သတ် ... ။
Vol. 110 Ch. 1528
၎င်းတို့ ငါးဦးသည် နဂါးသွေး လွှတ်ကြော နယ်ပယ်၌ ရှိနေ သော်လည်း၊ ကောင်းစွာ ဖိနှိမ် ခံနေရသည်။
မြေကြီး ဓားသည် ဆွဲငင်အား ဖြစ်သည်။ ဓားချက် (၇၂)ချက် ပြည့်သော အခါ၊ ထိုဆွဲငင် အားသည် အဆပေါင်း (၇၂)ဆ တိုးလာ၏။
မည်မျှပင် သန်မာသူ ဖြစ်နေ ပါစေ၊ ခွန်အားကို အပြည့် အဝ ပြသရန် ခက်ခဲလာ ပေ လိမ့်မည်။
‘ကောင်းကင်’နှင့် ‘မြေကြီး’ ဟူသော စကားလုံး နှစ်လုံး ဖြစ်ပေါ် လာပြီး၊ လင်းယွန်၏ ပုံရိပ်မှာ၊ တဖြည်းဖြည်း မှုန်ဝါး လာသည်။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
မိစ္ဆာဂိုဏ်း အသီး သီး၏၊ လောက နိယာမ နယ်ပယ်၊ အကြီးအကဲ များမှာ၊ မျက်နှာများ ပြောင်းလဲ သွားသည်။
ဤဓားသမားသည် သက်တံဓား သူတော်စင်၏ တပည့် ဖြစ်သည် ဟူသော အဆိုကို၊ သံသယ မရှိ တော့ချေ။
လက်ရှိ ပြသ လာသော ဓားရေး ဖြင့်ပင်၊ လေးစား စရာ ကောင်းနေသည်။ ထျန်းကျွယ်မှာ စိတ်မစော မိသော သူ့ကိုယ်သူ ကျေးဇူးတင် လိုက်မိ၏။
ဆွဲငင်အားကြောင့် ချန်ခွိုက်တို့ အားလုံး ကောင်းကင်မှ ပြုတ်ကျ လာသည်။ သို့သော် မုရုံချန်က အားကုန်ထုတ် ရုန်းကန် လိုက် သဖြင့်၊ လွတ်မြောက် သွား၏။
“ ဒါ ... က ... ၊ ဘယ်လို စွမ်းအား မျိုးလဲ။ ”
သူသည် နဂါး သွေးလွတ်ကြော နယ်ပယ်တွင် ရှိနေပြီ ဖြစ်သော်လည်း၊ တစ်ဖက် လူ လက်၌၊ ဆိုးရွားသော အနေ အထားဖြင့် ရုန်းကန် နေရသည်။
“ ရွှပ် ... ။ ”
လင်းယွန်က မုရုံချန် နောက်၊ ဆက်လိုက် မလာ တော့ဘဲ၊ မြေပြင်ပေါ် နိမ့်ဆင်း နေသော ချန်ခွိုက်တို့ သုံးဦးထံ လှည့်ကာ၊ ဓားဖြင့် ပိုင်းချ လိုက်သည်။
ရုတ်တရက် ဖြစ်သဖြင့်၊ သုံးယောက်သား ထိတ်လန့် တကြား နောက်ပြန် ဆုတ်သွား ကြ လေသည်။
သို့တိုင် လင်းယွန်မှ၊ ခြေလှမ်း (၂) လှမ်း လှမ်းတက်ကာ၊ ချင်းယွီထံ ဓား ရောင်ခြည်နှင့် ပစ်လွှတ် လိုက်၏။
ထို့ကြောင့် ချင်းယွီ ခမျာ ခေါင်းငဲ့လျက်၊ ချက်ချင်း ရှောင်တိမ်း လိုက်ရသည်။ သူ သည် လည်း၊ အရိယာ ကောင်းကင် ဓားကို ဆုပ်ကိုင် ထားသူ တစ်ဦး ဖြစ်သည်။
