အခင်းအကျင်း ဖွဲ့စည်းပုံ ရွေးချယ်မှု၊ ဂူတည်နေရာ ပြိုင်ပွဲ(၂)
Vol. 11 Ch. 175
ခိုးဝင်တာရော၊ လွတ်မြောက်ဖို့ရောဆို သူတို့နှစ်ခုစလုံးက လက်တွေ့ကျသည်။
တစ်ခုတည်းသော ချို့ယွင်းချက်မှာ ဖုံးကွယ်ခြင်းအဆောင်သည် လူတစ်ဦး၏ အရောင်အဝါကိုသာ ဖုံးကွယ်ထားနိုင်သော်လည်း တစ်ဦးတစ်ယောက်၏ ပုံသဏ္ဍန်ကို မဖုံးကွယ်နိုင်ခြင်းပင်။
ဒါကိုပြင်ဆင်ဖို့အတွက် လင်းရှန်က ပျောက်ကွယ်ခြင်းအဆောင်ကိုလဲလှယ်ခဲ့သည်။
ထိုအရာကလည်း လူ၏ခန္ဓာကိုယ်ကို ဖုံးကွယ်ထားနိုင်သော်လည်း အရောင်အဝါကို မဖုံးကွယ်နိုင်ပေ။
အဆောင်နှစ်ခုကို ပေါင်းစပ်ထားတာ မှန်သည်။
"လျှို့ဝှက်မြူခိုးအဆောင်နဲ့တွဲသုံးရင် အကျိုးသက်ရောက်မှု ပိုကောင်းမယ်"
လင်းရှန်သည် သူ့တွင် ဆင်တူသည့် ပစ္စည်းအနည်းငယ်ရှိကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။
ဒါပေမယ့် သူတကယ် အန္တရာယ်ကြုံခဲ့ရင်တော့ လွတ်မြောက်ဖို့ နည်းလမ်းရှိသည်။
ဒါတွေအားလုံးလုပ်ပြီးနောက် လင်းရှန်သည် အရည်အသွေးခန်းမတံခါးကနေ ထွက်သွားပြီး ရုတ်တရက် ရပ်တန့်သွားသည်။
မီတာတစ်ရာအကွာက တောင်တက်လမ်းမှာ လူလေးယောက် ငြင်းခုံနေကြပြီး တစ်စုံတစ်ခုကို အပြင်းအထန် ဆွေးနွေးနေကြသည်။
လင်းရှန် အံ့အားသင့်သွားတာက သူတို့လေးယောက်စလုံးကို သိနေခြင်းဖြစ်သည်။
ယန်ကျုံးရီနဲ့စုနျန်အပြင် ကျန်နှစ်ယောက်မှာ ယန်ရှင်းနဲ့ လန်ရှင်းတို့ဖြစ်သည်။
"ဘာလို့ လေးယောက်တွဲနေတာလဲ"
လင်းရှန်က အံ့ဩသွားပြီး သူတို့လေးယောက်ဆီ လျှောက်သွားလိုက်သည်။
နီးကပ်လာသည်နှင့်အမျှ သူတို့လေးယောက် စကားများ ရန်ဖြစ်သံများကို ကြားလိုက်ရသည်။
" ယန်ကျုံးရီ၊ နားလည်စမ်းပါ၊ မင်းနဲ့ တစ်ခုခု လဲလှယ်ဖို့ ဆန္ဒရှိနေတာကို အေးဆေး လဲပေးလိုက်၊ မဟုတ်ရင် ငါ့အကို စီနီယာယန်က မင်းနေရာကို သိမ်းသွားရင် ဘာမှ ရမှာ မဟုတ်ဘူး။"
"ဖူး..တခြားသူတွေက ယန်ကျင့်ရမ်ကို ကြောက်ကြပေမယ့် ကျောင်းမှာက သူ့စည်းကမ်းနဲ့ သူရှိတယ်လေ။ သူက စည်းကမ်းဖောက်ပြီး ငါ့နေရာကို လုယူမှာလား”
"ဒါဆို မင်းငါ့ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တာပေါ့”
"ဘာလဲ မင်းက ရန်ပွဲကို ရွေးချင်တာလား၊ မင်းကို နှိမ့်ချတာတော့ မဟုတ်ဘူး ။ တိုက်ခိုက်ကြမှ ငါ့ရိုက်တာခံရရင် ငိုမနေနဲ့”
"မင်း”
လန်ရှင်းက ဒေါသအရမ်းထွက်ပြီး နဖူးပေါ်က သွေးကြောတွေ ပေါက်ထွက်သွားမတတ်ဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ တိုက်ခိုက်ဖို့ မဝံ့ရဲခဲ့ပေ။
