တကယ်ပဲ မင်းဆရာ ငါက အသက် ကြီးနေ ပါပြီ။
Vol. 110 Ch. 1531
လင်းယွန်က ပန်းချီကားကို လက် နှစ်ဖက်ဖြင့်၊ အလေး အနက် ကိုင်ကာ မြှောက် လိုက်သည်။
သူ့ လေသံတွင်၊ ခိုကိုးရာ မဲ့သော ခံစားချက်များ ပါဝင် နေ၏။ လက်ရှိ အခြေကို၊ ဖြေရှှင်းရန်၊ ဝှက်ဖဲ နှစ်ချပ် ရှိသည်။
ပထမ တစ်ချပ်မှာ၊ မိုးပြာ နဂါး သခင် ပေးခဲ့သော၊ ကောင်းကင် ချပ်ဝတ် ဖြစ်သည်။ ဒုတိယသည် ဤပန်းချီကား ဖြစ်၏။
ကောင်းကင် ချပ်ဝတ်ကို အသုံးပြု လိုက်သော်၊ များစွာသော ကပ်ဘေးကြီး ပို၍ ဆင်းသက် လာမည်။
ထိုအချိန်တွင် ဓားဂိုဏ်းပင်၊ သူ့အား ကာကွယ်နိုင် တော့မည် မဟုတ်ချေ။ ၎င်းသည် ရွှေခေတ်က နတ်ဘုရား တိုက်ပွဲမှ၊ ကြွင်းကျန် ရစ်သော ရတနာ ဖြစ်သည်။
ထို့ကြောင့် ရွေးချယ်စရာ မရှိတော့ဘဲ၊ ပန်းချီကားကို အသုံးပြု လိုက်ရခြင်း ဖြစ်သည်။ ၎င်းကို အသုံးပြု ခြင်းသည်၊ ဆရာ သခင်အား နှောက်ယှက်ခြင်း မည်၏။
ပုံမှန် အခြေ အနေ၌ ဆိုက၊ သူတော်စင် တစ်ပါး၏ ကိုယ်ပွား တစ်ယောက် ဆင်းသက် လာရန်၊ ပြဿနာ မရှိချေ။
သို့သော် သူ့ဆရာ သခင်သည် သက်တမ်း ကုန်ဆုံး တော့မည် ဖြစ်သဖြင့်၊ တန်ဖိုး တစ်ခု ပေးအပ် ရပေမည်။
ထို့ကြောင့် အမုန်း တရားသည် အကန့် အသတ်မဲ့ လာ၏။ သည်ချူးချမ်သည် ဤအခြေ အနေသို့၊ တွန်းပို့ သူ ဖြစ်သည်။
ပန်းချီကားကို ကိုင်ထားသော လက်များ တဆတ်ဆတ် တုန်လာပြီး၊ မျက်ရည်များ စီးကျ လာသည်။
ဖြစ်နိုင်ပါက ဆရာ့ကို မခေါ်ချင်ချေ။ တစ်နေ့တွင် ငရဲ ကမ္ဘာ ခန်းမသို့ သွားကာ၊ ဤအကြွးကို ယူရ ပေမည်။
လင်းယွန် စကားကို ကြားသော အခါ၊ လောက နိယာမ နယ်ပယ် အကြီး အကဲများ အပါ အဝင်၊ လူတိုင်း ကြောက်ရွံ့ ထိတ်လန့် သွားသည်။
သက်တံဓား သူတော်စင်မှ ဤနေရာသို့ ဆင်းသက် လာမည် လော။ ပြဿနာ တတ်ပေ တော့မည်။
၎င်းသည် သက်တမ်း ကုန်ဆုံး နေသော သူတော်စင် တစ်ပါးသာ ဖြစ်ကြောင်း ကောလာ ဟလများ ထွက်ပေါ် နေ၏။
အကယ်၍ ကျင့်ကြံမှုတွင်၊ နောက်ထပ် ခြေလှမ်း မလှမ်း နိုင်ပါက၊ အရှေ့ဘက် ပျက်စီး မြေ၌၊ ဓားသူတော်စင် နှစ်ဦးသာ ကျန်ရှိ တော့မည် ဖြစ်သည်။
