← Chapters

ကောင်းကင် ကျမ်း၊ (နတ်ဘီလူး ခန္ဓာ)။

Vol. 110 Ch. 1538

ကောင်းကင် ကျမ်း၊ (နတ်ဘီလူး ခန္ဓာ)။

Vol. 110 Ch. 1538

မုချွန်က သူတော်စင် ဆေးလုံး အများအပြားကို ထုတ်ယူပြီး၊ ဖုန်းကျွယ်အား တိုက်ကျွေးကာ ကြယ်စွမ်းအင် ပို့လွှတ် လိုက်သည်။

သို့သော် ချွေးပေါက် များမှ သူတော်စင် ဆေးလုံး များ၏ ရောင်ဝါကို ပြန်လည် စွန့်ထုတ် လာသည်။

“ အုတ်မြစ် ပျက်စီး သွားပြီ ... ၊ ဂိုဏ်းဆီ ချက်ချင်း ပြန်ရမယ်၊ ဆရာက လွဲပြီး ဘယ်သူမှ သူ့ကို မကယ်တင် နိုင်တော့ဘူး။ ”

“ ဒါဆို သွားရအောင် ... ၊ ခဏလေး ... ။ ”

လင်းယွန်က ရုတ်တရက် သတိရ သွားပြီး ဟန့်တား လိုက်မိသည်။

“ ဘာဖြစ် လို့လဲ ... ။ ”

“ အစ်ကို ဖုန်၊ ကျွန်တော် စမ်းကြည့် ပါရစေ။ ”

လင်းယွန်က ဖုန်းကျွယ်ကို ပြန်ကြည့်ကာ ပြောသည်။ ဓားဂိုဏ်းသို့ မရောက် နိုင်တော့ဟု ထင်၏။ ထို့အပြင် ဆရာ့ကို အလုပ် မရှုပ်စေ လိုချေ။

“ မင်းက ... ။ ”

“ ဟုတ်တယ် … နတ် နဂါးပြာ အရိုးရ ခဲ့တယ်၊ သူက သစ်သား ဂုဏ်ရည်ပဲ၊ နတ်ဘုရား ရူရ်ကို အသက်သွင်း နိုင်ရင်၊ အစ်ကို ဖုန်းကို ကယ်တင် နိုင်ပြီ။ ”

“ မဟုတ်ဘူး၊ မင်း မလုပ် နိုင်ဘူး၊ မင်းရဲ့ ကျင့်ကြံ မှုနဲ့၊ မူလ နတ်ဘုရား ရူရ်ကို ဘယ်လို လုပ်ပြီး၊ အသက်သွင်း နိုင်မှာလဲ။ ”

“ အစ်ကို မု ... ၊ ကျွန်တော် စမ်းကြည့်ပါ ရစေ။ ”

“ ဂျူနီယာ ညီလေး ဖုန်းက ... ၊ သူ့ အသက်ကို ဘာလို့ စွန့်ခဲ့ တာလဲ သိလား၊ မင်းက ဓားဂိုဏ်းရဲ့ မျှော်လင့်ချက် မို့ပဲ။ ”

“ ဓားဂိုဏ်း မျှော်လင့်ချက် ဟုတ်လား၊ ကျွန်တော် စိတ်မဝင် စားဘူး၊ ကိုယ့် ဝန်းကျင်က လူတွေ ကိုသာ စိတ်ဝင် စားတယ်။ ”

“ သူ ကြိုးစား ပါစေ၊ ဒီဧကရီ အမြင် အရတော့၊ မင်းတို့ ဓားဂိုဏ်းဆီ ပြန် မရောက်ခင် သေသွား နိုင်တယ်၊ ဒါကို မင်း ကိုယ်တိုင်လည်း သိပါတယ်။ ”

ခရမ်းငယ်က ဝင်ပြော လာသည်။ ထိုစကားကို ကြားသော အခါ၊ မုချွန် တုန့်ပြန် မှုအား မစောင့် တော့ဘဲ၊ ဖုန်းကျွယ် နောက်တွင် ထိုင်လိုက် လေသည်။

