← Chapters

အခင်းအကျင်း ဖွဲ့စည်းပုံ ရွေးချယ်မှု၊ ဂူတည်နေရာ ပြိုင်ပွဲ(၁)

Vol. 11 Ch. 174

အခင်းအကျင်း ဖွဲ့စည်းပုံ ရွေးချယ်မှု၊ ဂူတည်နေရာ ပြိုင်ပွဲ(၁)

Vol. 11 Ch. 174

အထက်အိမ်တော်

ထိုအရာက ကျောင်းမှာ အရမ်းထူးခြားတဲ့ နေရာတစ်ခုပင်။

အထက်အိမ်တော်သို့ ရာထူးတိုးနိုင်သည့် တပည့်များသည် ကျောင်းတွင် အကောင်းဆုံးခွန်အားနဲ့ စွမ်းရည်များရှိသည့် ပါရမီရှင်များ ဖြစ်သည်။

သူတို့ခံစားနိုင်သော အရင်းအမြစ်များ သို့မဟုတ် ကျောင်းတွင် ၎င်းတို့၏ အဆင့်အတန်းများကြောင့် အထက်အိမ်တော်၏ တပည့်များသည် အောက်အိမ်တော်ထက် များစွာသာလွန်သည်။

တကယ်တော့ ကျားမျိုးနွယ်နဲ့ တိုက်ပွဲမှာတင် တွေ့နိုင်သည်။

အောက်အိမ်တော်က တပည့်တွေ က စစ်သားတွေ ဖြစ်ရင် အထက်အိမ်တော်က စစ်ဗိုလ်ချုပ်တွေပင်။

သူတို့နှစ်ခုကြား အဆင့်အတန်းကွာခြားချက်က အရမ်းကြီးလွန်းသည်။

ထို့အပြင် အထက်အိမ်တော်ကို အကြီးအကဲများ၏ လျှို့ဝှက် ခြံဝင်းဟု နာမည်ပြောင်ပေးထားသည်။

အဘယ်ကြောင့်ဆိုသော် နေကိုးစင်းဂိုဏ်း အကြီးအကဲများ၏ ၈၀% ကျော်သည် ငယ်စဉ်က နိုင်ယန်းကျောင်း၏ အထက်အိမ်တော်တွင် ရှိခဲ့သောကြောင့် ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ အထက်အိမ်တော် တပည့်များသည် အနာဂတ်တွင် ဂိုဏ်းချုပ်အကြီးအကဲများဖြစ်လာနိုင်သည့် မျှော်လင့်ချက်၏သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။

နိုင်ယန်းကျောင်းရှိ အထက်အိမ်တော်သည် မရေမတွက်နိုင်သော တပည့်များ မျှော်မှန်းပြီး တိုက်ပွဲဝင်ခဲ့သော နေရာတစ်ခုဖြစ်သည်။

သို့သော် အထက်အိမ်တော်၏ တပည့်ဖြစ်ရန် မလွယ်ကူပေ။

သူတို့သည် ပါရမီရှင်များစွာနှင့် ယှဉ်ပြိုင်ရပြီး အထက်အိမ်တော်ရှိ နေရာဆယ်နေရာအတွက် မရေမတွက်နိုင်သော အထက်တန်းလွှာများကို အနိုင်ယူခဲ့ရသည်။

လင်းရှန်သည် အထက်အိမ်တော်၏ ထိပ်တန်းတပည့်ဆယ်ဦးအကြောင်း လေ့လာခဲ့သော်လည်း သူသည် သူတို့၏အမည်နှင့် နောက်ခံသမိုင်းကြောင်းကို ကောင်းစွာမသိခဲ့ပေ။

သူသေချာ သိတာကတော့ အထက်အိမ်တော်၏ထိပ်တန်းတပည့်ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်ချင်ရင် တောက်ပသောဝင်ပေါက်အဆင့်ကို တက်လှမ်းဖို့က လိုအပ်တဲ့ အခြေအနေတစ်ခုပင်။

ဒါက လိုအပ်တဲ့အခြေအနေပင်။ လုံလောက်တဲ့ အခြေအနေတစ်ခု မဟုတ်ပေ။

တောက်ပသောဝင်ပေါက်အဆင့်ရှိသည့် ကောင်းကင်အဆင့် တပည့်များ ရှိသော်လည်း လူတိုင်းက အထက်အိမ်တော်သို့ မတက်နိုင်ကြပေ။

“ယန်ကျင့်ရမ်”