ယန်ကျုံးရီ ပြောခဲ့သလိုပင်။ သူ့အဖေ၏တားမြစ်မှုကြောင့် ဝိညာဉ်သားရဲတွေကို တိုက်ခိုက်ဖို့ အတွေ့အကြုံ သိပ်မရှိပေ။ တပည့်တွေနဲ့ မတိုက်ခိုက်ဖူးတာကြောင့် သူ့ရဲ့ တိုက်ပွဲအတွေ့အကြုံက အကန့်အသတ်ရှိသည်။
သူ၏ ကျင့်ကြံမှုသည် ယန်ကျုံးရီထက် တစ်ဆ င့်သို့မဟုတ် နှစ်ဆင့် မြင့်မားသော်လည်း အမှန်တကယ် တိုက်ခိုက်ပါက သူသည် မည်သည့် အကျိုးကျေးဇူးမှ ရရှိနိုင်မည်မဟုတ်ပေ။
စုနျန်နဲ့ ယန်ရှင်းသည် ဘေးနားတွင် ရပ်ကာ စကားတစ်ခွန်းမှ မပြောဘဲ နှစ်ယောက်သား ရန်ဖြစ်နေကြတာကို ကြည့်နေသည် ။
သို့သော် ငြိမ်သက်နေပုံရသော်လည်း နောက်ပိုင်းတွင် မှုန်ကုပ်ကုပ်ဖြစ်နေသည်။
ထိုအချိန်တွင် ရင်းနှီးသောအသံကိုကြားလိုက်ရသည်။
"ကိစ္စအများကြီးဖြစ်နေပုံပဲ။ ငါပါ ဝင်ပါရမလား"
ယန်ကျုံးရီက လှည့်ကြည့်လိုက်ပြီး ချက်ချင်း ရယ်လိုက်သည် ။
" လင်း မင်းဘာလို့ဒီကိုရောက်နေတာလဲ"
စုနျန်မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ယန်ရှင်းနဲ့ လန်ရှင်းက အံ့သြသွားသည်။
လင်းရှန်ကို မြင်လိုက်သည့်အခိုက်တွင် ယန်ရှင်းသည် ပိုဆိုးသည်။ သူ့အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူဘာလုပ်ခဲ့သည်ကို သတိရသောအခါ သူ့မျက်နှာသည် ချက်ချင်းပင် ခရမ်းရောင်ပြောင်းသွားကာ အလွန်ရှက်ရွံ့သွားလေသည်။
စုနျန်က ယန်ရှင်းကို စာနာစိတ်နဲ့ ကြည့်လေ၏
ထိုမသိစိတ်လှုပ်ရှားမှုက လင်းရှန်သည် ယန်ရှင်းကို အဆင့်စိန်ခေါ်မှုတွင် မည်ကဲ့သို့ ထိတ်လန့်စေသည်ကို ပြသနေသည်။
လန်ရှင်းသည် လင်းရှန်ကို လုံးဝ မကြောက်ပေ။ သူက တုန်လှုပ်သွားကာ ချက်ချင်းပင် ရယ်မောလိုက်သည်။
"မင်းက နေရာတိုင်းမှာရှိနေတာပဲ”
လင်းရှန်က ပြုံးပြီး "ငါက မကြာခဏ မစ်ရှင်တွေ လက်ခံပြီး အပြင်ထွက်ရတယ်။
တခါတလေ အရည်အသွေး ခန်းမကိုလည်း လာရတယ်လေ။ ငါ့ဘဝက မင်းလောက် မလွယ်ဘူး။ မင်းကတော့ မင်းအဖေရဲ့လက်ဖဝါးထဲမှာ နေနိုင်တဲ့ ဘဝကိုး”
ဤအသုံးအနှုန်းကို သိပ်မသုံးကြပေ။ သို့သော် လန်ရှင်းက အရူးမဟုတ်ပေ။ ဘာပြောချင်တာကိုနားလည်ပြီး ဒေါသထွက်လာသည်။
သူက လင်းရှန်ကို ကြိမ်းမောင်းဖို့လုပ်စဉ် ယန်ရှင်းက သူ့ကို တားလိုက်ပြီး တစ်ချက် ကြည့်လိုက်သည်။
သွားကြစို့။ ဒီနေရာမှာအချိန် ဖြုန်းမနေတော့ဘူး
လင်းရှန်သည် ဤနေရာတွင် ရှိနေသဖြင့် ၎င်းတို့သည် ယန်ကျုံးရီအပေါ်
အနိုင်မကျင့်နိုင်ပေ။ စိတ်ပျက်စရာများကို ရှောင်ရှားရန် ချက်ချင်းပင် ထွက်ခွါသွားကြသည်။
လန်ရှင်းသည် ထိုအရာကို သဘောပေါက်လိုက်သော်လည်း သူသည် မခံမရပ်နိုင်ဖြစ်
နေသည်။ သူက လင်းရှန်ကို စိုက်ကြည့်ကာယန်ရှင်းနှင့် ထွက်သွားလေသည်။
ဖျက်လိုဖျက်စီးကောင်
