← Chapters

သာမန် ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူ မဟုတ်ပါ(၂)

Vol. 11 Ch. 167

သာမန် ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူ မဟုတ်ပါ(၂)

Vol. 11 Ch. 167

လင်းရှန်နဲ့ ထန်ယွဲ့သည် တစ်ယောက်ကိုတစ်ယောက် အံ့သြစွာကြည့်နေကြသည်။

မထင်မှတ်ဘဲ သူတို့၏ ဦးတည်ရာသည် သူတို့၏ ခြေထောက်အောက်တွင် ရှိနေခဲ့သည်။

လင်းရှန်သည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားကို ဖမ်းကိုင်လိုက်ပြီး အသံနက်ကြီးဖြင့် ပြောသည် ။

"လမ်းပြပေး”

လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများတွင် တုံ့ဆိုင်းနေသော အရိပ်အမြွက် ထွက်ပေါ်လာသည်။ အဆုံးတွင် သူသည် သေခြင်းတရားကို ကြောက်ရွံ့ကာ အရှုံးပေးပြီး ဖြူဖပ်ဖြူရော်မျက်နှာဖြင့် လင်းရှန်ကို လမ်းပြပေးခဲ့သည်။

ဝိညာဉ်ကြောင်များအား အကျဉ်းချထားသည့်ကိစ္စကို လျှို့ဝှက်ချက်အနေနဲ့ ထားတာကြောင့် သက်လတ်ပိုင်းအရွယ် အိမ်တော်စောင့်နှင့်လင်းရှန်ရိုက်ချခဲ့သည့် အစေခံမှလွဲ၍ အခြားမည်သူမျှ အဆောက်အဦးထဲတွင် မရှိနေတာ ဖြစ်နိုင်သည်။

အပေါ်ထပ်မှ ဆင်းလာရာ လမ်တစ်လျှောက်တွင် အခြားအစေခံများနဲ့ အစောင့်များကို မတွေ့ရပေ။

သိပ်မကြာခင်မှာဘဲ သူတို့ သုံးယောက်သည် သံတံခါးရှေ့မှာ ရပ်သွားသည်။

လင်းရှန်၏ အေးစက်သောအကြည့်အောက်တွင် အိမ်တောင်စောင့်သည် သော့တစ်ချောင်းကို တုန်တုန်ယင်ယင်ဖြင့် ထုတ်ကာ သံတံခါးကို ဖွင့်လိုက်လေ၏

သံတံခါးပွင့်လာသည်နှင့် တပြိုင်နက် ထန်ယွဲ့သည် စိတ်မရှည်စွာ ပြေးဝင်သွားခဲ့သည်။

စက္ကန့်အနည်းငယ်ကြာသောအခါ အတွင်းမှ ကြောင်များအော်သံကို ကြားရသည်။

လင်းရှန်ကတော့ မဝင်ပေ ။ တံခါးဝမှာ ရပ်ပြီး ခဏလောက် စိတ်ရှည်ရှည်နဲ့ စောင့်နေသည်။

မကြာမီ ထန်ယွဲ့သည် သူမနောက်တွင် ဝိညာဉ်ကြောင် (၂၀)ကျော်နှင့်အတူ ထွက်လာခဲ့သည်။

ဤဝိညာဉ်ကြောင်အများစုသည် မွဲခြောက်သောအမွေးများရှိပြီး ပိန်လှီနေကြသည်။ ဤနေရာတွင် ကောင်းမွန်သောဘဝမရှိသည်မှာ သေချာသည်။

သို့သော် သူတို့သည် ခါးသီးသောပင်လယ်မှ ထွက်ခွါရတော့မည်ကို သိပြီးနောက် မျက်လုံးများသည် ရွှင်လန်းမှုဖြင့် တောက်ပနေကြသည်။

လင်းရှန်ကိုမြင်ပြီးနောက်တွင် ဝိညာဉ်ကြောင်များစွာက သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေကြသည်။

