အင်မော်တယ်မျိုးနွယ်စုရဲ့ပါရမီရှင်
Vol. 42 Ch. 572
“ဒါက အရှေ့မြေရိုင်းနယ်မြေပြိုကွဲသွားပြီးနောက် ဖြစ်ပေါလာတဲ့ တောင်ပိုင်းအရုဏ်ဦးနယ်မြေထဲက ကျွန်းကြီးသုံးကျွန်းထဲက တစ်ခုပဲ...”
အကြင်နာကင်းမဲ့ပြီး မာနကြီးဟန် ပေါက် သောလူက သင်္ဘောပေါ်မှာ ရပ်ပြီး သူ့လက်ကို ရှေ့ကိုမလွှဲခင် ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်းပင် သူ့လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။
ထိုကျောက်စိမ်းပြားက တောက်ပြောင်နေပြီး သူတို့ရှေ့တွင် စိတ်ကူးယဉ်မြေပုံတစ်ခုကို ပုံဖော်ထားသည်။
မြေပုံပေါ်တွင် တောင်ပိုင်းအရုဏ်ဦးနယ် မြေပြိုကွဲသွားပြီးနောက် ဖြစ်ပေါ်လာသော ကျွန်းစုများအပြင် ၎င်းတို့နှစ်ဦး၏ လက်ရှိတည်နေရာကို မြေပုံပေါ်တွင် အထင်ကြီးလောက်စရာ ပုံဖော်ထားသည်။
မြေပုံ၌ ၎င်းတို့ရှေ့ရှိ ကျွန်းပေါ်တွင် ရေးထားသော စကားလုံးသုံးလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
“အေးခဲကောင်းကင်ကလန်...”
“တောင်ပိုင်းအရုဏ်ဦးနယ်မြေမှာရှိတဲ့ကျွန်းကြီးသုံးကျွန်းက အခုမာန်ကျင့်ကြံသူတွေကြားမှာကျန်တဲ့အကြွင်းအကျန်တွေကြား အပြင်းထန်ဆုံး စွမ်းအားတွေပဲ....ဒီနေရာက အင်မောတယ်မျိုးနွယ်စု
. ဆင်းသက်လာခဲ့တဲ့ နေရာဖြစ်တယ်... ငါတို့ရဲ့ မျိုးနွယ်စုက တော်တော်ကို ဒုက္ခရောက်ခဲ့ရပါတယ်....”
တိထျန်းရဲ့ခန့်မှန်းချက်က မမှန်ဘူး..ဒီနေရာမှာ အင်မော်တယ်မျိုးနွယ်စုရဲ့အကြီးအကဲနှင့်ပတ်သက်တဲ့သတင်း လုံးဝမရှိဘူး...သူက မတော်တဆတစ်ခုခုဖြစ်နေတာထင်တယ်..အစ်ကိုကြီးပေလင်း..အခက်အခဲတွေအများကြီးနဲ့ကြုံရအုံးမှာပဲ...
အမျိုးသမီးက အဝေးက အလင်းလွှာအကာအကွယ် ဖန်သားပြင်ကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“ငါတို့က အခက်အခဲတွေအများကြီးနဲ့မတွေ့ရင် ဒုတိယနတ်ဘုရားဘယ်ဘက်ရှိတဲ့နေရာ ဘယ်ဟုတ်တော့မလဲ..”
ပေလင်း ဟုခေါ်သောလူ၏အကြည့်များကို ပို၍ပင် ခက်ထန်လာကာ ဖြည်းညှင်းစွာပြောခဲ့သည်။
“ ဒုတိယမာန်နတ်ဘုရားဘယ်ဘက်လက်ကို ရှာဖွေဖို့က အခွင့်အရေးသုံးပုံတစ်ပုံရှိတယ်...ဒါပေမဲ့ ငါတို့ကံကောင်းဖို့လိုတယ်....ပြီးတော့ ကောင်းကင်မြူခိုးမျိုးနွယ်စုနဲ့ တောင်ဘက်က ကောင်းကင်သမုဒ္ဒရာမျိုးနွယ်စုဆင်းသက်သည့်ကျွန်းနှင့်နှိုင်းယှဉ်လို့ရှိရင်... ပုန်းလျှိုးနဂါးဂိုဏ်းက ဒီလက်ကို ရှာတွေ့ဖို့ ဖြစ်နိုင်ခြေ အမြင့်မားဆုံးပဲ...”