လင်းရှန်က ခေါင်းကို ခါလိုက်ပြီး သူတို့ နှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။
"မင်းတို့ ဘာတွေ ငြင်းခုံနေတာလဲ”
ယန်ကျုံးရီနဲ့စုနျန်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း နှုတ်ဆိတ်ကြသည်။
"ဒါတွေအားလုံးက ကျားဖြူတောင်တန်းကြောင့်ပဲ"
“ကျားဖြူတောင်” ဟူသော စကားကိုကြားသောအခါ လင်းရှန်၏ နှလုံးသည် ပိုခုန်သွားကာ အသေးစိတ်အချက်အလက်များကို အမြန်မေးလိုက်သည်။
ယန်ကျုံးရီ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် သူတို့နှစ်ဦးသည် ဘာကြောင့် ယန်ရှင်း၊ လန်ရှင်းတို့နှင့် ရန်ဖြစ်နေသည်ကို နားလည်သွားခဲ့သည်။
ကျားမျိုးနွယ်ကို သုတ်သင်ပြီးသည့်နောက်တွင် ကျားဖြူတောင်တန်းအား မည်သို့ကိုင်တွယ်ရမည်ဆိုတာကို နေကိုးစင်းဂိုဏ်းအတွင်း အငြင်းပွားမှု ဖြစ်ခဲ့သည်။
ကျားဖြူတောင်သည် အနှစ်သာရစီရင်စုအဆင့် ရှိသည်။ လှိုဏ်ဂူရှိ ဝိညာဉ်ရေးရာအနှစ်သာရသည် နိုင်ယန်းကျောင်းတည်ရှိရာကဲ့သို့ ထူထပ်သည်။
ကျားဖြူတောင်တန်း၏ လှိုဏ်ဂူသည် ပျက်စီးသွားပြီး စစ်ပွဲအတွင်း ယန်မိသားစု၏ အမှားကြောင့် ဝိညာဉ်ရေးအနှစ်သာရ၏ သိပ်သည်းဆ သည် သိသိသာသာ လျော့ကျသွားသော်လည်း မှန်ကန်စွာ ပြုပြင်ထိန်းသိမ်းထားသရွေ့ ၎င်း၏ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားနိုင်သည်။
ဤကဲ့သို့တောင်တန်းများမှ နက်ရှိုင်းသော လှိုဏ်ဂူတစ်ခုကို ဆေးရွက်များ ပျိုးထောင်ရန် ဆေးဖက်ဆိုင်ရာ ဥယျာဉ်တစ်ခုအဖြစ် တည်ဆောက်နိုင်သည်။
ဝိညာဉ်သားရဲများကို လေ့ကျင့်ပျိုးထောင်ရန် သားရဲယဉ်ပါးရေး ဥယျာဉ်အဖြစ်လည်းပြောင်းလဲနိုင်သည်။
ထိုနေရာသည် အသုံးတည့်ပြီး အလွန်အဖိုးတန်သည်။
ထို့ကြောင့် ဂူဗိမာန်ကို ပြုပြင်ရန် ငွေကုန်ကြေးကျများမည် ဖြစ်သော်လည်း လူအများအပြားက ကျားဖြူတောင်ကို ရရှိရန် တိုက်ပွဲဝင်နေကြဆဲ ဖြစ်သည်။
ကျားဖြူတောင်တဝိုက်တွင် သြဇာကြီးမားသော မိသားစုဆယ့်ရှစ်ခု အပါအဝင် ဂိုဏ်းပေါင်းစုံက ပြင်းထန်သော ပြိုင်ဆိုင်မှုတစ်ခုတွင် ပါဝင်ခဲ့ကြသည်။
နောက်ဆုံးတော့ ကျားဖြူတောင်တန်းကို ယန်မိသားစုက သိမ်းယူသွားသည်။
"ကျားဖြူတောင်ကို သိမ်းပိုက်နိုင်ဖို့ ယန်မိသားစုက တန်ကြေးကြီးကြီးပေးရပြီး ပျိုးဥယျာဉ်တွေနဲ့ သားရဲတိရစ္ဆာန် ထိန်းကျောင်းခြင်း ဥယျာဉ်တွေအပြင် အမြုတေကျောက်မိုင်းငယ်တစ်ခုတောင် ပေးခဲ့ရတယ်”
ယန်ကျုံးရီက ဆက်တိုက်ပြောလေသည်။
"သူတို့ရဲ့ မျိုးနွယ်စုကို ပြန်လည်အသက်သွင်းဖို့အတွက် ယန်မိသားစုက ဒီအပေါ်မှာ အရာအားလုံးကိုအကုန်ကျခံထားတာ”
"မင်းပြောတဲ့အတိုင်းဆို ယန်သားစုက ကောင်းကောင်း အဆင်မပြေဘူးလား?"