ထန်ယွဲ့သည် လင်းရှန်ကို ခေါင်းညိတ်ပြလိုက်သည်။

"ငါသူတို့ကိုမေးပြီးပြီ။ ဒီကာလအတွင်း ဖမ်းမိတဲ့ မျိုးနွယ်စု အားလုံးကို ဒီနေရာမှာ အကျဉ်းချထားတာ။ ပြီးတော့ သူတို့ထဲက အချို့ကို အကျဉ်းခန်းက ခေါ်ထုတ်သွားပေမဲ့ ဘယ်တော့မှ ပြန်မလာတော့ဘူးတဲ့”

လင်းရှန်သည် အိမ်တော်စောင့်ကို လှည့်ကြည့်လိုက်သည်။ ခဏနေတော့ ချက်ချင်း ပင် တုန်တုန်ယင်ယင်နဲ့ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"အဲ့ဒါက ကျွန်တော် ကိစ္စမဟုတ်ပါဘူး။ ကျွန်တော်က ဆရာကြီးရဲ့ ညွှန်ကြားချက်

အတိုင်း လိုက်လုပ်ရတာပါ။ ဒီဝိညာဉ်ကြောင်တွေကို ဘာလို့ခေါ်သွားတာလဲ မသိပါဘူး”

အိမ်တောင်စောင့်က လိမ်နေပုံမပေါ်သည်ကို မြင်လိုက်ရသဖြင့် လင်းရှန်သည် ချက်ချင်းပင် စိတ်ဝင်တစား မရှိတော့ဘဲ စကားစကို အဆုံးသတ်လိုက်သည်။ အက်ကွဲသံနှင့်အတူ သူသည် အိမ်တော်စောင့်၏လည်ပင်းကို ချိုးချလိုက်သည်။

အလောင်းကို စွန့်ပစ်ပြီးနောက် လင်းရှန်က ထျန်းယွဲ့အား "မင်းရဲ့ အဖော်တွေကို ဆက်သွယ်

လိုက်တော့”

ထန်ယွဲ့က ခေါင်းညိတ်လိုက်ပြီး မြေပြင်ပေါ်ရှိ အလောင်းကိုတောင် မကြည့်ပေ။

သူ့အဖော်တွေကို ထိခိုက်စေသည့် ဒီလူဆိုးတွေအပေါ် သူမကိုယ်တိုင် သတ်ချင်နေခဲ့တာပင်

ထန်ယွဲ့က သူမ၏အဖော်များကို ဆက်သွယ်နေစဉ် ကျင့်ဟိုင်သည် အိမ်

ကြီးအလယ်ဗဟိုရှိ ပင်မအဆောက်အဦး၏ ဒုတိယထပ် ဆေးအခန်းတွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။ ထိုနောက် သူ့ရှေ့က အနက်ရောင် စွန့်ပစ်ဆေးပြားကို မှုန်ကုပ်ကုပ်အမူအရာနဲ့ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

အကယ်၍ သူသည် သူ့နယ်မြေအတွင်း၌ ရှိနေပါက သူ၏ အထောက်အထားကို ဖုံးကွယ်ထားရန် မလိုအပ်သောကြောင့် ရက်စက်ကြမ်းကြုတ်သော တစ္ဆေမျက်နှာဖုံးကို မ၀တ်ထားပေ။

သို့သော် သူ့ဘေးတွင်ထိုင်နေသည့်လူက ပုံမှန်အတိုင်းအနက်ရောင်ဝတ်ရုံနှင့် မျက်နှာဖုံးကို ၀တ်ထားသည်။

"ဒါက မင်းပြောခဲ့တဲ့ ဆေးအသစ်လား"

