← Chapters

ထူးဆန်းသော တံငါသည် အဖိုးအို။

Vol. 110 Ch. 1535

ထူးဆန်းသော တံငါသည် အဖိုးအို။

Vol. 110 Ch. 1535

နဂါး ရူရ်များကို ပြန်ခေါ် လိုက် သည်နှင့် ပိုင်ရှုရင်က ကြမ်းပြင်ပေါ် လဲကျသွား လေသည်။ သူမ မျက်နှာ နီရဲ နေပြီး၊ ပြန်လည် ထိန်းညှိရန် ခဏမျှ အနားယူ နေခဲ့သည်။

“ ဒဏ်ရာလည်း ဒီလောက် မပြင်း ပါဘူး၊ ဘာလို့ ပျော့ခွေ နေရတာလဲ။ ”

လင်းယွန်က အံ့သြသော လေသံဖြင့် မေးလိုက်သည်။

“ အဆင့်မြင့် တစ္ဆေ ဝိညာဉ်နဲ့၊ နဂါး ပိတ်လှောင်ခြင်းကို သံကြိုးကို သုံးဖို့၊ လွယ်တယ်များ ထင်နေ သလား။ ”

နဂါးသွေး လွှတ်ကြော မရောက်မီ၊ တစ္ဆေ ဝိညာဉ် ပညာရပ် များကို မလေ့ကျင့် ရဟု၊ ဆရာ သခင်မှ တားမြစ်ခဲ့ သည်အား၊ လင်းယွန် တစ်ယောက် ပြန်သတိ ရလာ၏။

“ ဒီခန်းမ ထဲမှာ ... ငါ့ရဲ့ အင်အားကို ကန့်သတ် ထားတယ်၊ ပြင်ပ ကမ္ဘာမှာ ဆိုရင် ဘယ်သူ နိုင်မယ် ဆိုတာ မသေချာ ပါဘူး။ ”

ပိုင်ရှုရင်က မကျေမနပ် ဆိုသည်။ သူမ စကားကြောင့် လင်းယွန်မှ ပြုံးပြီး၊ စကားပြန် မပြော တော့ချေ။ ထိုလုပ်ရပ် ကပင် သူမကို အထင် သေးနေ သည်ဟု မြင်ကာ ဒေါသ ထွက်လာ တော့၏။

“ ဘာလဲ ... နင်က ငါ့ပြောတာကို မယုံ ဖူးလား။ ”

“ မဟုတ်ဘူး ... ယုံတယ်၊ ဒီခန်းမ ထဲမှာ ကောင်းကင်နဲ့ မြေကြီး၏ စွမ်းအားကို ငှားရမ်းဖို့ မဖြစ် နိုင်ဖူး ဆိုတာ ငါ နားလည်တယ်၊ မဟုတ် ရင် မင်းရဲ့ ရူရ်တွေက အစွမ်းထက် နေမှာ။ ”

လင်းယွန် အဖြေကြောင့် ပိုရှုရင်က ကျေနပ် သွားသည်။

“ ဟမ့် ... အနည်း ဆုံးတော့ ... ၊ မင်းမှာ အမြင် အာရုံ ရှိတယ်၊ ဒါဆို မင်းကို ပိတ်လှောင် ထားတဲ့ ရူရ်တွေ ဖယ်ပေးမယ်။ ”

ထို့နောက် ရောင်ဝါ သမုဒ္ဒရာ ပေါ်ရှိ ရူရ် များကို ဖယ်ရှား ပေးလိုက်သည်။ ပိုင်ရှုရင်မှာ အလေး အနက် ခေါင်းညိတ် လိုက်၏။

ဤနည်းစနစ်သည် နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ အပေါ်ပင်၊ ထိရောက်ချေ သည်။ ထို့ကြောင့် လောက၌ မည်သူ့ ကိုမျှ လျော့တွက် မရကြောင်း၊ နားလည် လာ၏။

“ ဟေး ... နင့် နာမည် ဘယ်လို ခေါ်လဲ။ ”

“ ဓားဂိုဏ်းက လင်းယွန်။ ”

“ လင်းယွန် ... နာမည် ကောင်းပဲ၊ နင့်မှာ နည်းလမ်း သုံးမျိုး ရှိတယ်လို့ ... ၊ ပြောခဲ့တာ ငါ မှတ်မိတယ်၊ အခု နှစ်ခုပဲ ပြရ သေးတယ်၊ နောက်ဆုံးက နည်းလမ်းက ဘာလဲ။ ”

