ရန်သူတွေရောက်လာပြီ
Vol. 42 Ch. 571
အနက်ရောင် သစ်သားတုံးတွင် မှိန်ပျသောအလင်းရောင်ရှိနေပြီး စုမင်ရှေ့မှာ လွင့်ပျံနေသည်။ ပိုင်စုအဖေကို ငေးကြည့်ရင်း အသက်မဲ့နေသောမျက်နှာပေါ်ရှိ
ပြုံးသယောင်သမ်းနေသောအမူအရာကို တွေ့လိုက်ရသည်။
မူလက အဘိုးကြီးကို လွယ်လွယ်နှင့် မယုံခဲ့ပေ။ယခုအချိန်၌ အဘိုးကြီး ပြောခဲ့ဖူးသော စကားများက သူ့ခေါင်းထဲမှာ ပေါ်လာလေသည်။စုမင်က အသက်မဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်သော် အသက်လမ်းစဉ်ကျင့်ကြံခြင်းအပေါ် မသေချာမရေရာမှုများ ဖြစ်လာသည်။
‘ဘဝ...’
စုမင်မျက်လုံးမှိတ်ပြီး ခဏအကြာ ပြန်ဖွင့်လိုက်သောအခါ သူ့ရှေ့မှ အနက်ရောင်သစ်သားတုံးဆီသို့ လှမ်းကြည့်ကာ ဆုပ်ကိုင်ရန် ညာလက်ကို လျင်မြန်စွာ မြှောက်လိုက်သည်။ သူ့မျက်လုံးများထဲတွင် အံ့သြမှုတစ်ခု ပေါ်လာသည်။ ထိုသစ်သားတုံးကို ထိလိုက်သည်နှင့် တပြိုင်နက် လူ့ဘဝသံသရာတွင် ဖြတ်သန်းသွားလာနေကြသော လူအမျိုးမျိုးတို့၏ မြင်ကွင်းများကို မျက်စိမှိတ် မွေးဖွားလာကာ အိုမင်းရင့်ရော်လာကာ ဖျားနာ၍ သေကုန်ကြကုန်သော မြင်ကွင်းများကို ဝိုးတဝါး မြင်လိုက်ရသည်။
ဘဝသံသရာကို ဖြတ်သန်းသွားသော ထိုလူများ၏ မြင်ကွင်းများကြောင့် သူ့မျက်လုံးများက ဖျတ်ခနဲ လင်းလက်သွားသည်။ မရင်းနှီးသောမျက်နှာနှင့် မရင်းနှီးသောအသံများ အားလုံးက အဆုံးတွင် ကြီးမားပြီးပြုံးနေသည့် မျက်နှာအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် ထိုပြုံးနေသောမျက်နှာသည် ငိုယိုပြီး စုမင်ဆီသို့ ရုတ်တရက် ပြေးလာလေသည်။
တစ်ချိန်တည်းမှာပင် သူ့မျက်လုံးထဲတွင် မူးဝေနေသော အကြည့်များ ပျောက်ကွယ်သွားခဲ့သည်။ထို့နောက် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
စုမင်က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး မှောင်နေသေးပြီး ပင်လယ်ရေမျက်နှာပြင်မှ လှိုင်းလုံးသံများက အဝေးက သူ့နားထဲကို ရံဖန်ရံခါ ဝင်ရောက်လာလေသည်။ထို့အပြင် ရံဖန်ရံခါ တိတ်ဆိတ်ငြိမ်သက်မှု ရောယှက်နေလေသည်။
သို့သော် စုမင်က သူ့စိတ်ခံစားချက်များကို တည်ငြိမ်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ၊ အကြောင်းမှာ သူ၏ ရင်ထဲတွင် ငိုကြွေးနေသော မျက်နှာကြီးက သူ့ခေါင်းထဲတွင် ပေါ်လာသောကြောင့်ဖြစ်သည်။
“ဘဝဆိုတာ ဘာလဲ...”
