ပိုသန်မာလာရမည် (၁)
Vol. 11 Ch. 172
ဒီရေလှိုင်းလို မီးတောက်သည် မြေပြင်က မြက်ပင်တွေကိုပါ လောင်ကျွမ်းလုမတတ်ပင်။
အချိန်အတော်ကြာပြီးနောက် မီးတောက်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး အောက်ဘက်တွင် ဖြစ်ပျက်နေသော အရာများပေါ်လာသည်။
ကျင့်ဟိုင်သည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲနေသည်။ သူသည် ခေါင်းမှ ခြေဖျားအထိ မီးလောင်သွားခဲ့သည်။ သူ့ရင်ဘတ်သာ မလှုပ်နေရင် သေသွားပြီလို့ ထင်ကြမှာပင်။
“အဆင့်မြင့်တဲ့ မှော်လက်နက်က အံ့သြစရာကောင်းတယ်။ သူအသက်ရှင်နေသေးပါလား”
လင်းရှန်က အံ့သြသွားသည် ။
ကိုယ်ပွားက ကျင့်ဟိုင်ဆီကို ဓားရှည်နဲ့ လျှောက်သွားသည်။
ကျင့်ဟိုင်၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ သူ တစ်ခုခု ပြောချင်သော်လည်း စကားမပြောခင် ကိုယ်ပွါးက သူ့လည်ချောင်းကို ထိုးဖောက်လိုက်သည်။
သူ့ကို လုံးဝအခွင့်အရေးမပေးခဲ့ပေ။
ကျင့်ဟိုင်၏ မျက်လုံးထဲက အလင်းရောင်ဟာ မကြာခင်မှာမှေးမှိန်သွားပြီး အသက်
မရှိတော့ပေ။
ကျင့်ဟိုင်သေဆုံးသွားကြောင်း သေချာပြီးနောက် လင်းရှန်သည် သက်တောင့်သက်သာဖြင့် အသက်ရှူထုတ်လိုက်သည်။
တောက်ပသောဝင်ပေါက်အဆင့်သည် ခက်ခဲသင့်သလောက် ခက်ခဲသည်။ ဆေးဖော်စပ်သူသည် တိုက်ခိုက်ရေး မကောင်းမွန်သော တောက်ပသော ဝင်ပေါက်အဆင့်ဖြစ်သော်လည်း လင်းရှန်ကို သတ်လုနီးပါးဖြစ်ခဲ့သည်။
ကျင့်ဟိုင်မှာသာ နောက်ထပ် ဓားနှစ်လက် ရှိနေရင် လင်းရှန်က မြေပြင်ပေါ်မှာ လဲလျောင်းနေရမည်ပင်။
အဆုံးတွင် သူ့ကိုအနိုင်ရခဲ့လျှင်ပင် လင်းရှန်သည် ကြီးကြီးမားမားပေးချေခဲ့ရသည် ။
ကြောင်ဗိုလ်ချုပ်သေဆုံးသွားပြီး နောက်တစ်လအကြာမှ ထပ်မံခေါ်ယူနိုင်မည်ပင်။
ကိုယ်ပွါးငါးဦးစလုံး ဒဏ်ရာပြင်းထန်သဖြင့် ပြန်လည်ကောင်းမွန်ရန် အချိန်အတော်ကြာမည်ဖြစ်သည်။
