← Chapters

ဆင့်ကဲ ရွေ့လျားခြင်း ပညာ ရပ်နှင့်၊ နဂါး ပိတ်လှောင်ခြင်း သံကြိုး။

Vol. 110 Ch. 1534

ဆင့်ကဲ ရွေ့လျားခြင်း ပညာ ရပ်နှင့်၊ နဂါး ပိတ်လှောင်ခြင်း သံကြိုး။

Vol. 110 Ch. 1534

လင်းယွန် အကြည့်က (၁၀၀) ပေါ်သို့ ကျသွားသည်။ ဤအမည်သည် ကောင်းကင် တာအို ဂိုဏ်းမှ၊ အမျိုး သမီး တစ်ဦး၏ အမည် ဖြစ်ပေ၏။

အမည်ကို လက်ညှိုးဖြင့် နှိပ်လိုက်ရာ၊ အမျိုးသမီး၏ အချက် အလက်များ ထွက်ပေါ် လာသည်။

ထိပ်တန်း ရာဂဏန်း အထိ၊ ရောက်အောင် စွမ်းဆောင် နိုင်သူ များမှာ၊ မည်သို့မျှ အားနည်း နိုင်မည် မဟုတ်ချေ။

၎င်းတို့ အားလုံးသည် ဘီလူး အိုကြီးများ သို့မဟုတ် အကြွင်းမဲ့ ဉာဏ်ကြီး ရှင်များ ဖြစ်ပေ၏။

ပိုင်ရှုရင်သည် ရှေးဟောင်း သူတော်စင် မိသားစုမှ ဖြစ်ပြီး၊ ကောင်းကင် တာအို ဂိုဏ်း၌၊ အမာခံ တပည့် ဖြစ်သည်။

အသက် (၁၃) နှစ်တွင်၊ အင်ပါ ရီယန် နယ်ပယ် အထွတ် အထိပ်သို့ ရောက်ရှိ ခဲ့ကာ၊ အသက် (၁၄)နှစ်၌ ပင်မ နတ်ဘုရား နယ်ပယ် ကို၊ ရောက်ရှိ ထားသူ ဖြစ်၏။

အသက် (၁၈) နှစ် ရောက်သော်၊ ကောင်းကင် အဆင့် ပင်မ နတ်ဘုရား ဖြစ်လာ သည်။ လက်ရှိ အဆင့်ကို အသက် (၂၁) နှစ်ဖြင့်၊ ရယူ ထားခြင်း ဖြစ်သည်။

ကြယ်ကိုးပွင့် ဖြစ်သောကြောင့်၊ ပြိုင်ဘက် ကောင်း တစ်ဦး ဖြစ်လေရာ၊ ခေါင်းညိတ် လိုက် မိသည်။

“ ဒီအဆင့်ကို ... သူ ဘယ်တုန်းက စိန်ခေါ် ခဲ့တာလဲ။ ”

လင်းယွန်မှ မေးမိသည်။

“ လွန်ခဲ့တဲ့ နှစ်နှစ် ... ။ ”

“ ဒါဆို ... အခု ဒီထက် သန်မာ နေပြီပေါ့။ ”

“ အမှန်ပဲ ... ၊ သူ နဂါးသွေး လွှတ်ကြော နယ်ပယ်ကို ရောက်နေပြီ။ ”

ဆိုလို သည်မှာ ဤနှစ်များ အတွင်း၊ သူမအပေါ် မည်သူမှ အနိုင်ယူ နိုင်ခြင်း မရှိဟု အဓိပ္ပါယ်ရ ချေ၏။

ထို့ကြောင့် သက်ပြင်းချ မိသည်။ နတ်နဂါး ပြာ အရိုး ရှိရုံဖြင့်၊ လူတိုင်းကို အနိုင်ယူ နိုင်မည် မဟုတ်ကြောင်း သိလိုက် ရသည်။ အရှေ့ဘက် ပျက်စီး မြေသည် ပြိုင်ဆိုင်မှု ပြင်းထန် လှ၏။

