← Chapters

နောက်တစ်ယောက်ကို ထပ်မွေးစားချင်လား (၁)

Vol. 11 Ch. 163

နောက်တစ်ယောက်ကို ထပ်မွေးစားချင်လား (၁)

Vol. 11 Ch. 163

အိမ်ကိုပြန်ရောက်တော့ အိုက်သည် လသာဆောင်က လရောင်ကို စုပ်ယူနေသည်။

ဒါကိုမြင်တော့ လင်းရှန်သည် သူမကို မနှောင့်ယှက်ပေ။

အမှန်တော့ အပြစ်ကင်းတဲ့ကြောင်ကို ဒီအကြောင်းကို မသိစေချင်ပေ။

ဒုတိယထပ်ရှိ အိပ်ခန်းထဲသို့ ပြန်ရောက်ပြီးနောက် လင်းရှန်သည်

နတ်ဘုရားရှာဖွေခြင်းအဆောင်ကို ထုတ်ကာ တစ်ချက်ကြည့်လိုက်သည်။

ဤအဆောင်တွင် မြှုပ်ထားသော ကျောက် ဆယ့်ကိုးခုအနက် ဆယ်ခုက မီးလင်းသွားပြီးဖြစ်သည်။

" ကျောက်တုံးတစ်ခု လင်းလက်လာတိုင်း သရုပ်ဖော်ပုံစံက ကျင့်ကြံမှု အဆင့်တစ်ဆင့်တိုးလာမှာ၊ ကျောက်တုံးတွေအားလုံးလင်းလာရင် ဆင့်ခေါ်ခံရတဲ့ ကြောင်ဗိုလ်ချုပ်က ကျင့်ကြံသူ သခင်ရဲ့ အစွမ်းသတ္တိ ရှိနေလောက်တယ်”

လင်းရှန်က စိတ်လှုပ်ရှားလာသည်။

အကယ်၍ သူ့တွင် ကျင့်ကြံသူ သခင်၏ တိုက်ခိုက်ရေး စွမ်းရည်ကို ဝှက်ဖဲတစ်ခုအဖြစ် ရှိနေပါက နဂါးချောက်နက်တောင်တန်းရှိ နေရာများစွာသို့ သွားပြီး ရတနာများကို ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်မည်ဖြစ်သည်။

"ပြီးတော့ နေခြောက်စင်းအဆောင်ဓားတွေ”

လင်းရှန်က သိုလှောင်အိတ်ကိုကြည့်ကာ အနည်းငယ် ပြုံးလိုက်သည်။

ယခင်က သူသည် အဆောင်ဓားများကို လဲလှယ်ဖို့ အရည်အသွေးအမှတ်များ စုဆောင်းရန် စိတ်ကူးနေသေးသည်။ ဒီည သုံးခုရလိမ့်မည်ဟု မျှော်လင့်မထားပေ။

ထို့အပြင် ၎င်းသည် နေခြောက်စင်းအဆောင်ဓားကဲ့သို့ အလယ်အလတ်တန်းစား မှော်လက်နက်တစ်ခုဖြစ်သည်။

သူ့မှာ နေခြောက်စင်းအဆောင်ဓား လေးခုရှိသွားသည်။

သူသည် ကိုယ်ပွားများကို ဆင့်ခေါ်ပြီး မှော်လက်နက်မျိုးစုံကို အသုံးပြုလျှင် ကြာရှည်စွာအသက်ရှုခြင်း နဝမအဆင့် ကျင့်ကြံသူပင် သူ့အား အကြိမ်အနည်းငယ်ထက် ပိုပြီး ခုခံနိုင်မည်မဟုတ်ပေ။

"ဒါနဲ့ပြောရရင် အခုအချိန်အထိ သာမန်ရန်သူတွေကို အတူတူတိုက်ခိုက်ဖို့ပဲ ကိုယ်ပွါးတွေကိုဆင့်ခေါ်ခဲ့တာ။ အဲ့တော့ အခင်းအကျင်းဖွဲ့စည်းပုံလို ရွေ့လျားမှုတွေကို ကျင့်ကြံရင် ပိုကောင်းမလား”

