← Chapters

နိူးထလော့..

Vol. 42 Ch. 574

နိူးထလော့..

Vol. 42 Ch. 574

ဟူကျီ၏မျက်လုံးထဲတွင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ဟူကျီက ဘေလင်းရှေ့ ခြေတစ်လှမ်းထိ လေထုကိုလက်သီးဖြင့်ထိုးလေသည်။ပေလင်း သက်ရောက်မှုတစ်စုံတစ်ရာ မဖြစ်ပေါ်စေဘဲ ချည်လုံးလေးကျသွားသကဲ့သို့ သာဖြစ်စေလေသည်။

ယင်းအစား စူးရှသောဓားရောင်ဝါက သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားကာ ဟူကျီ ၏တစ်ကိုယ်လုံး တုန်လှုပ်သွားကာ ပါးစပ်မှ သွေးများ ချောင်းဆိုးလာသည်။ သူနောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။သူက စုမင်ရှိနေသောနေရာထိ ပြန်ဆုတ်သွားလေသည်။ ဟူကျီက ကတော့ စုမင်ရှိသည့်နေရာထက် ကျော်၍ ရှောင်မသွားပေ။

“မင်းတကယ်သစ္စာစောင့်သိတဲ့သူပဲ၊ ဒါပေမယ့် မင်းရဲ့စွမ်းအားက အားနည်းလွန်းတယ်...”

ပေလင်းက ဟူကျီမှ သူ့အကြည့်ကို လွှဲလိုက်ပြီး တောင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော စုမင်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် သိသာထင်ရှားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

“စောစောက သူ့ကို သတိမထားမိခဲ့တာ အံ့သြစရာမဟုတ်ပါဘူး၊ ဒါကြောင့် သူ့ကိုယ်သူ တံဆိပ်ခတ်ထားလိုက်တာ အံ့သြစရာဘဲ..”

ပေလင်းက သူ၏ညာလက်ကို မြှောက်လိုက်ပြီး စုမင်ဆီသို့ မရွေ့မီ သူ့လက်ဖဝါးကို တည့်တည့်မတ်မတ်ထားလိုက်သည်။ .

သူက ဤလူ၏အမှတ်တရများကို ရှာဖွေချင်သော်လည်း စုမင်၏ခေါင်းပေါ်သို့ သူ့လက်က ကျရောက်ခါနီးအချိန်တွင် ပိုင်စုက ရှည်လျားသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့နား ရောက်လာသည်။

ဟူကျီက သူ့ခြေဖဝါးကို ခြေထောက်ကာ ပေလင်းဆီသို့အရှိန်တင်ပြန်သည်။

ပေလင်းက အနီးတစ်ဝိုက်အေးစက်စွာ ဟိန်းဟောက်လိုက်သည်။ ထိုအသံက မိုးခြိမ်းသံကဲ့သို့ဖြစ်၍ ရှေ့သို့ တိုးသွားသောအခါ ဟူကျီ၏ နားထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့ခြေလှမ်းများ အေးခဲရပ်တန့်သွားကာ ချောင်းဆိုးသွေးပါသွားသော်လည်း နောက်ပြန်မလှုပ်တော့ပေ။ ယင်းအစား သူသည် ပေလင်းနှင့် စုမင်ကြားသို့ ပြေးသွားခဲ့သည်။ သူ့ခန္ဓာကိုယ်က စုမင်ကို ကာကွယ်ရန် ရပ်နေပြန်သည်။

သူ၏စိတ်ဝိညာဉ်ထဲမှ ဟိန်းဟောက်သံများကို ထုတ်လွှတ်လိုက်ပြီး သူ့မျက်လုံးများက ရဲရဲနီနေလေသည်။

ပိုင်စုက တုန်လှုပ်သွားသည်။ ကျယ်လောင်သောအသံများ လေထဲတွင် ပဲ့တင်ထပ်နေချိန်တွင် သူမ၏ နှုတ်ခမ်းထောင့်များမှ သွေးများ စီးကျလာသည်။ သူမ၏ အမြင်အာရုံများ မှုန်ဝါးသွားကာ ရှင်းရှင်းလင်းလင်း လှမ်းကြည့်လိုက်သောအခါတွင် အဆုံးမရှိသော သဲကန္တာရကြီးတစ်ခု သူ့ရှေ့တွင် နေရာယူသွားသည် ။