အပြာရောင် နဂါးကြီး တစ်ကောင် ပေါ်လာပြီး၊ သူတို့ နှစ်ဦးကို သိုင်းခြုံ လာတော့ သည်။

တစ်ချိန် တည်းမှာပင်၊ ကြယ်စွမ်းအင်များ ရုန်းကြွ လာပြီး၊ နဂါးပြာ အရိုးထံ ဝင်ရောက် သွား၏။

ထို့နောက် သွေ့ရော် ဆေးလုံးကို သောက်ကာ၊ ကြယ် စွမ်းအင်အား ပြန်လည် ဖြည့်တင်း ပေးသည်။

ဤတစ်ကြိမ်တွင် အိုင်းရစ် ဓားသုတ္တန် ကိုပင်၊ ဖြန့်ဝေ လိုက်၏။ ပြီးနောက် နဂါးပြာ အရိုးတွင် ရေးထွင်း ထားသော နတ် ရူရ်ထံ ဦးတည် တော့သည်။

သို့တိုင် နတ် ရူရ်ကို အသက် မသွင်းနိုင် သဖြင့်၊ ငရဲပန်းအား ဆက်လက် ထိန်းချုပ်ကာ၊ ကမ္ဘာ ဖျက်ဆေး အိုးထံ အာရုံစိုက် မိသည်။

ရောင်ဝါ သမုဒ္ဒရာ ကြမ်းပြင်ရှိ၊ ကမ္ဘာဖျက် ဆေးအိုးကြီး ကြွတက် လာပြီး၊ နတ် နဂါးပြာ အရိုး ထံသို့၊ ကြယ် စွမ်းအင်များ ပို့လွှတ် တော့သည်။

ယင်းကြောင့် လင်းယွန် မျက်နှာ ဖြူဖျော့ သွားပြီး၊ သူ့ နဖူး၌ ချွေးများ ဖုံးလွှမ်း သွားသည်။ သို့တိုင် နတ်နဂါးပြာ အရိုး၏ နတ် ရူရ်မှာ၊ အသက် ဝင်လာခြင်း မရှိ သေးချေ။

ဓားနှစ်လက် ဝိညာဉ် များမှာ၊ ရပ်ကြည့် မနေနိုင် တော့ဘဲ၊ ဓားပင်လယ်မှ ထွက်လာပြီး၊ နတ် ရူရ်ကို လှုပ်ခါ တော့သည်။

လက်ဖဝါး မှတဆင့် အပြာရောင် အလင်းများ စီးဝင် သွားကာ၊ ဖုန်းကျွယ်၏ ခန္ဓာ ကိုယ်ကို၊ အသစ်- အသစ်များ ဖြစ်ပေါ် လာစေသည်။

“ အောင်မြင် တာလား ... ။ ”

ဤမြင်ကွင်းကြောင့် မုချွန်က အံ့သြ သွားသည်။ ထို့စဉ် ယခင် လင်းယွန်၌ နတ်နဂါး အရိုး မရှိ သည်ကို၊ သတိရ သွားသည်။

နတ်နဂါး အရိုး ဟူသည် အလွယ် တကူ ရှာတွေ့ နိုင်သော အရာ မဟုတ် သဖြင့်၊ ဆရာ သခင်မှ ငရဲ ကမ္ဘာ ခန်းမသို့ အလည်သွား ခြင်းဖြင့်၊ ပတ်သတ် နိုင်ပေမည်။

တစ်နာရီကြာ ပြီးနောက် လင်းယွန် လက်များ ဖုန်းကျွယ် ကျောပြင်မှ ပြုတ်ကျကာ၊ လဲကျ သတိလစ် သွားတော့သည်။

ယင်းက မုချွန် ကြောက်သော အရာ ဖြစ်လေသည်။ အမြန် လှမ်းတက်ပြီး၊ လင်းယွန် ကို သူတော်စင် ဆေးလုံး တိုက်ကျွေး လိုက်၏။

မီးလျှံများ တဖျစ်ဖျစ် တောက်လောင် နေသံကို ကြားကာ၊ လင်းယွန် တစ်ယောက် အိပ်ရာမှ နိုးလာသည်။

ဦးစွာ မြင်လာရ သည်က ကြယ်ရောင်စုံ တောက်ပ နေသော ကောင်းကင်ကြီး ဖြစ်သည်။ မဝေးလှသည့် အရပ်၌၊ မီးပုံ တစ်ပုံကို မြင်လိုက် ရ၏။

