← Chapters

ကောင်းကင်မှ လမင်း။

Vol. 110 Ch. 1537

ကောင်းကင်မှ လမင်း။

Vol. 110 Ch. 1537

“ ခရစ် ... ။ ”

လင်းယွန်မှာ ဘုရင် တစ်ပါး၏ အရိပ် အာဝါသကို တောင့်မခံနိုင် တော့ဘဲ ဒူးဆစ် ရိုးများ အက်ကွဲစ ပြုလာသည်။

သို့သော် လုံးလုံး ဒူးထောက် ရတော့မည့် အချိန်၌၊ အကန့် အသတ် မရှိသော ရောင်ဝါ တစ်ခု သူ့နောက်မှ ပေါက်ကွဲ ထွက်လာ၏။

ခရမ်းငယ်က နတ်ရူရ် နှစ်လုံးကို၊ အသက် သွင်းလျက်၊

“ နင့်လို ရုပ်ဆိုးကောင်၊ သူ့ကို ဒူးထောက် ခိုင်းနေ တာလား၊ နင် ငါ့ ခွင့်ပြုချက် တောင်းခဲ့ သလား ဟမ့် ... ။ ”

-ဟု အော်ငေါက်ကာ၊ နတ်သံကြိုး များဖြင့်၊ ပစ်ခတ် လိုက်၏။

ကျင်းကြွယ် ခမျာ ရုတ်တရက် ထိတ်လန့် နေစဉ်၊ မိုးပြာ နဂါး နတ်ရူရ်နှင့်၊ ဖီးနစ် နတ် ရူရ် တို့က၊ သူ့ဆီ ပျံသန်း လာကာ၊ သံကြိုးများ သဖွယ် ပိတ်လှောင်ခြင်း ခံလိုက် ရသည်။

“ ဒူးထောက်စမ်း ... ရုပ်ဆိုးကောင်။ ”

ခရမ်းငယ် ထံမှ ရေခဲ ဖီးနစ် တစ်ကောင်၏ ရှေးဟောင်း ရောင်ဝါ တစ်ခု ပေါက်ကွဲ လာကာ၊ ကျင်းကြွယ်ပေါ် သက်ဆင်း သွား၏။

ကျင်းကြွယ် တစ်ယောက် ညည်းတွား သံပြုလျက် ဒူးထောက် လိုက်သည်။ ခရမ်းငယ် ၏ မူလကို မမြင်နိုင် သဖြင့်၊ အထိတ် တလန့် ဖြစ်လာ၏။

“ ဝှစ် ... ။ ”

ထိုစဉ် ခရမ်းငယ်မှာ ရေခဲ-ဖီးနစ် စာကလေး အသွင် ယူလျက်၊ လင်းယွန်ကို တင်ဆောင်ကာ၊ ထွက်ပြေး တော့သည်။

ကျင့်ကြွယ် ထံမှ ဘုရင် တစ်ပါး ရောင်ဝါ ပေါက်ကွဲ လာသည်။ ရောင်ဝါက တိမ်မည်းများ အဖြစ်၊ ချက်ချင်း ပေါ်လွင် လာ၏။

ထိုတိမ် များက ခရမ်းငယ်ကို ဖမ်းမိ သွားသည်။ ရေခဲ ဖီးနစ် စာကလေးကို စီးနင်း နေသော လင်းယွန်မှာ၊ အလွန် အန္တရာယ် များသော ရောင်ဝါကို ခံစား လာ ရ၏။

သူ လှည့်ကြည့် လိုက်ချိန်တွင်၊ ထိုအနက်ရောင် တိမ်တိုက် များက ကမ္ဘာဦး သားရဲ များလို၊ လိုက်ပါ လာလေသည်။

ခရမ်းငယ် သည်သာ၊ ရေခဲ ဖီးနစ် စာကလေး အသွင် ယူမ ထားသော်၊ ဤကျင်းကြွယ် လက်မှ သူတို့ လွတ်မြောက် နိုင်မည် မဟုတ်ချေ။

ကျင်းကြွယ်က သံကြိုးမှ လွတ်သည်နှင့်၊ ဒဏ်ရာ များကို ကုစားရန်၊ ဆေးလုံး တစ်လုံး သောက်သည်။

ထို့နောက် ကြယ်တံခွန် အလား၊ သူတို့နောက် ပျံသန်း လိုက်ပါ လာတော့၏။

“ ဧကရီ ... ၊ မြန်မြန် ... ။ ”

တစ်ဖက်တွင် အစ်ကို ဖုန်းမှာ၊ အခြေ အနေ မကောင်းလှ သောကြောင့် လင်းယွန်မှ စိုးရိမ် လာသည်။