လင်းရှန်က ထိုအကြောင်းကို ပိုတွေးလေလေ၊ ဒါဟာ အကြံကောင်းတစ်ခုဖြစ်လေဟု ခံစားရသည်။

ယခု သူ့မှာ ကိုယ်ပွါး ခြောက်ခုရှိနေပြီဖြစ်ပြီး နောင်မှာလည်း ထပ်ရှိလာဦးမှာပင်။ အကယ်၍ သူသည် ရန်သူကို သာမာန်တိုက်ခိုက်မှုများဖြင့် ဆက်လက်တိုက်ခိုက်ပါက ကိုယ်ပွါး အရေအတွက်သည် အတိုင်းအတာတစ်ခုအထိ တိုးလာသောအခါ ကိုယ်ပွါးတစ်ခုစီ၏ အကျိုးသက်ရောက်မှု လျော့ကျသွားမည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရမှာ သေချာသည်။

နောက်ဆုံးတွင် ရန်သူများကို တိုက်ခိုက်ရာတွင် မည်မျှပင် ကောင်းမွန်စွာ လက်တွဲလုပ်ဆောင်နေပါစေ “လူများလေ ပိုကောင်းလေ”က အမြဲတမ်း မှန်မနေပေ။

သို့သော် အခင်းအကျင်း ဖွဲ့စည်းပုံကတော့ မတူပေ။

ကမ္ဘာပေါ်မှ ကြယ်များကဲ့သို့ အခင်းအကျင်းများလည်း အများအပြားရှိခဲ့သည်။ ဖွဲ့စည်းပုံတစ်ခုတွင် လိုအပ်သောလူအရေအတွက်မှာလည်း လူနှစ်ဦး၊ သုံးဦးမှ တစ်ရာအထိရှိသည်။

ကောင်းစွာပူးပေါင်းဆောင်ရွက်သရွေ့ အရေအတွက်များ၏ ပေါင်းစပ်အင်အားထက် အဆပေါင်းများစွာသာလွန်သော ထိတ်လန့်တုန်လှုပ်ဖွယ်စွမ်းအားကို ထုတ်လွှတ်နိုင်မည်ဖြစ်သည်။

လင်းရှန်အနေနှင့် သူ၏ကိုယ်ပွါးများစွာနဲ့အတူ တစ်ဦးတည်းအဖြစ် တိုက်ခိုက်နိုင်သည်။ သူ့အတွက် အခင်းအကျင်းများကို ကျင့်ကြံခြင်းက ကျားကို အတောင်ပံများ တပ်ပေးလိုက်ကဲ့သို့ပင်။

“အရည်အသွေးခန်းမမှာ လဲလှယ်လို့ရတဲ့ အခင်းအကျင်းဖွဲ့စည်းပုံတွေရှိလားလို့ တွေးမိတယ်”

"ငွေအကြေးခွံ့မြို့ကနေ ပြန်လာတဲ့အခါ အရည်အသွေးခန်းမ ကို သွားကြည့်ရမယ်”

နောက်နေ့မနက်မှာတော့

လင်းရှန်သည် အရှေ့ဘက်တံခါးသို့ ရောက်လာပြီး ထန်ယွဲ့ကို ရှာရင်း စောင့်ဆိုင်းနေသည်။

လင်းရှန်အံ့သြသွားသည်မှာ ထန်ယွဲ့က ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ထားခြင်းဖြစ်သည်။ သူ့ခေါင်းပေါ်ရှိ ကြောင်နားရွက်နှင့် နောက်ကျောမှ အမြီးတို့သည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ လှပသော အသွင်အပြင်အရ နေရာတိုင်းတွင် မြင်နိုင်သော မိန်းကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

မသိတဲ့သူတွေက သူမကို ကြောင်နတ်ဆိုးလို့ ထင်ကြမှာ မဟုတ်ပေ။

သူက မျက်နှာပြောင်းဆေးကို သောက်ထားတာလား

မဟုတ်ဘူး၊ မျက်နှာပြောင်းဆေးက လူတစ်ဦးရဲ့ မျက်နှာအသွင်အပြင်ကို ပြောင်းလဲစေရုံပဲရှိတာ။ အဲဒါက ကြောင်နားရွက်နဲ့ အမြီးကို မပျောက်စေနိုင်ပါဘူး။

လင်းရှန်က သိချင်လွန်းလို့ ချက်ချင်းမေးလိုက်သည်။

"မင်း နားနဲ့ အမြီးက ဘယ်ရောက်သွားလဲ"