ပိုင်ရှုရင်က စိတ်ဝင် တစား မေးသည်။ ယင်းမှာ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကြီး ဖြစ်သည်။ ၎င်းအား သုံးခြင်းဖြင့် ကျင့်ကြံမှု အားနည်းချက်ကို ဖာထေး နိုင်၏။

နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ များနှင့်ပင် ရင်ဆိုင်ရန် ခွန်အား ပေးနိုင်သည်။

“ ဒါက လျှို့ဝှက်ချက် ... ။ ”

လင်းယွန်မှ ပြုံးကာ ငြင်းဆန် လိုက်၏။

“ နင် ... လူယုတ်မာ ပဲ။ ”

ပိုင်ရှုရင်မှာ မကျေနပ်ချေ။ အဆုံးတွင် ဆင့်ကဲ ရွေ့လျားခြင်း ပညာရပ်နှင့်၊ သူမ၏ နဂါး ပိတ်လှောင်ခြင်း သံကြိုး အကြောင်း ကိုပင်၊ လင်းယွန်အား ပြောပြ ခဲ့သည်။

“ ဓားဂိုဏ်းက လင်းယွန် ... ၊ နောက် တစ်ကြိမ် တွေ့တဲ့ အခါ ... ၊ နင့်ကို သင်ခန်းစာ တစ်ခု၊ ငါ သင်ပေးမယ်။ ”

“ ဟား ဟား ဟား ... ၊ မင်းက အခု နဂါး သွေးလွှတ်ကြော နယ်ပယ် ရောက်နေပြီ ဆိုတာ မသိ ဖူးလား။ ”

“ ငါက နဂါး သွေးလွှတ်ကြော နယ်ပယ် မှာလား။ ”

ပိုင်ရှုရင် မှာ အံ့အားသင့် သွား၏။ သည့်နောက် မျက်ခုံး ပင့်ကာ၊ လင်းယွန်ကို ပြန်ကြည့် လာသည်။

“ ဒါဆို ... ၊ ငါက နင့်ကို အနိုင်ကျင့် မိ နေတာပေါ့။ ”

“ စိတ်မပူနဲ့ ... ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်ကို ရောက်ပြီးရင် ... ၊ ငါတို့ ပြန်တွေ့ ကြမယ်။ ”

“ ကောင်းပြီ ... ၊ ဒါ ကတိ တစ်ခုပဲ၊ ကောင်းကင် တာအို ဂိုဏ်းမှာ ... ၊ ငါ့ကို လာရှာ နိုင်တယ်။ ”

ပိုင်ရှုရင်မှ အလေးအနက် ဖိတ်ခေါ် လိုက်သည်။ ဤလူငယ်၏ ထူးခြားသော ဓားရေး အပေါ် စိတ်ဝင်စား မိ၏။

“ မင်းရဲ့ ခန္ဓာကိုယ် အစစ် အမှန်က ... ၊ ငါ့ကိုမှ မသိတာ၊ ငါ လာရှာ ခဲ့ရင် ... ၊ အရိုက် ခံရ မှာပေါ့။ ”

“ ခစ် ခစ် ခစ် ... ဟုတ်တယ်၊ အဲဒီထက် ဆိုးလိမ့်မယ်၊ နင် ... ငါ့အရိပ် ကိုတောင် တွေ့ခွင့် ရလိုက်မှာ မဟုတ်ဘူး၊ ဒါပေမယ့် စိတ်မပူနဲ့၊ ဒီအဆင့် ကနေ ငါ့ နာမည် ပျောက်သွားရင်၊ ...

