← Chapters

ဘဝကိုရှာဖွေခြင်း

Vol. 42 Ch. 578

ဘဝကိုရှာဖွေခြင်း

Vol. 42 Ch. 578

စုမင် ထွက်ခွာသွားခဲ့သည်။

ဟူကျီက လုံခြုံစွာ အိပ်မောကျနေသော်လည်း ထွက်ခွာရန် ရွေးချယ်ခဲ့သည်။ သူနှင့်အတူ ရေနဂါးမှ တိတ်တဆိတ် ပြန်ပြောင်းထားသော ထိပ်ပြောင်ကြိုးကြာငှက်ကို ခေါ်လာခဲ့သည်။

ထွက်ခွာခြင်းက ယောက်ျားနှင့်မိန်းမကြားတွင်ရှိသော လွမ်းဆွတ်မှုမျိုးဖြစ်သည်။ ညီအစ်ကိုများကြား ခင်မင်ရင်းနှီးမှုကြောင့် လွမ်းဆွတ်တောင့်တမိသည့်အချိန်များစွာရှိသည်။

နဝမမြောက်တောင်ထွဋ်က ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားစွာတည် ရှိနေလေသည်။ တောင်ထိပ်တွင် အသက်လမ်းကျင့်စဉ် တည်ရှိမှုတစ်ခုက ဧရာမကျောက်တိုင်ကြီးပေါ်တွင် ပြည့်နှက်နေပါသည်။စုမင်က ချန်ထားခဲ့ရန် ဆုံးဖြတ်ခဲ့သောကြောင့်နဝမမြောက်တောင်ထွဋ်ကို အမြဲကာကွယ်မည့် ထာဝရတည်ရှိမှုပင်ဖြစ်သည်။

သူက ထိုကျောက်စာတိုင်ကို စိုက်ထူခဲ့သူဖြစ်ပြီး ၎င်းပေါ်တွင် စကားလုံးများကို ထွင်းထုထားသူတစ်ဦးလည်း ဖြစ်သည်။ စာကြောင်းအနည်းငယ်မျှသာ

ရှိသည်။

“နဝမမြောက်တောင်ထွဋ်ရဲ့ အပင်တစ်ပင်ကို ထိခိုက်စေသူတွေကို သတ်ပစ်..”

“နဝမမြောက်တောင်ထွဋ်ရဲ့ နောက်လိုက်တစ်ဦးကို ထိခိုက်နစ်နာစေသူတွေကို သတ်ပစ်...””

“နဝမမြောက်တောင်ထွဋ်ရဲ့

တပည့်တစ်ဦးကို ထိခိုက်စေခဲ့ရင် မျိုးနွယ်စုတစ်ခုလုံးကို သတ်ပစ်...”

ဤစာကြောင်းသုံးကြောင်းက ကြီးမားသောသတ်ဖြတ်လိုစိတ် နယ်မြေအတွင်းရှိ ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကို ပြည့်လျှံစေသော ပြင်းထန်ပြီး ကြောက်စရာကောင်းသောလေထုက ဖော်ထုတ်ထားသည်။ ဤအရာသည် အမှန်တကယ် အစွမ်းထက်သော ကျင့်ကြံသူများကို ခြိမ်းခြောက်ရန် တစ်ခုတည်းနှင့် မလုံလောက်ပေ၊ သို့သော် အဆိုပါ စာသုံးကြောင်းပါရှိသော အသက်လမ်းစဉ်တည်ရှိမှု...၊ စုမင်က မာန်စိတ်ဝိညာဉ်နယ်ပယ်တွင်ကြီးကျယ်ခမ်းနားစွာ ပြီးမြောက်မှုတို့ပါ ပါဝင်နေလေသည်။

အင်မော်တယ်များတောင် ဖိန့်ဖိန့်တုန်လှုပ်သွားလောက်အောင် ဖြစ်စေမည်။

ထိုစကားများက နဝနမြောက်တောင်ထွဋ်၌ အသက်လမ်းကျင့်စဉ် တံခါးဝကို ရောက်ရှိအောင် စွမ်းဆောင်နိုင်သော တစ်စုံတစ်ဦးရှိနေသည်ဟု ဆိုလိုသည်။ မာန်နတ်ဘုရားဘုရားသခင်သေဆုံးပြီးနောက် မာန်ကျင့်စဥ်များတွင်ဤလူကကန့်သတ်ချက်များကိုအမှန်တကယ်ကျော်ဖြတ်နိုင်ခဲ့သည့်မယုံနိုင်စရာကောင်းသောလူများထဲမှတစ်ဉီးဖြစ်သည်ဟုဆိုလိုသည်။

