နဂါး မျောက်ဝံ။
Vol. 110 Ch. 1529
လင်းယွန်၏ ဓားတုန်ခါမှု အသံက လူတိုင်းကို လက်တွေ့ ဘဝသို့ ပြန်ရောက် လာစေသည်။
မိစ္ဆာဂိုဏ်း (၅) ဂိုဏ်း၏ တပည့်ကြီး များသည်၊ ထိုကဲ့သို့ သေဆုံးသွား သည်ကို မယုံကြည် နိုင်ကြ သေးချေ။
နောက်ဆုံးတွင် ထိုတပည့်ကြီး များကို ပြုစုပျိုးထောင်ရန် အရင်း အမြစ် များစွာ အသုံး ပြုခဲ့ ရသည်။
မျက်စိ တစ်မှိတ် အတွင်း အရာ အားလုံး ဖြစ်ပျက် ခဲ့သဖြင့်၊ အံသြ မှင်တတ် မှုမှာ အတိုင်း အစမဲ့ နေသည်။
အလွန် ကြောက်စရာ ကောင်းသော လုပ်ရပ်ကြောင့်၊ မျိုးဆက်သစ် လူငယ်များ အားလုံး ကျောရိုး တစ်လျှောက် အေးစက် သွားသည်။
လင်းယွန် အကြည့်က တည်ငြိမ် နေ၏။ ချူးချမ်မှ တိုက်ပွဲ အတွင်း ဝင်ရောက် စွက်ဖက် လာစဉ် ကတည်းက၊ သတ်ရန် ဆုံးဖြတ် ပြီးသား ဖြစ်သည်။
ထို့ကြောင့် လောက နိယာမ နယ်ပယ် အကြီးအကဲများ အနေဖြင့်၊ တုံ့ပြန်ရန် အချိန် အလုံ အလောက် ရှိသော်လည်း၊ မုရုံချန်အား သတ်လိုက်သည့် မြင်ကွင်းက သူတို့ကို တုန့်ဆိုင်း သွားစေ ခဲ့သည်။
အာရုံ ပြန်ရသော အခါတွင်၊ သူတို့၏ တပည့်ကြီး ငါးဦးမှာ သေဆုံး သွားပြီ ဖြစ်သည်။ ချူးချမ်မှာ ဒေါသကို မထိန်းနိုင် တော့ဘဲ၊ ဦးစွာ ပြေးဝင် တိုက်ခိုက် လာသည်။
“ သေ လိုက် စမ်း ... ။ ”
ချူးချမ် လှုပ်ရှား သည်နှင့်၊ အခြား သော လောက နိယာမ နယ်ပယ် အကြီး အကဲ များ မှလည်း၊ လိုက်ပါ လာသည်။
ကောင်းကင်ဘုံ ကြယ်ခန်းမ မှတပါး ဂိုဏ်းအသီး သီး၏ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ နှစ်ဆယ် ကျော်က၊ ဂျူနီယာ တစ်ယောက်ကို သတ်ရန်၊ ကြိုးစား နေခြင်း ဖြစ်သည်။
၎င်းတို့၏ ရောင်ဝါ ဖြင့်ပင်၊ လင်းယွန် တစ်ယောက် အပိုင်းပိုင်း ကွဲကြေ သေဆုံး သွား နိုင်သည်။
သို့သော် လင်းယွန်မှာ မသေ သေးဘဲ၊ လက်ဝှေ့ ယမ်းပြီး၊ တံဆိပ် တစ်ခုကို ထုတ်ယူ လိုက်သည်။
တံဆိပ်၏ အရှေ့ဘက် မျက်နှာစာတွင် ‘ကောင်းကင်’ ပါရှိပြီး၊ နောက်ကျော၌ လင်းယွန် ဟူသော အမည် ရေးထိုး ထားသည်။
ဤတံဆိပ်ကို ဂိုဏ်းချုပ် မူရွှမ်ကောင်မှ ပေးအပ် ခဲ့ခြင်း ဖြစ်၏။ ထို့နောက် တံဆိပ်မှာ ဂြိုဟ်သိမ် ခါးပတ်လမ်း အတွင်း၊ လမင်း တစ်စင်းလို လင်းလာသည်။
