ပေလင်း
Vol. 42 Ch. 573
ထိုအရာက သူတို့၏ စမ်းသပ်မှု အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။ အမှန်တော့ စမ်းသပ်မှု၏ ပထမဆုံးခြေလှမ်းဟု ပြော၍ရသည်။ ဤနေရာက ယခင်က တုနှိုင်းမဲ့ ဘုန်းကျက်သရေဖြင့် ထွန်းပေါ်ခဲ့သည်။ခုအချိန်မှာတော့ မဖွံ့ဖြိုးသေးသောမာန်လူမျိုးစုများ၏ကျက်တီးမြေပင် ဖြစ်သည်။
အယ်မော်တယ်များ၏တိုးတက်မှုဖြစ်စဉ်တွင် ထိုမာန်မျိုးနွယ်စုက အောင်မြင်မှု ခြေလှမ်းများသာ ဖြစ်လာနိုင်သည်။ အင်မော်တယ်များက ထိုလူများကို ချေမှုန်းရန် လိုအပ်ပြီး ၎င်းတို့၏ မပျက်စီးနိုင်သော ရဲတိုက်ကို တည်ဆောက်နိုင်စေရန် လိုအပ်သည်။
ဤနေရာ၌ ပြန့်ကျဲနေသောမာန်မျိုးနွယ်စုဝင် များ သို့မဟုတ် ပင်လယ်မျက်နှာပြင်ပေါ်ရှိ တောင်ပေါ်၌ စုဝေးကြသူများပင်ဖြစ်ပါစေ ပေလင်က ၎င်းတို့ကို ဂရုမစိုက်ပေ။ သူ့အာရုံစူးစိုက်မှုခံထိုက်သည့် တစ်ခုတည်းသောအချက်မှာ… ဤနေရာက မာန်နတ်ဘုရားဘယ်ဘက်လက်ကို တံဆိပ်ခတ်ထားသည့် နေရာဟုတ်မဟုတ်ပင်ဖြစ်သည်။
မရဏပင်လယ်ဘီလူးကြီးများ တစ်ဒါဇင်လောက် ဖြန့်ကျက်လာသည့်အခါ နဝမမြောက်တောင်ထွဋ်မှ ထွက်သွားသော ကျင့်ကြံသူများက ကြီးမားလွန်းလှသော အန္တရာယ်နှင့် ရင်ဆိုင်ရမည်။ ၎င်းတို့က တိုက်ခိုက်မှုကို လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ပေလင်း၏ မြင့်မြတ်သော နတ်ဘုရားအာရုံမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အဆုံးတွင်၊ သူတြိုက သူ၏နတ်ဘုရားအာရုံကို အနည်းငယ်မျှ ကျရောက်ပြီးနောက် အသတ်ခံရတော့မည်ဖြစ်သည်။
ကောင်းကင်ယံ၌ ရေနဂါးကိုးကောင်သည် မယုံနိုင်လောက်အောင် လျင်မြန်စွာ ပျံသန်းသွားကာ မရဏပင်လယ်ပြင်ကြီး ပေါ်၌ ဟိန်းဟောက်လိုက်သည်။ ပေတစ် ထောင်ရှိသော သင်္ဘောကြီးက ကောင်းကင်ကို ဖြတ်ကာ သူတို့ရှေ့တွင် ပေါ်လာသည်။
ထိုပင်လယ်က မရဏပင်လယ် မဟုတ်ဘဲ ရေခဲများ အရည်ပျော်ပြီး ဖြစ်ပေါ်လာခဲ့တာ ဖြစ်သည်။ ထိုပင်လယ်၏ အလယ်မှာ... နဝမမြောက်တောင်ထွဋ် ဖြစ်သည်။
ရေနဂါးများက လျှပ်စီးလက်သလိုတိမ်များကိုဖြတ်၍ ရွေ့လျားကာ ကောင်းကင်တွင် မိုးခြိမ်းသံများ ကျယ်လောင်လာသည်။ မရဏပင်လယ်ဘီလူးကြီးများ၏ ခြေဖဝါးအောက်မှာ မြေကြီးက တသိမ့်သိမ့်တုန်လှုပ်သွားသည်။ လှိုင်းလုံးများက အေးခဲပင်လယ်မှ ကောင်းကင်ယံသို့ တိုးဝင်လာကြသည်။