ပြိုင်ဘက်ကို ရွေးချယ် ပြီးနောက်၊ နဂါး ဝိညာဉ်က ပိုင်ရှုရင် အဖြစ်သို့ ပြောင်းလဲရန် အချိန် အနည်းငယ် ယူလိုက်သည်။

“ တစ်ယောက်က ငါ့ကို ရွေးခဲ့ တာလား။ ”

သြဇာသံ ပြည့်ဝသော အသံ၊ ပဲ့တင်ထပ် လာ၏။ ဓားရှည် တစ်လက် ကိုင်ဆောင်လျက်၊ သူရဲကောင်း ဆန်သော မိန်းမလှလေး တစ်ဦး ထွက်ပေါ် လာသည်။

၎င်းသည် ကိုယ်ပွား တစ်ခုသာ ဖြစ်သော်လည်း၊ လင်းယွန်က မိတ်ဆက် စကားဆို လိုက်သည်။

“ ဓားဂိုဏ်းရဲ့ လင်းယွန် ... ။ ”

“ စလိုက် ရအောင် ... ။ ”

ပိုင်ရှုရင်က အချိန် မဖြုန်းဘဲ၊ အလယ် အလတ်တန်း အဆင့်၊ တစ္ဆေ ဝိဉာဉ် ဓားရေး တစ်ရပ်ကို ထုတ်ဖော် လာ၏။

အဆင့်နိမ့် တစ္ဆေ ဝိညာဉ် ပညာ ရပ်များ သည်ပင်၊ အလွန် ကြောက်စရာ ကောင်းလှပြီ ဖြစ်ရာ၊ အလယ် အလတ် အဆင့် ဟူသည် ဆိုဖွယ် မရှိချေ။

ထို့အပြင် ပင်မ နတ်ဘုရား တစ်ပါး အနေဖြင့်၊ အဆင့်နိမ့် တစ္ဆေ ဝိညာဉ် ဓားရေး တစ်ရပ်ကို၊ လေ့ကျင့်ရန် ခက်ခဲ လှ၏။

သူမ ဓားကို ဆွဲထုတ် လိုက်သော အခါတွင်၊ ခန်းဆောင် တစ်ခုလုံး နှင်းပွင့်များ ဖုံးလွှမ်း သွားပြီး၊ ကြောက်စရာ ကောင်းသော အအေး လှိုင်းများ ထွက်ပေါ် လာသည်။

သတိထား ကြည့်သော်၊ နှင်းပွင့် များမှာ၊ ယင် မီးတောက်များ ဖြစ်ကာ၊ အတွင်း၌ သူတော်စင် ရူရ် ပါရှိ ချေ၏။

နှင်းနှင့် မီး ရည်ရွယ်ချက်ကို ပေါင်းစပ် ထားပြီး၊ ဝိညာဉ် ရေးရာ ကျွမ်းကျင် မှု ကိုပင် ထည့်သွင်း ထားသည်။

ဤသို့ ရူရ် များကို ဓားရေး၌ ပေါင်းစည်း ထားခြင်းမျိုး မမြင် ဖူးချေ။ နားလည် နိုင်စွမ်းမှာ၊ အနည်းငယ် ကြောက်စရာ ကောင်းသည်။

နတ်နဂါးပြာ အရိုး နှင့်၊ အမည်ခံ ကောင်းကင် အမိုးဓား ရည်ရွယ်ချက် မရှိသော်၊ သူမ ထံမှ ဓားတစ်ချက် ကိုပင် တားဆီး နိုင်မည် မဟုတ်ချေ။

“ ချွင် ... ။ ”

လင်းယွန်က ဓားကို ဆွဲထုတ်ပြီး၊ ဓားရောင်ခြည် (၃၆) စင်းကို ထပ်ကာ- ထပ်ကာ ထုတ်လွှတ် လိုက်သည်။