ထိုအလင်းက လင်းယွန်ကို ဖုံးလွှမ်း သွားချိန်၌၊ ဓားမြည်သံ ပဲ့တင် ထပ်လာကာ၊
“ ငါတို့ရဲ့ ထီးတော်က ... ၊ နှစ်ပေါင်း ရှစ်ထောင် တိုင်အောင်၊ မိုင် ကိုးသောင်း အထိ၊ လွှမ်းခြုံ ထားတယ်၊ လမင်း တည်နေ သရွေ့ ဓားဂိုဏ်း ဘယ်ကိုမှ မရွေ့ဘူး။ ”
-ဟု ကြွေးကြော်သံ ထွက်လာ၏။
၎င်းမှ ထုတ်လွှတ်သော ရောင်ဝါသည် လောက နိယာမ နယ်ပယ် အကြီး အကဲများ အားလုံးကို လွင့်စဉ် ကုန်စေသည်။
အထူး သဖြင့် ရှေ့ဆုံးမှ ဝင်လာသော ချူးချမ်ဖြစ်၏။ အလင်း ရောင်နှင့် ဦးစွာ တိုက်မိပြီး၊ သွေးအန် သွားသည်။
“ တစ်ဦးကို တစ်ဦး ... လေးစားမှု မထား တတ်ရင် ရိုင်းတယ်၊ မင်းက ... ငါ့ဓား ဂိုဏ်းရဲ့ ကောင်းကင် တပည့်ကို ဒုက္ခ ပေးဖို့၊ သတ္တိရှိ တယ်လား၊ ငါ့မှာ မင်း အတွက် လက်ဆောင် ရှိတယ်။ ”
ဓားကိုင် ထားသော ပုံရိပ် တစ်ရိပ် အလင်းရောင် အတွင်းမှ၊ ပျံထွက် လာသည်။ ပြီးနောက် သူ့ဓားကို လွှဲလိုက်သည်။
ဓားရောင်ခြည် တစ်စင်း ထွက်လာပြီး၊ အားနည်းသော လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ အကြီးအကဲ တိုင်းကို၊ သတ်ပစ် လိုက်တော့သည်။
ဓားအလင်း ပြန်လည် ပျောက်ကွယ် သွားသည်နှင့်၊ အထွတ် အထိပ် လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ (၇)သာ ကျန်ရှိ တော့၏။
“ ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် မူရွှမ်ကောင်။ ”
“ ဒီကောင်က မူရွှမ်ကောင် အလေး ထားတဲ့ တပည့်လား။ ”
ချူးချမ်ပင် ထိုဓားကြောင့်၊ မျက်ဝန်းမှ သွေးများ စီးထွက် လာသည်။ လင်းယွန်သည် ဓားဂိုဏ်း အတွက် အလွန် အရေးပါ ပေမည်။
ထို့ကြောင့် မူရွှမ်ကောင်မှ ဓား တစ်လက် လက်ဆောင် ပေးထားခြင်း ဖြစ်သည်။ သူသာ လုံလောက်အောင် သန်မာခြင်း မရှိသော်၊ အများ နည်းတူ သေဆုံးရ ပေမည်။
အလင်းရောင် ပျောက်ကွယ် သွားသော အခါတွင်၊ လင်းယွန် တစ်ယောက် အံ့ဩ တကြီး တံဆိပ်ကို ပြန်ကြည့် မိသည်။
ဤတံဆိပ်ဖြင့် လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များကို ခုခံ ကာကွယ် နိုင်လိမ့်မည် ဟုသာ ပြောကြား ခဲ့သည်။ ယင်းက ဓား တစ်လက် ဖြစ်နေ မည်ဟု မထင် ခဲ့ချေ။
“ သူ့ကို ဖမ်း ... ၊ နဂါး အရိုးကို ငါ ကိုယ်တိုင် တူးယူမယ်။ ”