ထန်ယွဲ့သည် ထိုစကားကိုကြားသောအခါ လင်းရှန်ကို နှုတ်ဆက်ရန် လက်ကို မြှောက်နေပြီ ဖြစ်သည် ။ သူမ မတုံ့ပြန်ခင် ခဏလောက် အံ့အားသင့်သွားပြီး

"ဒါက ဆေးလုံးနဲ့ ဖုံးကွယ်ထားတဲ့ လှည့်စားမှုနည်းစနစ်တစ်ခုပါ။ အပြင်မှာ လမ်းလျှောက်တဲ့အခါ နားနဲ့ အမြီးတွေကို ဖုံးအုပ်ဖို့ ဒီနည်းလမ်းကို သုံးတယ်။”

ထိုမှပင် လင်းရှန်သည် သဘောပေါက်လာသည်။ တစ်ချိန်တည်းမှာပင် ဝမ်းနည်းစရာကောင်းသည်ဟု သူခံစားမိသည်။

လှည့်စားမှု စွမ်းအားဖြင့်သာ အလုပ်လုပ်နိုင်သော ရုပ်ဖျက်မှုတစ်ခုဖြစ်သောကြောင့် လောလောဆယ်တွင် ၎င်းကို သူ မကျင့်ကြံနိုင်ပေ

လှည့်စားမှုနည်းစနစ်များကို ကျင့်ကြံလိုပါကအနည်းဆုံး တောက်ပသော ဝင်ပေါက်အဆင့်တွင်ရှိရမည်။

သူသိချင်တာ သိရပြီးနောက် လင်းရှန်သည် မနှောင့်နှေးဘဲ ထန်ယွဲ့နဲ့အတူ နဂါးမြို့တော်မှ ချက်ချင်း ထွက်ခွာခဲ့သည်။

သယ်ယူပို့ဆောင်ရေးအဓိကဖြစ်သော ဧရာမချိုသမင်ကြီးကြောင့် ၎င်းတို့နှစ်ဦးသည် အမြန်ခရီးနှင်ခဲ့ပြီး နေ့လယ်တွင် ငွေအကြေးခွံ့မြို့သို့ ရောက်ရှိခဲ့သည်။

ငွေအကြေးခွံ့မြို့ကို တစ်မြိုလုံးပြည့် အကာအကွယ် ပြုလုပ်ထားတာ မဟုတ်ပေ ။ ၎င်းတို့သည် မြို့တစ်ခုလုံးကို ဝန်းရံထားသည့် မြင့်မားပြီး ထူထဲသော တံတိုင်းများကိုသာ တည်ဆောက်နိုင်ခဲ့သည်။

မြို့ရိုးကို သံကျောက်တုံးဖြင့် ပြုလုပ်ထားပြီး ၎င်းက သံမဏိကဲ့သို့ မာကျောသည်။ ၎င်းကို အခင်းအကျင်းအဆောင်အများအပြားနှင့် အတားအဆီးများဖြင့်လည်း မြှင့်တင်ခဲ့သည်။ ထိုအရာတွေကို အသက်သွင်းလိုက်သည်နှင့် ၎င်းသည် မြေပြင်ရော လေထဲမှာပါတစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်သည်။

ထို့ကြောင့် မြို့ရိုးသည် ရှေးရိုးဆန်သော်လည်း ၎င်း၏ ခံစစ်ကို လျှော့တွက်၍မရပေ။

အနည်းဆုံးတော့ ကျင့်ကြံသူ သခင်အဆင့်အောက်က ထောင်ပေါင်းများစွာသော နတ်ဆိုးတွေက မြို့ကိုတိုက်ခိုက်ခဲ့ရင်တောင် တန်ကြေးကြီးကြီးမားမားမပေးဘဲ မြို့ရိုးကိုဖြတ်လို့မရပေ။

သို့သော်လည်း အခြားသောကဏ္ဍများတွင် မြို့ရိုး၏စွမ်းဆောင်ရည်သည် နဂါးမြို့တော် ၏မြို့ကာကွယ်ရေးအခင်းအကျင်းထက် များစွာနိမ့်ကျသည်။