ထို့ထက် ပိုအရေးကြီးသည်မှာ စုမင်ဖော်ပြထားသည့်အရာများကို လုပ်ဆောင်သူတိုင်း အသက်ရှင်နေသရွေ့ ခံစားရမည့်ငရဲကို ပို့ပေးမည့် ကြောက်မက်ဖွယ်ကောင်းသော ရန်သူနှင့် ရင်ဆိုင်ရမည်ဟု ဆိုလိုပါသည်။

ထိုအရာက ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး စုမင်၏ ခံစားချက်များပင် ဖြစ်သည်။။ ထို့အပြင် သူ၏ အရှိန်အဝါနှင့် ထိုတောင်ပေါ်တွင် စကားလုံးများကို ချန်ထားခဲ့ရုံမျှမက သူ့သွေးတစ်စက်တောင်ရှိနေလေသည်။

စစ်မာရှင်း ၏အသက်ကို ချေးငှားနိုင်တယ်။ ဟူကျီကို ပြန်လည်ကျန်းမာလာသည်။ ၎င်းမှာ သူ့အလိုဆန္ဒ ပါ၀င်ပြီး ဆူမင်း၏ စွမ်းအားအပြည့်ဖြင့် ရိုက်ချက်ကို ထုတ်လွှတ်နိုင်သည် ။

အဘယ်ကြောင့်ဆိုသော် စုမင် ၏အသက်လမ်းကျင့်စဉ်စည်းမျဉ်းများက ထိုသွေးတစ်စက်တွင် စုစည်းနေသောကြောင့်ပင်။

ထိုသွေးတစ်စက်ကို ကျောက်တုံးကြီးပေါ်တွင် ရေးမှတ်ထားသော်လည်း ၎င်းကို ထိန်းချုပ်နိုင်မှုက ဟူကျီ၏လက်ထဲတွင် ရှိနေသည်။ နဝမမြောက်တောင်ထွဋ်က ရင်ဆိုင်ရခက်လွန်းသော ကပ်ဘေးတစ်ခုထဲကို ရောက်သွားရင် စုမင် သတိထားမိနိုင်လိမ့်မည်။

သူထွက်သွားသည့်နေ့တွင် ပိုင်စုက တောင်ထိပ်တွင်ရပ်ကာ စုမင်ထွက်ခွာသွားပုံကို တိတ်ဆိတ်စွာကြည့်နေခဲ့သည်။ သူမက စုမင်ကို သဘောကျသည်။ ယခင်က ထိုအကြောင်းကို သူမ မသိခဲ့သော်လည်း လမ်းခွဲပြီးနောက် သူမ၏ ခံစားချက်များသည် သူမ၏ အရိုးများတွင် ပို၍ နက်နက်ရှိုင်းရှိုင်း ထွင်းထုလာခဲ့သည်။

သို့သော်… အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီ။ ရေကန်ပေါ်က ရောင်ပြန်ဟပ်မှုများမှ ဖန်တီးထားတသော တံလျှပ်များက ပွင့်လန်းနေသော ပန်းများ မဟုတ်တော့ပေ။...(မြင်နေရတာတွေက ဖမ်းဆုပ်မရတော့ဘူးပုံစံမျိူး)

ပိုင်မိသားစု၏မိသားစုဝင်တစ်ယောက်အနေဖြင့် ပိုင်စုက ကောင်းကင် မြစ်နှင့်သက်ဆိုင်သောအသက်လမ်းကျင့်စဉ်ကို အမွေဆက်ခံခဲ့သည်။ သူမက အနက်ရောင်သစ်သားတုံးတွင် ထူးဆန်းသောအနုပညာကို မလေ့ကျင့်ဖူးသော်လည်း ၎င်းနှင့်ပတ်သက်သည့် အကြောင်းအရာများစွာကို သူမကြားသိခဲ့ရသည်။ပိုင် မိသားစုရှိ အဖွဲ့ဝင်အားလုံးက တစ်သက်လုံး တစ်ယောက်တည်းနေရမည်ဟု သူမသိလိုက်ရခြင်းဖြစ်သည်။ ထိုအရာကို ကျောက်တုံးမှာ ထွင်းထုပြီးသားပင်ဖြစ်သည်။

