မီးခိုးထု
Vol. 42 Ch. 579
စုမင်က ရွက်ဖျင်တဲကို မြှောက်လိုက်သောအခါ မီးအိမ်မှ ညင်သာသောအလင်းရောင်က အတွင်း၌ ထွန်းလင်း နေလေသည်။ ထိုအလင်းရောက်က သူ့ခန္ဓာကိုယ်ပေါ်ရှိ အလင်းတန်းများနှင့်တူညီ နေလေသည်။
ရွက်ဖျင်တဲကို မလိုက်သည်နှင့် သစ်သားပလွေ၏အသံက ပိုမိုရှင်းလင်းလာသည်။
အထဲမှာ အဘိုးကြီးတစ်ယောက် ထိုင်န လေသည်။ သူ့လက်ထဲမှာ သစ်သားပ ဆလွချောင်းကို ကိုင်ထားပြီး သူ့နှုတ်ခမ်းနှင့် ကပ်ထားသည်။။ လွမ်းဆွတ်ဖွယ်ကောင်းသောတေးသီချင်းတစ်ပုဒ်ကို တီးခတ်ရင်း မျက်လုံးမှိတ်ထားလိုက်သည်။ သံစဉ်များက လေထုထဲတွင် ပြည့်နှက်လာသည်နှင့်အမျှ စုမင်က လောကကြီးနှင့် ကွဲကွာသွားသလို ခံစားလိုက်ရသည်။
သူက ရွက်ဖျင်တဲထဲသို့ တိတ်တဆိတ် လျှောက်သွားကာ အဘိုးအိုရှေ့မှာ ထိုင်လိုက်သည်။ မျက်လုံးမှိတ်ပြီး သီချင်းနားထောင်သည်။ သူ့နှလုံးသားက တေးသွားသံနှင့်အတူ စီးမြောကာ အမည်မသိနေရာတစ်ခုဆီသို့ ပျံသန်းသွားသည်… သို့သော် အမှန်တကယ်တော့ လှည့်ပတ်ကြည့်နေရုံသာ ဖြစ်သည်။
အချိန်များကုန်ဆုံးသွားသော်လည်း စုမင်၏မျက်လုံးများက မှိတ်ထားဆဲပင်။ နေစရာနေရာ ရှာမတွေ့သကဲ့သို့ သူ့ဝိညာဉ်က ဆက်လက် လှည့်လည်သွားခဲ့သည်။
ထိပ်ပြောင်ကြိုးကြာငှက်က မျိုးနွယ်စုငယ်၏ အပြင်ဘက်တွင် ရှိနေသဖြင့် သး၏ အမွေးများ ထောင်မတ်နေ လေသည်။ ပြူးကျယ်သော မျက်လုံးများဖြင့် ပတ်ပတ်လည်ကို ဆက်လက်ကြည့်နေသည်။ သူ့မျက်နှာမှာ ကြောက်ရွံ့မှုများထွက်ပေါ်လာသည်။ သူ့မျက်လုံးထဲမှာတော့ နယ်မြေတစ်ခုလုံး ဆိတ်ညံ့နေပြီး စုမင်ကလွဲလျှင် တခြားလူကို ရှာမတွေ့ပေ။
စုမင်က ဤကျယ်ပြောလှသော မြေကွက်လပ်ပေါ် ခပ်လှမ်းလှမ်းတွင် ထိုင်နေကာ သူ့အတွေးများကို နယ်ချဲ့ကာ မျက်လုံးများကိုပင်မှိတ်ထားလိုက်သည်။
ပုံမှန်ဆိုလျှင် ထိပ်ပြောင်ကြိုးကြာငှက်က ကြောက်လန့်နေမှာ မဟုတ်ပေ။၎င်းကို ကြောက်လန့်စေသည့်အရာမှာ ကျွန်းတွင်းရှိ ထူးဆန်းသော စွမ်းအားဖြစ်သည်။ မမြင်နိုင်သောကြောင့် ကြိုးကြာငှက်တစ်လက်မမျှပင် မလှုပ်ရှားနိုင်တော့ပေ။
နယ်မြေတစ်ခုလုံးတွင် ဘာမှမရှိ သော်လည်း ၎င်း၏နားမှ ကလေးကစားသံများနှင့် ရယ်မောသံများကို ရံဖန်ရံခါ ကြားနိုင်သည်။ ပတ်ပတ်လည်မှာ ကစားနေတာကို ကလေး တစ်စုရှိနေသည်...