“ ညီလေး ငါ သေတော့ မှာလား။ ”

တိုးဖျော့သော လေသံဖြင့် ဖုန်းကျွယ်က မေးလာသည်။

“ အစ်ကိုကြီး ... စကား မပြောနဲ့၊ ငါတို့ မကြာခင် ဓားဂိုဏ်းကို ရောက်တော့မယ်။ ”

ကြယ်စွမ်းအင်များ ဖုန်းကျွယ် ခန္ဓာကိုယ် ထဲသို့ သွန်းလောင်းလျက်၊ သွေ့ရော် ဆေးလုံးကို တိုက်ကျွေး လိုက်သည်။

သွေ့ရော် ဆေးလုံးသည် အဆင့်မြင့် သူတော်စင် ဆေးလုံး ဖြစ်ပြီး၊ အသက် ရှူနိုင် နေသရွေ့၊ ပြန်လည် ကောင်းမွန် လာနိုင်၏။

သို့သော် ဖုန်းကျွယ် ဒဏ်ရာမှာ၊ များစွာ ပြင်းထန် သောကြောင့် သိပ်ပြီး မထူးခြား လာ ခဲ့ချေ။

ကျင်းကြွယ်နှင့် တိုက်ခိုက် ရာ၌ ဒဏ်ရာ အပြင်း အထန် ရရှိ ခဲ့ပုံ ရသည်။ ဖမ်းမိပြီးနောက် ငါးမျှား ကြိုးဖြင့် တုပ်နှောင်ကာ အရှက်ခွဲ ခြင်းပင် ခံခဲ့ ရ၏။

သည့်အပြင် နောက်ဆုံး လက်ဖဝါးမှာ၊ ရင်ဘတ်ကို ထိုးဖောက်ပြီး၊ အတွင်း အင်္ဂါများထံ၊ ထိမှန် ခဲ့သည်။ သူ့အနေ အထား၌ အခြားလူ တစ်ဦး သာဆိုက၊ သေဆုံး နေပြီ ဖြစ်၏။

“ ညီလေး ... ၊ ငါ့ကို ထားခဲ့လိုက်၊ ငါ လိုက်လာ ခဲ့မယ်၊ မင်း သေလို့ မရဘူး၊ ညီ (၅)က တိမ်လွှာ ဓားဂိုဏ်းမှာ ပိတ်မိ နေပြီ၊ မင်းသာ သေသွားရင် ဓားဂိုဏ်းက တကယ်ပဲ အဆုံးသတ် တော့မယ်။ ”

ဖုန်းကျွယ်က လင်းယွန် လက်ကို လေးနက်သော အမူ အရာဖြင့်၊ တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင် လိုက်သည်။

“ ငါ မသေ ပါဘူး အစ်ကို ဖုန်း .... ၊ အဲဒီတုန်းက အစ်ကို ဖုန်းက ငါ့ အသက်ကို ကယ်ခဲ့တယ်၊ ဒါကြောင့် ငါ ကောင်းကောင်း အသက် ရှင်မယ်။ ”

လင်းယွန်မှ နှစ်သိမ့် ပေးမိသည်။

“ မင်းရဲ့ အစ်ကို ငါက၊ အသုံး မကျတာ စိတ်ပျက်စရာ ပါပဲ ... ၊ ဆရာ့ တပည့်တွေ ထဲမှာ ငါ အညံ့ဆုံး ... ၊ ဆရာ့ကို အရှက် ရစေ ခဲ့ပြီ။ ”

ဖုန်းကျွယ် တစ်ယောက် အပြစ်သား တစ်ယောက်လို၊ တုန်ယင် လာသည်။ သို့သော် လင်းယွန်ကို ခွန်လွန် မြေသို့ ခေါ်ဆောင် လာ နိုင်ခြင်းက ကျေနပ် စရာ ပေပင်။

“ မင်း ... ၊ လွတ်မယ် ထင်လား။ ”

ကျင်းကြွယ် အသံက ပဲ့တင်ထပ် လာပြီး၊ သူတို့နှင့် အကွာ အဝေးကို ခဏချင်း ပိတ်မိလာ ခဲ့သည်။

“ ကောင်းကင် ကျမ်း၊ - ကောင်းကင် နဂါး ဓား။ ”

၎င်းက လက်ကို ဆန့်တန်း လိုက်ရာ၊ ဓားရောင်ခြည် တစ်စင်း လက်ချောင်း ထံမှ တိုးထွက် လာ၏။

