← Chapters

တာအို ကာကွယ်သူ ... ။

Vol. 110 Ch. 1536

တာအို ကာကွယ်သူ ... ။

Vol. 110 Ch. 1536

ယင်းမှာ ဖုန်းကျွယ် ဖြစ်၏။ သွေးများ ဖုံးလွှမ်း နေပြီး ငါးမျှား ကြိုးနှင့်၊ တင်းကျပ်စွာ ချည်နှောင် ထားသည်။

ငါးမျှား ချိတ်မှာ နံရိုးထဲ စိုက်ဝင်လျက် ရုန်းကန် လိုက်တိုင်း၊ နာကျင်မှုမှာ အတိုင်း အစ ရှိမည် မဟုတ်ချေ။ ယင်းကြောင့် လင်းယွန် တစ်ယောက် ဒေါသ ထွက် လာ၏။

“ ညီလေး ... ၊ မြန်မြန် ထွက်သွား၊ သူက ကျင်းကြွယ်ပဲ၊ မင်းကို သတ်ဖို့ ဒီမှာ လာစောင့် နေတာ။ ”

ဖုန်းကျွယ်က လင်းယွန်အား မြင်သည်နှင့်၊ သူ့ ဒဏ်ရာ များကို ဂရု မစိုက်ဘဲ၊ အော်ဟစ် သတိ ပေးလာသည်။

ကျင်းကြွယ် ဟူသည် နဝမမြောက် ကောင်းကင် လမ်း၌၊ ဂိုဏ်းကြီးများ အားလုံးကို ခြိမ်းခြောက်ကာ၊ သူ့အား သေလမ်းသို့ တွန်းပို့ ခဲ့သူ ဖြစ်၏။

“ မင်း မှတ်မိပြီ ဆိုတော့ ခဏ နေပါဦး။ ”

ကျင်းကြွယ်က ငါးမျှားတံနှင့် လှမ်းရိုက် လေသည်။ လင်းယွန်မှ အမြန် ရှောင်တိမ်း လိုက် သဖြင့် ဖုန်းကျွယ်မှာ မြေပြင်နှင့် ထိမှန် သွားသည်။

“ ဝုန်း ... ။ ”

မြေပြင် ပေါက်ကွဲ လာပြီး၊ ချိုင့်နက်ကြီး ဖြစ်ပေါ် လာ၏။

“ ငါတို့ မတွေ့တဲ့ ဒီကာလ အတွင်း ... ၊ မင်းရဲ့ ရေွ့လျားမှု နည်းပညာက သိသိ သာသာ တိုးတက် လာတာပဲ၊ ကဲ့ ... ထပ်စမ်းကြည့် ရအောင်။ ”

ကျင်းကြွယ်က ငါးမျှားတံနှင့် နောက် တစ်ကြိမ် လွှဲရိုက် လိုက်၏။ ဖုန်းကျွယ်မှာ အရုပ် တစ်ရုပ် အလား၊ သူ့ထံ ပျံသန်း လာပြန်သည်။

“ ဝုန်း ... ။ ”

မြေပြင်နှင့် ထိမှန် သွားကာ ချိုင့်ဝှမ်းကြီး ဖြစ်လာ ပြန်၏။ ယင်းကြောင့် လင်းယွန် ဒေါသ ထွက်လာပြီး၊ တစ်ကိုယ်လုံး တုန်ယင် လာသည်။

“ ဝုန်း ... ။ ”

မုန်းတီးမှုမှာ အတိုင်း အဆ မရှိချေ။ အာရုံလွင့် သွားသည့်၊ ထိုခဏလေး မှာပင် ဖုန်းကျွယ် ခန္ဓာ ကိုယ်က သူ့ကို ထိမှန်ပြီး၊ အဝေးသို့ တွန်းပို့ တော့သည်။

“ ပန်းသင်္ချိုင်း ... ၊ စစ်မက် နယ်မြေရဲ့ သခင်ငယ် ဆယ်ပါးကို ကောင်းကင် လမ်းမှာ၊ ရိုက်နှက် ခဲ့တုန်းက၊ မင်းရဲ့ ပုံရိပ်ကို ပြပါ။ ”

ကျင်းကြွယ်က ဝါးခမောက်ကို ဖယ်ပြီး ပြုံးလာသည်။ နှုတ်ခမ်းမှ သွေးများ စီးကျလျက် ဖြူဖျော့ နေသော မျက်နှာဖြင့်၊ လင်းယွန်မှ စကား မပြန်နိုင် ခဲ့ချေ။

