← Chapters

ရတနာကို ရယူခြင်း

Vol. 34 Ch. 469

ရတနာကို ရယူခြင်း

Vol. 34 Ch. 469

ဟန်လိသည် ခပ်မှန်မှန် လျှောက်လှမ်းလာစဉ်အတွင်း ထိုမြင်ကွင်းက သူ့စိတ်ကို လှုပ်ခတ်သွားစေပြီး မိန်းမောသွားစေသည်။ ဟန်လိသည် သူ၏ မသက်မသာ ခံစားမှုကို လစ်လျူရှုလျက် ပိုနက်နက်နေရာသို့ အတင်းအကြပ် ကြည့်ကြည့်သော်လည်း သူသည် ဘာကိုမျှ တွေ့မြင်ရခြင်းမရှိလေဘဲ အကြည့်ပြန်လွှဲလိုက်ရသည်။ သူ့၌ အားကောင်းလှသော စိတ်ဝိညာဉ်အာရုံ ပိုင်ဆိုင်ထားသော်လည်း သူသည် ထိုချောက်နက်နှင့် ပတ်သက်ပြီး ဘာကိုမျှ ရှာတွေ့နိုင်စွမ်း မရှိခဲ့ပေ။

ယင်းနောက်မှာ ဟန်လိသည် သူ့လမ်းကိုသူ ဆက်လျှောက်လာသည်။

သူသည် အဆောက်အဦနှင့် ပို၍ နီးကပ်လာသည်နှင့် ၎င်း၏ အစစ်အမှန် အရွယ်အစားသည် ပေါ်လွင်လာသည်။ ၎င်းသည် ပုံမှန် အဆောက်အဦများထက် လေးစလောက် ပိုကြီးမားနေသည်။ ၎င်း၏ ဝင်ပေါက် တံခါးသည် ခြောက်မီတာမျှ အမြင့်ရှိပြီး အဝါရောင်အလင်းမျက်နှာပြင်ဖြင့် ဖုံးလွှမ်းထားသည်။

ဟန်လိသည် အရှေ့သို့ ရောက်လာပြီးနောက်မှာ သူသည် အလင်းမျက်နှာပြင်ကို စူးစမ်းပြီး သူ့ခေါင်းထဲ၌ အတွေးများ ပြည့်နှက်သွားသည်။ မိုးပြာအလင်း လင်းလက်သွားပြီး သူ၏လက်မှာ ဓားအလင်းဖြင့် ဖုံးလွှမ်းသွား၏။ သူသည် သူ့လက်ချောင်းဖြင့် ထိုအလင်းမျက်နှာပြင်ထံသို့ ပေါ့ပေါ့ပါးပါး ထိကြည့်သည်။ အလင်းမျက်နှာပြင်သည် လှိုင်းဂယက်ထသွား၏။ သို့သော် ၎င်းသည် ဓားအလင်းကို နည်းနည်းလေးမျှ မခုခံဘဲ ခွင့်ပြုပေးသည်။

သည့်အတွက် ဟန်လိသည် နည်းနည်းတော့ အံ့အားသင့်မိသွားသည်။ ထို့နောက် သူသည် မိုးပြာဓားအလင်းကို ပြန်ရုတ်သိမ်းပြီး အဝါရောင်အလင်းထဲ သူ့လက်ကို ထည့်သွင်းကြည့်သည်။ သူက အေးစက်မှု နည်းနည်း ခံစားရ၏။ ဆက်ပြီး တွေဝေမနေတော့ဘဲ ဟန်လိသည် ရှေ့သို့ ခြေလှမ်း၏။ သူသည် အလင်းအကာအရံထဲ ပျောက်ကွယ်သွားသည်။

သို့သော် ထိုတံခါးအတွင်းသို့ ဝင်လာပြီးနောက်မှာ ဟန်လိသည် ထိတ်လန့်အံ့အားသင့်စွာဖြင့် နေရာတွင်သာ ရပ်နေမိသည်။

