အဂ္ဂိရတ်သမားများ၏ အဖြစ်များသော ဘေးဒုက္ခ (၁)
Vol. 11 Ch. 168
"သူ့နာမည်ဘယ်လိုခေါ်လဲ သူ့နောက်ခံကဘာလဲ" ကျင့်ဟိုင် စိတ်မရှည်စွာ မေးလိုက်သည်။
အနက်ရောင်ဝတ်ရုံနဲ့လူက သူ့အဖော်၏ရည်ရွယ်ချက်ကို ချက်ချင်းမြင်ပြီး မျက်မှောင်ကြုတ်သွားသည် ။ "ငါအရင်ကပြောဖူးတယ်။ အဲဒီလူက အထူးကိစ္စပါဆို။ ငါတို့ သူ့ကို ဖြုတ်ချချင်ရင် ငါတို့ စေ့စေ့စပ်စပ် အစီအစဉ်ဆွဲရမယ်”
ကျင့်ဟိုင်က ရယ်မောလိုက်သည်။
"မင်းကတော့ မင်းရဲ့အထောက်အထားကို ဖော်ထုတ်ရမှာကြောက်ပေမယ့် ငါကတော့ အဲ့လိုမဟုတ်ဘူးလေ”
“ဒီနှစ်တွေမှာ ငါ တိတ်တိတ်ဆိတ်ဆိတ် နေခဲ့ရတယ်။ ငွေအကြေးခွံ့မြို့ကလူတွေက ငါ့ကို ထက်မြက်တဲ့ ဆေးဖော်စပ်သူအဖြစ် သိကြတယ်။ ဘယ်သူကမှ ငါ့ရဲ့ ပင်ကိုယ်စရိုက်ကို မသိကြဘူး။ ငါသတိထားသရွေ့ နိုင်ယန်းကျောင်းက ငါ့အကြောင်းသိဖို့ စိတ်ပူနေစရာ မလိုဘူး။”
ကျင့်ဟိုင်၏ အသံက ယုံကြည်မှုအပြည့်နဲ့ပင်။
ဒါကိုကြားတော့ အနက်ရောင်ဝတ်ရုံနဲ့လူက ငြိမ်သွားပြီး အနည်းငယ် တုန်လှုပ်သွားသည်။
ကျင့်ဟိုင်သည် ဒါကိုမြင်ပြီး တစ်ဖက်က တုံ့ဆိုင်းနေတာကို အခွင့်ကောင်းယူလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းပြီး “ဒါဆို ပြေလည်သွားပြီ။ ကြန့်ကြာလေလေ၊ ငါတို့ ဒုက္ခရောက်လေလေပဲ။ ရက်အနည်းငယ်အတွင်း ငါလုပ်မယ်။ငါတို့ ပိတ်ဆို့မှုတွေကို အမြန်ဖြတ်ကျော်နိုင်လေ၊ အဖွဲ့အစည်းကို ပြန်လည်ဖွဲ့စည်းနိုင်ပြီး လက်ရှိအကျပ်အတည်းကို ကျော်ဖြတ်နိုင်လေပဲ”
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အနက်ရောင်ဝတ်ရုံနဲ့ အမျိုးသားသည် ခေါင်းညိတ်ကာ လင်းရှန်၏ အချက်အလက်ကို ပြောပြသည်။
ကျင့်ဟိုင်က ပြုံးလိုက်မိသည်။ သူက ဘာမှပြန်မပြောမီ အကြည့်တွေက ရုတ်တရက် စူးစိုက်လာပြီး သူ့အမူအရာက အေးစက်သွားသည် ။
အနက်ရောင်ဝတ်ရုံနဲ့လူက မျက်ခုံးပင့်လိုက်သည်။ "ဘာမှားလို့လဲ?"
