← Chapters

ဒီတပည့်က အသုံး မကျ ပါဘူး။

Vol. 110 Ch. 1530

ဒီတပည့်က အသုံး မကျ ပါဘူး။

Vol. 110 Ch. 1530

“ ဂါး ... ။ ”

နဂါးလေးက ကျယ်လောင်သော ဟောက်သံနှင့် အတူ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်၊ ဘုရင် အဆင့် ရောင်ဝါအား ထုတ်လွှတ် လိုက်သည်။

၎င်းတောင်ဝှေးမှ စွမ်းအားသည်၊ သံတမန်များ အားလုံး၊ သွေးမြူ အဖြစ် ချက်ချင်း ပြောင်းလဲ ပစ်လိုက် တော့၏။

“ ဒါ ... ။ ”

ကောင်းကင်ဘုံ ကြယ်ခန်းမ၏ တပည့် များက၊ ဤမြင်ကွင်းကြောင့် ကြောက်ရွံ့ကုန် ကြလေသည်။

နဂါးသွေး လွှတ်ကြော နယ်ပယ် သင်းထောက် များက၊ ကြီးစွာသော ဆုံးရှုံး မှုကို ခံစားရ သကဲ့သို့၊ မျက်နှာ ပျက်ယွင်း သွား၏။

ထိုသံတမန် များသည် သခင်ငယ် မဖြစ် နိုင်သော်မှ၊ ကြယ်ခန်းမ၏ အနာဂါတ် ဖြစ်သည်။ ၎င်းတို့ အတွက် အရင်း အမြစ် များစွာ သုံးစွဲ ထားရ၏။

“ ဒီမျောက်ဝံ ... ။ ”

ထျန်းကျွယ် နှုတ်ခမ်း ထောင့်စွန်းမှာ တုန်ယင်နေသည်။ လင်းယွန်၌ ဘုရင် အဆင့် နဂါး သွေးလွှတ်ကြော နယ်ပယ် သားရဲကြီး ရှိနေ လိမ့်မည်ဟု၊ မထင် ထားမိချေ။

ကြယ်ခန်းမကို ဦးဆောင်သော လောက နိယာမ နယ်ပယ် အကြီး အကဲ၏ မျက်နှာသည် အဆိုးဆုံး ဖြစ်၏။

ထျန်းကျွယ်မှ အန်းလျူယွင်အား အသုံး ချကာ၊ နတ်နဂါးပြာ အရိုးကို ရယူရန် ပြောစဉ် ကတည်း ကပင်၊ သဘော မတူ လှချေ။

သို့သော် ၎င်းသည် ပထမ သံတမန် ဖြစ်သဖြင့်၊ တိတ်ဆိတ်စွာ ရပ်ကြည့် နေလိုက် ရသည်။

လက်ရှိ အချိန်၌ သံတမန်များ အားလုံးကို ဆုံးရှုံး လိုက်ရပြီ ဖြစ်ရာ၊ နတ်နဂါးပြာ အရိုးအား ရယူနိုင် ခဲ့သော်မှ ဆုံးရှုံးမှု ကာမိမည် မဟုတ်ချေ။

“ ရပ် ... ။ ”

ပြတ်သားသော အသွင်ဖြင့်၊ နဂါး မျောက်ဝံကို တိုက်ခိုက် လိုသော၊ သင်းထောက် များအား ဟန့်တား လိုက်သည်။

“ အကြီးအကဲ ချောင် ... ၊ မင်း လက်ညှိုး တစ်ချောင်း တည်းနဲ့ ... ၊ ဒီကောင့်ကို သတ်ပစ် လိုက်ပါ၊ ငါတို့ရဲ့ သံတမန်တွေ အားလုံးကို သူ သတ်ပစ် လိုက်ပြီ။ ”

ထျန်းကျွယ်က ဒေါသကြောင့် ယဉ်ကျေး မနေေတာ့ချေ။ သို့သော် ချန်ချောင်မှ သူ့စကား အပေါ်၊ လျစ်လျူရှု သည်။

ဤနေရာရှိ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ မည်သူမျှ၊ လင်းယွန် အပေါ် လက် တင် မဝံ့ တော့ချေ။

တိုက်ပွဲ၌ တပည့်ကြီး များကို ဆုံးရှုံး ထားသည့် အပြင်၊ ဘုရင်များ ဖြစ်သော လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များပင်၊ အသတ်ခံ ခဲ့ရသည်။