တစ်ခါတစ်ရံတွင် ဆော့ကစားနေသောကလေးများက၎င်းရပ်နေသည့်နေရာကို ဖြတ်သွားလျှင် အအေးဓာတ်ကို ခံစားရသည်။
၎င်း၏နှုတ်သီးက အကြိမ်အနည်းငယ်ဟစိဟစိလုပ်ခဲ့သော်လည်း ၎င်း၏ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်ပေ။ စုမင် ကိုကြည့်ကာ... ပတ်ဝန်းကျင်ကိုကြည့်ကာ ၎င်း နှလုံးသားထဲမှ ကြောက်ရွံ့စိတ်တဖွားဖွားထွက်ပေါ်လာသည်။
စုမင်က အချိန်မည်မျှကြာသွားသည်မသိ။ ကောင်းကင်ကြီးက နေ့အလင်းရောင်ကို မသိနိုင်သကဲ့သို့ မှောင်နေသေးသည်။ သစ်သားပုလွေ၏သံစဉ်က တဖြည်းဖြည်း အားနည်းသွားကာ နောက်ဆုံးတွင် လုံးလုံးလျားလျား ပျောက်ကွယ်သည်။ အသံဟောင်းတစ်ခု သူ့နားထဲသို့ ရောက်လာသည်
“မင်း လာနေပြီပဲ…”
စုမင်က မျက်လုံးဖွင့်ကြည့်လိုက်သော် အဖိုးအိုက သစ်သားပု လွေကို သူ့လက်ထဲမှ ချလိုက်သည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်တွင် ကြင်နာသော အပြုံးတစ်ခုရှိပြီး သူ့မျက်လုံးများက သာမန်လူတစ်ယောက်နှင့်တူသော်လည်း မျက်စိကန်းနေမှန်း စုမင် သိသည်။
“ကျုပ်လာမယ်ဆိုတာ မင်းသိလား အကြီးအကဲ”
စုမင်က တိုးတိုးလေးမေးလိုက်သည်။ ဤနေရာကို သူရောက်ဖူးသည်မှာ တတိယအကြိမ်မြောက်ဖြစ်ပြီး ယခင်နှစ်ခေါက်က တစ်ကြိမ်စီ မတူညီသော အတွေ့အကြုံကို ရရှိခဲ့သည်။
“မင်း အဆက်မပြတ် လှည့်ပတ်နေတာ မင်းရဲ့ စိတ်ရှုပ်ထွေးမှုကြောင့်ပဲ..အဲဒါကြောင့် မင်းဒီကို လာခဲ့တာ..”
အဘိုးအိုက တချက်ကြည့်လိုက်သည်။ စုမင် နားမလည်နိုင်သော စကားများကို ပြောပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
စုမင်က ခဏမျှ ငြိမ်သက်နေခဲ့ပြီးရုတ်တရက် မေးလိုက်သည်
“လမ်းလွဲနေတာ ဘာလဲ”
“မင်း နှလုံးသားထဲမှာ နေရာမရှိရင် မင်းဘယ်ကိုသွားနေပါစေ မင်းကိုခေါ်သွားလိမ့်မယ်…”
စုမင်၏ နှလုံးသားက တုန်လှုပ်သွားသည်။ ထိုစကားများက သူ့စိတ်ထဲတွင် တဒိန်းဒိန်းပျံ့လွင့်သွားကာ အချိန်အကြာကြီး အံ့အားသင့်သွားစေသည်။ သူ့စိတ်ထဲမှာ အိမ်ဟု ခေါ်နိုင်သော နေရာမရှိတာ အမှန်ပင်။ အမှောင်တောင်တန်းက အတုဖြစ်ပြီး ဟူကျီအပြင် နဝမမြောက်တောင်ထွဋ်ကို စွန့်ခွာခဲ့သည်။ သူ... သူ့ဘ၀မှာ အမြဲတမ်း ကျင်လည်နေခဲ့တယ်။
မိမိအိမ်ဘယ်မှာရှိမှန်းလည်း မသိ၊ ဤအရာများအားလုံးကို ထိခိုက်စေသော ကာမဂုဏ်တရားများကို မသိ၊ ဤသံသရာကြီးတစ်ခုလုံး၏ အစသည် မည်သည့်နေရာတွင် တည်ရှိနေသည်ကိုလည်း မသိခဲ့။
“ခင်ဗျားဘယ်သူလဲ..”
အချိန်အတော်ကြာပြီးနောက် စုမင် ၏ မျက်လုံးများတွင် ဖျတ်ခနဲတောက်ပလာသည်။
“မင်းဘယ်သူလဲဆိုတာ မင်းသိရင် ငါဘယ်သူလဲဆိုတာ မင်းသိလိမ့်မယ်..”