သူ့မှာ မေးစရာရှိခဲ့သည်။ စုမင်အသံက တစ်စုံတစ်ယောက်ထံမှ အဖြေကို ရှာနေပုံမပေါ်သော်လည်း သူ့ကိုယ်သူ မေးခဲ့သည့် မေးခွန်းတစ်ခုဖြစ်သည်။ ထိုသစ်သားနက်ပေါ်မှာ ကောင်းချီးမှုများစုစည်းသွားပြီး ထူးခြားသောပုံစံများဖြစ်လာသည်။
စုမင်ကအသက်လမ်းစဥ်ကျင့်ကြံခြင်းနှင့် သက်ဆိုင်သည့် ထိုမေးခွန်းကို သူ့ကိုယ်သူ မေးခဲ့ဖူးသည်။ သို့သော် ထိုအချိန်တွင် ထိုမေးခွန်းကြောင့် မသေချာမရေရာမှုများနှင့် ရှုပ်ထွေးမှုများများခံစားလာခဲ့ရသည်။
ယခုအချိန်မှာတော့ အနက်ရောင်သစ်သားတုံးက ထွက်လာသော မှိန်ဖျော့သွားသော အသံက ၎င်းကို ထိုးထွင်းသိမြင်လာစေသည်။ ထိုကံကောင်းမှုတစ်ခုဖြစ်ပြီး ထိုအသံအတွင်းမှ လွမ်းဆွတ်ခြင်းနှင့် ခံစားချက်များကိုေဖာ်ပြနေပါသည်။
စကားလုံးများက တူညီသော်လည်း အဓိပ္ပါယ်မှာ အလွန်ကွဲပြားပါသည်။
စုမင်နားလည်သော်လည်း အဖြေကို မေ့သွားသည်။ ထိုမေးခွန်းကို မဖြေနိုင်ဘဲ ပို၍တောင် လမ်းပျောက်နေလေသည်။
“ဘဝဆိုတာ ဘာလဲ...”
စုမင် က တိတ်ဆိတ်နေခဲ့သည်။ သူဖြတ်သန်းခဲ့ရသော တွေးခေါ်မှုဖြစ်စဉ်တွေကနေ စောစောကရရှိခဲ့သောကံကောင်းမှုက အတော်လေး အရေးကြောင်း ခံစားနေရလေသည်။
အနက်ရောင်သစ်သားတုံးက စကားလုံးသုံးလုံးက မေးခွန်းထုတ်နေသလိုမျိုး အသံထွက်နေလေသည်။ တကယ်တော့ စုမင် ထိုစကားလုံးသုံးလုံးကနေ မေးခွန်းကို နားလည်လာသည်။ထို့နောက်မှာ သူ့ကိုယ်သူ ကံကောင်းမှုတစ်ခုရရှိခဲ့သည်ဟု ယူဆခဲ့သည်။
“ပိုင် မိသားစုရဲ့ ဘိုးဘေးက ဒီအသက်လမ်းကျင့်စဉ်စာလိပ်ကို ကျင့်ကြံခဲ့တယ်..ကောင်းကင်ကိုတံဆိပ်ခတ်ခြင်း...အသက်လမ်းစဉ်ရဲ့စည်းမျဉ်းစည်းကမ်းများ... ဒါတွေအားလုံးဟာ ဒီစကားလုံးသုံးလုံးကြောင့် ဖြစ်နိုင်တယ်’
သူ့ခေါင်းထဲမှာ ထပ်ခါထပ်ခါ ပြောနေခဲ့သည်။
ထိုစကားလုံးသုံးလုံးကို ပြောသောအသံသည် ရှေးကျပြီး အဆုံးမဲ့အချိန်ကို ပေးစွမ်းသည်။ ၎င်းတွင် အကန့်အသတ်မရှိသော ဉာဏ်ပညာနှင့် စိတ်စွမ်းအားများပါ၀င်သောကြောင့် ၎င်းကိုကြားရသူများသည် စိတ်ထဲတွင် မွန်းကျပ်သွားစေသည်။
စုမင်က တောင်ကြောပေါ်တွင် ထိုကဲ့သို့ ထိုင်နေကာ မျက်လုံးမှိတ်ကာ ခေါင်းထဲတွင် ပဲ့တင်ထပ်နေသည်။ သူ မနိုးထချင်တော့ပေ။
