နောက်ကွယ်မှ ပြဿနာများ
Vol. 34 Ch. 465
ယွမ်ယောင်သည် မျက်လုံးကစား၏။ သူမက တခစ်ခစ်ရယ်ကာ ပြောသည်။
“ဘာလဲ…အစ်ကိုဟန်က ဒီသားရဲကို မလိုချင်တော့ဘူးလား။ ဒါမှမဟုတ် ကျမက ရှင့်ကို ငိုကြွေးဝိညာဉ်ပုလဲအတု ပေးမှာကို စိုးရိမ်နေတာလား…”
သူမ၏အသံတွင် စနောက်ချင်သောလေသံကို ဖုံးကွယ်ထားသည်။
ဟန်လိသည် ချက်ခြင်း ပြန်မဖြေပေ။ သူက ပုလဲကို ခဏ စူးစမ်းကြည့်ပြီးမှ ပြောလာသည်။
“ကျုပ်က ဒီပုလဲရဲ့ ယင်တစ္ဆေအော်ရာကြောင့် ဒါက စစ်မှန်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့လည်း ကျုပ်က ငိုကြွေးဝိညာဉ်သားရဲအကြောင်းကို အများကြီး သိမနေဘူး။ ဒီပုလဲကို သန့်စင်တဲ့အခါ ကျုပ် ခန္ဓာကိုယ် ထိခိုက်မှု ခံစားရနိုင်လား…”
ထိုသို့ပြောပြီးနောက်မှာ ဟန်လိသည် ယွမ်ယောင်၏ လှပသော မျက်လုံးတစ်စုံကို စိုက်ကြည့်နေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲ့လို ပြဿနာမျိုးသာ ရှိတယ်ဆို ကျမကိုယ်တိုင် ဒါကို ဘယ်သန့်စင်ခဲ့ပါ့မလဲ။ ဒါပေမဲ့လည်း ဒီပုလဲကို သန့်စင်ခြင်းဟာ နေထိမသာ ခံစားမှုမျိုးကိုတော့ ဖြစ်စေနိုင်တယ်။ ဒါကို တောင့်ခံနိုင်တယ်ဆိုရင်တော့ ပြဿနာ မရှိပါဘူးလေ…”
ယွမ်ယောင်သည် တည်ငြိမ်သောဟန်ပန်၊ ဂရုမစိုက်သောလေသံဖြင့် ပြောသည်။
“နေထိမသာ ခံစားရတာလား…” ဟန်လိသည် မျက်မှောင်ကြုံ့ကာ ထိုအမျိုးသမီးကို ခဏ စိုက်ကြည့်သည်။ ပြီးမှ သူ့အကြည့်က ပုလဲထံသို့ ရောက်သွားသည်။ သူမသည် ပြောတာ လုံးဝ အမှန်မဟုတ်မှန်း ဟန်လိ သေချာသိနေသည်။ သို့သော် သူသည် ခုချိန်တွင် သည်ကိစ္စကို အစဖော်မထုတ်နိုင်သေးပေ။ တကိုယ်တည်း တီးတိုးရေရွတ်ပြီးနောက်မှာ ဟန်လိသည် ထိုပုလဲကို ယူပြီး နောက်ပိုင်းမှ လေ့လာကြည့်တော့မည်ဟု ဆုံးဖြတ်သည်။ အမှန်တကယ် ဘေးဖြစ်စေနိုင်သည် ဆိုလျှင် သူသည် ၎င်းပုလဲကို မသန့်စင်ရုံ မဟုတ်လား။ သူ့၌ ပုလဲ ပိုင်ဆိုင်ထားသ၍ သူသည် ငိုကြွေးသားရဲကို ထိန်းချုပ်နိုင်သည် မဟုတ်လား။
ငိုကြွေးစိတ်ဝိညာဉ်ကို သိမ်းဆည်းပြီးနောက်မှာ ဟန်လိသည် တည်ငြိမ်စွာ ပြောသည်။