ပေလင်း၏ ကြမ်းတမ်းသောအမူအရာက ပိုင်စုကို ချက်ချင်းပင် မှင်တက်သွားစေသည်။ သူမက ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသည်။ သို့သော် ဟူကျီက ထိုထင်ယောင်ထင်မှားထဲသို့ မ၀င်ရောက်ခဲ့ပေ။ ယင်းအစား သူက သွေးထွက်သံယိုမျက်လုံးများဖြင့် ပေလင်းဆီသို့ အရူးအမူး ချီတက်ပြန်သည်။

“မင်း ငါ့ညီငယ်ကို နာကျင်စေရင် ငါသေတဲ့အထိ မင်းကို ကျိန်ဆဲမယ်...”

ဟူကျီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ဂရုမစိုက်ဘဲ လက်သီးကို မြှောက်ကာ ရှေ့သို့ ပစ်လွှတ်လိုက်သည်။

ပေလင်းက မျက်မှောင်ကြုတ်ပြီး သူ့လမ်းကြောင်းကို ပိတ်ဆို့နေသောလူကို ကြည့်လိုက်သည်။ သူ၏သစ္စာစောင့်သိမှုကို မူလက သဘောကျခဲ့သော်လည်း သူ့စကားကြားလိုက်သည်နှင့် သိသိသာသာ တုန်လှုပ်သွားခဲ့သည်။

“ဒါဆို သူက မင်းရဲ့ အငယ်ဆုံးညီလေးလား.. တရားမမျှတမှုလိုက်တာ... အိုး..ငါ့ဓားနဲ့ထိုးတာကို ခံနိုင်ရည်ရှိလား ငါ့ရှေ့မှာ ရပ်နေနိုင်ရင် ခွင့်လွှတ်ပေးမယ်”

ပေလင်းက စကားပြောနေစဉ်တွင် သူ၏ညာလက်ကို တစ်ဖန်ပြန်၍ မြှောက်လိုက်ပြီး ဓားသွားအနေအထားဖြင့် ဟူကျီဆီသို့ လွှဲယမ်းလိုက်သည်။ ထိုစဉ် စူးရှသောဓါးတစ်စင်းက စက်ဝိုင်းပြတ် ပုံသဏ္ဍန်နှင့် ဟူကျီထံ တစ်ဟုန်ထိုး တိုးဝင်လာလေသည်။

ဟူကျီက ဟိန်းဟောက်ပြီး သူ့ညာလက်ဖြင့် ထိုဓါးကို ခုခံလိုက်သည်။ ထင်ယောင်ထင်မှားဖြစ်စေသောအရှိန်အဝါက သူ့ခန္ဓာကိုယ်မှ ပျံ့လွင့်လာလေသည်။ သူ့ပတ်ဝန်းကျင်ရှိ လေထုသည်လည်း မှုန်ဝါးသွားကာ မာန်အမှတ်အသားတစ်ခုပေါ်လာလေသည်။

ထိုမာန်အမှတ်အသားက တောင်တစ်ခုဖြစ်ပြီး ထိုတောင်က နဝမမြောက်တောင်ထွဋ်ဖြစ်သည်။

“နဝမအကြိမ်မြောက်တောင်ွဋ်က.. ငါ့အိမ်၊ ငါ့နောက်ကလူက ငါ့အငယ်ဆုံးညီလေး.. ငါရှိနေရင် ကောင်းကင်ကပဲဖြစ်ဖြစ် မြေကြီးပဲဖြစ်ဖြစ် အရေးမကြီးဘူး...ဘယ်ယ်သူကပဲဖြစ်ဖြစ် အရေးမကြီးဘူး.. မင်းဘယ်သူပဲဖြစ်ဖြစ် ငါ့ညီ လ လေးရဲ့ခေါင်းပေါ်က ဆံပင်တစ် ချောင်စကိုတောင် မထိခိုက်စေရဘူး..”

