အဖြေက အတုအယောင်လား..
Vol. 42 Ch. 576
ဓားပျံထွက်သွားသည်နှင့် တပြိုင်နက် က လောကကြီးတစ်ခုလုံး ပျံ့နှံ့သွားသော ဓားအရှိန်အဝါက လေထဲတွင် လျင်မြန်စွာ တုန်ခါသွားလေသည်။ ပေလင်းက ရှေ့သို့ ချိန်ရွယ်လိုက်သောအခါတွင် ဓားမှ အဖြူရောင် အလင်းတန်းများ ထွက်လာပြီး စုမင်ဆီသို့ ဦးတည်လေသည် ။
“ဒီတစ်ချက်က ငါ့ရဲ့အစ်ကိုကို နာကျင်စေတဲ့အတွက် ပြစ်ဒဏ်ပဲ”
စုမင်၏ လက်သီးသည် ထိုဓားငယ်ကို ထိမှန်သွားသည်။ ကျယ်လောင်သောအသံက လေထဲသို့ ပဲ့တင်ထပ်လာကာ လှိုင်းလုံးကြီးသဖွယ် ပျံ့နှံ့သွားသည်။ ပေလင်စက နောက်တစ်ကြိမ် သွေးချောင်းဆိုးပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ခဲ့သည်။ သူ့မျက်နှာက ဖြူဖျော့လာသော် စုမင်က ယခင်ကသူ့နေရာနား ရပ်နေသည်ကို တွေ့လိုက်ရသည်။ စုမင် တစ်လက်မတောင် မလှုပ်ပေ။ ယင်းအစား သူ့လက်သီးများကို ဖြေလျော့လိုက်ပြီး ဓားငယ်ကို ဆုပ်ကိုင်လိုက်သည်။
“ညပေလင်း၊ မင်းရဲ့ အသန်မာဆုံးလက်နက်ဓားမဟုတ်ဘူး.. မြှား..မင်းကဒီလိုဓားတွေမသုံးဘူး...”
စုမင်က ဓားလေးကို အနည်းငယ် ယမ်းခါလိုက်သည်။ ထို့နောက် သူ့စိတ်ဆန္ဒနှင့်နတ်ဘုရားအာရုံက ပေါင်းစပ်သွားသည်။ထိုစွမ်းအားက ဓားသေးသေးလေးထဲကို စီးဝင်သွားလေသည်။ ထိုဓါးငယ်လေးက တုန်ယင်နေပြီး စုမင်ကိုဆန့်ကျင့်ကာ။သူ့သခင်ကို ခေါ်နေလေသည်။
သို့သော် စုမင်က ထိုဓားကို အလင်းလှိုင်းပေး၍ သုံးပေရှည်လျားလာစေသည်။ သူ့လက်ထဲတွင် ဓားကို ကိုင်ထားစဉ် ဟုန်လော့၏အင်မော်တယ်အမွေဆက်ခံမှုတစ်စိတ်တစ်ပိုင်းဖြစ်သည့် ဓားများနှင့်ပတ်သက်၍ နားလည်နိုင်စွမ်းက သူ့ခေါင်းထဲတွင် ထွက်ပေါ်လာသည်။
ဤသည်မှာ ဓားကိုင်နည်းဖြစ်သည်။ သို့သော် ဟုန် လော့ကိုယ်တိုင်က ဓားများကို အသုံးမပြုသောကြောင့် ဤစွမ်းရည်ကို မလေ့ကျင့်ခဲ့ပေ။ စုမင်က ယခင်က သေးငယ်သော ဓားဖြင့် စမ်းသပ်ခဲ့ဖူးသော်လည်း ဓားက ဤခြားနားသော ထိန်းချုပ်မှုပုံစံကို မကိုင်တွယ်နိုင်ပေ။
ထိုအချိန်တွင် သူက ပေလင်း၏ဓားကို လက်ထဲတွင် ကိုင်ထားရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့ပြိုင်ဘက်ကို ချက်ခြင်းပင် ထိုးနှက်လိုက်သည်။ (ပေလင်း) သူ့ဓားကို သူ့ဘက်သို့ လှည့်လိုက်သည်။
ပေလင်း ဆက်လက်ဆုတ်ခွာသွားခဲ့သည်။ ထိုအချိန်တွင် သူက ချိပ်တံဆိပ်ဖန်တီးရန်ကြိုးစားနေသော်လည်း
သူ့မျက်လုံးများက တောက်ပနေလေသည်။ ထိုတံဆိပ်များ၏နောက်တွင်ကျန်ခဲ့သော ပုံရိပ်များကို ဖမ်းယူရန် သူ့ပါးစပ်မှ အော်သံတစ်ခုထွက်ပေါ်လာသည်။
“ကြေမွချိပ်စည်းမှ ပေါက်ကွဲခြင်း”