လင်းယွန်၌ မူရွှမ်ကောင် ဓားကဲ့သို့၊ နောက်ထပ် ဝှက်ဖဲများ မရှိဟု၊ မည်သူမျှ အသက်နှင့် လောင်းကြေး မထပ်ဝံ့ချေ။

သက်တံဓား သူတော်စင်၏ တပည့်ကို၊ သတ်ရ လောက်အောင် အထိ၊ မိုက်ရူးရဲ မဆန် သည်မှာ၊ သဘာဝ ပေပင်။ ချူးချမ်သည် ရူးနေသူ ဖြစ်သည်။

ကျန်ရှိ ခဲ့သော လောက နိယာမ နယ်ပယ် ကျွင်းကျင်သူ များပင်၊ မူရွှမ်ကောင် ဓားကြောင့် ကျိုးကြောင်း ဆီလျော်မှုများ ပြန်ရ လာသည်။

ထို့ကြောင့် မလှုပ်ဝံ့ဘဲ၊ ထျန်းကျွယ်မှ လင်းယွန်ကို သတ်နိုင် စေရန်သာ ဆုတောင်း နေမိသည်။

ဂျူနီယာ များ၏ တိုက်ပွဲ ဖြစ်သဖြင့်၊ လင်းယွန် သေသော်၊ သက်တံဓား သူတော်စင်မှ လုပ်နိုင် စရာ မရှိချေ။

သို့သော် သူတို့ ကိုယ်တိုင် လှုပ်ရှား ခဲ့မည် ဆိုသော်၊ ဓားဂိုဏ်း အတွက် လက်တုန့် ပြန်ရန် အကောင်းဆုံး အကြောင်းပြချက် ဖြစ်ပေမည်။

မည်သို့ပင် ဆိုစေ ကာမူ၊ သေခြင်းကို ဂရုမစိုက်သော ဓားသမား များနှင့် ရန်သူ ဖြစ်ရ ခြင်းသည်၊ လွယ်ကူသော အရာ မဟုတ်ချေ။

ထို့ကြောင့် အကျိုး ဆက်အား မခံယူ လိုသဖြင့်၊ ချန်ချောင်မှ နောက်ပြန် ဆုတ်သွား သည်ကို၊ နားလည် ကြသည်။

“ ကောင်းပြီ ... ၊ ဒါဆို ငါကိုယ်တိုင် လုပ်မယ်။ ”

လင်းယွန် အပေါ် မုန်းတီးမှု များသည် ထျန်းကျွယ် ရင်၌ ပို၍ ပေါက်ဖွား လာသဖြင့်၊ အဆုံးထိ သွားရန် ဆုံးဖြတ် လိုက်သည်။

လင်းယွန် သည်သာ၊ နတ်နဂါးပြာ အရိုးနှင့် ပြန်၍ ပေါင်းစည်း နိုင်ခဲ့သော် ကလဲ့စား ချေရန်၊ အခွင့် အရေး ဆုံးရှုံး ရပေမည်။

“ အဲဒီ ထျန်းကျွယ်က ရူးနေပြီ။ ”

လက်ရှိ အချိန်၌ နဂါး မျောက်ဝံမှ လင်းယွန်အား စောင့်ကြပ် ပေးနေ သဖြင့်၊ မည်သူမျှ မလှုပ်ရဲ သေးချေ။

ထို့ပြင် မူရွှမ်ကောင် ထွက်လာ ခြင်းသည်၊ လင်းယွန်၏ အဆင့် အတန်းကို ပြသရာ ရောက် လေသည်။

ချူးချမ် ပင်လျှင် ကိုယ်တိုင် မလှုပ်ရှား သေးဘဲ၊ သင်းထောက်များ ကိုသာ အမိန့်ပေး ခဲ့သည်။

“ သေ လိုက် စမ်း ။ ”

ထျန်းကျွယ်က ဓားဖြင့် ထိုးသွင်း လိုက်၏။ ဤသည်မှာ သေစေ နိုင်သော အစိတ် အပိုင်းထံ ဦးတည်သော တိုက်ခိုက်မှု ဖြစ်သည်။

“ ဂါး ... ။ ”

သို့သော် နဂါး မျောက်ဝံက ဓား လမ်းကြောင်းထံ၊ ဒေါသ တကြီး ဝင်ရောက် လာကာ၊ ဓားကို ဖမ်းယူ လေသည်။

