← Chapters

“အစစ်လား အတုလား အရေးကြီးလား...”

Vol. 42 Ch. 577

“အစစ်လား အတုလား အရေးကြီးလား...”

Vol. 42 Ch. 577

စုမင်က အဝေးမှ ပင်လယ်နှင့် ကောင်းကင်ကို မော့ကြည့်ရင်း သူ သက်ပြင်းချကာ တိုးတိုးလေးဟစ်အော်လိုက်သည်။

“အရေးကြီးသလား… ဘယ်လိုမှ အရေးမကြီးပါဘူး။ အဲဒါတွေက သူ့ရဲ့ အလှဆုံး အမှတ်တရတွေပါပဲ.. အဲဒါက သူ့နက်မှောင်တောင်… အဲဒါတွေက လွမ်းဆွတ်စရာ စာအုပ်တွေ ပြည့်နှက်လို့ ကျန်ရစ်ခဲ့တဲ့ အမှတ်တရတွေ.. နူးညံ့သိမ်မွေ့တဲ့ လေနုအေးကြောင့် သူတို့ရဲ့ အဝါရောင် စာမျက်နှာတွေ...”

“မဟုတ်ဘူး..အရေးမကြီးဘူး...”

စုမင်က မျက်လုံးမှိတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် ပြန်ဖွင့်လိုက်သောအခါတွင် အနည်းငယ် မောပန်းလာသည်။ ထိုမောပန်းနွမ်းနယ်မှုက သူ့ခန္ဓာကိုယ်မှမဟုတ်ဘဲ သူ၏စိတ်ဝိညာဉ်မှလာသည်။

မြေမြုပ်ခံရသောမြို့ထဲ၌ မီးအိမ်များ ထွန်းညှိထားသကဲ့သို့ပင် ခံစားနေရသည်။ သူ့လက်ကို ဆန့်ထုတ်လိုက်သောအခါတွင်မူ အမှောင်ထုကို မထိမိဘဲ သူ့ မရင်းနှီးသော မြင်ကွင်းများကို ထိမိနေလိမ့်မည်။ သူက အခြားသူနှင့်ဆိုင်သော နေ၊ အခြားသူနှင့်ဆိုင်သော မျက်နှာများနှင့် အခြားသူနှင့်ဆိုင်သော သူ၏ကလေးဘဝ တို့ကိုလည်း ကြည့်နေလိမ့်မည်...

နက်မှောင်တောင်မှ ထွက်ခွာသွားပြီးနောက် အမှတ်တရများက သူ့ခေါင်းထဲတွင် ပေါ်လာသည်။ အဆုံးတွင်၊ ၎င်းတို့က မည်သူမျှ မမြင်နိုင်၊ ဖော်ထုတ်နိုင် သို့မဟုတ် ဖော်ထုတ်ရန် မဖြစ်နိုင်သော ရှုပ်ယှက်ခတ်နေသော ချည်မျှင်ဘောလုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

အချိန်ကြာလာသည်နှင့်အမျှ စုမင် ၏ နှလုံးသားထဲတွင် ပေါ်လာသော ပင်ပန်းနွမ်းနယ်မှုက ပိုမိုနက်ရှိုင်းလာပြီး သူ့စိတ်ဝိညာဥ်တစ်ခုလုံး ပြည့်သွားသောအခါတွင် အထီးကျန်ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

လေက ပင်လယ်မျက်နှာပြင်ကို ဖြတ်၍ တဟူးဟူးတိုက်ခတ်သွားသည်။ လှိုင်းလုံးများပေါ်ရှိအလင်းရောင်များက မှောင်မိုက်နေသော တိမ်တိုက်များမှ ရံဖန်ရံခါထွက်ပေါ်လာသော အလင်းရောင်ကြောင့် ဖြစ်ပေသည်။ ထိုအလင်းရောင်က တိမ်များကိုဖြတ်ကျော်၍ ဝင်ခါနီးနေလုံးကြီးမှ ဆင်းသက်လာသည်။ ကြည့်လိုက်လျှင် စွဲမက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။ အထီးကျန်ခြင်းဟုသော ခံစားချက်ကို တင်းတင်းကြပ်ကြပ် က ပွေ့ဖက်ထားရင်း စုမင်က အမှတ်တရပင်လယ်ထဲမှာ နစ်မြောနေလေသည်။ ဘာပဲဖြစ်ဖြစ် ထိုပင်လယ်ထဲက မထွက်နိုင်ဘဲ၊ သူ့ကိုယ်သူ လွှတ်မချနိူင်ပေ...

