← Chapters

နောက်တစ်ယောက်ကို ထပ်မွေးစားချင်လား (၃)

Vol. 11 Ch. 165

နောက်တစ်ယောက်ကို ထပ်မွေးစားချင်လား (၃)

Vol. 11 Ch. 165

အလယ်မှာ တစ်ခုခု မှားယွင်းပါက အစီအစဉ်ပျက်သွားနိုင်သည်။

ထိုသို့ဖြစ်သောအခါ သူသည် ထွက်သွားရမည် သို့မဟုတ် ကြောင်များကို ကယ်တင်ရန် သူ၏ ကိုယ်ခံပညာအစွမ်းကို အားကိုးရပေမည်။

ရိုးရိုးသားသားပြောရလျှင် ပစ်မှတ်တွင် လျှို့ဝှက်အားဖြည့်တပ်များ ရှိနေနိုင်လားဆိုတာ မသိနိုင်လို့ပင်။ မဟုတ်ရင် လင်းရှန်သည် အရှေ့တံခါးကနေ ဒီမတိုင်း ဝင်သွားပစ်မည်ပင်။

သူ့လမ်းကို ပိတ်ဆို့နေသူတိုင်းကို သတ်လိုက်လျှင် ဝင်ရောက်မှုက

အောင်မြင်နိုင်သည်။

ထိုအတွေးများ သူ့စိတ်ထဲတွင် ပျံ့နှံ့သွားသည်နှင့်အမျှ လင်းရှန်သည် ငြိမ်သက်ကာ အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ဒါကိုမြင်တော့ ထန်ရင်က သက်ပြင်းချလိုက်ပြီး သူမမျက်လုံးတွေထဲတွင် ပျော်ရွှင်မှုများတောက်ပလာသည်။

လင်းရှန်၏ ခွန်အားကို သူမ ရှင်းရှင်းလင်းလင်း မသိသော်လည်း ကြောင်ဗိုလ်ချုပ်သည် လင်းရှန်ကို အလွန်ယုံကြည်သောကြောင့် သူသည် အလွန်အစွမ်းထက်သူ ဖြစ်ရမည်။

လင်းရှန်ပါဝင်လာမှုကြောင့် ၎င်းတို့၏ မျိုးနွယ်စုများကို ကယ်တင်ရာတွင် အခွင့်အလမ်းများ အလွန်များပြားလာသည်။

အစီအစဥ်ကို ဆွေးနွေးပြီးနောက် ထန်ရင်သည် ပြင်ဆင်မှုများပြုလုပ်ရန် အဖော်များနှင့်အတူ ထွက်ခွါသွားပြီး လင်းရှန်၊ ထန်ယွဲ့နှင့် ထန်မိန်ဟုခေါ်သော နောက်ထပ်ကြောင်တစ်ကောင်ကို ဧည့်ခန်းတွင်ထားခဲ့သည်။

ထန်မိန်သည် ကြောင်နတ်ဆိုးများထဲတွင် အငယ်ဆုံးဖြစ်သည်။ ထန်ရင်က အစီအစဥ်ကို ရှင်းပြနေချိန်မှာတော့ သူမမျက်လုံးတွေ ဝိုင်းစက်သွားခဲ့သည်။ သူမသည် တက်ကြွသော ကြောင်တစ်ကောင် ဖြစ်ကြောင်း သိသာသည်။

မျှော်လင့်ထားသည့်အတိုင်း ထန်ရင် ထွက်သွားသည်နှင့် သူမသည် လင်းရှန်ရှေ့သို့ ချက်ချင်းခုန်ဆင်းလာကာ စပ်စုပြီး မေးသည်။

"ဆရာ လင်းရှန်မှာ တက်ကြွခြင်းအဆင့် ဝိညာဉ်ကြောင်တစ်ကောင်ရှိတယ်လို့ ကြားတယ်။ အဲ့ဒါအမှန်လား?"