အားကောင်းပြီးသန်မာသော တည်ရှိမှုတစ်ခုက ကောင်းကင်ရှိ သင်္ဘောပေါ်ကနေ ပျံ့နှံ့သွားသည်။ ထိုရောက်ရှိမှုက မည်သည့်နေရာပင်ရှိနေပါစေ လောကကြီးကအကျည်းတန်သွားလိမ့်မယ်။
ထိုအချိန်တွင် နဝမအကြိမ်တောင်ထွဋ်ရှိ ကျင့်ကြံသူ အများစုမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ၎င်းတို့၏နှလုံးသားများ ပြည့်နှက်နေခဲ့သည်။ သူတို့က ကောင်းကင်ဘုံနယ်နမိတ်အတွင်း သဘာဝဘေးကပ်ဆိုးအန္တရာယ်ကို ဖြတ်သန်းခဲ့ရပြီး နောက်ဆုံးတွင် အခက်အခဲများစွာဖြင့် ကိုယ့်ကိုယ်ကိုယ် အခြေချနေထိုင်ခဲ့ကြသော်လည်း ယခုအခါတွင်... သူတို့က နောက်ထပ် အသက်အန္တရာယ်ရှိသော အကျပ်အတည်းကို ဖြတ်သန်းခဲ့ရပေတော့သည်။
သူတို့ တောင်ထိပ်မှာ ထိုင်နေသောလူကို ရံဖန်ရံခါ ငေးကြည့်နေကြသည်။ ထိုအချိန်တွင် ဤလူသည် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။
သို့သော် စုမင်က သူ၏ကောင်းချီးထဲမှာ နှစ်မြှုပ်နေပြီး အပြင်ဘက်တွင် ဖြစ်ပျက်နေသည့်အရာများကို လုံး၀ မသိလိုက်ပေ။ သူ့စိတ်ထဲမှာ ‘ဘဝဆိုတာ ဘာလဲ’ ဆိုသော စကားလုံးများက ထပ်ခါထပ်ခါ ပဲ့တင်ထပ်နေလေသည်။
သူက စကားလုံးနောက်ကွယ်ရှိ အဓိပ္ပါယ်ကို အနည်းငယ်နားလည်လာပုံရသော်လည်း ၎င်းနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားစွာ တွေးတောခြင်းမရှိသေးပေ။ ၎င်းကို နက်နဲစွာ တူးဆွကြည့်သောအခါတွင် သူက ဘာမျှမရရှိပုံပေါ်ကြောင်း တွေ့ရှိရသည်။
နဝမမြောက်တောင်ထွဋ်တွင် လောကကြီးမှ သည်းမခံနိုင်လောက်သော တည်ရှိမှုက နီးကပ်လာလေသည်။ ပင်လယ်ရေများ ဟိန်းဟောက်လာသောအခါ ဝတ်ရုံဖြူ အဖိုးအိုက အမောတကော ထရပ်လိုက်သည်။ သူက ဤနေရာ၌ ကျင့်ကြံမှု အမြင့်မားဆုံးရှိသူဖြစ်သည်။နဝမမြောက်တောင်ထွဋ်ကို ကြည့်လိုက်သောအခါ သူ့တွင် ပြေးပေါက်မရှိဟု သိလိုက်သည်။
ထိုတောင်ထွဋ်က အေးခဲကောင်းကင်ကလန်၏ အစိတ်အပိုင်းတစ်ခုပင်။ သူထွက်သွားလျှင် သူ့အိမ်တကယ် ဆုံးရှုံးသွားလိမ့်မည်။
“ငါမသွားဘူး...ငါသေရင်တောင် အေးခဲကောင်းကင်ကလန်မှာပဲသေမှာ.. မင်းတို့ တွေထွက်သွားချင်တယ်ဆိုရင် ထွက်သွား...”