“သွားကြစို့။ ဒီလမ်းတစ်လျှောက်မှာ ကျုပ်က အမျိုးသမီးယွမ်ကို အကောင်းဆုံး ကာကွယ်ပေးပါ့မယ်။ ဒါပေမဲ့ ဒီရုပ်စိုးစိုးကျုပ်ကိုပဲ ရှေ့ကနေ သွားခွင့်ပြုပါ။ ကျုပ် အပြည့်အဝ အာရုံစူးနစ်ရမယ့် အန္တရာယ်တစ်ခုခု ကြုံလာခဲ့ရင် အမျိုးသမီးယွမ် ကိုယ့်ဘာသာ ထွက်ပြေးတာကတော့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်…”
ထို့နောက်တွင်မူ ဟန်လိသည် သူ၏ဦးခေါင်းအထက်တွင် မြောလွင့်နေသော ရေခဲပုလဲကို ထိသည်။ ၎င်းက အေးစိမ့်စိမ့်လေထုနှင့်အတူ သူတို့ကို ခြုံလွှမ်းပေးသွားသည်။
“တကယ်တော့ ခုလို အခြေအနေမှာ ကျမတို့ လာဆုံရတာဟာ ဘယ်လို ဖြစ်လာနိုင်မလဲဆိုတာ ကျမ နားလည်ပါတယ်။ ဒါပေမဲ့ အစ်ကိုဟန်ရဲ့ ရွှေငွေရောင် ပိုးတောင်မာတွေနဲ့ဆို အန္တရာယ်များလွန်းနိုင်ခြေ သိပ်မရှိဘူးလို့တောာ့ ကျမ ယုံကြည်ပါတယ်…”
ထိုအမျိုးသမီးသည် ပန်းလေးတစ်ပွင့်နှယ် စွဲဆောင်မှု ရှိစွာ ပြုံး၍ ဆိုလာသည်။
ဟန်လိသည် သူ့ရှေ့ရှိ အလှအပမြင်ကွင်းကြောင့် ခဏတော့ စိတ်ပျော်သွားသည်။ ထို့နောက်တွင်တော့ သူသည် တစ်ဖက်သို့ လှည့်ကာ ထွက်လာသည်။ ယွမ်ယောင်က ဤသည်ကို မြင်သည့်အခါ ပြုံးယောင်သမ်း၍ ပေါ့ပေါ့ပါးပါး လိုက်ပါလာသည်။ ခဏအကြာတွင် သူမသည် ဟန်လိနှင့် ဘေးချင်းယှဉ်၍ လျှောက်လာသည်။
သူမက ဟန်လိဘေးနားသို့ တိုးလာခြင်းမှာ ရေခဲပုလဲ၏ အအေးဓာတ်က ဟန်လိအနားတွင် ပိုအေးမြသောကြောင့်ပင်။ သူမသည် ပို၍ သက်သောင့်သက်သာ ဖြစ်ချင်တာ သဘာဝသာ။
အခုမှပဲ ကျမ တွေးကြည့်မိတော့တယ်။ ဒီရေနဲ့မီးလမ်းကြောင်းတွေဟာ အတော်လေး ထူးခြားနေတယ်။ ဒီနေရာမှာ ကြမ်းတမ်းလှတဲ့ တောင်ပံပုရွက်ဆိတ်တွေနဲ့ ကန္တာရနက်က ဘယ်လိုများ ရှိနေရတာလဲ။ ဒီကောင်တွေက မှော်ရတနာတိုက်ခိုက်မှုတွေကိုတောင် အကြောက်အလန့် မရှိဘဲ တောင့်ခံရုံသာမက မီးတောက်နက်တွေကိုလည်း မှုတ်ထုတ်နိုင်သေးတယ်။ ပြီးတော့ အုပ်လိုက်ကြီးလည်း အသွင်ပြောင်း တိုက်ခိုက်နိုင်ကြသေးတယ်။ ဒီပုရွက်ဆိတ်ကောင်တွေက ကျမရဲ့ ရှေးဟောင်း အကာအကွယ်မှော်ရတနာတွေထဲက တစ်ခုကိုပါ ချိုးဖျက်နိုင်သေးတယ်။ ကျမမှာသာ အစိမ်းရောင်ပေါက်ကွဲမီးတောက်တွေသာ မရှိခဲ့ရင် ကျမအနေနဲ့ အစ်ကိုဟန်နဲ့ တွေ့တဲ့အထိ တောင့်ခံနိုင်ခဲ့မှာ မဟုတ်ဘူး…”
ယွမ်ယောင်သည် လျှောက်လာနေရင်းဖြင့် အေးဆေးသက်သည့်ဟန်ဖြင့် ထိုသို့ ပြောလာသည်။ သူမသည် သံမီးပုရွက်ဆိတ်များမှန်း မသိနေတာ ထင်ရှားသည်။