အနက်ရောင်ဝတ်ထားသောသူသည် မြေပြင်ပေါ်ရှိ စွန့်ပစ်ဆေးပြားကို ကြည့်

ရင်း သူ့လေသံက မကျေနပ်မှု အရိပ်အယောင်ကို သယ်ဆောင်လာသည်။

ကျင့်ဟိုင်က သူ့ကို မော့ကြည့်ကာ အော်ဟစ်လိုက်သည်။

“ဆေးအသစ်တိုင်းက ထောင်ပေါင်းများစွာသော ကျရှုံးမှုတွေကို ကြုံတွေ့ရမှာပဲ။ နှစ်လအတွင်းမှာ ဒီလိုအောင်မြင်မှုတွေ ရနိုင်ဖို့ဆိုတာ ငါ့အတွက် မလွယ်ဘူးလေ”

အနက်ရောင်ဝတ်ရုံနဲ့လူက "မင်းက ဆေးဖော်စပ်သူလေ၊ အဂ္ဂိရတ်ဆရာမဟုတ်ဘူး”

ကျင့်ဟိုင်သည် ရုတ်တရက် ခေါင်းမော့ကာ ဝတ်ရုံအနက်ရောင်နဲ့ ယောက်ျားကို စိုက်

ကြည့်နေသည်။ သူ့မျက်လုံးများတွင် ပြင်းထန်သော ဒေါသနှင့် မလိုလားအပ်မှုများ ရှိနေသည်။

"ငါ့ရဲ့ အဂ္ဂိရတ်ပညာ အရည်အချင်းက အဲ့ဒီတာဝန်မဲ့ လူယုတ်မာတွေထက် မနိမ့်ပါဘူး။ ငါသာ ကျင့်ကြံသူ သခင်တစ်ယောက်ဖြစ်ခဲ့ရင် ငါအရင်ကတည်းက တရားဝင် အဂ္ဂိရတ်ဆရာဖြစ်လာမှာ”

"ဒါဆို မင်းကိုယ်တိုင်က တခြားအရာတွေကို အာရုံမစိုက်ဘဲ မင်းဆေးပြားမှာ လိုတဲ့ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ကျင့်ကြံသူတွေကို စုဆောင်းတာပဲ အာရုံစိုက်သင့်တယ်။" အနက်ရောင်ဝတ်ရုံနဲ့လူက သူ့အဖော်ကို စိတ်အနှောက်အယှက်မပေးချင်တာကြောင့် လေသံကို ပျော့လိုက်သည်။

ကျင့်ဟိုင်လည်း ယခုအခိုက်အတန့်တွင် ငြိမ်သက်သွားပြီး အေးစက်စွာပြောလေသည် "မင်းပြောတာက လွယ်တယ်။ ကိုယ်ခံပညာတည်မြဲရေးစံအိမ်က ငါတို့ကို လိုက်နေတာ။ ကျင့်ကြံသူတွေကို ဖမ်းဖို့နေနေသာသာ ကိုယ့်ကိုကိုယ် မနည်း ကာကွယ်နေရတယ်”

ခဏကြာတော့ ကျင့်ဟိုင် မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြစ်လာသည်။

"သခင်နှစ်ယောက်က ငါတို့ကို မက်ဆေ့ခ်ျအသစ်တစ်ခု ပို့တာ တော်တော်ကြာနေပြီမလား။ မင်းသူတို့ကို ဆက်သွယ်လို့ရ

လား"

အနက်ရောင်ဝတ်ရုံနဲ့လူသည် ခေတ္တတိတ်ဆိတ်သွားသည်။ အဖြေက မဆက်

သွယ်ဘူးဆိုတာ ရှင်းသည်။

ကျင့်ဟိုင်က ရယ်လိုက်သည် ။ "သူတို့က ငါတို့ကို စွန့်လွှတ်ဖို့ စီစဉ်နေပုံပဲ။ ဒီအချိန်မှာ ငါတို့ထဲကတစ်ယောက်က ပိတ်ဆို့မှုကိုဖြတ်ကျော်ပြီး ကျင့်ကြံသူသခင်ဖြစ်မလာရင် ကိုယ်ခံပညာတည်မြဲရေးစံအိမ်က အဖွဲ့အစည်းကိုဖျက်ဆီးဖို့ အချိန်တစ်ခုပဲ လိုတော့တာ ။ ဘယ်လိုလဲ? အခု မင်းငါ့ကို တားဖို့ စိတ်ကူးရှိသေးလား"