ခရမ်းငယ်မှ အချိန်မီ ရှောင်တိမ်း နိုင်ခဲ့ သော်လည်း၊ ဓား ရောင်ခြည်မှာ လေစီး ကြောင်းပေါ် ထိမှိန်ပြီး၊ သူမ အရှိန်ကို သိသိ သာသာ လျော့ကျ သွားစေ ခဲ့သည်။

“ ရွှပ် ... ၊ ရွှပ် ... ။ ”

ထိုအချိန်၌ ဓားရောင်ခြည် များဖြင့် ကျင်းကြွယ်က ထပ်မံ ပစ်လွှတ် လာတော့သည်။ ဓား ရောင်ခြည် တိုင်းသည် ကြောက်စရာ ကောင်းပြီး၊ သလင်းကျောက် ကဲ့သို့၊ တောက်ပစွာ လင်းနေ၏။

“ ဖရူး ... ။ ”

ခရမ်းငယ် အရှိန်မှာ လျော့ကျနေ သော်လည်း၊ ၎င်းဓားရောင်ခြည် တိုင်းကို လွတ်အောင် ပျံသန်း နိုင်သည်။

ယင်းက ကျင်းကြွယ် မျက်နှာကို ပျက်ယွင်း သွား စေ၏။ ပြတ်သားသော ဆုံးဖြတ် ချက်နှင့် အတူ၊ ပန်းချီကား တစ်ချပ် ခေါ်လိုက်သည်။

နက္ခတ်ကို ခေါ်ယူ ခြင်းဖြင့်၊ ကြီးမားသော ရုန်းရင်း ဆန်ခတ်မှု ဖြစ်မည်ကို သူ သိသည်။ သို့တိုင် ဒေါသက ထိန်းမရချေ။

နက္ခတ် ပေါ်လာသော အခါ မီးတောက် နေသော လင်းယုန်ကြီး ထင်လာ၏။ ၎င်းသည် ရွှေကျီးကန်း၏ အသွေး အသားကို ဆက်ခံသော၊ ရွှေမီးတောက် နတ်ဆိုး လင်းယုန် ဖြစ်သည်။

နေမင်း ကဲ့သို့ စူးရှသော မျက်ဝန်း တစ်စုံ ရှိကာ၊ အမွေးများသည် ထက်ရှသော ဓားသွား များ အလား၊ ဖြစ်နေ၏။

ကျင်းကြွယ်က ရွှေမီးတောက် နတ်ဆိုး လင်းယုန်ပေါ် တပ်ရပ် လိုက်သော အခါတွင်၊ သူ့ ရောင်ဝါသည် အမြင့် ဆုံးသို့ ရောက်ရှိ သွားသည်။

“ ဖရူး ... ။ ”

ရွှေမီးတောက် နတ်ဆိုး လင်းယုန်က အတောင်ပံ များကို ဖြန့်ကြက်လျက်၊ ခရမ်းငယ် အား မီးတောက် များဖြင့် မှုတ်လေသည်။

ယင်းကြောင့် လင်းယွန်က လက် ဝှေ့ယမ်းကာ၊ မိုးပြာ နဂါး နေ-လ ထီးကို ထုတ်ယူ လိုက်ရ၏။

နဂါး ရူရ် နှစ်သောင်းကို သွန်းလောင်းစဉ်၊ နဖူး၌ ချွေးများ ဖုံးလွှမ်း သွားပြီး၊ အတား အဆီး တစ်ခုအား ခံစားလာ ရ၏။

ထို့ကြောင့် မိုးပြာ နဂါး ခန္ဓာအား၊ အသက် သွင်းကာ၊ ထီးကို ကောင်းကင်သို့ မြှောက်လိုက် သည်။

ဤအချိန်၌ ကောင်းကင်မှ မီးမိုးများ ရွာလာပြီး၊ ကမ္ဘာကြီး တစ်ခုလုံးကို လောင်မြိုက် ပစ်ရန်၊ ကြိုးစား နေသည်။

“ ဖွင့် ... ။ ”

လင်းယွန်မှ အော်ငေါက်လျက် ထီးကို ဖွင့်သည်။ ကြောက်မက်ဖွယ် အလင်း စက်ဝန်း တစ်ခုက၊ အမိုး အကာ သဖွယ် ပေါ်လာ၏။

မီးမိုး များက ထီးပေါ် ကျလာ၏။ သို့သော် မီးပွားများ ပွင့်ထွက်ပြီး၊ လွင့်စဉ် ကုန်လေသည်။ ယင်းက ကောင်းကင် တစ်ခု လုံးကို၊ များကန် ထားသလို ပေပင်။

“ ဘုန်း ဝိညာဉ်တော် သူတော်စင် လက်ရာ။ ”