ထိုစကားများကိုပြောပြီး ပေလင်းက သူ၏ဘယ်ဘက်လက်ကို ဖြေလျှော့လိုက်သောအခါ ကျယ်လောင်သောအသံများက ချက်ချင်းထွက်ပေါ်လာသည်။ မိုးခြိမ်းသံများ တအုန်းအုန်းကြားနေရပြီး လျှပ်စီး တဖျပ်ဖျပ်လက်နေကြသည် ။ ထိုအရာများက စုမင်ဆီသို့ ပြေးသွားကြသည်။
သူ ငြိမ်သက်နေခဲ့သည်။ ထိုရိုက်ခတ်မှုက သူ့ဆီသို့ရောက်လာသည်နှင့် တပြိုင်နက် သူ့ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီး ဓားကို ဆတ်ခနဲ တောက်လိုက်သည်။ဓါးက ပြင်းထန်စွာ တုန်လှုပ်စပြုလာပြီး စူးစူးဝါးဝါး အော်သံက လေထဲတွင် ထွက်ပေါ်လာသည်။ စူးရှသော တရွှီးရွှီးမြည်သံက လှိုင်းပုတ်သံများကြားထဲသို့ တိုးဝင်သွားသည် ။ ၎င်းတို့ကြားရှိ နေရာလွတ်က ချက်ချင်းပြိုကျကာ မည်သည့်အရာကိုမဆို စုပ်ယူနိုင်သော ဟင်းလင်းပြင်အဖြစ်သို့ ပြောင်းလဲသွားသည်။
တစ်ချိန်တည်းမှာပဲ စုမင်က သူ့ဘယ်ဘက်လက်ဖျားကို ကိုက်လိုက်သည်။ သွေးများစီးကျလာသောအခါ ဓား၏ကိုယ်ပေါ်၌ လိမ်းကျံလိုက်ရာ ဓားသွားမှ သတ်ဖြတ်လိုသည့် ရောင်ဝါတစ်ခု လျင်မြန်စွာထွက်ပေါ်လာသည်။ ဓားကို သူ့လက်ထဲတွင် ကိုင်ထားပြီး ပေလင်းဘက်သို့ လှည့်လိုက်သည်။ လေထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ဓားရှည်မှ အနီရောင် အလင်းတန်းများက ပေလင်းဆီသို့ရိုက်ခတ်သွားသည်။ ပေလင်း သွေးအန်သောအခါ စုမင်က ခေါင်းယမ်းကာ သူ့လက်ထဲမှ လက်နက်ကို ထပ်မံလွှတ်လိုက်ပြန်သည်။
ဓားပေါ်၌ အက်ကွဲ အက်ကြောင်းတစ်ခု ပေါ်လာသည်။ လောကကြီးထဲတွင်
စုမင် ၏ပြင်းထန်လှသောစွမ်းအားကို ခံနိုင်ရည်ရှိသော ဓားအနည်းငယ်မျှသာရှိသည်။ ပေလင်း၏ဓားသည်ပင်အက်ကြောင်းများ ပေါ်လာပြီဖြစ်သည်။
အကယ်၍ ၎င်းက စုမင်၏ ဓားရှည်ဖြစ်ခဲ့မည်ဆိုလျှင်၊ ပြင်းထန်သော ပွတ်ဆွဲမှုက ပေါက်ကွဲသွားစေရန် လုံလောက်ပေလိမ့်မည်။ ဟုန်လော့၏ အမွေဆက်ခံမှုအရ ဤစွမ်းရည်ကို အသွင်ကူးပြောင်းခြင်း ကိုးသွယ်၊ အသွင်ကူးပြောင်းခြင်း ဆယ်ခုနှင့်အတူ အသက်သွင်းရမည်ဟု ယူဆရသည်။ ထိုအချိန်တွင် ထိုထိရိုက်မှု၏ အကျိုးဆက်များသည် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းပေလိမ့်မည်။
စုမင်က ပေလင်း၏ဓားကို လွှတ်လိုက်သည်နှင့် ရှေ့သို့တိုးသွားပြီး ညာခြေကို မြှောက်ကာ မြေပြင်ကို နင်းလိုက်သည် ။
ထိုခြေတစ်လှမ်းဖြင့် လောကကြီးက အုတ်အော်သောင်းနင်း တုန်လှုပ်သွားသည်။ ၎င်းတို့အပေါ်ရှိ တိမ်များက တလိမ့်လိမ့်တက်လာသည်။ ကြီးမားသောခြေရာတစ်ခုက ပေလင်းဆီသို့ အံ့အားသင့်ဖွယ်ရောက်ရှိသွားသည်။
လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး စုမင်က သူ့ခြေထောက်ကို မြှောက်လိုက်ပြန်သည်။ သူ ရှေ့ကို ခုနစ်လှမ်း ဆက်တိုက်လျှောက်လိုက်သည်နှင့် ကောင်းကင်တစ်ခုလုံး တိမ်တိုက်များက ပြင်းထန်စွာ တလိမ့်လိမ့် တက်လာသည်။ ပေါက်ကွဲသံများ မရပ်မနား ဆက်လက်ဖြစ်ပွားပြီး ပေလင်းက သွေးစိမ်းများ ထပ်မံအန်ပြန်သည်။ သူ လဲကျသွားသည်နှင့် သူ့ဆံပင်များက သူ့ပခုံးများပေါ်သို့ ပြန့်ကျဲကာ သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိသွားသည်။ သူ့မျက်နှာပေါ်ရှိ အေးစက်သောအကြည့် မရှိတော့ဘဲ မယုံကြည်နိုင်မှုနှင့် ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် အစားထိုးလာသည်။
စုမင်က ထိုခုနစ်လှမ်းကိုလှမ်းပြီးသည်နှင့် ပေလင်း ရှေ့မှာ သူပေါ်လာသည်။ သူ့ညာလက်ကို မြှောက်ကာ ပေလင်းလက်ကို ရိုက်ချလိုက်သည်။ ကျယ်လောင်သောအသံများ လေထဲတွင် ပဲ့တင်ထပ်နေပြီး ပေလင်း၏ ညာဘက်လက်မောင်းက စုတ်ပြဲသွားကာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။
စုမင်က မရပ်တန့်ပေ။ သူက ပေလင်း ၏ဘယ်ဘက်လက်မောင်းကို ထပ်ရိုက်လိုက်သည်။ ထိုလူ၏ဘယ်ဘက်လက်သည် ကွဲကြေသွားကာ စီးကျလာသည်။ ပေလင်း ၏ ရင်ဘတ်နှင့် သူ့လက်များတွင် သွေးထွက်သံယိုဒါဏ်ရာများ ရှိနေလေသည်။ ထိုအချိန်တွင် သူ၏ဒဏ်ရာများက ဟူဇီ၏ဒဏ်ရာများနှင့် အတူတူပင်။
သူ၏ပြိုင်ဘက် နောက်ပြန်ဆုတ်သွားသဖြင့် စုမင်က သူ၏ညာလက်ကို မြှောက်လိုက်ပြီး ရန်သူ့လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။ ထိုလူကို တိတ်တဆိတ်ကြည့်ရင်းယခင်ကကဲ့သို့ ရှုပ်ထွေးသောအကြည့်များက သူ့မျက်နှာမှာ တစ်ဖန်ပေါ်လာသည်။
“စုမင်...ထ
စိုးရိမ်သောကရောက်နေသည့်အသံပိုင်ရှင်က သူ့ကို လှမ်းအော်သည်။ သူမက ချန်ရှင်းပင်..သူမက အခြားဘာမှ ဂရုမစိုက်ဘဲ ဤနေရာသို့ ခရီးထွက်ခဲ့သည်။ စုမင်က ပေလင်းကို လည်ပင်းညှစ်လိုက်သောအခါ သူမ၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။
ပေလင်က စုမင်ကို ကြည့်ပြီး ကြေကွဲသော အပြုံးတစ်ခု ပေါ်လာသည်။
“စု...မင်...”
စုမင်က ပေလင်းကို ကြည့်သည်။ ပေလင်းကသူ့နာမည်ခေါ်နေသည်ကို စုမင် ပထမဆုံးအကြိမ်ကြားလိုက်ရခြင်းဖြစ်သည်။
“ဒါဆို မင်းငါ့ကို မှတ်မိသေးလား” ဟု တိုးတိုးလေးပြောသည်။
“စုမင် ရှင်ဒီနေရာမှာ ရှိနေမှန်း ကျွန်မတို့ မသိဘူး...”
ချန်ရှင်း ငိိုယိုပြီး စုမင်ကိုကြည့်ရင်း စူးရှသော ဝေဒနာသည် သူမ၏ နှလုံးသားထဲကို စိုက်ဝင်သွားခဲ့သည်။သူမရှေ့တွင် လူနှစ်ယောက်က သူမနှလုံးသားထဲ၌ အလွန်နက်နဲသော အမှတ်ရစရာများကို ချန်ထားခဲ့ပြီး ၎င်းတို့ထဲမှ တစ်ယောက်ကို သူမမေ့နိုင်ပေ။
“ငါတို့က တခြားသူတွေနဲ့ မတူဘူး။ ငါတို့ မင်းကို မေ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး...”