... ငါ အစစ်က သတိ ပြုမိ မှာပါ၊ ဒါဆို ဒီတိုက်ပွဲရဲ့ မှတ်တမ်းနဲ့ စကား ဝိုင်းကို၊ သူ ဝယ်ကြည့် လိမ့်မယ်။ ”

စကားဆုံး သည်နှင့်၊ ပိုင်ရှုရင် ပုံရိပ် ပျောက်ကွယ် သွားပြီး၊ နဂါး ဝိညာဉ် ပြန်ပေါ် လာ၏။

“ ဆက်သွား မလား။ ”

နဂါး ဝိညာဉ်က လင်းယွန်ကို မေးသည်။

“ မလို တော့ ပါဘူး။ ”

လင်းယွန်က ခေါင်းခါ၏။ ဤတိုက်ပွဲဖြင့် သူ့ခွန်အားကို အကြမ်းဖျင်း သိနေပြီ ဖြစ်သည်။

ပိုင်ရှုရင်သည် သူနှင့် မျိုးဆက် တစ်ဆက် တည်းတွင် ရှိခဲ့ပြီး၊ ၎င်းအား အနိုင် ယူရန် ဝှက်ဖဲ များကို၊ အသုံးပြု ခဲ့ရသည်။

ဆက်လက် စိန်ခေါ် ပါက၊ အဓိပ္ပါယ် မရှိ တော့ချေ။ ခွန်အား အပြည့် အဝ အသုံးချ သော်၊ ထိပ်ဆုံး (၃၀) အထိသာ ဝင်နိုင် ပေမည်။

ထိပ်ဆုံး (၁၀၀) အတွင်း ဝင်သူ များတွင် ပိုင်ရှုရင် အပါ အဝင်၊ အသက် (၅၀) အောက် ဆို၍၊ (၁၈) ယောက်သာ ရှိသည်။

အသက် (၃၀) အောက် ဆိုက၊ (၁၀) ယောက်သာ ရှိ၏။ ပထမ အဆင့်၌ ရှိနေ သူမှာ ဟွမ်ရွှမ်ရီ ဖြစ်သည်။

အသက် (၃၅) နှစ် ဟူသော မှတ်တမ်း မှ လွဲ၍၊ သူ့ အကြောင်း အချက် အလက် များစွာ မထား ရှိချေ။

ထို့ကြောင့် သွေးတစ်စက် ချန်ထားပြီး၊ လင်းယွန်က သူ့ကိုယ်သူ အမည် မဖော် လိုသူ အဖြစ်၊ သတ်မှတ် ပေးလိုက်သည်။

တစ်စုံ တစ်ယောက်မှ သူ့အား အနိုင်ယူ နိုင်သည်ဟု ထင်ခြင်းသည် စိတ်ဝင် စားစရာ ဖြစ်ပေမည်။

“ စိန်ခေါ်တဲ့ သူက နိုင်သွားရင် ဒီအဆင့် ကနေ နာမည် ပျောက်သွား ပြီး၊ နောက်ထပ် စိန်ခေါ်မှု ထပ်လုပ် ရမှာလား။ ”

“ အတိ အကျတော့ မဟုတ်ဘူး၊ နာမည် ပျောက်တာတော့ မှန်တယ်၊ အပြင်မှာ အဆင့် သတ်မှတ်ချက် ထဲက၊ တစ်စုံ တစ်ယောက်ကို အနိုင်ယူ နိုင်ရင်၊ အဆင့် ပြန်ရ လာမယ်။ ”

“ နားလည် ပါပြီ ... ၊ နှုတ်ပါတယ်။ ”

လင်းယွန်က နှုတ်ဆက်ကာ ထွက်ခွာ လာစဉ်၊ နဂါး ဝိညာဉ် အသံက လိုက်ပါ လာ လေသည်။

“ ကောင်လေး မသေ စေနဲ့၊ နတ်နဂါးပြာ အဆင့် သတ်မှတ်ချက်က ဒီတစ်ကြိမ် ပေါ်လာ လိမ့်မယ်၊ ဒီကမ္ဘာ ပေါ်က သူရဲကောင်း တိုင်းရဲ့ အမည်ကို၊ သူက မှတ်တမ်းတင် ပေးတယ်၊ ဒါ မင်း အတွက် အခွင့် အရေးပဲ။ ”

( နတ်နဂါးပြာ အဆင့် သတ်မှတ်ချက်။ )

ထိုစကားကြောင့် လင်းယွန် ခြေလှမ်းများ ခဏ ရပ်သွားသည်။ ပြီးနောက် ချက်ချင်း ဆက် လှမ်း လာမိ၏။

“ ဘယ်လိုလဲ ... ။ ”

အန်းလျူယွင်က အခန်းဝ၌ စောင့်ကာ မေးသည်။

“ အဆင့် တစ်ရာ ... ။ ”

