← Chapters

ခွန်အား ... ။

Vol. 110 Ch. 1532

ခွန်အား ... ။

Vol. 110 Ch. 1532

“ သက်တံဓား သူတော်စင်က ငါတို့ကို မသတ်ခဲ့ ဖူးပဲ။ ”

လောက နိယာမ နယ်ပယ် အကြီးအကဲ များက၊ ခေါင်းမော့ကာ ကြောက်ရွံ့သော အသံ များဖြင့် ပြောလာ ကြသည်။

သက်တံဓား သူတော်စင်သည် အသက်ကြီး သော်လည်း၊ သူ့ သွေးမှာ ရဲနေ သေး၏။ စီနီယာ တစ်ယောက် အနေဖြင့်၊ သူ့ တပည့်အား အနိုင် ကျင့် လိုသော်၊ သေရန် အသင့် ရှိနေရ ပေမည်။

ချန်ချောင် နဖူး၌ ချွေးများ ဖုံးလွှမ်း သွားသည်။ သူ့ကိုယ့်သူ သေခြင်းမှ ကယ်တင် လိုက်မှန်း၊ နားလည် လာ၏။

ထို့ပြင် သက်တံဓား သူတော်စင်သည်၊ ချူးချမ်ကို သက်ရုံဖြင့် အားမရ သေးဘဲ၊ ငရဲ ကမ္ဘာ ခန်းမသို့ အလည် သွားချေပြီ။

ထိုခရီးစဉ်တွင် အစုလိုက်- အပြုံလိုက် သတ်ဖြတ်မှု တစ်ခု၊ ဖြစ်ပွား လာနိုင် ပေမည်။ သူတော်စင် များပင် သေဆုံး နိုင်ချေ ရှိ၏။

ထို့ကြောင့် လင်းယွန်ကို တိုက်ခိုက်ခြင်း မပြုခဲ့သည့် အတွက်၊ သူ့ကိုယ်သူ ဝမ်းမြောက် နေမိသည်။

“ သွား ရ အောင် ... ။ ”

ချန်ချောင်က အခြားသော အကြီး အကဲ များကို ကြည့်ကာ ပြောလိုက်သည်။ တူညီသော အမြင်များ ရှိသဖြင့်၊ ခေါင်းညိတ် ကုန်၏။

သည်နေရာ၌ တစ်စက္ကန့် မျှပင်၊ မနေချင် တော့ချေ။ ဤဆုံးရှုံးမှုကို အထက် လူကြီးများမှ၊ အပြစ် တင်မည် မဟုတ်ဟု ယုံကြည်၏။

အချိန် အတော်ကြာ ပြီးနောက်၊ ဂြိုဟ်သိမ် ခါးပတ်လမ်း တစ်ခုလုံး၊ တိတ်ဆိတ် သွားတော့ သည်။ သည်နေရာတွင် တိုက်ပွဲ တစ်ခု ဖြစ်ပွား ခဲ့သည်ဟု ပြောက၊ ယုံရခက် စေ၏။

“ ဆရာ ... ။ ”

လင်းယွန်မှ ရေရွတ် မိသည်။ သူ့ဆရာ သခင်သည် ကိုယ်ပွား ဆင်းသက် ခြင်းဖြင့်၊ သက်တမ်း အချို့ ဆုံးရှုံး နိုင်သည်။

ဤကျေးဇူး တရားကို သတိ အမြဲ ရကာ ဓားဂိုဏ်း အပေါ်၊ ပြန်လည် ပေးဆပ်ရ ပေမည်။ တစ်နေ့တွင် ဆရာ သခင် ကဲ့သို့၊ တန်ခိုးရှင် ဖြစ်လာ နိုင်မည်ဟု မျှော်လင့် မိ၏။

“ အဲဒါ သက်တံဓား သူတော်စင်လား၊ ကိုယ်ပွား ကတောင် တော်တော် အစွမ်းထက် နေတာပဲ။ ”