“ ဟိတ် ... ။ ”

ထျန်းကျွယ်က၊ နဂါး မေျာက်ဝံအား ဂရုမစိုက်ဘဲ၊ ဓားကို လွှတ်ပေးကာ၊ ခေါင်းပေါ်မှ ဂျွမ်းထိုး ဖြတ်ကျော် လိုက်သည်။

ဤဓားသည် ၎င်းသားရဲအား လင်းယွန် အနားမှ ထွက်လာ စေရန်၊ တမင် ရည်ရွယ် ခဲ့ ခြင်း ဖြစ်၏။

နဂါး မေျာက်ဝံက၊ ကြီးမား လှသော ခန္ဓာကိုယ်အား ပြန်လှည့်ကာ၊ သူ့ကို လှမ်းဆွဲ သည်။

“ ဟား ဟား ဟား ... ။ ”

သို့သော် မမီ တော့ချေ။ ယင်းကြောင့် ရယ်မောလျက်၊ လင်းယွန် အနား ရောက်ရှိ လာ ခဲ့သည်။

“ ဖျပ် ... ။ ”

ခြေတစ်လှမ်း တိုးပြီး၊ လက်ဖဝါးဖြင့် ရိုက်ချလိုက် တော့၏။ သို့သော် ရုတ်တရက် သူပင် သွေး အန်ကာ၊ ပြန်လည် လွင့်စဉ် သွားသည်။

မိုးပြာ နဂါး ရောင်ဝါက လင်းယွန်ကို ရစ်သိုင်းလျက် ထွက်ပေါ် လာသည်။ နတ်နဂါး ပြာ အရိုးနှင့် ပေါင်းစည်းခြင်း ပြီးဆုံး သွားပုံ ရ၏။

“ ကျေးဇူးပဲ၊ ငါ့ ဝိညာဉ်က နတ်နဂါးပြာ အရိုးနဲ့၊ လုံးလုံး လျားလျား ပေါင်းစပ် သွားပြီ။ ”

လင်းယွန်က မျက်ဝန်းများ ဖွင့်ကာ၊ နဂါးလေးကို လှမ်းပြော လိုက် တော့သည်။ ထို စကားကြောင့် ထျန်းကျွယ်မှ လှည့်ပြေး၏။

“ ခဏ နေ ပါ ဦး ... ။ ”

သို့သော် နဂါး လက်သည်း ရုတ်တရက် ပေါ်လာပြီး၊ သူ့အား နောက်ပြန် စုပ်ယူ သွား လေသည်။

စုပ်ဝဲ အတွင်း ရောက်သည်နှင့်၊ မိုးကြိုး မုန်တိုင်း များက၊ သူ့ခန္ဓာ ကိုယ်အား အပိုင်းပိုင်း ဖြတ်တောက် တော့သည်။

ဤသည်မှာ ရက်စက် ကြမ်းကြုတ် လွန်းသော သတ်ဖြတ်မှု မြင်ကွင်း ဖြစ်သည်။ အော်ဟစ် ချိန်ပင် မရ လိုက်ချေ။

အန်းလျူယွင် သည်ပင်၊ ထိတ်လန့်မှု ကြောင့်၊ လင်းယွန် လက်ကို ဆုပ်ကိုင်ကာ၊ ဖျစ်ညှစ် လိုက်မိသည်။

“ ငါ ... သူ့ကို ခေါ်သွားမယ် ... ၊ ကောင်းကင်ဘုံ ကြယ်ခန်းမက ဘာပြော ချင်သေးလဲ။ ”

လင်းယွန်က အကြီးအကဲ ချန်ချောင်ထံ စိုက်ကြည့်ကာ တိုက်ရိုက် မေးသည်။ သူသည် ပင်မ နတ်ဘုရား တစ်ပါး ဖြစ်ပြီး၊ တစ်ဖက် လူမှာ ဘုရင် ဖြစ်၏။

သို့သော် ယင်းကို လျစ်လျူရှုပြီး၊ တိုက်ရိုက် မေးပစ် လိုက်သည်။ ထိုသို့သော ယုံကြည် မှုမျိုး မည်သည့် အရပ်မှ လာမှန်း၊ ချန်ချောင်မှ သိချင် လာလေသည်။