“ စိတ်မပျက်နဲ့ ... ၊ ဒါက ပထမဆုံး အကြိမ် ဆိုတော့ ... အမ် ... နေဦး အဆင့် ဘယ်လောက်၊ အဆင့် တစ်ရာ ဟုတ်လား။ ”

အန်းလျူယွင်မှ ထိတ်လန့် သွား၏။ အပြာရောင် ကျောက်တုံး မြို့တော်မှ ထွက်လာ ခဲ့စဉ် လင်းယွန်မှာ ကြယ်လေး ပွင့်သာ ရှိသည်။

“ အင်း ... ဟုတ်တယ် နတ်နဂါးပြာ အရိုး ကိုသာ နားလည်မှု ထပ်ရရင် ... ၊ ထိပ်ဆုံး (၁၀) ဦးထဲ ဝင်နိုင်တယ်။ ”

လင်းယွန်က ပြန်ဖြေ ပြီးနောက်၊ တံဆိပ် တစ်ခုကို ထုတ်ယူကာ နားထောင် လိုက်သည်။ ပြီးနောက် ‘တပည့် အဆင်ပြေ ပါတယ်၊’ ဟု ပြန်လည် ပေးပို့ လိုက်၏။

ဤသည်မှာ သက်တံဓား သူတော်စင်မှ သတင်း မေးလာခြင်း ဖြစ်သည်။ ကျောက်စိမ်း ပြားကို သိမ်းလျက်၊ သက်ပြင်းချ မိ၏။

“ ဘာဖြစ် လို့လဲ ... ။ ”

“ ဘာမှ မဖြစ် ပါဘူး၊ သတင်း ကောင်းပါ။ ”

လင်းယွန်မှ ပြုံးကာ ဖြေသည်။ (၇) ကြာပြီးနောက် နဂါး သွေးရည်ကြည်၊ ကီလို ဂရမ် (၂၅၀၀၀)ကို ယူကာ၊ ပျက်စီးခြင်း ရေမြို့တော်မှ ထွက်ခွာ လာခဲ့သည်။

ဓားဂိုဏ်းမှ ထွက်ခွာလာ ခဲ့သည်မှာ (၄) လတိုင်ပြီ ဖြစ်သည်။ ဤကာလများ အတွင်း၌ အန္တရာယ် များစွာနှင့် တွေ့ကြုံ ရ၏။

သို့သော် ကံကောင်း ထောက်မ စွာဖြင့်၊ လွတ်မြောက် ခဲ့ပြီး၊ များစွာသော အရင်းမြစ်များ ရိတ်သိမ်း နိုင်သည်။

ထိုကြောင့် ဓားဂိုဏ်းသို့ ပြန်ကာ၊ အပူပင် ကင်းမဲ့သော ဓား(၉) ကွက်ကို လေ့ကျင့်လျက်၊ ငရဲ ပန်းအား သန့်စင်ရ ပေမည်။

၎င်းသာ ပြီးမြောက်သော်၊ ခွန်အား အရာ၌၊ သိသိ သာသာ ပြောင်းလဲ သွားမည် ဖြစ်သည်။ ပင်မ နတ်ဘုရား အဆင့် သတ်မှတ် ချက်တွင်၊ ပထမပင် ဖြစ်လာ နိုင်၏။

“ ဝှစ် ... ။ ”

မြို့တံခါးမှ ထွက်သည်နှင့် ရွေ့လျားမှု နည်းစနစ်ကို ကန့်သတ်ချက်သို့ တွန်းထုတ်ကာ၊ လျှပ်စီး အလား ခရီးနှင် လာခဲ့သည်။

နှစ်ရက်ကြာ သည့်တိုင်၊ ခရီးစဉ် တစ်ခုလုံး ချောမွေ့ နေ၏။ ဓားဂိုဏ်းပိုင် ဧရိယာ အတွင်း ရောက်ရန်၊ နောက်ထပ် တစ်ရက်သာ ပျံသန်း ရပေ တော့မည်။

ထို့စဉ် မြေပြင်ကို ငုံ့ကြည့် လိုက်ရာ၊ တံငါသည် အဖိုးအို တစ်ယောက် ကန်အစပ်၌ ငါးမျှား နေသည်ကို တွေ့လိုက် ရသည်။