ဟူကျီက ကြိမ်ဝါးနေစဉ်တွင် သူ့ ညာလက်သီးကို ရှေ့သို့ပစ်လွှတ်ကာ သူ၏လက်သီးများသည် ဘေလင်း၏ဓားအလင်းတန်းသို့ ကျရောက်သွားသည်။

ထိုအချိန်တွင် ကျယ်လောင်သော အသံများက ကောင်းကင်ကို တုန်လှုပ်စေခဲ့သည်။ ပေလင်း က မတုန်လှုပ်ပေ။ တကယ်တော့ သူ့ဝတ်ရုံပင် မလှုပ်ပေ။ ဟူကျီက နောက်ကို သုံးလှမ်းဆုတ်လိုက်သည်။ သူက လေးလှမ်း ဆုတ်နိုင်သော်လည်း သူ့နောက်မှာ စုမင်ရှိနေသောကြောင့် ထပ်မဆုတ်တော့ပေ။

သူ့ကိုယ်သူ အတင်းရပ်တန့်ခိုင်းပြီး ပါးစပ်မှ သွေးများ ချောင်းဆိုးလာသည်။ သူ၏ ညာလက်က စုတ်ပြဲကာ သွေးထွက်သံယိုဒါဏ်ရာများဖြစ်လာသည်။ သူ၏ ရင်ဘတ်တွင် ဓားနက်ကြီး စိုက်ဝင်သွားသည် ။ ထိုထဲက သွေးများ စီးကျလာသည်။

သူ့မျက်နှာပေါ်တွင် အသက်မဲ့သော အကြည့်များ ရှိနေသော်လည်း သူ့နှလုံးသားထဲတွင် ဒေါသ မီးလုံးကြီး တောက်လောင်နေသည်။ ထိုအချိန်တွင် သူက သူ့ညီလေးကို ကာကွယ်ရန်အတွက် အရာအားလုံးကို လောင်ကျွမ်းစေမည့်ပုံပေါက်နေပုံရသည်...

သူသေသွားလျှင်တောင် နောင်တရနေမည် မဟုတ်ပေ။

ဟူကျီက သူ့နှုတ်ခမ်းထောင့်က သွေးများကို သုတ်လိုက်သော်လည်း သူ့ညာဘက်လက်က သွေးထွက်လွန်နေလေသည်။ သူ့နှုတ်ခမ်းကို သုတ်လိုက်သည့်အခါ သွေးများ ပို၍စွန်းထစ်သွားသည် ။ သူ တုန်လှုပ်သွားသည်။ သေခြင်းတရားက သူ့ဆီသို့ တိုးဝင်လာနေပြီဟု ခံစားရသော်လည်း သူ... အနည်းငယ်ပင် မဆုတ်ခွာသေး။

“ငါတို့အားလုံး နောက်ဆုံးတော့ သေမှာပဲ၊ ငါ့ညီငယ်အတွက် ငါသေရင် ထိုက်တန်တယ်”

ဟူကျီက သူ့ဘယ်ဘက်လက်ကို ကျစ်ကျစ်ဆုပ်ထားပြီး ရင်ဘတ်ကို ထုရိုက်လိုက်သည်။ သူ့မျက်လုံးများတွင် ပို၍နီရဲလာသည်။ အိပ်မက်နှင့်တူသော တည်ရှိမှုတစ်ခုက သူ့ခန္ဓာကိုယ်မှ ရုတ်ခြည်းပျံ့နှံ့သွားပြီး သူ၏မာန်အမှတ်အသားနှင့် ပေါင်းစပ်သွားသည်။ ပေလင်းက ဧရာမတောင်ကြီးကို ကြည့်နေသည်ဟု ထင်ယောင်ထင်မှားဖြစ်စေသည်။