သူမ၏ စကားများကြောင့် ဟန်လိသည် မင်သက်သွားရသည်။ သူက သူမကို မမေးမိဘဲ မနေနိုင် ဖြစ်ကာ လှမ်းမေး၏။
“ဒီကန္တာရနက်က အရင်တုန်းက မရှိခဲ့ဘူးလား…”
သူသည် ဤနေရာ၌ ထူးကဲသော အင်းဆက်များ ပေါ်ထွက်လာမှုက ထူးခြားလှသည်ဟုတော့ ခံစားမိခဲ့သည်။ ထူးကဲသော စွမ်းရည်နှင့် ထူးခြားသည့် အစွမ်းထက်မှော်ရတနာများကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူများကလွဲ၍ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူများသည်ပင် ဤကန္တာရထဲမှ မထိမခိုက် ထွက်လာနိုင်ဖို့မှာ မဖြစ်နိုင်သလောက် ရှိနေသည် မဟုတ်လား။
“မရှိခဲ့ဘူး။ ဒီချောရည်ခဲလမ်းကြောင်းမှာ ဒီကန္တာရနက် ပေါ်လာတာဟာ အခု ပထမဆုံးပဲ။ အရင်တုန်းက အခြားကျင့်ကြံသူတွေက ဒီလမ်းကြောင်းကို ဖြတ်သန်းတဲ့အခါမှာ သူတို့က မြင့်မားတဲ့ အပူချိန်ရယ်၊ အန္တရာယ်များတဲ့ နေရာတွေရယ်ကို ဖြတ်သန်းရရုံလောက်ပဲ။ အများစုံးမှ သူတို့က မီးတောက်သားရဲအချို့နဲ့ ရင်ဆိုင်တွေ့ခဲ့ကြတာပဲ ရှိမယ်။ ဒါပေမဲ့ အခု ဒီကြောက်မက်ဖွယ်ကောင်းလှတဲ့ တောင်ပံပုရွက်ဆိတ်တွေကိုတော့ အရင်က လုံးဝ မမြင်ခဲ့ရဘူး။ ဒီကောင်တွေ တည်ရှိမှုကိုသာ ကြိုသိခဲ့မယ်ဆို ဒီလမ်းကြောင်းကို ရင်ဆိုင်ဝံ့တဲ့ ကျင့်ကြံသူတွေဟာ နည်းသထက်နည်းသွားမှာပဲ…”
ယွမ်ယောင်သည် ချက်ခြင်း ပြန်ဖြေသည်။ သူမ သိထားတာ များပြားလှသော်ငြားလည်း သူမသည် ထိုပုရွက်ဆိတ်များ ပေါ်ထွက်လာမှုကြောင့် စဉ်းစားမရ ဖြစ်နေခဲ့သည်။
“အဲ့လိုဆိုရင်တော့ ရေခဲနဲ့မီးလမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး မူမမှန်တာ တစ်ခုခု ရှိနေလောက်ပြီ…”
ဟန်လိသည် စဉ်းစားသည့်ဟန်ဖြင့် တစ်ကိုယ်တည်း ခပ်တိုးတိုး ရေရွတ်နေသည်။
“ဒါက လုံးဝကို မူမမှန်ဘူး။ တစ်စုံတစ်ယောက်ကတော့ တစ်ခုခု လုပ်ထားတာ နေမယ်…”
ရေခဲလမ်းကြောင်း ပေါ်ရှိ သွေးနီရောင်ရေခဲပန်းဆွဲတောအုပ်ထဲ၌ ပညာရှိအိုချင်းယီသည် လက်နောက်ပစ်လျက် ကောင်းကင်ထက်သို့ ကြည့်နေသည်။
