← Chapters

သာမန် ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူ မဟုတ်ပါ (၁)

Vol. 11 Ch. 166

သာမန် ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူ မဟုတ်ပါ (၁)

Vol. 11 Ch. 166

အဲ့တာက ညဥ့်နက်နေပြီပင်။

ဒါက သာမန်လူတွေ အိပ်ပျော်နေတဲ့အချိန် ဖြစ်သည်။

မှောင်မိုက်နေသော တောအုပ်ထဲမှာတော့ လင်းရှန်သည် အဝေးမှ ခြံကြီးကို

ကြည့်နေသည်။

"အဲဒါ ပစ်မှတ်ထားတဲ့ အိမ်လား? အိမ်ထက် ရဲတိုက်နဲ့ ပိုတူတယ်။”

မြင့်မားသောမြို့ရိုးနှင့် ယင်းပေါ်ရှိ ကင်းလှည့်အစောင့်များသည် အဆိုပါအိမ်ကြီးကို အစောင့်အကြပ်များချထားကြောင်း ပြသနေသည်။

နဂါးမြို့တော်တွင် ထိုကဲ့သို့ အိမ်ကြီးကို အလွန်မျက်စိကျကြမှာ သေချာသည်။

သို့သော် နဂါးမြို့တော်လိုနေရာမျိုးတွင် ထိုအိမ်သည် မြင့်မားသောနံရံများဖြင့် ဝန်းရံထားသည့် တစ်ခုတည်းသောအိမ်မဟုတ်ပေ။

ထန်ယွဲ့သည် လင်းရှန်အနားတွင် ငြိမ်သက်စွာ ရပ်နေသည်။

ဆယ်မိနစ်လောက်ကြာတော့ သူမအမူအရာက ရုတ်တရက်ပြောင်းသွားပြီး တိုးတိုးလေးပြောသည်။

"ပြီးပြီ”

လင်းရှန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဖျက်ကနဲပဲ အဝေးက ခြံကြီးဆီသို့ ပြေးသွား

လေ၏ ။

ထန်ယွဲ့သည် နောက်မှ အနီးကပ်လိုက်လာသည်။

နှစ်ယောက်သား တိတ်တဆိတ် နေနေကြ၏ နှစ်စက္ကန့်မှ သုံးစက္ကန့်အတွင်း အိမ်ကြီးထဲမှ မီတာ ၃ မှ လေးရာအထိ ရှည်လျားသော လျှောက်လမ်းကို ဖြတ်ကျော်ကာ မြင့်မားသော တံတိုင်းအောက်ခြေသို့ ရောက်သွားသည်။

ဘုတ်

လင်းရှန်သည် သူ့ခန္ဓာကိုယ်ပေါ်တွင် အဆောင်သုံးခုကို အမြန်ရိုက်လိုက်သည်။

ပျံသန်းခြင်းအဆောင်နှင့် ခန္ဓာကိုယ်ပေါ့ပါးခြင်းအဆောင်အပြင် လူတစ်ဦး၏ အရောင်အဝါကို လျော့ကျစေသော ဖုံးကွယ်ခြင်း အဆောင်တစ်ခုလည်း ပါရှိသည်။

ထုံးစံအတိုင်း နစ်မြှပ်ခြင်းလမင်းသည် အဆောင်အားလုံးကို ကြိုတင်ပြင်ဆင်ထားသည်။

ထန်ယွဲ့လည်း သူ့ကိုယ်ပေါ် မှာ အဆောင်တင်ထားသည်။

ဝိညာဉ်ကြောင်မျိုးဆက်သည် ခိုးကြောင်ခိုးဝှက် လုပ်ရာတွင် အလွန်တော်သည် ။ အဆောင်ကိုအသက်သွင်းပြီးနောက် သူတို့၏ရွေ့လျားမှုများကို ပို၍ပင်

မသိနိုင်တော့ပေ။

လင်းရှန်သာ ထန်ယွဲ့အနားတွင် မရှိခဲ့ပါက သူမရောက်ရှိနေသည်ကို သူခံစားမိမည်မဟုတ်ပေ။

အဆောင်ကို အသက်သွင်းပြီးနောက် သူတို့နှစ်ဦးသည် မြင့်မားသောနံရံပေါ်သို့ ချက်ချင်းတက်ခဲ့ကြသည်။

နံရံပေါ်မှာ အစောင့်ခုနစ်ယောက် ၊ ရှစ်ယောက် လောက်က ပြန့်ကျဲနေသည်။

တစ်ချို့က ရပ်နေပြီး တချို့ကတော့ အလှည့်ကျ လှည့်ပတ်နေသည်။

ထူးဆန်းတာက လင်းရှန်နဲ့ ထန်ယွဲ့တို့တံတိုင်းထိပ်ကို ရောက်သောအခါ ထိုလူတွေက သူတို့ကို လျစ်လျူရှုပြီး ကိုယ်လုပ်စရာရှိတာတွေကို ဆက်လုပ်နေကြတာပင်။

