နောက်တစ်ယောက်ကို ထပ်မွေးစားချင်လား (၂)
Vol. 11 Ch. 164
အကယ်၍ သူသည် အသက်နှစ်ဆယ်တွင် ကောင်းကင်အဆင့် တပည့်ဖြစ်နေပြီဆိုလျှင် နောက်ထပ် ခုနစ်နှစ်မှ ရှစ်နှစ်အတွင်း ကျင့်ကြံသူ သခင်ဖြစ်လာမည် မဟုတ်လော။
ထိုမှသာလျှင် ခေါင်းဆောင်က ထိုလူကို အဘယ်ကြောင့် အလွန်ရိုသေရသနည်းဟု တပ်သားငယ်က နားလည်လာသည်။
"အတွေ့အကြုံက အရာအားလုံးပါပဲ။ခေါင်းဆောင် ၊ ခေါင်းဆောင်က အသိပညာကြွယ်ဝတော့ ကောင်းကင်အဆင့် တပည့်တစ်ယောက်ရဲ့ အမှတ်အသားကိုတောင် မှတ်မိနိုင်တယ်”
"ဟုတ်တယ်။ ဒီမြို့တံခါးကို ငါ စောင့်နေတာ ခုနစ်နှစ်ကျော်ပြီ။ ကျောင်းကြီးသုံးခုက အနည်းဆုံး တပည့်တစ်ထောင်လောက်ကို ငါတွေ့ဖူးတယ်။ အဲ့တော့ ဘယ်အထောက်အထား တိုကင်ကိုမဆို ချက်ချင်း မှတ်မိတယ်”
တပ်သားနှစ်ယောက်က သူ့နောက်မှာ စကားပြောနေတာကို လင်းရှန်မသိပေ။
မြို့ထဲသို့ဝင်ပြီးနောက် ထန်ယွဲ့၏ ဦးဆောင်မှုအောက်တွင် မထင်ရှားသော လူနေအဆောက်အအုံတစ်ခုသို့ ရောက်ရှိခဲ့သည်။
သူက တံခါးဖွင့်ပြီး အထဲကိုဝင်သွားလေ၏ ဧည့်ခန်းထဲကို ရောက်သွားမှပဲ သူတို့ကတစ်ယောက်တည်းမဟုတ်မှန်း လင်းရှန် သိလိုက်ရသည်။
“ဝိဉာဉ်ကြောင်တွေက ပုန်းအောင်းတာတော်တယ်လို့ ကောလဟာလတွေ
ကြားဖူးတယ်။ အဲဒါက အမှန်ဖြစ်ပုံပဲ ၊ငါသူတို့ရဲ့ အရောင်အဝါကို မခံစားမိဖူး”
လင်းရှန်သည် တိတ်တဆိတ် အံ့သြသွားသည်။
အကယ်၍ သူသည် ၎င်းတို့နဲ့ ဆယ်မီတာကျော်အကွာမှ နံရံတစ်ခုတွင် ရှိနေရင်တောင် အခြားတစ်ဖက်ရှိ ဝိညာဉ်ကြောင်များကို အာရုံခံနိုင်မည်မဟုတ်ပေ။
အဲ့တာကလည်း သူတို့၏ အဆင့်က တူညီမှသာ ဖြစ်မည်။
အကယ်၍ ၎င်းသည် ဝိညာဉ်နိုးကြားခြင်း အဆင့်ရှိ ဝိညာဉ်ကြောင်
တစ်ကောင်ဖြစ်ခဲ့ပါက မည်မျှပင် ဖုံးကွယ်ထားပါစေ၊ သူကို ရှာဖွေတွေ့ရှိတာကနေ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
သို့သော် ဝိညာဉ်ပြည့်လျှံခြင်းကို နိုးကြားခဲ့သော တောက်ပသော ဝင်ပေါက်အဆင့် ကျင့်ကြံသူများအတွက်တော့ ကြောင်တစ်ကောင်၏ ဖုံးကွယ်နိုင်စွမ်းသည် အလွန်လျော့ကျသွားမည်ဖြစ်သည်။
ဉာဏ်အလင်းရခြင်းအဆင့်ကြောင်နတ်ဆိုးတောင်မှ တောက်ပသောဝင်ပေါက်အဆင့်ကျင့်ကြံသူနဲ့ နီးနီးကပ်ကပ်မှာဆို ပုန်းအောင်းလို့မရပေ။