သူသည် တစ်မီတာဝန်းကျင်လောက် အမြင့်ရှိသည့် အဖြူရောင်ကျောက်စိမ်းစားပွဲဝိုင်းများ တတန်းတည်း ရှိနေတာကို မြင်သည်။ ၎င်းတို့သည် အရွယ်အစားမျိုးစုံပင်။ ထိုစားပွဲဝိုင်းများ၏ မျက်နှာပြင်များသည် တလက်လက် တောက်ပနေသော အရောင်မျိုးစုံအလင်းအရံအတားများနှင့် ဖုံးလွှမ်းထားသည်။ ၎င်းတို့၏ အောက်ဘက်၌ တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည့်အလား။

ဟန်လိသည် အာရုံစိုက်၍ ကြည့်၏။ သူသည် စိတ်လှုပ်ရှားနေဟန် ဖြစ်ပေါ်သည်။ ဟန်လိသည် ရတနာအလင်းခန်းမ ဟူသော စာလုံးများကို ပထမဆုံး စမြင်သည့်အချိန်ကတည်းက သူသည် ကံကောင်းမှုတစ်ခုနှင့် လာကြုံပြီမှန်း ခန့်မှန်းမိခဲ့သည်။ သည်အဆောက်အဦ၌ မရေမတွက်နိုင်သော ရှေးဟောင်းရတနာများစွာ ရှိနေဖို့ များသည်။ သို့ပေမည့် အနှီအဆောက်အဦသည် တသီးတသန့် ဖြစ်လွန်းသည်။ သည်ကို ရောက်လာကြသော လူအများစုသည် ဒုတိယထပ်သို့ ဆက်သွားရင်သွား သို့မဟုတ် ရှေးဟောင်းရတနာတစ်ခုကို ရွေးချယ်ပြီး ရှေ့ဆက်ကြပုံ ရသည်။

ထိုအတွေးဖြင့် ဟန်လိသည် ကျောက်စိမ်းစားပွဲများကို စူးစမ်းနေ၏။ သူ ထင်ထားသည့်အတိုင်းပင်။ သည်စားပွဲများကြား၌ ပစ္စည်းတစ်ခုကော၊ အလင်းအရံအတားကော ကင်းမဲ့နေကြ၏။

“ဒါက ဒုတိယထပ်ကို တက်တဲ့ လှေကားထစ်တွေလား…”

ဟန်လိသည် နည်းနည်းတော့ စဉ်းစားမရ ဖြစ်မိသည်။ သူက ဘေးပတ်လည်သို့ ဝေ့ကြည့်၏။ စိတ်ဝင်တစားဖြင့် သုံးလေးကြိမ်လောက် ဝေ့ကြည့်ပြီးနောက်မှာတော့ သူသည် မထင်မရှား ကျောက်စိမ်းစားပွဲတစ်ခုကို ထောက်လှမ်းမိသည်။ ထိုစားပွဲသည် ပထမထပ်၏ အနောက်ဘက်ခြမ်းမှာ ရှိနေပြီး တစ်ခုတည်း သီးသန့် ဖြစ်နေပုံ ပေါ်သည်။ ၎င်းမှာ အလွန်ချောမွေ့နေလျက် ရှိပြီး အသိရခက်သော အဆောင်အမှတ်အသားများကိုလည်း ရေးထွင်းထားသည်။

ဟန်လိသည် ၎င်းကို လေးငါးကြိမ်လောက် လေ့လာစူးစမ်းကြည့်ပြီးနောက်မှာ သူ၏ မန္တာန်အစီအရင်များနှင့် ပတ်သက်ပြီး ဗဟုသုတအရ ၎င်းမှာ ရိုးရှင်းသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုမှန်း ကောက်ချက်ချသည်။ ထို့နောက်တွင် သူသည် ကျောက်စိမ်းစားပွဲတန်းများကို ဖြည်းဖြည်းချင်း ဖြတ်ကျော် လျှောက်လာပြီး ၎င်းတို့၌ ပါဝင်သည့် ရှေးဟောင်းရတနာများကို ကြည့်ရှုသည်။

၎င်းတို့ကို ကြည့်ရှုပြီးနောက်မှာ ဟန်လိသည် မျက်မှောင်ကြုတ်သွားသည်။

“ဒီရှေးဟောင်းရတနာတွေဟာ စုတ်ပြတ်လွန်းမနေဘူးလား…”

