← Chapters

ပိုသန်မာလာရမည်(၂)

Vol. 11 Ch. 173

ပိုသန်မာလာရမည်(၂)

Vol. 11 Ch. 173

အိုက်သည် သူမ၏ ညဘက် ကျင့်ကြံမှု ပြီးသွားပြီး ဧည့်ခန်းထဲသို့ လမ်းလျှောက်လာချိန်တွင် ခရီးသွား ဝတ်ဆင်ထားသော လင်းရှန်ကို တွေ့လိုက်သည်။ သူမက အံ့သြသွားသည်။

"လင်းရှန် နင်ဘယ်သွားတာလဲ"

ရုတ်တရက် အိုက်သည် နှာခေါင်းကို လှုပ်ယမ်းကာ အံ့ဩစွာ ခေါင်းညိတ်လိုက်သည်။ သူမသည် လင်းရှန်၏နံဘေးသို့ အမြန်ပြေးလာကာ အနံ့ခံပြန်သည်။ နောက်ဆုံးတော့ သူမ သေချာသွားပြီပင်။

"နင်က တခြားကြောင်တွေလို အနံ့ခံနေတာလား”

ကောင်လေးက အော်လိုက်သည်။

"နင် ငါ့နောက်ကွယ်မှာ တခြားကြောင်တွေကို တွေ့ဖို့ သွားခဲ့တာပဲ”

လင်းရှန်တွင် ပြောစရာမရှိပေ။

ဒါဘာတွေလဲ

ခေါင်းကို ကုတ်ပြီးနောက် ကြောင်သည် နောက်ဆုံးတွင် ငြိမ်သက်သွားကာ ဆိုဖာပေါ်တွင် အိပ်ပျော်သွားခဲ့သည်။

လင်းရှန်သည် သူမကို လျစ်လျူရှုပြီး ဒုတိယထပ်သို့ တန်းတန်းမတ်မတ်တက်သွားသည်။

တံခါးကိုပိတ်ရင်း သိုလှောင်အိတ်ကို ထုတ်ကာ တိုက်ပွဲမှ လက်ကျန်များကို စတင်ရေတွက်ခဲ့သည်။

သူသည် နေ့စဥ်လိုအပ်သော ဝိညာဉ်ဒင်္ဂါးများအားလုံးကို ဖယ်ထားခဲ့သည်။

ရှားပါးပြီး အဖိုးတန်တဲ့ ဆေးဖက်ဝင်အပင်တွေ ပါ အများကြီးရှိနေသည်။

သူသာသူတို့ကိုလဲလှယ်လိုက်လျှင် အရည်အသွေးခန်းမမှာ

စုဆောင်းခြင်းမစ်ရှင်အတွက် သာမန်အရည်အသွေးအမှတ် ၂၀မှ ၃၀အထိ လဲလှယ်နိုင်မည်ဖြစ်သည်။

အဆောင်အများစုသည် ပျော့ပျောင်းခြင်းအဆောင်နှင့် ပျံသန်းခြင်းအဆောင်ကဲ့သို့သော အဆင့်နိမ့်သော ပစ္စည်းများဖြစ်သည်။

အဲဒီအထဲမှာ တန်ဖိုးအရှိဆုံးအရာတွေက လက်နက်တွေပင်။

သို့သော် နေခြောက်စင်းအဆောင်ဓား လေးခုရှိသော လင်းရှန်အတွက်မူ ထိုကဲ့သို့ အရာမျိုးမှာ မလိုအပ်တော့ပေ။

လင်းရှန်သည် ဆေးပြားများကြောင့် အံ့ဩသွားသည်။

စွမ်းအင်ဖြည့်တင်းခြင်းဆေး ၊ နွေဦးအကာအကွယ်ဆေးနှင့် မျက်နှာပြောင်းဆေးကဲ့သို့သော အသုံးများသော ဆေးများအပြင် မူလဆေးအနည်းငယ်ကိုလည်း တွေ့ရှိခဲ့သည်။

စုစုပေါင်း ပုလင်းခုနစ်လုံးကျော်ရှိခဲ့သည်။

သူ့အဖို့ နဝမအဆင့်ကို ကျော်ဖြတ်ဖို့ လုံလောက်သည် ။

ထို့အပြင် ပျိုးထောင်ခြင်းဆေးနှစ်ပုလင်းနှင့် ဝိညာဉ်မီးတောက်ဆေးတစ်ပုလင်းလည်း ရှိသေးသည်။