“ မင်း ... မြန်မြန် ထွက်သွား သင့်တယ် အဖိုးကြီး၊ မဟုတ်လို့ ငါ့တို့ ဆရာ ရောက်လာရင် သေတာထက် ပိုဆိုး သွားမယ်။ ”

ဤအကျပ် အတည်းကို ဖြေရှင်းရန် နည်းလမ်း ရှာစဉ် နေစဉ် ခြိမ်းခြောက် စကား ဆို မိသည်။ သို့သော် ကျင်းကြွယ်က သူ့ စကားကို ကြောက်ပုံ မပြချေ။

“ သက်တံဓား သူတော်စင်လား၊ ဟား ... ဟား ... ဟား ... ငါ့ကို အရူးများ ထင်နေလား၊ သူသာ လာနိုင်ရင် ... ၊ ဒီနေရာမှာ မင်းကို ငါ ရိုက်ရဲမယ် ထင်လား၊ ဟာသပဲ ။ ”

ရယ်မောလျက် လှောင်ပြောင် လိုသော မျက်ဝန်း များနှင့် သူ့အား ကြည့်လာသည်။

“ မင်း ဂိုဏ်းက ထွက်လာ တည်းက ငါသတ်ချင် နေတာ၊ မင်းကို ရှုံးခဲ့တဲ့ အဲဒီ လူမိုက် ချင်းကန်မှာ သတ္တိ မရှိ တော့တာ၊ စိတ်ပျက် စရာပဲ။ ”

၎င်းသည် သခင်ငယ် ဖြစ်သော်မှ လင်းယွန်ကို တိုက်ခိုက်ရန် ဆန္ဒ မရှိ တော့ချေ။ သူ့ကိုပင် တားယူ နေသည်။

ချင်းကန် မျက်ဝန်း ထဲ၌ ငရဲ နတ်ဘုရား မိသားစုသည် ထျန်ရွှမ်ဇီလောက် တန်ဖိုး မရှိ ခဲ့ချေ။

“ ဒါပေမယ့် ငါက ချင်းကန် မဟုတ်ဘူး၊ ဒါကြောင့် နဂါး အကြွင်း အကျန် ကြယ်နယ်မြေ က၊ အပြန်မှာ မင်းကို ဖမ်းဖို့ စောင့်နေခဲ့ တာပဲ။ ”

“ ဒါဆို ... ၊ မင်း ငါ့နောက်ကို တစ်ချိန်လုံး လိုက်နေ တာပေါ့။ ”

“ ဟား ဟား ဟား ... အမှန်ပဲ၊ ငါသာ စိတ်စော မိရင်၊ မူရွှမ်ကောင်ရဲ့ ဓားနဲ့ ဒဏ်ရာ ရနိုင်တယ်၊ မဟုတ်လည်း ...

... သက်တံဓား သူတော်စင် ကိုယ်ပွားက ငါ့ကို သတ်မှာ၊ အခုတော့ ... မင်းက ငါ့ အတွက် ဆုလာဘ် ဖြစ်လာပြီ။ ”

ကျင်းကြွယ်က ရယ်မော လိုက်ပြီး ဝါးခမောက်နှင့်၊ သူ့ထံ ပစ်ထုတ် လာသည်။ သို့သော် လင်းယွန်က မရှောင်ဘဲ နဂါး ရူရ် များကို ဆင့်ခေါ်ကာ ခံယူ လိုက်၏။

“ ဝုန်း ... ။ ”

“ ဟမ့် ... ။ ”

ကျင်းကြွယ်မှ အံ့သြ သွား၏။

“ မဆိုးဘူး ... ၊ နတ်နဂါးပြာ အရိုးက စိတ်ဝင်စားဖို့ ကောင်းတယ်၊ ဒါပေမယ့် မင်း လက်မှာ ဘာမှ လုပ်လို့ မရ ပါဘူး။ ”

လက်ဖဝါးကို တွန်းထုတ် လိုက်ရာ၊ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား တစ်ခု ထွက်လာပြီး၊ ထို နဂါးရူရ် များကို ကွဲအက် သွားစေသည်။

“ ဝေါ့ ... ။ ”

ယင်းကြောင့် လင်းယွန် ခမျာ သွေး တစ်လုတ် အန်လျက်၊ ဒူးတစ်ဖက် ထောက်ကျ သွားတော့၏။

နဂါးရူရ် များနှင့် ရင်ဘတ်ကို ကြည့်ကာ၊ ကျင်းကြွယ် မျက်ဝန်းများ တောက်ပ လာသည်။ နတ်နဂါးပြာ အရိုးသည် သူ့ကဲ့သို့ ကျွမ်းကျင်သူ ကိုပင်၊ စိတ်လှုပ်ရှား စေ၏။