ရှောင်တိမ်းစဉ် တုန့်ပြန် ဓားချက်ကို၊ လင်းယွန်၏ ဦးခေါင်းထံ၊ ချက်ချင်း ပေးပို့နိုင် ခဲ့၏။ သို့သော် မထိချေ။ လင်းယွန်၏ ဆံပင် အချို့ ကိုသာ ဖြတ်တောက် နိုင်သည်။
“ ရွှပ် ... ။ ”
တစ်ဆက်တည်း မှာပင်၊ သူ့အား နှစ်ခြမ်းခွဲ ပစ်လိုသော ဓား ရောင်ခြည်များ လင်းယွန် ထံမှ ပြေးထွက် လာပြန်၏။
ဤတစ်ကြိမ်၌ မြန်လွန်း သဖြင့်၊ ရှောင်ချိန် မရတော့ဘဲ၊ သူတော်စင် ချပ်ဝတ်နှင့် ခံယူလိုက် ရသည်။
“ ထန် ... ။ ”
“ ခရစ် ... ။ ”
ချက်ချင်းပင် သူတော်စင် ချပ်ဝတ်မှာ အပိုင်းပိုင်း ကွဲထွက် သွား၏။ တုန်လှုပ် စရာ ပေပင်။ ဆွဲငင်အား ဧရိယာ ပြင်ပ၌ ဆိုက ထိုဓားကို ရှောင်နိုင်မည်။
ကံကောင်းစေ သည်မှာ၊ လင်းယွန်က ဆက်၍ မတိုက် တော့ဘဲ၊ နတ်နဂါး- နတ်ဖီးနစ် ရောင်ဝါကို၊ ပန်းသင်္ချိုင်း ဓားထဲ၊ လောင်းထည့် လိုက်ပြီး၊ မုရုံချန်ထံ ပြန်လှည့် သွားသည်။
“ ဟိတ် ... ။ ”
ယင်းကြောင့် မုရုံချန်မှာ ပန်းသင်္ချိုင်း ဓားကို ချက်ချင်း ပြန်လည် ခုခံ လိုက်ရ၏။ လင်းယွန်က တိုက်ပွဲ အဟုန်ကို လုံးဝ မချချေ။
မုရုံချန်ထံ အာရုံ ရောက်သွားစဉ်၊ ချန်ခွိုက် တို့မှာ ထပ်မံ ဝင်ရောက် လာသဖြင့်၊ ဓားအလင်း များဖြင့်၊ တောက်ထုတ် မိ၏။
“ ရွှပ် ... ။ ”
ငရဲပန်းအား ဆင့်ခေါ်ကာ၊ နတ်ဘုရား ပုံရိပ်ယောင် ဓား၏၊ အစွမ်းအား ထုတ်ဖော် လိုက်ခြင်း ဖြစ်သည်။
ပြီးသည်နှင့် ပန်းသင်္ချိုင်း ဓားကို ဆွဲကိုင်လျက်၊ ကောင်းကင်ပေါ် ပျံတက် သွား လိုက်၏။
ရွှေကျီးကန်း တောင်ပံများ ဖြန့်ကာ၊ ‘ကောင်းကင်’နှင့် ‘မြေကြီး’ကို နောက်တစ်ကြိမ် ထုတ်ဖော် ပစ်သည်။
ဤအရာ အားလုံးသည် မျက်စိ တစ်မှိတ် အတွင်း ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ သည့်နောက် ကောင်းကင်ကြီး နိမ့်ဆင်း လာတော့သည်။
၎င်းဦးတည်ရာ အရပ်သည်၊ မုရုံချန် လည်ပင်း ဖြစ်၏။ သူတော်စင် ဓားကို မြှောက် လျက်၊ ခုခံလိုက် သော်လည်း၊ သူ ရပ်နေသည့်၊ ဂြိုဟ်သိမ် ဂြိုဟ်မွှား မြေပြင်မှာ ချက်ချင်း ပေါက်ကွဲ လာပြီး၊ သွေးအန် သွားသည်။
