← Chapters

ငါ့အလှည့် (၂)

Vol. 11 Ch. 171

ငါ့အလှည့် (၂)

Vol. 11 Ch. 171

ပြီးတော့ လင်းရှန်သည် အလွန်အစွမ်းထက်ပြီးကြာရှည်စွာအသက်ရှုခြင်းအဆင့်ဟု လုံးဝမထင်ရပေ။

ထိုမှသာ အနက်ရောင်ဝတ်ရုံနဲ့လူပြောသည့် လင်းရှန်ကို ဆွဲချဖို့မလွယ်ကူဘဲ စဉ်းစားဖို့လိုသည်ဆိုတာကို ကျင့်ဟိုင်နားလည်သွားသည်။

ကြောင်ဗိုလ်ချုပ်နဲ့ လင်းရှန်သည် အဝါရောင်လည်စီး စစ်သည် အားလုံးအား သတ်

ပစ်တော့မည်ကို မြင်လိုက်ရသဖြင့် ကျင့်ဟိုင်သည် သွားတွေ အံကြိတ်ကာ သိုလှောင်

အိတ်ထဲက အဆောင်ကို ထုတ်ယူလိုက်သည်။

အဲဒီအချိန်မှာပဲ ကြောင်ဗိုလ်ချုပ်သည် နောက်ဆုံး အဝါရောင် စစ်သားကို သတ်ပစ်ခဲ့သည်။ သူ လှည့်ကြည့်လိုက်တော့ ကျင့်ဟိုင်၏ လက်ထဲက မှော်စွမ်းအားကို တွေ့လိုက်ရပြီး သူ့အမူအရာက လေးနက်သွားသည် ။

"ဓားအဆောင်”

လင်းရှန်က ဘာအဆောင်လဲဟုမေးဖို့အလုပ်မှာ ကျင့်ဟိုင်က သူ့လက်ချောင်းတွေကို ပွတ်လိုက်ပြီး အဆောင်က မီးတောက်လောင်သွားသည်။ ထို့နောက် ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဓါးသည် မှုန်ဝါးပြီး ကြောက်စရာကောင်းသော စူးရှသည့် ခံစားမှုကို ပေးစွမ်းသည်။

မီတာ (၂၀) ကျော်အကွာမှပင် လင်းရှန်သည် သူ့ထံရောက်လာသော စူးရှသည့် စွမ်းအင်ကို ခံစားနိုင်သေးသည်။ သူ့ပါးပြင်ကို ခြစ်မိသလိုတောင် ခံစားရသည်။

နောက်တစ်စက္ကန့်တွင် နီရဲသောမီးကို ရေခဲရေထဲထည့်ထားသကဲ့သို့ ရှည်လျားသောအသံတစ်ခုထွက်ပေါ်လာသည်။ သက်တံရောင်ဓားစွမ်းအင်သည် လျှပ်စီးကြောင်းကဲ့သို့ လေထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး လင်းရှန်ဆီသို့ ဦးတည်သွားခဲ့သည်။

မဆိုင်းမတွဘဲ လင်းရှန်သည် သူ၏ တိမ်တိုက်နဂါးစည်းချက်ကို အသက်သွင်းပြီး ထွက်ပြေးသွားခဲ့သည်။

သို့သော် ဓား၏ စွမ်းအင်တွင် မျက်လုံးများ ရှိနေပုံရသည်။ ဦးတည်ချက်ပြောင်းပြီး လင်းရှန်နောက်ကို ဆက်လက်လိုက်ခဲ့သည်။

"သူ့မှာ လမ်းကြောင်းပြစနစ် ရှိတာလား။" လင်းရှန် အံ့သြသွားသည်။

ကံအားလျော်စွာပဲ ဓားစွမ်းအင်သည် မြန်ဆန်သော်လည်း ၎င်းသည် လမ်းကြောင်းအဆင့် တိမ်တိုက်နဂါးစည်းချက်ထက် နိမ့်ကျနေသေးသည်။ လင်းရှန်ကို အမှီမလိုက်နိုင်ပေ။

ကျင့်ဟိုင်က အံကြိတ်ကာ တုန်လှုပ်ခြောက်ခြားသွားသည်။

"ချီးပဲ ဒီကလေးက ဘာဖြစ်နေတာလဲ။ သူ့မှာ တတိယမြောက် လမ်းကြောင်းအဆင့် ကိုယ်ခံပညာ ရှိတာလား”

