← Chapters

ခေါင်းမာသောနွား

Vol. 145 Ch. 2018

ခေါင်းမာသောနွား

Vol. 145 Ch. 2018

“အဲ့လောက်စွမ်းအားကြီးတယ်လား”

ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ပေတစ်ထောင်ရှည်သော သားရဲအပေါ်သို့ ရောက်သွား၏။ ၎င်းက အနက်ရောင်နွားသိုးတစ်ကောင်နှင့် တူသည်။ သို့သော် ၎င်း၏ ကျောကို ဆူးချွန်များက ဖုံးလွှမ်းထားပေသည်။ ကျန်းရီ အံ့ဩနေ၏။

“ပြန်ဆုတ်...”

ကျန်းရီသည် မစွန့်စားဝံ့သဖြင့် ကောင်းကင်ဝါးမျိုသားရဲလေးကို ခေါ်ကာ ကောင်းကင်ဘုံခုံရုံးဆီသို့ ပြန်ဆုတ်လိုက်သည်။ သူ မလှုပ်ခဲ့လျှင် ကောင်းပေလိမ့်မည်။ သို့သော် သူ လှုပ်လိုက်သည်နှင့် ချီသံသားရဲ၏ အာရုံကို ဆွဲဆောင်လိုက်သလို ဖြစ်သွားသည်။ ကြီးမားအေးစက်သော မျက်လုံးတစ်စုံက သူ့ထံသို့ ရောက်လာလေသည်။

“ဝမ်းဘဲ...”

ချီသံသားရဲက အော်လိုက်၏။ ကျန်းရီသည် သူ့စိတ်ဝိညာဉ် တုန်သွားသည်ကို ခံစားလိုက်ရ၏။ ချီသံသားရဲသည် ခြေထောက်ကွေး၍ စတင်ပြေးလာလေသည်။

ဖုန်း...ဖုန်း...

ချီသံသားရဲ၏ တိုင်ကဲ့သို့သော ခြေထောက်များက မြေပေါ် ဆောင့်လိုက်တိုင်း မြေပြင်က ပြင်းထန်စွာ တုန်ခါသွားသည်။ ကျန်းရီက ချီသံသားရဲနှင့် ကီလိုမီတာတစ်ရာ့ငါးဆယ်အကွာတွင် ရှိနေသည်။ သို့သော် မြေပြင်တုန်ခါမှုကို သူ ခံစားရပေသေးသည်။ ထို့ကြောင့် ချီသံသားရဲက မည်မျှစွမ်းအားကြီးကြောင်းကို ‌တွေးကြည့်နိုင်ပေသည်။

ဖုန်း...ဖုန်း...ဖုန်း...

ခြေသံများက ပို၍ ပို၍ ကျယ်လာသည်။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ချီသံသားရဲမှ ပိုမို လျင်မြန်လာကြောင်း မြင်နိုင်သည်။ ၎င်းသည် ဧရာမအနက်ရောင်တောင်ကြီး ရွေ့လျားလာသကဲ့သို့ပင်။ ပတ်ဝန်းကျင်မှ လေထုကလည်း ပြင်းထန်စွာ တုန်ခါနေသည်။ ယင်းမှာ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုပင်။

“မြန်မြန်...”

ကျန်းရီသည် ပေါင်းစည်းမိုးမြေစွမ်းအားကို လှည့်ပတ်လိုက်၏။ သူ့အမြန်နှုန်းက အမြင့်ဆုံးသို့ ရောက်သွားသည်။ ကံကောင်းစွာပင် သူက ကောင်းကင်ဘုံခုံရုံးနှင့် သိပ်ဝေးမနေခဲ့ပေ။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ ကောင်းကင်ဘုံခုံရုံးအနီးသို့ ရောက်သွားပေသည်။

ဖု်နး...ဖုန်း...ဖုန်း...

အဝေးမှနေ၍ သံမဏိအလင်းတန်းတစ်တန်းက ကျန်းရီထံသို့ ကျယ်လောင်သော အသံနှင့် ဦးတည်လာနေ၏။ မြေပြင်မှာလည်း တုန်ခါနေသည်။ ကျန်းရီသည် တစ်ချက်ကြည့်ပြီးနောက် ပို၍ တုန်လှုပ်သွား၏။ ချီသံသားရဲ ဖြတ်သွားသောနေရာတိုင်းတွင် အာကာပြင်အက်ကြောင်းများ ဖြစ်ပေါ်လာသည်။ ၎င်းက အလွန်လျင်မြန်လွန်းရာ အာကာပြင်ကိုပင် စုတ်ဖြဲသွားခြင်းဖြစ်သည်။ ဤနေရာမှ အာကာပြင်က ပုံမှန်ဆိုလျှင် အလွန်ခိုင်မာကြောင်း မမေ့သင့်ပေ။

ရွှီး...