‘ကောင်းကင်’ ဟူသော စကားလုံး ဖြစ်ပေါ် လာပြီး၊ ပိုင်ရှုရင် ဓားကို ဟန့်တား တော့သည်။ သို့သော် ဓားက ကောင်းကင်ကို ထိုးခွဲ သွား၏။

ထို့ကြောင့် ကောင်းကင်မှာ ကွဲအက်လျက်၊ ဓားဖျားက လင်းယွန် ထံသို့ ဆက်၍ တိုးဝင်လာ ခဲ့လေသည်။

“ မင်း ရှုံးပြီ ... ။ ”

“ သေ ချာ လား ... ။ ”

လင်းယွန်က သူ့ လက်ဖြင့် နတ်ဘုရား ပုံရိပ်ယောင် ဓားကို ထုတ်လွှတ် လိုက်သည်။ စူးရှသော ဓားရောင်ခြည် တစ်စင်းက ပြေးထွက် လာသဖြင့်၊ ပိုင်ရှုရင် ခမျာ ချက်ချင်း ပြန်ဆုတ် လိုက်ရသည်။

ထို့အတူ လင်းယွန် သည်လည်း ခြေ တစ်လှမ်း ဆုတ်ကာ၊ နောက်ထပ် ကောင်းကင် ဟူသော စကား လုံးအား၊ ဖန်တီး ပြန်၏။

ယင်းကြောင့် ပိုင်ရှုရင် တစ်ယောက် ကူကယ်ရာ မဲ့စွာဖြင့်၊ ထိုကောင်းကင် အပေါ်၊ ဟန့်တားရန် ဓားဖြင့် ကာသည်။

သို့တိုင် သက်ရောက် မှုက၊ သူမအား နံရံသို့ တွန်းပို့ ခဲ့၏။

“ စိတ်ဝင် စားစရာပဲ။ ”

လင်းယွန်ကို ပြန်ကြည့်လျက် ပိုင်ရှုရင်က လေးနက် လာသည်။

“ ဒါက သွေးပူ လေးပါ။ ”

လင်းယွန်က ပြုံးကာ ပြောပြီး၊ ဓားကို ခုတ်လွှဲ လိုက်ရာ၊ ကောင်းကင် ဟူသော စကား လုံးမှာ ပြန့်ကျဲ သွားသည်။

သည့်နောက် ဆွဲငင်အား ပေါ်လာပြီး၊ လင်းယွန် တစ်ယောက် ပျောက်ကွယ် သွား တော့သည်။

ပိုင်ရှုရင် ခမျာ ရုတ်တရက် နှေးကွေး လာသဖြင့်၊ ရေွ့လျားမှု နည်းစနစ်ကို ချက်ချင်း ထုတ်ဖော် လိုက်ရသည်။

ပြီးနောက် သူမကိုယ် သူမ ကာကွယ်ရန် ကြယ်စွမ်းအင် အလွှာကို ထပ်တိုးလျက်၊ ရှောင် တိမ်း မိ၏။

“ ဝှစ် ... ။ ”

ယင်းက အနည်းငယ် ဣန္ဒြေ ပျက်လှ သော်လည်း၊ လုံးဝ လွတ်မြောက် သွားသည်။ ထိုအချိန်တွင် မြေကြီး ဟူသော စကားလုံးများ ဖြစ်ပေါ် လာပြီး၊ သူ့ ဘေးတွင် ကောင်းကင် ပါ ဝေ့ဝဲ ဖြစ်တည် လာ ပြန်၏။

‘ကောင်းကင်’ နှင့် ‘မြေကြီး’ ထင်ရှား လာချိန်၌၊ ပတ်ဝန်းကျင် နေရာလွတ် တစ်ခုလုံး ပျက်ယွင်း လာသည်။

“ ရွှပ် ... ။ ”

ပန်းသင်္ချိုင်း ဓားက အခွင့် အရေးကို သားကောင်ကို တွေ့ရှိ သွားသော ကျား ကဲ့သို့၊ သူမ ခါးအား ပိုင်းဖြတ်ရန် ဝင်လာ လေသည်။