ဧည့်ခန်းသို့ရောက်သောအခါ လင်းရှန်သည် လှည့်ပတ်ကြည့်နေသည်။
ဧည့်ခန်းထဲတွင် စုစုပေါင်း လူခုနစ်ယောက်ရှိသည်။ သူတို့အားလုံးသည် ဆယ်ကျော်သက်မှ အသက် (၂၀)နှောင်းပိုင်းအထိရှိသည့် လှပသောအမျိုးသမီးများဖြစ်သည်။ သူတို့အားလုံးမှာ မတူညီတဲ့ စိတ်နေစိတ်ထားတွေရှိနေကြသည်။ တချို့က တက်ကြွ၏ တချို့က နူးညံ့၏ တချို့ကသိမ်မွေ့၏ ။ တစ်ချက်ကြည့်လိုက်တော့ သူတို့ကအံ့ဩစရာတွေပင်။
ထန်ယွဲ့ကဲ့သို့ပင် အမျိုးသမီးခုနစ်ယောက်တို့သည် ၎င်းတို့၏ ကြောင်နားရွက်များနှင့် အမြီးများကို ဖုံးကွယ်ထားသည်။ သူတို့၏ ပြောင်မြောက်တဲ့ ရုပ်ရည်ကလွဲရင် ကျန်တာ သာမန်အမျိုးသမီးတွေနဲ့ အတူတူပင်။
လင်းရှန်က အမျိုးသမီးများကို လေ့လာသောအခါတွင် သူတို့ကလည်း သူ့ကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။
သူတို့သည် သူ့ကို ရဲရဲတင်းတင်းကြည့်ကြ၏
တချို့ကတော့ အမှတ်မထင် ကြည့်နေဟန်ဆောင်သည်။
တခြားသူသာဆိုရင် အလှတရားခုနစ်ပါး စိုက်ကြည့်တာခံရတဲ့အခါ
မျက်နှာပျက်သွားနိုင်သည်။ သို့သော်လည်း လင်းရှန်သည် ဤဝိဥာဉ်ကြောင်များ၏ အသွင်သဏ္ဍာန်အစစ်အမှန်ကို သိထားတာကြောင့် လုံးဝမထိခိုက်ပေ။
အချိန်အတော်ကြာပြီးနောက်တွင် သူတို့အားလုံးထဲမှ အသက်အကြီးဆုံးသည် ရှေ့သို့ ထွက်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“ဒါက ဆရာလင်းရှန်ဖြစ်ရမယ်။ ကျွန်မတို့ကို ကူညီဖို့ နဂါးမြို့တော်ကနေလာပေးလို့ ကျေးဇူးတင်ပါတယ် “
“ကျွန်မနာမည် ထန်ရင်ပါ ။ ကျွန်မကို နစ်မြှပ်ခြင်းလမင်းရဲ့ခေါင်းဆောင်လို့ ခေါ်နိုင်ပါတယ်”
"ကျွန်တော်ကို လင်းရှန်လို့ပဲ ခေါ်ပါ" လင်းရှန်က ခေါင်းညိတ် နှုတ်ဆက်သည်။ "နစ်မြှပ်ခြင်းလမင်းကလူတွေ အားလုံး ဒီမှာ ရှိလား"
ထန်ရင်က ခေါင်းယမ်းလိုက်သည်။ “ဒီမှာ အဖွဲ့ဝင်တချို့ပဲရှိတယ်။ ဒီည စစ်ဆင်ရေးက အန္တရာယ်ရှိမယ်လို့ ယူဆလို့ ညီမတွေကို တိုးတက်ခြင်းအဆင့်တွေပဲ စုစည်းထားတာ”
တိုးတက်ခြင်းအဆင့်ကြောင်နတ်ဆိုး ရှစ်ကောင်
လင်းရှန်က သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။