ထို့ကြောင့် ချန်ချောင်က တစ်ခုခု ပြန်ပြောရန် ပါးစပ် ပြင်လိုက် သော်လည်း၊ အသံထွက် မလာ တော့ချေ။

လက်ခံလိုက် ခြင်းဖြင့်၊ လင်းယွန် အမိန့်ကို နာခံရာ ရောက်ပြီး၊ ငြင်းဆန် သော် သက်တံဓား သူတော်စင် အလည် မလာဟု မပြော နိုင်ချေ။

ဤမြင်ကွင်းကို မြင်သော အခါတွင်၊ လင်းယွန်က ထပ် မမေး တော့ဘဲ၊ ရှောင်ယွင်ထံ လှမ်းကြည့်ကာ၊

“ လွှတ် ... ။ ”

-ဟု ပြောလိုက်သည်။

နဂါးသွေး လွှတ်ကြော နယ်ပယ် သင်းထောက် များက၊ ချန်ချောင်ထံ ကြည့်လိုက် ရာ၊ ခေါင်းညိတ်ပြ သဖြင့်၊ လွှတ်ပေး လာ၏။

သုံးယောက်သား ထွက်ခွာ တော့မည့် အချိန်တွင်၊ ချူးချမ်က နှာခေါင်းရှုံ့ လိုက်ပြီး၊

“ ကြယ်ခန်းမက မင်းကို ထွက်ခွာခွင့် ပြုပေမယ့်၊ ငါတော့ မဟုတ်ဘူး။ ”

-ဟု ဝင်ပြော လာသည်။

“ အဖိုးကြီး ... မင်း လွန်လာပြီ။ ”

လင်းယွန်က လေးနက်သော အသံဖြင့် ပြောသည်။ နောက်ဆုံး ဝှက်ဖဲကို မသုံး ချင်ချေ။ ထို့ကြောင့် သူကိုယ်တိုင် ဖြေရှင်း နေခြင်း ဖြစ်သည်။

“ ဟမ့် ... လွန်တော့ ဘာဖြစ်လဲ၊ နတ် နဂါးပြာ အရိုးကို ... ၊ ငါ ရအောင် ယူမယ်၊ ဒီမှာ လူတိုင်းက သက်တံဓား သူတော်စင်ကို ကြောက်ပေမယ့်၊ ငါ မကြောက်ဘူး၊ ...

... သူက အသက်ကြီး နေပြီ၊ မသေအောင် ရုန်းကန် နေရတယ်၊ လက်ရှိ အခြေ အနေ အရ၊ ကိုယ်ပွား တစ်ယောက်တောင်၊ ဆင်းမလာ နိုင်ပါဘူး။ ”

ချူးချမ် စကားကြောင့် လင်းယွန် တစ်ယောက် အံကြိတ် လိုက်မိသည်။ ဆုပ်ကိုင် ထားသော လက်မှ တဆင့်၊ သူ အကြပ်ရိုက် နေသည်ကို၊ အန်းလျူယွင် ခံစား မိ၏။

“ ရယ်စရာ ကောင်းတဲ့ ... ၊ အတွေးမျိုး မတွေးနဲ့၊ သက်တံဓား သူတော်စင် လာခဲ့ ရင် တောင်၊ ငါ သူ့ကို မကြောက် သေးဘူး။ ”

ချူးချမ်က အေးစက်စွာ ထပ်ပြောသည်။ ထိုစကားက မည်မျှ မောက်မာ လွန်းလှ သည်ကို လူတိုင်း သိဖြင့်၊ ကျန်ရှိ နေသော ဘုရင် များက သူ့ထံ ကြည့်မိ၏။

“ ဟား ဟား ဟား ... ။ ”

ထိုအချိန်၌ လင်းယွန်က အန်းလျုယွင် လက်ကို လွှတ်ကာ၊ ရယ်မောလျက် ဒူးထောက် လိုက်တော့သည်။

“ ဒီတပည့် အသုံး မကျ ပါဘူး ... ၊ ဒီလို အသုံး မကျတဲ့ တပည့်ကို ကယ်တင်ဖို့၊ ဆရာ့ကို ဒုက္ခ ပေးမိ ပါပြီ။ ”

စာလိပ် တစ်လိပ်ကို ထုတ်ယူကာ၊ နာကျင်သော အသံဖြင့်၊ လင်းယွန်မှ တောင်းပန် စကား ဆိုလိုက် တော့သည်။

***

All Chapters