သူသည် ထိုနေရာတွင် ရပ်နေပြီး သူ၏ဆံပင်များက လေတိုက်၍ စည်းချက်အတိုင်း ကခုန်နေသကဲ့သို့ ဖြစ်နေသည်။ သူ့ဆံပင်ကြားက မှုတ်ထုတ်လိုက်သောလေက အသံက အဖိုးအိုရွှင်း၏ ဝမ်းနည်းစရာအကောင်းဆုံးသီချင်းအဖြစ် ပြောင်းလဲသွားသည်။

ပေလင်း နှင့် ချန်ရှင်းတို့ ထွက်ခွာသွားသောအခါ ပိုင်စုက ထင်ယောင်ထင်မှားဖြစ်ရာမှ နိုးလာသည်။ သူ့ လောကကြီး ကြည်လင်လာပြီး ချက်ချင်းဆိုသလိုပင် စုမင်က ပင်လယ်နှင့် ကောင်းကင်ကို မော့ကြည့်နေတာကို တွေ့လိုက်ရသည်။

သူတို့ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေခဲ့သည်။ ဝတ်ရုံဖြူအဘိုးကြီးနှင့် လွန်ခဲ့သည့်အခိုက်အတန့်က ဘယ်ဘက်တွင်ရပ်ရန် ရွေးချယ်ခဲ့သော အခြားသူများအားလုံး တိတ်ဆိတ်သွားကြသည်။

စုမင်၏ နှလုံးသားထဲက ပင်ပန်းနွမ်းနယ်မှုက တိတ်ဆိတ်တဲ့ သီချင်းတစ်ပုဒ်ကဲ့သို့ပင်ဖြစ်သည်။ ထိုတိတ်ဆိတ်မှုတွင် လူတိုင်း နစ်မြုပ်သွားကာ ပျံ့နှံ့သွားကာ မည်သူမျှ အသံမထွက်ချင်ကြပေ။

သို့သော်... နက်မှောင်တောင်အကြောင်း သီဆိုသော နားထောင်ရမည်ဟု တစ်ယောက်မှ စိတ်ကူးမရှိခဲ့ပေ။

စုမင် အတော် ကြာအောင် ငိုခဲ့သည်။ သူ့မျက်လုံးထဲတွင် မျက်ရည်များ တဖြည်းဖြည်း စီးကျလာသော်လည်း သူ မသိလိုက်ပေ။ သူတို့၏ ဖြစ်တည်မှုကို သူ မေ့နေကြောင်း ထင်နေပုံပင်ဖြစ်သည်။

ထိုမျက်ရည်များက ဖောက်ထွင်းမြင်ရသော်လည်း သူ့ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာသည်။ သူ့အထီးကျန်မှုကြောင့် ကျလာသောမျက်ရည်များက သူ့နှုတ်ခမ်းသို့ ရောက်သွားသောအခါ ခါးသီးသော အရသာကို ခံစားလာရသည်။

တိမ်များမှကျလာသော မိုးစက်များကဲ့သို့ပင် လူတိုင်း၏မျက်ရည်များက အစပိုင်း စီးကျလာသောအခါ အရသာမရှိပေ။ ထိုအခါ လူတိုင်းက သူတို့၏ ဘဝကို ဖြတ်သန်းရင်းပြီး သူတို့၏ မျက်ရည်များက ခံစားချက်အမျိုးမျိုးကြောင့် ကျလာပြီး အရောင်ပြောင်းလာသည်။