ကျန်းရီ ကောင်းကင်ဘုံခုံရုံးထဲ တည်နေရာပြောင်းရွှေ့လိုက်၏။ သူ အထဲရောက်ပြီးနောက် နှစ်စက္ကန့်အကြာတွင် ဧရာမသားရဲကြီးက ကောင်းကင်ဘုံခုံရုံးကို ဝင်တိုက်လိုက်သည်။

ဝုန်း...

ကောင်းကင်ဘုံခုံရုံးတစ်ခုလုံး အတန်ငယ် တုန်ခါသွား၏။ ကျန်းရီ ကောင်းကင်စိတ်အာရုံနှင့် ပတ်ဝန်းကျင်ကို အာရုံခံပြီးနောက် မျက်နှာထားပြောင်းသွား၏။ ထိုတိုက်ခိုက်မှုက မိုးပြာမဟာဧကရာဇ်၏ တိုက်ခိုက်မှုနှင့်ပင် ယှဉ်နိုင်သည်။

ထိုချီသံသားရဲ၏ တိုက်ခိုက်မှုကို ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများက ရှောင်နိုင်လောက်သော်လည်း ကျန်းရီသည် ၎င်း၏ ကြောက်မက်ဖွယ်အင်အားကြောင့် တုန်လှုပ်သွားသေးပေသည်။

ကျန်းရီ ပေါင်းစည်းမိုးမြေစွမ်းအားကို သုံးလိုက်လျှင် သူ့ခွန်အားက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်နှင့် ယှဉ်နိုင်သွားသည်။ အကယ်၍ ထိုချီသံသားရဲကသာ သူ့ကို တိုက်ရိုက်ဝင်တိုက်လိုက်လျှင် သူ သေချာပေါက် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပေလိမ့်မည်။

ဝှစ်...

အပြင်ဘက်မှ ချီသံသားရဲက ချက်ချင်း နောက်ပြန်လှည့်၍ အကွာအဝေးတစ်ခုအထိ ပြေးသွား၏။ မိုင်တစ်ထောင် ပြေးပြီးနောက် ပြန်လှည့်ကာ ကောင်းကင်ဘုံခုံရုံးဆီသို့ သံမဏိမုန်တိုင်းတစ်ခုအလား ပြေးလာလေသည်။

ဝုန်း...

ကောင်းကင်ဘုံခုံရုံး ထပ်မံ၍ အတန်ငယ် တုန်ခါသွား၏။ အတွင်းမှ စွမ်းအင်ကလည်း လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ထို့နောက် ချီသံသားရဲက ထပ်မံ၍ နောက်လှည့်သွားပြန်သည်။

ချီသံသားရဲ၏ တိုက်ခိုက်မှုက အလွန်ရိုးရှင်းသည်။ ၎င်းက ၎င်း၏ အားကောင်းသော တိုက်အားကိုသာ မှီခိုနေခြင်းပင်။ ၎င်းသည် ကျန်းရီကို တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီဖြစ်ပြီး ကောင်းကင်ဘုံခုံရုံး မပျက်စီးသ၍ ရပ်တန့်မည် မဟုတ်ချေ။

ဝှစ်...

ချီဟုန်က အသံပို့လွှတ်မလာရာ သူ့ထံတွင်လည်း ထိုချီသံသားရဲကို ကိုင်တွယ်နိုင်မည့် နည်းလမ်း မရှိကြောင်း ထင်ရှားသည်။ ကျန်းရီ အံကြိတ်၍ အပြင်သို့ တည်နေရာပြောင်းရွှေ့လိုက်၏။ ထို့နောက် ကောင်းကင်ဘုံခုံရုံးအရှေ့တွင် လေအရင်းအမြစ် လေဆင်နှာမောင်းများစွာကို ထုတ်လွှတ်လိုက်သည်။ လေအရင်းအမြစ် လေဆင်နှာမောင်းများက ထိုချီသံသားရဲကို ခြောက်ထုတ်နိုင်၊ မနိုင် သူ သိလိုပေသည်။