မီးပုံ ဘေးတွင် မုချွမ်က နတ်ဆိုး သားရဲ အသားကို ကင်နေပြီး၊ ခရမ်းငယ်နှင့် နဂါးလေး က ပျော်ရွှင်စွာ စားသောက် နေသည်။

“ နိုးပြီလား ... လာ ။ ”

မုချွမ်က ပြုံးလျက် လှမ်းခေါ်သည်။ စိတ်ရှုပ်ထွေး နေဆဲ ဖြစ်သဖြင့်၊ မီးပုံ နားလို့ လေးကန်စွာ လျှောက်လှမ်း သွားမိသည်။

“ ရော့ ... ။ ”

သူ့ အတွက် အသား တစ်ပိုင်း လှီးဖြတ် ပေးလာရာ၊ လက်ခံ မြည်းစမ်း ကြည့်သော အခါ တွင်၊ အရသာ ကောင်းကြောင်း သိရှိ လိုက်၏။

“ အစ်ကို ဖုန်း၊ အဆင်ပြေလား။ ”

“ ပြေတယ်၊ အိပ်ပျော် နေတယ်။ ”

မုချွမ်မှ ပြန်ဖြေ၏။ ဖုန်းကျွယ်သည် အနည်းငယ် တဇွတ်ထိုး ဆန်သော်လည်း၊ နှလုံးသား ဖြူစင် သည်။

“ အစ်ကို မု ... ၊ ဒီကို ဘယ်လိုလုပ် ရောက်လာ တာလဲ။ ”

“ ဂိုဏ်းချုပ်က လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူရဲ့၊ အရိပ် အာဝါ သကို ခံစား ရလို့၊ ငါ့ကို ကြည့်ခိုင်း ခဲ့တာ၊ ဒါကြောင့် လလည်း မြင်ရော၊ အမြန် ပြေးလာ ခဲ့တာပဲ။ ”

ဆိုလို သည်မှာ၊ ကျင်းကြွယ် သည်သာ နက္ခတ် မခေါ်ခဲ့ ပါက၊ မုချွမ် ရောက်လာ ဦးမည် မဟုတ်ချေ။

ထို့ကြောင့် ၎င်းအခြေ အနေသည်၊ နဂါး အကြွင်း အကျန် ကြယ်နယ်မြေ၌ ရှိနေ စဉ်က ထက်ပင်၊ အန္တရာယ်များ ခဲ့ကြောင်း၊ လင်းယွန် သိလိုက်သည်။

“ အစ်ကို မု ... ၊ ကျွန်တော့်မှာ မေးစရာ နည်းနည်း ရှိတယ်။ ”

“ မေးပါ ... ။ ”

“ ကောင်းကင် လမ်းမှာ တုန်းက၊ ကျင်းကြွယ်ရဲ့ ခွန်အားက၊ အစ်ကို ဖုန်းနဲ့ တန်းတူပဲ၊ အခု ဘုရင် ဖြစ်လာမှ ဘာလို့ ဒီလောက် ကွာခြား သွားရ တာလဲ။ ”

“ ဒါက ... ၊ သူ့ရဲ့ ကျင့်ကြံမှု နည်းစနစ် ကြောင့်ပဲ၊ ထျန်ရွှမ်ဇီက ကောင်းကင် ကျမ်းကို ပြီးမြောက် ပြီးနောက်၊ နဂါး ဝိညာဉ် အဆင့် ပညာ ရပ်ကို ယှဉ်လာ နိုင်ခဲ့တယ်၊ ...

... ဒါကြောင့် ဒီလို အစွမ်းထက်တဲ့ ကောင်းကင်ကျမ်းကို ဒသမ အဆင့် ရောက်တဲ့ အခါမှာ၊ ကြောက်စရာ ကောင်းတဲ့ အသွင် ကူးပြောင်းမှု တစ်ခု ဖြစ်လာ တယ်၊ ...