အမျိုးသမီးက ခဏလောက် စဉ်းစားရင်း တိုးတိုးလေးပြောခဲ့သည်။
ပေလင်က အေးစက်စွာနှာမှုန်ထုတ်လိုက် ပြီး စကားမပြောပေ။ ထိုနောက် အမျိုးသမီး၏ စကားကို သဘောတူကြောင်း ပြလေသည်။ သူက သူ၏ညာလက်ကို မြှောက်လိုက်ပြီး အေးခဲကောင်းကင်ကလန် တည်ရှိရာ ပိုမိုနီးကပ်သော ကျွန်းဆီသို့ ညွှန်ပြလိုက်သည်။ ချက်ချင်းပင် မရဏပင်လယ်က တဝုန်းဝုန်း ဟိန်းဟောက်လာသည်။ သူတို့ရှေ့ရှိ ရာနဲ့ချီသော မရဏ ပင်လယ်ဘီလူးကြီးများက ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး စူးစူးဝါးဝါးဟစ်အော်နေလေသည်။ ၎င်းတို့က ပင်လယ်ပြင်ကျယ်ကြီးမှ လျင်မြန်စွာထွက်ပေါ်လာကြသည်။ ရာနှင့်ချီသောဘီလူးကြီးများသည် ကြီးမားသောခြေလှမ်းများဖြင့် အေးခဲကောင်းကင်ကလန်၏ကျွန်းတစ်ဝိုက်ရှိ အလင်းလွှာအကာအကွယ်သို့ လျင်မြန်စွာနီးကပ်လာနေသည်ကိုတွေ့လိမ့်မည်။
လှိုင်းလုံးကြီးက တလိမ့်လိမ့်တက်လာပြီး ပင်လယ်က လှိုင်းထနေလေသည်။ အလယ်ဗဟိုမှာ တည်ရှိသော ကျွန်းလေးက ရေဝဲအဖြစ် ပြောင်းသွားသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လှိုင်းလေက စတင်၍ တိုက်ခတ်လာသည်။
“အစ်ကိုကြီးပေလင်း.. စိတ်မပူပါနဲ့.. နတ်ဘုရား ဘယ်ဘက်လက်ကို သွားရှာခဲ့တဲ့ သူကတော့ ကောင်းကင်မြူခိုးမြို့တော်မှာရှိတဲ့ ကောင်းကင်သမုဒ္ဒရာဂိုဏ်းရဲ့ စစ်ခုန်ပဲ.. သူ့မှာ ထူးကဲတဲ့ စွမ်းအားတွေ ရှိကောင်းရှိနိုင်ပေမယ့် ဒီနေရာကို အောင်မြင်စွာ သိမ်းပိုက်နိုင်မလားဆိုတာ မသေချာသေးပါဘူး... အောင်မြင်မှုတွေအရ အစ်ကိုကြီးပေလင်းက သေချာပေါက် ရာထူးမြင့်လာလိမ့်မယ်”
ထိုအမျိုးသမီးက သူ့ကိုကြည့်ကာ သူမ၏မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သောအကြည့်တစ်ခုရှိသည်။
“စစ်ခုန်က က ပြဿနာမဟုတ်ပါဘူး.. ဒါပေမယ့် ပုန်းလျိုးနဂါးဂိုဏ်ရဲ့တတိယကျွန်းကို သွားမယ့်သူက ချန်ချုံးပဲ.. သူက ဒီအချိန်အတွက် ငါအစိုးရိမ်ရဆုံးရန်သူပဲ...”