"ဘာမှမဟုတ်ဘူး။ တိရိစ္ဆာန်အုပ်စုတစ်စု ငါ့နယ်မြေထဲကို တိုးဝင်လာတယ်”
ကျင့်ဟိုင်က ရယ်မောလိုက်ပြီး သတ်ဖြတ်ချင်စိတ်တွေ သူ့မျက်လုံးထဲမှာ ပေါ်လာသည်။
“ မိုက်လိုက်တဲ့ တိရိစ္ဆာန်တွေ.. နောက်ဆုံးအကြိမ်တုန်းက ကံကောင်းလို့ လွတ်မြောက်ပေမယ့် ပြန်လာနိုင်သေးတယ်။ သူတို့မှာ တကယ်သေချင်တဲ့ ဆန္ဒရှိနေတာပဲ”
"ကောင်းပြီ မင်းကို ဒီညဆေးလုံး သန့်စင်မှုမှာ ပါဝင်ပစ္စည်းအဖြစ် ငါသုံးမယ်”
အနက်ရောင်ဝတ်ရုံနဲ့လူသည် ထိုစကားကိုကြားသောအခါ စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့သည်။ သူက မတ်တပ်ထရပ်ပြီး ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။
"ဂရုစိုက်.. ငါမင်းကို လောလောဆယ် ထပ်တွေ့မှာမဟုတ်ဘူး။ ငါတို့ ဟိုလူကို ဖမ်းပြီး ဆေးပြားအဖြစ် သန့်စင်လိုက်တဲ့အခါ နောက်ထပ် ထပ်သောက်ကြမယ်” ကျင့်ဟိုင်က ပြောသည်။
အနက်ရောင်ဝတ်ရုံနဲ့က နောက်ပြန်လှည့်မကြည့်ဘဲ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့ရုပ်က ရုတ်တရက် မှုန်ဝါးသွားပြီး နောက်အခိုက်အတန့်တွင် နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ကျင့်ဟိုင်သည် မအံ့သြဘဲ သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
တခဏချင်းမှာပဲ လေထဲမှ မြူများထွက်လာပြီး သူ့ရှေ့က ရေမှန်တစ်ခုထဲကို စိမ့်ဝင်သွားသည်။
မှန်ထဲမှာတော့ ဝိညာဉ်ကြောင်အုပ်စုနဲ့အတူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက လမ်းလျှောက် သွားလာနေခဲ့သည်။
ထိုမြင်ကွင်းသည် ကျင့်ဟိုကို လူသတ်ချင်စိတ် ပေါ်လာစေသည်။ သူသည် ချက်ချင်းပင် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
အဆောက်အဦးထဲမှ ထွက်လာသည့်အခိုက်တွင် လင်းရှန်သည် အဝေးမှ အတော်အတန် ပွက်လောရိုက်သွားသည်ကို ချက်ချင်းကြားလိုက်ရသည်။
အပေါ်ကို လှမ်းကြည့်လိုက်တော့ မီးတောက်တွေက ကောင်းကင်မှာ ပျံတက်နေတာကို ယောင်ဝါးဝါး မြင်နေရသည်။
ထန်ရင်နှင့် အခြားသူများ စတင် လှုပ်ရှားနေတာ သိသာသည်။
ဒါကိုမြင်တော့ လင်းရှန်နဲ့ ထန်ယွဲ့တို့သည် ဝိညာဉ်ကြောင်တွေနဲ့ ဆန့်ကျင်ဘက်ကို အမြန်ပြေးသွားကြသည်။
အိမ်တွင်းရှိ အစောင့်များနှင့် အစေခံအများစုသည် မီးကြောင့် ဆွဲဆောင်ခံခဲ့ရပြီး အနီးနားတွင် အနည်းငယ်သာ ကျန်တော့သည်။
လမ်းတစ်လျှောက်မှာတော့ လင်းရှန်က သူတွေ့သည့် အစေခံတွေကို ရိုက်ပြီး လမ်းဘေးမှာ ပစ်ချခဲ့သည်။