သို့သော် ၎င်းမှာ အနာဂါတ် ဖြစ်သည်။ လက်ရှိ အချိန်၌ မသေ သေးချေ။ ထို့ကြောင့် ထိတ်လန့် သည်မှာ သဘာဝ ပေပင်။
“ မင်း ငါ့ကို ကြောက်အောင် လုပ်နေ တာလား။ ”
ချူးချမ်မှ တည်ငြိမ်စွာ ပြင်ယူလျက် လင်းယွန်ကို ကြည့်သည်။ ထိုစဉ် လင်းယွန်မှ စကား မပြန်ဘဲ၊ ပန်းချီကားအား ဖြည်ချ လိုက်၏။
ပန်းချီကားမှာ လေထဲ ပျံတက် သွားပြီး၊ အဝတ် အဖြူဝတ် အဖိုးအို တစ်ဦး လှမ်းထွက် လာသည်။
“ စီ နီ ယာ သက်တံဓား ... ။ ”
လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ အကြီး အကဲများ အားလုံး၊ အသက်ပင် ရဲရဲ မရှူ ရဲတော့ချေ။
ကြယ်ခန်းမ၏ အကြီးအကဲ များမှာမူ၊ သက်ပြင်း ကြိတ်ချ လိုက်သည်။ အကြီး အကဲ ချန်ချောင် အမျှော် အမြင် ရှိ၍ သာလျှင်။
“ သက်တံဓား သူတော်စင် မဟုတ်လား၊ ... ဒါ ... ဒါက မဖြစ် နိုင်တာ။ ”
ချူးချမ်မှာ မျက်လုံးပြူး သွားသည်။ သူမြင်သော အရာကို မယုံနိုင်ချေ။ ငရဲ ကမ္ဘာ ခန်းမသည် မိစ္ဆာ ဂိုဏ်း (၇)ဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သည်။
ဆိုလို သည်မှာ သူတို့တွင် ခိုင်မာသော သတင်း အချက် အလက်များ ရှိသည်။ သက်တံ ဓား သူတော်စင်သည်၊ တံခါးပိတ် ကျင့်ကြံ နေသူ ပေပင်။
သက်တမ်း အရ ငါးနှစ်သာ ကျန်ရှိ တော့သည်။ ဤသို့ ကိုယ်ပွား ဆင်းသက် ခြင်း ဖြင့်၊ ထိုငါးနှစ်မှာ ပို၍ နည်းသွား နိုင်မည်။
သည်လင်းယွန်သည် မည်သူနည်း။ မူရွှမ်ကောင်မှ ပုဂ္ဂိုလ်ရေး အရ၊ ဓားအဆောင် တစ်ခု ပေးအပ်ကာ၊ သက်တံဓား သူတော်စင် သည်ပင်၊ သူ့ သက်တမ်းကို ပေးအပ် ခဲ့သည်။
ဂြိုဟ်သိမ် ခါးပတ်လမ်း တစ်ခု လုံးတွင်၊ အကန့် အသတ်မဲ့ သူတော်စင် ရောင်ဝါများ ဖုံးအုပ် လာသည်။
“ ငါ့ တပည့်ကို ဘယ်သူက အနိုင်ကျင့် ဝံ့တာလဲ။ ”
သတ်တံဓား သူတော်စင်က၊ ဒေါသကို ထုတ်ပြ လာသည်။ ဓားသူတော်စင် တစ်ပါး၏ သတ်ဖြတ် လိုခြင်း ရောင်ဝါမှာ၊ ဂြိုဟ်သိမ် ဂြိုဟ်မွှားများ ကိုပင်၊ အက်ကွဲ စေ၏။
“ ဂျူနီယာက ... ၊ စီနီယာ ဓားသူတော်စင်ကို လေးစား ပါတယ်။ ”