သူ့သွားတွေကို အံကြိတ်ရင်း နောက်ထပ် ဓားတစ်လက်ကို ထုတ်လိုက်ကာ သက်တံ့ဓားစွမ်းအင်၏ ဒုတိယမြောက် ဓားကို တွန်းထုတ်လိုက်သည်။

"မင်း နှစ်ခုကို ရှောင်ဖို့ကြိုးစားတာကို ကြည့်ချင်မိတယ်”

ရွှမ်

လေကို ထိုးဖောက်တဲ့အသံတွေ တဖျပ်ဖျပ်မြည်နေသည်။

နောက်ထပ် ဓားစွမ်းအင်များ ထွက်လာသည်ကို လင်းရှန်သည် သူ့မျက်လုံးထောင့်မှ တွေ့လိုက်ရသည်။ သူ့နှလုံးက ခုန်သွားသည်။

သို့သော်လည်း ထိုအချိန်တွင် လင်းရှန်၏ အမြင်အာရုံမှာ အနည်းငယ် မှောင်သွားပြီး ကြောင်ဗ်ုလ်ချုပ်သည် သူ့လမ်းကို ပိတ်ဆို့သွားခဲ့သည်။ မီးတောက်တစ်ချက်နှင့်အတူ သူ့ဓားသည် သက်တံ့ဓားစွမ်းအင်နှင့် ထိပ်တိုက်တွေ့သွားသည်။

ဓားနှင့် ဓားစွမ်းအင်တို့သည် ချက်ချင်းနီးပါး ကွဲအက်သွားသည်။

ကြောင်ဗိုလ်ချုပ်သည် နောက်ပြန်ဆုတ်သွားသော်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်ခင် ဒုတိယမြောက် ဓားစွမ်းအင်က သူ့ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်ကာ အေးခဲသွားသည်။

လေပြင်းတိုက်ပြီး ကြောင်ဗိုလ်ချုပ်ကြီး၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြိုကျလာကာ ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။

“ နတ်ဘုရား “ လင်းရှန်အံ့ဩသွားသည်။

ကြောင်ဗိုလ်ချုပ်က နောက်ပြန်မလှည့်ဘဲ လက်ကိုဝှေ့ယမ်းပြီး “ဒါက ဓားတစ်လက်ပဲ။ ရန်သူကို မထိခင်အထိ ဓားစွမ်းအင်က ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး။ ရှောင်လို့မရဘူး..တားလို့ပဲ ရတယ်…”

အဲဒီနောက်မှာတော့ ကြောင်က ပျောက်သွားသည်။

လင်းရှန်နတ်ဘုရားရှာဖွေခြင်းအဆောင်ကိုရရှိပြီးကတည်းက ကြောင်ဗိုလ်ချုပ်သည် တိုက်ပွဲတွင် ပထမဆုံးအကြိမ် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

"ဟားဟား”

ကျင့်ဟိုင်ရယ်မောသံကို သူကြားလိုက်ရသည်။

“သူပြောတာမှန်တယ်။ ဓားစွမ်းအားကို ပိတ်ဆို့လို့ပဲရတာ..ရှောင်လို့မရဘူး.. မင်းအဲ့လိုလုပ်နိုင်ပါ့မလား။ ဟားဟား…”

လင်းရှန်သည် မျက်လုံးများကို မှိတ်ထားကာ ပြန်မဖြေပေ။

တောက်ပသော ဝင်ပေါက်အဆင့် ကြောင်ဗိုလ်ချုပ်၏ ပုံစံတူသည်ပင် အသတ်မခံရခင် ဓားစွမ်းအင်ကို တွန်းလှန်နိုင်ခဲ့သည်။

လင်းရှန်သည် မည်မျှပင် ယုံကြည်မှုရှိစေကာမူ ဓားစွမ်းအင်ကို ခံနိုင်ရည်ရှိမည်ဟု အာမမခံနိုင်ပေ။

သူ့အသက်ကို ထိုသို့ မစွန့်စားနိုင်ပေ။

ကံကောင်းစွာနဲ့ပဲ သူ့အသက်ကို စွန့်စားဖို့ မလိုပေ။

လင်းရှန်၏ အမူအရာ မပြောင်းလဲသည်ကို မြင်လိုက်ရသဖြင့် ကျင့်ဟိုင်သည် တဖြည်းဖြည်း ရယ်မောတာ ရပ်သွားလေသည်။ ရန်သူကို နှိမ်နှင်းရတာကို ကျေနပ်နေရမည့်အစား စိတ်ပျက်စရာတွေနဲ့ ပြည့်နေ၏။ စကားတစ်လုံးမှ မပြောဘဲ နောက်ထပ်ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။