အချိန် တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။ ဒုတိယ နေ့နံနက်ခင်းရောက်သောအခါ အဝေးမှ ထူထပ်သောတိမ်တိုက်များမှ အလင်းရောင်က ပင်လယ်နှင့် ကောင်းကင်ယံကို အနည်းငယ်တောက်ပစေပြီး ဧရိယာအတွင်းရှိ အမှောင်များကို တဖြည်းဖြည်း ဖုံးကွယ်သွားစေသည်။
စုမင် မနိုးထပေ။ ထိုစကားများကို ဖြည်းညှင်းစွာ တွေးတောရင်း ထိုနေရာတွင် ထိုင်ရင်း ဖြည်းညှင်းစွာ တွေးတောနေမိသည်။ အချိန်ကာလကိုလည်း မေ့သွားသည်။
ဟူကျီက နောက်သုံးရက်အကြာတွင် နိုးလာသည်။ သူ အိပ်ငိုက်ဆဲဖြစ်ပြီး သမ်း ဝေးနေလေသည်။ သူမျက်လုံးဖွင့်ကြည့်လိုက်သော် ထိပ်ပြောင် ကြိုးကြာငှက်ကို မြင်လိုက်ရပြီး ခဏတာ အံ့အားသင့်သွားသည်။ ထို့နောက် သူ့စိတ်များ ပျံ့လွင့်လာသည်။
ထိုထိပ်ပြောင်ကြိုးကြာငှက်က ဟူကျီကို ကြည့်နေလေသည်။ ထိုလူနှင့် ကြိုးကြာငှက်တို့သည် တစ်ယောက်ကိုတစ်ယောက် အချိန်အတန်ကြာ စိုက်ကြည့်နေလေသည်။ ကြိုးကြာငှက်က ဤလူ နုံနုံအအ ပုံပေါက်နေပုံရကြောင်း ရုတ်တရက် သတိမထားမိလိုက်သည်။
၎င်း မျက်နှာပေါ်တွင် လေးနက်သောအမူအရာဖြင့် ပြောရန် ပါးစပ်ကို ဖြည်းညင်းစွာမဖွင့်မီ ၎င်း၏မျက်လုံးများက လင်းလက်လာသည်။
“နောက်ဆုံးတော့ မင်းနိုးလာပြီ။ ငါမင်းကိုစောင့်နေတာ အတော်ကြာပြီ..ကောင်လေး..မင်းကိုနိုးထနိုင်ဖို့ ငါဘယ်လောက်ခွန်အားသုံးရမယ်ဆိုတာ မင်းသိလား..”
ထိပ်ပြောင်ကြိုးကြာငှက်က ကြောက်စရာကောင်းသော လေသံဖြင့် ဖြည်းညင်းစွာပြောသည်။ ထိုအချိန်တွင် ဟူကျီက ၎င်းကို မျက်စောင်းထိုးကာ ပါးရိုက်လိုက်သည်။ ထိုငှက်က လုံးဝသတိမထားမိပေ။ တကယ်တော့ ဟူကျီ ၏အသုံးအနှုန်းကြောင့် ၎င်းသည်ပင် လှည့်စားခံခဲ့ရသည်။ ပါးရိုက်လိုက်သောအခါတွင် ၎င်း၏ခန္ဓာကိုယ်က ကြီးမားသောအင်အားဖြင့် ဘေးသို့ ချက်ချင်း လွင့်ထွက်သွားသည်။
“လူယုတ်မာလေး.. မင်းရဲ့အဘိုးဟူက နဝမမြောက်တောင်ထွဋ်မှာ ဉာဏ်အမြော်အမြင်အရှိဆုံးလူပဲ.. မင်းငါ့ကိုဘယ်လိုတောင် သတ္တိရှိရှိ လိမ်ညာပြောရဲတာလဲ”
ဟူကျီက မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ ကြိုးကြာကို စိုက်ကြည့်လိုက်သည်။ သူ့အင်ကျီလက်အကျကိုဟန်ပါပါ ဝှေ့ယမ်းကာ မတ်တပ်ထရပ်လိုက်သည်။
“ငါ့ခန္ဓာကိုယ်မှာ ယားကျိယားကျိခံစားနေရလိ့ နိုးလာတာ..လက်စသတ်တော့မင်းကိုး..ငါလည်ပင်းညှစ်သတ်လိုက်ရ...”