“ ဂျူနီယာက ... ၊ စီနီယာ ဓားသူတော်စင်ကို လေးစား ပါတယ်။ ”
“ ဂျူနီယာက ... ၊ စီနီယာ ဓားသူတော်စင်ကို လေးစား ပါတယ်။ ”
လောက နိယာမ နယ်ပယ် အကြီး အကဲများ အားလုံး၊ ချက်ချင်း ဒူးထောက်လျက် နှုတ်ဆက် လိုက်သည်။ သတ်ဖြတ် လိုသော ရောင်ဝါကို လုံးဝ တောင့်မခံ နိုင်တော့ချေ။
ချူးချမ်က အံကြိတ်လျက် ထိုရောင်ဝါကို တောင့်ခံကာ၊
“ ငရဲ ကမ္ဘာ ခန်းမက ချူးချမ် ... ။ ”
“ ဒူးထောက်ပြီး ပြော ... ။ ”
သက်တံဓား သူတော်စင်က လှည့် မကြည့်ဘဲ၊ လက်ကို ဝှေ့ယမ်း လိုက်ရာ၊ ချူးချမ် တစ်ယောက် ချက်ချင်း သွေးအန်လျက်၊ ဒူးထောက် ကျသွားသည်။
“ အသုံး မကျတဲ့ ဒီတပည့်က ဆရာ့ကို နှုတ်ဆက် ပါတယ်။ ”
လင်းယွန်က ခေါင်းငုံ့လျက် သူ့ဆရာ့ကို မကြည့် ဝံ့ချေ။
“ ခေါင်းမော့ပြီး ပြောပါ။ ”
သက်တံဓား သူတော်စင်က ငုံ့ကြည့်ကာ ပြောသည်။ သို့သော် လင်းယွန်မှာ ခေါင်းမမော့ ဝံ့ချေ။ မော့ကြည့် မိပါက၊ မျက်ရည်များ သည့်ထက် ပို၍ ကျလာ နိုင်မည်။
“ စီနီယာ ... ၊ အဲဒီ လူက ... သခင်လေး လင်းရဲ့၊ နတ်နဂါးပြာ အရိုးကို ယူဖို့ ...၊ ကြိုးစား နေတယ်။ ”
အန်းလျူယွင်က ချူးချမ်ထံ လက်ညှိုး ထိုးပြ၏။ ယင်းကြောင့် သက်တံဓား သူတော်စင် က၊ အေးစက်သော အကြည့်ဖြင့်၊ ချူးချမ်အား လှည့်ကြည့် သည်။
“ ဟား ဟား ဟား ... ။ ”
ချူးချမ်က ရယ်မောလျက်၊ ဖြည်းဖြည်းချင်း ထရပ် လာသည်။ သူ့ ရောင်ဝါတွင် သူတော်စင် အငွေ့ အသက်များ ရောယှက် လာ၏။
သက်တံဓား သူတော်စင်၏ ဖိအား အောက်၌၊ အမည်ခံ သူတော်စင် နယ်ပယ်သို့၊ စိုက်ရောက် သွားခြင်း ဖြစ်လေသည်။
“ ဟား ဟား ဟား ... ငါ လုပ်တယ်၊ ဘာဖြစ်လဲ၊ မင်းက ငါ့ကို ကိုယ်ပွား လေးနဲ့ ကြောက်စေချင် တာလား။ ”
သူ့ စကားကြောင့် ဒူးထောက် နေသည့်၊ အခြား လောက နိယာမ နယ်ပယ် အကြီးအကဲ များမှာ၊ ခေါင်းကို ပို၍ ငုံ့လိုက် မိသည်။
“ သတ်တံဓား သူတော်စင်၊ မင်းက အသက်ကြီး နေပြီ၊ အခု မင်းခေတ် မဟုတ် တော့ဘူး၊ မင်းနာမည် ပြောလိုက် ရုံနဲ့၊ ကြောက် ရအောင် ရယ်စရာ ကောင်းလိမ့်မယ်၊ ကိုယ်ပွား မပြောနဲ့၊ ...