နှစ်မျိုးလုံးသည် တောက်ပသောဝင်ပေါက်အဆင့်မှ ကျင့်ကြံသူများ အသုံးများသော ဖြည့်စွက်ဆေးများဖြစ်သည်။

ထိုအရာသည် လူ၏စိတ်ဝိညာဉ်ကို ပျိုးထောင်ပေးနိုင်ပြီး ဝိညာဉ်ပြည့်လျှံလာမှုကို အားကောင်းစေနိုင်သည်။

နောက်တစ်ခုက ခန္ဓာကိုယ်ကို သန့်စင်စေပြီး ပြီးပြည့်စုံတဲ့ အခြေအနေတစ်ခုဆီကို ရောက်စေနိုင်သည်။

ယန်စွမ်းအား ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံခဲ့သော ကျင့်ကြံသူများသည် ပို၍ပင် ထိရောက်မှု ရှိသည်။

သို့သော် ဝိညာဉ်ပြည့်လျှံခြင်း၏ လမ်းညွှန်မှုမရှိဘဲ တစ်ဦးတစ်ယောက်က ထိုအရာကိုသုံးစွဲပါက ရူးကြောင်ဖြစ်ကာ ချီသွေဖည်ခြင်းကို အလွယ်တကူ ခံစားရနိုင်သည်။

ထို့ကြောင့် ၎င်းတို့၏ စိတ်ဝိညာဉ် ပြည့်လျှံခြင်းကို နှိုးကြားထားသော တောက်ပသောဝင်ပေါက်အဆင့် ရှိသူများသာ ၎င်းကို စားသုံးနိုင်သည်။

ဆေးပြားနှစ်ပြားစလုံးသည် အလွန်ဈေးကြီးပြီး အရည်အသွေးခန်းမ၌ အလယ်အလတ် အရည်အသွေးအမှတ် တစ်ခုနဲ့ လဲလှယ်ရသည်။

"သူက တကယ်ကို ဆေးဝါးကုသသူပဲ။ သူ့မှာ ဆေးကောင်းတွေ အများကြီးရှိတယ်”

လင်းရှန်သည် ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။

လောလောဆယ်တွင် ပျိုးထောင်ခြင်းဆေးနှင့်ဝိညာဉ်မီးတောက်ဆေး များကို အသုံးမပြုနိုင်သော်လည်း တောက်ပသောဝင်ပေါက်အဆင့်သို့ ရောက်သောအခါတွင် သူ၏ ကျင့်ကြံမှုကို ခိုင်မာစေရန် ၎င်းတို့ကို အသုံးပြုနိုင်သည်။

သိုလှောင်အိတ်ထဲတွင် သူ၏ကိုယ်ပွားများကို ၎င်းတို့၏ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်သည့် ဆေးလုံးအနည်းအကျဉ်းပါရှိသည်။ ရက်အနည်းငယ်အတွင်း ၎င်းတို့၏ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိမည်ဟု လင်းရှန် ခန့်မှန်းခဲ့သည်။

ထို့နောက် လင်းရှန်သည် ထူးဆန်းသော အမှုန့်ပုလင်း အနည်းငယ်ကိုလည် တွေ့ရှိခဲ့သည်။

အမှုန့်လက်တစ်ဆုပ်စာကို ကောက်ယူလိုက်ကာ လင်းရှန်က သေသေချာချာ စစ်ဆေးပြီးရှူရှိုက်လိုက်သည်။ သူတွေးမိတာ တစ်ခုရှိသည်။

ပုလင်းပေါ်ရှိ "မိုးကြိုး" စတစ်ကာကို ကြည့်လိုက်တော့ သူက ပိုလို့တောင် သေချာသွားသည်။

"ဒါက မိုးကြိုးနဲ့ထိတဲ့ သစ်သားနဲ့လုပ်ထားတဲ့ အမှုန့်ပဲ”

နာမည်အတိုင်း မိုးကြိုးပစ်ခံရတဲ့ သစ်ပင်တစ်ပင်ပင်။

မိုးကြိုးက သစ်ပင်တွေရဲ့ ရှင်သန်မှုကို ဖျက်ဆီးလိုက်ပေမယ့် သူတို့မှာ မကောင်းဆိုးဝါးတွေကို တွန်းလှန်ပြီး နေအိမ်တွေကို ကာကွယ်ပေးနိုင်တဲ့ လျှပ်စီးကြောင်းစွမ်းအင်တွေ ရှိနေသေးသည်။