ဥပမာအားဖြင့် နတ်ဆိုးများက ကြီးကြီးမားမား မဟုတ်ဘဲ တစ်ကောင် သို့မဟုတ်

နှစ်ကောင်လောက်ဆို မြို့ထဲသို့ ဝင်ရန် မခက်ခဲပေ။

နောက်ဆုံးတွင် မြို့ရိုးသည် အပြင်ရန်သူများကို ၂၄ နာရီပတ်လုံး ဝင်မလာအောင် ဟန့်တားနိုင်သည့် မဟာမြို့တော်ကာကွယ်ရေးပုံစံ နှင့် မတူပေ။

ထို့အတွက်ကြောင့် ငွေအကြေးခွံ့မြို့တွင် လူများကို ဝိညာဉ်ရေးရာသားရဲများက ထိခိုက်ဒဏ်ရာရစေသည့် အဖြစ်အပျက်များ ရှိခဲ့သည်။

ဒါကလည်း ငွေအကြေးခွံ့ မြို့တစ်ခုတည်းသာမဟုတ်ပေ။ လက်အောက်ခံမြို့များ အားလုံးမှာလည်း အလားတူ အခြေအနေမျိုးရှိနေသည်။

နိုင်ယန်းကျောင်း၏ တပည့်အမှတ်အသားကို ပြသပြီးနောက် လင်းရှန်နဲ့ ထန်ယွဲ့တို့သည် မြို့တံခါးစစ်ဆေးရေးဂိတ်ကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့ကြသည်။

အစောင့်တပ်မှူးက သူတို့နှစ်ယောက်ကို မြို့ထဲတောင် ခေါ်သွားပေးသည်။

သူတို့နှစ်ယောက် အဝေးရောက်သွားမှ တပ်မှူးက သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် နဖူးက ချွေးတွေကို သုတ်ပြီး မြို့ရိုးဆီ ပြန်သွားခဲ့သည်။

အနားက တပ်သားအငယ်တစ်ယောက်က မေးလေသည်။

"ခေါင်းဆောင် သူတို့နှစ်ယောက်က ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူ မလား။ ခေါင်းဆောင်လည်း အဲ့အဆင့်ပဲလေ ။ သူတို့ကိုဘာလို့ အရမ်းလေးစားနေရတာလဲ"

ခေါင်းဆောင်က လှည့်လာပြီး သူ့ကို စိုက်ကြည့်နေသည်။ ထို့နောက် ဒေါသတကြီး ကြိမ်းမောင်းလေ၏။

"မင်း ဘာမှမသိဘူး..သူတို့က သာမန် ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦး ဟုတ်လို့လား။ အဲ့ဒီ လူငယ်ရဲ့ အမှတ်အသားကို မတွေ့ခဲ့ဘူးလား။ သူက နိုင်ယန်ကျောင်းရဲ့ တပည့်ပဲ”

“သူက နိုင်ယန်းကျောင်းရဲ့ တပည့်ဖြစ်ရင် ရော ဘာဖြစ်လဲ…” တပ်သားငယ်က မကျေမနပ်နဲ့ရေရွတ်သည်။

"သူက အဝါရောင် ဒါမှမဟုတ် အနက်ရောင်အဆင့် တပည့်တစ်ယောက်သာဆိုရင် ငါ သူ့ကို သိပ် အလေးအနက်မထားနေဘူး၊ ဒါပေမယ့် အဲဒီလူငယ်က ကောင်းကင်အဆင့် တပည့်ပဲ”

တပ်သားငယ်သည် အံ့အားသင့်သွားသည်။ ထို့နောက်မှာတော့ အိပ်မက်မှ နိုးထလာသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားသည်။

"တကယ်လား? သူ့ကြည့်ရတာ အသက် (၂၀) ဝန်းကျင်လောက်ပဲ ရှိမယ်နော်။ သူက ကောင်းကင်အဆင့် တပည့်ဖြစ်နေပြီလား။”

တပ်သားငယ်သည် မည်မျှပင် မသိဘဲနေပါစေ "ကောင်းကင်အဆင့် တပည့်" ဟူသော စကားကို သူနားလည်သည်။

ပါရမီရှင်နှင့် တောက်ပသော အနာဂတ်ရှိသူက အတူတူနီးပါးပင် ဖြစ်သည်။

အထူးသဖြင့် အဲဒီလူက အခုမှ ငယ်ငယ်ရွယ်ရွယ်နဲ့ဆိုတော့

။

All Chapters