ကျောက်စိမ်းစားပွဲ ဆယ်ခုလောက်ကို ကြည့်ရှုပြီးနောက်မှာ ဟန်လိသည် လုံးဝ စိတ်ဝင်စားမှု မရှိတော့ပေ။ သူက နေရာတွင်သာ ရပ်နေပြီး တစ်ကိုယ်တည်း တီးတိုးရေရွတ်နေ၏။ သူ့အသွင်မှာ သံသယဝင်ဟန် ပေါက်နေသည်။

ထိုကျောက်စိမ်းစားပွဲများပေါ်ရှိ ပစ္စည်းများသည် ရှေးဟောင်းရတနာများ ဟူသည့် အမည်ဖြင့်ပင် မထိုက်တန်နေပေ။ ၎င်းတို့၌ ရှေးဟောင်းချီ အရောင်များ တောက်ပနေသော်လည်း ဟန်လိသည် ထိုပစ္စည်းများသည် အခုခေတ်တွင် သုံးစွဲနေသော ဓားများ၊ ဆေဘာဓားများနှင့် အဆင့်တူတူလောက်သာ ဖြစ်မှန်း သဘောပေါက်သည်။ ၎င်းတို့၏ စွမ်းရည်များသည် ထူးခြားမနေချေ။

တကယ်တော့ ၎င်းတို့သည် အသုံးမတည့်သည့်အရာများဟူ၍ပင် ပြောနိုင်သည်။ သို့သော် သူ့၌ ဝါးတိမ်အုပ်ဓားများ ပိုင်ဆိုင်ထားသည် ဖြစ်၍ သည်ပထမထပ်ရှိ မှော်ပစ္စည်းများသည် ဟန်လိကို အနည်းအကျဉ်းလောက်သာ စိတ်ဝင်စားစေသည်။ သူသည် သူ၏ ပန်းခြင်းကဲ့သို့ ထူးကဲလှသော စွမ်းရည်များနှင့် ရှေးဟောင်းရတနာများကိုသာ လိုချင်ပေသည်။

ထိုသို့ တွေးမိသော်လည်း သူသည် သည်အထပ်ရှိ ပစ္စည်းများအားလုံးကိုတော့ သေချာ ကြည့်ရှုသည်။ သူ တစ်ခုခု လွတ်သွားတာမျိုး ရှိမှာ စိုး၍ပင်။ သည့်နောက်တွင်မူ ဟန်လိသည် သက်ပြင်းချကာ ဆက်ပြီး တွေဝေမနေတော့ဘဲ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံသို့ လျှောက်လာသည်။ သူသည် ဒုတိယထပ်ရှိ ပစ္စည်းများကမူ ကွဲပြားလိမ့်မည်ဟု ယုံကြည်ထားသည်။

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ပေါ်တွင် စိတ်ဝိညာဉ်ကျောက်တုံးများကို နေရာချပြီးနောက်မှာ ဟန်လိသည် နောက်ထပ်နေရာအသစ်တစ်ခုထံသို့ ရောက်ရှိသွားလေသည်။

“ဒါက ရတနာအလင်းခန်းမရဲ့ ဒုတိယထပ်လား…”

ဟန်လိသည် သူ့ရှေ့သို့ မျက်လုံးကစား၍ ကြည့်သည်။

အခန်းသည် သိပ်မကြီးမားလှပေ။ သူ့ရှေ့ရှိ စက်ဝန်းအသွင် အလင်းအရံအတားတစ်ခုကလွဲ၍ အခန်းထဲ၌ အခြားမည်သည့်အရာမျှ ရှိမနေပေ။ အလင်းအရံအတားသည် မီတာလေးဆယ်မျှ အမြင့်ရှိပြီး အခန်းဗဟိုချက်နှင့် သုံးမီတာအမြင့်လောက်တွင် မြောလွင့်နေသည်။ ၎င်းသည် ညင်သာသော မိုးပြာအလင်းဖြာထွက်၍ တောက်ပလျက် ရှိသည်။ ၎င်းအတွင်း၌ ရှေးဟောင်းရတနာမျိုးစုံသည် တည်ငြိမ်စွာ မြောလွင့်လျက်ပင်။