ရှောင်ယွင်က ခေါင်းကုတ်ကာ ပြောသည်။

“ သက်တံဓား သူတော်စင်ကို ... ၊ နင် ... မသိ ဖူးလား။ ”

အန်းလျူယွင်မှ အံ့သြစွာ မေးသည်။

“ မြင့်မြတ်မြေ တစ်ခုက၊ အရှေ့ဘက် ပျက်စီးမြေ အထိ၊ သူ့ရဲ့ အင်အားကို တိုးချဲ့ဖို့ ကြိုးစား ခဲ့ဖူးတယ်၊ ဒါပေမယ့် သက်တံဓား သူတော်စင်ကို သူတို့ မကျော်နိုင် ခဲ့ဘူး၊ ...

... ဒီတိုက်ပွဲမှာ သူတော်စင် သခင်၊ ဆယ်ပါးကို သတ်ပစ်ပြီး၊ သက်တံ သူတော်စင် က၊ ဓား သူတော်စင် ဘွဲ့ကို၊ ခံယူ ခဲ့တယ်။ ”

“ ငါ မသိဘူး။ ”

ရှောင်ယွင်မှ ခေါင်းခါ၏။ မျိုးနွယ်စု (၈)စု အပြင်၌၊ ဤသို့ သန်မာသော အင်အားစု တစ်စု ရှိနေသည် ဟူ၍၊ ဤခရီးကို မလာခင် ကြားခဲ့ ဖူးရုံသာ ရှိသည်။

“ အစ်ကို လင်း ... ၊ ဒီခရီးစဉ် အတွက်၊ ကျေးဇူးတင် ပါတယ်၊ အစ်ကိုကြီး ရှောင်ဖန်ကို ငါ ပြန်ပြောပြ လိုက်ပါမယ်၊ သူ ကြားရင် ဝမ်းသာ နေမှာပါ။ ”

ထိုစဉ် ဆံပင်ဖြူ ဓားသမားကို၊ လင်းယွန်မှ ပြန်၍ သတိ ရလာသည်။ တစ်ဖက် လူသည် သူ့ ကျေးဇူး၊ အကြွေး တင်နေ သည်ဟု ခံယူထား ပုံရ ချေ၏။

“ မင်း ... ငါတို့နဲ့ လိုက် မလာ ဖူးလား။ ”

“ မလိုပ် တော့ဘူး။ ”

ရှောင်ယွင်က အန်းလျူယွင်ကို လှည့်ကြည့်ကာ ပြုံးပြီး ဖြေ၏။ ထိုအကြည့် ကြောင့် အန်းလျူယွင် ခမျာ၊ မျက်နှာ နီရဲ လာပြီး၊

“ နင် ဘာကြည့် တာလဲ။ ”

-ဟု ရန်ထောင် လိုက်သည်။

“ ဟား ဟား ဟား ... ၊ ကောင်းပြီ ... ကောင်းပြီ ... ၊ ဒါဆို ငါ မကြည့် တော့ဘူး။ ”

“ ရှောင်ဖန်ကို နှုတ်ဆက် တယ်လို့ ပြောပေးပါ၊ ငါ သူ့ကို တိုက်ခွင့် ရဖို့၊ မျှော်လင့် နေပါတယ်။ ”

လင်းယွန်က ဝင်ပြောသည်။

“ ကောင်းပြီ ... စိတ်ချပါ။ ”

ရှောင်ယွင်မှ ခေါင်းညိတ် ပြ၏။ သူ ထွက်သွား ပြီးနောက်၊ လင်းယွန်က နဂါးဖြူ အရိုးကို ထုတ်ယူကာ၊

“ ရော့ ... ။ ”

-ဟု ကမ်းပေး လိုက်သည်။

“ ငါ မယူဘူး ... ဒါကို ရဖို့၊ သခင်လေး လင်းရဲ့ အသက်ကို စွန့်ခဲ့ ရတာ။ ”

အန်းလျူယွင်မှ ခေါင်းခါသည်။

“ အစ ကတည်းက မင်း အတွက်ပါ။ ”