သူက ဟူကျီကိုကြည့်ပြီး ဖြည်းညှင်းစွာပြောသည်

“မင်းက ငါ့ရဲ့လေးစားမှုနဲ့ထိုက်တန်တဲ့ ဒုတိယလူပဲ၊ ဒါပေမယ့် မင်းဘယ်လောက်ကြာကြာနေနိုင်လဲဆိုတာ ငါကြည့်ချင်တယ်”

ပေလင်းက သူ၏ညာလက်ကို မြှောက်လိုက်သော်လည်း ဓားသွားအနေအထားလက်နှစ်ချောင်းမရှိတော့ပေ။ ယခုတစ်ခါ သူ့မှာ လက်သုံးချောင်းရှိသည်။

သူက ချိတ်တံဆိပ်ခတ်သကဲ့သို့လုပ်ပြီးသည်နှင့် ဝင်လာသည့် ဟူကျီဆီသို့ ချိန်ရွယ်လိုက်သည်။ ထိုအချိန်တွင် ပေလင်းရှေ့တွင် ဖောက်ထွင်းမြင်ရသော ဓားရှည်တစ်လက် ပေါ်လာသည်။ ၎င်းက ဟူကျီဘက်သို့ တည့်တည့်ထိုးသွင်းလိုက်သည့်အတိုင်း တရွီးရွီးမြည်နေလေသည်။

ထိုအချိန်တွင် လူနှင့်ဓားက အချင်းချင်း ထိတိုက်သွားသည်။ ဟူကျီက အော်ဟစညည်းတွားပြီး သူ့ရှေ့ရှိ နဝမမြောက်တောင်ထွဋ်က ကိုး လေထဲမှာ လှည့်ပတ်ရင်း ပြိုကျသွားသည်။ အိပ်မက်ကဲ့သို့ တည်ရှိနေသည့် သူ့ခန္ဓာကိုယ်မှာ ပြန့်ကျဲသွားသည်။

သူ၏ ဘယ်ဘက်လက်က ပေါက်ကွဲသံနှင့်အတူ စုတ်ပြတ်သတ်သွားသည်။ ချောင်းဆိုးလိုက်သောအခါတွင် သူ့ခန္ဓာကိုယ်က တုန်ယင်လာပြီး မျက်နှာက ဖြူဖျော့လာသည်။ ပြုတ်ကျနေသော ခန္ဓာကိုယ်ကို ရပ်တန့်ရန် တွန်းအားပေးခဲ့သည်။ သူ့ပါးစပ်က သွေးများဖြင့် ပြည့်လျှံနေပြီး မျက်လုံးများ နီရဲလာပြီး အသက်ရှုသံများ တဖြည်းဖြည်း အားနည်းလာသည်။

ဓားက လေထဲ၌ ဆက်လက်မျောပါသော်လည်း ကွဲကြေသွားကာ ဓားပုံစံမဟုတ်တော့ပေ။

“မင်း နောက်ထပ် ဒဏ်ခတ်မှုကို ခံနိုင်ရည်ရှိဖို့ ကျန်သေးတယ်.. ငါ အရင်က အင်အားရဲ့ ဆယ်ပုံတစ်ပုံ နှစ်ပုံလောက်ပဲ သုံးဖူးတယ်.. အခု... မင်းကို လေးစားဖို့ ငါ့ရဲ့ ရှစ်ပုံတစ်ပုံကို သုံးမယ်.. မင်းနာမည်ကို ပြောပြစမ်း.. “

ပေလင်းက သူ့ညာလက်ကို မြှောက်လိုက်ပြီး ယခုတစ်ကြိမ်မှာတော့ သူ့လက်ဖဝါးတစ်ခုလုံးကို ဓားပုံစံ ဖန်တီးထားသည်။

ဘေလင်း၏ညာလက်မှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုဓားက ခုနစ်ပေရှည်လျားပြီး အစစ်အမှန်ဖြစ်သည်။

“ငါက မင်းအဘိုးပဲ..”