"ငါ မထိန်းနိုင်တော့ဘူး။ ကြာကြာစောင့်ရလေ၊ ဒုက္ခပိုရလေပဲ။ ဒီကလေးကို သတ်ရတာ နှမြောစရာကောင်းပေမယ့် သူ့ခန္ဓာကိုယ်ကို ဆေးတွေနဲ့ သန့်စင်အောင်သုံးနိုင်ပါသေးတယ်။ အဆင့်-၄ သွေးဝိညာဉ်ဆေးပြားကို မမွမ်းမံနိုင်ရင်တောင် အဆင့်-၃ထက်တော့ ပိုပါတယ်” "

သူ့မျက်လုံးထဲတွင် အေးစက်သောအကြည့်တစ်ခု ရှိနေသည်။ ကျင့်ဟိုင်သည် မဆိုင်းမတွဘဲ သူ့ဓားအဆောင်ကို ထုတ်လိုက်ပြီး လင်းရှန်အား သက်တံရောင်ဓားစွမ်းအင်ဖြင့် တွန်းထုတ်လိုက်သည်။

ကျင့်ဟိုင်ကို အံ့အားသင့်စေရန်အတွက် လင်းရှန်သည် ယခုတစ်ကြိမ်တွင် သူ၏ရွေ့လျားမှု ကိုယ်ခံပညာကို အသုံးမပြုခဲ့ပေ။ အဲဒီအစား သူရှိတဲ့နေရာမှာ ရပ်နေသည်။

၎င်းကိုကြည့်ခြင်းအားဖြင့် လင်းရှန်သည် ဓားစွမ်းအင်ကို ခံနိုင်ရည်ရှိမည်ဖြစ်သည်။

"ဘယ်လောက်တောင်ရဲရင့်လိုက်လဲ။ မင်း ဒီဓားစွမ်းအင်ကို ဘယ်လို ခံနိုင်ရည်ရှိမလဲဆိုတာ ငါကြည့်ချင်တယ်”

ကျင့်ဟိုင်က ပြုံးလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူ့မျက်နှာပေါ်က အပြုံးသည် အေးခဲသွားပြီး သူ့မျက်လုံးများကို မယုံနိုင်ဖြစ်သွားသည်။

လင်းရှန်ဆီမှ ရုတ်တရက် အရိပ်တစ်ခု ကွဲထွက်သွားပြီး သူ့ရှေ့တွင် ပေါ်လာကာ ဒုတိယ "လင်းရှန်" အဖြစ်သို့ ပြောင်းလဲသွားသည်။

ရွှမ်

ဓားစွမ်းအင်က ဒုတိယ "လင်းရှန်" ကို ထိမှန်သွားသည်။

အမှောင်ထဲတွင် ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာသည်။

ဓားစွမ်းအင်၏ တိုက်ခိုက်မှုကြောင့် "လင်းရှန်” ပေါ်ရှိ ရွှေရောင်ချပ်ဝတ်တန်ဆာ၏ အရိပ်သည် မပြိုကွဲမီ တစ်စက္ကန့်မျှသာ ကြာခဲ့သည်။

သို့သော်လည်း ဓားစွမ်းအင်အများစုသည် ပျောက်ကွယ်သွားကာ ကျန်စွမ်းအင်များက "လင်းရှန်" ကို ထိမှန်သွားလေသည်။ မြေပြင်ပေါ် လဲကျပြီး ပါးစပ်မှ သွေးများ

ထွက်ကျလာသည်။

"ဒါဘာလဲ?"

ကျင့်ဟိုင်က အံ့အားသင့်ကာ မျက်လုံးပြူးသွားသည်။

ကိုယ်ပွားလား?မှော်စွမ်းအားလား ?

ဒီကောင်လေးက ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူ မဟုတ်ဘူးလား?

