← Chapters

မူရွှမ်ကောင်၏ ဒေါသ။

Vol. 110 Ch. 1540

မူရွှမ်ကောင်၏ ဒေါသ။

Vol. 110 Ch. 1540

“ ကျွန်တော် စိတ်ဝင် စားတယ်။ ”

“ ကောင်းတယ်၊ လိပ်နက် အသက်ရှူ နည်းက၊ အသက်ရှူ နည်းစနစ် တစ်ခု မျှသာ မဟုတ်ဘူး၊ တကယ်တော့ လိပ်နက် ဆိုတာ၊ နတ်သားရဲ လေးကောင် အနက်က တစ်ကောင်ပဲ၊ ...

... မြင့်မားတဲ့ နယ်ပယ် တစ်ခုကို ... ရောက်တဲ့ အခါမှာ၊ မင်းရဲ့ ရောင်ဝါ ကိုသာ မက၊ အသွင် ကိုပါ ပြောင်းလဲ နိုင်တယ်၊ ရှားပါးတဲ့ ရုပ်ဖျက် ပညာရပ် တစ်မျိုးလို့ ဆိုလို့ ရမယ်။ ”

ကျင့်ကြံသူ များသည် ပင်မ နတ်ဘုရား နယ်ပယ် ရောက်သည်နှင့်၊ ရုပ်ဖျက် နည်းကို အထူး တလည် လေ့ကျင့် စရာ မလိုချေ။ အလွယ် တကူ ပြောင်းလဲ နိုင်သည်။

ခန္ဓာကိုယ် သန့်စင်ခြင်း နည်းပညာကို လေ့ကျင့် ခဲ့သည့် လင်းယွန် အတွက်မူ ပို၍ပင် အဆင် ပြေ၏၊

သူ့အရိုး ဖွဲ့စည်းပုံကို ထိန်းချုပ် ပြောင်းလဲ နိုင်ပြီး ဆန္ဒ ရှိသည့် အတိုင်း ခံယူထား နိုင်သည်။ သို့သော် အစွမ်း ထက်သော တန်ခိုးရှင် များမှာ၊ တစ်ချက် ကြည့်ရုံဖြင့် ၎င်းကို မြင်နိုင်၏။

ထို့ကြောင့် မုချွမ် ကမ်းလှမ်းချက်ကို စိတ်ဝင်စား လာခြင်း ဖြစ်သည်။

“ နတ်လိပ် အသွင် ပြောင်းခြင်းက၊ မယုံ နိုင်ဖွယ် ကောင်းတဲ့ ရှားပါး ပညာရပ် တစ်ခုပဲ၊ သူတော်စင် တွေတောင် မင်းကို မြင်နိုင်မှာ မဟုတ် ဖူးလို့၊ ဆိုထားတယ်။ ”

“ ဒီလောက် တောင်လား၊ အစ်ကို မု ... မင်း အဲဒီ အဆင့်ကို ရောက်ပြီလား။ ”

ဤလောက၌ သူတော်စင်များ မမြင် နိုင်သော ပညာရပ် တစ်ခု ရှိသည်ကို၊ လင်းယွန် မှ မယုံချင်ချေ။

“ မရောက် သေးဘူး၊ ပွင့်ပွင့် လင်းလင်း ပြောရရင်၊ ဒီပညာရပ်ကို ငါ စိတ်မဝင် စားဘူး၊ ဒါကြောင့် နားလည်မှုမှာ အားနည်း နေတယ်၊ ပြီးတော့ ...

... အဲဒီ အဆင့်ကို ရောက်ဖို့ ဆိုရင်၊ သူတော်စင် အဆင့် ... ၊ လိပ်နက် သွေးပါတဲ့ သားရဲ တစ်ကောင် လိုတယ်။ ”

မုချွမ် စကားကြောင့်၊ လင်းယွန်၏ စိတ်လှုပ်ရှားမှုများ ပျောက်ကွယ် သွားသည်။ သူတော်စင် အဆင့် သားရဲကို သတ်ရန် လွယ်ကူသော အရာ မဟုတ်ချေ။

မည်သူ မဆို ဤမျှ တန်ခိုး ကြီးသော နတ်ဆိုးသားရဲ တစ်ကောင်ကို စော်ကားချင်မည် မဟုတ်ကြောင်း ပြောနိုင်သည်။

“ ကောင်းပြီ ... ၊ စလိုက် ရအောင်၊ ဒါက မခက် ပါဘူး။ ”

မုချွမ်က ပြုံးလျက် သင်ကြား ခြင်းကို စတင်လာသည်။ ကျန့်ကျန်းရှန် အကြောင်း မပြော လိုသည်မှာ၊ လင်းယွန် တစ်ယောက် ငယ်သေး သောကြောင့် ဖြစ်သည်။