ပေလင်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ ချန်ချုံး၏ နာမည်ကို ပြောပြီးသည်နှင့် သူ့မျက်နှာမှာ သတိထားနေဟန်ပေါ်လာသည်။
“ စစ်ခုန်...ချန်ချုံး ပြီးတော့ အရှေ့မြေရိုင်းနယ်မြေက ပိစုနဲ့...ကောင်းကင်တာအိုဂိုဏ်းက ရဲဝမ်ရှိတယ်”
ပေလင်းက မျက်လုံးများကို မှိတ်ထားသည်။ ထိုအမည်ကို ပြောလိုက်သောအခါ သူ့မျက်နှာက မည်းမှောင်သွားသည်။
“ရဲဝမ်…”
အမျိုးသမီးလည်း မျက်မှောင်ကြုတ်သွားသည်။ ထိုနာမည်က သူမ၏စိတ်ထဲတွင် နက်နဲသော စွဲလမ်းမှုကို ချန်ထားခဲ့သည်မှာ ထင်ရှားသည်။
အမျိုးသမီးက တိုးတိုးလေး မပြောခင် ခဏလောက် တုံ့ဆိုင်းသွားသည်။
“ရဲဝမ်...ဒီမျိုးဆက်ရဲ့ တပည့်တွေအားလုံးထဲမှာ အကောင်းဆုံးပါ...အင်မော်တယ်ဂိုဏ်းအားလုံးက အသိအမှတ်ပြုခံရတယ်.. အင်မော််တယ်ဂိုဏ်း ၁၀ ဂိုဏ်းက သူ့ကို မွေးကတည်းက အကာအကွယ်ပေးထားပြီး သူ့အတွက် တာအိုကိုတောင် ဖွင့်ပေးထားတယ်..သူက အင်မော််တယ်တစ် ယောက်ဖြစ်လာဖို့ အလားအလာရှိတယ်..... သူမွေးဖွားလာတုန်းက မူလသေဆုံးသွားတဲ့ အင်မော်တယ်ဝိညာဉ်ဆယ်ပါး ရှင်ပြန်ထမြောက်ခဲ့တယ်..ရဲဝမ်ကို ကာကွယ်ဖို့ ကောင်းကင်ဘုံက ပေးအပ်ခြင်းခံရတယ်လို့ ဆိုကြတယ်..”
ပေလင်က စကားမပြောဘဲ နှုတ်ဆိတ်နေသော်လည်း သူ့မျက်လုံးထဲတွင် တောက်လောင်နေသည့် တွန်းလှန်လိုစိတ်များ ရှိနေသည်။ သူက အလင်းလွှာအကာအကွယ်ဖန်သားပြင်ကို တိုက်ခိုက်နေသော မရဏပင်လယ်ဘီလူးကြီး ရာပေါင်းများစွာကို ကြည့်ရှုနေပေမည်၊ သို့သော် ၎င်းကို အလွန်အမင်း စိတ်မ၀င်စားပေ။ သူ၏အာရုံကို အမှန်တကယ်ဖမ်းစားနိုင်သည်မှာ မာန်မျိုးနွယ်စုနယ်မြေတွင် ဆင်းသက်လာသော ဂိုဏ်းတစ်ခုစီမှ ထူးချွန်သူများကြားတွင် ပြိုင်ဆိုင်မှုပင်ဖြစ်သည်။
“ဂျူနီယာညီမလေးချန်ရှင်း .. မင်းအတွက် အလင်းလွှာအကာကွယ်ချန်ထားခဲ့မယ်...ကူညီပါအုံး..”