သူက မှော်စွမ်းအားတွေကို ဘယ်လို သိတာလဲ။

ကျင့်ဟိုင်က အံ့ဩသွားပြီး ဘယ်လောက်ပင် ကြိုးစားအားထုတ်နေပါစေ ၊ ဘာဆိုတာ မှန်းဆလို့ မရပေ။

ထိုအချိန်တွင် လင်းရှန်က သက်ပြင်းချလိုက်သည်။

ကိုယ်ပွါးသည် ဓားစွမ်းအင်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်လည်း ပွဲချင်းပြီး သေဆုံးခဲ့ခြင်း မရှိပေ။ တားမြစ်ထားသောရွှေရောင်ချပ်ဝတ်တန်ဆာ၏ ကာကွယ်ရေးစွမ်းရည်သည် အလွန်ယုံကြည်စိတ်ချရသည်။

ထိုအချိန်တွင် ကျင့်ဟိုင်သည် အသိပြန်ဝင်လာပြီး လင်းရှန်ကို ထပ်မံကြည့်လိုက်သောအခါ သူ့မျက်လုံးများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။ ရင်ဘတ်ထဲမှ စိတ်လှုပ်ရှားမှုကို ငြိမ်းသတ်ရင်း ကျောရိုးအောက်က အေးစက်သွားစေသလို ခံစားလိုက်ရသည်။

ဒုက္ခပဲ။

ဒီကလေးက တစ်နေ့ သူတို့အတွက် ဘေးဆိုးတွေ ယူဆောင်လာလိမ့်မည်ပင်။

သူ့ကိူ ဒီမှာပဲ သတ်ရမည်။

ထိုအတွေးကြောင့် ကျင့်ဟိုင်သည် နောက်ထပ်ဓားတစ်လက်ကို ထုတ်ကာ လင်းရှန် အား တိုက်ခိုက်လိုက်သည်။

ဒါပေမယ့် ဒီလိုပဲ ထပ်ဖြစ်ပြန်သည်။

လင်းရှန်သည် ဒဏ်ရာပြင်းထန်စွာရပြီးနောက် ဓားစွမ်းအင်ကို ပိတ်ဆို့ထားသည့် နောက်ထပ်ကိုယ်ပွားတစ်ခုကို ဖန်တီးခဲ့သည်။

ကျင့်ဟိုင်က တောင့်တင်းသွားပြီး နောက်ထပ် ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။

ဒါပေမယ့် ရလဒ်က အတူတူပင်။ တတိယကိုယ်ပွားက ဓားကို ပိတ်ဆို့ထားသည်။

ကျင့်ဟိုင်၏ မျက်လုံးများ နီရဲသွားကာ သူ၏ လုပ်ရပ်များ အကြိမ်ကြိမ် မအောင်မြင်သည်ကို မြင်လိုက်ရတာကြောင့် ဒေါသတကြီး ဖြစ်သွားသည်။

"မယုံဘူး…မင်း ကိုယ်ပွါး ဘယ်လောက်ကျန်သေးလဲ ကြည့်ရအောင်။"

ကျင့်ဟိုင်က အဆောင်ဓားနှစ်လက်ကို ထုတ်လိုက်ပြီး ဓားစွမ်းအင် နှစ်ချောင်းကို တစ်ပြိုင်နက် တွန်းထုတ်လိုက်သည်။

ဒါပေမယ့် ဘာမှမပြောင်းလဲပေ။

အတွေးတစ်ခုဖြင့် လင်းရှန်သည် ကိုယ်ပွားနှစ်ခုကို တစ်ပြိုင်နက် ဆင့်ခေါ်ခဲ့ကာ ဓားစွမ်းအင်ကို ပိတ်ဆို့ခဲ့သည်။

ဘယ်တော့မှ ကုန်ဆုံးသွားမှာလဲ။

ကျင့်ဟိုင်က ကြောက်လန့်တကြား ပြန်ပြောလိုက်သည်။ အဆောင်ကို ထပ်ထုတ်ဖို့ ကြိုးစားတဲ့အခါ အကုန်ကုန်သွားပြီဆိုတာ သိလိုက်ရသည်။

ဓားအဆောင်များသည် အစွမ်းထက်ပြီး အဖိုးတန်လှသည်။ ကျင့်ဟိုင်သည် ၎င်းတို့ကို နှစ်ပေါင်းများစွာ စုဆောင်းထားသော်လည်း သူ့တွင် ခုနစ်ခုသာရှိသည်။ သူ မသိခင်မှာ အဲဒါတွေကို သုံးပြီးပြီပင်။