ထိုအချိန်တွင် ပိုင်စုက စုမင်အနားရောက်လာသည်။ သူ့ကိုကြည့်နေရင်း သူ့မမျက်နှာက အနည်းငယ်ဖြူဖျော့သွားသည်။ သူမလက်ကို ညင်သာစွာ မြှောက်လိုက်ပြီး မျက်ရည်သုတ် ပေးနေလေသည်။

“ကျေးဇူးတင်ပါတယ်”

စုမင် တိုးတိုးလေးပြောလိုက်သည်။ သူ့မျက်နှာကို ထိလိုက်သော လက်ချောင်းထိပ်များ၏ နွေးထွေးမှုက မျက်လုံးများကို ပွင့်စေခဲ့သည်။

တိမ်တွေကြားထဲ စိမ့်ဝင်နေသော နေဝင်ချိန် အလင်းရောင်က ကြက်သွေးရောင်ပင်ဖြစ်သည်။ ထိုအလင်းရောင်ပ ပင်လယ်မျက်နှာပြင်ပေါ်မှာ ဖြာကျနေပြီး အရောင်တောက်နေလေသည်။ ထိုမြင်ကွင်းက မယုံနိုင်လောက်အောင် လှသည်ယ်။ တည်ကြည်ခန့်ငြားသောစုမင် ၊ လှပသော ပိုင်စု...သူတို့၏ ဆံပင်များကို ဝှေ့ယူနေသော လေ‌ပြေနှင့် ... သူတို့ ပတ်ပတ်လည်တွင် ပင်လယ်မျက်နှာပြင်သို့ ပေါ်ထွက်နေသော ဧရာမဘီလူးကြီးများ ဦးခေါင်းများပင်....

သို့သော် ပင်လယ်သေဘီလူးကြီး၏ဟောက်သံများက ဤလှပသောမြင်ကွင်းကို ဖြိုဖျက်ကာ တိတ်ဆိတ်သောလေထုကို ချိုးဖျက်ပစ်လိုက်သည်။ပေလင်း ထွက်ခွာသွားခြင်းကြောင့် သူတို့၏အော်သံများနှင့် အူသံများ ပျောက်ကွယ်သွားခြင်းမရှိပေ။

ထိုစဥ် စုမင်က သူ့လက်ကို မြှောက်လိုက်ပြီး ကောင်းကင်ဧ။်ဦးတည်ရာကို ညင်သာစွာ ဆုပ်ကိုင်ထားသည်။သို့သော် ကောင်းကင်အစား ပင်လယ်က ရွေ့လျားလာသည်။ ပင်လယ်ရေက ကျယ်လောင်သော ကျယ်လောင်သော အသံများနှင့်အတူ လှည့်ပတ်လာကာ အနှိုင်းမဲ့ ကြီးမားသော ဝဲဂယက်အဖြစ်သို့ ပြောင်းလဲသွားသည်။ ကျယ်လောင်သော အသံများနှင့်အတူ မရဏပင်လယ်တွင်းမှ ဘီလူးကြီးများ အတင်းရုန်းကန်ခဲ့ရသော်လည်း နောက်ဆုံးတွင် ၎င်းတို့၏ ဟောက်သံများပင် လှိုင်းပုတ်သံကြောင့် တိမ်မြုပ်သွားခဲ့သည်။

စုမင်ကိုကြည့်ရင်း လူများဧ။်အကြည့်များက လေးစားမှုအပြည့်နး ဖြစ်လာသည်။သူတို့၏ မျက်လုံးများတွင်လည်း ကြောက်ရွံ့မှုအရိပ်အယောင်များ ရှိနေသည်။ ပင်လယ်ထဲရှိ ဝဲဂယက်က မြန်ဆန်စွာ လည်ပတ်နေလေသည်။ နောက်ဆုံးတွင် ထိုလွန်ကဲသော အရှိန်အဟုန်ဖြင့် လှုပ်ခတ်လာသော လေနှင့် လှိုင်းလေထဲသို့ စီးဆင်းသွားသော ရေများအားလုံးက အရိုးများကို ဖြတ်တောက်နိုင်သော ဓါးများအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျယ်လောင်သော နာကျင်စွာအော်သံများနှင့် ဘီလူးကြီးများ၏ ရုန်းကန်မှုများက ဝဲဂယက်၏လှည့်ပတ်မှုအောက်တွင် အသုံးမဝင်ပေ။ ၎င်းတို့က လတ်ဆတ်သော သွေးများနှင့် အရိုးများမှ အသားအပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