လင်းယွန်က ပြုံးကာ တုန့်ပြန် လိုက်သည်။ ထိုစကားကြောင့် အန်းလျူယွင် ခမျာ၊ မျက်ဝန်း ချင်း မဆုံရဲ တော့ချေ။

“ အလကားတော့ မယူ နိုင်ဘူး ... ၊ ဘာပြန်ပေး ရမလဲ၊ ဘာမဆို တောင်းလို့ ရတယ်။ ”

အချိန် အတော်ကြာ သည့်တိုင်၊ လိုအပ်သော အရာကို တွေးမရ သဖြင့်၊ လင်းယွန်မှ ခေါင်းခါပြ လိုက်သည်။

“ ဘာမှ မရှိ ... ။ ”

( နေ ဦး ... ။ )

ခရမ်းငယ်က ဓားသေတ္တာ ထဲမှ လှမ်းအော် လိုက်သည်။

( လူယုတ်မာ ... ၊ သူတော်စင် နဂါးသွေး ရည်ကြည်ကို၊ နင် ... မေ့ဝံ့တယ် မဟုတ် လား၊ နင် မိန်းမ မမြင်ဖူး ဘူးလား၊ ဟမ့် ... နင်က ငါ့ကို တန်ဖိုး မထားဘူး။ )

“ ငါ ဘာမှ မလို ပါဘူး ... ၊ ဒါပေမယ့် တစ်ခုခုကို မဖြစ် မနေ ယူရမယ် ဆိုရင်တော့ ... ၊ သူတော်စင် နဂါး သွေးရည်ကြည် လိုချင်တယ်။ ”

လင်းယွန်က သူ့ စကားကို အမြန်ပြောင်း လိုက်သည်။

“ သူတော်စင် နဂါး သွေးရည်ကြည်လား၊ ဒါက အဆင်ပြေ ပါတယ်၊ ဘယ်လောက် လိုလဲ လျူယွင် ပေးနိုင်တယ်။ ”

( ကီလို ဂရမ် (၅)သောင်း၊ ကီလို ဂရမ် (၅)သောင်း။ )

ခရမ်းငယ်က စိတ်လှုပ်ရှားစွာ အော်သည်။ ယင်းပမာဏသည် များပြား လွန်းသော ကြောင့်၊ လင်းယွန်မှာ သွေးအန် လုနီးပါး ဖြစ်သွား၏။

“ ကီလို ဂရမ် (၁၀,၀၀၀) ... ။ ”

ကီလို ဂရမ် (၅၀၀၀) သည်ပင်၊ များပြား နေပြီ ဖြစ်ရာ၊ ခရမ်းငယ် တောင်းသော ပမာဏ အား၊ ပြော မထွက် ခဲ့ချေ။ ပြီးနောက် အန်းလျူယွင်ကို ပြန်ကြည့် ကာ၊

“ သူတော်စင် အသီး အနှံနဲ့ ... ၊ ဆေးလုံး တွေကို၊ ကြယ်ခန်းမ အတွက် ဘယ်လောက် ပြန်အပ် ရမလဲ။ ”

-ဟု ဆက်မေး လိုက်သည်။

“ ဒီလောက် လည်း မများ ပါဘူး ... ၊ နတ်နဂါးဖြူ အရိုးရဲ့ တန်ဖိုးနဲ့ ယှဉ်ရင် ... ၊ ပမွှား လေးပါ၊ လျူယွင်က ကီလို ဂရမ် (၂၅၀၀၀) ပေးမယ်၊ ...

... သူတော်စင် အသီး အနှံတွေ ကိုတော့ ရာခိုင်နှုန်း ခွဲပေး မနေနဲ့၊ သခင်လေး လင်းပဲ ယူလိုက်ပါ၊ လျူယွင်တို့ ကြားမှာ ...