၎င်းတို့ထဲတွင် ဟန်လိ အရင်က မမြင်ဖူးခဲ့သော စာလိပ်များ၊ ကျောက်စိမ်းချပ်များ၊ ခွက်များ၊ အနက်ရောင်အလံများ ပါဝင်သည်။

ဤသည်ကို မြင်သည့်အခါ ဟန်လိသည် ကျေနပ်ပျော်ရွှင်သွား၏။ သူသည် နေရာမှန်သို့ ရောက်လာခဲ့ပြီမှန်း သိလိုက်၏။ သို့ပေမည့် ၎င်းတို့သည် မြင်သာထင်သာ ရှိလွန်းလှ၏။ ၎င်းတို့ကို အလွယ်တကူသာ ယူ၍ ရသည်ဆိုလျှင် သူ အခု ရောက်လာသည့်အချိန်ထိ ရှိနေတော့လိမ့်မည် မဟုတ်ပါ။

ထိုအတွေးဖြင့် ဟန်လိသည် အလင်းစက်ဝန်းထံ လက်နောက်ပစ်လျက် ဖြည်းဖြည်းချင်း လျှောက်လာသည်။ ၎င်းကို အလျင်အမြန် လှည့်ပတ်ကြည့်ရှုပြီးနောက်မှာတော့ သူ ရပ်သည်။ သူ့ပါးစပ်ကို ဟပြီး တစ်လက်မမျှ အရှည်ရှိ မိုးပြာဓားတစ်လက်ကို ထွေးထုတ်သည်။ ၎င်းသည် သူ့ခေါင်းထက်မှာ အကြိမ်များစွာ လှည့်ပတ်သည်။ ထို့နောက်တွင်တော့ အလင်းအရံအတားထံသို့ မိုးပြာအလင်းတန်းတစ်ခုအဖြစ် ထိုးစိုက်ဝင်သွားသည်။

ဖန်း…။ ဓားအလင်းတန်းသည် အလင်းအရံအတားကို ထွင်းဖောက်ရန် ကြိုးစားသည့်နေရာမှ အပြာရောင်အလင်းသည် တောက်ပသွားသည်။ ထို့နောက်တွင် ဓားအလင်းသည် ချက်ခြင်း ပြန်ကပ်ထွက်သွား၏။ အရံအတားအပေါ်၌ မည်သည့် ခြစ်ရာမှပင် မကျန်ခဲ့ပေ။

ဟန်လိသည် သည့်အတွက်ကြောင့် အံ့အားမသင့်သွားပေ။ သူသည် ထိုရှေးဟောင်းရတနာများ မည်မျှ အဖိုးတန်ကြောင်းကို စမ်းသပ်ကြည့်လိုက်ရုံမျှသာ။

စိတ်လှုပ်ရှားသည့် ဟန်ပန်ဖြင့် ဟန်လိသည် ပါးစပ်ဟပြီး ဓားငယ်ရှစ်လက်ကျော်ကို ထွေးထုတ်သည်။ ဓားကိုးစင်းကား သူ့အထက်၌ ရှည်လျားသော ဓားတေးသံကို ထုတ်ဖော်ပြီး မိုးပြာဓားကြီးအဖြစ် ပေါင်းစည်းသည်။

“တိုက်ခိုက်စေ…” ဟန်လိသည် ခပ်တိုးတိုး ရေရွတ်၏။

ထိုဓားကြီးကား တောင်ကို ချေမွမည့် အဟုန်မျိုးဖြင့် အလင်းအရံအတားကို ခုတ်ပိုင်းလာသည်။ အရံအတားနှင့် ဓားချက်တို့ ထိမိချင်းချင်း တစ်မီတာမျှကြီးမားသည့် အပေါက်တစ်ခု ပေါ်လာ၏။ ဟန်လိသည် ပျော်သွားသည်။ သို့သော် သူ မလှုပ်ရှားနိုင်ခင်မှာပင် ဓားကြီးသည် အလင်းအရံအတားထံမှ ရုတ်တရက် ပြန်လွင့်ထွက်လာသည်။ အပြာရောင်အလင်း လင်းလက်သွားပြီး အလင်းအရံအတားသည် ပုံမှန် ပြန်ဖြစ်သွားလေ၏။