ဂရုတစိုက်ကြည့်လျှင် ဤအစောင့်များသည် မှိန်မောသွားသည်ကို သတိပြုမိလိမ့်မည်။ သူတို့သည် ထင်ယောင်ထင်မှားဖြစ်မှုထဲသို့ မသိလိုက်ဘဲ မျောပါသွားခဲ့သည်။

လင်းရှန်နဲ့ ထန်ယွဲ့တို့သည် မရပ်ဘဲ နံရံကို အမြန်ဖြတ်ကျော်ပြီး အိမ်ထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားကြသည်။

မလာခင်မှာ ထန်ယွဲ့သည် အိမ်ကြီး၏ အပြင်အဆင်နဲ့ ပတ်ဝန်းကျင်အကြောင်းကို လင်းရှန်အား ပြောထားပြီးသားပင်။ သူတို့ နှစ်ယောက်သည် ခြံရှေ့နှင့် အပြင်ဘက် ဝင်းအတွင်းသို့ မရပ်မနား ဖြတ်သွားပြီး အတွင်းဝင်းထဲသို့ ဝင်သွားကြလေသည်။

အဆောက်အဦးပုံစံများက တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။

ကင်းလှည့်အစောင့်အဖွဲ့နှစ်ဖွဲ့ကို ရှောင်ရှားပြီးနောက် လင်းရှန်နဲ့ ထန်ယွဲ့သည် တစ်ယောက်တည်း ရှိနေသော အစေခံတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့သည်။

မဆိုင်းမတွဘဲ လင်းရှန်က သူ့ကိုဖမ်းပြီး အိမ်တော်စောင့်၏ တည်နေရာအကြောင်းကို အမြန်မေးလိုက်သည်။

အိမ်တွင်းရှိ အထွေထွေပစ္စည်းများနှင့် အမှုထမ်းများအားလုံးအကြောင်း ကို မန်နေဂျာဖြစ်သော အိမ်တောင်စောင့်သည် သူ့လက်ထဲမှ ပစ္စည်းကဲ့သို့ သေချာသိသည်။

အိမ်ပိုင်ရှင်မှလွဲ၍ ဝိညာဉ်ကြောင်များကို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို အိမ်တောင်စောင့်ကသာ သိမည်ဖြစ်သည်။

သူလိုချင်တဲ့အဖြေကိုရပြီးနောက် လင်းရှန်သည် အစေခံကိုသတိမေ့သွားအောင် ရိုက်ကာ အနီးနားရှိ ကျောက်တုံးတစ်ခုနောက်သို့ ထားခဲ့လိုက်သည် ။ ထို့နောက် ထန်ယွဲ့နှင့်အတူ သူ၏ ဦးတည်ရာဆီသို့ အပြေးအလွှား သွားခဲ့သည်။

သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်သည် မီးလင်းနေသည့် အဆောက်အဦး အနောက်ဘက်ကို ရောက်လာသည်။

အိမ်တော်စောင့် နေထိုင်သော အခန်းသည် အပေါ်ဆုံးထပ်တွင် ဖြစ်သည်။ လင်းရှန်နဲ့ ထန်ယွဲ့ တို့သည် အပြင်ဘက်နံရံကနေ တိတ်တဆိတ်တက်ကာ စင်္ကြံပြတင်းပေါက်နား သို့ ကပ်လိုက်သည်။ သူတို့၏ဝိညာဉ်ရေးရာအနှစ်သာရကို ရှူထုတ်လိုက်သောအခါတွင် အက်ကွဲသွားပြီး ပြတင်းပေါက်သည် အနည်းငယ်ပွင့်လာသည်။

နှစ်ယောက်သား စီတန်းဝင်သွားပြီး စင်္ကြံထဲသို့ တိတ်တဆိတ် ဆင်းသက်လာကြသည်။

အိမ်တောင်စောင့်၏ အခန်းသည် စင်္ကြန်အဆုံး ညာဘက်မှာရှိသည်။

လင်းရှန်နဲ့ ထန်ယွဲ့တို့ ခိုးဝင်လာသောအခါတွင် အိမ်ဖော်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးတစ်ဦးသည် ထိုအခန်းထဲမှ ထွက်လာသည်။ သူမသည် ပုံစံအရ ပြင်းထန်သော လှုပ်ရှားမှုအချို့ ပြုလုပ်ထားသကဲ့သို့ သူမ၏မျက်နှာမှာ နီမြန်းနေသည်။

အမျိုးသမီးသည် အခန်းထဲက ထွက်လာပြီး တံခါးကိုပိတ်လိုက်သည်။ သူမလှည့်ကြည့်လိုက်တော့ လင်းရှန်နဲ့ ထန်ယွဲ့ကိုတွေ့လိုက်ရသည်။

ပထမတော့ သူမသည် သူတို့အိမ်မှ အစေခံများဟုထင်ကာ အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရသည်။

သို့သော်လည်း လင်းရှန်နှင့် ထန်ယွဲ့၏ မျက်နှာများမှ မျက်နှာဖုံးများကို မြင်လိုက်သောအခါတွင် သူမသည် သူတို့မည်သူဖြစ်သည်ကို ရုတ်တရက် သိလိုက်သည်။