စွမ်းအားကိုအသက်သွင်းဖို့ ဝိညာဉ်ရေးရာဆိုင်ရာဓာတ်ကူပစ္စည်းတစ်ခုအနေနဲ့လည်း အသုံးပြုနိုင်သည်။

တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူများသည် မှော်စွမ်းအားများကို အသုံးပြုသောအခါ များသောအားဖြင့် ကြားခံအဖြစ် ဝိဉာဉ်ဓာတ်ကို လိုအပ်သည်။

မတူညီသော မှော်စွမ်းအားများသည် မတူညီသောဝိညာဉ်ရေးရာအနှစ်သာရ လိုအပ်သည်။

မက်မွန်သစ်သား၊ သစ်ကြံပိုးခေါက်၊ ပြဒါး အစရှိသည်တို့သည် ဝိညာဉ်ရေးရာဆိုင်ရာ ဖြည့်စွက်စာများ ဖြစ်သည်။

ရှားပါးသည့်အရာများမှာ မိုးကြိုးပစ်သောသစ်သားမှုန့်ဖြစ်ပြီး လျှပ်စီးလက်ဝါးကို အသက်သွင်းရန်အတွက် ဝိညာဉ်ရေးရာလမ်းညွှန်အဖြစ်အသုံးပြုနိုင်သည်။

လျှပ်စီးသစ်သားမှုန့်က တော်တော် အဖိုးတန်သည်။ လင်းရှန်သည် တောက်ပသောဝင်ပေါက်အအဆင့်သို့ရောက်သည်နှင့် လျှပ်စီးလက်ဝါးကို ကျင့်ကြံသောအခါ ၎င်းကိုအသုံးပြုနိုင်မည်ဖြစ်သည်။

အရာအားလုံးကို စစ်ဆေးပြီးနောက် လင်းရှန်သည် ပြုံးလိုက်သည်။

သိုလှောင်အိတ်တွင် တိမ်တိုက်ဖိနှိပ်ရေးဝတ်ရုံ၊ ဝိညာဉ်ပြန်လည် ဖြည့်တင်းရေးဆေးလုံး နှင့် မူလဆေး.. ၎င်းတို့သည် ပျော်ရွှင်ဖွယ်ရာညတစ်ညဖြစ်စေခဲ့သည်။

တောက်ပသောဝင်ပေါက်အဆင့် ကျင့်ကြံသူအား သေသည်အထိ တိုက်ခိုက်ခဲ့ရသည့်အန္တရာယ်နှင့် ထိုက်တန်ပါသည်။

"အဲဒါကို တွေးကြည့်လိုက်တော့ ငါနဲ့ ဝံပုလွေရိုင်းတွေက ကံကို စပ်နေတယ်။ ငါ အခုထိ အဲဒီအဖွဲ့ထဲက လူတော်တော်များများကို သတ်ပြီး သူတို့ဆီကနေ ပစ္စည်းကောင်းတွေ အများကြီးရထားတယ်။ သူတို့က အရမ်းရက်ရောတာပဲ”

လင်းရှန်က ရယ်လိုက်သည်။

သိုလှောင်အိတ်ကို ဖယ်လိုက်ပြီး လင်းရှန်သည် အနားယူခြင်းမရှိပေ။ အဲဒီအစား သူ့အိပ်ခန်းထဲက ထွက်လာပြီး နိုင်ယန်းကျောင်းကို ပြန်သွားဖို့ အသင့်ဖြစ်နေပြီပင်။

မနေ့ညက သူသည် တိုက်ပွဲတွင် အနိုင်ရခဲ့သော်လည်း လုံလောက်သော စွမ်းအားမရှိသေးကြောင်းကိုလည်း သိရှိခဲ့သည်။

နဂါးမြို့တော် မပြောနဲ့။ ငွေအကြေးခွံ့မြို့ငယ်လေးမှာတောင် သူ့ထက်အများကြီးပိုစွမ်းဆောင်နိုင်တဲ့ ကျင့်ကြံသူတွေရှိသည်။

မနေ့ညက ဆေးဖော်စပ်သူဆီ မပြေးဘဲ တိုက်ခိုက်ရေးသမားတစ်ယောက်ဆီသာ ပြေးမိတာဆိုရင် သူ တော်တော်ဒုက္ခရောက်လိမ့်မည်ပင်။

" ကျင့်ကြံသူ သခင်ဖြစ်မလာရင် ဒီကမ္ဘာကြီးမှာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး”