ပိုင်စာက ငြိမ်သက်စွာ မတ်တပ်ထရပ်ပြီး အဝေးက ပင်လယ်နှင့် ကောင်းကင်ကြီးကို ကြည့်လိုက်သည်။ သူမစကားမပြောသော်လည်း သူမ၏မျက်လုံးထဲတွင် ငြိမ်သက်ခြင်းက သူမစိတ်ထဲတွင် တွေးနေသည့်အရာကို အတိအကျပြသနေသည်။
နဝမမြောက်တောင်ထွဋ်မှာ ဆက်နေရန် ရွေးချယ်သူများ နှုတ်ဆိတ်သွားသည်။ တစ်ယောက်မှ စကားမပြောပေ။
စိတ်ပျက်စရာကောင်းသော လေထုကြီးက တောင်ပေါ်ကို ချက်ချင်းကျသွားသည်။ ဟူဇီသည်ပင် ကောင်းကင်ကို မော့ကြည့်ကာ လက်သီးများကို ကျစ်ကျစ်ပါ အောင်ဆုပ်ထားသည်။ သူက ဤနေရာမှ ထွက်ခွာရန် အသင့်တော်ဆုံးသူဖြစ်သည်။ ဤနေရာက သူ့အိမ်သာမဟုတ် စုမင် ဤနေရာ၌ တရားထိုင်နေသည်ဟူသော အချက်ကြောင့်ပါဖြစ်သည်။စုမင်ကို မည်သူ့မျှ ထိခိုက်နစ်နာစေရန် လုံးဝခွင့်မပြုဟု ဆိုလိုခြင်းဖြစ်သည်။ နောက်ဆုံး တစ်စုံတစ်ယောက်က သူ့အလောင်းကို ဖြတ်လျှောက်ပြီးမှသာ စုမင်ဆီသို့သွားနိုင်မည်။
ဟူကျီက လက်သီးများကို တင်းတင်းဆုပ်ထားသည်။ သူ့ပတ်ဝန်းကျင်ရှိလူများကို အနှောက်အယှက်မပေးဘဲ စုမင် ဆီကို အမြန်လျှောက်လာပြီး သူ့ရှေ့မှာ ရပ်လိုက်တယ်။ သူ၏သန်မာသော ခန္ဓာကိုယ်က စုမင်ပေါ်တွင် တောင်ကုန်းတစ်ခုကဲ့သို့ အုပ်မိုးထားလေသည်။ ထွန်းလင်းနေသော တိမ်များမှ နေရောင်ခြည်ကို ဖုံးကွယ်ထားပြီး အမှောင်ရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအချိန်မှာပင် ကောင်းကင်ရှိ တိမ်တိုက်များ ပြင်းထန်စွာ ပြိုကျသွားသည် ။ ရေနဂါး များ ပထမဆုံးရောက်ရှိလာသည်။ နဝမမြောက်တောင်ထွဋ်၏ အထက်ကောင်းကင်မှာ လှည့်ပတ်နေကြပြီး သူတို့၏ ကြီးမားလှသော ဦးခေါင်းများကို ထုတ်ဖော်လိုက်သည်။
ရေနေနဂါးကြီး၏ဟောက်သံများက ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါစေကာ ပင်လယ်မျက်နှာပြင်ကို လှုပ်ခါစေပြီး လှိုင်းလုံးကြီးများ ကောင်းကင်သို့ တက်လာစေသည်။မရဏပင်လယ်ဘီလူးကြီးများကလည်း ထိုအချိန်တွင် ရောက်ရှိလာပြီး ၎င်းတို့၏ ကြမ်းတမ်းသော အသက်ရှုသံများနှင့်အတူ ၎င်းတို့၏ခပ်အုပ်အုပ် ဟောက်သံများက လူတို့၏ နှလုံးသားနှင့် ဝိညာဉ်များကို တုန်လှုပ်စေခဲ့သည်။
“အေးခဲကောင်းကင်ကလန်က ငါတို့ရှေ့မှာလား...”