ယခု လိပ်နက် အသက် ရှူနည်း ဖြင့်၊ အာရုံပြောင်း နိုင်လေရာ၊ စိတ် သက်သာရာ ရ သွား၏။

နာရီဝက် အကြာတွင် လင်းယွန် တစ်ယောက် ငြိမ်သက် သွားသည်။ သူ့ ရောင်ဝါ သည်၊ အခွံထဲ ဝင်သွားသော လိပ် တစ်ကောင် ကဲ့သို့၊ ပါးလျ လာ၏။

ခရမ်းရောင် နန်းတော် အတွင်းရှိ ကြယ်များပင် မှိန်ဖျော့ ပျောက်ကွယ် သွားခဲ့ လေသည်။

“ ဒါပဲ ... ၊ မင်းရဲ့ ခွန်အားကို ထုတ် မပြချင်ရင် ... ၊ ဘယ်သူမှ မင်းကို မမြင်နိုင် တော့ဘူး၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူတောင်၊ မြင်နိုင်မှာ မဟုတ်ဘူး။ ”

ထိုသို့ ပြောပြ နေစဉ် ရုတ်တရက် တစ်စုံ တစ်ရာ သတိထား မိကာ၊ မုချွမ် မျက်လုံးပြူး သွား၏။ လင်းယွန်သည် ဤနည်းစနစ် အပေါ်၊ ဆုပ်ကိုင်ရန် နာရီ ဝက်သာ အချိန်ယူ ခဲ့သည်။

“ နေ့စဉ် လေ့ကျင့်ရင် ... ၊ ပြောင်းလဲလာ မယ်လို့ ခံစား ရတယ်၊ အသက် ရှည်မဲ့ နည်းစနစ် တစ်ခု လိုပဲ။ ”

လင်းယွန်မှ ထူးခြားချက်ကို ပြန်ပြော လိုက်မိသည်။

“ ဟုတ်လား ... ၊ အဲဒါကို ငါတောင် သတိ မထား မိဘူး၊ ဒါဆို နတ်လိပ် အသွင်ပြောင်းခြင်း ပညာရပ်ကို ထပ်ပေးမယ်၊ အားတဲ့ အခါ လေ့လာပေါ့။ ”

မုချွမ်က လိပ်ခွံ တစ်ခွံကို ထုတ်ယူ လိုက်သည်။ လိပ်ခွံ ပေါ်တွင် စာလုံး များစွာ ရေးထားပြီး၊ ၎င်းက လေးနက်ပုံ ပေါက်၏။

“ ဒီလိပ်ခွံကို အချိန် အတော် ကြာကြာ ငါလေ့လာ ဖူးတယ်၊ ထူးခြား မလာဘူး၊ မင်း ဆက်လုပ်ပါ။ ”

လိပ်ခွံကို လင်းယွန်ထံ ပစ်ပေးကာ၊ ပြောလိုက်သည်။

“ ကျေးဇူး တင်ပါတယ် အစ်ကို မု။ ”

လင်းယွန် ဝမ်းသာ သွား၏။ လိပ်နက် အသက် ရှူနည်းကို နားလည် လာပြီး၊ နတ်လိပ် အသွင် ပြောင်းခြင်း အပေါ်၊ ပို၍ စိတ်ဝင် စားလာသည်။

သုံးရက် အကြာတွင် ဓားဂိုဏ်းသို့ ပြန်ရောက်လာ ကြ၏။ မုချွမ်က ဖုန်းကျွယ်အား သယ်ဆောင် သွားကာ၊ လင်းယွန်က တိမ်ပျံ တောင်သို့ ပြန်လာ ခဲ့သည်။

မူရွှမ်ကောင်က မုချွမ်ကို မြင်သည်နှင့်၊ စာတစ်စောင် ကမ်းပေး လာ၏။

“ ဘာစာလဲ အစ်ကို မူ။ ”

“ ထျန်ရွှမ်ဇီ ဆီက စာ ... ။ ”

စာတွင်၊ လွန်ခဲ့သော သုံးလမှ စကာ၊ ကျင်းကြွယ်ကို ကောင်းကင်ယံ ဂိုဏ်းမှ ထုတ် ပယ်လိုက်ပြီ ဖြစ်ကြောင်း၊ ကြေငြာချက် ဖြစ်သည်။

ထို့ကြောင့် ၎င်း၏ လုပ်ရပ် များသည် ကောင်းကင်ယံ ဂိုဏ်းနှင့် မသက်ဆိုင် တော့ချေ။ ကျင်းကြွယ် မိသားစု ဖြစ်သော ငရဲ နတ်ဘုရား မိသားစု သည်သာ တာဝန် ရှိသည်။