"ငါ ပိုသန်မာရမယ်”

ပထမထပ်ကိုပြန်ရောက်တော့ အိုက်က အိပ်ပျော်နေပြီပင်။ လင်းရှန်သည် သူမကို အနှောက်အယှက် မပေးဘဲ နေအိမ်မှ ထွက်သွားကာ နိုင်ယန်းကျောင်း၏ စာသင်ခန်းသို့ ပြန်သွားရန် အသင့်ဖြစ်နေပြီဖြစ်သည်။

အဲဒီမှာ မူလဆေး၏စုပ်ယူမှုကို မြန်ဆန်စေပြီး ကျင့်ကြ့မှု၏ထိရောက်မှုကို တိုးစေမည့်

ဝိညာဉ်ရေးရာ အနှစ်သာရ ပိုများသည်။

သူ့သိုလှောင်အိတ်ထဲရှိ မူလဆေး

ခုနစ်ပုလင်းနဲ့ဆို သူသည် လဝက်မပြည့်မီ နဝမအဆင့်သို့ရောက်ရှိမည်ဖြစ်သည်။

အချိန်တွေကုန်ပြီး လဝက်ကြာသွားသည်။

သင်ကြားရေးအခန်းအမှတ်၊ ၃၂။

ဓားကို ကိုင်ထားရင်း လင်းရှန်သည် မျက်နှာပေါ်တွင် လေးနက်သောအကြည့်ဖြင့် မတ်တပ်ရပ်နေ၏။

ရုတ်တရက် ဓားနှင့်ထိုးချလိုက်တော့ အခန်းထဲတွင်ချက်ချင်း အနီရောင်မီးတောက်နှင့်ပြည့်နေသည်။ တောက်ပသော အလင်းတန်းငါးခုသည် လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာပြီး ပူလောင်သော အပူရှိန်ဖြင့် လွင့်ထွက်သွားသည်။

ဘုန်း

အလင်းလှိုင်းတွေက နံရံကို ရိုက်ခတ်သွားသည်။

အထူးပစ္စည်းဖြင့်ပြုလုပ်ထားသော မာကျောသည့် နံရံသည် အနီရောင်ပြောင်းသွားပြီး အရည်ပျော်လုနီးပါးဖြစ်နေပြီဖြစ်သည်။ ခဏကြာမှ အရောင်မှိန်သွားပြီး နံရံက ပုံမှန်ပြန်ဖြစ်သွားသည်။

ဒါကိုမြင်တော့ လင်းရှန်က အသက်ရှုကြပ်သွားတယ်။

အရည်ပျော်ခြင်း၊ တိမ်တိုက်နဂါးစည်းချက် နှင့် တားမြစ်ထားသော ရွှေရောင်ချက်ဝတ်တန်ဆာပြီးတော့ သူ၏ နေကိုးစင်း နတ်ဘုရားဓားသည် နောက်ဆုံးတွင် လမ်းကြောင်းအဆင့်သို့ ရောက်ရှိခဲ့ပြီး သူကျွမ်းကျင်ခဲ့သော စတုတ္ထမြောက် လမ်းကြောင်းအဆင့် ကိုယ်ခံပညာဖြစ်လာခဲ့သည်။

လင်းရှန်ကို အံ့အားသင့်စေတာက လမ်းကြောင်းအဆင့်သို့ ယခု ရောက်နေပြီဖြစ်သော နေကိုးစင်းနတ်ဘုရားဓားသည် နေငါးလုံးကို တစ်ပြိုင်နက် အသက်သွင်းနိုင်ခဲ့သည်။

ကျင့်ဟိုင်၏ နေသုံးလုံးသုံးတုန်းကထက် အများကြီး ပိုအားကောင်းသည်။

လင်းရှန်သည် နှစ်လသာကျင့်ကြံပြီး ဤအဆင့်သို့ ရောက်နေပြီဟု သိလိုက်ရပါက ကျန်းဟောင်သည် သူ့ဖြစ်တည်မှုကို သံသယဝင်လာသည်အထိ တုန်လှုပ်သွားပေမည်။

နေခြောက်စင်းအဆောင်ဓားကို ဖယ်ထုတ်

လိုက်ပြီး လင်းရှန်သည် မျက်နှာပြင်ကို အသက်သွင်းလိုက်သည်။

[အမည်- လင်းရှန်]

[စွမ်းရည် - ကျွမ်းကျင်တတ်မြောက်သူ]