မရဏပင်လယ်ဘီလူးကြီးများနောက်မှ အေးစက်သော အသံတစ်ခု ထွက်လာသည်။ သင်္ဘောနားမှာရပ်နေသောပေလင်က လေထဲကို ခြေတစ်လှမ်းတိုးလိုက်သည်။ တခဏချင်းမှာပဲ သူ ကောင်းကင်မှာ ရပ်လိုက်ပြီး အောက်နားရှိ လူများကို အေးစက်စွာ ကြည့်ရန် ခေါင်းငုံ့လိုက်သည်။
ဟူကျီ၏ ခန္ဓာကိုယ်က စုမင်ကို လုံးလုံးလျားလျား ဖုံးအုပ်ထားသောကြောင့် စုမင်ကို မမြင်နိုင်ပေ။ တတိယအကြီးဆုံးအစ်ကိုက ကောင်းကင်ကို မော့ကြည့်နေ လေသည်။
ကောင်းကင်ဘုံနယ်နမိတ်၏အရှင်သခင် ဝတ်ရုံဖြူအဖိုးအိုက သူ၏လက်မောင်းကို လှုပ်ခါလိုက်ပြီး အလွန်လေးနက်သောအမူအရာဖြင့် လေထဲသို့ ပျံသန်းသွားသည်။ ကောင်းကင်ယံ၌ ရေနဂါးများ အူသံနှင့်မရဏပင်လယ်မှ ဘီလူးကြီးများကဟိန်းဟောက်နေလေသည်။ ပေထောင်ပေါင်းများစွာ အကွာတွင် ရပ်နေသော ပေလင်းကို ကြည့်လိုက်ကာ တည့်တည့် နောက်ပြန်ဆုတ်ကာ လက်ဖဝါးကို လက်သီးဖြင့် ရစ်ပတ်ကာ သူ့ဆီသို့ ဦးညွှတ်ပြလိုက်သည်။
“ဒါကအေးခဲကောင်းကင်ကလန်ပဲ..သခင်လေး ကျုပ်သိချင်တာက...”
သူ စကားမဆုံးခင်မှာ ပေလင်း၏ အေးစက်စက် အကြည့်များက သူ့အပေါ် ရောက်ရှိလာသည်။ အင်မော်တယ်ဉာဏ်ကြီးရှင်က သူ့စကားကို ဖြတ် ပြောပစ်လိုက်သည်။
“ဒီတောင်ကနေ ထွက်သွားပြီး ဘယ်ဘက်မှာရပ်နေလိုက်..ကျုပ် ခင်ဗျားရဲ့စိတ်ဝိညာဉ်ကို ရှာဖွေမယ်..ကျုပ်လိုချင်တယ ဘာမှရှာမတွေ့လို့ရှိရင် ခင်ဗျားကို ဒုက္ခမပေးဘူး”
ပေလင်၏အသံတွင်ငြင်းဆိုခွင့်မပြုဘဲသဘောမတူပါက သေခြင်းတရားကို ရင်ဆိုင်ရမည်ဟု ပြောနေလေသည်။
ပေလင်းက အရာအားလုံးကို ပြောပြီးသည်နှင့် သူ၏ညာလက်ကို မြှောက်လိုက်ပြီး သူ့လက်ချောင်းနှစ်ချောင်းကို ဓားပုံသဏ္ဍာန်အဖြစ် ပြောင်းလိုက်သည်။ ချက်ချင်းပင် သူ့လက်ချောင်းများမှ ဓားရောင်ဝါ ထွက်လာသည်။ သူ့လက်ချောင်းများမှ ဓားမီးတောက်တစ်ခု ပေါ်လာပြီး အတိုင်းအတာတစ်ခုအထိ တိုးလာသည်။ ထိုအချိန်တွင် ပေလင်းက သူ၏ညာလက်ကို ပင်လယ်ပြင်ပေါ်သို့ ခုတ်လှဲလိုက်သည်။