သူ၏ ဘေးပတ်လည်တွင် မရေမတွက်နိုင်သော မိုးပြာအလင်းစက်ဝန်းများက လှည့်ပတ်လျက် ရှိ၏။ ၎င်းက သူ့အား ဝန်းရံထားသော ငွေရောင်ဓားရဲရာချီထံမှ တသီးတခြား ဖြစ်နေစေသည်။ ထိုသားရဲငယ်များက အားကောင်းလှသော ကြွက်များဟု ယူဆနိုင်၏။ ၎င်းတို့၏ အမွှေးများက ငွေရောင်အလင်းနှင့် တောက်ပနေသည်။ သို့သော် ၎င်းတို့၏ ဦးခေါင်းများပေါ်တွင် နူးညံ့သောဦးချို ရှိနေ၏။
၎င်းတို့သည် ၎င်းတို့၏ဦးချိုများကို မြားများနှယ် အသုံးပြုကာ သူ့ကို အဆက်မပြတ် တိုက်ခိုက်နေကြသည်။ ထိုထိုးနှက်ချက်တိုင်းမှ အံ့အားသင့်ဖွယ် အဟုန်နှင့်အတူ ကျယ်လောင်သော မြည်ဟိန်းသံတစ်သံကို ထုတ်လွှတ်နေသည်။ သို့ရာတွင် ထိုအဘိုးအိုချင်းယီကို ပတ်လည်ရှိ မိုးပြာအလင်းများကမူ လှုပ်ခတ်မသွားပေ။ ၎င်းတို့သည် ငွေရောင်အလင်း တိုက်ခိုက်မှုများကို လုံးဝ မဖြုံလေပေ။
“ သေချင်နေတာပဲ…” ပညာရှိအိုချင်းယီသည် ထိုထူးခြားသောကြွက်များ၏ တိုက်ခိုက်မှုကြောင့် စိတ်ကသိကအောက် ဖြစ်နေသည်။ သူက ခေါင်းငုံ့၍ ၎င်းတို့ထံသို့ တချက် လှမ်းကြည့်ပြီးနောက်မှာ သူ၏ အင်္ကျီလက်အိုးကို အေးစက်စက်ဟန်ဖြင့် ဝေ့ယမ်းသည်။ မိုးပြာအလင်းသည် ချက်ခြင်း လွင့်ပြန့်ကာ မီတာလေးဆယ်ဧရိယာလောက်ထိ မျက်စိစူးလောက်အောင် လင်းဖြာတောက်ပသွားသည်။
ခဏကြာပြီးနောက်မှာ မိုးပြာအလင်းသည် လွင့်ပြယ်သွားပြီး မြေပြင်ထက်၌ ငွေရောင်အမွှေးပွသားရဲငယ် အလောင်းများနှင့် ပြည့်နှက်သွားတော့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်၌ အေးတိအေးစက် အပြာရောင်အလင်း တောက်ပနေသော မိုးပြာအပ်များနှင့် ပြွပ်သိပ်နေလေ၏။
ပညာရှိအိုချင်းယီ၏ အမူအရာသည် မပြောင်းလဲသွားပေ။ သူက ထိုရလဒ်ကို ထင်ထားပြီး ဖြစ်တာ သိသာသည်။ မြေပြင်ထက်သို့ မထူးခြားနားဟန်ဖြင့် တစ်ချက် လှမ်းကြည့်ပြီးနောက်မှာ သူသည် သူ၏ တုန်ယင်နေသောညာလက်ကို ရှေ့သို့ ဆန့်ထုတ်ပြီး လေထဲသို့ အလင်းဖြာထွက်စေသည်။ အပ်များသည် မိုးပြာအလင်းတန်းများအဖြစ် သူ့ထံသို့ ပြန်၍ ပျံသန်းလာပြီး သူ၏ခန္ဓာကိုယ်ထဲ၌ ပျောက်ကွယ်သွားသည်။
“ငွေအလင်းကြွက်တွေ။ ဒီသောက် တိရိစ္ဆာန်တွေက ဒုတိယစမ်းသပ်ကွင်းမှာ ဘယ်လိုများ ပေါ်လာရတာလဲ။ ဖြစ်နိုင်တာက…”
ထိုအဘိုးအိုသည် အမူအရာကင်းမဲ့စွာဖြင့် စဉ်းစားနေနေ၏။ သူ့ဟန်ပန်အမူအရာသည် တဖြည်းဖြည်း ပျက်ယွင်းလာ၏။