[အဆင့်-ကြာရှည်စွာအသက်ရှုခြင်း နဝမအဆင့် ၁၈%]

[ကျင့်ကြံနည်းစနစ်-ရွှေရောင်ကျီးကန်း (ပြီးပြည့်စုံခြင်းအဆင့်)၊ အရည်ပျော်

ခြင်း(လမ်းကြောင်းအဆင့် ၂၀%)၊တားမြစ်ထားသော ရွှေရောင်

ချပ်ဝတ်တန်ဆာ ( လမ်းကြောင်းအဆင့် ၁၀%)၊ တိမ်တိုက်နဂါးစည်းချက် ( လမ်းကြောင်းအဆင့် ၀%)၊ နေကိုးစင်းနတ်ဘုရားဓား (လမ်းကြောင်း အဆင့် ၀%)၊ တိမ်တိုက်ကြားမှ နဂါးဟောက်သံ (ပြီးပြည့်စုံခြင်းအဆင့် )၊ အဆီအနှစ်ဓားသွားလက်ချောင်း (ပြီးပြည့်စုံခြင်းအဆင့် )၊ သေခြင်းအတားအဆီး(ပြီးပြည့်စုံခြင်းအဆင့် )]

[ကိုယ်ပွားအရေအတွက်- ၆ (၅၇%)]

နေကိုးစင်း နတ်ဘုရားဓားအပြင် လင်းရှန်သည် လက်ဖဝါးနည်းစနစ်နှစ်ခုနှင့် ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ရေး ကိုယ်ခံပညာနှစ်ခုကို ပြီးပြည့်စုံခြင်းအထိ ကျင့်ကြံခဲ့ပြီး အရည်ပျော်ခြင်းနှင့် တားမြစ်ထားသောရွှေရောင်ချပ်ဝတ်တန်ဆာ တစ်ခုစီတိုင်း ၁၀% တိုးလာစေသည်။

ယခုအခါ နားလည်မှု၏ စွမ်းရည်သက်ရောက်မှုသည် အဆုံးထိ တိုးလာသောကြောင့် "ကိုယ်ခံပညာ လေ့ကျင့်မှု အမြန်နှုန်း + ၂၀၀%" ၏ သက်ရောက်မှုသည်လင်းရှန်၏ ကိုယ်ခံပညာ လေ့ကျင့်မှု အရှိန်ကို အလွန် ထိတ်လန့်ဖွယ် အဆင့်သို့ ရောက်ရှိစေခဲ့ပြီး သူသည် ကိုယ်ခံပညာကို ပိုမို ကျွမ်းကျင်လာခဲ့သည်။

သို့သော် အရေးကြီးဆုံးအချက်မှာ သူ၏ ကျင့်ကြံမှုအဆင့်တွင် အောင်မြင်မှုဖြစ်သည်။

မူလဆေးအားလုံးကို သုံးပြီးနောက် လင်းရှန်သည် ကြာရှည်စွာအသက်ရှုခြင်း၏ နဝမအဆင့်သို့ ရောက်သွားသည်။ သူသည် တောက်ပသော ဝင်ပေါက်အဆင့်ကို တက်လှမ်းဖို့ မဝေးတော့ပေ။

"ကြာရှည်စွာ အသက်ရှုခြင်း နဝမအဆင့်ကို ဖြတ်ကျော်ပြီးတော့ မူလဆေးရဲ့ အကျိုးသက်ရောက်မှုက အရမ်းအားနည်းသွားတာစိတ်မကောင်းစရာပဲ။ အခု မူလဆေးတစ်လုံးက ငါ့အဆင့်ကို ၁% လောက်တောင် မတိုးစေနိုင်တော့ဘူး။”

လင်းရှန်က အနည်းငယ် ဝမ်းနည်းသွားသည်။

သို့သော် သူသည် ၎င်းကို စိတ်ထဲတွင် မထားခဲ့ပေ။

မူလဆေး၏ အာနိသင်က မကောင်းတော့ပါက ကျင့်ကြံမှုတွင် အချိန်ပိုပေးလို့ရသည်။

ဆေးပြားများအကူအညီမပါဘဲ သူ၏လက်ရှိကျင့်ကြံမှုအရှိန်နဲ့ဆို သူသည် တစ်လအတွင်း တောက်ပသောအဆင့်သို့ တက်လှမ်းနိုင်သည်။

ထို့နောက် လင်းရှန်သည် လေ့ကျင့်ရေးခန်းမှ ထွက်ကာ အရည်အသွေးခန်းမသို့ သွားရန် စီစဉ်ခဲ့သည်။