ယန်ကျုံးရီက သူ့နှုတ်ခမ်းကို ကောက်ကွေးလိုက်ပြီး "ဒါက ထိန်းထိန်းသိမ်းသိမ်းပြောတာ ။ အခြေအနေတွေ မပြောင်းလဲဘူးဆိုရင် ယန်
မိသားစုက ဆယ်နှစ်အတွင်းမှာ မျိုးနွယ်စုကြီးငါးခုရဲ့ အဆင့်ကနေ နုတ်ထွက်ရတော့မှာ၊ ကျားဖြူတောင်တန်းလှိုဏ်ဂူ ကိုရလိုက်လို့၊ မဟုတ်ရင် အဲ့တာကပြောဖို့တောင်ခက် မှာ၊ အခုတော့ တစ်ကျော့ပြန်စလာပြီ”
"ယန်မိသားစုက ကျားဖြူတောင်တန်းလှိုဏ်ဂူကို ကောင်းကောင်းမထိန်းနိုင်ရင် နောက်ဆယ်နှစ်ကြာရင် အခြေအနေ ပိုဆိုးလာလိမ့်မယ်၊ သူတို့က သြဇာရှိတဲ့ ဆယ့်ရှစ်ခုမိသားစုထဲကနေတောင် တန်းဆင်းရလိမ့်မယ်”
"ဒါက မင်းအငြင်းအခုံနဲ့ ဘာဆိုင်လို့လဲ" လင်းရှန်ကမေးသည်။
ယန်ကျုံးရီက သူ့လက်တွေကို ဖြန့်ပြီး "ယန်မိသားစုက ဂူဗိမာန်ကို ပြုပြင်ဖို့ လူနဲ့ ပစ္စည်းအမြောက်အများ လိုအပ်တယ်။ အဲ့တော့ ဂိုဏ်းက နိုင်ယန်းကျောင်းက လူတွေကို စုဆောင်းနေတယ်။ ဆုတွေကလည်း ရက်ရောတယ်။
လူတော်တော်များများက သွားချင်ကြပေမယ့် ကံမကောင်းစွာပဲ အကန့်အသတ်ရှိတယ်။ နောက်ဆုံးမှာတော့ ကိုယ်စားလှယ်လောင်းတွေရဲ့ အစိတ်အပိုင်းတစ်ခုကိုပဲ ရွေးချယ်ခဲ့တယ်”
"ငါက မစ်ရှင်မှာ ပါဝင်နေတယ်လို့ လန်ရှင်းက ဘယ်က သိလာလည်း မသိပါဘူး၊ အဲ့တာကြောင့် သူက ငါ့ဆီလာပြီး နေရာအတွက် အရောင်းအ၀ယ်လုပ်ချင်တာ။
အဲ့ဒါကို ဘယ်လိုသဘောတူနိုင်မလဲ။ အဲ့တာနဲ့ စကားများကြတာ”
လင်းရှန်သည် နားလည်သွားသည်။ လန်ရှင်းသည် အမှန်တကယ်ပင် ရုန်းထွက်ရန် နည်းလမ်းမျိုးစုံကို ကြိုးစားခဲ့သည်ဟု တွေးမိလိုက်သည်။
အရည်အသွေးခန်းမတွင် မည်သည့်မစ်ရှင်ကိုမှ လက်မခံနိုင်သောကြောင့် နဂါးချောက်နက်တောင်တန်းသို့သွားနိုင်ရန် သီးသန့်နေရာများကို လဲလှယ်ပေးမည့် လူတစ်ဦးကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့သည်။
သူ့အဖေ ဆရာကြီးလန်ကတော့ မသိပေ။
ဒါကိုတွေးရင်း လင်းရှန်သည် အံ့သြသွားသလို ခံစားလိုက်ရသည်။
ယန်ရှင်းက ယန်မိသားစု၏ အဖွဲ့ဝင်မဟုတ်ဘူးလား ။ ဘာလို့ လန်ရှင်းက ယန်ရှင်းကို အကူအညီမတောင်းတာလဲ ?