ပေလင်းသည် မျက်လုံးများကိုမှိတ်ကာ သင်္ဘော ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့ဘေးနားက အမျိုးသမီးက ညင်သာစွာ ခေါင်းညိတ်ပြပြီး သူ့ကိုကြည့် နေလေသည်။ ထိုလူကို ငယ်ငယ်ကတည်းက သူမ နှလုံးသားထဲမှာ နေရာပေးခဲ့လေသည်။ သူမက သူ့အတွက် အရာအားလုံးကို စွန့်လွှတ်ရန် ဆန္ဒရှိခဲ့သည်။
သို့သော်လည်း… ပေလင်၏ အေးစက်မှုနှင့် သီးသီးသန့်သန့်နေတတ်သော သဘောထားကြောင့် သူမအား စိတ်ပျက်သွားစေသည်။ ချန်ရှင်းက သက်ပြင်းချလိုက်ပြီး လက်ကို မြှောက်လိုက်သည်။ သူမ၏လက်ကောက်ဝတ်တွင် ကျောက်စိမ်းလက်ကောက်တစ်ခုရှိသည်။ ထိုအချိန်တွင် နူးညံ့သိမ်မွေ့သော အလင်းရောင်ကို လွှတ်လိုက်ပြီး သူမတစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ မရဏပင်လယ်ကိုဖြတ်သန်းစဉ် သူမမျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖြတ်သွားခဲ့တယ်။ ၎င်းကို အလင်းလွာ ဖန်သားပြင်နှင့် ချိတ်ဆက်လိုက်သည်နှင့် မှောိ သင်္ကေတများက သူမ၏မျက်လုံးများတွင် ချက်ချင်းပေါ်လာသည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။ ဒုတိယနေ့တွင် သင်္ဘောနှင့်မရဏ ပင်လယ်ဘီလူးကြီး ရာနှင့်ချီသော အလင်းတန်းများကိုထုတ်လွှတ်ပေးသည့် ဖန်သားပြင်ဘေးတွင် ပေါ်လာပြီး ရာနှင့်ချီသော ရှည်လျားသောအလင်းတန်းများက နဝမမြောက်တောင်ထွဋ်ဆီသို့ ပျံတက်သွားသည်။ သူတို့အတွင်းက လူများက တောင်ပေါ်ကနေ ထွက်ခွာသွားကြသူများ ဖြစ်သည်။ ဤလူများ၏ မျက်နှာများက လေထဲသို့ တစ်ဟုန်ထိုးသွားလိုက်သောအခါ ထိတ်လန့်သွားကြသည်။ ထိုလူများက ထိတ်လန့်စရာသတင်းတစ်ခု ယူဆောင်လာရန် နဝမမြောက်တောင်ထွဋ်ဆီသို့ ဦးတည်ပျံသန်းခဲ့ကြတယ်။
ကျွန်းကို ရန်သူများ ချဉ်းကပ်လာပြီး သူတို့၏ အလင်းလွှာဖန်သားပြင်ကို ချိုးဖျက်ရန် ကြိုးစားနေကြသည်။
ရာနှင့်ချီသော မရဏပင်လယ်ဘီလူးကြီးများ၊ အားကောင်းသော ရေနေနဂါးများနှင့် ပေတစ်သိန်းရှည်သော သင်္ဘောများ ရောက်ရှိနေကြသည်။ ဤသတင်းများက နဝမမြောက်တောင်ထွဋ်မှ လူအားလုံးကို တရားထိုင်ခြင်းမှ နိုးကြားစေခဲ့သည်။