၎င်းထံမှ ဆိုးရွားသော ခံစားချက် ရရှိလာ သဖြင့် စိတ်မသက် မသာ ဖြစ်လာ လေသည်။

“ ကောင်လေး ... ၊ မင်းဘာလို့ ဆင်းလာပြီး စကား စမြည် မပြော ရတာလဲ။ ”

တံငါသည် အဖိုးအို အသံက နားထဲ ဝင်လာ၏။ ယင်းက သူ့အား ပို၍ သံသယ ဖြစ် စေပြီး၊ သတိတိုး လာစေသည်။ သို့တိုင် မြေပြင် သို့ ဆင်းကာ၊ တံငါသည် အဖိုးအို အနား၊ လျှောက်လှမ်း သွား မိ၏။

“ ဟား ဟား ဟား ... ၊ ပန်းသင်္ချိုင်း မင်း တကယ် ရဲရင့်ပါ ပေတယ်၊ ငါက မိတ်ဆွေလား၊ ရန်သူလား မသိဘဲ၊ ဆင်းလာဝံ့ တယ်ပေါ့။ ”

တံငါသည် အဖိုးအိုက လှည့် မကြည့်ဘဲ ပြောလာသည်။ ‘ပန်းသင်္ချိုင်း’ ဟူသော၊ ဘွဲ့ကို ခွန်လွန်ရှိ လူအများ မသိချေ။ စိတ်ဝင် စားစရာ ပေပင်။

“ မင်း ငါ့ကို အတင်း အကြပ် လုပ်ဖို့၊ စိတ်ပိုင်းဖြတ် ထားရင်၊ ငါ ထွက်သွားလို့ မရ ပါဘူး၊ ဒါကြောင့် မင်း ဘယ်သူလဲ ဆိုတာ ကြည့်ရအောင် ဆင်းလာတာ။ ”

“ ဟား ဟား ဟား ... ၊ ငါက မင်းရဲ့ မိတ်ဆွေ ဟောင်းပါ။ ”

“ မင်းက ငါ့ အသိလား ... ။ ”

ဝါးခမောက်ဖြင့် မျက်နှာကို ကွယ်သော တံငါသည် အဖိုးအိုထံ ပြန်ကြည့်ကာ၊ စဉ်းစား လိုက် မိသည်။

“ ဟုတ်တယ် ... မင်း ကောင်းကောင်း သိပါတယ်။ ”

အဖိုးအိုက ပြန်ဖြေ၏။

“ ဒါဆို မင်းက ငါ့ကို စောင့်နေ တာလား။ ”

“ အမှန်တော ... ငါးဖမ်း နေတာ၊ ဒါပေမယ့် အကြောင်း တစ်ခု ခုကြောင့်၊ ငါးက ဖမ်းရ ခက်ခဲ့ တယ်။ ”

တံငါသည် အဖိုးအို လက်ထဲရှိ၊ ငါးမျှား ကြိုးက ရုတ်တရက် တုန်ခါ သွားပြီး၊ ရေမျက်နှာ ပြင် တစ်လျှောက် လှိုင်းလုံးများ ပျံ့နှံ့ လာ၏။

“ အိုး မိပြီ ... ဟား ဟား ဟား၊ မင်းက တကယ့်ကို ... ၊ ငါ့ အတွက် ကံကောင်း စေတဲ့ ကြယ် တစ်ပွင့်ပဲ ကောင်လေး။ ”

တံငါသည် အဖိုးအိုက ရွှင်မြူး သွားပြီး ရေကန် အတွင်းရှိ ငါးနှင့်၊ လွန်ဆွဲပွဲ စတင် တော့သည်။

ရေထဲမှ ရုန်းကန် အားသည် ပြင်းလွန်း သဖြင့် မည်သို့သော အရာကို မျှားယူ နိုင်ခဲ့မှန်း လင်းယွန်က သိချင် လာသည်။

“ ရွှပ် ... ။ ”

များမကြာမီ တံငါသည် အဖိုးအိုက အနိုင် ရသွားပြီး၊ ငါးမျှားတံကို ဆွဲတင် လိုက်တော့၏။ ငါးမျှား ချိတ်တွင် ပါလာသော အရာကြောင့်၊ လင်းယွန်မှာ မျက်လုံးပြူး သွားလေသည်။

“ စီနီယာ အစ်ကို ... ။ ”

***

All Chapters