ဒါကိုပြောပြီးတာနဲ့ ယန်ကျုံးရီနဲ့ စုနျန်က သူ့ကို ထူးဆန်းစွာ ကြည့်သည်။
လင်းရှန်ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် ယန်ကျူံးရီက သူ့လည်ချောင်းကို ရှင်းပြီး ရှင်းပြသည် ။
“ နောက်ဆုံးအကြိမ် တပည့်အဆင့်စိန်ခေါ်မှုမှာ မင်းကိုရှုံးပြီးကတည်းက ယန်ရှင်းရဲ့ အဆင့်အတန်းက ထိုးကျသွားတယ်။ သူ့ဝေစုကို ထက်မြက်တဲ့ မျိုးနွယ်စုတချို့ကို ခွဲဝေပေးလိုက်ရသလို ဖြစ်သွားတယ်။ သူ့ကိုသူတောင် မကာကွယ်နိုင်ဘူး ။ လန်ရှင်းကို ကူညီဖို့ ဘယ်လိုစွမ်းအင်တွေရှိပါ့မယ်”
“ ယန်ကျင့်ရမ်ရဲ့နာမည်ဂုဏ်သတင်းကို သုံးပြီး လန်ရှင်းကိုစိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပဲ ပေးစွမ်းနိုင်ပေမယ့် အဲဒါကို ငါက ကြောက်နေမှာ မဟုတ်ဘူး”
လင်းရှန်သည် ဒါက အကြောင်းပြချက်ဖြစ်လာဖို့ မမျှော်လင့်ထားပေ။ “ ယန်ကျင့်ရမ်က ဘာလို့လဲ”
“ ယန်ကျင့်ရမ်က အထက်အိမ်တော်၏ တပည့်ဖြစ်လာပြီး မကြာခင်မှာပဲ
နဂါးချောက်နက်တောင်တန်းကို ဂိုဏ်းရဲ့အကြီးအကဲတွေနဲ့ အတူ လိုက်သွားတယ်။ ဂူဗိမာန်ကို ပြုပြင်ဖို့ ပစ္စည်းတွေ စုဆောင်းတယ် ပြောတာပဲ”
ထိုအချိန်တွင် ယန်ကျုံးရီသည် လင်းရှန်ကို ကြည့်လိုက်ပြီး ပခုံးကို ဖက်ကာ ရယ်မောလိုက်သည်။
“အဲ့တာနဲ့ လင်း ၊ မင်းက ဘယ်အချိန်မှာ အထက်အိမ်တော်တပည့်တွေကို စိန်ခေါ်မှာလဲ ၊ ယန်ရှင်းက သူ့အစ်ကိုက အထက်အိမ်တော်မှာဆိုတော့ လူတိုင်းကို မောက်မာနေတာ”
လင်းရှန်က ရယ်မောရင်း ခေါင်းယမ်းကာ "ငါ မသေဆေး ဆေးတစ်လုံးကို စားထားတယ်ထင်နေတာလား။ ငါဘယ်လိုမြန်မြန်ရောက်မှာလဲ။ ငါက ကြာရှည်စွာ အသက်ရှုခြင်းအဆင့်မှာပဲလေ”
"မင်းရဲ့ ကျင့်ကြံမှုအရ မင်းက မသေဆေးတွေ စားပြီးပြီ ဆိုတာ သေချာပါတယ်”
ယန်ကျုံးရီက တခစ်ခစ်ရယ်ပြီး ခေါင်းယမ်းလိုက်သည်။
“မင်းရဲ့ အရည်အချင်းနဲ့ ဆို တောက်ပသော ဝင်ပေါက် အဆင့်ကို သိပ်မကြာခင်မှာပဲ ရောက်မယ်လို့ ငါယုံကြည်တယ်”