လင်းရှန် မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။

ယန်ကျင့်ရမ် အကြောင်းလည်း သူ သိပ်မသိပေ။

သူတို့နှစ်ယောက်ကြားက ဆက်ဆံမှုက အရှေ့ဘက်တံခါးမှာ ရိပ်ခနဲ မြင်လိုက်ရုံမျှသာ။

သို့သော် အပြင်ဘက်တွင် သန်မာသော်လည်း အတွင်းပိုင်းအားနည်းသည့် ယန်ရှင့်နှင့် နှိုင်းစာလျှင် ယန်ကျင့်ရမ်သည် လင်းရှန်ကို ပို၍ အန္တရာယ်များသော ခံစားချက်ကို ပေးစွမ်းသည်။

တစ်ခဏမျှ မှင်တက်သွားပြီးနောက် လင်းရှန်သည် ခေါင်းယမ်းကာ ထိုကိစ္စကို စိတ်ထဲက ထုတ်လိုက်သည်။

အနာဂတ်တွင် ယန်ကျင့်ရမ် နှင့် ဆက်ဆံမည်ဆိုပါက ယခုလုပ်ရန်တစ်ခုသာ ရှိတော့သည်။ ၎င်းမှာ သူ၏ခွန်အားကို မြှင့်တင်ရန်ဖြစ်သည်။

လင်းရှန်သည် လဲလှယ်စာရင်းကိုဖွင့်ကာ စတင်ရှာဖွေခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း စာရင်းတွင် ခင်းကျင်းဖွဲ့စည်းပုံများကို တွေ့ရှိခဲ့သည်။

မဟာ ဒြပ်စင်ငါးခုဓားဖွဲ့စည်းပုံ၊ သာမန်အရည်အသွေးအမှတ်ဆယ်ခု

မရွေ့လျားတောင်တန်း၏ အပိုင်းခုနစ်ပိုင်း၊ သာမန်အရည်အသွေးအမှတ်ဆယ့်ငါးခု

နန်းတော်ကိုးခု ပေါင်းစပ်ခြင်း ဓားဖွဲ့စည်းပုံ၊ သာမန်အရည်အသွေးအမှတ်နှစ်ဆယ်

လင်းရှန်သည် လျင်မြန်စွာ ကြည့်ကာ ဝမ်းမြောက်သွားသည်။

စာရင်းတွင် မမျှော်လင့်ဘဲ ခင်းကျင်းဖွဲ့စည်းပုံသုံးဆယ်မှ လေးဆယ်အထိ များပြားခဲ့သည်။

၎င်းတို့သည် လူနည်းနည်းသာ လိုအပ်သော ယင်ယန်နှစ်ထပ်ဖွဲ့စည်းခြင်းနှင့် သုံးပွင့်ဆိုင်

ဖွဲ့စည်းခြင်းအပြင် လူတစ်ရာကျော်ရှိသော ကောင်းကင်ကြာပန်းဖွဲ့စည်းခြင်း နှင့် ဝက်အူရစ်တစ်ရာ အရိပ်ဖွဲ့စည်းခြင်းအထိဖြစ်သည်။

"နေကိုးစင်းဂိုဏ်းက သူတို့ရဲ့ တပည့်တွေအကြား မှာ ပူးပေါင်းဆောင်ရွက်မှုကို တော်တော် အလေးပေးပုံပဲ”

လင်းရှန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည် ။

ယခု သူကိုယ်တိုင်အပါအဝင် စုစုပေါင်း လူခုနစ်ယောက်ရှိလေ၏။ ပြောရလျှင် ခင်းကျင်းဖွဲ့စည်းရန် လူခုနစ်ဦးပါတာကို ရွေးချယ်သင့်သည်။

သို့သော် ထိုမျှမရိုးရှင်းပေ။

တိုက်ပွဲကအမြဲပြောင်းလဲနေသည်။ ရန်သူကို တိုက်ခိုက်ချင်တိုင်း သူ့ကိုယ်ပွါးခြောက်ယောက်လုံးကိုရရှိနိုင်မည်ဟု လင်းရှန်က အာမခံချက် မပေးနိုင်ပေ။

၎င်းတို့ထဲမှ တစ်ယောက် ပျောက်ဆုံးနေပါကလူခုနစ်ယောက်၏ ခင်းကျင်းဖွဲ့စည်းပုံသည် အသုံးမဝင်တော့ပေ။