မူရွှမ်ကောင် ဓားဖြင့် ခြိမ်းခြောက်ခြင်း ခံ လိုက်ရ သော်လည်း၊ လင်းယွန်ကို လွှတ်ထားရန် ချူးချမ်၌ စိတ်ကူး မရှိချေ။
“ ဝှစ် ... ။ ”
အမိန့် ရရှိ သည်နှင့်၊ ငရဲ ကမ္ဘာ ခန်းမ၏ နဂါးသွေး လွှတ်ကြော နယ်ပယ် အကြီး အကဲ များက လင်းယွန်ထံ ပျံသန်း လာသည်။
၎င်းတို့သည် မုရုံချန်ထက် ပို၍ အားကောင်းပြီး လူတိုင်း၌ နဂါး မူလကို ပေါင်းစည်းထား နိုင်ကြ၏။
“ ဝှစ် ... ။ ”
ထို့ကြောင့် အကြီး အကဲ တစ်ဦးက ကြက်သွေးရောင်နှင့်၊ ငွေရောင် အတောင်ပံ များကို ဖွင့်ကာ၊ လင်းယွန်၏ ဓားရောင်ဝါအား ခုတ်ခွဲ လိုက်သည်။
သို့တိုင် လင်းယွန်မှာ ထိတ်လန့်မှု မရှိချေ။ နဂါး-နေလ ထီးကို ထုတ်ယူကာ၊ နဂါး ရူရ်ပေါင်း (၁၀၀၀) တိတိ အသက် သွင်းပစ်သည်။
“ ဖပ် ... ။ ”
ထို့နောက် လက်ဖဝါးနှင့် ရိုက်ချ လာသော ထိုအကြီးအကဲထံ ထီးဖြင့် လှမ်းထိုး လိုက်သည်။ ထီနှင့် လက်ဖဝါး ထိတွေ့သော အခါ၊ ထိုအကြီး အကဲ၏ နဂါး မူလ စွမ်းအင်မှာ၊ ချက်ခြင်း ပြိုကျ သွားတော့၏။
ထိုအကြီး အကဲ၏ မျက်ဝန်း များ၌ မယုံကြည် နိုင်မှုများ ပြည့်လျှံ လာပြီး၊ ထီးကို ပြန်လည် တောင့်ခံ လိုက်သည်။
“ ခရစ် ... ။ ”
လင်းယွန်က နောက်ထပ် နဂါး ရူရ် တစ်သောင်းကို လောင်းထည့် လိုက်သော အခါတွင်၊ လက်ဖဝါးမှာ ကွဲအက် လာ၏။
နဂါး ရူရ် အရေ အတွက် တိုးလာသည် နှင့်အမျှ၊ ထီး၏ အလေး ချိန်မှာ ဆေးကြိုအိုး (၃၀၀၀၀)ဖြင့်၊ ယှဉ်လာ နိုင်သည်။
ထို့ကြောင့် ထီးဖြင့် လွှဲရိုက်သော အခါ၊ နဂါးသွေး လွှတ်ကြော နယ်ပယ် အကြီး အကဲ များသည်၊ သူ့ထံမှ သုံးကြိမ်ထက် ပို၍ မခံ နိုင် တော့ပေ။
ဤနည်းဖြင့် နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ များမှာ၊ ဒဏ်ရာများ ဖုံးလွှမ်း သွား လေသည်။
အဆိုပါ မြင်ကွင်းသည် တပည့်များ အားလုံးကို အံသြသွား စေ၏။ ကျန်ရှိ နေသော လောက နိယာမ နယ်ပယ်၊ အကြီး အကဲ (၇)ဦး ခမျာ၊ သွေးအန် လုနီးပါး ဒေါသ ထွက်လာသည်။
“ ဘုန်း ဝိညာဉ်တော် သူတော်စင် လက်ရာ။ ”
ချူးချမ် မျက်နှာမှာ ပျက်ယွင်း သွား၏။ မူရွှမ်ကောင်၏ အစောပိုင်း ဓားသည် သူ့ မာနကို ကောင်းစွာ ချိုးနှိမ် သွားပြီ ဖြစ်သည်။
“ လင်း တျန် ... ။ ”