“ အဖိုးကြီး ... ၊ မင်း ငါ့ကို ကြိုက် သလို ရိုက်လို့ ရတယ်၊ ငါ့ရဲ့ စီနီယာ အစ်ကိုကို သွားခွင့် ပြုပါ။ ”

“ ဟား ဟား ဟား ... ၊ သူက ... မင်းရဲ့ တာအို ကာကွယ် သူပဲ၊ သူ့ကို ဖမ်းဖို့ အများကြီး ကြိုးစား ခဲ့ရတယ်၊ ဒါဆို ဘာလို့ လွယ်လွယ်နဲ့ လွတ်ပေး ရမှာလဲ။ ”

သိုင်း အုပ်ထိန်း သူလား။ လင်းယွန် အကြည့်က ဖုန်းကျွယ်ထံ ပြန်ရောက် သွား၏။ ယင်းကြောင့် ဖုန်းကျွယ်မှာ ရှက်ရွံ့ လာပြီး မျက်နှာလွှဲ လိုက်သည်။

ဆရာ သခင်သည် သူ့အား ကာကွယ်ရန် အစ်ကို ဖုန်းကျွယ်ကို တိတ်တဆိတ် စေလွှတ် ထားခြင်း ဖြစ်ပေမည်။

ဖုန်းကျွယ် ခွန်အားဖြင့် သာမာန် ဘုရင် များကို နှိမ်နင်း နိုင်၏။ သို့သော် ဤကျင်းကြွယ် သည် သာမန် မဟုတ်ချေ။

လောက နိယာမ နယ်ပယ်သို့ နှစ်ပေါင်း များစွာ ကတည်း ကပင်၊ ရောက် ရှိနေသော မြေခွေး အိုကြီး ဖြစ်သည်။

၎င်းအရည် အချင်းနှင့် အရင်း အမြစ်မှာ၊ ဖုန်းကျွယ်ထက် အားနည်းခြင်း မရှိသောကြောင့် ပို၍ သန်မာပြီး၊ ဖမ်းဆီး ခံလိုက် ရပုံ ပေပင်။

“ လွှတ် ... ၊ ငါ မင်းနဲ့ လိုက်ခဲ့မယ်၊ အသက်ရှင် နေတဲ့ လူက၊ သေတဲ့ လူထက် ပို ကောင်းပါတယ်၊ ငါ သတ်သေ လိုက်ရင်၊ နတ် နဂါး အရိုးကို၊ မင်း ရမှာ မဟုတ်ဘူး။ ”

ထိုစကားသည် ထိရောက် ချေ၏။ ငရဲ နတ်ဘုရား မိသားစုသည် လင်းယွန်အား အရှင် ဖမ်းမိရန်၊ အလို ရှိခဲ့သည်။

“ ဟား ဟား ဟား ... ၊ မင်း စကားက အဓိပ္ပါယ် ရှိတယ်၊ ဒီအမှိုက်က တန်ဖိုး မရှိဘူး၊ ဟုတ်တယ် မလား။ ”

စကားဆုံး သည်နှင့် ဖုန်းကျွယ်အား လွှတ်ပေးကာ၊ လင်းယွန် ကျင့်ကြံမှုကို ပိတ်ရန် လျှောက်လှမ်း လာသည်။

“ ကောင်လေး ... ၊ မင်း ငါ့ကို လှည့်စားဖို့ မစဉ်းစားနဲ့။ ”

“ လူယုတ်မာ ... ငါ့ညီကို မထိနဲ့။ ”

ဖုန်းကျွယ်မှာ သွေးသံ တရဲရဲဖြင့်၊ အော်ဟစ် လာသည်။ ကျင်းကြွယ်က လှည့်ပင် မကြည့်ဘဲ၊ ပါးရိုက် ချလိုက်၏။

“ ပါးစပ် ပိတ်ထား၊ မင်းကိုယ်မင်း သက်တံဓား သူတော်စင်ရဲ့ တပည့်လို့ ခေါ်ဝံ့ သလား၊ ဟမ့် ... သက်တံဓား သူတော်စင် အတွက်၊ အရှက် တရားပဲ။ ”

လှောင်ပြောင် လျက် လင်းယွန်ထံ ဆက်လျှောက် လာသည်။

“ ဟား ဟား ဟား ... အခု စိတ်ပျက် အားငယ် နေပြီလား၊ ဒါက ကမ္ဘာကြီး အလုပ် လုပ်ပုံ ပါပဲ၊ မင်းကို အနိုင် ကျင့်လို့ ငါ့ကို အပြစ် မတင် ပါနဲ့၊ မဟုတ်ရင် မင်း လာသတ် မှာကို ငါက ထိုင်စောင့် နေရမှာလား။ ”