ထိတ်လန့်တုန်လှုပ်စွာနဲ့ ထိုအမျိုးသမီး၏ အမူအရာက ချက်ချင်းပြောင်းသွားသည်။ သူမသည် အလွန်ထိတ်လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ အသက်ပြင်းပြင်းရှူရင်းအော်ဟစ်ရန် ပြင်ဆင်သည်။ ကံမကောင်းစွာပဲ သူမသည် အသက်ရှူသွင်းဖို့ အချိန်အရမ်းယူခဲ့သည်။ လင်းရှန်သည် သူမနံဘေးသို့ ပြေးသွားပြီး အမျိုးသမီး၏ ဦးခေါင်းနောက်ဖက်ကို လက်ဖဝါးနှင့် ရိုက်ချလိုက်သည်။

အမျိုးသမီးက အသံမထွက်ဘဲ မူးလဲသွားသည်။ သူမ၏ ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားပြီး ရှေ့သို့ လဲကျသွားတော့မည်ဖြစသော်လည်း လင်းရှန်က အချိန်မီဖမ်းပြီး မြေပြင်ပေါ်သို့ ညင်သာစွာ ချထားလိုက်သည်။

သူက လှည့်ပြီး ထန်ယွဲ့ကို လက်ဟန်ပြသည်။ ထို့နောက် သူသည် တံခါးလက်ကိုင်ပေါ်တွင် လက်ဖဝါးကိုဖိကာ သော့ဖျက်ရန် သူ၏ဝိညာဉ်ရေးရာအနှစ်သာရကို အသုံးပြုခဲ့သည်။

တံခါးဖွင့်သံကြားတော့ ကုတင်ပေါ်တွင် လဲလျောင်းနေသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူမော့ကြည့်လိုက်တော့ သွယ်လျပြီး သန်မာတဲ့လက်ဖဝါးက လျှပ်စီးလိုအရှိန်နဲ့ သူ့လည်ပင်းကို ကြမ်းတမ်းစွာ ဆုပ်ကိုင်ထားပြီးသားပင်။

ထိုလက်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ စွမ်းအားသည် သက်လတ်ပိုင်း အမျိုးသား၏လည်ပင်းကို ပျက်စီးလွယ်သော သစ်သားပုပ်ကဲ့သို့ ခံစားရစေသည်။ အင်အားအနည်းငယ်မျှဖြင့်ပင် လည်ပင်းသည် အက်ကွဲသွားနိုင်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချက်ချင်းပင် ပြင်းထန်စွာ ရုန်းကန်ခဲ့သည်။

ကံမကောင်းစွာပဲ သူဂုဏ်ယူလေ့ရှိသောချီအသွင်ပြောင်းခြင်း နဝမအဆင့်၏ ကာယကြံ့ခိုင်မှုသည် ယခုအချိန်တွင် အသုံးမဝင်တော့ပေ။

ခဏအကြာတွင် လူလတ်ပိုင်း၏ မျက်နှာသည် ခရမ်းရောင်ပြောင်းသွားသည် ။ သူ့မျက်လုံးများသည် ဝိုင်းစက်နေပြီး သွေးကြောများ ပေါက်ထွက်မတတ်ပင် ။ သူ့ကြည့်ရတာ အသက်ရှူကျပ်တော့မည့်ပုံပင်။

ထိုအချိန်တွင် လင်းရှန်သည် ဆုပ်ကိုင်ထားမှုကို အနည်းငယ် ဖြေလျှော့လိုက်ပြီး သက်လတ်

ပိုင်း အမျိုးသားကို ဟောဟဲဆိုက်နေသည့်ကြားက စကားပြော ခွင့်ပြုလိုက်သည် ။

"အသက်ရှင်ချင်ရင် ငါ့မေးခွန်းကို မှန်မှန်ဖြေ။ မင်းလိမ်ရင် မနက်ဖြန်မနက် နေရောင်ကို မမြင်ရလောက်ဘူး။ ငါပြောတာ နားလည်လား?"

သေခါနီးနေပြီဖြစ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဒီအချိန်မှာ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေသည် ။ ထိုစကားကို ကြားသောအခါ လင်းရှန်သည် သူ့လည်ပင်းကို အမှန်တကယ် ကျိုးသွားအောင် ချိုးမည်ကို စိုးရိမ်သဖြင့် အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်သည်။

"မင်း ကြောင်တွေကို ဘယ်မှာ ထိန်းသိမ်းထားတာလဲ" လင်းရှန်က အေးစက်စွာမေးလိုက်သည်။

သက်လတ်ပိုင်း အမျိုးသား၏ အမူအရာမှာ ပြောင်းသွားပြီး ချီတုံချတုံ ဖြစ်နေသည်။ သို့သော်လည်း နောက်တစက္ကန့်တွင် သူ့လည်ပင်းမှ လက်သည် တင်းတင်းကျပ်ကျပ် ဖြစ်လာသလို ခံစားလိုက်ရသည်။ သူက အလွန်ထိတ်လန့်သွားပြီး "အဲ့တာက ဒီအဆောက်အဦးရဲ့ မြေအောက်ထောင်ထဲမှာပါ”

All Chapters