ရုတ်တရက် ထျန်းကျွယ်၏ အသံက အေးစက်စွာ ထွက်ပေါ် လာသည်။ ဒုတိယ သံတမန်နှင့် တတိယ သံတမန်တို့ နှစ်ဦးက အန်းလျူယွင်ကို ချုပ်နှောင် ထားသည်။
“ ဖြန်း ... ။ ”
ထျန်းကျွယ်က ပြုံးလျက် အန်းလျူယွင်ကို ပါးရိုက် လိုက်သည်။ ထို့နောက် ဆံပင် များအား ဆုပ်ကိုင်လျက်၊
“ မင်း ... နဂါး အကြွင်း အကျန် ကြယ်နယ်မြေထဲ ဝင်လာ နိုင်တာ ... ၊ ဘယ်သူ့ ကြောင့်လဲ။ ”
-ဟု လင်းယွန်ထံ လှည့်ကာ မေးလိုက်သည်။
လင်းယွန် တစ်ယောက် ရပ်တန့် သွားပြီး၊ နေလ ထီးအား တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင် လိုက်၏။
“ စိတ်ဝင် စားစရာပဲ ... ။ ”
ချူးချမ်က ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးလိုက်သည်။ လင်းယွန် ကိုသာ သည်အတိုင်း ထွက်ခွာခွင့် ပေးလိုက်သော်၊ ရှက်စရာ ကောင်းပေမည်။
ယခုမူ ထျန်းကျွယ်၏ လုပ်ရပ် များက၊ ထိုအကြပ် အတည်းကို ပြေလည် စေသည်။
“ မင်း ဘာလို ချင်လဲ ... ။ ”
လင်းယွန်က ဒေါသကို ထိန်းပြီး မေး လိုက်သည်။
“ မင်း အသက် ... ၊ ဟား ဟား ဟား ... ။ ”
ထျန်းကျွယ်မှ ချက်ချင်း ပြန်ဖြေ၏။ ပြီး၊
“ ဒါပေမယ့် ... မင်းပေးမှာ မဟုတ်ဘူး၊ ဒါကြောင့် နတ်နဂါးပြာ အရိုး ပေးပါ ... ၊ ဘာလဲ မင်း မပေးနိုင် ဖူးလား။ ”
“ ဖြန်း ... ။ ”
ထျန်းကျွယ်က အန်းလျူယွင်ကို နောက်တစ်ကြိမ် ပါးရိုက် ပစ်လိုက်သည်။ ပြင်းထန်လှ သဖြင့်၊ ချက်ချင်း ရောင်ကိုင်း လာတော့သည်။
“ မင်း ... ခေွးသား၊ သတ္တိ ရှိရင်၊ ငါ့ကို လွှတ်စမ်း။ ”
ထိုမြင်ကွင်းကြောင့်၊ ရှောင်ယွင် မှလည်း ထိန်းမနိုင်၊ သိမ်းမရ ရုန်းကန် အော်ဟစ် လာ လေသည်။ သို့သော် ထျန်းကျွယ်က သူ့အား မျက်စောင်းပင် လှည့် မထိုးချေ။
“ ဘာလဲ ... မပေးနိုင် ဖူးလား ... ၊ ဒါဆိုလည်း မင်း ထွက်သွားလို့ ရတယ်။ ”
လင်းယွန်သည် မည်သို့သော လူစားမျိုး ဖြစ်သည်ကို၊ ထျန်းကျွယ်မှ ကောင်းစွာ သိသဖြင့် ထပ်၍ လှုံ့ဆော် လိုက်သည်။
ကြယ်နယ်မြေမှ ထွက်လာ ပြီးနောက် အန်းလျူယွင်နှင့် လင်းယွန် တို့၏ ဆက်ဆံရေး အပေါ်၊ လေ့လာ ထားပြီး ဖြစ်သည်။
သူ့ လုပ်ရက် များသည်၊ များစွာ အရှက်ကင်းမဲ့ နေသော်လည်း၊ လူတိုင်းမှ ကန့်ကွက်ခြင်း မရှိချေ။
သူတို့ သည်လည်း အခွင့် အရေး ရပါက၊ တူညီသော ဆုံးဖြတ်ချက် ကိုအား ချမှတ် မိမည် ဖြစ်သည်။