... မင်းကိုယ်တိုင် ဆင်းလာ ရင်တောင်၊ ငါ မကြောက်ဘူး၊ မင်းမှာ ငါးနှစ်ပဲ ကျန်တော့တယ် ဆိုတာ မသိဘူး မထင်နဲ့၊ ...
... ဒါကို ဖြတ်ကျော်ဖို့ မင်းမှာ၊ နည်းလမ်း မရှိဘူး၊ မဟုတ်ရင် မင်း ဖြတ်ကျော် နိုင်မှာပေါ့၊ ငါ ပြောတာ ဟုတ်တယ် မဟုတ်လား။ ”
“ ဒီလို ပုံစံနဲ့ ... ၊ ငါ့ကို စကား ပြောဝံ့တဲ့ လူ တစ်ယောက်မှ မရှိတော့တာ ကြာပြီ၊ ငါတကယ် အသက်ကြီး လာပုံပဲ။ ”
သက်တံဓား သူတော်စင်က မျက်ဝန်းများ မှေးစင်း သွားသည်။
“ ဒီလောက် အထိ ... ၊ နှိမ့်ချနေဖို့ မလို ပါဘူး၊ မင်း အသက်ကြီး နေရင်တောင် မင်းဟာ အရှေ့ဘက် ပျက်စီး မြေရဲ့၊ ဓားသူတော်စင် သုံးပါး ထဲက တစ်ပါး ဖြစ်နေ တုန်း ပါပဲ၊ ...
... အခု မင်း ... ရောက်လာ မှတော့၊ မျက်နှာသာ ပေးလိုက်မယ်၊ မင်း တပည့်ကို ခေါ် သွားလို့ ရပြီ၊ လူငယ်တွေ မောက်မာတိုင်း မကောင်းဘူး၊ သူ့ကို နောက်တစ်ကြိမ် ...
... ကယ်တင်ဖို့ ဆိုတာ၊ မင်း အတွက် လွယ်တာ မဟုတ်ဘူး၊ သက်တံဓား သူတေ်စင် ဒါ ... မင်းခေတ် မဟုတ် တော့တာ သတိ ရပါ။ ”
ချူးချမ်က ယုံကြည်ချက် ရှိရှိဖြင့်၊ ထပ်ပြော လာလေသည်။
“ ဟား ... ဟား ... ဟား ... ၊ အမည်ခံ သူတော်စင် လေးက၊ ဒီလို လေသံ မျိုးနဲ့ ... ငါ့ကို ပြောရဲ တယ်လား၊ မင်းကို ဘာက ရဲဝံ့ စေတာလဲ၊ ကြည့်ရအောင်။ ”
သက်တံဓား သူတော်စင်မှ၊ သူ့အား စိုက်ကြည့် လာသဖြင့်၊ ချူးချမ် တစ်ယောက် အလိုလို ပြန်ကြည့် လိုက်မိသည်။
ဓားတစ်လက်က သူ့ မျက်ဝန်းအား ဖျက်ဆီးလျက်၊ ဦးခေါင်းထဲ ဝင်ရောက် လာ တော့၏။
“ အား ... ငါ့ မျက်လုံး ... ။ ”
သွေးများ စီးကျ လာသော မျက်ဝန်းကို အုပ်ကိုင်လျက်၊ နာကျင်စွာ အော်ဟစ် လိုက်စဉ်၊ သူ့ ဦးခေါင်းမှာ ပြတ်ကျ သွားလေသည်။
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့် သွားစေ၏။ အကြည့် တစ်ချက်ဖြင့်၊ အမည်ခံ သူတော်စင် တစ်ပါးကို၊ ခေါင်းဖြတ်ခြင်း ဖြစ်သည်။
