← Chapters

ချမ်းသာသောကြောင်ဗိုလ်ချုပ် (၁)

Vol. 11 Ch. 161

ချမ်းသာသောကြောင်ဗိုလ်ချုပ် (၁)

Vol. 11 Ch. 161

"ကြောင်ဗိုလ်ချုပ်က ငါ့ကိုတွေ့ချင်တာလား"

လင်းရှန် အနည်းငယ် အံ့အားသင့်သွားသည်။

"နတ်ဘုရားအတွက် ငါဘာလုပ်ပေးရဖို့လဲ"

"ငါလည်း မသိဘူး။" အိုက်က ခေါင်းခါလေသည်။ “ဗိုလ်ချုပ်က နင်နဲ့တွေ့ချင် တယ်လို့ပဲ ပြောခဲ့တာ။ ဒီည ငါတို့ ပထမဆုံးတွေ့တဲ့လမ်းကို သွားရမှာ။ အဲ့မှာ သူ့ကိုတွေ့လိမ့်မယ်။"

လင်းရှန်က ခေါင်းညိတ်ပြပြီး တွေးတောနေမိသည်။ သူ့မှာ တွေးမိတာတစ်ခုရှိလေ၏

အားလုံး စီစဉ်ထားတဲ့အတိုင်းဆို ကြောင်ဗိုလ်ချုပ်က သူ့အကူအညီကို ထပ်ပြီး လိုအပ်နေလို့ပင် ။

ဝိညာဉ်ကြောင်များနှင့် ပတ်သက်မှု ရှိကောင်းရှိနိုင်သည်။

အမှန်တော့ နတ်ဘုရားဖြစ်သော ကြောင်ဗိုလ်ချုပ်သည် လောကီရေးရာများကို ဂရုမစိုက်တတ်ပေ။ ဝိဉာဉ်ကြောင်မျိုးနွယ်မှသာလျှင် သူ့ကို စိုးရိမ်မှုဖြစ်အောင် လုပ်နိုင်သည်။

လင်းရှန်က အိုက်ခေါင်းကို ပုတ်ပြီး ပြုံးလိုက်သည်။

"ငါနားလည်ပြီ ။ ဒီည ကြောင်ဗိုလ်ချုပ်ကို သွားတွေ့လိုက်မယ်"

ကြောင်ဗိုလ်ချုပ်၏ တောင်းဆိုချက်က သိပ်မခက်ခဲဘူးဆိုလျှင် လင်းရှန်က သူ့ကိုကူညီပေးရတာ ဘာမှ မဖြစ်ပေ။

နောက်ဆုံးတော့ ကြောင်ဗိုလ်ချုပ်က အတောရက်ရောသည်။ သူ့ကိုကူညီသရွေ့ ပြန်ရမှု က အထင်ကြီးလောက်စရာပင်။ ဒါက အပိုငွေရှာဖို့ အခွင့်အလမ်းတစ်ခုပင်။

ညဘက်တွင် လင်းရှန်သည် အိုက်ကို အိမ်မှာထားခဲ့ပြီး တွေ့မည့်နေရာသို့ တစ်ယောက်တည်း ပြေးသွားခဲ့သည်။

ထိုလမ်းထဲသို့ သူဝင်လိုက်သည်နှင့် မြူခိုးများက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ ညကောင်းကင်အောက်တွင် လမ်းသည် ချက်ချင်းပဲ အိပ်မက်ဆန်လာသည်။

ရှေ့ကို လှမ်းကြည့်လိုက်တော့ ရင်းနှီးတဲ့ နတ်ကွန်းတစ်ခုက လမ်းအလယ်မှာ ပေါ်လာသည်။

လင်းရှန် လှမ်းကြည့်လိုက်တော့ နတ်ကွန်းပေါ်ရှိ ကြောင်ရုပ်ထု၏ မှိန်းနေသော မျက်လုံးများသည် ချက်ချင်း အသက်ဝင်လာပြီး သူငယ်အိမ်များ လှည့်ပတ်သွားကြသည်။