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဝတ်ရုံအနက်ရောင်နဲ့ အမျိုးသားက သက်ပြင်းချလိုက်သည်။

"ငါမင်းကိုတားဖို့မကြိုးစားပါဘူး။ သွေးဝိညာဉ်ဆေးပြားကို သန့်စင်ဖို့ နတ်ဆိုးတွေကို အသုံးပြုတာက မကြုံစဖူး အရာတစ်ခုပဲ။ အောင်မြင်ဖို့ အခွင့်အလမ်းက အတော်လေး နည်းတယ်။ ဒီအတွက်နဲ့ အချိန်နဲ့ ခွန်အားတွေ အများကြီးကို ဖြုန်းတီးပြီး မင်းရဲ့ လုပ်ငန်းကို နှောင့်နှေးမနေစေချင်ရုံပါ”

"အဲ့ဒါအတွက် မင်း စိတ်ပူစရာမလိုဘူး”

ကျင့်ဟိုင်က သူ့လက်ကို ဝှေ့ယမ်းပြီး ခေါင်းမာနေခဲ့သည်။

“ဆေးလုံးရဲ့ ပါဝင်ပစ္စည်းကို စုဆောင်းဖို့ပဲ မင်း အာရုံစိုက်ပါ။ ပါဝင်ပစ္စည်းတွေရရင်သာ ငါ့ဆီကို တိုက်ရိုက်ပို့ပေး။ သန့်စင်ခြင်းဆေးတွေကို လက်မလွတ်စေရဘူးလို့ ငါအာမခံတယ်”

“အခုကိစ္စနဲ့ ပတ်သက်ပြီးတော့ စိတ်ပူစရာ မလိုပါဘူး။ အဆင်မပြေရင်လည်းရတယ်။ အောင်မြင်ရင် အခြေအနေအရ ဒါကိုသုံးနိုင်တယ်လေ။ ဒါ ကြီးကျယ်ခမ်းနားတဲ့ အရာမဟုတ်ဘူးလေ”

"နေရာတိုင်းက ဝိညာဉ်ကြောင်တွေကို ဖမ်းပြီး လူတွေရဲ့ အာရုံကို ဆွဲဆောင်မိမှာ မကြောက်ဘူးလား?" ဝတ်ရုံနက်နဲ့လူက အသံတိုးတိုးဖြင့် ပြောသည်။

“အဲဒါက လေလွင့်တဲ့ ဝိညာဉ်ကြောင်အုပ်စုပဲ။ သူတို့ကို ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး။ ဘာကြောက်စရာရှိလို့လဲ။"

“နဂါးမြို့တော်ရဲ့ ကြောင်ဗိုလ်ချုပ်…”

"အဲ့တာက နဂါးမြို့တော်လေ ။တရားဝင်မဟုတ်တဲ့ နတ်ဘုရားက ဘယ်လောက် တန်ခိုးကြီးနေပါစေ။ ငွေအကြေးခွံ့မြို့နဲ့ပတ်သက်ပြီး သူဘာလုပ်နိုင်

မှာလဲ “

ကျင့်ဟိုင်ကို မဆွဲဆောင်နိုင်တော့တာကြောင့် ဝတ်ရုံနက်နဲ့ လူက သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

ကျင့်ဟိုင်သည် အနက်ရောင်ဝတ်ရုံနဲ့ လူကို တစ်ချက်ကြည့်လိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။ "ငါ့အကြောင်းချည်းပဲ မပြောပါနဲ့။ မင်းဘက်ကရော ဘယ်လိုလဲ။ ထိပ်တန်းပါဝင်ပစ္စည်းကို ရှာတွေ့တယ်လို့ ပြောထားတာ မဟုတ်ဘူးလား။'

