ပေလင်း..ငါတို့ကြားမှာ ဘာကျေးဇူးကြွေးမှ မရှိတော့ဘူး..
Vol. 42 Ch. 575
အချိန်ကို ပြောင်းပြန်ဖြစ်စေသော ဤစွမ်းအားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် စုမင်ဆီသို့ အရှိန်တင်နေသော ဓားတစ်ရာပုံရိပ်များက အေးခဲသွားပြီး နောက်သို့ ဆတ်ခနဲ တုန်ခါသွားတော့သည်။ ပေလင်းက မျက်မှောင်ကျုံ့သွားသည်။ ထိုဓားရှည်များက ချက်ချင်းပင် ပြန်ကျသွားပြီး သူ့ခန္ဓာကိုယ်က သူ့အလိုဆန္ဒကို ဆန့်ကျင်ကာ နောက်သို့ဆုတ်သွားကာ လျှာဖျားကို ကိုက်ကာ ပါးစပ်ထဲ သွေးများ ချောင်းဆိုးလာသည်။ ထိုသွေးများ ပေါ်လာချိန်မှာတော့ နယ်မြေတစ်ဝိုင်းကို ဝိုင်းထားသော သွေးနီကွင်းဆက်အဖြစ် ပြောင်းလဲသွားသည်။ထို့နောက် ဝဲဂယက်အဖြစ် ပြောင်းလဲသွားသည်။
ထိုဝဲဂယက်က ကြီးမားသောစွမ်းအားနှင့်ထိတိုက်မိကာ အချိန်နှင့်အမျှ နောက်ပြန်ဆုတ်သွားကာ ပြင်းထန်သော ပေါက်ကွဲသံကို ထုတ်လွှတ်သည်။ ဓားတစ်ရာအရိပ်များက လုံးဝပျောက်ကွယ်သွားသည်။အချိန်နောက်ပြန်ဆုတ်ချိန်တွင် ပေလင်းက နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သော်လည်း သူ့ကိုယ်သူ ရှေ့တိုးရန် တွန်းအားပေးခဲ့သည်။
ထို့နောက် စုမင်က သူ့ဘယ်ဘက်လက်ကို ဟူကျီ၏ မျက်ခုံးအလယ်တွင်ထားပြီး လှကြည့်လိုက်သည်။ ထို့နောက် ပထမအကြိမ် ပေလင်းကို မျက်နှာချင်းဆိုင်ကြည့်သည်။ သူ့နောက်ရှိ ဟူကျီက မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားသည်။ သူ၏ ရင်ဘတ်က မြင့်တက်လာပြီး ပြန်ကျသွားသည်၊၊ သူ အသက်ရှင်ဆဲပင်... သူ၏ မျက်ခုံးအလယ်တွင် ‘ဘဝ’ ဟူသော စကားလုံးနှင့် ဆင်တူသည့် အမှတ်အသားတစ်ခု ရှိနေလေသည်။
ထိုအမှတ်အသားက ဟူကျီ၏အသက်ရှုသံနှင့် တူညီသော စည်းချက်အတိုင်း တောက်ပနေ၏။
စုမင်က ပေလင်းကို သူ့မျက်လုံးထဲတွင် ရှုပ်ထွေးနေသော ခံစားချက်တစ်ခုဖြင့် ကြည့်လိုက်သည် ။ အမှန်တော့ သူနိုးလာချိန်မှာပဲ သူ့အမှတ်တရတွေထဲမှာ ရှိခဲ့ဖူးသော ထိုပုံရိပ်ကို မြင်ဖူးလေသည်။
သူတို့နှစ်ယောက်ကြားက ခြားနားမှုတစ်ခုကို ပြောရလျှင် သူ့ ၏အမှတ်တရထဲမှာပေလင်က ဆယ်ကျော်သက်လူငယ်တစ်ယောက်ဖြစ်သည်။ ယခု သူ့ရှေ့မှာ ရပ်နေ သောလူက အရွယ်ရောက်ပြီးသားလူတစ်ယောက်ဖြစ်သွားလေပြီ။ သူက ရှေးကျပုံမပေါ်သော်လည်း အလွန်မောက်မာမှုနှင့် အေးစက်မှုရှိသည်။
စုမင်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပေလင်းကိုတွေ့လိုက်ရလျှင် စိတ်လှုပ်ရှားနေမှာ သေချာလေသည်။သို့သော် ပိုင်စုနှင့်ပေလင်းတို့၏တူညီသောပုံစံကို ကြည့်ပြီးနောက် ထိုအချိန်ကာလကြားထဲမှာ အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ခဲ့ရဟန်ရှိသည်။ စစ်မာရှင်း နှင့် ထို နဂါးငွေ့တန်းတိုက်ကြီးရှိ ယဇ်ပလ္လင်ပေါ်ရှိ အလောင်းကောင်၊ အခြားလျှို့ဝှက်ချက်များစွာကို သိခဲ့ရပြီးနောက် သူစိတ်မလှုပ်ရှားတော့ပေ။ သူ့ရင်ထဲမှာ ရောထွေးနေသည့် ခံစားချက်သာ ရှိသည်။