နောက်ဆုံးတော့… ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ နဂိုအတိုင်းရှိနေသော ဘီလူးတစ်ကောင်ကိုမှ ရှာတွေ့နိုင်မှာ မဟုတ်ပေ။ သူတို့အားလုံးက အနီရောင်ပင်လယ်ကို ပြည့်လျှံနေသော အရိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။ထို့နောက် စုမင်က သူ၏ညာလက်ကို ဖြည်းညှင်းစွာ ဆုပ်လိုက်လေသည်။

ချက်ချင်းပင် လက်သီးကို ဆုပ်ထားလိုက်ရာ လည့်ပတ်နေသော ပင်လယ်ပြင်မှ သွေးစက်များ လွင့်ပျံလာသည်။ စုမငခ ရှေ့မှာ ဧရာမဘောလုံးကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားကြသည်။

ထိုစဉ် ပင်လယ်ရေက မူလအရောင်သို့ ပြန်လည်ရောက်ရှိသွားပါသည်။ စုမင် ရှေ့ရှိ လွင့်ပျံနေသော ဘီလူးကြီးများ၏ ဝိညာဉ်များက သွေးဘောလုံးထဲမှာ စုဝေးနေလေသည်။ ရံဖန်ရံခါတွင် သူတို့က စိတ်ဖြင့်သာ ခံစားသိရှိနိုင်သော ကျယ်လောင်သော အော်ဟစ်သံများ ထွက်လာတတ်သည်

သွေးဘောလုံးက ပွက်ပွက်ဆူနေသကဲ့သို့ပင်ဖြစ်နေလေသည်။ ၎င်းက တဖြည်းဖြည်း ကျုံ့လာသည်။ နောက်ဆုံးတွင် ၎င်းက ဆန်းသော အနီရောင်တောက်ပနေသော လက်သည်းခွံကဲ့သို့ အရာဝတ္ထုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

သူ ခေါင်းကို အမြန်မော့လိုက်သည်။ သူ့မျက်လုံးထဲတွင် အထီးကျန်မှုနှင့် သူ့မျက်နှာပေါ်ရှိ မှောင်မိုက်ခြင်းတို့က သူ့နှလုံးသား၏ နက်နဲသောနေရာတွင် ဖုံးကွယ်နေခဲ့သည်။ သူ့က ပုံမှန် တည်ငြိမ်မှု ကိုသာ ဖော်ထုတ်နေလေသည်။သူ့ ညာလက်ကို လျင်မြန်စွာ ရုတ်သိမ်းလိုက်ပြီး သူ့လက်ညိုးကို လက်ညိုးဖြင့် ပွတ်ဆွဲလိုက်သောအခါတွင် ၎င်းမှာ ကပ်ထားသကဲ့သို့ ဖြစ်နေသည်။

စုမင်က အဆုံးတွင် သူရိုက်ချက်မည်မျှဆွဲသည်ကို မသိသော်လည်း နောက်ဆုံးတွင် ရှုပ်ထွေးသော ပြေးနစ်သင်္ကေတတစ်ခု သူ့ရှေ့တွင် လွင့်ပျံလာသည်။ ၎င်းသည် သွေးစွန်းသော အလင်းရောင်ဖြင့် လင်းလက်ပြီး များပြားလှသော အသက်စွမ်းအားကို ထုတ်ပေးသည်။ ယင်းက ပင်လယ်သေဘီလူးကြီးများ၏ အသက်စွမ်းအင်များအားလုံးကို စုဆောင်းထားခြင်းဖြစ်သည်။

အသက်စွမ်းအားကို သိမ်းပိုက်ခြင်း.