ထိုအကြောင်းကို ပြောသောအခါ အနက်ရောင်ဝတ်ရုံ၏ မျက်နှာဖုံးအောက်မှ မျက်လုံးများက တောက်ပလာပြီး ခေါင်းညိတ်လိုက်သည်။

"အဲဒီလူက တကယ်ကို ထူးခြားတဲ့ ပါဝင်ပစ္စည်းပဲ”

အနက်ရောင်ဝတ်ရုံနဲ့လူ၏ ချီးမွမ်းသံကြောင့် ကျင့်ဟိုင်က သိချင်လာသည်။ သူက ရှေ့ကို အနည်းငယ် ငုံ့ကာ စိတ်ဝင်တစား ကြည့်နေသည်။

"မင်း နှစ်ပေါင်းများစွာ ပြင်ဆင်ထားတဲ့ ပါဝင်ပစ္စည်းတွေထက် ပိုကောင်းတာလား"

အနက်ရောင်ဝတ်ရုံနဲ့လူက ရယ်မောလိုက်သည်။ "သူ့ကိုသာ သွေးဝိညာဉ်ဆေးပြားအဖြစ် သန့်စင်ဖို့ အသုံးချနိုင်ရင် ငါပိတ်ဆို့နေတာတွေကို ဖြတ်ကျော်နိုင်ဖို့ သေချာပေါက်နီးပါးပဲ”

ကျင့်ဟိုင်က အံ့အားသင့်သွားသော်လည်း လွန်စွာပျော်သွားသည်။

"ဒါဆို မင်းက ဘာကိုစောင့်နေတာလဲ။ မြန်မြန်သွားပြီးတော့ အဲဒီလူကို ခေါ်ခဲ့လိုက်လေ”

"အဲ့လောက်မရိုးရှင်းဘူး။" အနက်ရောင်ဝတ်ရုံနဲ့လူက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ “အဲဒီလူက အခု နိုင်ယန်းကျောင်းရဲ့

နာမည်ကြီး ပါရမီရှင်တစ်ယောက်ပဲ။ လူတိုင်းက သူ့ကို စောင့်ကြည့်နေကြတာ။ ငါ မဆင်မခြင်လုပ်ရင် သူ့ကို သတ်တာအောင်မြင်ရင်တောင် ငါ ဖော်ထုတ်ခံရလိမ့်မယ်။"

"ဒါဆို မင်းဘာဆက်လုပ်မှာလဲ"

"ငါစဉ်းစားပါရစေဦး။"

ကျင့်ဟိုင်က မကျေမနပ် ဖြစ်သွားသည်။

အနက်ရောင်ဝတ်ရုံနဲ့လူက စိတ်မခုဘဲ လျင်လျင်မြန်မြန် ပြောလိုက်သည်။

“သူ့ကို လျှော့တွက်လို့ မရဘူး။ တခြားသူတွေရဲ့ အာရုံကို မဆွဲဆောင်ဘဲ သူ့ကို အသက်ရှင်လျက် ဖမ်းဖို့ဆိုတာက ငါ့အတွက် လွယ်မှာ မဟုတ်ဘူး။"

ကျင့်ဟိုင်က သံသယဖြစ်သွားသည်။

“အဲ့တပည့်က ဘာလို့ မင်း အာရုံစိုက်တာခံရတာလဲ။ သူက အထက်အိမ်တော်ရဲ့ တပည့်လား”

"မဟုတ်ဘူး၊ သူက ကောင်းကင်အဆင့် တပည့်ပဲ"

"တောက်ပသော ဝင်ပေါက်အဆင့်ရှိတဲ့ ကောင်းကင်ဘုံအဆင့်တပည့်လား”

" ကြာရှည်စွာအသက်ရှုခြင်းအဆင့်”

ကျင့်ဟိုင်၏ ပါးစပ်ထောင့်သည် တုန်လှုပ်သွားပြီး သူ့အင်္ကျီလက်ကို ဒေါသတကြီး လှန်လိုက်သည်။