ဟန်လိ လန့်သွားမိသည်။ ထို့နောက်တွင် သူသည် သုန်မှုန်သည့်ဟန်ဖြင့် မေးစေ့ကို ပွတ်ကာ ထိုအလင်းအရံအတားစက်ဝန်းကို ထပ်မံ စူးစမ်းကြည့်၏။

ခဏအကြာတွင် ဟန်လိ၏ အမူအရာသည် စိတ်သက်သာရာ ရသွားပုံ ပေါ်သည်။ သူ ပြုံးယောင်သမ်းသွား၏။ သူက ဧရာမဓားထံ လက်ညွှန်သည်။ ၎င်းကို ဓားငယ်ကိုးလက်အဖြစ်သို့ ပြန်ပြောင်းစေ၏။ ၎င်းဓားငယ်များကို သူ၏ ခန္ဓာကိုယ်ထဲ ပြန်ရောက်လာစေပြီးနောက်မှာ သူ့ခါးထံသို့ လက်ဆန့်ထုတ်ပြီး ရွှေဝါးမြိုခြင်းပိုးတောင်မာများ ထည့်သိမ်းထားသည့် သိုလှောင်အိတ်များကို ထုတ်ယူသည်။

စူးရှကျယ်လောင်သော မြည်သံနှင့်အတူ ရွှေငွေရောင်အင်းဆက်အုပ်သည် သိုလှောင်အိတ်များထဲမှ တပြုံကြီး ပျံသန်းထွက်လာသည်။ ဟန်လိက ခပ်တိုးတိုး လေချွန်သံ ပေးသည်။ ထိုအခါ အင်းဆက်အုပ်ကြီးသည် အလင်းစက်ဝန်းထံ တိုးဝင်သွား၏။ ချက်ခြင်းပင် အင်းဆက်များကား အလင်းအရံအတားကို ခြုံလွှမ်းသွားသည်။ ခဏမျှအကြာတွင် အင်းဆက်များသည် အလင်းအရံအတားအပေါ်၌ တစ်မီတာမျှ အပေါက်တစ်ပေါက်ကို ဖြစ်စေအောင် ကြမ်းတမ်းစွာ ကိုက်ခဲစုတ်ဖြဲပစ်ကြသည်။

အလင်းအရံအတားထံမှ အပြာရောင်အလင်း မြောက်များစွာ ထွက်ပေါ်ပြီး ထိုလုံးဝန်းသော အပေါက်ကို ပုံပျက်ယွင်း၍ ကြုံ့စေသည်။ အရံအတားသည် ရွှေဝါးမြိုခြင်းပိုးတောင်မာများ ဝါးမြိုဖျက်စီးနိုင်သည့်နှုန်းထက် ပိုမြန်ဆန်စွာ ပြန်ကောင်းမွန်လေသည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် ဖင်နှေးမနေဝံ့တော့ပေ။ ချက်ခြင်း သူသည် မိုးပြာအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလျက် ၎င်းအပေါက် မပိတ်ခင် လျင်မြန်စွာ ပြေးဝင်လာသည်။

အလင်းအရံအတားအတွင်းရှိ မိုးပြာအလင်းသည် လွင့်ပြယ်သွားပြီး ဟန်လိ၏ အသွင် ပေါ်ထွက်လာသည်။ သူသည် အလင်းစက်ဝန်းအတွင်းရှိ ရှေးဟောင်းရတနာများစွာ ကြား၌ လွင့်မြောလျက် ရှိသည်။ ထိုရတနာများ၏ အော်ရာများကြောင့် ဟန်လိသည် များစွာ စိတ်လှုပ်ရှားရပါသည်။ သို့သော် ဟန်လိသည် အချိန်ကြာကြာ စောင့်မနေဝံ့ပေ။ သူသည် သူ့စိတ်ဝိညာဉ်အာရုံကို အလျင်အမြန် ဖြန့်ကျက်၍ ရှေးဟောင်းရတနာများ၏ စိတ်ဝိညာဉ်ချီ သိပ်သည်းမှုကို စစ်ဆေးကြည့်သည်။ ခဏအကြာတွင် သူ့အသွင်သည် ခါးသီးဟန် ဖြစ်ပေါ်၏။ သူ၏ စိတ်ဝိညာဉ်အာရုံသည် သည်အရံအတားအတွင်း၌ သူ့ခန္ဓာကိုယ်ထဲမှ ထွက်နိုင်စွမ်းမရှိ ဖြစ်နေသောကြောင့်ပင်။ ထိုအခါ သူ့အဖို့ သူ၏ အလိုလို သိစိတ်နှင့် အတွေ့အကြုံတို့ကိုသာ မှီခိုပြီး ရတနာတစ်ခုကို ရွေးချယ်ရပေတော့မည်။