အထူးသဖြင့် ကောင်းကင်ဘုံနယ်နမိတ် သခင်ကို နိူးထစေခဲ့သည်။ ဝတ်ရုံဖြူနဲ့ အဘိုးအိုက လေးနက်သောမျက်နှာနဲ့ အမိန့်အနည်းငယ်ထုတ်လိုက်သည်။ နဝမမြောက်တောင်ထွဋ်မှ အလင်းတန်းများစွာ ထွက်ခွာသွားလေသည်။ ညဘက်ရောက်သောအခါတွင် ၎င်းတို့ ပြန်လာခဲ့ကြသည်။ စုမင်၏ သီးသန့်နယ်မြေနှင့် သိပ်မဝေးလှသော ပိုင်စု ..ဟူကျီ. ကောင်းကင်ဘုံနယ်နမိတ် အရှင်သခင်နှင့် နဝမမြောက် တောင်ထွဋ်ရှိ အခြားသော မျိုးနွယ်စုများမှ စွမ်းအားကြီးကျင့်ကြံသူများက ၎င်းတို့ရှေ့မှ ပုံရိပ်ယောင်ကို တိတ်တဆိတ် ကြည့်နေကြသည်။
ထိုပုံထဲတွင် ပင်လယ်သေဘီလူးကြီးများ၊ ရေနေနဂါးများ၊ ဧရာမကြောက်မက်ဖွယ်ကောင်းသော သင်္ဘောကြီးနှင့် ၎င်းပေါ်တွင်ထိုင်နေသော ဆံပင်အနက်ရောင်လူသားတို့လည်း ပါဝင်သည်။
အဆက်မပြတ် မှိန်ဖျော့နေသော အလင်းရောင်ကိုထုတ်လွှတ်ပေးသည့် ဖန်သားပြင်ကိုလည်း တွေ့လိုက်ရသည်။ သေးသွယ်လှပသောပုံရိပ်က လက်နှစ်ဖက်ကို ကျယ်ကျယ်ဖွင့်ကာ ထိုလူအနားတွင် ရပ်နေသည်ကိုလည်း တွေ့လိုက်ရသည်။ သူမက သူတို့၏အလင်းလွှာ အကာအကွယ်အားနည်းသွားရခြင်း၏ အကြောင်းအရင်းမှာ ထင်ရှားသည်။
“မရဏပင်လယ်မှာ ရှိတဲ့ သတ္တဝါတွေကို ထိန်းချုပ်နိုင်တဲ့သူက ဘယ်သူဖြစ်နိုင်မှာလဲ...”
“သူမကအရှေ့မြေရိုင်းနယ်မြေကလား..”
“သူတို့နဲ့ ငရဲကျမှာဘဲ.. သူတို့ ဘယ်သူတွေပဲဖြစ်ဖြစ်၊ သူတို့ ကိုးကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ဝံ့ဝံ့ရင်ဆိုင်ရဲရင် သူတို့စိတ်ထဲမှာ အပိုင်းအစလေး နည်းနည်းရှိအောင် ငါခွင့်ပြုမယ်။”
ဟူကျီက ထိုပုံရိပ်ကို ကြည့်လိုက်ပြီးဟိန်းဟောက်လိုက်သည်။
ထိပ်ပြောင် ကြိုးကြာငှက်က မထီမဲ့မြင်ပြုကာ သူ့ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ နဝမမြောက်တောင်ထွဋ်တစ်ခုလုံး ဤလူများ၏ ပြိုင်ဘက်များမဟုတ်ပါက မည်သို့ထွက်ပြေးရမည်ကို တွေးတောနေမိတော့သည်။
“မိန်းကလေးပိုင်စု... သခင်လေးစုမင် နိုးလာမဲ့အချိန်ကို မင်းသိလား”
အဖြူရောင်ဝတ်ထားသော အဘိုးအိုက ပိုင်စုဘက်သို့ မကြည့်မီ တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။
စုမင် ထိုင်သည့်နေရာကို လှမ်းကြည့်ကာ သူ့ကိုကြည့်ကာ ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
ထိုသို့ပြုလိုက်သောအခါ အဝေးမှ ရုတ်ချည်း အော်သံကြီး ထွက်ပေါ်လာပြီး သူတို့ဆီသို့ လျင်မြန်စွာ ခရီးဆက်သွားလေသည်။ ထိုအသံက မည်သည့်နေရာမှ ပေါ်ပေါက်လာသည်ကို မည်သူမှ အတိအကျ မပြောနိုင်ဘဲ၊ နေရာပေါင်းစုံမှ တစ်ချိန်တည်း တစ်ပြိုင်တည်း ထွက်ပေါ်လာသောကြောင့် ၎င်းတို့ပတ်ဝန်းကျင်တွင် လေထဲသို့ တပြိုင်နက် ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေသည်။