“ ကျွတ် ... ကျွတ်၊ ဒီမိန်းမက ငါ့ရဲ့ ကျွန် ဖြစ်လာ တော့မှာမို့၊ သင်ခန်းစာ အချို့ သင်ပေး ရဦး မယ်၊ ဘယ်လိုလဲ မင်း စိတ်ဝင် စားလား လင်းတျန်။ ”
“ ငါ့ နာမည်က လင်းယွန်၊ လင်းတျန် မဟုတ်ဘူး။ ”
လင်းယွန်၏ သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ ရုတ်ချည်း ပျောက်ကွယ် သွားသည်။
ထိုအသွင်သည် သူ မည်မျှ ဒေါသ ထွက်နေကြောင်း၊ သူ့အပေါင်း အသင်း အချို့သာ အသိဆုံး ဖြစ်သည်။
“ မင်း နာမည်ကို ... စိတ်မဝင် စားဘူး၊ နတ်နဂါးပြာ အရိုး မပေး ချင်ရင် ထွက်သွားပါ၊ ယောက်ျား တစ်ယောက် မိန်းမကို၊ ရိုက်နှက် နေတာ ဘာများ ထူးဆန်း လို့လဲ နော့။ ”
“ ကောင်းပြီ ... ။ ”
လင်းယွန်က မည်သည့် ခံစားချက် ကိုမျှ မပြဘဲ၊ နတ်နဂါးပြာ အရိုးအား နှိုက်ယူ ပစ်ရာ၊ ရင်ဘတ် ပွင့်ပြီး၊ သွေးများ စီးကျ လာ၏။
အမျိုး သမီး တစ်ယောက် အတွက်၊ ဤမျှပေးဆပ် လိမ့်မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားသောကြောင့်၊ လူတိုင်း မျက်လုံးပြူး ကုန်၏။
ထျန်းကျွယ်ပင် ခေတ္တ အံ့အားသင့် သွားပြီနောက် ရယ်မော လိုက်တော့သည်။
“ ဟား ... ဟား ... ဟား ... ၊ လင်းယွန် မင်းက တကယ့် လူပဲ၊ လေးစားထိုက် ပါတယ်၊ ဒီကမ္ဘာမှာ မင်းလို လူမိုက်တွေ ရှိနေ သရွေ့၊ မိန်းမ တွေက အသုံးဝင် နေဦး မှာပဲ။ ”
“ အစ်ကို လင်း၊ ပြေး ... ၊ သူ့ကို မယုံနဲ့။ ”
ရှောင်ယွင်က အော်သည်။ သို့သော် လင်းယွန်က သူ့ စကားကို နား မထောင်ဘဲ၊ ဖြည်းညှင်းစွာ လျှောက်လှမ်း လာသည်။
ရင်ဘတ် ဒဏ်ရာမှ စီးကျ နေသော သွေးများကြောင့်၊ အပြာရောင် ဝတ်ရုံသည် အနီရောင်သို့၊ ပြောင်းလဲ လာသည်။
ပြီးနောက် ထျန်းကျွယ် ရှေ့တွင် ရပ်လျက်၊
“ သူ့ကို လွှတ်လိုက် ... ။ ”
-ဟု တောင်းဆို တော့သည်။
ထို့ကြောင့် သံတမန် နှစ်ယောက်မှာ အန်းလျူယွင်ကို တွန်းထုတ်ပြီး၊ ထျန်းကျွယ် ဘေးသို့ လှမ်းတက် လာ၏။
လင်းယွန်က နဂါးပြာ အရိုးကို ကမ်းပေး လိုက်သည်။ ထျန်းကျွယ် ခမျာ မျက်လုံးများ မှေးစင်းလျက်၊ လက်လှမ်း လိုက်၏။
သို့သော် လင်းယွန်က ၎င်းကို ဆုပ်ကိုင် ထားဆဲ ဖြစ်သဖြင့်၊
“ လွှတ်လိုက်တော့ ... ၊ ဒီနဂါးပြာ အရိုးက မင်းနဲ့ မဆိုင်တော့ဘူး။ ”