“ ဝေါ့ ... ။ ”
လည်ပင်းကို ကာကွယ် နိုင်လိုက် သော်လည်း၊ ခန္ဓာကိုယ်မှာ ဇကာပေါက် ဖြစ် လာသည်။ မျက်နှာ ဖြူဖျော့လျက်၊ လင်းယွန် ထံ မော့ကြည့် မိ၏။
ရုတ်တရက် နှုတ်ခမ်းမှ သွေးများ စီးကျ လာသဖြင့်၊ တုန့်ဆိုင်း သွားသော လင်းယွန်ကို မြင်လိုက် ရသည်။
ထိုအခွင့် အရေးကို လက်လွှတ် မခံနိုင် သောကြောင့်၊ အံကြိတ်ပြီး တန်ပြန် တိုက်စစ် ဆင် လိုက်သည်။
“ ဟိတ် ... ။ ”
လက်ဖဝါးကို မှင်တတ် နေသော လင်းယွန်၏ ရင်ဘတ် ပေါ်သို့ ရိုက်ချ လိုက်လေ သည်။
“ ဒါပဲ ... ။ ”
ဤတိုက်ပွဲ တစ်လျှောက်တွင်၊ ပထမဆုံး အကြိမ် အဖြစ်၊ အသာစီး ပြန်လည် ရရှိ လာခြင်း ဖြစ်၏။၊
“ ဝေါ့ ... ။ ”
ဤတစ်ကြိမ်၌ လင်းယွန် တစ်ယောက် သိသိ သာသာ သွေးအန် သွားသည်။ သို့တိုင် မုရုံချန်ထံ အားယူလျက်၊ ဆက်၍ တိုးဝင် လာသည်။
“ ခရစ် ... ။ ”
ရုတ်တရက် သူ့ ဓား ရည်ရွယ်ချက် အက်ကွဲ လာပြီး၊ ပါးစပ်မှ သွေး များ ပို၍ စီးကျ လာတော့ သည်။
လောက နိယာမ နယ်ပယ် အကြီးအကဲ အများ အပြားက၊ ငရဲ ကမ္ဘာ ခန်းမ၏ ချူးချမ်ထံ ပြိုင်တူ လှည့်ကြည့် ကုန်၏။
ကျွမ်းကျင် သူများ အနေနှင့်၊ ရုတ်တရက် လင်းယွန် သွေးထွက် ရသည့် အကြောင်းရင်းကို သဘာဝ ကျကျ သိသည်။
ပထမ အကြိမ်၌ မသိသာ လှသော်လည်း၊ ယခုအကြိမ် တွင်မူ၊ ချူးချမ်မှ ဖုံးကွယ်ရန် ဆန္ဒ ရှိပုံ မရ တော့ချေ။
လင်းယွန် ဟူသည် သက်တံဓား သူတော်စင်၏ တပည့် ဖြစ်သည်။ ဂျူနီယာ အချင်းချင်း ဆိုက ပြဿနာ မရှိချေ။
လောက နိယာမ နယ်ပယ် အကြီးအကဲ တစ်ဦး အနေဖြင့်၊ ဤသို့ ပြောင်ကျကျ ဝင်ပါ ခြင်းသည်၊ ရူးနေ ခြင်းသာ ဖြစ်သည်။
“ ဟား ဟား ဟား ... ။ ”
ချူးချမ်က အကြည့်များ အားလုံးကို လျစ်လျူရှုကာ၊ လှောင်ပြောင် ရယ်မော လိုက် တော့သည်။
“ သက်တံဓား သူတော်စင်ရဲ့ တပည့် တဲ့လား၊ နောက်ဆုံး တော့လည်း ... ၊ ငရဲ ကမ္ဘာ ခန်းမရဲ့ တပည့် လက်မှာ၊ သေရတာ ပါပဲ။ ”