ကျင်းကြွယ်မှာ အံ့သြ သွားလေသည်။ ဂြိုဟ်သိမ် ခါးပတ် လမ်းတွင် ပုန်းအောင်း ကြည့် နေချိန်၌၊ ဤထီးကို မြင်ခဲ့ ဖူး၏။

ထိုစဉ်က ထီးကို မဖွင့် နိုင်ချေ။ လှံတစ်စင်း ကဲ့သို့သာ အသုံးပြု နေခဲ့သည်။ ဆိုလို သည်မှာ ထိုအချိန်က စွမ်းအား အပြည့်ကို၊ မထုတ် နိုင်ဟု အဓိပ္ပါယ် ရသည်။

“ ဟမ့် ... ။ ”

သို့သော် နှာခေါင်းရှုံ့ လိုက်ကာ၊ ရွှေမီးတောက် နတ်ဆိုး လင်းယုန်၏ ကျောကို ပွတ်သပ် လိုက်၏။

နတ်ဆိုး လင်းယုန်က ပါးစပ်ကို ဖွင့်လျက်၊ အကန့် အသတ်မဲ့ မီးတောက် များနှင့် အဆုံးမဲ့ မှုတ်ထုတ် လာလေသည်။

ဤတစ်ကြိမ်၌ အာကာပြင် ကိုပင်၊ လောင်ကျွမ်း သွားစေ နိုင်သော ရွှေရောင် မီးလျှံများ ဖြစ်သည်။

“ သေစမ်း ... ။ ”

လင်းယွန် မျက်နှာ ဖြူဖျော့ သွားကာ၊ ထီးစွမ်းအားကို ဆက်လက် ထုတ်ဖော်ရန် ခက်ခဲ လာသည်။

စိတ်ပျက် အားငယ် နေချိန်၌၊ ပုံရိပ် တစ်ရိပ်က ဓားသေတ္တာ ထဲမှ ပြေးထွက် လာပြီး၊ နေ-လ ထီးကို လက်လွှဲ ယူသွား၏။

ထီးက ချက်ချင်း ပွင့်လျက်၊ မီးပင်လယ်ကို ပိတ်ဆို့ ပေးလေသည်။ ဤတစ်ကြိမ်၌ ပွင့်ရုံသာ မက၊ ထီးရွက် မျက်နှာပြင်မှ နဂါး (၈)ကောင် ပျံထွက် လာသည်။

နဂါး သွေးကို လောင်ကျွမ်း စေလျက်၊ နဂါးမျောက်ဝံ ပုံစံ ခံယူကာ၊ နဂါးလေး ထွက် လာခြင်း ဖြစ်သည်။

“ ကျီး ... ။ ”

နဂါး (၈)ကောင်က၊ ရွှေမီးတောက် နတ်ဆိုး လင်းယုန်ကို၊ ဝိုင်းတိုက် သဖြင့်၊ လင်းယုန် ခမျာ ကျယ်လောင်စွာ အော်ဟစ် တော့၏။

ဤအခွင့် အရေးကို ယူကာ ၎င်းတို့ကြား အကွာအဝေးအား ထပ်မံ တိုးမြှင့် လိုက်သည်။ လင်းယုန်မှာ ယိမ်းယိုင်လျက် အနည်းငယ် နှောင့်နှေး သွားသည်။

“ ကောင်းကင် ကျမ်း၊ - ကောင်းကင်က လမင်း။ ”

ကျင်းကြွယ်က စိတ်မရှည် တော့ဘဲ၊ လင်းယုန် ကျောကို ပုတ်ကာ၊ သူကိုယ်တိုင် ပျံသန်း လိုက်ပါ လာသည်။

သူ့နောက်၌ လတစ်စင်း ပေါ်လာ ချိန်၌၊ လက်ဖဝါးကို မြှောက်ပြီး ရိုက်ချ လာလေသည်။ လမင်း ထံမှ အလင်းရောင်များ ဖြာလျက်၊ နဂါး လေးပေါ်၊ သက်ဆင်း တော့၏။

ထိုလက်ဖဝါး လှိုင်းကြီးက၊ နဂါးလေးအား ရေကန်ထဲ ပြုတ်ကျသွား စေသည်။ သည့်အပြင် ပျံသန်း နေသော ခရမ်ငယ် ကိုပါ၊ ရိုက်ခတ် လာသည်။

ခရမ်းငယ် ခမျာ၊ နာကျင်စွာ အော်ဟစ် လျက်၊ ကောင်းကင်မှ ပြုတ်ကျကာ၊ မိန်းကလေး ပုံစံသို့၊ ပြန်ပြောင်း သွားသည်။

