်။ သူ့ထံမှ သတ်ဖြတ် လိုသော ရည်ရွယ်ချက်ကို သတိပြု မိသည့်၊ ပန်းသင်္ချိုင်း ဓားက၊ အဆက် မပြတ် တုန်ခါ လာ၏။

သူတို့ ငါးယောက် မလှုပ်ခင်၊ ပန်းသင်္ချိုင်း ဓားနှင့်၊ ခုတ်ချ လိုက်ပြီ ဖြစ်သည်။

“ မင်းက သေချင် နေတာပဲ ... ။ ”

လင်းယွန်က သူတို့အား ဦးစွာ တိုက်ခိုက် လာသဖြင့်၊ ငါးယောက်သား ဒေါသ ထွက်လာ လေသည်။

ကြည့်နေစဉ် မှာပင်၊ ပျံသန်း လာသော လင်းယွန်မှာ လမ်း၌ ရုတ်တရက် ပျောက်ကွယ် သွားသောကြောင့် သူတို့၏ အပြုံးများ အေးခဲ သွားသည်။

တစ်ဖက် လူ၏ ရောင်ဝါကို၊ အာရုံခံ မရတော့ဘဲ၊ တိမ်ပင်လယ်ကြီး ကဲ့သို့၊ လွင့်မျော နေသော ဓား ရည်ရွယ်ချက် ကိုသာ၊ ခံစား ရသည်။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

လူတိုင်း မကျေ မနပ် ဖြစ်လာကာ နိုးနိုး ကြားကြားဖြင့်၊ ကြယ် စွမ်းအင်ကို ကန့်သတ် ချက်သို့၊ တွန်းပို့ လိုက်ကြသည်။

ထို့စဉ် ဓားမြည်သံနှင့် အတူ၊ ချန်ခွိုက် နောက်ကျောက်သို့၊ ဓားရိပ် တစ်ရိပ် တိုးဝင် လာသည်။

ချန်ခွိုက် ခမျာ စဉ်းစားရန် အချိန် မရှိချေ။ ခန္ဓာအား လှည့်ပြီး ဓားဖြင့် ပြန်လည် ပက်ထုတ် လိုက်ရသည်။

“ ထန် ... ထန် ... ။ ”

ဓား- ဓားချင်း တိုက်မိ သွားသော အခါ လွတ်ကျလု နီးပါး သက်ရောက်မှု ရှိလာ သဖြင့်၊ မြဲမြံစွာ ကိုင်ထားရန် ခက်ခဲ သွား၏။

“ ငါတို့ သူ့ကို ကူညီ ရအောင်။ ”

မုရုံချန်က လင်းယွန် ရှေ့သို့ ရုတ်တရက် ရောက်ရှိ သွားသည်။

“ ငါတို့လည်း လာပြီ ... ။ ”

ကျန်သုံးဦးက တိုက်ပွဲ အဟုန်ကို ထပ်မံ မြှင့်တင်ရန်၊ လက်နက် မျိုးစုံ ဆွဲထုတ် လိုက်ကြ သည်။

ကြောက်မက်ဖွယ် အငွေ့ အသက်များ ပေါက်ကွဲ ထွက်လာပြီး၊ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး တုန်ခါ သွား၏။

“ ထန် ... ၊ ထန် ... ။ ”

မုရုံချန်က ပထမ သွေးလွှတ်ကြောအား ရောင်ဝါကို အဆုံးထိ တွန်းထုတ်ကာ၊ လင်းယွန် ဓားအား ဟန့်တားသည်။ လေထု အတွင်း မီးပွားများ ပွင့်လာ၏။

မုရုံချန်၏ တိုက်ပွဲဝင် စွမ်းအားမှာ ပြင်းထန် သောကြောင့်၊ ပန်းသင်္ချိုင်းဓား ခမျာ ကွေးညွတ် စပြု လာလေသည်။

“ သေဖို့ အချိန် ကျပြီ။ ”

ချန်ခွိုက်တို့ လေးဦးက လမ်းကြောင်း အသီးသီးမှ ဝင်ရောက်ရန် ကြိုးစား လာသည်။ ဤသည်မှာ သူတို့ အတွက် ကောင်းမွန်သော အခွင့် အရေး ဖြစ်၏။

သို့သော် လင်းယွန်၏ ဘယ်လက်တွင် ‘ကောင်းကင်’ ဟူသော စကားလုံး ဖြစ်ပေါ် လာပြီး၊ မုရုံချန်ထံ ပစ်ချ လိုက်သည်။

“ ဖောင်း ... ။ ”

ကောင်းကင် အတွင်း ပါရှိသော ဓားရောင်ခြည် (၃၆) စင်း ပေါက်ကွဲ သွားကာ၊ သွေးအန်လျက် မုရုံချန် ခမျာ နောက်ဆုတ် လိုက်ရသည်။

မုရုံချန်အား ဖြေရှင်း ပြီးသည်နှင့်၊ နောက်ကျောမှ ဝင်လာသော လေးယောက်ကို တစ်ချက် မျှပင် လှည့် မကြည့်ဘဲ သူ့ဓားနှင့်၊ လွှဲခုတ်ချ လိုက်သည်။

ပန်းသင်္ချိုင်း ဓားထံမှ လှိုင်းက၊ လမ်းကြောင်း အသီးသီးမှ ဝင်လာသော လေးယောက်ကို နောက်သို့ တွန်းထုတ် ပစ်လေသည်။

ပြီးနောက် ရွှေကျီးကန်း တောင်ပံကို ဆင့်ခေါ်ကာ၊ မုရုံချန်ထံ ပြန်လှည့်၍ ပြေးဝင် သွားသည်။

“ သွား သေလိုက် ... ။ ”

ထိုအချိန်၌ မုရုံချန်မှာ ပြင်ဆင်ချိန် ရသွားပြီ ဖြစ်သည်။ သူ့ထံ ပျံသန်း လာသော လင်းယွန်ကို ကြည့်ကာ၊ ကြက်သွေးရောင် တောင်ပံ များအား ဆင့်ခေါ်လျက်၊ ဓားချက် (၈၁)ချက်ကို ချက်ချင်း ထုတ်ဖော် စီးကြို လိုက်သည်။

သို့သော် ပတ်ဝန်းကျင်မှာ ရုတ်တရက် လေးကန် လာသောကြောင့် ထင်တိုင်း မပေါက် ခဲ့ချေ။

ကမ္ဘာ့ ဆွဲငင်အား စက်ကွင်းက သူ့ခန္ဓာ ကိုယ်ပေါ် သက်ဆင်းနေ သကဲ့သို့၊ ဓားတစ်ချက် ထုတ်ဖော် လိုက်တိုင်း၊ နဖူး၌ ချွေးများ ရွဲနစ် လာသည်။

လမ်းကြောင်း အသီးသီးမှ ထပ်မံ ပြေးဝင် လာသော ချန်ခွိုက်တို့ လေးဦးပင်၊ ထိုစက်ကွင်း ဧရိယာထဲ ကျရောက် သွားသဖြင့်၊ မျက်နှာများ ပျက်ယွင်းလာ ကုန်၏။

***

All Chapters