ဟူကျီက အားပျော့ပြီး ကြမ်းတမ်းစွာ ပြုံးပြသည်။ စုတ်ပြဲပြီး သွေးစွန်းနေသော ညာလက်ကို မလိုက်ကာ ဝိုင်အိုးကို ဆုပ်ကိုင်လိုက်သည်။ သို့ပေမယ့် အခု သေခြင်းတရားက သူ့ခေါင်းပေါ်ရောက်ရှိလာလေသည်။ ထိုဝိုင်အိုးကို သူ့နှုတ်ခမ်းနားဆီ ယူလာပြီး မော့လိုက်သည်။

ပေလင်းက မျက်မှောင်ကြုတ်ကာ သူ့ညာလက်ကို ဟူကျီဆီသို့ လွှဲယမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ့လက်ထဲရှိ ဓားရှည်က လေထဲကို လွင့်ပျံသွားသည်။ အံ့သြစရာကောင်း‌သော ချွန်မြသော တည်ရှိမှုနဲ့အတူ လေထုကို ဆုတ်ဖြဲကာ ဟင်းလင်းပြင်ကို အက်ကွဲကြောင်းများ ဖြစ်ပေါ်လာစေသည်။ထို့နောက် ဟူကျီဆီသို့ တည့်တည့် ထိုးသွင်းလိုက်ပါတော့သည်။

ဟူကျီ၏အမူအရာမှာ တည်ငြိမ် နေလေသည်။ သူက စုမင် ရှေါမှာ မတ်တပ်ရပ်ပြီး မျက်လုံးကိုမှိတ်ထားလိုက်သည်။ သို့သော် ထိုအချိန်တွင် သူ့အတွင်း၌ မီးလုံးကြီးတစ်ခု တောက်လောင်နေသည်။

ထိုဓါးခုတ်ချက်ကို ခံနိုင်ရည်ရှိပြီး သူ့ ညီလေးကို ကာကွယ်ရန် ကိုယ်တိုင်လောင်ကျွမ်းခြင်းပြုလုပ်နေလေသည်။

“အငယ်ဆုံးညီလေး.. နှုတ်ဆက်လိုက်ပါတယ်...”

မမြင်နိုင်သော မီးတောက်များက ဟူကျီ ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံနေချိန်တွင် ဓားက တရွှီးရွီးမြည်သံသံနှင့်အတူ သူ့ဆီသို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် လက်တစ်ဖက် ထွက်ပေါ်လာပြီး သူ့နောက်ကျောကို ဖိထားသည်။

ထိုလက်ဖဝါးက ဟူကျီအား ထိလိုက်သောအခါတွင် များပြားလှသော အသက်စွမ်းအင်က စီးဆင်းနေသော စမ်းချောင်းကဲ့သို့ ဟူကျီ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ ဟူကျီ့အတွင်းလောင်နေသော မီးတောက်များကို ငြှိမ်းသတ်ကာ ဆုံးရှုံးသွားသော အသက်စွမ်းအားကို ပြန်လည်ဖြည့်တင်းပေးကာ သူရခဲ့သော ဒဏ်ရာများကိုပင် အနည်းငယ် ပြန်လည်သက်သာလာစေသည်။

အရာအားလုံးက မျက်စိတစ်မှိတ်အတွင်းဖြစ်ပျက်လာခဲ့သည်။ ဟူကျီက အံ့သြသွားလေသည်။ ဓားရှည်ကလည်း နီးကပ်လာလေသည်။ ဟူကျီ နောက်မှာ ထိုင်နေသောစုမင်က ခက်ထန်သောအကြည့်နှင့် မတ်တပ်ထရပ်လိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တစ်ချိန်တည်းမှာပင် ဟူကျှနှင့် နေရာချင်းလဲလှယ်ကာ ညာလက်ကို မြှောက်ကာ ဝင်လာသော ဓားရှည်ဆီသို့ ချိန်ရွယ်လိုက်သည်။

ထိုလက်ချောင်းက ဓားရှည်ကို ထိလိုက်သည်နှင့် မဖော်ပြနိုင်လောက်အောင် ကျယ်လောင်သော ပေါက်ကွဲသံက လေထဲသို့ ပဲ့တင်ထပ်သွားသည်။