ငရဲ နတ်ဘုရား မိသားစုသည် လင်းယွန် အပေါ် သတ်ရန် ရည်ရွယ်ချက် မရှိ သော်လည်း၊ ၎င်းအမှုအား ပြုလုပ်ရန်၊ အခွင့် အရေး တစ်ခု ရှာရ ပေမည်။

လင်းယွန် ကဲ့သို့ လူမျိုးသည်၊ ကြီးပြင်း လာသော်၊ အဆပေါင်း များစွာ ကြောက်စရာ ကောင်းလာမည် ဖြစ်သည်။

“ မင်း ထပ် မတိုးနဲ့။ ”

ဖုန်းကျွယ်မှ နောက်တစ်ကြိမ် ပြေးဝင် လာပြန်၏။ လက်များမှာ မလှုပ်နိုင် တော့သဖြင့်၊ ခန္ဓာကိုယ်နှင့် တိုက်ရန် ရည်ရွယ် ခဲ့သည်။

လင်းယွန်သည် ဓားဂိုဏ်း၏ မျှော်လင့်ချက် ဖြစ်သောကြောင့်၊ ကောင်းကောင်း ဂရု စိုက်ရန် ဆရာ သခင်မှ ညွှန်ကြား ထားသည်။

ထို့အပြင် ညီလေးသည် သူ့ ကဲ့သို့ အမှိုက် မဟုတ်ချေ။ ကျန့်ကျင်းရှန်နှင့် တူသော အရည် အချင်း ရှိသည်။

“ ဖြောင်း ... ။ ”

ယင်းကြောင့် သူ့ မသေခင်၊ လင်းယွန်ကို သေခွင့် မပေး နိုင်ချေ။ သို့သော် အနား မရောက် ခင် မှာပင်၊ ကျင်းကြွယ်က သူ့အား ပါးရိုက် လာတော့သည်။

“ ကျင်းကြွယ် ... ရပ် လိုက် တော့ ... ။ ”

လင်းယွန်က အံကြိတ်ကာ အော်ဟစ် လိုက်၏။

“ ဟား ဟား ဟား ... ၊ ငါ သူ့ကို သတ်ရင် ဘာဖြစ် မလဲ၊ မင်းက ဘာလုပ်နိုင် မှာလဲ၊ မင်းက ပုရွက်ဆိတ် လေးပါ။ ”

ကျင်းကြွယ်က လင်းယွန် စကားကို ဂရု မစိုက်ဘဲ၊ ဖုန်းကျွယ် ရင်ဘတ်ထံ လက်ဖဝါးဖြင့်၊ ရိုက်ချ လိုက်သည်။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

လက်ဖဝါးမှာ နံရိုးများ အတွင်း နစ်ဝင် သွားပြီး၊ အသက်ဓါတ်များ ချက်ချင်း လျော့ကျ လာတော့၏။

“ မင်း ... ။ ”

နောက်ဆုံးတွင် လင်းယွန်မှာ သည်းမခံ နိုင်တော့ဘဲ၊ ကျင်းကြွယ်ထံ ပြေးဝင် တိုက်ခိုက် တော့သည်။

“ မင်းနောက် တစ်လှမ်း လှမ်းဝံ့ရင်၊ ဒီအမှိုက်ကို ငါ သတ်ပစ်မယ်။ ”

ကျင်းကြွယ်က လင်းယွန်အား လှည့်ကြည့်ကာ၊ အော်ငေါက် ခြိမ်းခြောက် လာ၏။

လင်းယွန် ရပ်သွား သည်ကို မြင်သော အခါတွင်၊ “ဒူးထောက်၊” ဟု အမိန့် ပေးလိုက် တော့သည်။

“ ငါ့ကို သတ် ... ၊ ငါ့ ဆရာက လွဲပြီး၊ ဘယ်သူ့ ဆီမှာမှ ဒူး မထောက်ဘူး ။ ”

“ မင်းက တော်တော် ခေါင်းမာတာပဲ။ ”

ကျင်းကြွယ်က စိတ်တို လာပြီး၊ လင်းယွန် အနား ဆက်လှမ်း လာလေသည်။ လင်းယွန်၏ မာနကို သူ မကြိုက်ချေ။ သူ့အား ဒူးထောက် ကာ၊ တောင်းပန် စေလို၏။

***

All Chapters