သူတို့၏ ကံကြမ္မာကို ပြောင်းလဲပစ်ရန် ဖြစ်ကောင်းဖြစ်နိုင်သည်။သို့သော်လည်း... မဖြစ်နိုင်ပေ။

အကယ်၍ သူတို့ကံကြမ္မာကို ဆန့်ကျင်ရန် ကြိုးစားပါက ပိုင် မိသားစု မှတ်တမ်းများတွင် ရေးထိုးထားသော နာမည်များက သေဆုံးမည်ဖြစ်သည်။ ၎င်းတို့၏ အလောင်းများက ပိုင် မိသားစု၏ကောင်းကင်မြစ်ထဲတွင် သွေးစက်များအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ မြစ်ထဲကရေက ကောင်းကင်သို့ တက်လာပြီး သူ့၏အထီးကျန်မှုက နောက်ဆုံးမှာ ကောင်းကင်ကို ပြန်ရောက်သွားလိမ့်မည်။

ထိုကဲ့သို့ဘဝမျိုးပိုင်ဆိုင်ထားသူတို့က မြစ်၌ စီးဆင်းနေသော ရေကဲ့သို့ ဖြစ်ကြကုန်၏။

အထူးသဖြင့် မြစ်ထဲကျသွားသော ကျောက်တုံးများနှင့်ပက်သက်သူများက ပျော်ရွှင်မှုကာလတိုလေးသာရှိကြသည်။သူတို့မသေဆုံးမီ နေရောင်အောက်တွင် ရေ၏အရောင်များကို တူညီစွာမြင် တွေ့ရမည်ဖြစ်သည်။

စုမင် ထွက်ခွာသွားခြင်းကြောင့် နဝမမြောက်တောင်ထွဋ်က တိတ်ဆိတ်သွားစေသည်။ ကျွန်းပတ်ပတ်လည်တွင် အလင်းတန်းများ တစ်ဖန်ပေါ်လာပြီး ၎င်းအတွင်းရှိသူများကို ဆက်လက်ကာကွယ်ပေးသည်။

ဤအလင်းဖန်သားပြင်ကို ဖန်တီးခဲ့သူမှာ မည်သူဖြစ်သည်ကို စုမင် မသိခဲ့ပေ။ ယခင်က ဝတ်ရုံဖြူအဖိုးအိုကို မေးဖူးသော်လည်း အဖြေကိုတော့ မသိခဲ့ရပေ။ ကပ်ဆိုးကြီးရောက်လာပြီးနောက် လူတွေအားလုံး သေလုမျောပါးဖြစ်နေချိန်၌ ထိုအလင်းလွှာအကာကွယ်ပေါ်ထွက်လာခဲ့သည်။

အဘယ်ကြောင့် ပေါ်လာသည်ကို မည်သူမျှ မသိခဲ့ကြပေ။ မည်သူကမှ မမြင်ဖူးပေ… မည်သူက ချထားခဲ့သလဲ။

ငြိမ်သက်မှုအလယ်တွင် ပေလင်း၏ဖိနှိပ်မှုများကြောင့် အရှက်ရခဲ့ကြသောလူများသည် နဝမမြောက်ထိပ်သီး‌ တောင်ထွဋ်သို့ ပြန်သွားကာ ထိုနေရာကို တွေ့ရှိခဲ့ကြသည်။ စုမင်က သူတို့ကို လိုက်မဖမ်းခဲ့ဘဲ အိမ်တစ်လုံးပေးလိုက်သည်။

သူလည်း အိမ်မရှိသူမို့ တူညီ သောဒုက္ခကို ခံနေကြရတဲ့လူတွေအတွက် ဘာကြောင့် အခက်အခဲတွေ ပေးနေရမှာလဲ...။

စုမင် ထွက်ခွာသွားလေသည်။ သူက အလင်းလွှာအကာကွယ်မှ အရှေ့ကို လှမ်းကြည့်လိုက်သည်။ ထိုနေရာက အရှေ့မြေရိုင်းနယ်မြေ တည်ရှိရာနေရာဖြစ်သည်။