‘သိမ်းပိုက်’ ဟူသော စကားလုံးက အရာအားလုံးကို အဓိပ္ပာယ်ရှိနေပြီဖြစ်သည်။

စုမင် အသက်လမ်းကျင့်စဥ်ကို မည်ကဲ့သို့ လျှောက်လှမ်းရမည်ကို မသိသော်လည်း အနက်ရောင်သစ်သားတုံးတစ်ခုမှတစ်ဆင့် အနည်းငယ် လမ်းစရလာသည်။

ဘဝ..

လူတိုင်းမှာ မတူညီ၀သာ ဘဝများရှိသည်။ထိုအရာက သူတို့၏ ဘဝများကို လမ်းညွှန်ပေးတဲ့ အသက်လမ်းကျင့်စဉ််(စွမ်းအား)ပင်ဖြစ်သည်။ ၎င်းက သက်ရှိသတ္တဝါများအတွင်း အတောက်ပဆုံး အလင်းရောင်ဖြစ်သည်။ လူတိုင်းမမြင်နိုင်သော်လည်း ငြိမ်းသွားလျှင် အသက်စွမ်းအားကိုဆုံးရှုံးသွားမည်။ အကယ်၍ ထိုအလင်းက ပြောင်းလဲသွားခဲ့ပါက၊ ထိုဘဝ၏ကံကြမ္မာက ကမ္ဘာကြီးကို ဇောက်ထိုးပြောင်းသွားစေနိုင်သည့် အတိုင်းအတာတစ်ခု၏ အသွင်ကူးပြောင်းမှုကို ပြသလိမ့်မည်။

၎င်းက အသက်လမ်းကျင့်စဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

စုမင်၏ ခေါင်းထဲတွင် ဟူကျီ၏ အပြုံးမျက်နှာက ရိုးသားသော အမူအရာဖြင့် ပေါ်လာပြီး အဆုံးထိ ကာကွယ်ရန် တောင်ကဲ့သို့ ရပ်တည်နေသည့် ပုံလည်း ပေါ်လာသည်။

“. ဘဝရဲ့ နိယာမတွေကို မချိုးနှိမ်နိုင်သလို သေလွန်သူတွေကို အသက်ပြန်မရှင်နိုင်တော့ဘူး... ဒါပေမယ့် ငါ့ရဲ့ သွေးနဲ့ ဆံပင်တွေက ပေးစွမ်းနိုင်တာကြောင့် ငါ့ရဲ့အစ်ကိုကို ပြန်လည်ကျန်းမာစေဖို့ အခြားအသက်စွမ်းအားနဲ့ သွေး တွေကို အသုံးပြုနိုင်တယ်..”

စုမင်က သူ့စိတ်ထဲတွင် တုန်လှုပ်သွားသည်။ သူဆွဲထားသော မှော်သင်္ကေတက ထိုအနက်ရောင်သစ်သားတုံးတစ်တုံးကို ရယူရန်ကြိုးစားသည့် ဖြစ်စဉ်က သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည့် တစ်ခုတည်းသောအရာဖြစ်ပြီး ထိုသင်္ကေတသည် သူနိုးမလာမီ ချက်ချင်းဆိုသလိုပင် ပေါ်လာခဲ့သည်။

စုမင်က သူ့၏ကံကောင်းမှု ကို ရရှိသောအခါတွင် ၎င်းနှင့် ပတ်သက်၍ မရေရာသော ရင်းနှီးမှုကို ခံစားလာရသည်။ ဤရင်းနှီးကျွမ်းဝင်မှုက သူ့ကို ထိုမှော် သင်္ကေတအဖြစ်ခံစားရစေခဲ့သည်။

ဤသည်မှာ သူ၏အသက်လမ်းကျင့်စဥ်စည်းမျဥ်းစည်းကမ်းများမှ ဖြစ်ပေါ်လာသော အမှတ်အသားဖြစ်သည်။ စုမင်က ထိုအရာကို မပြည့်စုံဟု ထင်မြင်နေလေသည်။