လင်းရှန်က ကောင်မလေးကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ "အဲဒါအမှန်ပါပဲ။ ဘာလို့လဲ"

ဒါကို ကြားလိုက်သောအခါ ထန်မိန်၏ မျက်လုံးများ တောက်ပလာသည်။ သူမ မျက်လုံးများ ဝိုင်းစက်လာပြီး ရုတ်တရက် မေးလိုက်သည် "ဒါဆို လူသားပုံစံ ခံယူထားတဲ့ တိုးတက်ခြင်းအဆင့် ဝိညာဉ်ကြောင်တစ်

ကောင်ကို ထပ်မွေးဖို့ စိတ်ကူးရှိလား"

လင်းရှန် အံ့အားသင့်သွားသည်။ သူပြန်မဖြေခင် ထန်ယွဲ့က လျှောက်လာချေပြီ။ သူမသည် ထန်မိန်၏ နားရွက်ကို ကျွမ်းကျင်စွာ ဆုပ်ကိုင်လိုက်ပြီး လင်းရှန်ထံမှ သူမကို ဆွဲထုတ်လိုက်သည်။

"ထန်မိန် ဆရာလင်းရှန်ကို ဒုက္ခမပေးနဲ့။"

ထန်မိန်က အကြိမ်ပေါင်းများစွာ အော်ဟစ်ပြီး နောက်ဆုံးတွင် လွတ်မြောက်သွားသည်။ သူမသည် လင်းရှန်၏နောက်သို့ အလျင်အမြန်ပြေးသွားပြီး ခေါင်းညိတ်လိုက်သည်။

"ဒါက ပြဿနာမဟုတ်ပါဘူး…ကျွန်မက သိပ်ချစ်ဖို့ကောင်းတဲ့ ကြောင်နတ်ဆိုးပါ။ ဆရာ လင်းရှန်က ကျွန်မကို ဘာလို့ မကြိုက်ရမှာလဲ ဟုတ်တယ်မလား ”

နောက်ဆုံးစကားက လင်းရှန်ကို တိုက်ရိုက် ဦးတည်နေ၏။

လင်းရှန်သည် ရယ်ရမလို ငိုရမလို ဖြစ်နေလေသည်။ "မင်းဘာလို့ရုတ်တရက် ဒီလိုပြောရတာလဲ" ဟု စိတ်ဝင်တစားမေးလိုက်သည်။

ထန်မိန်က ရွှတ်နောက်နောက်နဲ့ လျှာကို ထုတ်လိုက်ပြီး “ဆရာက တန်ဖိုးကြီးတဲ့ စည်သွပ်ဘူးခွံနဲ့ ကြောင်အစာတွေကို နေ့တိုင်းကျွေးတယ်လို့ ကြောင်ဗိုလ်ချုပ်ဆီက ကြားခဲ့တယ်။ ပြီးတော့ ကြိုက်သလောက်စားခိုင်းတယ်တဲ့။ အဲ့တော့ ကျွန်မအရမ်း မနာလို ဖြစ်မိတယ်လေ “

ထိုအကြောင်းပြချက်ကိုကြားတော့ လင်းရှန်သည် ချက်ချင်းပင် စကားမပြောနိုင်ပေ။

ကြောင်များသည် ဉာဏ်ကောင်းပြီး ရည်မွန်ကြသည် မဟုတ်ဖူးလား

သူတွေ့လိုက်တဲ့ ဝိညာဉ်ကြောင်တွေက ဘာလို့ အစာစားသူတွေပဲ များနေရတာလဲ။

လင်းရှန်သည် ခေါင်းခါကာ ရယ်မောနေလိုက်သည်။

ထန်ယွဲ့က ထန်ရင်နဲ့ ခြိမ်းခြောက်လိုက်မှ ထန်မိန်သည် ရပ်တန့်သွားခဲ့သည်။

သို့သော် သူမက ထိုင်မနေပေ။ ခဏအကြာတွင် သူမသည် လင်းရှန်ကို မေးခွန်းများဖြင့် နှောင့်ယှက်ခဲ့သည်။

လင်းရှန်အတွက်ကတော့ ဘာမှမဖြစ်ပေ ။ အချိန်ကုန်မြန်အောင် သူက ထန်မိန်နဲ့ စကားပြောနေခဲ့သည်။

စကားစမြည်ပြောနေစဉ်တွင် နစ်မြှပ်ခြင်းလမင်းသည် လွန်ခဲ့သော သုံးလခန့်က ကြောင်လေးများကို အစေခံများအဖြစ် အသုံးပြုသည့်နေရာအား တိုက်ခိုက်ခဲ့ကြောင်း မတော်တဆ သိရှိခဲ့ရသည်။

ထိုစကားကိုကြားလိုက်ရသောအခါ လင်းရှန်၏ နှလုံးက ပိုခုန်သွားသည်။ သူက မေးလိုက်သည်။

"အဲဒီနေရာက ညအိမ်မက်ကလပ်လား"