ခြံအပြင်ဘက်သို့ မရောက်မချင်း ကင်းလှည့်အစောင့်အဖွဲ့တစ်ဖွဲ့နှင့် တွေ့ပြန်သည်။
ကြည့်လိုက်တော့ သူတို့သည် အရှိန်အဟုန်နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေသော နေရာကို အပြေးအလွှား သွားနေပုံရသည်။
အဝေးက ချဉ်းကပ်လာတဲ့ အရိပ်အယောင်ကို မြင်တော့ ခေါင်းဆောင်က ချက်ချင်း အော်လိုက်သည်။
"အဲဒီမှာ ဘယ်သူလဲ။ ရပ်”
လင်းရှန်က သူ့ကို လျစ်လျူရှုပြီး လေကို ညွှန်ပြလိုက်သည်။
တခဏအတွင်းမှာပင် စူးရှသော အသံက လေကိုဖောက်ထွက်သွားသည်။ ထက်မြက်သော စွမ်းအင်များ ထွက်လာပြီး ခေါင်းဆောင်၏ နဖူးအလယ်တည့်တည့်ကို မြှားကဲ့သို့ ထိုးဖောက်လိုက်သည် ။
သနားစရာ အစောင့်ခေါင်းဆောင်သည် ပွဲချင်းပြီး မသေဆုံးမီ အော်ဟစ်ရန် အချိန်ပင်မရှိခဲ့ပေ။
သူတို့ဆန့်ကျင်ဘက်လူက ဒီလောက် တိုက်ခိုက်လိမ့်မည်ဟု အစောင့်များက မျှော်လင့်မထားပေ။ ကြာရှည်စွာအသက်ရှုခြင်းတတိယအဆင့်တွင်ရှိသောအဖွဲ့၏ ခေါင်းဆောင်ပင်လျှင် ချက်ချင်းအသတ်ခံခဲ့ရသည်။ သူတို့ ချက်ချင်း ထိတ်လန့်သွားလေ၏။
"ခေါင်းဆောင်”
"မြန်မြန်…ဝီစီမှုတ်ပြီး အကူအညီတောင်း”
"ခဏ…သူ ငါတို့ဆီ လာနေပြီ..အား”
အစောင့်များသည် ၎င်းတို့၏ ထိတ်လန့်တုန်လှုပ်ရာမှ အသိမဝင်မီပင် လင်းရှန်သည် တစ္ဆေသရဲကဲ့သို့ လူအုပ်ထဲသို့ ပြေးဝင်ကာ သူ၏ လက်ဖဝါးများကို အကြိမ်ကြိမ် ဝှေ့ယမ်းနေပြီဖြစ်သည်။
လက်ဖဝါး၏လေများ တိုးလာသည်နှင့်အမျှ ချီအသွင်ပြောင်းရေး အဆင့်တွင်သာ ရှိသောအစောင့်အဖွဲ့သည် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်။ တခဏချင်းမှာပဲ သူတို့အားလုံး သုတ်သင်ခံရပြီး အလောင်းတွေ အဖြစ် မြေပေါ်လဲကျသွားသည်။
ထန်ယွဲ့သည် စကားမပြောနိုင်ပေ။
သူမသည် ဤအစောင့်များကို ကိုင်တွယ်နိုင်သော်လည်း လင်းရှန်ကဲ့သို့ ပေါ့ပေါ့ပါးပါးနှင့် စိတ်အေးလက်အေးမဖြစ်နိုင်ပေ။
သူ့ကြည့်ရတာတော့ လင်းရှန်သည် သူ့ခွန်အားကိုပင် အပြည့်အ၀ အသုံးမချခဲ့တာ သိသာသည်။
ဤအခိုက်အတန့်တွင် ကြောင်ဗိုလ်ချုပ်သည် လင်းရှန်၏ အစွမ်းသတ္တိနဲ့ ပတ်သက်ပြီး ချီးကျူးမှု အပြည့်အ၀ရှိရသည့် အကြောင်းရင်းကို ထန်ယွဲ့က နားလည်လာခဲ့သည်။
"သွားကြရအောင်”
လင်းရှန်အသံက ထန်ယွဲ့ကို နှိုးဆော်လိုက်သည်။
သူမသည် စိတ်ရှုပ်စရာ အတွေးတွေကို ရပ်လိုက်ပြီး လင်းရှန်နောက်ကို လိုက်သွားသည် ။