သူက ထိုမှော်သက်ေတကို ဆွဲပြီးသည်နဲ့ ကောင်းကင်က တိမ်များက အေးခဲရပ်တန့်သွားသည်။ ပင်လယ်က ထူးထူးခြားခြား လှိုင်းလုံးများ ကင်းစင်ခဲ့သည်။ သူတို့က ယခုမှ အသက်ပြန်ရှင်လာသကဲ့သို့ပင် ယခုတော့ သူတို့ကိုယ်သူတို့ မာန်မတက်ရဲကြ တော့ပေ။

ထိုခဏတွင် စုမင်၏ ခန္ဓာကိုယ်မှ မယုံနိုင်လောက်အောင် အစွမ်းထက်သော အသက်လမ်းကျင့်စဥ်တည်ရှိမှု ထွက်ပေါ်လာသည်။ နယ်မြေတစ်ခုလုံး ပျံ့နှံ့သွားပြီး တိမ်များထဲသို့ တိုးဝင်သွားသောအခါတွင် ကောင်းကင်က အနည်းငယ်မှေးမှိန်သွားသည်။ စုမင် ထိုင်သည့်နေရာ၌ နေရောင်မှ အလင်းရောင်က သူ့ပတ်ဝန်းကျင်ရှိ အခြားနေရာများနှင့် ယှဉ်လျှင် ပို၍ပို၍ တောက်ပလာကာလိုက်သည် ။

စုမင် ၏ဆံပင်များက ရှေးကျသောအရောင် တဖြည်းဖြည်းပြောင်းလာတာကြောင့် အံသြတဲ့အမူအရာနဖြင့် ပိုင်စုက စိုက်ကြည့်နေလေသည်...

၎င်းက မီးခိုးနှင့်အဖြူရောင်စပ်ထားပြီး အကန့်အသတ်မဲ့ နှင်းထုကြီးဖြစ်သည်။

စုမင်က မျဉ်းကြောင်းများကို ဆက်ဆွဲပြီး နောက်ဆုံးစာကြောင်းကို ဆွဲလိုက်သောအခါ သွေးချောင်းဆိုးရန် လျှာဖျားကို ကိုက်လိုက်သည်။ ၎င်းက အနဣရောင်မှော်သင်္ကေတပေါ်တွင် ဖိတ်စင်သွားကာ လေစွမ်းအားကို ချက်ချင်းပိုင်ဆိုင်စေခဲ့သည်။ စုမင်က သူ၏ညာလက်ကို မြှောက်လိုက်သောအခါ စူးစူးရဲရဲတောက်နေသည့် မှော်သင်္ကေတကို ဆွဲယူလိုက်သည်။ မြေပြင်ပေါ်၌ လှဲနေသည့်ဟူကျီနေရာဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။

စုမင်က ခြေလှမ်းတစ်လှမ်းလှမ်းရုံဖြင့် ဟူကျီ ရှေ့ရောက်လာသည်။ သူက ဟူကျီ၏ မျက်ခုံးအလယ်ဗဟိုကို လျင်မြန်စွာ နှိပ်လိုက်ရာ အနီရောင် ‌မှော်သင်္ကေတနှင့် သူ၏ ညာဖက်လက်ညိုးပေါ်တွင် သူ့ကိုယ်ပိုင် အသက်စွမ်းအားများရှိသည်။

ထိုသို့လုပ်လိုက်သည်နှင့် စုမင်၏ခေါင်းပေါ်က ဆံပင်အမြောက်အများက အမြစ်ကနေ ချက်ချင်းဖြူလာခဲ့သည်။

ဟူကျီ တုန်လှုပ်သွားပြီး သူ့မျက်ခုံးအလယ်မှာ မှော်သင်္ကေတတစ်ခု ကျန်ခဲ့သည်။ ၎င်းသည် လူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ပေါ်တွင် သူ့ကိုယ်သူ တံဆိပ်ကပ်ထားပုံရသည်။

ဟူဇီ၏ မျက်ခုံးအလယ်ဗဟိုတွင် သွေးနီရဲရဲ အရိပ်တစ်ခု ထွန်းလင်းလာပြီးနောက် ပျံ့နှံ့လာသည်။ သူ့ရင်ဘတ်သို့ ရောက်သွားသောအခါတွင် ကြောက်စရာကောင်းသော အငွေ့အသက်များ လွင့်စင်သွားသည်။ ထို့နောက် သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသောအခါတွင် ဟူဇီ၏လက်များက မူလအခြေအနေသို့ ပြန်လည် ကောင်းမွန်သွားခဲ့သည်။

ဟူကျီ၏ ပါးစပ်မှ ထွက်လာသော ဟောက်သံများသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသော မိုးခြိမ်းသံများ ထွက်ပေါ်လာသည်...