ထိုကြောင့် ဘယ်လက်နှင့် ဝိညာဉ် ရေးရာ ပန်းချီကား တစ်ချပ် ဖန်တီးပြီး၊ ဟန့်တားရန် ပြင်သည်။

သူတော်စင် ရူရ် များဖြင့် ဖွဲ့တည် ထားသော နှင်းကြာပန်း ပေါ်လာ၏။ နှင်းကြာပန်း ဝတ်ဆံ၌ မီးရည်ရွယ် ရှိပြီး၊ ဓားရည်ရွယ် ချက်နှင့် ထိပ်တိုက် တွေ့သည်။

“ ခရစ် ... ။ ”

ရုတ်တရက် ကြာပန်း ကွဲအက်လာ သောကြောင့် မပေါက် ကွဲမီ၊ ရွှေကျီးကန်း အသွင် ပြောင်းခြင်း ကိုးမျိုးဖြင့်၊ လင်းယွန်မှ ပြန်ဆုတ် လိုက်သည်။

“ ဘယ်လိုတောင် ... နက်နဲ လှတဲ့ ဓားရေးမျိုးလဲ ဓားတာအိုမှာ၊ မင်းနဲ့ ယှဉ်နိုင်တဲ့ လူ ရှိမှာ မဟုတ်ဘူး။

ပိုင်ရှုရင်က လေးစားစွာ ဆိုသည်။

“ မင်းရဲ့ ရွေ့လျားမှု ပညာ ရပ်က ထူးဆန်းတယ်၊ ကြည့်ရတာ အဆင့်မြင့် တစ္ဆေ ဝိညာဉ် ပညာရပ် ဖြစ်မယ် ထင်တယ်။ ”

လင်းယွန်မှ ပြောသည်။

“ ထက်မြက်တယ် ... ၊ ဒါပေမယ့် ဒီရွေ့လျားမှုကို ... ငါ မကျွမ်းကျင် သေးဘူး၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ...

... ရောက်မှသာ ဆုပ်ကိုင် နိုင်မှာ၊ အဲ့ဒီ အချိန် ကျရင် ... ၊ ငါ့ရဲ့ တိုက်ခိုက်ရေး ပညာရပ် တွေနဲ့ ချိတ်ဆက် နိုင်လိမ့်မယ်။ ”

တစ်ဖက် လူကို လေးစား သောကြောင့် ပိုင်ရှုရင်က လျှို့ဝှက်ချက်အား ထုတ်ဖော် ရှင်းပြ မိသည်။

“ ဟိတ် ... ။ ”

သို့သော် ဤသည်မှာ တိုက်ပွဲ ဖြစ်သဖြင့် အသက်ရှူ ဝသော အခါတွင်၊ နောက်တစ်ကြိမ် တိုက်ခိုက် လိုက်ကြ ပြန်၏။

“ ဝှစ် ... ။ ”

သည်တစ်ကြိမ်၌ လင်းယွန်၏ တိုက်ခိုက်မှု တိုင်းကို ‘ဆင့်ကဲ့ ရွေ့လျားမှု နည်းစနစ်’ သုံးပြီး၊ ပိုင်ရှုရင်မှ ရှောင်ရှား တော့သည်။

အဆင့်မြင့် တစ္ဆေ ဝိညာဉ် ပညာရပ် ဖြစ် သဖြင့်၊ ပင်မ နတ်ဘုရား ကျွမ်းကျင်သူ များကို ကောင်းစွာ လှည့်စား နိုင်၏။

လေထဲ ပန်းပွင့် များသာ လွင့်နေပြီး၊ ပိုင်ရှုရင်အား မမြင်ရ တော့ချေ။ ထို့ကြောင့် လင်းယွန်က ရွှေကျီးကန်း တောင်ပံ များကို ဆင့်ခေါ် လိုက်ရသည်။