“အင်း…ဒီငွေအလင်းကြွက်တွေဟာ သလင်းလမ်းကြောင်းပေါ်မှာ ပေါ်လာမှတော့ ချောရည်ခဲလမ်းကြောင်းပေါ်မှာလည်း အလားတူ ထူးခြားတဲ့ တစ်စုံတစ်ခု ပေါ်လာမှာပဲ။ ကောင်လေးဟန်တော့ ပြဿနာ ကြုံနေရမှာ ငါ စိုးမိတယ်…”
ပညာရှိအိုချင်းယီသည် စိတ်ရှုပ်ဟန်ဖြင့် အေးတိအေးစက် နှာခေါင်းရှုံ့ပြီး စိုးရိမ်စွာ တစ်ကိုယ်တည်း ရေရွတ်သည်။ ယင်းနောက်မှာတော့ သူသည် သက်ပြင်းလေးလံစွာချပြီး ဝေဝါးကာ မြင်ကွင်းကနေ ပျောက်ကွယ်သွားတော့သည်။
ချောက်နက်၏ အလင်းမဲ့နေသော နေရာတစ်ခုတွင် အသံနှစ်သံသည် အမှောင်ထုထဲ၌ တည်ငြိမ်စွာ စကားပြောနေကြသည်။
“ခင်ဗျားက မပေါ့ဆလွန်းဘူးလား။ သံမီးပုရွက်ဆိတ်နဲ့ ငွေအလင်းကြွက်နှစ်မျိုးလုံးကို အသုံးပြုလိုက်တာလား။ ကျုပ်တို့က ရတနာအမဲလိုက်ပွဲတစ်ခုစီမှာ လှည့်ကွက်တွေ ထားတယ် ဆိုပေမယ့်လည်း ပုန်းလျှိုးကွယ်လျှိုးပဲလေ။ အခု ကန္တာရနက်နဲ့ သွေးရေခဲတောအုပ်တို့ကို ထားထားတာကတော့ သိသာလွန်းသွားပြီ။ ဒါ့ကြောင့် မိစ္ဆာနဲ့ လမ်းမှန်တာအို ကျင့်ကြံသူတွေဘက်က အများစုဟာ သေဆုံးကုန်မှာ ကျုပ် စိုးမိတယ်။ အဲ့လိုသာ ဖြစ်လာခဲ့ရင် အဲ့ဒီစဦးစိတ်ဝိညာဉ်ကျင့်ကြံသူတွေကို အရူး ဆက်လုပ်လို့ ရတော့မှာ မဟုတ်ဘူး…”
ထိုအသံတွင် မသိမသာ စိုးရိမ်ကြောက်လန့်မှု ပါနေသည်။
“အရူးလုပ်တာလား…။ ကောင်းကင်လေဟာနယ်ခန်းမမှာ ကျုပ်တို့ လုပ်ခဲ့တဲ့ အရင်က လုပ်ဆောင်မှုတွေကို လမ်းမှန်နဲ့ မိစ္ဆာတာအိုဘက်က သူတွေက သတိမပြုမိဘူးလို့ မင်း ထင်နေတာလား…။ သူတို့က သတိပြုမိတာ ကြာလှနေပြီ။ ကျုပ်တို့ ကြယ်နန်းတော်ရဲ့ စွမ်းအားကြောင့်သာ သူတို့က မသိချင်ယောင် ဆောင်နေခဲ့ကြတာပဲ။ သူတို့က ဒီကောင်းကင်လေဟာနယ်ခန်းမရဲ့ အတားအဆီးအနည်းငယ်ကကို ကျုပ်တို့ ထိန်းချုပ်နိုင်တာကို သိထားကြတယ်…”
“ကန္တာရနက်နဲ့ သွေးရေခဲတောအုပ်တို့ကတော့ ကျုပ် ထိန်းချုပ်နိုင်တဲ့ အကြမ်းဆုံး အတားအဆီးတွေပဲ။ သူတို့အတွက် ဒါကို အသုံးပြုရတာကတော့ နည်းနည်းတော့ စိတ်မကောင်းစရာပေါ့။ တကယ်တော့ ကြယ်နန်းတော်ရဲ့ အရင်မျိုးဆက်ဆရာသခင်တွေအဖြစ် သူတို့ကို ဖမ်းဆုပ်နိုင်ဖို့ ကျုပ်တို့က နည်းနည်းတော့ အားစိုက်ထုတ်ရမှာပေါ့လေ…”
သူသည် စိတ်မကောင်းသည့်လေသံဖြင့် ဖြေးဖြေးမှန်မှန် ပြောလေသည်။