ဟူကျီ၏ ဒေါသတကြီး အရှိန်ပြင်းပြင်းနဲ့ ထိုးနှက်မှုကြောင့် ထိတ်လန့်လုနီးပါးဖြစ်နေသောငှက်က လျှောက်သွားသည်။
ကျယ် ပြောသော ခြေလှမ်းများဖြင့် အနီးသို့ လျှောက်သွားစဉ် ဟူကျီက ၎င်းကို စူးစူးစိုက်စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ ဒေါသအငွေ့အသက်များ ရှူရှိုက်မိကာ ထိပ်ပြောင်နေ ကြိုးကြာငှက်သည် ချက်ချင်း ထအော်လိုက်သည်။ ကျန်အမွေးအတောင်အနည်းငယ်က ချက်ချင်း ထောင်မတ်ကာ တောင်ပံများကို အကြိမ်အနည်းငယ် ခတ်လိုက်သေးသည်။
“အားးး မင်းကိုဘယ်လိုလုပ်လိုက်ရမလဲ ကောင်လေး.. ငါ့ကို သလင်းကျောက် cတစ်သောင်းမပေးရင် စုမင်အနားမှာရှိနေရင်တောင် မင်းကို ငါခွင့်မလွှတ်ဘူး..”
ထိပ်ပြောင်သော ကြိုးကြာငှက်ကအော်ဟစ်နေစဉ်တွင် ကြက်ကလေးတစ်ကောင်ကဲ့သို့ ၎င်း၏အတောင်ပံများကို ခတ်လိုက်တော့သည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် ဟူကျီနှင့် ပိုနီးစပ်ချင်သော်လည်း သူ့ဂူထဲမှ ထွက်သွားချင်သည်။
ဟူကျီ၏အမူအရာမှာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။ သူ့ညာလက်ကို မြှောက်လိုက်သောအခါတွင် သလင်းကျောက်တစ်ခု ချက်ချင်းပေါ်လာပြီး မြေပေါ်သို့ ပစ်ချလိုက်သည်။ ထိုသလင်းခဲက မြေပြင်ပေါ်သို့ ကျလာသောအခါတွင် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိပ်ပြောင် ကြိုးကြာငှက်သည် ထွက်ခွာခါနီးတွင် အသံကိုကြားရပြီး အလိုလိုနီးပါး သလင်းကျောက်ပေါ် ခုန်တက်သွားသည်။ ၎င်းက တွေဝေခြင်းအလျင်းမရှိပေ။
သလင်းကျောက်ပေါ် ပေါက်သွားသည်နှင့် တပြိုင်နက် ဟူကျီ သူ၏ ညာလက်သီးကို မြှောက်လိုက်ပြီး ၎င်းဆီသို့ လှမ်းထိုးလိုက်သည်။
“ကြည့်စမ်း...ငထုံကောင် ဒါတွေက ငါသုံးနှစ်သားတုန်းက ကစားခဲ့တာ.. “
စုမင်က စိတ်ပျက်စရာအခြေအနေတွင် နှစ်မြှုပ်နေလေသည်။ သုံးရက်မြောက်သောနေ့၌ ပိုင်စုက သူမ၏ဖခင်၏အလောင်းကို သယ်ယူသွားခဲ့သည်။ သူမမျက်နှာမှာ ဝမ်းနည်းပူဆွေးမှု၊ အံ့သြမှုအရိပ်အယောင်မျှမရှိ သို့သော် သူမဘာပဲလုပ်လုပ် ဖုံးကွယ်၍မရနိုင် သောမျက်ရည်စတစ်ချို့သာတွေ့ရလေသည်။