ကျန်းရီ၏ အတွေးက အလွန်ဖျင်းခဲ့၏။

ချီသံသားရဲသည် တွန့်ဆုတ်ဟန် တစ်ချက်မပြဘဲ အရှေ့သို့ ပြေးလာကာ လေဆင်နှာမောင်းများကို တိုက်ရိုက် ထိုးဖောက်သွားသည်။ လေဆင်နှာမောင်းလေးများသည် သတ္တုချင်း ထိမိသကဲ့သို့ ချီသံသားရဲ၏ ပတ်ပတ်လည်တွင် တွန့်ခေါက်သွားကြသည်။ သတ္တုချင်းထိတွေ့သံနှင့် မီးပွားများလည်း ထွက်ပေါ်လာသည်။ လေအရင်းအမြစ်အားလုံး ဘေးသို့ တွန်းထုတ်ခံလိုက်ရပေသည်။ ချီသံသားရဲ၏ အမြန်နှုန်းက အတန်ငယ်သာ လျော့ကျသွား၏။ ထို့နောက် ၎င်း ကောင်းကင်ဘုံခုံရုံးကို ထပ်၍ ဝင်တိုက်လိုက်သည်။

‘အဲ့သားရဲရဲ့ ခံနိုင်ရည်က အဲ့လောက်စွမ်းအားကြီးတယ်လား’

ကျန်းရီ မယုံနိုင်ဖြစ်သွားသည်။ ချီသံသားရဲ ပြန်လှည့်သွားသည်ကို စောင့်ပြီးနောက် သူ ထပ်မံ၍ အပြင်သို့ တည်နေရာပြောင်းရွှေ့လိုက်သည်။ ပြီးလျှင် မီးအရင်းအမြစ်ကို ထုတ်ကာ အရှေ့သို့ ပစ်လွှတ်လိုက်ပြီး ကောင်းကင်ဘုံခုံရုံးထဲ ချက်ချင်း ပြန်ဝင်သွားလေသည်။

ချီသံသားရဲသည် မီးအရင်းအမြစ်ကိုလည်း မကြောက်ရွံ့ဘဲ အရှေ့သို့ ပြေးဝင်လာပြန်သည်။ ကြောက်မက်ဖွယ် မီးအရင်းအမြစ်က ၎င်း၏ ခန္ဓာကိုယ်ကို မီးကျွမ်းသွားစေနိုင်ပြီး အရေပြားကို လောင်ကျွမ်းနိုင်သော်လည်း ၎င်းက လုံးဝ အရေးမစိုက်ဘဲ ကောင်းကင်ဘုံခုံရုံးကို ဝင်တိုက်လိုက်သည်။

ထို့နောက် နောက်လှည့်ကာ ထပ်မံ ပြေးဝင်တိုက်သည်။

ကျန်းရီကို စိတ်ဓာတ်ကျနေစေသည်မှာ...

ချီသံသားရဲ နောက်ပြန်လှည့်သွားပြီးနောက် မီးကျွမ်းနေသော ၎င်း၏ အရေပြားက တစ်ဝက်ကျော်လောက် ပြန်ကောင်းသွားခြင်းပင်။ ၎င်း၏ ကိုယ်တိုင်ကုသနိုင်စွမ်းက အလွန်အားကောင်းသည်။ ၎င်း၏ ရုပ်ခန္ဓာကလည်း အလွန်စွမ်းအားကြီးရာ လူတစ်ယောက်ကို ရင်တုန်စေပေသည်။

အခြားနည်းလမ်း မရှိတော့ပေ။

ကျန်းရီထံတွင် နောက်ဆုံးတစ်ကွက်သာ ကျန်တော့သည်။ ချီသံသားရဲက ကောင်းကင်ဘုံခုံရုံးကို ဝင်တိုက်လိုက်ချိန်တွင် ကောင်းကင်ဘုံခုံရုံးထဲမှနေ၍ နွယ်အိုများ ထွက်လာပြီး ၎င်း၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ကြ၏။ တစ်ချိန်တည်းမှာပင် အသက်နွယ်လည်း ထွက်လာကာ ၎င်း၏ ခြေထောက်တစ်ချောင်းကို ရစ်ပတ်၍ ၎င်း၏အသက်စွမ်းအားကို လျင်မြန်စွာ စုပ်ယူလိုက်သည်။

ဖြန်း...ဖြန်း...ဖြန်း...