မရဏပင်လယ်၏အထက်တွင် သူရပ်နေချိန်တွင် သူ့ပတ်ဝန်းကျင်တွင် ဝိညာဉ်တစ်ခုမျှ မတွေ့နိုင်ပေ။ ပင်လယ်ထဲက လှိုင်းလုံးများနဲ့ တဟူးဟူးတိုက်ခတ်နေသောလေများသာ သူ့အဖော်ပင်ဖြစ်၏။ သူ့နှလုံးသား နက်နဲရာမှာ မြှုပ်နှံထားသော အထီးကျန်မှုက ပိုတိုးလာသည်။

သူက တိတ်တိတ်ဆိတ်ဆိတ် ရှေ့သို့ ပျံသန်းကာ အရှေ့မြေရိုင်းနယ်မြေဆီသို့ ဦးတည်သွားသည်။

သူ့အောက်ရှိမရဏ ပင်လယ်က တပြည်လုံးကို လွှမ်းခြုံထားသည်။စုမင် နှင့် ရင်းနှီးသော နေရာများစွာရှိခဲ့ပြီး ယခုနေရာကဲ့သို့ပင် ပင်လယ်နက်နက်တွင် နစ်မြုပ်နေသည်... ဟန်တောင်တန်းမြို့က ဤနေရာရှ် ရေအောက်တွင် နစ်မြုပ်နေသည့်အပြင် ဟန်တောင်တန်းများ၏ ကပ်လျှက်နယ်မြေများလည်းဖြစ်သည်။

တစ်ရက်အကြာတွင် စုမင်က လေထဲ၌ ငြိမ်သက်စွာ ရပ်သွားသည်။ သူသွားရာလမ်းမှာ မည်သူနဲ့မှ မတွေ့ပေ။ တစ်လောကလုံးသေသွားသလိုပင်၊ သူကတော့ လောကကြီးမှာ တစ်ဦးတည်းကျန်နေခဲ့သည်။

လေ နှင့် လှိုင်းလုံး များက သူ ၏ အဖော် ဖြစ် သည် ။

စုမင်က သူ့အောက်ရှိ မရဏပင်လယ်ကို ကြည့်လိုက်သည် ။ သူ့အမှတ်တရများတွင် ဟန်တောင်တန်းက ဤနေရာတွင် တည်ရှိနေသော်လည်း ဟန်တောင်တန်းကို ပင်လယ်နက်နက်တွင် လောလောဆယ် ရှာမတွေ့နိုင်ကြောင်း သူသိသည်။

တိုက်ကြီး ပျက်ဆီးသွားခြင်းက မှန်တစ်ချပ် ကွဲသွားသလိုပင်။ ကျိုးကျနေသော မြေကွက်များကြား အကွာအဝေးလည်း ကွဲပြားသည်။ သူ့အမှတ်တရများဧ။်တည်နေရာက အမှတ်ရစရာတစ်ခုသာဖြစ်ပြီး တကယ့်နေရာကို ဘယ်နေရာမှာရှာရမှန်းမသိပေ။

အကယ်၍ သူက ဤနေရာကို ရှာဖွေလိုပါက ပင်လယ်၏ အောက်ခြေ၌ နက်ရှိုင်းစွာ နစ်မြှုပ်ပြီး လမ်းကြောင်းအားလုံးကို ဖြည်းညှင်းစွာ ရှာဖွေရပေမည်။

လမ်းတစ်လျှောက်လုံးတွင် စုမင် တစ်ဝိုက်တွင် လွင့်နေသော လေထုကို ထိပ်ပြောင်ကြိုးကြာငှက်က သတိပြုမိသည်။ သူ့ကို အနှောက်အယှက် မပေးပေ။ ယင်းအစား သူတို့ပျံသန်းနေစဉ်၊ ၎င်း၏မျက်လုံးများသည် ရံဖန်ရံခါတွင် ပင်လယ်နှင့် ပတ်ဝန်းကျင်ရှိအရာအားလုံးကို လှမ်းကြည့်ကာ တောက်ပနေသည့်အရာအားလုံး၏ ဆွဲဆောင်ကို ခံရလေသည်။