သူတော်စင် ရူရ်ပေါင်း နှစ်သောင်း လောင်ကျွမ်းလျက်၊ ရွှေရောင် တောင်ပံ တစ်စုံ ပေါ်လာ၏။

“ ဖရူး ... ။ ”

တောင်ပံများ ကို ခတ်လိုက် သောအခါ၊ အကန့် အသတ်မဲ့ စွမ်းအင် လှိုင်းများ ပေါက်ကွဲ ပြီး၊ ခြေရာ ဖျောက်နေသော ပိုင်ရှုရင်ကို ထွက်ပေါ် လာစေ၏။

ထို့နောက် သူမ နဖူးထံ ဓားဖြင့် ထိုးသွင်း ပစ်သည်။ မြန်လွန်းသော အရှိန်ကြောင့် ၎င်းက ရှောင်ချိန် မရတော့ဘဲ၊ လက်နှစ် ချောင်းဖြင့် ညှပ်ကာ၊ ဓားကို ဖမ်းယူသည်။

လင်းယွန်က အားစိုက်ကာ ဆက်၍ ထိုးသွင်းရန် ကြိုးစား လိုက်သော အခါတွင်၊ သူမ လက်ချောင်း များမှ တဆင့်၊ သူတော်စင် ရူရ်များက ဓားပေါ် စီးဝင် လာသည်။

“ မကောင်း တော့ဘူး ... ။ ”

ဆိုးရွားသော ခံစားချက် ရရှိလာ သဖြင့် လင်းယွန် ခမျာ ရုတ်တရက် ဓားကို လွှတ်ကာ၊ နောက်ဆုတ်ရန် စဉ်စား မိသည်။

“ အရမ်း နောက်ကျ သွားပြီ ... ၊ တံဆိပ်ဖွဲ့ ။ ”

ပိုင်ရှုရင်က ပြုံးလျက် ပြောလာသည်။ သူတော်စင် ရူရ် များက ဓား တစ်လျှောက် လျင်မြန်စွာ စီးဝင်ပြီး၊ လင်းယွန်၏ ရောင်ဝါ သမုဒ္ဒရာကို၊ ပိတ်လှောင် လေသည်။

ဆိုလို သည်မှာ လောင်စာ စွမ်းအင် ပြတ်တောက် သွားသော အင်ဂျင် တစ်ခု ကဲ့သို့ ချက်ချင်း ရပ်တန့် သွားခြင်း ဖြစ်၏။

“ မင်း ... ရှုံးပြီ။ ”

ချွေးများ စီးကျ လျက်မှ၊ ပိုင်ရှုရင်က ပြောသည်။ သို့သော် ပျော်ရွှင်ခြင်း မရှိ နိုင်ချေ။ ဤနည်းစနစ်သည် တန်ဖိုး ပေးရနှုန်း ကြီး၏။

လင်းယွန်က အကြိမ်ပေါင်း များစွာ ကြိုးစားကြည့် သော်လည်း၊ ထိုရူရ် များကို မဖယ်ရှား နိုင်ချေ။ ရောင်ဝါ သမုဒ္ဒရာမှာ အေးခဲသွား သည်။

၎င်းမှာ ကျင့်ကြံမှု ပိတ်ဆို့ ခံရခြင်း မည်၏။ ကြယ်စွမ်းအင် မရှိတော့ သည့်နောက်၊ သာမန် လူ တစ်ဦးနှင့် မခြား တော့ပေ။

“ နဂါး ပိတ်လှောင်ခြင်း သံကြိုးက ... ၊ နဂါးသွေး လွှတ်ကြော နယ်ပယ်က ကျွမ်းကျင် သူကိုတောင် ကန့်သတ် နိုင်တယ်၊ ဒီဝှက်ဖဲ ...