ပေလင်းက သူ့ကို မမှတ်မိခဲ့ပေ။
စုမင် ပေလင်းကိုကြည့်ကာ ထိုလူက သူ့ကိုပြန်ကြည့်နေသည်။ သူတို့၏ အကြည့် ဆုံတွေ့ခိုက်မှာ ပေလင်း၏ နှလုံးသားများတုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ရှေ့ရှိလူကို မရင်းနှီးသော်လည်း ထိုသူ့အကြည့်များက ရင်းနှီးတဲ့ခံစားချက်ကိုပေးခဲ့ပြီး သူ့ကို ခဏတာ အံ့အားသင့်သွားစေခဲ့သည်။
“ပေလင်း.. မတွေ့တာကြာပြီ”
စုမင်က အေးဆေးတည်ငြိမ်စွာပြောသည်။
ပေလင်း၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ့ကို စိုက်ကြည့်နေသည်။
“မင်း ငါ့ကိုသိလား..”
“မင်းနာမည်က ပေ..လင်း...လား..”
စုမင်က ဖြည်းညှင်းစွာမေးသည်။
ဤနေရာကနေ လွတ်မြောက်ရန် နည်းလမ်းမရှိပေ။ ပေလင်းလုပ်ခဲ့တာတွေအတွက် သူတာဝန်ယူရမည်။
“ဘာလွတ်လမ်းမှ မရှိစေရဘူး..”
ပေလင်းက အေးစက်စွာပြောသည်။ အဝေးမှ သင်္ဘောက ဖြည်းညှင်းစွာ နီးကပ်လာကာ သင်္ဘောပေါ်တွင် ရပ်နေသော အမျိုးသမီးက စုမင်ကို မှိုင်တွေနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ တဖြည်းဖြည်းနှင့် သူမမျက်နှာပေါ်၌ မယုံကြည်မှုများ ပေါ်လာပြီး သူမ၏ အသက်ရှူသံများ မြန်လာသည်။
“မင်းက ချန်ရှင်းပဲ..မတွေ့တာကြာပြီ..”
စုမင်က ပေလင်းမှ အကြည့်လွှဲကာ အမျိုးသမီးဆီသို့ လှမ်းကြည့်လိုက်ပြီး တိုးတိုးလေးပြောသည်။
“မင်း... မင်းက...”
ချန်ရှင်းက မျက်လုံးပြူးပြီး စုမင်ကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးများတွင် မယုံကြည်မှုများကို မြင်လိုက်ရပြီး ပြိုင်ဘက်၏မျက်လုံးများကို အနီးကပ်ကြည့်မိစေခဲ့သည်။
“ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး..ပေလင်း.. တိုက်ကြရအောင်”
စုမင်၏ မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခု လင်းလက်နေပြီး သူ့မျက်လုံးများတွင် ရှုပ်ထွေးနေသော အကြည့်များကို ဖုံးကွယ်ထားသည်။ သူ ပေလင်းဘက်သို့ လှမ်းကြည့်ပြီး ညာလက်ကို မြှောက်ကာ တစ်ဖက်သို့ လှည့်လိုက်သည်။
ပေလင်း တိတ်ဆိတ်နေလေသည်။ အေးစက်နေသော အလင်းတန်းတစ်ခု သူ့မျက်လုံးများတွင် လျင်မြန်စွာ ပေါ်လာပြီး လေးနက်သော အမူအရာဖြင့် သူက ညာလက်ကို မြှောက်လိုက်သည်။ သူက လေထုကို ဖမ်းဆုပ်ထားသသည်၊ သို့ပေမယ့် ဘယ်သူမှ မမြင်နိုင်သော အရာတစ်ခုကို ဖမ်းဆုပ်ထားခဲ့သည်။
ထို့နောက် သူ့နောက်ကျောမှ ဓားတစ်ချောင်းကို ဖြည်းညှင်းစွာဆွဲထုတ်လိုက်သကဲ့သို့၊ သူ့မျက်လုံးများတွင် အေးစက်နေသော အရိပ်အယောင်များ တောက်ပလာကာ စုမင်ဆီသို့ ခြေတစ်လှမ်းတိုးရန် ညာခြေကို မြှောက်လိုက်သည်။