"ငါ့ရဲ့ဆုလာဘ်တွေက ဒါနဲ့ ထိုက်တန်မယ်လို့ ငမျှော်လင့်ရတာပဲ”
လင်းရှန်သည် အလောင်းကို အမြန်ရှာဖွေခဲ့ရာ သိုလှောင်အိတ်တစ်ခုကို တွေ့ရှိခဲ့သည်။
"သိုလှောင်အိတ.. အဲဒါက အရမ်းကောင်းတယ်”
သိုလှောင်အိတ်သည် အလယ်အလတ်တန်းစား မှော်လက်နက်တစ်ခုဖြစ်ပြီး ၎င်းသည် သာမန်ထက် များစွာကျယ်ဝန်းသည်။ အရည်အသွေးခန်းမတွင် ၎င်းကို သာမန်
အရည်အသွေးအမှတ် (၇)ခုဖြင့် ရောင်းချသည်။
လင်းရှန်သည် ဝမ်းသာအားရနဲ့ အိတ်ကိုဖွင့်လိုက်တော့ အတွင်း၌ ပစ္စည်းများစွာကို တွေ့လိုက်ရသည်။
နေ့စဉ်သုံးပစ္စည်းများ၊ ဝိညာဉ်ဒင်္ဂါးများ၊ ရှားပါး အဖိုးတန် ဆေးဖက်ဝင်အပင်များ၊ အဆောင်များ၊ ဗူးများ၊ စည်သွပ်ဗူးများ... အများအပြားရှိနေသည်။ ဒါက အံ့သြဖွယ်ကောင်းလှသည်။
၎င်းတို့သည် ရန်သူ၏ နယ်မြေတွင်ရှိနေတာကြောင့် အခြားတောက်ပသောဝင်ပေါက်
အဆင့် ရန်သူများ ပေါ်လာနိုင်မလားဆိုတာ လင်းရှန် မသိနိုင်ပေ။ အဆုံးတွင် သူသည် စစ်ပွဲ၏လက်ကျန်များကို ရေတွက်ကာ သိုလှောင်အိတ်ကို စစ်ဖို့ စိတ်ကူးအား စွန့်လွှတ်လိုက်သည်။ သူပြန်မှ ဒါကို လုပ်ဖို့ အချိန်ယူရမည်။
ထို့နောက် သူသည် ကျင့်ဟိုင်၏ ခန္ဓာကိုယ်ပေါ်မှ တိမ်တိုက်ဖိနှိပ်ခြင်း ဝတ်ရုံကို ယူလိုက်သည်။
ဤတိုက်ပွဲတွင် စွဲမက်ဖွယ်ကောင်းသောဝတ်ရုံ၏ ပြင်းထန်သည့် စွမ်းအားကို ပြသခဲ့သည်။
တိမ်တိုက် ဖိနှိပ်ရေးရေးဝတ်ရုံကြောင့် မဟုတ်ပါက လင်းရှန်သည် ကျင့်ဟိုင်ကိုသတ်ရန် ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။
ကျင့်ကြံသူ၏ ရှင်သန်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့ ဝတ်ရုံက ဘယ်လောက်ထိ ထိရောက်လိုက်လဲ။
ကံမကောင်းစွာပဲ တိမ်တိုက် ဖိနှိပ်ခြင်းဝတ်ရုံသည် တိုက်ပွဲတွင် ပြင်းထန်စွာ ပျက်စီးခဲ့ပြီး ဝိညာဉ်ရေးအနှစ်သာရဖြင့် လအနည်းငယ်ကြာ အာဟာရဖြည့်တင်းခြင်းမရှိဘဲ ပြန်လည်ကောင်းမွန်လာမည်မဟုတ်ပေ။