‘ကောင်းကင်’နှင့် ‘မြေကြီး’ ဟူသော ဝေါဟာရ နှစ်ခုမှာ အပိုင်းပိုင်း ခွဲထွက် သွားပြီး၊ ဒူးတစ်ဖက် ထောက်လျက် အနေ အထားဖြင့်၊ လင်းယွန် ပြုတ်ကျ လာသည်။
“ မုရုံချန် သူ့ကို သတ်လိုက် ... ။ ”
တပည့်ကြီး လေးယောက်က သွေးများ ဖုံးလွှမ်း နေချိန် မုန်တီးသော အကြည့် များဖြင့်၊ အော်ဟစ် လိုက်ကြသည်။
မုရုံချန်မှ အေးစက်စွာ ပြုံးလိုက်သည်။ ရုတ်တရက် ရောင်ဝါ သမုဒ္ဒရာ အတွင်းရှိ အနက် ရောင် အရည်စက် များမှ၊ သိပ်သည်းသော ရောင်ဝါများ ပေါက်ကွဲ လာသည်။
“ နဂါး မူလ ... ။ ”
“ သူ နဂါး မူလကို ဖွဲ့တည် နိုင်ခဲ့ တာပဲ။ ”
လေထဲတွင် ကြီးစိုးစွာ ရပ်နေသော မုရုံချန်အား မော့ကြည့်ကာ၊ ပတ်ဝန်းကျင်၌ အာမေဋိတ် သံများ ထွက်ပေါ် လာသည်။
ထိုနောက် မုရုံချန်က ဓားဖြင့်၊ ဒူးထောက် နေသော လင်းယွန်ကို ခုတ်ချ လိုက်သည်။ နဂါး နက်က ရုတ်တရက် ပြန်ပေါ် လာသည်။
“ ဘုန်း ... ။ ”
နဂါး မိစ္ဆာက လင်းယွန်၏ နဂါး ရူရ် (၃၀၀၀)ကို ကွဲကြေ စေလျက်၊ အဝေးသို့ တွန်းထုတ် တော့သည်။
ထို့နောက် မုရုံချန်၏ ဓား(၈၁)ချက်က၊ လင်းယွန် ခန္ဓာ ကိုယ်ပေါ်၊ ထိမှန် လာတော့ သည်။
၎င်းကြောင့် နဂါး ရူရ် များမှာ၊ ချပ်ဝတ် အသွင် မဖွဲ့စည်း နိုင်မီ၊ ဖျက်ဆီးခြင်း ခံလိုက် ရ၏။
ချူးချမ်က ထိုမြင်ကွင်းကို အာရုံစိုက် ကြည့်နေသည်။ ပြိုကျ နေသော လင်းယွန်၏ ဓား ရောင်ဝါကို ခံစား မိ၏။
သက်တံဓား သူတော်စင်၏ တပည့် ဖြစ်သော်မှ၊ သေဆုံး သွားသော် အမှိုက်သာ ဖြစ်ပေမည်။
ဓားဂိုဏ်းမှ နတ်မိစ္ဆာ နယ်မြေ အထိ၊ လိုက်လာကာ၊ လုပ်နိုင်စရာ အကြောင်း မရှိချေ။ ထို့ကြောင့် မကြောက်ခြင်း ဖြစ်သည်။
“ သေ လိုက် စမ်း။ ”
တစ်ဖက် တွင်မူ စိတ်တိုင်းကျ ဓားဖြင့် ခုတ်ပိုင်း နေသော မုရုံချန်၏၊ မျက်ဝန်းများ ထဲရှိ၊ ရက်စက် ယုတ်မာမှုကို ကြည့်ကာ၊ ကျန်သူ များက၊ စိုးရိမ် လာသည်။
ဤလူ ဖြင့်သာ ရန်ငြိုး ဖွဲ့မိပါက၊ သက်သာမည် မဟုတ်ချေ။ ရုန်းရင်း ဆန်ခတ် မှုများ ငြိမ်သက် သွားပြီး၊ လင်းယွန်မှာ အသက် ငွေ့ငွေ့ လေးသာ ကျန်ရှိ တော့၏။