-ဟု ပြောလိုက် လေသည်။
“ ငါ ... မင်းကို ပေးမယ်လို့ ... ၊ ဘယ်တုန်းက ပြောဖူးလဲ။ ”
“ မင်းမှာ နဂါးပြာ အရိုး မရှိ တော့လို့ လက်လျော့ လိုက်တာ အကောင်းပဲ၊ ခုချိန်မှာ မင်းက ငါ့ ပြိုင်ဘက် မဟုတ် တော့ဘူး။ ”
ထျန်းကျွယ်က လှောင်ပြုံးဖြင့်၊ ပြောသည်။ ထို့စဉ် နတ်နဂါးပြာ အရိုးအား ပြန်၍ ဆွဲယူကာ၊ လင်းယွန်မှ သူ့မျက်နှာထံ ရိုက်ချ လာသည်။
“ ခွပ် ... ။ ”
“ အား ... ။ ”
နှာခေါင်း အရိုးထံ ဦးတည်ခြင်း ဖြစ်၏။ သွေးများ စီးထွက် လာသောကြောင့်၊ နှာခေါင်း အား အုပ်ကိုင် လိုက်မိသည်။
“ ဖျောင်း ... ။ ”
ယင်းမှာ အဆုံးသတ် မဟုတ် သေးချေ။ ယိမ်းယိုင် သွားသော သူ့ ပေါင်ခြံကို အားကုန် ဆောင့်ကန်ခြင်း ခံလိုက် ရပြန်၏။
“ ခရစ် ... ။ ”
ကြက်ဥ ကွဲသံ ကဲ့သို့၊ အသံ နှစ်သံ ဆက်တိုက် ထွက်လာပြီး၊ မျက်လုံး ပြူးလျက် အသံ ထွက် မလာ တော့ချေ။
နှာခေါင်းကို အုပ်ကိုင် ထားသော လက်အား ပေါင်ကြားသို့ ပြောင်းကိုင်ကာ ကုန်းကုန်း ကွကွ ဖြစ်သွား လေသည်။
ထိုအချိန်တွင်၊ လင်းယွန်က နတ်နဂါးပြာ အရိုးကို သူ့ရင်ဘတ် ထဲသို့ ပြန်၍ ထိုးသွင်းပစ် တော့သည်။
ပြင်းပြသော သတ်ဖြတ် လိုခြင်း ဆန္ဒက၊ပြန်လည် ထွက်ပေါ် လာ၏။ နဂါးပြာ အရိုးသည် သူ့ခန္ဓာ ကိုယ်နှင့်၊ အသား မကျသေး သည်မှာ ကံကောင်း ပေသည်။
“ သတ် ... ၊ နဂါးပြာ အရိုးနဲ့ သူ့ကို၊ ထပ်ပြီး မပေါင်းစပ် စေနဲ့ ... ။ ”
ထျန်းကျွယ် အမိန့်ကြောင့်၊ သံတမန် တိုင်းက မဆိုင်း မတွဘဲ၊ လင်းယွန်ထံ ပျံသန်း လာကြသည်။
လက်ရှိ အချိန်၌ လင်းယွန်မှာ လွန်စွာ အားနည်း နေပြီ ဖြစ်သဖြင့်၊ သူတို့ အတွက်၊ အကောင်းဆုံး အခွင့် အရေး ပေပင်။
“ ငြိမ် ငြိမ်နေ ... ။ ”
ထိုမြင်ကွင်းကြောင့်၊ သူ့အား ကာကွယ် ပေးရန်၊ အန်းလျူယွင်မှ ရှေ့လှမ်းတက် လာရာ၊ လင်းယွန်မှ လက်ဖမ်းဆွဲ လိုက်သည်။
“ ဂါး ... ။ ”
ထို့နောက် ဓားသေတ္တာ ထဲမှ၊ တောင်ဝှေး တစ်ချောင်း ကိုင်ထားသော အနက်ရောင် နဂါး မျောက်ဝံကြီး တစ်ကောင် ဝုန်းခနဲ၊ ခုန်ထွက် လာ၏။
၎င်း၏ ရောင်ဝါများ အရ၊ နဂါးသွေး လွှတ်ကြော နယ်ပယ်၌ ဖြစ်ကာ၊ ကြမ်းကြုတ် လွန်းသော အငွေ့ အသက်များ ဖြာထွက် နေလေသည်။
***