"ဘယ်လိုသိတာလဲ?" ထန်မိန်က မျက်လုံးပြူးသွားသည်။

လင်းရှန်က ခေါင်းယမ်းကာ ရယ်နေ၏

ယခင် ညအိမ်မက်ကလပ်သို့သွားတုန်းက တိုက်ခိုက်ခံရပြီး ကြောင်လေးများ ပြန်ပေးဆွဲခံရသည်ဟူသော သတင်းကို ကြားခဲ့တာက အံ့သြစရာမဟုတ်ပေ။ အဲ့တာက နစ်မြှပ်ခြင်းလမင်း လုပ်တယ်ဆိုတာ သိလာရသည်။

"ညအိပ်မက်ကလပ်ကရော ဝိညာဉ်ကြောင်တရားမ၀င် ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်နေတာလား”

"မပါဘူး။" ထန်ယွဲ့က ပြန်ဖြေသည်။ "ကျွန်မတို့ အဲ့ဒါကို ကြိုမသိခဲ့ဘူးလေ။ မျိုးနွယ်စုတွေထွက်လာမှ ကလပ်က တခြားနေရာတွေနဲ့ မတူဘူးဆိုတာ သိတာ ။ နောက်ပိုင်းတော့ အဲဒီ မျိုးနွယ်စုတွေကိုတောင် ပြန်ပို့ခဲ့တယ်”

ထန်ယွဲ့၏ ရှင်းလင်းချက်အရ ဝိညာဉ်ကြောင်မျိုးနွယ်သည် နဂါးမြို့တော်တွင် ခက်ခဲသောအခြေအနေ၌ ရှိနေသည်။

ကြောင်ဗိုလ်ချုပ်က ကာကွယ်ထားသည့် နစ်မြှပ်ခြင်းလမင်းပင်လျှင် လူမသိ သူမသိ နေကြရသည်။ အဖွဲ့ဝင်များသည် နေ့တိုင်း အပြင်ထွက်သည့်အခါ ၎င်းတို့၏ အထောက်အထားများကို ဖုံးကွယ်ထားရသည်။

ဝိညာဉ်ကြောင်အများစုသည် မရေရာသောဘဝဖြင့် နေထိုင်ကြရသည်။

နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ညအိမ်မက်ကလပ်လို နေရာမျိုးမှာ အလုပ်လုပ်ရတာက သူတို့အတွက် အရမ်းကောင်းတဲ့ အစီအစဉ်

ဖြစ်နေပြီပင်။

မြို့တော်မှာ ကြောင်မိန်းကလေးတွေအဖို့ လွတ်လပ်မှု မရှိတာ အမှန်ပင်။

သို့သော် ထိုနေရာတွင် ဘဝက တည်ငြိမ်ပြီး လစာလည်း ရသည်။

ပုန်းရှောင်ထွက်ပြေးရတဲ့ နေ့ရက်တွေနဲ့ ယှဉ်ရင် ဒါက အတော်လေးအဆင်ပြေသည်။

နစ်မြှပ်ခြင်း လမင်းလို ၎င်းတို့၏ အမျိုးကို ကယ်တင်ရန် ၎င်းတို့၏ အသက်ကို စွန့်စားလိုသော ကြောင်နတ်ဆိုးက အနည်းငယ်မျှသာ ရှိသည်။

ထန်ယွဲ့သည် ဤအရာများကိုကြံဖူးကြောင်း အေးအေးဆေးဆေး ပြန်ပြောပြသည်ကို မြင်လိုက်ရသောအခါ လင်းရှန် အနည်းငယ် ခံစားလိုက်ရသည်။

နောက်ဆုံးတွင် နဂါးမြို့တော်သည် လူသားမျိုးနွယ်၏ နယ်မြေဖြစ်သည်။ နတ်ဆိုးများသည် ဤနေရာတွင် ရှင်သန်လိုပါက အခက်အခဲများစွာကို မလွှဲမရှောင်သာ ရင်ဆိုင်ကြရပေလိမ့်မည်။

အချိန်တွေကုန်သွားသလို မျက်စိတစ်မှိတ်အတွင်းမှာ ညရောက်သွားချေသည်။

ထန်ရင်သည် အားလုံးစီစဉ်ပြီးကြောင်း ညွှန်ကြားရင်း အမြန်ပြန်သွားခဲ့သည်။

ထို့ကြောင့် အချိန်ဖြုန်းလို့မရပေ။ လင်းရှန်နှင့် ထန်ယွဲ့သည် ချက်ချင်းထွက်ခွာပြီး ပစ်မှတ် အိမ်သို့ ပြေးသွားခဲ့ကြသည် ။

All Chapters