သူတို့မသိလိုက်ဘဲ သုံးရက်လောက် ကုန်လွန်သွားသည်။ စုမင်က ခရီးမြန်မြန်မသွား ပေ။ သူက လေထဲ၌ လျှောက်လှမ်းရင်း၊ သူ၏ အမှတ်ရစရာ မြင်ကွင်းများသည် တဖြည်းဖြည်း မှုန်ဝါးလာကာ ယခု မြင်လိုက်ရသည့် အရာဖြင့် အစားထိုးလာသည်။ အချိန်တန်တော့ အတိတ်မှာ ဘာမှမကျန်တော့ပေ။

တစ်ခါက မရဏပင်လယ်မှာ ကျွန်းငယ်လေးတစ်ကျွန်းကို သူတွေ့လိုက်သည်။

သူတို့က အေးခဲကောင်းကင်ကလန်နှင့် အလွန်ဝေးကွာနေပြီဖြစ်သည်။ ၎င်းတို့၏လက်ရှိတည်နေရာကိုအကဲဖြတ်ကြည့်လျှင် ကျွန်းတစ်ခု ကိုတွေ့ရသည်။လွန်ခဲ့သောနှစ်များတစ်လျှောက်လုံးတွင် မာန်မျိုးနွယ်စုနှင့်ရှာမန် များကိုခွဲထုတ်ထားသောနယ်စပ်ဖြစ်နိုင်သည်။

ထိုကျွန်းက မရဏပင်လယ်တွင် အထီးကျန်စွာတည်ရှိနေခဲ့သည်။ မည်သည့် အလင်းလွှာအကာအကွယ်မျိုးမှ အခြားသော အကာအကွယ်များလည်း မရှိပေ။ မည်သူမှ အနီးကပ် မကြည့်လျှင် သူတို့ သတိထားမိမှာ မဟုတ်ပေ။

ထိုကျွန်းက သေးငယ်လွန်းလှသည်...

စုမင်က လမ်းတစ်လျှောက်တွင် ဤကျွန်းများထဲမှ အချို့ကို မြင်တွေ့ခဲ့ရပြီး ၎င်းတို့တွင် သက်ရှိ အရိပ်အယောင်များ မတွေ့ရပေ။ တိတ်ဆိတ်ခြင်းများနှင့်သာ ပြည့်နှက်နေလေသည်။

သတ္တဝါများ ရှိလျှင်ပင်၊ ၎င်းတို့က ယခင်ကသာ အသက်ရှင်ခဲ့ပြီး ယခုအခါတွင် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အရိုးစုများသာ ဖြစ်သည်။

စုမင်က ကျွန်းပေါ်မှ အကြည့်များကို ရှောင်လိုက်ပြီး ရှေ့သို့ ခြေလှမ်းများစွာ လှမ်းကာ ရှည်လျားသောအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိပ်ပြောင်ကြိုးကြာငှက်က သူ့နောက်သို့ လိုက်သွားရာ ကျွန်းကို ဖြတ်ကျော် ပျံသန်းခါနီးတွင် စုမင်၏ ခန္ဓာကိုယ် ရုတ်ခြည်း ရပ်တန့်သွားသည်။ သူက ခေါင်းကို တစ်ချက်ရိုက်လိုက်ပြီး အောက်ကို ငုံ့ကြည့်လိုက်သော် ခဏတာ အံ့အားသင့်သွားသည်။

မီးမှိန်မှိန်လေးက ကျွန်းပေါ်ရှိ အမှောင်အလယ်တွင် ကောင်းကင်တွင် ကြယ်တစ်ပွင့်ကဲ့သို့ လင်းလက်နေပြီး ၎င်းက အလင်းတစ်ဆုပ်တည်းမဟုတ်ပေ။

ရွှင်မြူးရယ်မောသံများက ထိုအချိန်တွင် လေထဲသို့ တိုးတိုးတိတ်တိတ် သွားလာနေသည်ကို ကြားလိုက်ရသည်။ ထိုအသံများက လှိုင်းလုံးကြီးများနှင့် ရောထွေးကာ နေရာအနှံ့ ပျံ့နှံ့သွားသည်။

စုမင်က ကျွန်းဆီသို့ လှမ်းကြည့်သောအခါ အလင်းရောင်မရှိသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်းမာန်မျိုးနွယ်စုက မရဏ ပင်လယ်တွင် အကာအကွယ်တစ်စုံတစ်ရာမရှိဘဲ ဤကျွန်းမျိုးတွင် ရှင်သန်နိုင်မည်ဟု သူမထင်ထားခဲ့ပေ။

“ ဒါ…မဖြစ်နိုင်ဘူး...”