... အဲဒီ ကောင်းကင် ကျမ်းမှာ၊ အဆင့် (၁၉)ဆင့် ရှိတယ်၊ ပထမ အဆင့် (၉) ဆင့်က အုတ်မြစ် ဖြစ်ပြီး၊ ဒသမ အဆင့်မှာ လမင်းကို ခေါ်နိုင်တယ်၊ ဧက ဒသမ အဆင့် အတွက် နေ၊ ဒွါဒသမ အဆင့် အတွက် ရွှေ၊ ...

... အဲဒီ အထက်မှာ ... ၊ ရောင်ခြည်တော် (၇)ပါး၊ ပြီးရင် ... ကောင်းကင်ဘုံနဲ့၊ ကောင်းကင် ကပ်ဘေး ဆိုပြီး ရှိတယ်၊ ...

... အဆုံးမှာ မင်း ခန္ဓာကိုယ် အတွင်း စကြာဝဠာ တစ်ခုကို ဖွဲ့စည်း လာ နိုင်မယ်၊ အဲ့ဒီ အဆင့် ရောက်ရင်၊ ကောင်းကင် ကျမ်းရဲ့ အဆင့် က၊ နတ်ဝိညာဉ် အဆင့် နီးနီး၊ အစွမ်းထက် လာမယ်၊ ...

... နက္ခတ် ပေါင်းများစွာ ပါဝင်တဲ့၊ ကြယ်စင်အစု အဝေး တစ်ခု ဖန်တီး နိုင်မယ်၊ ဒါက ဖရိုဖရဲ စွမ်းအင်ကို ပိုင်စိုးတဲ့၊ နတ်ဘီလူး တစ်ပါး ဖြစ်လာ နိုင်တဲ့ လမ်းပဲ။ ”

ကောင်းကင်ကျမ်း အပေါ်၊ ဤမျှ အထိ မတွေး ထားဖူး သောကြောင့်၊ လင်းယွန်မှာ တုန်လှုပ် သွားသည်။

“ ဒါ့အပြင် ကောင်းကင် ကျမ်းရဲ့ စွမ်းအင်ကို အသုံး ချဖို့၊ ထျန်ရွှမ်ဇီက သိုင်း ပညာရပ် များစွာ ကိုလည်း ဖန်တီး ခဲ့တယ်။ ”

“ အဲ့ဒီ လောက်တောင် လား။ ”

လင်းယွန် တစ်ယောက် အံ့သြ မှုမှာ အတော မတတ်နိုင် သေးချေ။

“ ပြီးပြည့် စုံတဲ့ ... ၊ နဂါး ဝိညာဉ် အဆင့် ပညာရပ် တေွက၊ တကယ် ... ကြောက်မက်ဖွယ် ကောင်းတယ်၊ ဒါကြောင့်လည်း ...

... မပြည့်စုံ တာတောင် ... ၊ ဘိုးဘွား စဉ်ဆက် နဂါး ကျောက်တိုင်မှာ၊ ကောင်းကင် ကျမ်းကို မှတ်တမ်းတင် ခဲ့တာပေါ့၊ ...

... အခု ကျင်းကြွယ်က ဒီကောင်းကင် ကျမ်းကို၊ ဒသမ အဆင့် ရောက်သွားတဲ့ အတွက် သဘာဝ အတိုင်း၊ ဖုန်းကျွယ်က အနိုင် မယူ နိုင်တော့ဘူး၊ နောက်ပြီး ငါတို့ ညီလေးရဲ့ နားလည် နိုင်စွမ်းက နည်းနည်း ညံ့ဖျင်းတယ်။ ”

မုချွန်က ရှည်လျားစွာ ရှင်းပြသည်။

“ ဒါဆို ဓားဂိုဏ်းမှာ ... ၊ ကောင်းကင် ကျမ်းနဲ့ ယှဉ်နိုင်တဲ့ ... ၊ ကျင့်ကြံမှု နည်းစနစ် တွေ၊ မရှိ ဖူးလား။ ”

“ မင်း ... တွေးကြည့်လေ။ ”

လင်းယွန် မျက်ဝန်းများ မှေးစင်းလျက် အနည်ငယ် ငြိမ်သက်ပြီးနောက်၊

“ မဟာ တော်ဝင် ဓားကျမ်း။ ”