ကျင့်ဟိုင်က ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။

လင်းရှန်က ပြုံးလိုက်သည်။

"ငါ့အလှည့်ပဲ”

အတွေးတစ်ခုဖြင့် နောက်ဆုံးကိုယ်ပွား ပေါ်လာသည်။ လင်းရှန်နဲ့ အတူ ကျင့်ဟိုင်ကို နေခြောက်စင်းအဆောင်ဓားနဲ့ တိုက်ခိုက်ခဲ့သည်။

ဓားခုနစ်လက်စလုံးကို ဆက်တိုက်အသုံးပြုပြီးနောက် ကျင့်ဟိုင်သည် သူ၏ဝိညာဉ်ရေးရာအနှစ်သာရ ကုန်လုနီးပါးဖြစ်ပြီး မည်သည့်မှော်စွမ်းအားကိုမျှ အသုံးမပြုနိုင်တော့ပေ။ သူသည် လင်းရှန်နှင့် သူ၏ကိုယ်ပွားများကို တိုက်ခိုက်ရန်အတွက် သူ၏ ညံ့ဖျင်းသော ကိုယ်ခံပညာကိုသာ အားကိုးနိုင်ခဲ့သည်။ သူသည် ခုနတုန်းကလို ကြောက်စရာမဟုတ်တော့ပေ။

ယခုအခါ ဓားစွမ်းအင်သည် ခြိမ်းခြောက်မှုမဟုတ်တော့ဘဲ လင်းရှန်သည် သူအလိုရှိသမျှကို လုပ်နိုင်ခဲ့သည်။ တိမ်တိုက်နဂါး စည်းချက်၏ စွမ်းအားအားလုံးကို အသုံးချပြီး တိမ်တိုက်နဂါး၏ ပုံရိပ်သည် သူ့အပေါ်၌ တဖြည်းဖြည်း ပေါ်လာသည်။

အရိပ်နဂါး ပေါ်လာသည်နှင့် တပြိုင်နက် လင်းရှန်နှင့် သူ၏ကိုယ်ပွားတို့သည် ပို၍လျင်မြန်စွာ ရွေ့လျားကာ ၎င်းတို့သည် နောက်ဆက်တွဲရုပ်ပုံများအဖြစ်သို့ ပြောင်းလဲလုနီးပါးပင်။

တိုက်ပွဲတွင် ကောင်းကောင်းမစွမ်းဆောင်နိုင်ခဲ့ဘဲ ထပ်ခါတလဲလဲ ရှုံးနိမ့်တာက ကျင့်ဟိုင်ကို ပို၍ စိတ်ရှုပ်စေသည် ။ သူသည် တိုက်ပွဲအတွင်း အမှားများကို ဆက်လက်ကျူးလွန်ခဲ့သည်။

ကျင့်ကြံမှု အဆင့်အတန်းက လင်းရှန်ထက် အများကြီး မြင့်မားပြီး သူ့မှာ သာလွန်တဲ့ ၀တ်ရုံ ၀တ်ထားတာကြောင့်ပင်။ မဟုတ်ရင် လင်းရှန်က သူ့ကို သတ်ပြီးသားပင်။

ကျင့်ဟိုင် ပတ်ပတ်လည်က အလင်းရောင်သည် မှိန်ဖျော့လာသည်။

ခဏအကြာတွင် ဖြူစင်သော အလင်းတန်းအလွှာသည် တဖျပ်ဖျပ်ဖျပ်ခတ်ကာ ပွက်

ပွက်ဆူနေသော ပူဖောင်းတစ်ခုလို လွင့်ပျံသွားသည်။

နောက်အခိုက်အတန့်မှာတော့

လင်းရှန်နှင့် သူ၏ကိုယ်ပွားတို့သည် တစ်ချိန်တည်းတွင် ထွက်ပေါ်လာသည်။ အနီရောင် လက်ဖဝါးကြီးနှစ်ခု ပေါ်လာပြီး ကျင်ဟိုင်ကို ထိမှန်သွားသည်။ ကျင့်ဟိုင်သည် တောင်ကဲ့သို့ လက်ဖဝါးများ ကျရောက်လာသည်ကို အံ့အားသင့်စွာ ကြည့်နေရသည်။

ဘုန်း

မီးတောက်များနှင့် လေလှိုင်းများက ကျင့်ဟိုင်ကို လွှမ်းခြုံသွားလေ၏။

All Chapters