စုမင်၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ သူ့နတ်ဘုရားအာရုံကို အပြင်သို့ဖြန့်ကျက်ကာ ကျွန်းကို ဖုံးအုပ်ထားသော်လည်း သူ၏ မြင့်မြတ်သောအာရုံအတွင်း၌ သူမြင်သောအရာမှာ နတ္ထိဖြစ်သည်။ ထိုနေရာတွင် ဝိညာဉ်တစ်ခုမျှ မရှိပေ။

သို့ပေမယ့် သူ့မျက်လုံးထဲမှာ မြင်လိုက်သမျှအရာများက တကယ်ကို အစစ်အမှန် ဖြစ်နေပုံပင်...

စုမင်က ကျွန်းဆီသို့ တိတ်ဆိတ်စွာ လျှောက်လှမ်းခဲ့သည်။ ထိပ်ပြောင်ကြိုးကြာငှက်က ဘေးတစ်ဖက်တစ်ချက်မှ တဖျပ်ဖျပ်ခတ်ကာ သူ့နောက်မှ လိုက်မသွားမီ သူ့နောက်သို့ တစ်ချက်ကြည့်လိုက်သည်။

ခဏအကြာတွင် စုမင်က မြေပြင်ပေါ်သို့ ဆင်းလာသည်။ ပင်လယ်လေညင်းက ပင်လယ်၏အနံ့ကို သယ်ဆောင်လာသည်။ မှိန်ဖျော့ဖျော့မီးအပြင် အခြားအရာအားလုံးက အမှောင်အလွှာထဲတွင် ဖုံးလွှမ်းထားသည်။ တည်ငြိမ်သောအမူအရာဖြင့် စုမင်က မီးနှင့်အတူ အရပ်ဆီသို့ လျှောက်သွားသည်။

ကျွန်းက ကျဉ်းမြောင်းလေသည်။ သိပ်မကြာခင်မှာပင် အဝေးက တောက်လောင်နေသော အလင်းရောင်ကို သူ သိသိသာသာ မြင်လိုက်ရသည်။ ကြည်လင်သော ရယ်မောသံများနှင့်အတူ ကလေးများ၏ ဆော့ကစားသံများနှင့်အတူ သူ့နားထဲတွင် ထွက်ပေါ်လာသည်။

စုမင်က သူ့ရှေ့မှ မျိုးနွယ်စုတစ်ခုကို တွေ့သည်အထိ လမ်းလျှောက်ခဲ့သည်။

သူ တုန်လှုပ်သွားသည်။ ၎င်းသ

က မျိုးနွယ်စုငယ်တစ်ခုဖြစ်ပြီး ၎င်းအနီးတစ်ဝိုက်တွင် ရိုးရှင်းသော ခြံစည်းရိုးတစ်ခုရှိသည်။ မီးပုံပွဲတွင် မီးတောက်များ တောက်လောင်နေပြီး၊ အမျိုးသား အမျိုးသမီး ကခုန်သီဆိုလျက် ရှိကြသည်။

ကလေးများက မီးပုံဘေးမှာ ဆော့ကစား နေပြီး သူတို့၏ ခေါင်းလောင်းနဲ့တူသော ရယ်မောသံများက လေထဲမှာ ရှင်းရှင်းလင်းလင်း ပျံဝဲနေလေသည်။

ကလေးများ အချင်းချင်း လိုက်ဖမ်းရင်း ကလေးများ ပါးစပ်မှ ရွှင်မြူးသံများပင် ကြားလိုက်ရသည် သူတို့၏ ငယ်ရွယ်သော အသံများက မျိုးနွယ်စု တစ်ခုလုံး ပြည့်သွားသည်။ သူတို့က လူကြီးများ၏ ရွှင်လန်းသောအကြည့်များဖြင့် ကြည့်ခြင်းခံရလေသည်။ သူတို့၏ကလေးများကို ကြည့်ကာ ကလေး ချော့တေးသီချင်းများက စုမင် ၏ ရင်ဘတ်ထဲတွင် အဆုံးမရှိသော ခံစားချက်ကို ပေးစွမ်းနိုင်စေသည်။

“နှစ်တစ်ထောင်ကြာအောင် ပွင့်တဲ့ပန်းတစ်ပွင့်.. အချိန်တွေကြာလာတာနဲ့အမျှ လောကြီးက ပြောင်းလဲနေတာကို စောင့်ကြည့်နေရတယ်.. သူမချစ်ရတဲ့သူအနားမှာ ရှိနေဖို့.. နှစ်တွေအကြာကြီးစောင့်ခဲ့ရတယ်..”