နောက်တစက္ကန့်တွင် ရုပ်တုသည် နတ်ကွန်းပေါ်မှ ခုန်ဆင်းလာပြီး မျက်စိတစ်မှိတ် အတွင်း မှာပင် အရပ်ရှည်ပြီး သန်မာသော ကြောင်ဗိုလ်ချုပ်အဖြစ်သို့ ပြောင်းလဲသွားသည်။

“မတွေ့တာကြာပြီ ကျင့်ကြံသူ”

လင်းရှန်က ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်ပြီး သူ့ဆီ တည့်တည့်သွားလိုက်

သည်။

“နတ်ဘုရား ဘာလို့ ကျွန်တော်ကိုခေါ်တာလဲ”

"ငါအကူအညီ တောင်းစရာရှိလို့ “

မျှော်လင့်ထားသည့်အတိုင်းပင်

လင်းရှန်၏ နှလုံးခုန်သံသည် မြန်သွားသော်လည်း သူ့အမူအရာမှာ ပြောင်းလဲမသွား ပေ။

"နတ်ဘုရား ပြောပါ"

ကြောင်ဗိုလ်ချုပ်က ချက်ချင်း ရှင်းမပြပေ။ ယင်းအစား သူသည် မဝေးလှသော မှောင်ရိပ်ထောင့်တစ်ခုကို လှည့်ကြည့်ကာ ညင်သာစွာပြောသည်

"ထွက်လာခဲ့”

သူပြောပြီးသည်နှင့် အရိပ်သည် ရုတ်တရက် ရွေ့လျားလာပြီး ချောမောလှပသော အသွင်အပြင်က ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

အဲ့တာက ကောင်မလေးတစ်ယောက်ပင်

ကောင်မလေးက အသက် ၂၀ လောက်ပဲ ရှိသည်။ သူမသည် ကြွေရုပ်တစ်ရုပ်ကဲ့သို့ပင် လက်ရာမြောက်လှသည်။ သူမသည် သေးသွယ်သော်လည်း ကောက်ကြောင်း လှသည်။ သူမတွင် ခေါင်းမှခြေဖျားအထိ ဖော်ပြ၍ မရနိုင်သော အရိုင်းဆန်သည့်အရောင်အဝါရှိသည်။ သူမ၏ ချပ်ရပ်နေတဲ့ အဝတ်အစားတွေနဲ့ တွဲလိုက်လျှင် ဆွဲဆောင်မှုရှိတဲ့ သတ္တဝါလေးတစ်ယောက်ပင်။

သို့သော် ပို၍အံ့သြစရာကောင်းသည်မှာ မိန်းကလေးသည် သူမ၏ဦးခေါင်းပေါ်တွင် အနက်ရောင်အမွေးနားရွက်လေးတစ်ခု ရှိပြီး သူမ၏တင်ပါးနောက်တွင် တူညီသောအရောင်နဲ့ အမြီးတစ်ခုပါရှိသည်။

ကြောင်မိန်းကလေးလား?

လင်းရှန် အံ့သြသွားသည်။ သူက ကောင်မလေးကို စိတ်ဝင်တစားနဲ့ ကြည့်နေပေမယ့် ဘာမှ မပြောပေ။ သူသည် ကြောင်ဗိုလ်ချုပ်၏ ရှင်းပြချက်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

"သူမက ထန်ယွဲ့ ၊ တိုးတက်ခြင်းအဆင့် ကြောင်နတ်ဆိုးပဲ” ကြောင်ဗိုလ်ချုပ်က

မိန်းကလေးကို လက်ညှိုးထိုးပြပြီး မိတ်ဆက်ပေးသည်။

တိုးတက်ခြင်းအဆင့် ကြောင်မိန်းကလေးလား။

လင်းရှန်၏ နှလုံးခုန်သံက မြန်သွားသည်။ ဒီမိန်းကလေးသည် သရုပ်ဖော်ဆေးပြားကို သောက်ထားသည့် ဝိညာဉ်ကြောင်ဖြစ်ရမည်။

သရုပ်ဖော်ဆေးကို သောက်ခဲ့သော နတ်ဆိုးများသည် လူ့ဒုက္ခကို ကျော်လွှားနိုင်စွမ်းကို ဆုံးရှုံးသွားကြသည်။