ထိုခြေလှမ်းကို သူလှမ်းလိုက်သည်နှင့်ချန်ရှင်း၏ မျက်နှာပေါ်တွင် စိုးရိမ်သောက အကြည့်တစ်ခု ပေါ်လာသည်။ သူမက ချက်ချင်းပင် သင်္ဘောပေါ်မှ ပျံထွက်သွားပြီး သူမ၏ အသံက လေထဲတွင် ထွက်ပေါ်လာသည်။
“ ပေလင်း၊ သူက…”
“တိတ်စမ်း”
ပေလင်းက သူ့ခေါင်းကို နောက်ပြန်မလှည့်ဘဲ ချန်ရှင်း၏ စကားကို ဖြတ် ပြောလိုက်သည်။ ထို့နောက် ပြင်းထန်သောအရှိန်ဖြင့် သူနှင့်စုမင်အကြား ကွာဟချက်ကို ပေတစ်ရာအောက်သာ ကျန်သည်အထိ အရှိန်တင်လိုက်သည်။ အနီရောင် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူ့ညာဖက်လက်ပေါ်ရှိ အနီရောင်ဓားရှည်တစ်လက်က ကြွေကျကြယ်တစ်ပွင့်ကဲ့သို့ စုမင်ဆီသို့ တိုးဝင်သွားသည်။
တစ်ချိန်တည်းမှာပင် ပေလင်းက သူ၏လက်များဖြင့် ချိတ်တံဆိပ်ဖန်တီးပီး ကောင်းကင်ဆီသို့ ချိန်ရွယ်ခဲ့သည်။ ချက်ချင်းပင် ကောင်းကင်တွင် တိမ်တိုက်များမှ အုန်းအုန်းမြည်သံထွကိပေါ်လာသည်။ ဝတ်ရုံဖြူအဘိုးအိုကို ချုပ်နှောင်ထားသည့် ရေနဂါးများက တညီတညွတ်တည်း ဟိန်းဟောက်ကာ ပေလင်းဆီသို့ ဦးတည်သွားခဲ့သည်။သူ့ခေါင်းထက်တွင် နေရာယူသော စပါးအုံးမြွေ၀တ်ရုံအဖြစ်သို့ ပြောင်းလဲသွားသည်။
စပါးအုံးမြွေဝတ်ရုံက မမြင်နိုင်သောတစ်စုံတစ်ယောက် ဝတ်ထားသကဲ့သို့ လေထဲတွင် ကခုန်နေနေလေသည်။
သို့သော် ပေလင်းက မည်မျှ အစွမ်းထက်ကြောင်း ပြသရန် မလုံလောက်ပေ။ သူ့ဘယ်ဘက်လက်ကို မြေကြီးပေါ်သို့ ဖိလိုက်သည်နှင့် ၎င်းတို့အောက်ရှိ ပင်လယ်ရေများက ချက်ချင်းပင် တုန်ခါသွားကာ ကြီးမားသော မျက်နှာအသွင်သို့ ပြောင်းလဲသွားသည်။ ထိုမျက်နှာက ပေလင်းနှင့် အတိအကျတူသည်။ ထိုအချိန်မှာပင် ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ စုမင်ဆီသို့ ဓါးသွားများကို မှုတ်ထုတ်လိုက်သည်။
စုမင်က သူ့ဆီသို့ အရှိန်တင်နေသော ဓားကို ကြည့်လိုက်သည်။ သူ့နောက်မှာ ဟူကျီရှိပြီး သူ့ရှေ့မှာ သူ့အမှတ်တရထဲက နက်မှောင်တောင်မျိုးနွယ်ဝင် သူ့ငယ်ချင်းပင်ဖြစ်သည်။ စုမင်က နက် မှောင်တောင်နှင့်ပတ်သက်သည့် အမှတ်တရများကို မေ့မည်မဟုတ်သလို ဟူကျီ၏ ခင်မင်ရင်းနှီးမှုကိုလည်း မေ့မည်မဟုတ်ပေ။
“ငါ မင်းကို ဘာမှ အကြွေးမတင်တော့ဘူး…”
ဟု တိုးတိုးလေး ရေရွတ်သည်။ သူ့ဆီသို့ တည့်တည့်ရောက်လာသော ဓားကြောင့် မျက်လုံးများကိုမှိတ်ထားသည်။
မျက်လုံးကိုမှိတ်လိုက်သည်နှင့် ချက်ချင်းပင် အနီရောင်ဓားရောင်အလင်းတန်းများက သူ့ရင်ခွင်ထဲသို့ ဝင်ရောက်လာပြီး ရင်ဘတ်ကို ဓားဖြင့်ထိုးခံလိုက်သည်။ ထိုဓားက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နေပြီး စုမင်ကိုသတ်ရန် ဖြစ်သည်။