ချန်ရှင်းက စုမင်ကို ကြည့်လိုက်သည်။ မူလက သူမက မာန်မျိုးနွယ်စုနယ်မြေတွင် စုမင်နှင့် ဤမျှမြန်မြန်တွေ့ဆုံမည်ဟု မထင်ခဲ့ပေ။ သူမ သူ့နှင့် ပြန်တွေ့ရမည့် အခြေအနေအမျိုးမျိုးကိုလည်း တွေးခဲ့ဖူးသည်။သို့သော် ထိုကဲ့သို့ အခြေအနေမျိုးမှာ သူတို့ပြန်ဆုံကြလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
“မင်းတို့နှစ်ယောက်က… အင်မော််တယ်ဂိုဏ်းကလား .. နက်မှောင်တောင်ကလား..”
စုမင်က ပေလင်းနှင့်ချန်ရှင်း ကိုကြည့်ရင်း တိုးတိုးလေးမေးသည်။
“ဝူလမသေဘူးလား...
“ပိုင်လင်းရော အနားမှာရှိနေတုန်းလား...”
“လေ့ချန် နေကောင်းလား...”
“အကြီးအကဲ ဘယ်သွားတာလဲ..”
“ရဲဝမ်..ချန်ချုံး..ဝူစန်..နက်မှောင်တောင် မှာတွေ့တဲ့ တခြားလူတွေအားလုံး ငါ့ကမ္ဘာမှာ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာမှာလား...”
“မဟူရာတောင်တန်းတွေ တည်ရှိနေတဲ့ လောကြီးက အစစ်အမှန်လား အတုလား...”
“မင်း...တကယ်သိချင်တာလား”
ပေလင်းက စုမင်ကို မေးခွန်းမေးလိုက်သည်။သူက စကားကိုခက်ခက်ခဲခဲပြောနေရပြီး သူ့မျက်နှာတွင် ရှုပ်ထွေးသောအမူအရာဖြင့် ရှိနေလေသည်။
စုမင် နှုတ်ဆိတ်သွားသည်။ ဝမ်းနည်းပူဆွေးမှုနှင့် အထီးကျန်မှုတို့က သူ့မျက်နှာပေါ်တွင် ပေါ်လာပြီး ပေလင်း ၏လည်ပင်းတစ်ဝိုက်တွင် ဆုပ်ကိုင်ထားမှုကို ဖြည်းညှင်းစွာ လွှတ်လိုက်သည်။
“အဖြေကို ငါသိပြီးပြီ မင်းတို့နှစ်ယောက် ထွက်သွားတော့...”
စုမင်က ချန်ရှင်းနှင့်ပေလင်းကို မကြည့်ဘဲ ပြန်လှည့်သွားသည်။ သူက နဝမမြောက်တောင်ထွဋ်ဆီသို့ တိတ်တဆိတ် လျှောက်သွားခဲ့သည်။ သူ့နောက်ရှိ ဘေလင်း၏ အမူအရာမှာ ပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။ ချန်ရှင်းက သူ့ဘေးမှာ ငိုပြီး စုမင်၏ နောက်ကျောကို ကြည့်လိုက်သသည်။သူမမျက်လုံးများက သနားစရာကောင်းနေလေသည်။
“စုမင်... ငါတို့က ဘယ်သူတွေလဲ၊ ဒါပေမယ့် ငါတို့က ငါတို့လည်းမဟုတ်ဘူး...”
ပေလင်းက ညင်သာစွာပြောပြီး သင်္ဘောဆီသို့ လှည့်သွားလိုက်သည်။ ချန်ရှင်းက စုမင်ကိုကြည့်ကာ ပေလင်းနှင့် မထွက်ခွာမီ မျက်လုံးမှိတ်ထားလိုက်သည်။ ထိုလူနှစ်ယောက် သင်္ဘောပေါ်ရောက်သည်နှင့် ရှည်လျားသောအလင်းတန်းများအဖြစ် အဝေးကို တဖြည်းဖြည်း ထွက်ခွာသွားသည်။
မရဏပင်လယ်တွင်းရှိ ဧရာမဘီလူးကြီးများသာ ဆက်လက်ဟိန်းဟောက် နေလေသည်...
“အဖြေက အတုပဲ…”
စုမင်က နဝမမြောက်တောင်ထွဋ်တွင် မတ်တပ်ရပ်ရင်း တိုးတိုးလေးပြောသည်။ ပင်လယ်လေက သူ့ဆံပင်များကို ဝှေ့ယူသွားပြီး မျက်လုံးများကို ဖုံးအုပ်လိုက်သည်။