အခြား ရွေးချယ်စရာ မရှိတော့သည် ဖြစ်၍ ဟန်လိသည် ထိုပစ္စည်းများကို သူ့ ပကတိမျက်စိဖြင့်သာ ကြည့်ရှုရတော့သည်။

“ထူးခြားလိုက်တဲ့ ဓားသွားတစ်ခုပါလား။ မဟုတ်သေးဘူး။ ဒါက တိုက်ခိုက်ရေးရှေးဟောင်းရတနာတစ်ခု ဖြစ်တာ သိသာတယ်။ ဒီလိုအရာတွေက အရမ်း ရှားမနေဘူး…”

“အမိန့်ပေးတံဆိပ်ပြား။ မဟုတ်သေးဘူး။ ဒီဟာပေါ်မှာ ထူးခြားတဲ့ သားရဲတစ်ကောင်ရဲ့ ပုံရိပ်ကို ရေးထွင်းထားတယ်။ ဒါ့ကြောင့် ဒါဟာလည်း အေးခဲယန်ငှက်တွေရဲ့ စာလိပ်ပန်းချီလိုဟာမျိုးပဲ ဖြစ်လိမ့်မယ်။ စိတ်ဝိညာဉ်သားရဲရဲ့ ဝိညာဉ်တွေကို သိမ်းဆည်းထားတဲ့ တံဆိပ်ပြားတစ်ခုပဲ နေမှာ…”

“ကျော့ကွင်းဗုံလား။ ဒါက ဘာများလဲ။ ဒါကို ငါ ဘယ်လို အသုံးပြုရမလဲ မသိဘူး။ ထားလိုက်တော့…”

ဟန်လိသည် သူ မရွေးချယ်မည့် ရှေးဟောင်းရတနာ တစ်ခုပြီးတစ်ခုကို ဖယ်ရှားနေသည်။ တဖြည်းဖြည်းဖြင့် ဟန်လိ ရွေးချယ်သော စာရင်းတွင် ရတနာသုံးခု ရှိလာသည်။ ၎င်းတို့မှာ ရွှေရောင်ဘဲဥပုံကြေးမုံ၊၊ ငါးရောင်စုံကြေးကြိုးကွင်း၊ အနီရင့်ရောင် ဝတ်ရုံရှည်တို့ပင်။

ဟန်လိသည် ၎င်းတို့ကို ရွေးချယ်ထားရသည့် အကြောင်းရင်းများ ရှိနေသည်ပင်။ ရွှေရောင်ကြေးမံဆို ကြေးမုံအမျိုးအစား ရတနာများသည် ထူးခြားသိသာသော စွမ်းရည်များကို ပိုင်ဆိုင်ထားတတ်သည် မဟုတ်လား။ ဟန်လိသည် ထိုကဲ့သို့ အစွမ်းထက်ရတနာတစ်ခုကို လက်မလွှတ်ချင်ပေ။

ငါးရောင်စုံကြေးကြိုးကွင်းများတွင်မူ ဓာတ်ငါးပါး ပါဝင်နေ၏။ သူသည် ၎င်း၏ စွမ်းရည်ကို မသိသော်လည်း အားနည်လိမ့်မည် မဟုတ်တာတော့ သိသည်။

ဝတ်ရုံရှည်ကမူ…။

All Chapters