နဝမမြောက်တောင်ထွဋ် တွင် ခိုလှုံခဲ့ကြသူအချို့က ဤရက်အနည်းငယ်အတွင်း ထွက်ခွာရန် ရွေးချယ်ခဲ့ကြသည်။ ထွက်ခွာသွားသူတိုင်းသည် စုမင် တရားထိုင်ရန်အတွက် မိမိကိုယ်မိမိ သီးခြားခွဲထားရန် ရွေးချယ်ထားသည့်နေရာကို လေးလေးစားစား တစ်ချက်ကြည့်လိုက်သည်။ သူတို့က ရေနစ်သေဆုံးသွားနိုင်သည့် သို့မဟုတ် မြေထဲတွင် ရှိနေနိုင်ဆဲ ဖြစ်နိုင်သည့် ၎င်းတို့၏ နေအိမ်များကို ရှာဖွေရန် နဝမမြောက်တောင်ထွဋ် မှ ထွက်ခွာခဲ့ကြသည်။
ဤလူများ၏အလောင်းများအတွင်းမှ သွေးကြိုးမျှင်များသည် မပျောက်ကွယ်သေးဘဲ အသက်ဆုံးရှုံးပြီးနောက် ၎င်းတို့၏အလောင်းများတွင် နက်ရှိုင်းစွာ နေရာယူထားသည်။ ထိုလူများထွက်သွားသည်နှင့်အမျှ သွေးကြိုးမျှင်များကို ယူဆောင်လာကြသည်။
နဝမမြောက်တောင်ထွဋ်တွင် ဆက်နေရန် ရွေးချယ်သူများက ငြိမ်သက်စွာ အခြေချနေထိုင်ကြပြီး ဝတ်ရုံဖြူအဘိုးအိုကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြသည်။ သူတို့မှာ အိမ်မရှိတော့သောကြောင့် ဘယ်သွားရမှန်း မသိတော့ဘပေ။ ဤနေရာသည် ၎င်းတို့၏ တစ်ခုတည်းသော အိမ်ဖြစ်သည်။
ဟူကျီက လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ကောင်းကင်ဘုံနယ်နမိတ်တွင် ဖြစ်ပျက်ခဲ့သမျှကို သိလိုက်သည်နှင့် သူ့နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်သွားလေသည်။ထို့နောက် သူ့မျက်နှာပေါ်တွင် မိုက်မဲသော အပြုံးတစ်ခု၊ ထို့နောက် မာနကြီးဟန် ပြောင်းသွားလေသည်။
နဝမမြောက်တောင်ထွဋ်က စုမင်နှင့်ဟူကျီ တို့ဧ။်အိမ်ဖြစ်သည်။ ဤနေရာ၌ သူတို့ကအိမ်ရှင်ဖြစ်ပြီး အခြားသူများက ဧည့်သည်များသာဖြစ်သည်။စုမင်၏ တည်ရှိမှုကြောင့် နဝမမြောက်တောင်ထွဋ် တွင် တည်းခိုရန် ရွေးချယ်သူအားလုံးက ဟူကျီအပေါ် အလွန်ယဉ်ကျေးကြသည်။ ကောင်းကင်ဘုံနယ်နမိတ်သခင် ဝတ်ရုံဖြူအဘိုးအိုအပါအဝင် သူ့ကို မည်သူမှ မစော်ကားရဲကြပေ။
ထိပ်ပြောင် ကြိုးကြာငှက်က သူတို့နှစ်ဦး နေ့တိုင်း တစ်ယောက်ကိုတစ်ယောက်စိန်းစိန်းဝါးဝါးကြည့်နေကြသည်။ ဟူကျီက သလင်းကျောက်ကို လွှတ်လိုက်တိုင်း ၎င်းက ချက်ချင်း ပြုံးကာ ထိုကျောက်ခဲဆီသို့ အငမ်းမရသွား လေသည်။ သို့သော်…