သို့ပေမယ့် လင်းရှန်ကတော့ အရမ်းပျော်နေသေးသည်။
တိမ်တိုက် ဖိနှိပ်ခြင်းဝတ်ရုံ၏ စွမ်းအင်ကို ပြန်လည်ရရှိသည်နှင့် ဤကြောက်မက်
ဖွယ်ကောင်းသော ခံစစ်နဲ့ဆို လင်းရှန်သည် ပိုမိုခက်ခဲသော တိုက်ပွဲများတွင် ရှင်သန်နိုင်မည်ဖြစ်သည်။
"အဆင့်မြင့်တဲ့ မှော်လက်နက်နဲ့ တားမြစ်ထားတဲ့ ရွှေရောင်ချပ်ဝတ်တန်ဆာကို ပေါင်းထည့်လိုက်တာနဲ့ တောက်ပသောဝင်ပေါက်အဆင့်က လူအနည်းငယ်ကပဲ ငါ့ကို ဒဏ်ရာရစေနိုင်တော့မယ်”
လင်းရှန်သည် ပျော်ရွှင်နေရာမှ နိုးထလာပြီး တိမ်တိုက် ဖိနှိပ်ခြင်းဝတ်ရုံကို ဖယ်ထုတ်ကာ မဆိုင်းမတွပင် အိမ်ရှေ့တံခါးဆီသို့ ဦးတည်သွားခဲ့သည်။
လင်းရှန် ထွက်သွားပြီး နာရီဝက်ခန့်အကြာတွင် အသွင်အပြင်တစ်ခု ရုတ်တရက်ပေါ်လာသည်။
အဲ့တာက အနက်ရောင် ၀တ်စုံ ၀တ်ထားသူမှလွဲ၍ အခြားသူ မဟုတ်ပေ။
ပျက်စီးနေသော ခြံဝန်းကို ကြည့်ရင်း နောက်ဆုံးတွင် ကျင့်ဟိုင်၏ အလောင်းကို မီးလောင်ကျွမ်းနေသော မြေပြင်အလယ်တွင် တွေ့လိုက်ရသည်။ သူ့လက်သီးတွေကို ဆုပ်ထားလိုက်သည်။
ခဏကြာတော့ သူက အော်ပြီး သူ့အင်္ကျီကို လှန်လိုက်သည်။ တဟုန်ထိုး မြည်သံနှင့်အတူ မိုးကြိုးသည် ကောင်းကင်အထက်မှ တစ်နေရာတွင် ဘွားခနဲပေါ်လာပြီး ထူထပ်သော ပေါ်ပလာပင် တစ်ပင်ကို ထိမှန်သွားသည်။
စက္ကန့်ပိုင်းလေးအတွင်းမှာပင် သစ်ပင်ကြီးတစ်ပင် မီးလောင်ကျွမ်းသွားသည် ။
လင်းရှန်သည် အိမ်မှ ထွက်သွားပြီးနောက် မရပ်တန့်ပေ။ သူသည်ဆုံရပ်နေရာဆီသို့ တည့်တည့်သွားခဲ့သည်။
သို့သော်လည်း လမ်းတစ်ဝက်တွင် ထန်ယွဲ့နဲ့ ထန်ရင်သည် ကြောင်နတ်ဆိုးအဖွဲ့တစ်ဖွဲ့ဖြင့် သူ့ဆီသို့ ပြေးလာနေသည်ကို မြင်လိုက်ရသည်။
လင်းရှန်ကိုတွေ့လိုက်ရသောအခါ ကြောင်နတ်ဆိုးများက အံ့ဩသွားကြသည်။
"ဆရာ လင်းရှန် အဆင်ပြေရဲ့လား?"