“ ဟား ဟား ဟား ... ။ ”
သို့မှသာ မုရုံချန်မှ ရပ်နား လိုက်ပြီး၊ အော်ဟစ် ရယ်မော တော့သည်။ ထို့နောက် နတ်နဂါးပြာ အရိုးကို ယူရန်၊ လျှောက်လှမ်း သွားတော့၏။
လင်းယွန်မှာ အသက်ရှူ နေသေး သော်လည်း၊ မေ့မျော နေပြီ ဖြစ်သည်။ လူသေ တစ်ယောက်လို လေထဲ မျောနေ၏။
နှလုံးခုန်နှုန်း တဖြည်းဖြည်း ငြိမ်သက် သွားသည်။ ချူးချမ်ကြောင့် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိစဉ်၊ မုရုံချန်၏ ဓားချက် များက ဒုက္ခ ပေးနိုင် ခဲ့ပုံ ရ၏။
ဤမြင်ကွင်းမှာ သူမ မမြင် လိုသော မြင်ကွင်းဖြစ် သောကြောင့်၊ အန်းလျူယွင်မှာ မျက်ရည်များ စီးကျ လာသည်။
ထို့စဉ် လင်းယွန်က မျက်လုံးဖွင့် လာပြီး၊ လက်ဖဝါး ထဲသို့ နဂါး ရူရ်များ သွန်းလောင်း လျက်၊ မုရုံချန် လည်ပင်အား လှမ်းဆွဲ လိုက်သည်။
“ ရပ် ... ။ ”
ရုတ်တရက် လှိုင်း အတက် အကျကို ခံစားမိသဖြင့်၊ ချူးချမ်မှ မည်သူ့ကို ရည်ရွယ်မှန်း မသိသော အသံဖြင့်၊ အော်ဟစ် တားဆီး လာလေ သည်။
“ ဂျွတ် ... ။ ”
သို့သော် နဂါး လက်သည်းက၊ မုရုံချန် ခေါင်းအား ချေမွပြီး ဖြစ်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ကျ သွား၏။
ချူးချမ် သည်ပင်၊ စိတ်နှင့် ခန္ဓာ အဆက် အသွယ် ပြတ်သွားသည်။ သူ့ ရှေ့၌ မုရုံချန်အား သတ်ဝံ့ သည်လော။ မယုံနိုင် စရာ ပေပင်။
“ ဓား ... ။ ”
ထိုအချိန်တွင် ကျယ်လောင် လွန်းသော လင်းယွန်၏ ‘ဓား၊’ ခေါ်သံ ကြီးက ပတ်ဝန်းကျင် အား ပုတ်နှိုး တော့သည်။
ပန်းသင်္ချိုင်း ဓားအား ဖမ်းယူကာ၊ ဦးခေါင်း မရှိတော့သော မုရုံချန် အလောင်းကို၊ အပိုင်းပိုင်း ခုတ်ဖြတ် ပစ်လိုက်သည်။
ချူးချမ်ကြောင့် ကွဲသွားသော၊ အရိယာ ကောင်းကင် ဓားသည်၊ အမည်ခံ ကောင်းကင် အမိုးဓား ရည်ရွယ်ချက်သို့ ရောက်ရှိ လာသည်။
“ ဟား ဟား ဟား ... ။ ”
ဒေါသကြောင့် ရယ်မော လိုက်ပြီး၊ ချန်ခွိုက်တို့ လေးဦးထံ လှည့်ကြည့်ကာ၊ ခါးထံ ဦးတည်လျက်၊ ဓားအလင်းဖြင့်၊ ခုတ်ပိုင်း ပစ်လိုက် တော့သည်။
***