ပေါက်ကွဲသံတစ်ခုက လေထုထဲတွင် ထွက်ပေါ်လာပြီး နေရာတစ်ခုလုံး ပျံ့နှံ့သွားသည်။ စုမင် နောက်ပြန်ဆုတ်သွားသည် ။ ရှည်လျားသော ဓား၏ အစိတ်အပိုင်း အနည်းငယ်က သူ့ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသော်လည်း သူ့ခန္ဓာကိုယ်က တုနှိုင်းမရတဲ့ ခံနိုင်ရည်ကို ပိုင်ဆိုင်ထားသသည်။ဓါးက သူ့အထဲသို့ ပိုနက်နဲသွားအောင် မလုပ်နိုင်ပေ။
“ဒီဓားနဲ့... လေးမြှားသင်ပေးတဲ့ အကြွေးက ပြီးသွားပြီ...”
စုမင် မျက်လုံးဖွင့်ပြီး ညာလက်ကို မြှောက်လိုက်ကယ သူ့ရင်ဘတ်ထဲက ဓားကို ဆုပ်ကိုင်လိုက်သည်။ ဆုပ်ကိုင်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းများက သူ့တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ထွန်းလင်းတောက်ပလာသည်။ ထိုရွှေရောင်အလင်းတန်းက သူ၏အသွေးအသား၏လက်မတိုင်းမှ ထွက်ပေါ်လာပြီး သူ၏အရိုးတစ်ပိုင်းစီမှ ထွက်ပေါ်လာသည်။ စုမင်က အနီရောင်ဓားကို ဆုပ်ကိုင်လိုက်သည်နှင့် တစ်လက်မချင်း ကွဲအက်သွားကာ ပင်လယ်ထဲသို့ ပြန့်ကျဲနေသော ကျိုးပဲ့သော အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုစဉ် စပါးအုံးမြွေဝတ်ရုံကို ဝတ်ဆင်ထားသည့် မမြင်နိုင်သောလူက စုမင်နား နီးကပ်လာကာ သူ့လက်အကျကို ဝှေ့ယမ်းလိုက်သည်။ ရေနဂါးကိုးကောင်၏ ပုံရိပ်ယောင်များက စုမင်ဆီသို့ ပါးစပ်ကျယ်ကျယ်ဖြင့် ဟပ်လိုက်သည်။ သူတို့၏ ခန္ဓာကိုယ်များကို စုမင်ပတ်ပတ်လည်မှာ ရစ်ပတ်ထားလိုက်ကြပြီး သူ့ခန္ဓာကိုယ်ကို ပိုတင်းကျပ်စွာ ဆွဲညှစ်လိုက်သည်။
စုမင်၏ စကားများက ပေလင်း၏ နားထဲသို့ ရောက်သွားသော်လည်း သူ့မျက်နှာတွင် ခံစားချက်ပြောင်းလဲမှုကို မတွေ့နိုင်ပေ။ ယင်းအစား သူ့အမူအရာက ပို၍ တောင် ခက်ထန်သွားခဲ့သည်။ ထိုအချိန်တွင် သူ အသက်သွင်းလိုက်သော တတိယမြောက်စွမ်းရည်ဖြစ်သော ပင်လယ်ရေ၏ ကြီးမားသော မျက်နှာကြီးက နီးကပ်လာသည်။ ကျယ်လောင်သော အသံနှင့်အတူ စုမင်နှင့်နဝမမြောက်တောင်ထွဋ် တစ်ခုလုံးကို လုံး၀ ဖုံးလွှမ်းသွားသည်။
အဝေးမှ ကြည့်နေသူတိုင်း နဝမမြောက်တောင်ထွဋ်ကို မတွေ့ရတော့ပေ။ သူတို့က အလွန်ကြီးမားသော ဦးခေါင်းကိုသာ မြင်ကြလိမ့်မည်။ ထိုဦးခေါင်းက ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ မတ်မတ်ရှိနေ သောကြောင့် ပေပေါင်းသောင်းချီမြင့် လေသည်။ ထိုအထဲမှာ နဝမမြောက်တောင်ထွဋ်ရှိခဲ့သည်။
“ဒီပင်လယ်မှာ ငါတို့ရဲ့အမှတ်တရတွေကို နက်မှောင်တောင်မှာပဲထားခဲ့လိုက်မယ်.. . ငါ စုမင်..မင်းကို ဘယ်တော့မှ အကြွေးမတင်ဖူးဘူး..အရင်က မင်းကို ဘာမှ မကြွေးမတင် တော့ဘူး...ငါ့ရဲ့အစ်ကို ဒဏ်ရာရသွားပြီ..မင်းပြန်ပေးဆပ်ရမယ်..