ထိုအသံက ရုတ်တရက် ထွက်ပေါ်လာပြီး နားထဲသို့ ရောက်ခါနီးတွင် ကောင်းကင်၌ အက်ကွဲကြောင်းများ ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူတို့က ကောင်းကင်ကြီး အက်ကွဲသွားအောင်လုပ်ထားသည်။ တစ်စုံတစ်ယောက်က အနီးကပ် ကြည့်လိုက်လျှင် သူတို့ ပတ်ဝန်းကျင်ရှိ မမြင်ရသော အလင်းလွှာအကာအကွယ်မှာ အက်ကြောင်းများ ပေါ်လာတာကို တွေ့ကြလိမ့်မည်။
ကျယ်လောင်သော အသံများနှင့် အက်ကွဲသံများကြောင့် အဖြူရောင် ၀တ်ထားသော အဖိုးအို၏ အမူအရာက ပြောင်းလဲသွားကာ သူ့ပတ်ဝန်းကျင်ရှိ လူအများအပြားသည် မယုံနိုင်လောက်အောင် လေးနက်သော အမူအရာများဖြင့် ချက်ချင်း ထရပ်လိုက်ကြသည်။
ထိုအချိန်တွင် လေပြင်းတိုက်ခတ်မှုမှ တရွှီးရွဇီး လေချွန်သံများနှင့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ဤဒေသရှိ အေးခဲပင်လယ်နှင့် မသက်ဆိုင်ဘဲ မရဏ ပင်လယ်က ထိုလေပြင်းနှင့်အတူ ထိုဒေသသို့ အနံ့အသက်များ ဝင်လာခဲ့သည်။
အလင်းလွှာမျက်နှာပြင်က ကွဲအက်သွားသည်။
ထိုအလင်း၏ အစွမ်းသတ္တိကြောင့် စုမင် မျက်မှောင်ကြုတ်ပြီး အရှေ့မြေရိုင်းများ၏ ဘေးဆိုးကို ခံနိုင်ရည်ရှိခဲ့သော်လည်း ယခုအခါ... တစ်ရက်တည်းမှာပင် ပြိုကျသွားသည်။ ထိုအချိန်တွင် နိုးကြားနေသော ကိုးကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှ လူများအားလုံးသည် ၎င်းတို့၏ နှလုံးသားများ တုန်လှုပ်သွားသည်ကို ခံစားခဲ့ရပြီး ရန်သူများ၏ အင်အားကို အကြမ်းဖျင်း ခန့်မှန်းချက် ရရှိခဲ့ကြသည်။
သို့သော် လျင်မြန်စွာ နာကျင်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
အလင်းလွှာအကာအကွယ်ဖန်သားပြင်သည် ကွဲအက်ပျောက်ကွယ်သွားလေသည်။ သူမက ကျွန်းအပြင်ဘက်တွင်ရပ်နေချိန်တွင် ချန်ရှင်း၏ပါးစပ်ထောင့်များမှ သွေးများစီးကျလာသည်။ သူမ၏ မျက်နှာက ဖြူဖျော့သွားကာ မွဲခြောက်ခြောက်နှင့် အသက်မဲ့သော အကြည့်များပင် ရှိနေသည်။ သူမက နောက်သို့ တုန်လှုပ်ချောက်ချားစွာ လှမ်းလိုက်သည်။
“အစ်ကိုကြီးပေလင်.. ငါဒီမှာကာကွယ်မှုကိုသုံးရက်ပဲကြားဖြတ်နိုင်တယ်၊ နောက်သုံးရက်ကြာရင်ပြန်ပေါ်လာလိမ့်မယ်၊ အဲဒါကြောင့် မင်းမှာအချိန်ပဲရှိတယ်...”