ဓားဂိုဏ်းမှ မကျေနပ် ပါက၊ ၎င်းသို့ သွားနိုင်ပြီး၊ ကောင်းကင်ယံဂိုဏ်း စွက်ဖက်မည် မဟုတ်ကြောင်း၊ အသိပေး လာခြင်း ဖြစ်သည်။

ထိုစာ အရ၊ ကျင်းကြွယ် ခြေလှမ်းကို သိသော်လည်း၊ ထျန်ရွှမ်ဇီမှ လွှတ်ပေး ထား ခဲ့သည်။ ဓားဂိုဏ်းကို မဝေမျှ ခဲ့ချေ။

လင်းယွန် သေသော် သူ့အတွက် အကောင်းဆုံး ဖြစ်ပေမည်။ ဓားဂိုဏ်း မှလည်း သူ့အား ပြဿနာ ရှာမရချေ။

ဤသည်မှာ ကောင်းကင် လမ်း၌ ငရဲ နတ်ဘုရား သခင်ငယ်ကို သတ်သော လင်းယွန် နှင့်၊ ငရဲ နတ်ဘုရား မိသားစု ကြား ရန်ငြိုး ဖြစ်သည်ဟု၊ ပြောချင် ပုံ ရသည်။

“ ဒီကိစ္စကို ငါ ထည့်မတွက် ထားမိဘူး၊ သိုင်းဦးလေးနဲ့၊ ငါ့ရဲ့ တံဆိပ်ပြားက လင်းယွန်ကို လုံလောက်မယ် ထင်ထားတာ။ ”

“ ကျင်းကြွယ် ... လူယုတ်မာ ၊ အစ်ကို မူ ငါတို့ ဒီကိစ္စကို ထားလိုက် မှာလား။ ”

မုချွမ်က အံကြိတ်ကာ ဆိုသည်။

“ ငါ ကိုယ်တိုင် သွားမယ်၊ ငရဲ နတ်ဘုရား မိသားစုက ကျင်းကြွယ်ကို မအပ်ခဲ့ ရင်တောင်၊ လင်းယွန်က ငါ့ဂိုဏ်းရဲ့ တပည့် ဖြစ်ကြောင်း သူတို့ကို ပြောပြ ရမှာပဲ။ ”

မူရွှမ်ကောင်မှ အေးစက်စွာ ပြန်ဖြေ၏။ ဤလုပ်ရပ်သည် ဓားဂိုဏ်း၏ နားကို တံတွေး ဆွတ်ခြင်း မည်သည်။

သည်သတင်းသာ ပျံနှံ့ သွားသော်၊ ဂုဏ်သိက္ခာကို သိသိ သာသာ ထိခိုက်စေ နိုင်၏။ သည့်နောက် အခြား ရှေးဟောင်း သူတော်စင် မိသားစု များမှ၊ အလားတူ လုပ်ရပ်မျိုး ကျူးလွန် လာနိုင်သည်။

ဓားဂိုဏ်းသည် အားနည်း လာသော်လည်း၊ ရှေးဟောင်း မိသားစု များမှ၊ ထိပ်ပုတ် နိုင်သော အဆင့်မျိုး၊ မဟုတ် သေးချေ။

နတ်နဂါး အင်ပါယာ၏ ‘သူကောင်း’ မျိုးနွယ်ဖြစ် လျှင်ပင်၊ တန်ကြေး တစ်ခု ပေးဆပ် ရ ပေမည်။

မူရွှမ်ကောင်မှ ဤမျှ လေးနက် မည်ဟု မထင်ထား သောကြောင့်၊ မုချွမ် တစ်ယောက် မျက်နှာ ပြောင်းသွားသည်။

“ လင်းယွန်က နတ်နဂါးပြာ အရိုးကို တကယ် ရခဲ့ တာလား။ ”

မူရွှမ်ကောင်က မေးသည်။

“ ဟုတ်ကဲ့ ... ၊ မွေးရာပါ နတ်ဘုရား ရူရ် တောင် ပါ ပါတယ်၊ မဟုတ်ရင် ညီလေး ဖုန်းကို ကယ်နိုင်မှာ မဟုတ်ဘူး။ ”

“ ဒါဆို ... မွေးရာပါ နတ်ဘုရား ရူရ် ပါလာတာကို၊ လျှို့ဝှက်ထား လိုက်ပါ။ ”

မူရွှမ်ကောင်က လေးနက်သော အမူ အရာဖြင့် ပြောသည်။ နတ်နဂါး အရိုးသည် တန်ဖိုး ရှိ၏။ အင်ပါယာမှ တားမြစ်ထား သည့်တိုင်၊ ကြယ်နယ်မြေ များ၌ စွန့်စား ရယူထား သူများ ရှိသည်။