စုမင်၏ အသံက ပင်လယ်ရေမှ ထွက်ပေါ်လာပြီး ကောင်းကင်ကို လှုပ်ခါစေလေသည်။ မြေကြီးက ငလျင်လှုပ်သကဲ့သို့ လှိုင်းထကာ မြင့်တက်လာသည်။ ထိုလှိုင်းလုံးများ ပျံ့သွားကာ လေထဲတွင် တဟုန်ထိုးမြည်သံများ ထွက်ပေါ်လာသေသည်။ ပင်လယ်ရေမှ လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာပြီး အပြင်ဘက်သို့ ရိုက်ခတ်လိုက်သည်။
ထိုအချိန်မှာပင် မှုန်ဝါးသော ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ပေလင်းနားသို့ နီးကပ်သွားသည်။ စုမင်၏လက်ချောင်းထိပ်တစ်ဝိုက်တွင် အသက်လမ်းစဉ်တည်ရှိမှုအငွေ့အသက်များက ရစ်ဝဲနေကာ ပေလင်းဆီသို့ ဦးတည်လေသည်။
ထိုတည်ရှိမှုက စိတ်ဝိညာဉ်များကို တုန်လှုပ်စေကာ အသက်ဒုက္ခကျင့်စဥ်စွမ်းအားများကို ချေမှုန်းနိုင်သည့် စွမ်းအားတစ်ခုဖြစ်သည်။ အသက်လမ်းစဥ်ကျင့်ကြံခြင်းစွမ်းအားမှာ ကျင့်ကြံသူက အခြားသူ၏အသက်စွမ်းအားကို လျော့နည်းစေကာ ထိုသူ့ကံကြမ္မာကို ပြောင်းလဲရန်၊ စကြဝဠာကြီးကို ဇောက်ထိုးလှန်ပစ်ရန်နှင့် ဘဝအားလုံးကို ဖန်တီးပေးသော နတ်စွမ်းအားကိုပင် တွန်းလှန်ပစ်နိုင်သောကြောင့် ဖြစ်သည်။
အစောပိုင်းကစုမင်မှာ အသက်လမ်းစဉ်ကျင့်ကြံခြင်း အရိပ်အမြွက်ကို ပိုင်ဆိုင်ထားသော်လည်း သူ၏ မသေချာမရေရာမှုများ၊ စိတ်ရှုပ်ထွေးမှုများ၊ ဖရိုဖရဲဖြစ်မှုများကြောင့် ထိုတည်ရှိမှုက မှုန်မှိုင်းပြီး အသက်မဲ့နေခဲ့သည်။ သို့တိုင် ထိုတည်ရှိမှုက မယုံနိုင်လောက်အောင် အံ့အားသင့်စရာပင်။
ယခုတိုင် သူ့အဖြေအပြည့်အစုံကို မရသေးသော်လည်း သူ့နှလုံးသားထဲတွင် နားလည်မှုတစ်မျိုးရှိနေသည်။ ထိုနားလည်မှုကို ဖော်ပြရန် စကားလုံးများကို သူအသုံးမပြုနိုင်သော်လည်း ၎င်း၏တည်ရှိမှုကို သူခံစားနိုင်သေးသည်။
ယင်းစကားလုံးက ဘဝ ပင်...