သူခုတ်လှဲလိုက်သည်နှင့် ပင်လယ်ပြင်မှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာကာ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ပင်လယ်မျက်နှာပြင်က တုန်လှုပ်သွားပြီး မျက်နှာပြင်တစ်လျှောက်တွင် ကြီးမားသောအက်ကွဲမှုတစ်ခု ရှိလာခဲ့သည်။ ထိုအက်ကွဲမှုက ပေတစ်ရာကျယ်ပြီး ပေထောင်ချီရှည်သည်။ ပင်လယ် ၏ သေးငယ်သောအပိုင်းကို ဖြတ်လိုက်သလိုပင်... အက်ကွဲမှုက အလွန်နက်ရှိုင်းပြီး ပင်လယ်အောက်ခြေကိုတောင် မြင်နိုင်စေသည်။
ဤမြင်ကွင်းကို လူအားလုံးမြင်လိုက်ကြပြီး ရင်တွင်းနက်ရှိုင်းသော အေးစက်မှုတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။ ထိုခုတ်ပိုင်းချက်တစ်ခု၏ အစွမ်းက သာမန်လူတစ်ယောက် ခံနိုင်ရည်ရှိသောအရာ မဟုတ်သည်မှာ သေချာပါသည်။
“ကျုပ်စကားတစ်ခွန်းကိုနှစ်ခါပြန်မပြောဘူး...”
ပေလင်းက နဝမမြောက်တောင်ထွဋ်ကို ငေးကြည့်ရင်း ဖြည်းညှင်းစွာပြောလိုက်သည်။
နဝမမြောက်တောင်ထွဋ်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ အသက် ရှိုက်စာအနည်းငယ်ကြာပြီးနောက်၊ ရှည်လျားသောအလင်းတန်းသုံးခုက လေထဲသို့ ပစ်ဝင်ခဲ့ပြီး ပေလင်း၏ ဘယ်ဘက်ခြမ်းတွင် ရပ်နိုင်ခဲ့သည်။
တစ်စုံတစ်ယောက်က ဦးဆောင်ပြီးသည်နှင့် ကျန်လူများ အရှက်ရစေကာမူ အကြွင်းမဲ့အာဏာနှင့် ရင်ဆိုင်ရသောအခါတွင် ပြန်လည်တိုက်ခိုက်ရဲသော သတ္တိမရှိကြပေ။ ၎င်းတို့အားလုံးက ရှည်လျားသော အလင်းတန်းများအဖြစ် ပြောင်းလဲကာ ပေလင်း၏ ဘယ်ဘက်သို့ ပျံသန်းရန် နဝမမြောက်တောင်ထွဋ်မှထွက်ခွာခဲ့သည်။ တိတ်ဆိတ်စွာ ရပ်နေချိန်တွင် သူတို့၏ မျက်နှာများတွင် အံ့သြလောက်အောင် ရှုပ်ထွေးသော အမူအရာများကို မြင်တွေ့နိုင်သည်။
ကောင်းကင်ဘုံနယ်နမိတ်၏အရှင်သခင်က နဝမမြောက်တောင်ထွဋ်မှ ထွက်ခွာသွားသော လူအုပ်ကြီးကို တိတ်တဆိတ်ကြည့်နေသည်။ ထိုအချိန်တွင် တောင်ပေါ်တွင် လူသုံးယောက်သာ ကျန်တော့သည်။ တယောက်ကစုမင် ၊ နောက်တစ်ယောက်ကတော့ဟူကျီ၊ နောက်ဆုံးတစ်ယောက်ကတော့ပိုင်စုပင်...