"သူက ကြာရှည်စွာအသက်ရှုခြင်းအဆင့်က ဂျူနီယာလေးလေ။ မင်းဘာလို့ ဒီလောက်လေးနက်နေရတာလဲ။ မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ကြာရှည်စွာ အသက်ရှုခြင်းအဆင့် တပည့်တစ်ယောက်ကို တိုက်ရတာ လွယ်တယ် မဟုတ်ဘူးလား”

အနက်ရောင်ဝတ်ရုံနဲ့လူက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ "သူက သာမန် ကြာရှည်စွာအသက်ရှုခြင်းအဆင့် မဟုတ်ဘူး။"

ကျင့်ဟိုင်က သူ့ကို လုံးဝမယုံဘဲ ရယ်မောလိုက်သည်။ " ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူက ဘယ်လိုထူးခြားနိုင်မှာမလို့လဲ”

"သူက လမ်းကြောင်းအဆင့် ကိုယ်ခံပညာကိုကျင့်ကြံထားတာ”

ကျင့်ဟိုင်၏အမူအရာက အေးခဲသွားပြီး အလွန်ထိတ်လန့်သွားသည် ။

အချိန်အတော်ကြာပြီးနောက် သူသည် စကားတစ်ခွန်းကို ပြောလိုက်သည်။

"မင်း တကယ် ပြောတာလား။"

အနက်ရောင်ဝတ်ရုံနဲ့လူက သူ့ကို လှမ်းကြည့်သော်လည်း ပြန်မဖြေပေ။

ကျင့်ဟိုင်သည် အနက်ရောင်ဝတ်ရုံနှင့်လူ၏စကားကို အမှန်တကယ် သံသယမရှိခဲ့ပေ။ အံ့သြလွန်းလို့သာ မေးလိုက်ရတာပင် ။

နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော်လည်း ကြာရှည်စွာအသက်ရှုခြင်းအဆင့်မှ တစ်စုံတစ်ဦးသည် လမ်းကြောင်းအဆင့် ကိုယ်ခံပညာအား ကျင့်ကြံထားသည်ကို တစ်ခါမျှ မမြင်ဖူးပေ။

ဒီလိုမဖြစ်နိုင်တဲ့ အလုပ်တစ်ခုကို တစ်စုံတစ်ယောက် တကယ်အောင်မြင်နိုင်

လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

"မင်း သူ့ကို အရမ်းတန်ဖိုးထားတာ မဆန်းပါဘူး..."

သူ၏ ထိတ်လန့်မှုမှ ပြန်လည် အသိဝင်လာပြီးနောက် ကျင့်ဟိုင်၏ မျက်လုံးများ တောက်ပလာသည်။

ကြာရှည်စွာအသက်ရှုခြင်းအဆင့်တွင် လမ်းကြောင်းအဆင့်ကိုယ်ခံပညာကို

ကျင့်ကြံနိုင်တာကြောင့် သူ၏ ပင်ကိုယ်စွမ်းရည်နှင့် ဝိညာဉ်ရေးရာမှာ ယှဉ်နိုင်စရာမရှိပေ။

ထိုသို့သော ပါရမီရှင်ကို သွေးဝိညာဉ်ဆေးပြားများသန့်စင်ရာတွင် အသုံးပြုပါက သူသည် အနည်းဆုံး တတိယအဆင့် သွေးဝိညာဉ်ဆေးပြားများကို သန့်စင်ပေးနိုင်ပေမည်။

ကံကောင်းရင် သူတို့မှာ စတုတ္ထအဆင့် သွေးဝိညာဉ်ဆေးပြားကိုပင် ရနိုင်သည်။

ဒီလိုသာဆိုရင် သူတို့တောင့်တတဲ့ ဆန္ဒတွေ တကယ်ဖြစ်လာမှာ သေချာသည်။

ဒါကိုတွေးပြီး ကျင့်ဟိုင်က စိတ်လှုပ်ရှားသွားသည်။ ထိုလူကို ဖမ်းပြီး အခုပဲ ဆေးတွေကိုသန့်စင်ချင်မိသည်။

All Chapters