တစ်ခါက ဟူကျီမှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သူလုပ်ခဲ့သော စွန့်ပစ်ထားသော သလင်းကျောက်မှုန့်များမှ စုဝေးနေသည့် ကျောက်တစ်လုံးကို ပစ်ချခဲ့ပြီး ထိပ်ပြောင်သော ကြိုးကြာငှက်သည် ထိုကျောက်တုံးပေါ်တွင် ခုန်တက်သွားသည်။ ၎င်းက သလင်းကျောက်နှင့် အလားတူတည်ရှိနေသော်လည်း အမှန်တကယ်တော့မဟုတ်ပေ။ အမြဲလိုလိုပင် ငှက်က အမြန်ပြေးပြီး ဘာတစ်ခုမှ သတိမထားမိပေ။ ထိုထိပ်ပြောင် ကြိုးကြာငှက်ကို ပြက်ရယ်ပြုရင်း ဟူကျီ၏ နှလုံးသားထဲတွင် မာနကြီးသော ခံစားချက်တစ်ခု ပေါ်လာသည်။
‘ဘယ်လိုကောင်လဲ.. မျှော်လင့်ထားသလိုပဲ.. ငါကပဲ အရမ်းဉာဏ်ကောင်းနေတာ.”
‘ဟေး ဟေး အဲဒါက အတုအပလို့ ငါမသိဘူးထင်နေတာလား.. ဒါပေမယ့် အဲဒါက သလင်း ကျောက်အတုဆိုရင်တောင် တခြားလူတွေကို လှည့်စားလို့ရတယ်.. ဘာလို့မယူရမှာလဲ’’
စုမင်က သူ၏ကံကောင်းမှုထဲတွင် ဆက်လက် နှစ်မြှုပ်နေချိန်တွင် လူနှင့် ကြိုးကြာငှက်တို့က နဝမမြောက်တောင်ထွဋ်တွင် ပျော်ရွှင်စွာ အချင်းချင်း ကပြကြလေသည်။
ဟူကျီအပြင် နဝမမြောက် တောင်ထွဋ်တွင် အခြားသူများကြားတွင် ထင်ရှားပေါ်လွင်သော အခြားတည်ရှိမှုတစ်ခုလည်း ရှိခဲ့ပြီး ယင်းမှာ ပိုင်စုဖြစ်သည်။ သူမနှင့် စုမင်အကြားကိစ္စက ကောင်းကင်ဘုံနယ်နမိတ်ရှိလူများအတွက် လျှို့ဝှက်ချက်မဟုတ်ပေ။ လူတော်တော်များများက သူ့မကို နဝမမြောက်တောင်ထွဋ်မှာ သခင်မအဖြစ်တောင် သဘောထားကြသည်။
အချိန်ကုန်သွား လေသည်။ တစ်လကြာပြီးနောက် စုမင် မနိုးသေးပေ။ သူက စကားလုံးသုံးလုံးအတွင်းပါရှိသော လေသံတဝိုက်တွင် တဝဲလည်လည်ဖြစ်နေသော သူ၏ကံ ကောင်းမှုကိုရရှိရန် သူ့အခြေအနေတွင် နှစ်မြုပ်နေခဲ့သည်။
ဤအနက်ရောင်သစ်သားကျင့်စဉ်စာလိပ် တွင် ဤစကားလုံးသုံးလုံးကို တံဆိပခတ်ထားသည့်သူကို ရှာဖွေရန်ကြိုးစားနေပြီး ထိုစကားလုံးသုံးလုံးမှ မည်ကဲ့သို့ ခံစားချက်မျိုးရခဲ့သည်ကို ရှာဖွေရန် ကြိုးစားနေပါသည်။
ပိုင်မိသားစု၏ဘိုးဘေးများက လွန်ခဲ့သောနှစ်များတစ်လျှောက် စုမင် လျှောက်ခဲ့သည့်လမ်းအတိုင်း တစ်ကြိမ်လျှောက်ခဲ့ဖူးသည်။ဘဝ၏အဓိပ္ပာယ်ကို ဆက်လက်နားလည်လာသောအခါတွင် သူက အေးခဲကောင်းကင်ကလန်၏ဖန်တီးရှင်တစ်ဦးဖြစ်လာခဲ့ပြီး ထိုမျှလောက်ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်နိုင်ခဲ့သည်။