“နဝမမြောက်တောင်ွဋ်က အေးခဲကောင်းကင်ကလန်ရဲ့တစ်စိတ်တစ်ပိုင်းပဲ..အခုအဲ့ဒီတစ်စိတ်တစ်ပိုင်းသာရှိတော့တယ်..... ကျုပ်က ကောင်းကင်ဘုံနယ်နမိတ်၏အရှင်သခင်ပဲ..မင်းကြိုက်သလို စိတ်ဝိညာဉ်ရှာဖွေခြင်းကို ခွင့်မပြုနိုင်ဘူး..”
အဘိုးအိုက အသက်ပြင်းပြင်းရှူရင်း သူ့မျက်လုံးထဲတွင် တောက်ပသော အလင်းတန်းတစ်ခု ထွန်းလင်းလာသည်။ သူ့ညာလက်ကို မြှောက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများက ချက်ချင်းပင် သူ့အား ဝန်းရံနေသော လေပွေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူ့တွင် ဂုဏ်သိက္ခာရှိ၍ စစ်မာရှင်းက မာန်မျိုးစေ့ကို သူ့တွင် စိုက်ထည့်လိုက်ချိန်ကတည်းက အရှက်ရနေပြီဖြစ်သည်။ သို့သော် စစ်မာရှင်းက အေးခဲကောင်းကင်ကလန် ၏အဖွဲ့ဝင်တစ်ဦးဖြစ်နေဆဲဖြစ်ပြီး ၎င်းကြောင့် အရှက်ရမှုကို ခံနိုင်ရည်ရှိခဲ့သည်။
ယခုတိုင်၊ သူ့ရှေ့က ဤလူက မယုံနိုင်လောက်အောင်ပင် စွမ်းအားကြီးနေပြီး၊ သူ ဆက်လက် ခံနိုင်ရည်ရှိမည်ဆိုပါက၊ အေးခဲနေသော တိမ်လွှာမျိုးနွယ်နှင့် ကောင်းကင်တံခါး သခင်အဖြစ် သူ၏ အဆင့်အတန်းကို သူ ကျရှုံးသွားလိမ့်မည် ။
“အရင်တုန်းကလို အေးခဲကောင်းကင်ကလန်သာဆက်ရှိအုံးမယ်ဆိုရင်.. .. ငါတို့မှာ အင်အားကြီးတဲ့ သူရဲကောင်းအရေအတွက်နဲ့ တခြားသူတွေ လာထိပရဲမှာမဟုတ်ဘူး.. “
အဖိုးအိုက သူ့အသက်ကို တန်ဖိုးထားတတ်ပေသော်လည်း ယခုအချိန်မှာ သူ့ဂုဏ်သိက္ခာနှင့် နှိုင်းယှဥ်လိုက်လျှင် သူ့အသက်က အရေးမပါတော့ပေ။
သူ့စွမ်းအားများ ပေါက်ကွဲလုနီးနီးမှာ သူ့ညာလက်ကို မြှောက်လိုက်သည် ။ သူ့နောက်မှာကျယ်လောင်သောအသံများက ပဲ့တင်ထပ်လာပြီး ဧရာမမာန်နတ်ဘုရား ရုပ်တုကြီး ပေါ်လာတယ်။
“ခင်ဗျားအတော် လေပွားတာပဲ..ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့...”