သို့သော် မွေးရာပါ နတ်ဘုရား ရူရ် ပါသော၊ နတ်နဂါး အရိုးသည်၊ ခြားနားသော ဇာတ်လမ်း ဖြစ်သည်။

နတ်နဂါး အင်ပါယာ သိပါက၊ ၎င်းအား လွှဲပြောင်းပေးရန် ဓားဂိုဏ်းသို့ သေချာပေါက် ဖိအားပေး လာပေ လိမ့်မည်။

“ ကျွန်တော် နားလည် ပါတယ် ... ၊ အပြန်လမ်း တစ်လျှောက် မှာလည်း၊ လျှို့ဝှက် ထားဖို့၊ လင်းယွန်ကို သတိပေး ထားတယ်၊ ပြီးတော့ ညီလေး ကျန့် အကြောင်းလည်း ပြောပြ လိုက်ပါပြီ။ ”

ထိုအပိုင်းသို့ အရောက်တွင်၊ မူရွှမ်ကောင်က သက်ပြင်းချ လိုက်ပြီး၊

“ ဒီအကြောင်းကို ... အနှေးနဲ့ အမြန် သူ သိလာမှာပါ၊ ကမ္ဘာကြီးမှာ အားနည်း သူတွေက၊ သန်မာတဲ့ လူတွေရဲ့ သားကောင်ပဲ၊ ကျန့်ကျန်းရှန်က သနား စရာ၊ ...

... သူက သိုင်းဦးလေး ထက်တောင်၊ အရည်အချင်း ရှိတယ်၊ အခုတော့ သူ့ရဲ့ အနှစ် နှစ်ဆယ်ကို ဖြုန်းတီး ပစ်လိုက်ပြီ။ ”

ကျန့်ကျန်းရှန် အကြောင်းကို ပြောသော အခါတွင်၊ မူရွှမ်ကောင်မှ စိတ် မကောင်း ကြီးစွာ ခံစား လာ ရသည်။

“ သူ့ကို ဒုတိယ ကျန့်ကျင်းရှန် ဖြစ်မလာ စေဖို့ ... ၊ ဆုတောင်း ရတာပဲ။ ”

မုချွမ်မှ ပြန်ပြော လိုက်၏။

“ မဟုတ်ဘူး ... ။ ”

မူရွှမ်ကောင်က ခေါင်းယမ်း လိုက်သည်။

“ ဒါက ငါတို့ အပေါ် မူတည်တယ်၊ သူ့ကို ဒုတိယ ကျန့်ကျန်းရှန်လို မဖြစ်အောင် လုပ်ယူ ရမယ်၊ အဲဒီ တုန်းက ဖြစ်ပျက် ခဲ့တဲ့ အဖြစ် အပျက်တွေ အတွက်၊ ...

... ငါ့မှာ တာဝန် ရှိတယ် ... ၊ လင်းယွန်ကို ဒီလို ဖြစ်ရပ် မျိုးတွေ ... ထပ်ဖြစ် မလာအောင် ကာကွယ် ရမယ်။ ”

“ အစ်ကို မူ၊ အဲဒီ တုန်းက ... ။ ”

မုချွမ်က နှစ်သိမ့် ပေးရန် စကား ရှာမရ တော့ချေ။ ကျန့်ကျန်းရှန် အဖြစ် အပျက်သည်၊ သူ့ တာဝန် မကင်းဟု၊ မူရွှမ်ကောင်မှ ခံယူ ထား လေသည်။ ၎င်းနှင့် မဆိုင်ကြောင်း လူတိုင်း သိ၏။

“ ငရဲ နတ်ဘုရား သူတော်စင် မိသားစုဆီ သွားဦးမယ် ... ၊ ဒီခရီးမှာ ငါ တစ်စုံ တစ်ရာ ဖြစ် သွားခဲ့ရင်၊ မင်းနဲ့ ကျန်တဲ့ တောင်ထိပ် သခင် တွေက၊ ကောင်းကောင်း ကိုင်တွယ်ပါ။ ”

မူရွှမ်ကောင်က ကောင်းကင်ပေါ်၊ ပျံတက် နေရာမှ ခဏ ရပ်ပြီး၊ ဓားဂိုဏ်းအား ပြန်ကြည့် လိုက်မိသည်။

ဤခရီးစဉ်၌ ဓားဂိုဏ်း၏ တပည့်ကို မည်သူမျှ အနိုင် ကျင့်၍ မရ ဟူသည်အား၊ လူတိုင်းထံ သတိ ပေးရ ပေမည်။

***

All Chapters