... ဒီလောက် အထိလည်း ... ၊ စီးပွားရေး ဆန် နေစရာ မလို ပါဘူး ... ၊ လျူယွင် ပြောတာ ဟုတ်တယ် မလား ... ။ ”

အန်းလျူယွင်က မျက်လုံး မှေးစင်းလျက် ပြောလာ လေသည်။

“ မှန်တယ် ... ၊ ကျေးဇူး တင်ပါတယ်။ ”

ဤအကျိုး အမြတ်သည် များပြား လှ သောကြောင့်၊ လင်းယွန်မှ အံ့ဩစွာ ခေါင်းညိတ် မိသည်။

( ဟီ ဟီး ... ၊ ငါ ဒီမိန်းမကို သဘောကျ လာပြီ ... ၊ လင်းယွန် နင့် မိန်းမက မဆိုးဘူး။ )

“ အဟွတ် ... ဟွတ် ... ။ ”

ခရမ်းငယ် မှတ်ချက်က လင်းယွန်ကို တံတွေး နင်သွား စေသည်။ အန်းလျူယွင်မှ သူ့အား ပြန်ကြည့်ကာ၊

“ ဘာဖြစ် တာလဲ ... ၊ သခင်လေး လင်းရဲ့ ဆရာကို စိတ်ပူ နေတာလား။ ”

-ဟု မေးလာ၏။

လင်းယွန်က ခေါင်းညိတ်ကာ တုံ့ပြန် လိုက်သည်။ ငရဲ ကမ္ဘာ ခန်းမသည် အရှေ့ဘက် ပျက်စီး မြေရှိ၊ မိစ္ဆာ ဂိုဏ်းများ၏ အုပ်စိုးရှင် ဖြစ်သည်။

၎င်းတို့တွင် ဓားဂိုဏ်းထက် ခိုင်မာသော အုတ်မြစ် ရှိ၏။ ဒါကြောင့် စိုးရိမ် နေခြင်းလည်း ဖြစ်သည်။

“ ဒါက အဆိုးဆုံး ရလဒ် ဖြစ်ရင်တောင်၊ ကိုယ်ပွား တစ်ယောက် ပျက်စီး သွားရုံ ပါပဲ၊ အရမ်းကြီး စိတ်ပူ မနေ ပါနဲ့။ ”

အန်လျူယွင်မှ နှစ်သိမ့်လာသည်။

“ အင်း ... မပူတော့ဘူး၊ သွားကြ ရအောင်။ ”

ခုနစ်ရက် အကြာတွင်၊ အရှေ့ဘက် ပျက်စီးမြေ၏ အကြီးဆုံး မြို့တစ်မြို့ ဖြစ်သည့် ‘ပျက်စီးခြင်း ရေ မြို့တော်’သို့ ရောက်ရှိ လာ၏။

နဂါးသွေး ရည်ကြည် ကီလို ဂရမ် (၂၅၀၀၀)သည် များပြား လှသော ပမာဏ ဖြစ် သဖြင့်၊ အပြာရောင် ကျောက်တုံး မြို့၌ ရနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် အန်းလျုယွင်က၊ သည်ပျက်စီးခြင်း ရေ မြို့တော်သို့၊ ဦးတည် လာခဲ့ခြင်း ဖြစ်သည်။

“ ဒီက ကောင်းကင်ဘုံ ဆေးအိုး ခန်းမ ကိုလည်း ... ၊ ကြယ်ခန်းမက ပိုင်တာ လား။ ”

လင်းယွန်မှ မေးသည်။

“ အင်း ... ဟုတ်တယ်၊ တကယ်ဆို ဒီခရီမှာ သံတမန် ငါးယောက် ကျန်သင့်တယ်၊ အခုတော့ အားလုံး သေကုန်ပြီး၊ ဒါက ငါ့ အတွက် အခွင့် အရေး ကောင်းပဲ၊ ...