ထို့ကြောင့် ၎င်းတို့၏ဘဝတွင် လူသားဒုက္ခကို ဘယ်သောအခါမှ ကျော်ဖြတ်ရန် အခွင့်မရှိပါက တက်ကြွခြင်း အဆင့်တွင် ရှိနေပါစေ ၊ မည်သည့်နတ်ဆိုးမှ သရုပ်ဖော်ဆေးကို အလွယ်တကူ စားသုံးနိုင်မည်မဟုတ်ပေ။

ထိုသို့လုပ်ဆောင်သူ အများစုမှာ လူသားများ၏ ဖမ်းဆီးခြင်းခံရပြီး ကျွန်များအဖြစ် အသုံးပြုခံရသော နတ်ဆိုးများဖြစ်သည်။

လင်းရှန်အတွေးတွေကို မှန်းဆမိတဲ့အတိုင်း ကြောင်ဗိုလ်ချုပ်က ရှင်းပြသည်။

"ထန်ယွဲ့က အရင်က အစေခံအဖြစ် ယဉ်ပါးလာအောင် လေ့ကျင့်ပေးချင်တဲ့ သူတွေရဲ့ သရုပ်ဖော်ဆေး အတင်းအကြပ် ကျွေးတာခံခဲ့ရတာ။ ကံကောင်းလို့ သူမကို အချိန်မီကယ်တင်နိုင်ခဲ့တာ။ အခုတော့ သူမက နစ်မြှပ်ခြင်းလမင်း အဖွဲ့ဝင်ဖြစ်နေပါပြီ။"

"နစ်မြှပ်ခြင်းလမင်းလား?" လင်းရှန်က မျက်ခုံးပင့်လိုက်သည်။

"နစ်မြှပ်ခြင်းလမင်းက လူဆိုးတွေဖမ်းထားတဲ့ ဝိညာဉ်ကြောင်တွေကို ကယ်တင်ဖို့ အထူးပြုဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုပါ” ထန်ယွဲ့ကပြောတာ ဖြစ်သည်။

ကောင်မလေး၏ အမူအရာသည် လေးနက်တည်ကြည်ပြီး လရောင်အောက်တွင် သူမမျက်လုံးများက ကျောက်မျက်ရတနာကဲ့သို့ တောက်ပနေသည်။

“အဖွဲ့အစည်းထဲက အဖွဲ့ဝင်တွေအားလုံးက ကျွန်မလိုပဲ ကယ်တင်ခံရတဲ့ ဝိညာဉ်ကြောင်တွေပါ။ ဒီမြို့မှာ ဘေးဒုက္ခကြုံခဲ့ရတဲ့ ဝိညာဉ်ကြောင်တွေအားလုံးကို ကယ်တင်ဖို့ အစွမ်းကုန်ကြိုးစားမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်။”

ဒါကို သူမျှော်လင့်ထားပေမဲ့ ထန်ယွဲ့ကိုယ်တိုင်ပြောတော့ လင်းရှန် အံ့ဩနေတုန်းပင်။

နဂါးမြို့တော်တွင် ကြောင်နတ်ဆိုးများ သက်သက် ဖွဲ့စည်းထားသော ဂိုဏ်းခွဲတစ်ခု ရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ကိုယ်ခံပညာတည်မြဲရေးစံအိမ်က ဒါကို မသိဘူးလား။

လင်းရှန်သည် ကြောင်ဗိုလ်ချုပ်ကို စိုက်ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်နေသည်။

ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ စွမ်းရည်နဲ့ ယင်းအကြောင်းကို ၎င်းတို့ မသိနိုင်စရာ အကြောင်းမရှိပေ။ ဤအဖွဲ့အစည်းကို တည်ထောင်ပြီး တည်ရှိနေနိုင်တာက ကြောင်