သို့သော် လူငါးဦး သို့မဟုတ် ခြောက်ဦးသာလိုအပ်သော ခင်းကျင်းဖွဲ့စည်းပုံကို ရွေးချယ်ခြင်းသည် အမှိုက်ဖြစ်လိမ့်မည်။

အမြဲတမ်းမဟုတ်ပေမယ့် ပုံမှန်အားဖြင့် လူများလေလေ အခင်းအကျင်းဖွဲ့စည်းပုံ ပိုအားကောင်းလေပင်။

လင်းရှန်သည် ချက်ချင်းပင် လေးလေးနက်နက်တွေးသည်။

"လက်တွေ့ကျကျပြောရရင် မဟာဒြပ်စင် ငါးခု ဓားဖွဲ့စည်းပုံက လုံလောက်ပြီထင်တယ်"

ခင်းကျင်းဖွဲ့စည်းပုံ၏ ဖော်ပြချက်အရ မဟာဒြပ်စင်ငါးခု ဓားဖွဲ့စည်းပုံသည် လူငါးဦးဖြင့် ရသည်။ ၎င်းတို့သည် ဇီးသီးပွင့်များကဲ့သို့ တန်းစီပြီး ရန်သူကို အလယ်တွင် ဝိုင်းရံထားကာ ဓားရှည်များက အရပ်ရပ်မှ ရန်သူဆီကို တောက်ပသော အလင်းရောင်အဖြစ်နဲ့ ရောက်ရှိလာမည်ဖြစ်သည်။

သူတို့ငါးယောက်က တစ်ချိန်တည်းမှာ တိုက်ခိုက်ကြသည်။ သူတို့ရဲ့ တိုက်ခိုက်မှုတွေက ပိတ်ဆို့ထားပြီး အကန့်အသတ်မဲ့ စွမ်းအားတွေနဲ့ ပြည့်နေမည်ပင်။

ပို၍အရေးကြီးသည်မှာ ၎င်းတို့ငါးဦးသည် မဟာဒြပ်စင်ငါးပါးဓားဖွဲ့စည်းပုံ ပြုလုပ်ရန် လိုအပ်သောအနည်းဆုံးလူအရေအတွက်မျှသာဖြစ်သည်။

လိုအပ်ပါက လူဆယ်ယောက်၊ ဆယ့်ငါးယောက်၊ သို့မဟုတ် နှစ်ဆယ်တို့နဲ့လည်း မဟာဒြပ်စင်ငါးခုဓားဖွဲ့စည်းပုံကို အသုံးပြုနိုင်သည်။

အဖွဲ့တစ်ဖွဲ့တွင် အနည်းဆုံးလူငါးဦးလိုအပ်သော မဟာဒြပ်စင်ငါးပါး ဓားဖွဲ့စည်းပုံသည် တစ်ချိန်တည်းတွင် လူ (၁၂၅)ဦးအထိ အများဆုံးပါဝင်နိုင်သည်။

လူများလေလေ ဖွဲ့စည်းပုံအားကောင်းလေဖြစ်သည်။

အကယ်၍ သူသည် မဟာဒြပ်စင်ငါးပါး ဓားဖွဲ့စည်းပုံကိုရွေးချယ်ခဲ့မည်ဆိုလျှင် လင်းရှန် သူ့အနားတွင် လေးယောက်မျှသာရှိသော်လည်း တန်းစီရန် လူအလုံအလောက်စုဆောင်းနိုင်သေးသည်။

ထို့အပြင် အနာဂတ်တွင် ကိုယ်ပွါး အရေအတွက်ကိုးခုအထိတိုးလာသောအခါ သူသည် မဟာဒြပ်စင်ငါးပါး ဓားဖွဲ့စည်းပုံကို ဆက်လက်အသုံးပြုနိုင်သည်။

"ဒါပေမယ့် မရွေ့လျားတောင်တန်းရဲ့ ခုနစ်ပိုင်း အခင်းအကျင်းကလည်း မဆိုးဘူးလို့ထင်တယ်” လင်းရှန်က အခြား ခင်းကျင်းဖွဲ့စည်းပုံကို ကြည့်လိုက်သည်။

မရွေ့လျားတောင်တန်း၏ ခုနစ်ပိုင်း အခင်းအကျင်းသည် ကျင့်ကြံသူသခင်မှ မြင့်မားသော တောင်ကြီးကို ကြည့်ရှုနေစဉ် အဖြေရှာခဲ့သော