အတိအကျပြောရသော် စုမင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အသက်လမ်းစဥ်ကျင့်ကြံခြင်း ကြောင့် ပေလင်းက သိသိသာသာ လှုပ်ရှားလာသည်။ သူ၏ အေးစက်သော မျက်နှာတွင် ထိတ်လန့်တုန်လှုပ်သွားအောင် စွမ်းဆောင်နိုင်သောကြောင့် ဖြစ်သည်။ သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည် ။ ထိုလက်ချောင်းကြောင့် သူ့ဝိညာဉ်က တုန်ခါလာသည်။
“ဒီလက်ချောင်းဟာ နဝမမြောက်တောင်ထွဋ်ကို ထိပါးရဲလို့ မင်းအတွက်ပြစ်ဒဏ်ပဲ”
ပေလင်းက တွန့်ဆုတ်နေရန် အချိန်မရှိပေ။ သူ အလျင်အမြန် နောက်ဆုတ်လိုက်ပြီး ညာလက်ကို မြှောက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ရှိ ချွေးပေါက်များအားလုံး ပွင့်လာပြီး စုမင်၏ ဝင်လာသော လက်ချောင်းကို တွန်းလှန်ရန် ဓားရောင်ဝါများ ထွက်ပေါ်လာသည်။
ကျယ်လောင်သော ပေါက်ကွဲသံက လေထဲတွင် ပဲ့တင်ထပ်သွားသည်။ ပေလင်းက သွေးချောင်းဆိုးလိုက်ရ ပေရာနှင့်ချီပြီး နောက်ပြန်ဆုတ်သွားသည်။ စူးရှသော နာကျင်မှုလှိုင်းလုံးကြီးတစ်ခုက သူ့ခန္ဓာကိုယ်၏ နေရာတိုင်းကို ပြည့်နှက်နေပြီး သူ့ခန္ဓာကိုယ်မှပျံ့နှံ့လာသော ဓားရောင်ဝါကြီးများက ပြိုလဲကာ အဆက်မပြတ် ကွဲအက်သွားသည်။
စုမင်၏လက်ချောင်းပေါ်တွင် ဒဏ်ရာသေးသေးလေးပေါ်လာသည်။ သွေးများ အဆက်မပြတ်စီးကျလာသော်လည်း သူ မရပ်တန့်ခဲ့။ ကြီးမားသော ခြေလှမ်းများဖြင့် သူက ပေလင်းဆီသို့ လျှောက်လှမ်းခဲ့သည်။
စုမင် နီးကပ်လာသည်နှင့် သူ့ ညာလက်သီးကိုဆုပ်ကာ ပေလင်းဆီသို့ တည့်တည့်ထိုးလွှတ်လိုက်သည်။ သူ့တစ်ကိုယ်လုံးရှိ ရွှေရောင်အလင်းတန်းများက သူ့လက်သီးပေါ်တွင် စုရုံးနေပုံရပြီး အဝေးမှကြည့်လျှင် ရွှေလက်သီးကဲ့သို့ ဖြစ်နေသည်။ နယ်မြေတစ်ခုလုံး လင်းထိန်သွားကာ သူ့ရန်သူဆီသို့ ပြေးဝင်သွားသည်။
ပေလင်း သူ့ပါးစပ်မှ သွေးများကို သုတ်ရန် အချိန်မရှိပေ။ သူ့မာနက ထိုကဲ့သို့အရှုံးမျိုးကို ဘယ်တော့မှ လက်ခံခွင့်မပေးပေ။... အထူးသဖြင့် စုမင်ကို ရှုံးနိမ့်သွားခြင်းပင်။ ထို့နောက် သူ၏ညာလက်ကို မြှောက်ကာ သူ့ဦးခေါင်းခွံထိပ်ကို လျင်မြန်စွာ ဖိထားစေသည်။ သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်လာပြီး စုဓားတစ်ချောင်းက ဘေလင်း၏ ခန္ဓာကိုယ်မှ အလိုလို ပေါ်ထွက်လာသည်။ ထိုဓားက သူ့အထဲမှာရှိပြီး သူ့လက်ဖဝါးအရွယ်အစားလောက်သာရှိသည်။ ပေလင်းက သူ့ဦးခေါင်းခွံထိပ်ကို ထိလိုက်ရုံဖြင့် ဓားက ပျံသန်းသွားသည်။