ဗိုလ်ချုပ်၏ အကာအကွယ်ကြောင့်လည်း ဖြစ်နိုင်ချေများသည်။

ဝိညာဉ်ကြောင်များဖြင့် ဖွဲ့စည်းထားသော ဂိုဏ်းခွဲတစ်ခုရှိတာဆိုတော့ အခြား ဝိညာဉ်သားရဲအမျိုးအစားများကော မရှိနေနိုင်ဖူးလား

နောက်ဆုံးတွင် ကြောင်မိန်းကလေးများသာ နဂါးမြို့တော်တွင် အလားတူအခြေ အနေမျိုးရှိသည့် ဝိညာဉ်ရေးရာသားရဲများမဟုတ်ပေ။ ခွေးကလေးများ ၊ ရေသူမများ အစရှိသည်တို့လည်း ရှိခဲ့သည်။

ကြောင်ဗိုလ်ချုပ်နဲ့ ထန်ယွဲ့တို့က သူ့ကို ဘာအကူအညီတောင်းမယ်ဆိုတာ အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

မျှော်လင့်ထားသလိုပဲ နောက်တစက္ကန့်မှာ ထန်ယွဲ့က ပြောသည်။

“လွန်ခဲ့တဲ့တစ်လက ငွေအကြေးခွံ့မြို့မှာ ဝိညာဉ်ကြောင်တွေ အမြောက်အမြား ဖမ်းခံထားရတဲ့နေရာကို ရှာတွေ့ခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်မတို့ ဝင်ဖို့ ကြိုးစားခဲ့ပေမယ့် တစ်ဖက်က မိသွားတယ်။ ကြောင်တွေကို ပိတ်ထားတဲ့နေရာကို ရှာမတွေ့ခင်မှာပဲ ကျွန်မတို့ကို ရှာတွေ့သွားတယ်။ ပြီးတော့ အဲ့မှာ

ဝိညာဉ်ကြောင်တွေကို ကယ်တင်ဖို့ ပျက်ကွက်ခဲ့ရုံသာမကဘဲ ဆုံးရှုံးမှုတွေလည်း ကြုံခဲ့ရသေးတယ်။”

ငွေအကြေးခွံ့မြို့သည် နဂါးမြို့တော်၏ လက်အောက်ခံမြို့များထဲမှတစ်ခုဖြစ်သည်။

နာမည်အရဆိုလျှင်ပင် မြို့သည် နဂါးမြို့တော်၏ အခွဲမြို့တစ်ခုသာဖြစ်သည်။ ၎င်း၏ ပထဝီဝင်အနေအထားနဲ့ ပတ်ဝန်းကျင်ရှိ အရင်းအမြစ်များ နည်းပါးခြင်းကြောင့် ၎င်းကို နဂါးမြို့တော်မှ တန်ဖိုးမထားပေ။

၎င်းတို့သည် နှစ်တိုင်း နဂါးမြို့တော်မှ ပေးသော ကာကွယ်မှုကို အကန့်အသတ်နဲ့သာ ရရှိခဲ့သည်။

သို့သော် လက်အောက်ခံမြို့ကို မြို့ကာကွယ်ရေးအခင်းအကျင်းဖြင့် အကာအကွယ် မပေးသည့်အပြင် ဂိုဏ်းကြီးသုံးခု၏ ဌာနချုပ်ကလည်း ၎င်းအပေါ်တွင် အုပ်စိုးထားခြင်းမရှိပေ။ ထို့ကြောင့် ၎င်းသည် နဂါးမြို့တော်ထက် ပိုမိုရှုပ်ထွေးလေ့ရှိသည်။ ငြိမ်းချမ်းရေးအတုအယောင်အောက်မှာ အမှောင်ခြမ်းတွေ ပြည့်နှက်နေသည်။

ငွေအကြေးခွံ့မြို့လိုနေရာမျိုးမှာ ဝိညာဉ်ကြော င်များကို ရောင်းချရန် အဖွဲ့အစည်းတစ်ခုပေါ်လာခြင်းက အံ့သြစရာမဟုတ်ပေ။

"အဲ့တော့ မင်းနဲ့အတူ ခိုးဝင်ပြီး ဖမ်းခံထားရတဲ့ ကြောင်တွေကို ကယ်စေချင်တာလား"

All Chapters