... ကောင်းကင်ဘုံ ကြယ်ခန်းမရဲ့ ... ၊ အင်အားက ရှုပ်ထွေးပြီး ထျန်းကျွယ်ကြောင့်၊ ပိုလှုပ်ရွ လာနိုင်တယ်။ ”

အန်းလျူယွင်က တွေးဆဆ ဖြင့်၊ ပြော လာသည်။ သူမသည် ရှေးဟောင်း သူတော်စင် မိသားစုမှ ဆင်းသက် သူ ဖြစ်၏။

“ အခု ... ၊ မင်းက ကြယ်ခန်းမရဲ့ သခင်ငယ် ဖြစ်ပြီ၊ မဟုတ် ဖူးလား။ ”

“ အဲဒီလောက် မလွယ် သေးဘူး ... ၊ ထျန်းကျွယ်နဲ့ အခြား သံတမန် တွေရဲ့ နောက်ခံ အင်အားစု တွေက၊ လက် မလျော့ သေးဘူး၊ ...

... အင်ပါယာ နတ်မိစ္ဆာ ... နယ်မြေထဲ ဝင်ခွင့်ကို၊ ဘယ်သူ မဆို ရယူ ချင်တာ သဘာဝ ပါပဲ၊ ဒါပေမယ့် စိတ်မပူနဲ့ ... ၊ နတ်နဂါးဖြူ အရိုးနဲ့ ဆိုရင်၊ ငါ သူတို့ကို ...

... လွယ်လွယ်နဲ့ ... ၊ ကျော်တက် နိုင်ပါ လိမ့်မယ်၊ ပြီးတော့ ဒီတစ်ကြိမ် ... ၊ ငါ ညှာနေ တော့မှာ၊ မဟုတ်ဘူး။ ”

ဤတစ်ကြိမ်တွင် ထျန်းကျွယ်ကြောင့် ကြီးမားသော အရှက် တရားကို ခံစားခဲ့ ရပြီး ဖြစ်သည်။

ရှေ့လျှောက် ပြတ်သား ရပေမည်။ နတ်နဂါးဖြူ အရိုးက ယင်းသို့သော မာနကို ပေးချေ၏။

“ အင်ပါယာ နတ်မိစ္ဆာ နယ်မြေ။ ”

“ ဟုတ်တယ် ... ၊ အင်ပါယာ နတ်မိစ္ဆာ နယ်မြေ ထဲမှာ၊ မိစ္ဆာ ကျင့်ကြံသူတွေ အတွက်၊ အကောင်းဆုံး နည်းစနစ် တွေကို ရှာတွေ့ နိုင်တယ်၊ နှလုံးမဲ့ နတ်မိစ္ဆာ ဧကရာဇ်က ...

... နတ်မိစ္ဆာ တွေကို သတ်လိုက်ပြီး၊ ကောင်းကင် နတ်မိစ္ဆာ ကျမ်းကို ... ၊ ဖန်တီးဖို့ အတွက် အစွမ်းထက်တဲ့ ... ၊ မိစ္ဆာ ပညာရပ် တွေကို စုဆောင်း ခဲ့တယ်၊ ...

... ဒါကြောင့် အင်ပါယာ နတ်မိစ္ဆာ နယ်မြေက ... ၊ မိစ္ဆာ ကျင့်ကြံ သူတွေ အတွက်၊ မြင့်မြတ်မြေပဲ။ ”

ကောင်းကင်ဘုံ ဆေးအိုး ခန်းမသို့ လှမ်းဝင်လျက်မှ အန်းလျုယွင်က ရှင်းပြ လာသည်။

ထို့နောက် ခန်းမ သခင် ပေါ်လာပြီး၊ အန်းလျူယွင်ကို မြင်သော အခါ၊ ပြုံးရွှင်သွား တော့၏။

“ မိန်းကလေး အန်း ... ၊ နောက်ဆုံးတော့ မင်း ပြန်လာပြီ။ ”

“ ဟုတ်တယ် ... ၊ ဒါ ငါ့ ဧည့်သည် ... ၊ သူ့အတွက် အကောင်းဆုံး ကျင့်ကြံရေး ခန်းမကို ပြင်ဆင် ပေးလိုက်ပါ၊ ပြီးတော့ ...