ထို့ကြောင့် လေလင်းက ပထမဆုံးအကြိမ် နောက်ပြန်ဆုတ်သွားခဲ့သည်။ခြေလှမ်းတိုင်းတွင် မြေပြင်ပေါ်တွင် နက်နဲသော ခြေရာတစ်ခုကို ချန်ထားခဲ့ရပြီး တောင်တစ်ခုလုံး တုန်လှုပ်သွားစေသည်။ နောက်ဆုံး ခြေလှမ်းကို လှမ်းကြည့်လိုက်ရင်း သူ့ ပါးစပ်က သွေး တစ်လုတ်ကြီးအန်လိုက်ရပြီး မျက်နှာက် ဖြူဖျော့သွားသည်။သူက ခေါင်းကို လျင်မြန်စွာ မော့လိုက်ပြီး မျက်နှာပေါ်ရှိ ထိတ်လန့်မှုက ပေါ်လွင်နေသည်။

စုမင်က နောက်သို့ ခြေတစ်လှမ်းပင် ဆုတ်သွားခြင်း မရှိပေ။ သူရောက်နေသော‌နေရာမှာပဲ ရပ်နေပြီး သူ့နောက်မှာ အစ်ကိုကို ကာကွယ်ပေးနေလေသည်။

သူ့အစ်ကိိုဖြစ်သူက ဟက်ဟက်ပက်ပက် ရယ်မောရတာကို ကြိုက်တတ်သည်။ သူ့ကိုယ်သူ ဉာဏ်ရည်ထက်မြက်သူဟု ထင်ရသော်လည်း ရိုးသားလွန်းတာသည်။ တခါတရံ အခြားလူများက သူ့ကို မည်ကဲ့သို့ဆက်ဆံရမည်ကို မသိပေ။ သို့သော် သူ့အတွက်တော့ သူ့အစ်ကိုက အရာအားလုံးကို သူ့အတွက်ပေးဆပ်သွားခဲ့သည်။

“စုမင်ရဲ့စီနီယာအစ်ကို...”

“အကိုကြီး...ငါဒီမှာ...”

စုမင်က ပေလင်းကို မကြည့်ပေ။ ယင်းအစား ဟူကျီကိုကြည့်ကာ ညင်သာစွာပြောလိုက်သည်။ သူ၏ဘယ်ဘက်လက်ကို ဟူကျီ့ရင်ဘတ်ပေါ်ဖိလိုက်ကာ ချက်ချင်းဆိုသလိုပင် များပြားလှသော အသက်စွမ်းအားများစွာက ဟူကျီခန္ဓာကိုယ်ထဲသို့ တစ်ဖန်ပြန်ဝင်လာသည်။

ဟူကျီက ခပ်ယဲ့ယဲ့ ပြုံးပြီး သူ့ကို ပြန်ကြည့်သည်။ ထိုရိုးသားသောအမူအရာကြောင့် စုမင်၏နှလုံးသားကို နာကျင်စေခဲ့သည်။ ဟူကျီ၏ရင်ဘတ်ရှိ ဒဏ်ရာများမှာ ယခုအချိန်တွင် မယုံနိုင်လောက်အောင် ဆိုးရွားနေသောကြောင့်ဖြစ်သည်။ သူ့လက်များလည်း ညက်ညက်ကျေအောင်ထိခိုက်ခဲ့ရသည်။ သူ့မျက်နှာဖြူဖျော့ဖျော့ဖြစ်နေပြီး ရိုးသားဖြောင့်စင်းသော အပြုံးနှင့် တောင်ကြီးကဲ့သို့ခန္ဓာကိုယ်က စုမင် တစ်သက်မမေ့နိုင်သော အရာများဖြစ်သည်။

“ညီလေး၊ ငါသေတော့မှာလား... ငါသေရင် သေပါရစေ... ငါမကြောက်ဘူး... ဆရာကြီးကို ရှာရမယ်နော်...မှတ်ထား”

ဟူဇီအတွက် ခက်ခဲလာသည်။ အသက်ရှုကြပ်၍ အသံကွဲသွား၏။

“အစ်ကိုမသေရဘူး...”

စုမင်က ဇွတ်ပြောလေသည် ။

All Chapters