ပေလင်းက ပြတ်ပြတ်သားသားပြောနေစဉ်တွင် ကောင်းကင်ယံ၌ ရေနဂါးကိုးကောင်က ဟိန်းဟောက်ပြီး အဘိုးအိုဆီသို့ တညီတညွတ်တည်း ချီတက်လာကြသည်။ ဤသတ္တဝါတိုင်းက မာန်စိတ်ဝိညာဉ် ကနဦးအဆင့်သို့ ရောက်ရှိသွားသူများနှင့် ညီမျှသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူတို့၏ ခန္ဓာကိုယ်များက မာန်ကျင့်ကြံသူများ ထက် အဆပေါင်းများစွာ ပိုသန်မာသည်။ သူတို့ အမြန်ထွက်လာပြီး ဝတ်ရုံဖြူရောင်နှင့် အဘိုးအိုကို ချက်ချင်း ဝိုင်းလိုက်ကြသည်။
ကျယ်လောင်သော အသံများက ကောင်းကင်ကို တုန်လှုပ်စေခဲ့သည်။ အဘိုးအိုက ရေနေနဂါးများကြားတွင် ပိတ်မိနေပြီး လွတ်မြောက်ရန် လွန်စွာခက်ခဲလှသည်။ သူက သွားများကိုသာ အံကြိတ်ကာ သတ္တဝါ ကိုးကောင်ကို တိုက်ခိုက်ရန် သူ၏ မြင့်မြတ်သော စွမ်းရည်ကို အသက်သွင်းနိုင်ခဲ့သည်။
တိတိကျကျပြောရလျှင် ရေနေနဂါးကိုးကောင်တင်မဟုတ်ပဲ ဆယ်ကောင်ပင်။
ထို့အချိန်တွင် နောက်တစ်ယောက်ပေါ်လာပြီး ကျန်ကိုးယောက်က ဟိန်းဟောက်နေချိန်တွင် ရေကူးနေလေသည်။ သို့သော် သူ့မျက်လုံးများက ထွက်ခွာရန် အခွင့်အလမ်းကို ရှာဖွေနေသကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေသည်။
ပေလင်းက ဤနောက်ထပ် ရေနေနဂါးကို ဂရုမစိုက်ခဲ့ပေ။ ယင်းအစား သူက နဝမမြောက် တောင်ထွဋ်သို့ ခြေတစ်လှမ်းတက်ခဲ့သည်။ သူ့မာနက သူ့ကို မယုံနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်ပြီးဗိုလ်ကျလွန်စေခဲ့သည်။ ထို့အပြင် သူက ဤနေရာရှိမာန်ဝိညာဉ်ကျင့်ကြံသူအားလုံးကို သူ့ထံ အညံ့ခံစေချင်လျှင် သေချာပေါက် ရက်စက်ပြရပေမည်။
“ဒီလိုခပ်နုံနုံမျိုးနွယ်စုရဲ့ စိတ်ဝိညာဉ်နဲ့အရိုးထဲထိအောင် ကြောက်လန့်တုန်လှုပ်စေရမယ်..ဒါက သူတို့ကို အညံ့ခံစေတဲ့တစ်ခုတည်းသောနည်းလမ်းပဲ...”
သူတို့ကို ဖိနှိပ်ချုပ်ချယ်ပြီးသည်နှင့် ၎င်းတို့၏ အမှတ်ရစရာများအားလုံးကို ရှာဖွေပြီး သဲလွန်စများ ရှာတွေ့နိုင်မလား။ ထို့နောက်တွင် ဒုတိယမာန်နတ်ဘုရား၏ဘယ်ဘက်လက်ကိုရှာဖွေရန်နည်းလမ်းကိုသူစဉ်းစားနေလိမ့်မည်။
သူ့ကို ထိုကဲ့သို့ကြမ်းကြုတ်သောနည်းလမ်းများကို လုပ်လေ့ရှိသည်။ ၎င်းက မာန်မျိုးနွယ်စုများဆီသို့ ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်သည်။ သူက စစ်ပွဲများစွာကို တွေ့ကြုံခဲ့ရပြီး လူများစွာကို ဖိနှိပ်ခဲ့သည်။အင်မော်တယ်များပိုင်ဆိုင်သောကြယ်များမှတစ်ဆင့် သူဖြတ်သန်းသွားခဲ့သည်။ သူက ဤအရာမျိုးနှင့် မယုံနိုင်လောက်အောင် ရင်းနှီးသည်ဟု ဆိုနိုင်သည်။