ဟူကျီ၏အသက်က မရိုးရှင်းလှပေ။ သူ့မှာ ကုသရန် ခက်ခဲသော ဒဏ်ရာကြီးတစ်ခုကို ခံစားခဲ့ရပြီး သူ၏ အသက်စွမ်းအား အားလုံးကို ဆုံးရှုံးခဲ့ရသည်။ ဤပြန်လည် ကောင်းမှုပုံစံက ကောင်းကင်မှအသက်ကို ခိုးယူခြင်းထက် ပိုရိုးရှင်းသော်လည်း သာမန်လူတစ်ယောက်လုပ်ဆောင်နိုင်သည့်အရာမဟုတ်သည်မှာ သေချာပါသည်။ အသက်လမ်းကျင့်စဥ်ကို လျှောက်လှမ်းကြသူများသာ ထိုကဲ့သို့ ဒဏ်ရာများကို ကုသနိုင်စွမ်းရှိကာ လူတို့၏အသက်ကို လုံး၀ ပြန်လည်ရှင်သန် စေနိုင်သည် ။

စုမင်က ဟူကျီ၏အသက်လမ်းကျင့်စဥ်စည်းကမ်းများကို ပြောင်းလဲနိုင်စွမ်းမရှိသော်လည်း သူနိုးထလာစေရန် သူ၏တတိယမြောက်အစ်ကိုအတွက် သူ့အသက်လမ်းကျင့်စဥ်စည်းမျဥ်းများကိုအသုံးပြုခဲ့သည်။

မည်သို့ပင်ဆိုစေ၊ သူက ဤကျင့်စဥ်၏တံခါးဝတွင်သာ တဝဲလည်လည်ဖြစ်နေသောကြောင့် ဟူကျီကိုကုသရန် ကြီးမားသော အဖိုးအခပေးခဲ့ရသည်။

သို့သော် သူက ဤထက် ပိုကြီးသော တန်ကြေးကို ပေးရလျှင်ပင် တစ်ခဏမျှပင် တုံ့ဆိုင်းနေမည်မဟုတ်ပေ။ ဟူကျီက သူ့၏ တတိယစီနီယာအစ်ကိုပင်...

စုမင်က ဟူကျီ၏ ဟောက်သံများကို ကြားလိုက်သည်နှင့် သူ့မျက်နှာပေါ်တွင် ဖျော့ဖျော့သော အပြုံးတစ်ခု ပေါ်လာသည်။ ထိုအချိန်တွင် ကောင်းကင်တွင် တိမ်တိုက်များ ဆက်လက် လျော့ပါးသွားသောအခါ ဟင်းလင်းပြင်တစ်ခုမှ ရွှေရောင် အလင်းတန်းများ လင်းလက်လာသည်။ ထိုအလင်းက စုမင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ပြီး သူ့ဆံပင်များကို တောက်ပစေခဲ့သည်။

ယခုအချိန်တွင် သူ့ဆံပင်က အဖြူနှင့် အနက်ကို ရောစပ်ထားပြီး၊ အမှန်တကယ်မဟုတ်သော်လည်း မီးခိုးရောင်ကဲ့သို့ ရှိခဲ့သည်။ ထိုအလင်းရောင်က စုမင်ကို ပြန်စရာအိမ်မရှိသော တစ်ဦးတည်းသော မီးတောက်တစ်ခုအဖြစ် ထင်မြင်စေသည်။ သို့မဟုတ် ပြန်လမ်းကို ရှာမတွေ့နိုင်တော့တာ ဖြစ်နိုင်သည်။

All Chapters