... သူတော်စင် နဂါး သွေးရည်ကြည် (၂၅၀၀၀) ကီလို ဂရမ်ကို၊ ဆယ်ရက် အတွင်း လိုချင်တယ်၊ ဘယ်လောက် ပေးရ-ပေးရ။ ”

အန်းလျူယွင် ညွှန်ကြားချက်ကြောင့်၊ ခန်းမ သခင်မှာ ထိတ်လန့် သွားသည်။

“ ဆယ်ရက် အတွင်း ... ၊ ဒီလောက် များတဲ့ ပမာဏ ရဖို့က ခက်လိမ့်မယ် ။ ”

“ တစ်လ အတွင်း ရလည်း အဆင် ပြေပါတယ်၊ ငါ အလျင် မလို ပါဘူး။ ”

လင်းယွန်မှ ဝင်ပြော လိုက်မိသည်။ ထို့ကြောင့် ၎င်းသည် လင်းယွန် အတွက်မှန်း၊ ခန်းမ သခင်က နားလည် သွား၏။

“ ဒါဆို ရက်နှစ်ဆယ် အတွင်း ရအောင် လုပ်ပေးပါ။ ”

အန်းလျူယွင်က ဆုံးဖြတ်ချက် ချပေး လိုက်သည်။

“ နားလည် ပါပြီ ... ၊ တတ်နိုင် သမျှ စောစော ရအောင် လုပ်လိုက် ပါ့မယ်။ ”

ခန်းမ သခင်က ပြောလာသည်။ အန်းလျူယွင်မှ ခေါင်းညိတ်ပြီး၊ သူမ အခန်းထဲ ဝင်ရောက် သွားကာ၊ နတ် နဂါးဖြူ အရိုးနှင့် ပေါင်းစပ်ရန် ပြင်တော့၏။

လင်းယွန် သည်လည်း၊ ခန်းမ သခင် ပေးသော အခန်း အတွင်း ဝင်ကာ၊ ကျင့်ကြံရန် ပြင်ဆင် မိလေသည်။

သုံးရက် အကြာ၌ ကြယ်စွမ်းအင်နှင့် နဂါး ရောင်ဝါ ပေါင်းစပ်ကာ၊ နတ်ဘုရား ပုံရိပ်ယောင် ဓားကို ဖန်တီး လိုက်၏။

ဧရာမ နဂါး ရောင်ဝါသည် ကျုံ့ဝင်လာ ပြီးနောက်၊ သူ့လက်ညှိုးတွင် လာရောက် စုရုံး လေသည်။

“ ရွှပ် ... ။ ”

နံရံ ပေါ်မှ တောက်ထုတ် လိုက်ရာ၊ ကာကွယ် ထားသော အစီရင်အား ထိုးဖောက်လျက် နံရံထဲ ဝင်သွားသည်။

“ နောက်ဆုံးတော့ ငါ အပြည့် အဝ ထိန်းချုပ် နိုင်ပြီ ... ။ ”

နံရံရှိ အပေါက်ငယ် လေးကို ကြည့်ကာ၊ ရွှင်မြူး သွားသည်။ ဤလျှို့ဝှက် နည်းစနစ်သည် နတ်နဂါးပြာ အရိုးကြောင့် ကြောက်မက်ဖွယ် အမြင့်သို့ ရောက်ရှိ လာပြီ ဖြစ်၏။

“ လက်ရှိ ငါ့ ခွန်အားက ပင်မ နတ်ဘုရား အဆင့် သတ်မှတ်ချက်မှာ၊ ဘယ်လောက် ရှိပြီလဲ သိချင်တယ်။ ”

သူတော်စင် နဂါး သွေးရည်ကြည် အတွက် စောင်ဆိုင်း နေရ သဖြင့်၊ အဆင့် သတ်မှတ်ချက် အပေါ်၊ စမ်းကြည့်ချင် လာလေသည်။

***

All Chapters