ပေလင်က သူမဘေးတွင် မတ်တပ်ရပ်နေပြီဖြစ်သည်။ အေးစက်သောလေထုက သူ့အား ဝိုင်းရံထားပြီး သူ့မျက်လုံးများတွင် အေးစက်နေသည့်အကြည့်တစ်ခု ရှိနေသည်။ သူ ချန်ရှင်းကို မကြည့်ဘဲ ညာလက်ကို မြှောက်ကာ တံဆိပ်ခတ်ထားသော ရှေ့ကို ချိန်ရွယ်လိုက်သည်။
မရဏပင်လယ်ဘီလူးကြီး ရာပေါင်းများစွာတို့က ချက်ချင်းဟိန်းဟောက်ပြီး အေးခဲကောင်းကင်ကလန် တည်ရှိရာ ကျွန်းဆီသို့ ပြေးသွားကြသည်။ ကျယ်လှသော ခြေလှမ်းများဖြင့် ကျွန်းဆီသို့ လျှောက်လာကြသည်။ မရဏပင်လယ်မှ လှိုင်းလုံးကြီးများ တလိမ့်လိမ့်တက်လာသည်နှင့်အမျှ ကျွန်းအစွန်းများ နစ်မြုပ်သွားခဲ့သည်။ အမြင့်ပေ သောင်းနှင့်ချီရှိသော ရေနဂါးများက လေထဲသို့ တက်လာပြီး ၎င်းတို့၏ အနက်ရောင် ကိုယ်ထည်များကို ကောင်းကင်ရှိ တိမ်တိုက်များတွင် ရံဖန်ရံခါ ထုတ်ဖော်ပြသကြသည်။ သူတို့၏ ဟောက်သံများသည်လည်း လေထဲတွင် တဟုန်ထိုး ပျံ့လွင့်သွားသည်။
အေးခဲကောင်းကင် ဆီသို့ အားသွင်းနေသော ရေနဂါးကိုးကောင်ရှိပြီး ကောင်းကင်ရှိ တိမ်လွှာများကို ဖြတ်ကျော်ကာ ခုန်ဆင်းသွားကြသည်။
ပေလင်က သင်္ဘောနားမှာ ရပ်နေပြီး သူ့အောက်က သင်္ဘောက ပင်လယ်ထဲသို့ နစ်မြုပ်သွားသည် ။
ထိုအချိန်တွင် အေးခဲကောင်းကင်ကလန် ၏ကျွန်းတည်ရှိရာ ဧရိယာတစ်ခုလုံးက ဟောက်သံများ၊ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါနှင့် ဖုံးလွှမ်းနေခဲ့သည်။
“ငါကအင်မော်တယ်မျိုးနွယ်စုက ပေလင်းပါ..ဒုတိယမာန်နတ်ဘုရားရဲ့ဘယ်လက်ကို ယူဖို့ လာခဲ့တာ...မာန်ကျင့်ကြံသူတွေအားလုံး..ငါ့ရှေ့မှာ ဒူးထောက်ပြီး ခစားလိုကိပါ....စိတ်ဝိညာဉ်ရှာဖွေခြင်းကို လက်ခံရင် မင်းတို့အသက်ရှင်ခွင့် ရမှာပါ.. ငါ့ကို အာခံရင်... ငါ ခြွင်းချက်မရှိ သတ်ပစ်မယ်...”