ချီသံသားရဲသည် အနောက်လှည့်၍ နွယ်အိုအားလုံးကို ဖြတ်ပစ်လိုက်၏။ ကျန်းရီက လျင်မြန်စွာ တုံ့ပြန်နိုင်လိုက်၍သာ အသက်နွယ်ကို ပြတ်မသွားခင် နောက်ဆုတ်စေနိုင်ခဲ့ခြင်းဖြစ်သည်။

ချီသံသားရဲ အဝေးသို့ ထွက်ပြေးသွား၏။ သို့သော် ၎င်းသည် ပြေးနေရင်း အသက်နွယ်ကို တစ်ချက် လှည့်ကြည့်သည်။ ၎င်း၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့သည့် အရိပ်အယောင်တစ်ခု လက်သွားပေသည်။

“ဟုတ်ပြီ”

အသက်နွယ်က ချီသံသားရဲ၏ အသက်စွမ်းအားကို စုပ်ယူနိုင်သည်။ တစ်ကြိမ်လျှင် အနည်းငယ်သာ စုပ်ယူနိုင်သည် ဆိုသော်လည်း အကြိမ်များစွာ စုပ်ယူလိုက်ရလျှင် ချီသံသားရဲကို အားနည်းသွားအောင် လုပ်နိုင်ပေလိမ့်မည်။

ကောင်းကင်ဘုံခုံရုံး၏ ကောင်းကင်ကိုးပါးကြယ်အစီအရင်က ကြယ်စွမ်းအင်ကို နှစ်တစ်သောင်းကျော် စုပ်ယူခဲ့သည်။ ထို့ကြောင့် စွမ်းအင်က ကြောက်မက်ဖွယ်အဆင့်ကို ရောက်နေသည်။ ချီသံသားရဲ၏ တိုက်ခိုက်မှုက ဧကရာဇ်အဆင့်တွင် ရှိနေသော်လည်း ထိုတိုက်ခိုက်မှုပေါင်း သိန်းကျော်လောက်ကို ပြဿနာမရှိဘဲ တောင့်ခံနိုင်လောက်ပေသည်။

သက်တံ့ရောင်အသက်နွယ်က ချီသံသားရဲ၏ အသက်စွမ်းအားကို အကြိမ်တစ်‌သောင်း စုပ်ယူပြီးလျှင်ပင် ချီသံသားရဲက သေလိမ့်မည် မဟုတ်ဟု ကျန်းရီ မယုံပေ။

ချီသံသားရဲ ထပ်မံ ပြေးလာသည်။ ကျန်းရီ တူညီသော အကွက်ကိုပင် ထပ်သုံးလိုက်သည်။ သူ နွယ်အိုများကို ချီသံသားရဲအား ရစ်ပတ်စေလိုက်ပြီး အသက်နွယ်ကို သုံး၍ ၎င်း၏ အသက်စွမ်းအားကို စုပ်ယူလိုက်သည်။

ထိုအကွက်ကို အကြိမ်ကြိမ် အသုံးချသည်။

သတ္တဝါတစ်ကောင်က မည်မျှသန်မာပါစေ အသက်စွမ်းအား ကုန်သွားသည်နှင့် အိုမင်း အားနည်းသွားရမည်သာ။ အတိတ်တွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အလွန်စွမ်းအားကြီးခဲ့သည်ပင် သက်တမ်းကုန်ဆုံးခါနီးချိန်၌ သူ့တိုက်ခိုက်စွမ်းအားက သိသိသာသာ လျော့ကျသွားခဲ့သည်။ ထို့ကြောင့်လည်း တမလွန်ဘုံဧကရာဇ်က အသာစီးရသွားခဲ့ခြင်းဖြစ်သည်။ နတ်ဘုရားတစ်ပါးက သေခါနီးနေလျှင် ကလေးတစ်ယောက်ပင် ထိုနတ်ဘုရားကို အလွယ်တကူ သတ်နိုင်ပေသည်။

ချီသံသားရဲမှာလည်း ထို့အတူပင်။ အကြိမ်သုံးထောင်ကျော် ဝင်တိုက်ပြီးနောက် ၎င်း၏ အမြန်နှုန်းမှာ သိသိသာသာ စတင်လျော့ကျလာ၏။ အသက်စွမ်းအားများစွာ စုပ်ယူခံလိုက်ရပြီဖြစ်ရာ ၎င်းက အားနည်းလာသည်။ ၎င်း၏ ခွန်အားလည်း လျော့သွားပေသည်။

သို့သော် ထိုသားရဲက ခေါင်းမာသောနွားတစ်ကောင်ဖြစ်မည်။

ကျန်းရီက အသက်စွမ်းအားကို စုပ်ယူလေ၊ ချီသံသားရဲက ပိုဒေါသထွက်လာလေပင်။ ၎င်း အော်ဟစ်ကာ ထပ်မံ ပြေးဝင်လာသည်။ အကြိမ်တိုင်းတွင် အသက်နွယ်က ၎င်း၏ အသက်စွမ်းအားကို စုပ်ယူလိုက်သော်လည်း ကောင်းကင်ဘုံခုံရုံးမှာ အတန်ငယ် တုန်သွားသည်မှလွဲ၍ အခြားမည်သို့မှ ဖြစ်မသွားချေ။

အကြိမ်ငါးထောင်...