ထိုလွမ်းဆွတ်ဖွယ်အသံများ ထွက်ပေါ်လာသည်နှင့်အမျှ… ရွှင်း၏ ညည်းညူသံများက မျိုးနွယ်စုရှိ သားရဲအရေခွံတဲတစ်ခုမှ ထွက်ပေါ်လာသည်။ ရွှင်း၏တေးသွားက ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေသော်လည်း ဤသီဆိုမှုနှင့် လိုက်လျောညီထွေရှိသောကြောင့် စုမင်က လမ်းလျှောက်ခြင်းကို ရပ်တန့်ကာ မျိုးနွယ်စုအပြင်ဘက်တွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

သူက ဤမျိုးနွယ်စုနှင့် ရင်းနှီး နေသည်။

ယခင်က ဤနေရာကို နှစ်ကြိမ်ရောက်ဖူးသည်။ ပထမအကြိမ်တွင် သူက သူ၏ဆရာကြီး ထျန်းရှဲကျီနှင့် လာခဲ့ပြီး ဒုတိယ အကြိမ်တွင် သူတစ်ယောက်တည်း လာခဲ့သည်။ ယခု...သူ့၏ တတိယအကြိမ်မြောက်ပင်ဖြစ်သည်။

စုမင်က ဤနေရာကို မူလက မေ့သွားခဲ့သည်။ ဤကဲ့သို့သော မျိုးနွယ်စုလေးက ကပ်ဘေးမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ၊ ယခုလည်း သူ့မျက်လုံးများက အလင်းရောင်ကို မြင်ရုံမှလွဲ၍ ဘာမျှမတွေ့ရသည့် ဤနေရာလေးသို့ စုမင် ပြန်ရောက်လာသည်။

“ဒီသီချင်းက အဖိုးအိုရွှင်းမှုတ်တဲ့ပလွေသံက လာတာပဲ..”

စုမင်က မျိုးနွယ်စုထဲသို့ တိတ်တဆိတ် ရွှေ့သွားသည်။ ကစားနေသော ကလေးများက သူ့ကို မြင်ပုံမပေါ်ပေ။ သူတို့ ရယ်မောရင်း သူ့ဆီ ပြေးလာသည်။... ဆက်ကစားရင်း သူ့ခန္ဓာကိုယ်ကို ဖြတ်သွားသည်။

မီးပုံပွဲတွင်စုဝေးနေသောလူများက စုမင်ကို မမြင်ရပေ။

တစ်ခါတစ်ရံတွင် သာယာဝပြောမှုသည် ဇိမ်ခံနေထိုင်ခြင်းကို မဆိုလိုဘဲ တက်ကြွသော လှုပ်ရှားမှုတစ်ခုဖြစ်သည်။ ရှုပ်ပွနေသော ဤလေထုအလယ်တွင် စုမင်၏ အထီးကျန်မှုက သူ့ပတ်ဝန်းကျင်တွင် အလင်းရောင်နှင့် မီးခိုးများနှင့် မည်မျှပင် ခက်ခက်ခဲခဲ ဖုံးကွယ်ထား၍မရပေ။

စုမင်က လူအုပ်ကြားတွင် လှုပ်ရှားသွားသည်။ ပျော်ရွှင်သော ပြုံးနေသော မျက်နှာများကို ကြည့်ကာ သူ့ပတ်ဝန်းကျင်က ချစ်စဖွယ် အသံများကို နားထောင်ရင်း ချောင်၏ ဝမ်းနည်းဖွယ် သီချင်းသံ ထွက်ပေါ်လာသည့် တဲအပြင်ဘက်သို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။ ခဏတိတ်ဆိတ်သွားပြီးနောက် သူသည် ရွက်ဖျင်တဲကို လှန်လိုက်သည်။

All Chapters