စုမင်လည်း ထိုလမ်းကိုလျှောက်နေလေသည်။
သို့သော် လူတစ်ဦးချင်းစီအတွက် ကွဲပြားသည်။ မတူညီ သောလူများက ထိုတူညီသောစကားလုံးနှင့်အသံကို အမျိုးမျိုးနားလည်ခဲ့ကြပြီး မတူညီသော ရလဒ်များ ထွက်ပေါ်လာလိမ့်မည်။
စုမင် စကားလုံးများကို နားလည်ရန် ဆက်လက်ကြိုးစားနေဆဲပင် ဖြစ်သည်။နဝမမြောက်တောင်ထွဋ်တွင် နေရန် ရွေးချယ်ခဲ့သော ကျန်လူများက ဟူကျီနှင့် ထိပ်ပြောင်ကြိုးကြာငှက်တို့ကစားတာကို ကြည့်နေတကြသည်။ပိုင်စုက တောင်ထိပ်တွင် ရပ်တည်နေသကဲ့သို့၊ သူမ၏ လှပသောရုပ်သွင်ကို ဖော်ထုတ်ရန် သူမ၏ဆံပင်များက လေယူရာယိမ်းနွဲ့နေလေသည်။
မရဏပင်လယ်က လှိုင်းလုံးကြီးများဖြင့်ဟိန်းဟောက်ပြီး ကောင်းကင်သို့ လှိုင်းလုံးကြီး တက်လာသည်။ ရာနှင့်ချီသော ဧရာမဦးခေါင်းများက ပင်လယ်မျက်နှာပြင်မှ ထွက်ပေါ်လာသည်။ အဆက်မပြတ် နီးကပ်လာသော အလင်းရောင်ကို အကာအကွယ်ပေးသည့် ဖန်သားပြင်ကို စိုက်ကြည့်နေလေသည်။ အေးစက်ပြီး အနက်ရောင် အလင်းရောင်ဖြင့် သူတို့၏ မျက်လုံးများက တောက်ပနေသည်။
၎င်းတို့နောက်တွင် ၎င်းတို့၏ ဧရာမခန္ဓာကိုယ်များကို ရံဖန်ရံခါ ထုတ်ဖော်ပြသမည့် ရေနဂါးများရှိသည်။ သူတို့၏ ဟောက်သံများက ကောင်းကင်မှာ ပြည့်နှက်နေသလိုပဲ… ပေတစ်ထောင်ရှည်လျားသော ဧရာမသင်္ဘောကြီးက မရဏပင်လယ် ၏ထောင့်စွန်းမှာ ပေါ်လာသည်။
သင်္ဘော၏ထိပ်တွင် သွယ်လျသောပုံရိပ်တစ်ခုရှိသည်။ သူ့မျက်နှာကို သဲသဲကွဲကွဲ မမြင်နိုင်ဘဲ တောက်ပနေသော ကြယ်များကဲ့သို့ သူ့အသည်းနှလုံးနှင့် မာနကြီးသော မျက်လုံးများသာ မြင်ရလေသည်။
သူ့ဘေးမှာ အဖော်ပြုနေသော အမျိုးသမီးတစ်ယောက်ရှိသည်။ ထိုအမျိုးသမီး၏ မှောင်မိုက်သောဆံပင်များက မရဏပင်လယ်၌ ကခုန်နေပြီး၊ သူမက အသက်ရှုမှားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။
သူမက အလင်းလွှာအကာအကွယ်နောက်ဘက်ရှိ ကျွန်းကိုကြည့်ကာတိုးတိုးလေးမေးလိုက်သည်။
“အစ်ကိုကြီး ပေလင်း..ဒါက တောင်ပိုင်း အရုဏ်ဦးနယ်မြေက အေးခဲကောင်းကင်ကလန်လား...”