လင်းယွန်က ဖုန်းကျွယ်အား ထမ်းပိုးလျက် လေထဲ ကိုယ်ရှိန်သပ် လိုက်ရ၏။ ရေကန်ထဲတွင် နဂါးလေးမှာ ကြောင်ပုံစံ ဖြစ်ပြီး၊ ခရမ်းငယ် သည် မြေပြင်၌ လဲနေ၏။

ဓားဂိုဏ်းသည် သူတို့နှင့် မဝေးကွာ လှ သော်လည်း၊ လမင်းနှင့် နတ်ဆိုး လင်းယုန်မှာ လိုက်မီ လာသဖြင့်၊ လုပ်နိုင် စရာ မရှိ တော့ချေ။

ကျင်းကွယ်က မြေပြင်ပေါ် ဆင်းသက်ကာ၊ ဒေါသဖြင့်၊ ကြည့်လာသည်။ ပင်မ နတ်ဘုရား တစ်ပါးကို ဖမ်းစီးရန်၊ သူ့ နက္ခတ်ပင် ခေါ်ယူ လိုက်ရ၏။ ရှက်စရာ ပေပင်။

“ မင်း လာခဲ့ ... ။ ”

လက်ဖဝါး မြှောက်လိုက်သော အခါတွင်၊ စုပ်အား တစ်ခု ပေါက်ကွဲ လာပြီး၊ လင်းယွန်အား ဆွဲယူ တော့သည်။

“ ရွှီး ... ။ ”

ထိုအချိန်တွင် သစ်ရွက် တစ်ရွက်သည် မိုးကုတ် စက်ဝိုင်းကို ဖြတ်၍ ကျင်းကြွယ် လက် ဖဝါးပေါ် ကျရောက် လာ၏။

“ ဘယ် သူလဲ ... ။ ”

ပြတ်ရှရာ တစ်ခုနှင့် အတူ၊ သွေးများ ချက်ချင်း ထွက်လာ သဖြင့်၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်လိုက် ရသည်။

“ ဓားဂိုဏ်းက မုချွမ် ... ။ ”

စကားသံနှင့် အတူ၊ ဓားတစ်လက်၊ မြေပြင်ပေါ် သက်ဆင်း လာ၏။ ထိုဓားရောင်ဝါ အတွင်းမှ မုချွမ်က လင်းယွန်ကို ကြည့်သည်။

ဘယ်လက်တွင် ဓားတစ်လက် ကိုင်လျက်၊ ညာလက်ကို ညင်သာစွာ ဝှေ့ယမ်းကာ သစ်ရွက် အား၊ သူ့ဆီ ပြန်ခေါ် လိုက်၏။

“ ရွှီး ... ။ ”

သစ်ရွက်က မြေပြင်မှ ရုတ်တရက် ထ၍ ပျံသန်းစဉ်၊ ဘယ်လက်မှ သူ့ဓားသည် ရိပ်ခနဲ လှုပ်ရှား လာသည်။

ထို့ကြောင့် ကျင်းကြွယ် တစ်ယောက် တုံ့ဆိုင်း မနေ တော့ဘဲ၊ ကောင်းကင်ပေါ် ပျံပြေး တော့၏။

သို့တိုင် ဓားရောင်ခြည်က ကောင်းကင်ရှိ လမင်းနှင့် နတ်ဆိုး လင်းယုန်ကို ဖျက်ဆီးပစ် လိုက် လေသည်။

သည့်နောက် သူ့ ခန္ဓာ ကိုယ်ပေါ် ကျရောက်ကာ၊ ကောင်းကင် ကျမ်းနှင့် ဖန်တီး ထားသော ချပ်ဝတ်ကို ဖြတ်လျက်၊ သူတော်စင် ချပ်ဝတ် ထိတိုင် ကြေမွှ လာစေ၏။

“ အစ်ကို မု ... ၊ အစ်ကို ဖုန်းကို ငါ မထိန်း နိုင်တော့ဘူး။ ”

လင်းယွန်က ဖုန်းကျွယ်အား ကျောပိုး လျက်မှ၊ စိုးရိမ် တကြီး အော်ဟစ် လိုက်လေ သည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် ကျင်းကြွယ်နောက် လိုက်ရန် ပြင်နေသော မုချွမ်က ဓားကို အမြန် သိမ်းဆည်း ပြီး၊ လင်းယွန် အနား ရွေ့လာကာ၊ ဖုန်းကျွယ် အား စစ်ဆေးစဉ်၊ မျက်နှာ ပျက်ယွင်းလာ တော့သည်။

***

All Chapters