ညကောင်းကင်အောက်တွင် လူနှင့်ကြောင်အုပ်စုသည် အိမ်တော်တံခါးဆီသို့ ပြေးသွားကြသည်။
လမ်းမှာ အစောင့်လေးငါးယောက်နဲ့ ထပ်တွေ့သည်။ သူတို့အထဲမှာ ကြာရှည်စွာအသက်ရှုခြင်းအဆင့် ခေါင်းဆောင်တစ်ယောက်ရှိသည်။ သို့သော် သူသည် ဒုတိယ သို့မဟုတ် တတိယအဆင့်တွင်သာ ရှိသေးသည်။ လင်းရှန်သည် သူ့လက်နက်ကိုပင် ဆွဲထုတ်စရာမလိုဘဲ အလွယ်တကူ တိုက်နိုင်ခဲ့သည်။
သိပ်မကြာခင်မှာပဲ ခြံရှေ့ကိုရောက်လာသည်။
ဒါကိုမြင်တော့ ထန်ယွဲ့က ပျော်သွားသည်။
ဒီဝင်းကိုဖြတ်ပြီးရင် မီတာတစ်ရာမြင့်တဲ့ တံတိုင်းတစ်ခုရှိမည်ပင်။ ဒီတံတိုင်းပြီးရင် သူတို့ ဒီအိမ်ကြီးက ထွက်သွားနိုင်လိမ့်မည်ပင်။
သို့သော် သူ့မျက်နှာတွင် ပျော်ရွှင်မှု ပေါ်လာသည်နှင့်ပင် နောက်ကွယ်မှ မိုးခြိမ်းသံတစ်ခုကရုတ်တရက် ထွက်ပေါ်လာသည်။
ထန်ယွဲ့ထိတ်လန့်သွားသည်။
နတ်ဆိုး၏ ထက်မြက်သော ထိုးထွင်းသိမြင်မှုသည် သူမအား တုန်လှုပ်သွားစေခဲ့သည်။ သူမ ကျောရိုးအောက်ထဲထိ အေးစက်သွားသလို ခံစားလိုက်ရသည်။
ကြောက်လန့်တကြားနဲ့ ကောင်မလေးက သူ့နောက်ကို လှည့်ကြည့်လိုက်လေ၏ ။ သူမ၏မျက်လုံးထောင့်မှ တောက်လောင်နေသော အဖြူရောင် အလင်းတန်းတစ်ခုသည် အရှိန်ပြင်းပြင်းဖြင့် တိုက်ခိုက်လာသည်ကို တွေ့လိုက်ရသည်။
နတ်ဆိုးတွေက သူတို့ဘဝမှာ အကြောက်ဆုံးအရာတွေ မရေမတွက်နိုင်အောင် ရှိခဲ့သည်။ လျှပ်စီးကြောင်းသည် ၎င်းတို့အနက်မှ တစ်ခုဖြစ်လေ၏။
အထူးသဖြင့် လူ့ဒုက္ခကို မကျော်ဖြတ်ရသေးသော နတ်ဆိုးများသည် လျှပ်စီးကို အကြောက်ဆုံးဖြစ်သည်။ ၎င်းတွင်ပါရှိသော ထက်မြက်သည့် ကောင်းကင် စွမ်းအားသည် ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များကို ဖျက်ဆီးပစ်ရန် လုံလောက်သည်။
သေခြင်းတရားတစ်ခုက ချက်ချင်းပင် သူမကို လွှမ်းခြုံသွားသည်။
ထန်ယွဲ့၏ လှပသော မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက်ဖြစ်မှု ပေါ်လာသည်။
အရေးကြီးသောအခိုက်အတန့်တွင် နံဘေးမှ စူးရှသော လေလှိုင်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
ကြည်သွေးရောင် အလင်းသည် ချက်ချင်းပင် သူမ၏အမြင်အာရုံတွင် ပြည့်သွားသည်။
ထန်ယွဲ့၏ အံ့အားသင့်နေသော အကြည့်အောက်တွင် အနီရောင် လက်ဖဝါးကြီးတစ်
ခုထွက်ပေါ်လာပြီး တောက်ပနေသော အဖြူရောင်အလင်းရောင်ကို ရင်ဆိုင်လိုက်ရသည်။
ဘုန်း
အိမ်ကြီးအထက် ကောင်းကင်ယံ၌ နားအူသွားစေသော ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။