နစ်မြှပ်ခြင်းလမင်း၏ အလုံးစုံခွန်အားသည် သူမျှော်လင့်ထားသည်ထက် ပိုမိုအားကောင်းနေပုံရသည်။
အနည်းဆုံးတော့ ၎င်းသည် ညသွေးစက်များထက် များစွာ အားကောင်းခဲ့သည်။
သို့သော် နစ်မြှပ်ခြင်းလမင်းကို တည်တောင်ထာ အချိန်မကြာသေးပေ။
မဟုတ်ရင် ညသွေးစက် တွေက နေရာတိုင်းမှာ ဝိညာဉ်ကြောင်တွေကို ဘယ်လိုဖမ်းရဲမလဲ။
"ငါတို့ဘာဆက်လုပ်ရမလဲ ပြောပါ”
စကားအနည်းငယ်မျှ မပြောဘဲ လင်းရှန်သည် ထိုနေရာသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။
ထန်ရင်သည် ဤအတွက်ကြောင့် ပျော်ရွှင်နေခဲ့သည်။ သူမသည် သူမ၏ မျိုးနွယ်စုများကို တတ်နိုင်သမျှ အမြန်ဆုံး ကယ်တင်ချင်ခဲ့သည်။
“ဒီည လုပ်ဆောင်ဖို့ သတ်မှတ်ထားတယ်။ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ပြီး ကျွန်မတို့ရဲ့ အငွေ့အသက်တွေကို ဖျောက်ဖို့က ကျွန်မတို့အတွက် ပိုလွယ်လိမ့်မယ်”
ထန်းရင်က ပြောပြီး လင်းရှန်၏အမူအရာကို ဂရုတစိုက်ကြည့်လိုက်သည်။
သူခေါင်းညိတ်သဘောတူသည်ကိုမြင်တော့ သူမက ဆက်ပြောသည်။
"ဒါက ပစ်မှတ်ပဲ”
ဧည့်ခန်းရှိ ကော်ဖီစားပွဲပေါ်တွင် မြေပုံတစ်ခု ချထားပြီးဖြစ်သည်။ ထန်ရင်သည် အနီရောင် စက်ဝိုင်းပါရှိသည့်နေရာကို ညွှန်ပြသည်။
“ဒီအိမ်က အရင်က ဆောက်ခဲ့ပေမယ့် ဆေးဖော်စပ်သူ ပြောင်းရွှေ့ပြီးတဲ့ နောက်မှာတော့ အိမ်ကြီးတလျှောက် တံတိုင်းဆောက်ပြီး အစောင့်အကြပ် အဖြစ် အရည်အချင်းရှိတဲ့အမျိုးသားတွေကိုတောင် ခေါ်ယူခဲ့တယ်။အဲ့တော့ အဲ့အိမ်က ရဲတိုက်ငယ်လေးနှင့် မထူးမခြားနားပဲ။ သာမန်အိမ်ကြီးထက် ခိုးဝင်ဖို့
ပိုခက်တယ်”
“ပြီးတော့ ပြီးခဲ့တဲ့ အကြိမ်က ကျွန်မတို့ ရရှိခဲ့တဲ့ အချက်အလက်တွေအရတော့ ပုံမှန် အစောင့် အယောက် ၅၀ လောက်ပဲ ရှိတာ။ အဲဒီထဲက ခုနစ်ယောက် ရှစ်ယောက်လောက်ကကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူတွေ ။ဒါပေမဲ့ ရန်သူကို နောက်ဆုံးအကြိမ် သတိပေးထားတော့ အစောင့်အရေအတွက် တိုးလာနိုင်တယ် ။ ဒါကို ကျွန်မတို့ ကြိုစဉ်းစားထားရမယ်”
ထန်ရင်သည် အိမ်ကြီး၏ အခြေအနေကို စိတ်ရှည်လက်ရှည် ရှင်းပြသည်။