ထန်ရင်သည် လင်းရှန်ထံ အမြန်ပြေးပြီး သူ့ကို အပေါ်အောက် ငုံ့ကြည့်နေသည်။ သူမက အနည်းငယ် တုန်လှုပ်ခြောက်ခြားနေပုံရပြီး လင်းရှန်ထိခိုက်ဒဏ်ရာရပုံ မပေါ်သည်ကို မြင်လိုက်ရမှ အသက်ရှူချောင်သွားသည်။
"ဆရာက တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူဆီ ပြေးသွားတယ်လို့ ထန်ယွဲ့ဆီက ကြားတယ်၊ အဲ့တာ ကူညီဖို့လိုက်လာတာ”
လင်းရှန်သည် ရန်သူ၏ ပြိုင်ဘက်အဆင့် နဲ့ မညီပါက ကြောင်များ၏ စွမ်းရည်နဲ့ဆို ကံကြမ္မာပေါ်သာ မူတည်မည် ဖြစ်သည်။
သို့သော် ထိုစကားများကို သူမပြောသောအခါထန်ရင်၏ မျက်နှာသည် အလွန်လေးနက်နေသည်။
အခြားကြောင်နတ်ဆိုးများသည် ၎င်းတို့၏ ကံကြမ္မာကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပုံရသည်။
လင်းရှန်သည် ခံစားသွားရသည်။
နတ်ဆိုးမျိုးနွယ်ဝင်တစ်ဦးအနေဖြင့် ဤကြောင်နတ်ဆိုးများသည် အခြားလူသားများထက် ခင်မင်ရင်းနှီးမှုကို ပို၍တန်ဖိုးထားကြသည်။
အဲဒါက အဓိပ္ပာယ်ရှိသည်။ မဟုတ်ရင် နစ်မြှပ်ခြင်းလမင်းလို အင်အားကို ရှာတွေ့မှာ မဟုတ်ပေ။
လင်းရှန်သည် ထန်ရင်ကို အပြုံးဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။
"စိတ်မပူပါနဲ့။ ငါ အဆင်ပြေပါတယ်”
"ငါတို့ကယ်ခဲ့တဲ့ ဝိညာဉ်ကြောင်တွေ ဘယ်မှာလဲ"
ထန်ရင်က ချက်ချင်းပဲ ပြောလေ၏ "သူတို့ကို လုံခြုံတဲ့နေရာမှာထားလိုက်ပြီ”
လင်းရှန်က ခေါင်းညိတ်ပြီး “ဒါက စကားပြောရမယ့်နေရာ မဟုတ်ဘူး။ အရင်ပြန်ကြရအောင်။"
နတ်ဆိုးအုပ်စုသည် လင်းရှန်နဲ့ ချက်ချင်းထွက်ခွါသွားသည်။
အခု သူတို့ပန်းတိုင်ကို ပြီးမြောက်သွားတာကြောင့် လင်းရှန်နဲ့ တခြားကြောင်နတ်ဆိုးတွေသည် ငွေအကြေးခွံ့မြို့မှာ ကြာကြာမနေတော့ပေ။ သူတို့သည် ထိုညက ထွက်ခွာပြီး နဂါးမြို့တော်သို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
သူတို့သည် နေ့ခင်းကြောင်တောင်တွင် မြို့တံခါးကိုဖြတ်၍ လမ်းလျှောက်
နိုင်သော်လည်း ဝိညာဉ်ကြောင်နှစ်ဆယ်လောက် ရှိသည့်အချိန်တွင် ထိုသို့ပြုလုပ်ရန် မလွယ်ကူပေ။
ကံကောင်းစွာပဲ မြို့ရိုးမှာ အပေါက်အပြဲတွေ အများကြီးရှိခဲ့ပြီး ဝိညာဉ်ကြောင်တွေက လှည့်စားမှုမှာ အားကောင်းသည်။ ကြိုးပမ်းမှုအချို့ပြုလုပ်ပြီးတဲ့နောက်မှာတော့ ၎င်းတို့သည် နေမထွက်မီ ငွေအကြေးခွံ့မြို့မှ ထွက်ခွာနိုင်ခဲ့သည်။
ကြောင်ဗိုလ်ချုပ်ထံမှ တိုကင်ကြောင့် နဂါးမြို့သို့ ပြန်သွားရန် ပို၍လွယ်ကူခဲ့သည်။
လင်းရှန်သည် ကြောင်နတ်ဆိုးများနှင့်အတူ မသွားပေ။ ယင်းအစား သူသည် အရှေ့ပိုင်းခရိုင်ရှိ သူ၏အိမ်သို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။
သူပြန်ရောက်တော့ မနက်အစောကြီး ဖြစ်နေပြီး အပြင်မှာ နေရောင်က တလက်လက် တောက်ပနေသည်။