တော်ဝင် နန်းတော်သည် ဓားဂိုဏ်း၏ ရတနာ လေးပါး အနက်မှ တစ်ပါး ဖြစ်ကာ၊ တော်ဝင် ဓားကျမ်းကို မှတ်တမ်းတင် ထားသည်။

“ ဟုတ်တယ် ... ၊ ဒါပေမယ့် ငါတို့က အရေး အကြီးဆုံး အပိုင်းကို ... ၊ ဆုံးရှုံးသွားတဲ့ အတွက် တော်ဝင် ဓားကျမ်းက မပြည့်စုံ တော့ဘူး။ ”

မုချွမ်မှ စိတ်မကောင်း ကြီးစွာဖြင့်၊ ပြန်ဖြေသည်။

“ ဓားကရာဇ် ကြောင့်လား။ ”

“ အင်း ... ။ ”

မုချွမ်က အဝေးသို့ ငေးလိုက်ပြီး၊

“ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က၊ မဟာ ကောင်းကင်နဲ့ ဆေးကောင်းကင် တောင်ထိပ်ကို ဓားနဲ့ ခုတ်ပြီး၊ အမွေ အနှစ် တေွကို သူ ဖျက်ဆီး ပစ်ခဲ့တယ်၊ ...

... ဆေးကောင်းကင်ကို ဆုံးရှုံးခဲ့တာ ပြဿနာ မရှိ ပေမယ့်၊ မဟာ ကောင်းကင်ရဲ့ ဓားသုတ္တန် ကတော့၊ အရမ်း တန်ဖိုး ရှိတယ်၊ သူ့မှ တော်ဝင် ဓားကျမ်းရဲ့၊ ...

... နောက်ဆုံး အစိတ် အပိုင်း ပါတယ်၊ သူသာ ရှိရင် တော်ဝင် ဓားကျမ်းက ကောင်းကင် ကျမ်းထက် ပိုအစွမ်း ထက်လိမ့်မယ်။ ”

“ နဂါး ဝိညာဉ် အဆင့် အထက်မှာ ဘာရှိလဲ။ ”

လင်းယွန်က အကြောင်း အရာကို ပြောင်း လိုက်သည်။

“ နတ်ဝိညာဉ် အဆင့် ...၊ အဲဒါက ငါတို့ အတွက်၊ စိတ်ကူး မယဉ် နိုင်တဲ့ အရာ တစ်ခုပဲ၊ ဒဏ္ဍာရီ ဆန်ဆန် ပညာရပ် မျိုးတွေပါ၊ မင်း စိုးရိမ် နေစရာ မလိုဘူး၊ ...

... တန်ခိုးကြီး ဂိုဏ်းတွေ အတွက် ... ၊ အဆင့်မြင် တစ္ဆေ ပညာရပ် ရှိနေရင် လုံလောက် ပါပြီ၊ ဘာလို့ လဲဆို နဂါး ဝိညာဉ် ပညာ ရပ်တွေ မှန်သမျှက မပြည့်စုံ တော့လို့ပဲ၊ ...

... ဒါကြောင့် ကောင်းကင် ကျမ်းကို၊ နဂါး ဝိညာဉ် ပညာရပ် အဆင့်နဲ့၊ ယှဉ်လာ နိုင်အောင် လုပ်ယူပေး ခဲ့တဲ့၊ ထျန်ရွှမ်ဇီက ဘယ်လောက် အရည် အချင်း ရှိလဲ ဆိုတာ တွေးကြည့် ... ။ ”

ယင်းကို လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။ ရန်သူ ဖြစ်နေ လျှင်ပင် ထျန်ရွှမ်ဇီ ဆိုသူမှာ၊ ဘီလူး တစ်ကောင် ဖြစ်ကြောင်း၊ ငြင်းစရာ မရှိချေ။

“ ညီလေး ... ၊ ငါ မင်းကို ပြောပြ စရာ ပုံပြင်လေး တစ်ပုဒ် ရှိတယ်၊ ဆရာက မပြောချင် ပေမယ်၊ မင်း သိသင့် ပြီလို့ ငါ ထင်တယ်။ ”

မုချွမ်က လင်းယွန်အား ကြည့်ကာ၊ ကျန့်ကျန်းရှန် အကြောင်း ပြောရန် ဆုံးဖြတ် လိုက်တော့သည်။

***

All Chapters