ခေါင်းမာသောနွားသည် ရပ်တန့်လိုက်ပြီး ကောင်းကင်ဘုံခုံရုံးနှင့် သုံးကီလိုမီတာအကွာတွင် ရပ်နေ၏။ ၎င်း၏ မျက်ဝန်းများထဲတွင် ဒေါသ ပြည့်နှက်နေသည်။ သို့သော် ၎င်း ဆက်ပြေးဝင်မလာဝံ့တော့ပေ။

ထိုချီသံသားရဲ၏ အသိဉာဏ်က မနိမ့်ကြောင်း ထင်ရှားသည်။ ၎င်းသည် ဒေါသမှ နိုးထလာပြီး ‘ထိုမြို့’ကို မဖျက်ဆီးနိုင်သလို အထဲမှ မုန်းတီးဖွယ်လူသားကိုလည်း မသတ်နိုင်ကြောင်းသိ၏။ ၎င်း ဆက်ဝင်တိုက်နေလျှင် ၎င်း၏အသက်စွမ်းအားကို တစ္ဆေနွယ်က စုပ်ယူသွားပြီး နောက်ဆုံး၌ ၎င်း သေရပေလိမ့်မည်။

ရွှီး...

ချီသံသားရဲက ဆက်မတိုက်ခိုက်လိုတော့ပါ။ သို့သော် ကျန်းရီက အလျှော့ပေးမည် မဟုတ်ချေ။ အဖြူရောင်အလင်း လက်သွားပြီး ကျန်းရီ ကောင်းကင်ဘုံခုံရုံးအပြင်ဘက်တွင် ထွက်ပေါ်လာသည်။

ကျန်းရီ၏ မျက်ဝန်းများထဲတွင် အထင်သေးမှုများ ပြည့်နှက်နေသည်။ သူ ချီသံသားရဲကို လှောင်ပြောင်ဟန်နှင့် ကြည့်ကာ အော်ပြောလိုက်သည်။

“နွားရူး၊ ဘာလို့ ဆက်မတိုက်တော့တာလဲ။ လာလေ... ငါ ဒီမှာရပ်နေပြီး မင်းကို ဝင်တိုက်ခွင့်ပေးမယ်။ မင်းမှာ သတ္တိရှိရင် လာ... လခွမ်း၊ မင်းက တကယ်ကြီး လာတာလား”

ကျန်းရီ စကားမဆုံးသေးခင်မှာပင် ချီသံသားရဲက ပိတ်နီစကို မြင်လိုက်ရသော နွားသိုးတစ်ကောင်ကဲ့သို့ ပြေးလာသည်။ ၎င်း၏ မျက်လုံးများက နီရဲနေပြီး ၎င်း ထပ်မံအော်လိုက်သည်။ ကျန်းရီ ကောင်းကင်ဘုံခုံရုံးထဲ လျင်မြန်စွာ ပြန်ဝင်လိုက်၏။ ချီသံသားရဲက ကောင်းကင်ဘုံရုံးကို ထပ်မံ၍ ဝင်တိုက်လိုက်သည်။ ဤတစ်ကြိမ်တွင်လည်း ၎င်းသည် သက်တံ့ရောင်အသက်နွယ်၏ ရစ်ပတ်မှုကို ခံလိုက်ရပြန်၏။ အသက်နွယ်သည် အောက်ဘက်မှနေ၍ တိတ်တဆိတ် ထွက်လာပြီး ချီသံသားရဲ၏ အသက်စွမ်းအားကို လျင်မြန်စွာ စုပ်ယူလိုက်ပေသည်။

ကျန်းရီသည် ကောင်းကင်ဘုံခုံရုံး၏ အတွင်းခန်းမထဲတွင် ရပ်၍ ဒေါသထွက်နေသော ချီသံသားရဲတစ်ကောင် ထပ်ခါ ထပ်ခါ လာတိုက်နေသည်ကို ကြည့်နေ၏။ သူ့မျက်ဝန်းများထဲမှ သရော်လှောင်ပြောင်မှုများ ပျောက်ကွယ်သွားသည်။ သူ ဂရုတစိုက် တွက်ချက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အကြိမ်ငါးထောင်၊ နောက်ထပ်အကြိမ်ငါးထောင် ပြီးရင် အဲ့ခေါင်းမာတဲ့နွားက နွားသေ ဖြစ်သွားတော့မယ်”

***

All Chapters