... အသုံး ပြုလိုက် ရတဲ့ အတွက်၊ ငါ စိတ်မကောင်း ပါဘူး၊ မင်း သန်မာတယ် ဆိုတာ ဝန်ခံ ပါတယ်။ ”

ပိုင်ရှုင်က နှစ်သိမ့် ပေး လာသည်။ ဤနည်းစနစ်ကို သုံးခြင်းဖြင့် လင်းယွန် အပေါ် တရား မျှတမှု မရှိဟု၊ သူမကိုယ် သူမ ခံစား နေရ၏။

“ ကြယ်စွမ်းအင်ကို အသုံး မပြုနိုင် ရင်တောင် ... ၊ ငါ့မှာ မင်းကို အနိုင် ယူဖို့၊ နည်းလမ်း သုံးမျိုး ရှိတယ်။ ”

နဂါး ပိတ်လှောင်ခြင်း သံကြိုးသည်၊ အစွမ်းထက် သဖြင့်၊ ၎င်းကို အသုံးပြု ရသော ပိုင်ရှုရင် ခမျာ၊ တန်ကြေး တစ်ခု ပေးဆပ် ရပေမည်။

“ နည်းလမ်း သုံးမျိုး တောင် ... ဟုတ်လား။ ”

ပိုင်ရှုရင်က မယုံကြည် နိုင်စွာဖြင့် ပြန်ကြည့်၏။ လင်းယွန်မှ ဓားဝိညာဉ် နှစ်ပါးကို ဆင့်ခေါ်လျက် ခေါင်းညိတ် ပြသည်။

“ ထွက်လာခဲ့ ... ။ ”

မိုးပြာ နဂါး ဓားဝိညာဉ်က၊ မျက်ခုံး နှစ်ခုကြား ရွှေပင်လယ် အတွင်းမှ ပျံထွက် လာ လေသည်။

“ ဝေါ့ ... ။ ”

ယင်းကြောင့် ပိုင်ရှုရင်မှာ သွေးအန်ပြီး၊ နံရံသို့ လွင့်စဉ် ထိမှန်၊ ပြုတ်ကျ သွားတော့၏။ သို့သော် အရှုံးကို လက်မခံလို သဖြင့်၊ နှင်းနှင့် မီး ရည်ရွယ်ချက်အား တွန်းထုတ်ကာ ကြမ်းပြင်ကို ပုတ်ပြီး ထရပ် လိုက်သည်။

“ ဒါပဲလား ... ။ ”

“ လာ ဦးမယ်။ ”

လင်းယွန်က လက်ဝှေ့ ယမ်းလျက်၊ နတ်နဂါးပြာ အရိုးအား အသက်သွင်း လိုက်လေသည်။

နဂါး ရူရ် နှစ်သောင်း အသက် ဝင် လာပြီး၊ ပိုင်ရှုရင်အား ကြိုး တစ်ချောင်း ကဲ့သို့ တုပ်နှောင် တော့သည်။

ထို့ကြောင့် ပိုင်ရှုရင် ခမျာ၊ အသက် ရှူရ ခက်ခဲ လာကာ၊ မျက်နှာ နီရဲ သွားရ လေသည်။

“ လွှတ် စမ်း ... ။ ”

သူမ တကယ် ဒေါသထွက် လာ၏။ နဂါး ပိတ်လှောင်ခြင်း သံကြိုးကို အသုံးပြု မိသည့် အပေါ်၊ အစောပိုင်းက သူမကိုယ် သူမ အပြစ် ရှိသူ အဖြစ်၊ ခံစား နေမိ ခဲ့သည်။

သို့သော် ဤသည်မှာ သူမ၏ အမြင် ဖြစ်သည်။ ပြိုင်ဘက်သည် သူမ အပေါ် တစ်ချိန် လုံး၊ ကစား နေခဲ့သည်။

ဓားနှစ်လက် ဝိညာဉ်နှင့် နတ်နဂါး အရိုးကိုသာ စောစော ထုတ်ပြ ခဲ့ပါက၊ ဤမျှ ဇာတ်လမ်း ရှည်နေမည် မဟုတ်ချေ။

***

All Chapters