လင်းရှန် မလာခင်မှာ သူတို့ လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပြီးသားဆိုတာ ရှင်းပါသည်။ ဒါက လင်းရှန်အား ၎င်းတို့၏ကလေးများကို ကယ်တင်ဖို့ဟူသော ခိုင်မာသည့် သန္နိဋ္ဌာန်ကို ခံစားစေခဲ့ရသည်။
ကံမကောင်းစွာပဲ တူညီသောကျင့်ကြံမှုအဆင့်ရှိလျှင်ပင် ဝိညာဉ်ရေးရာ သားရဲများ၏တိုက်ခိုက်ရေးစွမ်းအားသည် ယေဘုယျအားဖြင့် လူသားကျင့်ကြံသူများထက် နိမ့်ကျသည်။
ထို့အပြင် ဝိညာဉ်ကြောင်မျိုးနွယ်သည် တိုက်ရိုက်တိုက်ခိုက်ရာတွင် ကောင်းစွာမစွမ်းဆောင်နိုင်ပေ။
ထို့ကြောင့် နစ်မြှပ်ခြင်းလမင်းတွင် တိုးတက်ခြင်းအဆင့်ကြောင်နတ်ဆိုးများ အများအပြားရှိလျှင်ပင် အိမ်တွင်းရှိ ကြာရှည်စွာအသက်ရှုခြင်းအဆင့် အစောင့်များသည် ၎င်းတို့၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။
“ဝိဥာဉ်ကြောင်တွေ ရှိတဲ့နေရာ အတိအကျတော့ ကျွန်မတို့ မသိပါဘူး။ အစောင့်တွေနဲ့ အစေခံအချို့ကို စစ်ဆေးမေးမြန်းဖို့ ဖမ်းဆီးပေမဲ့ သတင်းတစ်စုံတစ်ရာ မရရှိသေးဘူး။ အဲဒီနေရာကို လျှို့ဝှက်ထားတယ် ထင်တယ်။ အိမ်ကြီးထဲက အဆင့်အတန်းမြင့်တဲ့လူတွေသာ သိလောက်မယ်”
“စစ်ဆင်ရေးစရင်တော့ ဂိတ်စောင့်တပ်သားတွေရဲ့ အာရုံကို ဆွဲဆောင်ဖို့ ကျွန်မတို့ တာဝန်ယူမှာပါ။ အဲ့ဒီအတောအတွင်း သခင်လင်းရှန်နဲ့ ထန်ယွဲ့တို့က အိမ်ထဲကို ခိုးဝင်ပြီး မန်နေဂျာလို လူတွေကို ဖမ်းဆီးလိုက်။ ပြီးရင် ဝိညာဉ်ကြောင်တွေရဲ့ တည်နေရာကို စစ်ဆေးမေးမြန်းပေးပါ “
ထန်ရင်သည် ထန်ယွဲ့နဲ့လင်းရှန်ကို လေးနက်သော အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။
"နေရာကိုရှာတွေ့ရင် ထန်ယွဲ့က ချက်ချင်းအကြောင်းကြားပေးမှာပါ။ အခြေအနေအရ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဖန်တီးပြီး အိမ်ထဲက အစောင့်တွေရဲ့ အာရုံကို ဆွဲဆောင်ထားလိုက်မယ်။ အဲ့ဒီကျ ဆရာလင်းရှန်က ဝိညာဉ်ကြော င်တွေကို ကယ်တင်ပြီး အိမ်ထဲက ထွက်သွားဖို့ အခွင့်အရေးရပါလိမ့်မယ်”
၎င်းသည် လွတ်ပေါက်မရှိသော အစီအစဉ်တစ်ခုဖြစ်သည်။
လင်းရှန်မှာ ထည့်ပြောစရာ ဘာမှမရှိပေ။
အကယ်၍ သူသည် ဤအစီအစဥ်တွင် ချို့ယွင်းချက်တစ်ခုကို ရှာတွေ့ခဲ့ရင်တောင် ၎င်းတို့တွင် အရေးပေါ်အစီအစဉ် သို့မဟုတ် အခြားရွေးချယ်စရာ အစီအစဉ်များ မရှိပေ။