“ဘာမှ စိတ်မကောင်းဖြစ်စရာ မရှိဘူး။ ခုချိန်မှာ ပညာသခင်နှစ်ယောက်ဟာ တံခါးပိတ်ကျင့်ကြံနေတာ အရေးတကြီး အချိန် ဖြစ်နေပြီး ဆက်သွယ်လို့ မရဘူးဆိုတဲ့ စကားတွေ ပျံ့နှံ့နေတယ်။ ဒီတော့ ပြန့်ကြဲကြယ်ပင်လယ်များမှာ နေထိုင်ကြတဲ့သူတွေဟာ အထိတ်တလန့် ဖြစ်ကုန်ကြတယ်။ ဒါက ကြယ်နန်းတော်ရဲ့ အတွင်းပိုင်းတပည့်တွေကိုပါ ဂနာမငြိမ် ဖြစ်စေကုန်တယ်။ ဒါ့ကြောင့် သူတို့က နန်းတော်ရဲ့ အရေးကိစ္စတွေကို ကိုင်တယ်တဲ့ ကျုပ်တို့လို လူအိုကြီးတွေအပေါ် လုံးဝ အားကိုးကုန်ကြတယ်။ လမ်းမှန်နဲ့ မိစ္ဆာတာအိုတွေဘက်ကသာ မီးစမွှေးလိုက်မယ်ဆို သူတို့ကို ဖိနှိပ်နိုင်ဖို့ဟာ အတော်လေး ခက်ခဲသွားလိမ့်မယ်။ ဒီနှစ်ဘက်လုံးရဲ့ တစ်ဘက်စီကဆို ကျုပ်တို့ကို မချိန်းချောက်နိုင်ပေမယ့် သူတို့ ပူးပေါင်းသွားခဲ့ရင်တော့ မလူးလွန့်သာ ဖြစ်သွားလိမ့်မယ်…”
“ခုလက်ရှိ ကျုပ်တို့က ဒီဘက်နှစ်ဘက်ရဲ့ ခွန်အားကို အက်ကြောင်းထအောင်လို့ လုပ်ဖို့ တစ်နည်းပဲ ရှိတော့တယ်။ သူတို့ကို သံသယဝင်အောင် ကျုပ်တို့ရဲ့ အခြေအနေမှန်တွေနဲ့ ပတ်သက်ပြီး သေချာမသိအောင် လုပ်ရလိမ့်မယ်။ တကယ်တော့ ကြယ်နန်းတော်က ပြန့်ကြဲကြယ်ပင်လယ်များကို အုပ်စိုးလာခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်တဲ့အတွက် သူတို့ဟာ ကျုပ်တို့ကို ယုံထင်ကြောင်ထင် ဖြစ်နိုင်တယ်။ ကျုပ်တို့ကသာ ဒီကိစ္စကို နောက်ထပ် အချိန်ပိုကြာကြာ ဆွဲထားနိုင်ခဲ့ရင် ပညာသခင်နှစ်ယောက်ဟာ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာနိုင်လိမ့်မယ်။ အဲ့အချိန်ကျရင် အဲ့အုပ်စုနှစ်စု လက်တွဲသွားခဲ့ရင်တောင် ကျုပ်တို့က သူတို့နဲ့ ပတ်သက်ပြီး စိတ်ပူနေဖို့ မလိုတော့ဘူး။ ကျုပ်တို့ရဲ့ အရှင်ပညာသခင်နှစ်ယောက်ရဲ့ နတ်အနှစ်သာရပေါင်းစည်းခြင်းအလင်းကြောင့် ဉာဏ်အလင်းအနန္တဂိတ်တံခါးရဲ့ အရူးမကြီးနဲ့ လမ်းခြောက်သွယ်၊မိစ္ဆာသူတော်စင်ကျွန်းရဲ့ လက်နက်သခင်တို့ဆို အတင်းအကြပ် နောက်ဆုတ်သွားရလိမ့်မယ်…
သူသည် ရှည်လျားစွာ ရှင်းပြပြီး အေးတိအေးစက် နှာခေါင်းရှုံ့သည်။ အခြားသူ၏ အကဲဖြတ်မှုများကို လက်ခံသည့်အလား ပထမဆုံးအသံရှင်သည် ငြိမ်သက်တိတ်ဆိတ်သွားသည်။