သူသည် ကျင့်ဟိုင်ဆီမှ ရရှိသော ရှားပါးသစ်ဥ သစ်ဖုများကို အရည်အသွေးအမှတ်နဲ့ လဲလှယ်ရန် အရည်အသွေးခန်းမသို့ သွားရမည်ဖြစ်သည်။

ထို့အပြင် လဲလှယ်ရန်အတွက် သင့်လျော်သော ခင်းကျင်းဖွဲ့စည်းပုံများ ရှိမရှိကိုလည်း ကြည့်ရှုရမည်ဖြစ်သည်။

ခင်းကျင်းဖွဲ့စည်းပုံကို ကျင့်ကြံဖို့ ထည့်သွင်းစဉ်းစားရန် အချိန်တန်ပြီဖြစ်သည်။

ကျင့်ဟိုင်နှင့် တိုက်ပွဲတွင် သူ၏ကိုယ်ပွားများနှင့်အတူ ခင်းကျင်းဖွဲ့စည်းပုံကို အသုံးပြုနိုင်ခဲ့ပါက ကျင့်ဟိုင်ကိုသတ်ဖို့ များစွာလွယ်ကူမည်မှာ သေချာသည်။

အရည်အသွေးခန်းမတံခါးဝသို့ ရောက်သောအခါ ခန်းမသည် ထုံးစံအတိုင်း လူများဖြင့် ပြည့်နေသည်။

လင်းရှန်သည် လဲလှယ်စာရင်းယူရန် ကောင်တာသို့သွားသောအခါ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ကြားလိုက်ရသည်။

"မင်း တကယ်ပြောတာလား?"

"ငါက မင်းကိုဘာလို့လိမ်ရမှာလဲ။ မင်းက အပြင်ကနေ ပြန်ရောက်တာဆိုတော့ မသိလောက်ဘူး။ ဒီကိစ္စက ကျောင်းတစ်ခွင်မှာ ပျံ့နှံ့နေတာ ကြာပါပြီ။”

"ယန်ကျင့်ရမ်က လွန်ခဲ့တဲ့ တစ်နှစ်က တောက်ပသောဝင်ပေါက်အဆင့်ကို တက်လှမ်းခဲ့ပြီး သူက အထက်အိမ်တော်ကို ရောက်သွားပြီ။ ဒါနဲ့ ဘယ်သူကို စိန်ခေါ်ခဲ့တာလဲ။”

"နောက်ထပ်ဘယ်သူဖြစ်နိုင်မလဲ။ဟန်မိသားစုက ဟန်ယွဲ့လေ၊ သနားစရာဟန်မိသားစု၊ လွန်ခဲ့တဲ့ ဆယ်နှစ်က အထက်အိမ်တော်မှာ တပည့်တစ်ဦးပဲ ရှိခဲ့တာ။ နောက်ဆုံးတော့ သူက အဲဒီကိုရောက်ပြီး သိပ်မကြာခင်မှာပဲ အထုတ်ခံခဲ့ရတယ်။"

"ဟန်ယွဲ့က တောက်ပသောဝင်ပေါက်တတိယအဆင့်မှာပဲ ရှိနေတာ။ ယန်ကျင့်ရမ်က သူ့ကို အနိုင်ယူနိုင်တာဆိုတော့ အနည်းဆုံးတော့ တူညီတဲ့ ကျင့်ကြံမှု အဆင့်မှာ ရှိနေမှာ။ သူ့ရဲ့ ခွန်အားက တိုးတက်လာတာ အတော်မြန်တယ်”

“မထူးဆန်းပါဘူး။ ယန်ကျင့်ရမ်ရဲ့ အရည်အချင်းက အားလုံးသိပါတယ်။ သူက သူ့ညီထက် အများကြီး ပိုတော်တယ်။"

"ဟုတ်တယ်။"

ယန်ရှင်း အကြောင်းပြောသောအခါတွင် သူတို့နှစ်ဦးသည် တစ်စုံတစ်ခုကို တွေးတောနေပုံရပြီး တိုးတိုးလေးရယ်လိုက်သည်။

မနီးမဝေးတွင် လင်းရှန် မျက်လုံးများမှ အံ့သြမှု အရိပ်အယောင်များ ပေါ်လာသည်။

ယန်ကျင့်ရမ်က အထက်အိမ်တော် တပည့်အဖြစ် ရာထူးတိုးခံရတာလား။

All Chapters