ဒူးထောက် နေသူတိုင်း၊ ချက်ချင်း ခေါင်းပြန်ငုံ့ သွားသည်။ လုံးဝ မော့မကြည့် ရဲတော့ချေ။
သူတို့၏ ဂိုဏ်းများတွင် သူတော်စင်များ ရှိပြီး၊ ၎င်းတို့၏ စွမ်းအားကို မြင်ဖူး ချေသည်။ သို့သော် ဤမျှ အထိ၊ အစွမ်း ထက်သော သူတော်စင် တစ်ပါးကို မတွေ့ ဖူးချေ။
သက်တံဓား သူတော်စင်က လင်းယွန် ရှေ့ဆင်းသက် လာပြီး၊ သူ့အား ပခုံးမှ မတင် ကာ၊
“ ဒါကို သိပ်ပြီး တွေး မနေနဲ့ ... ၊ ငါ အသက်ရှင် နေသရွေ့၊ မင်းကို ဘယ်သူမှ ထိလို့ မရဘူး၊ ငါက ကိုယ်ပွားလေး တစ်ခု ပါပဲ၊ အများကြီး သက်ရောက်မှု မရှိဘူး။ ”
-ဟု နှစ်သိမ့် ပေးလာ၏။
လင်းယွန်က သက်တံဓား သူတာ်စင်ကို မော့ကြည့်ပြီး၊ ပြောစရာ စကားလုံး ရှာမတွေ့ ခဲ့ချေ။
“ မဆိုး ပါဘူး ... ၊ မင်း တကယ်ပဲ နတ်နဂါပြာ အရိုး ရခဲ့ တာကို ... ၊ မင်း အတွက် ဝမ်းသာ ပါတယ်။ ”
သက်တံဓား သူတော်စင်က လင်းယွန် ရင်ဘတ်ကို ကြည့်ပြီး၊ ကျေနပ်ဖွယ် အပြုံးနှင့် ပြောလာသည်။
“ ဘာလို့ စောစော တည်းက၊ ပန်းချီကားကို မသုံး ရတာလဲ။ ”
“ ... တပည့်။ ”
“ သူတို့ ပြောတာ မှန်တယ် ...၊ မင်းရဲ့ ဆရာက အသက်ကြီး နေပြီ၊ နာမည် ပြောရုံနဲ့ လူတိုင်းကို ခြိမ်းခြောက်ဖို့၊ မလုံလောက် တော့ဘူး။ ”
သက်တံဓား သူတော်စင်က စိတ်ပျက် လက်ပျက်နှင့် ဝန်ခံ လိုက်သည်။ ယင်းကြောင့် လင်းယွန်မှာ ထိတ်လန့် သွားပြီး၊
“ ဆရာ ... ၊ သူတို့တွေ စကားကို ... နားမယောင် ပါနဲ့၊ ဒီအဆင့် ကနေ၊ ဆရာ ထွက် လာနိုင် မှာပါ။ ”
“ ဟား ဟား ဟား ... မင်းရဲ့ အားပေး စကားအတွက်၊ ကျေးဇူးတင် ပါတယ်၊ ဒါပေမယ့် လူတိုင်းက တစ်နေ့တော့ အသက်ကြီး လာရ တာပဲ မဟုတ်လား၊ ...
... ငါ သေရမှာ မကြောက် ပါဘူး ... ၊ ဒါကြောင့် ငရဲ ကမ္ဘာ ခန်းမကို အလည် သွားရ လိမ့်မယ်၊ ငါ အသက် ရှင်နေ သမျှ၊ မင်းကို ထိခွင့် မရှိဖူး ဆိုတာ၊ လူတိုင်း သိပါစေ။ ”
စကားဆုံး သည်နှင့်၊ သက်တံဓား သူတော်စင်မှာ လင်းယွန် ရှေ့မှ ရုတ်တရက် ပျောက်ကွယ် သွားတော့သည်။
***