လက်ရာမြောက်အခင်းအကျင်းတစ်ခုဖြစ်သည်။

အခင်းအကျင်းတွင် လူအရေအတွက် နည်းနည်းက စလို့ ရတာကြောင့် အဆင်ပြေသည်။

လူနှစ်ယောက်နဲ့တောင် ထိုအခင်းအကျင်းကို သုံးနိုင်သည်။

လူသုံးယောက်ရှိလျှင် ၎င်းတို့သည် တိုက်ခိုက်ခုခံကာကွယ်နိုင်မည်ဖြစ်ပြီး ၎င်းတို့၏စွမ်းအားသည် အလွန်တိုးမြင့်လာမည်ဖြစ်သည်။

လူလေးယောက်ရှိရင် သူတို့ သုံးယောက်ထက် နှစ်ဆလောက် အားကောင်းလိမ့်မည်ပင်။

လူများလေလေ ဖွဲ့စည်းပုံအားကောင်းလေလေဖြစ်သည်။

အားနည်းချက်ကို ထောက်ပြရမည်ဆိုပါက အခင်းအကျင်းတွင် အများဆုံး လူခုနစ်ဦးသာပါဝင်နိုင်သည် ။

အခင်းအကျင်းနှစ်ခုကို ကြည့်ရင်း လင်းရှန်က လေးလေးနက်နက် တွေးလိုက်မိသည်။

မရွေ့လျားတောင်တန်း ခုနစ်ပိုင်းသည် အားကောင်းပြီး သွက်လက်

သော်လည်း ကန့်သတ်ထားသော အများဆုံးလူအရေအတွက်မှာ နည်းလွန်းသည်။

မဟာဒြပ်စင်ငါးခုဓားဖွဲ့စည်းပုံသည် လူအရည်အတွက် ပိုများသော်လည်း တန်းစီထားသောလူအရေအတွက်သည် ငါးခု၏အဆဖြစ်ရမည်ဖြစ်သောကြောင့် သူ့မှာလည်း အားနည်းချက်နဲ့ပင်။

သူတို့နှစ်ခုမှာ ကိုယ်ပိုင်အရည်အချင်းတွေရှိတော့ ရွေးရခက်သည်။

အတန်ကြာစဉ်းစားပြီးနောက် လင်းရှန်သည် နှစ်ခုလုံးကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။

အများစုကတော့ လေ့ကျင့်ဖို့ အချိန်ပိုပေးရုံပင်။

သူ့ခွန်အားကို မြှင့်တင်နိုင်သရွေ့ အချိန်ကုန်ခံရတာကို စိတ်မ၀င်စားပေ။

ခင်းကျင်းမှုနှစ်ခုသည် သူ့အတွက် သာမန်အရည်အသွေးအမှတ်

၂၅ခု ကုန်ကျစေခဲ့သည်။

လင်းရှန်သည် မစ်ရှင်ခန်းမသို့သွားပြီး ကျင့်ဟိုင်ထံမှရရှိသော ရှားပါးဆေးဖက်ဝင်အပင်များကို လဲတုန်းက သာမန်အရည်အသွေးအမှတ် ၂၃ခု ရရှိခဲ့သည်။

ခင်းကျင်းမှုနှစ်ခုကို လဲလှယ်ပြီးသည့်နောက်တွင် သာမန်အရည်အသွေး အမှတ်ခုနစ်ခုနှင့် အလယ်အလတ် အရည်အသွေးအမှတ် တစ်ခုသာ ကျန်တော့သည်။

တစ်ခုတည်းသော အလယ်အလတ် အရည်အသွေးအမှတ်သည် ကောင်းကင်အဆင့် တပည့်များအတွက် သတ်မှတ်ထားသော လစဉ်အကျိုးအမြတ်ဖြစ်သည်။

အတန်ကြာစဉ်းစားပြီးနောက် လင်းရှန်သည် ဖုံးကွယ်ခြင်း အဆောင်သုံးခုနှင့် ပျောက်ကွယ်ခြင်းအဆောင် သုံးခုကိုလဲလှယ်ရန်အတွက် နောက်ထပ် သာမန် အရည်အသွေးအမှတ် နှစ်ခုကို အသုံးပြုခဲ့သည်။

အိမ်ကြီးထဲကို ခိုးဝင်လိုက်တုန်းက ဖုံးကွယ်ခြင်းအဆောင်က တော်တော်အသုံးဝင်တာကို တွေ့ရတော့ လင်းရှန်အံ့ဩသွားသည်။

All Chapters