သူ့အသံက မိုးခြိမ်းသံလို လေထဲမှာ ပျံ့လွင့်သွားသလို နဝမမြောက်တောင်ထွဋ်ရှိလူများထံသို့ ပျံ့နှံ့သွားသည်။
တစ်ချိန်တည်းမှာပင် ပေလင်းက စကားစမြည်ပြောပြီး သူ့ခန္ဓာကိုယ်မှ ကြီးမြတ်သောနတ်ဘုရား အာရုံတစ်ခု ရုတ်တရက် ပျံ့နှံ့သွားသည်။ ထိုနတ်ဘုရားအာရုံက ကြီးမားသောနေရာသို့ ပျံ့နှံ့မသွားဘဲ သူ့ခန္ဓာကိုယ်အောက်ရှိ သင်္ဘောက ၎င်းကို စုပ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် ထိုမြင့်မြတ်သောအာရုံက သင်္ဘော၏ဗဟိုချက်အဖြစ် ရုတ်ခြည်းပျံ့နှံ့သွားသည်။
သင်္ဘောဖြင့် မြင့်မြတ်သောအာရုံကို အသွင်ပြောင်းပြီးသည်နှင့် မယုံနိုင်လောက်အောင် ကျယ်ပြန့်သော နယ် မြေအထိ ပျံ့နှံ့သွားခဲ့သည်။ တခဏအတွင်းမှာပင် ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
အေးခဲကောင်းကင်ကလန်တည်ရှိရာ ကျွန်းတစ်ခုလုံးကို ပုံဖော်ထားသည့် ကျဉ်းမြောင်းသော မြေပုံတစ်ခုက ချက်ချင်းပင် သင်္ဘော၏အထက်နှင့် ပေလင်းရှေ့ ညာဘက်ရှိ လေထုထဲတွင် ပေါ်လာသည်။
ကုန်းမြေ ဖြစ်ဖြစ်၊ အလယ်မှာ အေးခဲနေသော ပင်လယ်ကြီး ဖြစ်ဖြစ် အရေးမကြီးပေ။ အရာအားလုံးကို ပုံမှာ ရှင်းရှင်းလင်းလင်း ပြထားလေသည်။
ထိုထင်ယောင်ထင်မှားဖြစ်နေသောမြေပုံအတွင်း၌ အလင်းမှိတ်တုတ်မှိတ်တုတ်အစက်အပြောက်တစ်ခုစီက ကျင့်ကြံသူတစ်ဦးစီကိုကိုယ်စားပြုသည်။ ဤမြေပုံပေါ်တွင် ဤအဖြူရောင်အစက်အပြောက်အရေအတွက်က နဝမမြောက်တောင်ထွဋ်မှ အများဆုံးဖြစ်သည်။
ဤနေရာနှင့် ထိုအရပ်သို့ ပြန့်ကျဲသွားသော သူအချို့လည်း ရှိခဲ့သည်။ ပေလင်က သူ၏ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ရှေ့သို့ လှည့်လိုက်စဉ်၊ အောက်ရှိ ပင်လယ်သေဘီလူးကြီး ဒါဇင်ပေါင်းများစွာက အနားရှိ အဖြူရောင် မှိတ်တုတ်မှိတ်တုတ် အစက်အပြောက်များ တည်ရှိနေသည်ကို အတိအကျ သိထားသကဲ့သို့ ချက်ချင်းပင် ဖြန့်ကျက်ကာ ရှေ့သို့ တစ်ဟုန်ထိုးတက်လာကြသည်။
ပေလင်းက သူ့မြေပုံပေါ်ရှိ နဝမမြောက် တောင်ထွဋ်ကို ဖြတ်ကျော်ပြီး သူ့အကြည့်များကို ဖြတ်ကျော်သွားကာ သူ့အမူအရာက ယခင်အတိုင်း အေးခဲပြီး ကွဲအက်နေခဲ့သည်။ သူ့မျက်နှာမှာ စိတ်မရှည်သောအရိပ်အယောင်တောင် ရှိနေ လေသည်။ သူ့အတွက်ကတော့ ၌နေရာက မာန်ကျင့်ကြံသူများ၏လွင်တီးခေါင်ပါးဒေသ အစိတ်အပိုင်းတစ်ခုဟု မှတ်ယူထားလေသည်။