ချန်ရှင်းက ပေလင်းကို သင်္ဘောပေါ်မှ ကြည့်လိုက်သည်။ သူမ၏ အမှတ်တရာထဲမှာတော့ ပေလင်းက ထိုကဲ့သို့မဟုတ်ပေ။ တကယ်တော့ သူက လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း မာနကြီးပြီး အေးစက်လာကာ သူ့အတွင်းရှိစိတ်ခံစားချက်များ အားလုံးကို ဆုံးရှုံးသွားခဲ့သည်။
သူမ ရင်ထဲတွင် သက်ပြင်းချလိုက်ပြီး ရေနဂါးများ ပိတ်မိနေသောဝတ်ရုံဖြူအဘိုးအိုကို ငေးကြည့်နေလေသည်။ လေထဲတွင် တဟုန်ထိုး မြည်ဟည်းသံများ လွင့်ပျံလာသောအခါ သူမ ခေတ္တ ထိတ်လန့်သွားသည်။ သူမက အနည်းငယ် အနီးကပ်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
ရေနဂါးကိုးကောင်မဟုတ်ဘဲ ရေနေနဂါးဆယ်ကောင်ရှိကြောင်း သူမသတိပြုမိသည်။
ချန်ရှင်းက ဖွင့်မပြောဘဲ ဆယ်ကောင် မြောက်နဂါးကို သေချာအာရုံစိုက်ဖို့ ရွေးချယ်ခဲ့သည်။ အပိုနဂါးကို ရှာဖွေရန် ကြိုးစားနေစဉ် သူမ၏ မျက်လုံးများတွင် အလင်းရောင်တစ်ခု ပေါ်လာသည်။
ပေလင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ နဝမမြောက်တောင်ထွဋ် မတ်တပ်ရပ်ပြီးနောက် သူ၏ အေးစက်စက် အကြည့်များက ပိုင်စုပေါ်သို့ ကျဆင်းသွားခဲ့သည်။
“ငါမိန်းမတွေကို မသတ်ဘူး...”
ပေလင်းက သူမကိုကြည့်သောအခါ သူ့အမူအရာက ယခင်အတိုင်း ခက်ထန်နေခဲ့သည်။
“မင်းရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိတယ်..အဲဒီလူကို ကာကွယ်နေတာက မင်းရဲ့သစ္စာစောင့်သိမှုကို ပြသနေတာ..ဒီလိုသစ္စာရှိတဲ့လူတစ်ယောက်ဖြစ်တာကြောင့် မင်းကို ဂုဏ်သိက္ခာရှိတဲ့သေခြင်းတစ်ခုပေးမယ်..”
ပေလင်းက ထိုသို့ပြောသောအခါ သူ့အရှိန်က ရုတ်တရက် တိုးလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဟူကျီရှေ့မှာ သူရောက်လာပြီး သူ့၏ညာလက်ကို လက်ညိုးနှစ်ချောင်းကို မြှောက်လိုက်တယ်။ မကြာသေးမီကပင် ပင်လယ်ကို ခွဲထုတ်ပစ်ခဲ့သော ဓားရောင်ဝါက တစ်ဖန် ထွက်ပေါ်လာပြီး သန်မာသောလူဆီသို့ ပိုင်းဖြတ်သွားသည်။
ဟူကျီက ခပ်အုပ်အုပ်ဟိန်းဟောက်ရင်း ညာလက်ကို လက်သီးဆုပ်လိုက်သည်။ တုန်ခါမှုများက သူ့ခန္ဓာကိုယ်ကနေ ချက်ချင်းထွက်လာသည်။ ထိုတုန်ခါမှုများက နယ်မြေတစ်ခုလုံးကို ဝိုင်းရံကာ ရေမျက်နှာပြင်နှင့်တူသော တည်ရှိမှုအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထို့နောက် ညာလက်ကို မြှောက်ကာ ဘေလင်းဆီသို့ လက်သီးဖြင့် ပစ်ချလိုက်သည်။
“ထွက်သွား.....”