အဘိုးအိုက ခေါင်းယမ်းကာ လက်ထဲတွင် သစ်သားပုလွေကို ဆုပ်ကိုင်ထားသည်။ သူ့လက်ချောင်းများက သစ်သားပလွေ ၏ မျက်နှာပြင်ကို ခြစ်ထုတ်လိုက်ကာ ကုတ်ခြစ်သံများ ထွက်ပေါ်နေသည်။
ထိုအသံက အပြင်ဘက်သို့ ပျံ့နှံ့မသွားမီ တဲအတွင်း၌ ပဲ့တင်ထပ်သွားသည်။
“အပြင်မှာ ဘာမြင်လဲ.. လူလေး.. ဘာတွေ့ခဲ့လဲ”
အဖိုးအိုက စုမင်ဘက်သို့ လှည့်ကြည့်ပုံ ပေါ်သော်လည်း ရွက်ဖျင်တဲကိုသာ အကြည့်ရောက်နေလေသည်။
“ဒီနေရာက မရှိဘူးသက့်ဘူး..ကျွန်းက ဗလာပဲ... အပြင်က မျိုးနွယ်စုဝင်တွေ အကုန်လုံး သေသင့်တယ်...ဒီမြေကို သိမ်းပိုက်ထားတဲ့ မြင်ကွင်းတွေ အများကြီးပဲ.. ခင်ဗျားလည်း သူတို့ထဲက တစ်ယောက်ပဲ ဖြစ်သင့်တယ်”
စုမင်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်တယ်။
“မင်းမြင်တဲ့အရာတိုင်းက အမှန်တရားမဟုတ်နိုင်.. မင်းယုံကြည်တဲ့အရာက မရှိပဘူး... သေချာပေါက်မရှိနိုင်ဘူး..”
အဘိုးအိုက စကားပြောနေရင်း မျက်လုံးမှိတ်ထားသည်။
စုမင်၏ မျက်လုံးများတွင် ရှုပ်ထွေးမှုများ ပေါ်လာသည်။ ထိုရှုပ်ထွေးမှုများက နက် သူ့နှလုံးသားတစ်ခုလုံးနှင့် သူ့ဝိညာဉ်ကို ဝန်းရံကာ နက်နက်ရှိုင်းရှိုင်းနေရာယူထားခဲ့သည်။
“အဲဒါတွေရှိတယ်. မင်းမြင်တယ်... ဒါပေမယ့် မင်းမယုံဘူး... အပြင်ကလူတွေက သူတို့ကို မမြင်နိုင်တော့ ကြောက်လိမ့်မယ်.. ထောင်နဲ့ချီတဲ့ လူတွေက ထောင်နဲ့ချီပြီး အိပ်ပျော်နေကြသလိုပဲ၊ ဒါပေမယ့် မင်းမျက်လုံးတွေကို ဖွင့်ပေးတဲ့သူက မင်းတစ်ယောက်တည်း... ကံကောင်းတယ်.. ဒါပေမယ့် ကံဆိုး နေပြန်ရော...မင်းမြင်တာကို မင်းယုံတဲ့အခိုက်အတန့်ကြောင့် လောကကြီးက မင်းကို လက်မခံတော့ဘူး...
“ဘာလို့လဲဆိုတော့… မင်းအိပမက်ကနေလန့် နိုးလာလို့ပဲ...”
အဘိုးအိုက ညင်သာစွာပြောသည်။ သူ့စကားက ပိုလေးနက် သောအဓိပ္ပါယ်ရှိပုံပေါ်သည်။ စုမင်က သူ့စကားများကို သိပ်နားမလည်ဟန်ရှိခဲ့သည်။
အဘိုးအိုက ဖြည်းညှင်းစွာပြောခဲ့သည်။ ရှေးလေသံက သူ့အသံကို ကြားလိုက်ရသည်နှင့် မည်သူမဆို ကြားလိုက်မိသလို ခံစားလိုက်ရသည်။ အချိန်က သူ့ဟာသူကြားတယ်။
“ကံကြမ္မာနဲ့တူတယ်..မင်းအဲဒါကို လက်ခံဖို့ ဒါမှမဟုတ် တွန်းလှန်ဖို့ ရွေးချယ်နိုင်တယ်... ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုအခိုက်အတန့်တွေ အတူတကွတည်ရှိနေတဲ့ ဘဝနဲ့တူတယ်... မင်းနဲ့ငါလိုပါပဲ.
ငါမြင်တဲ့အရာ..မင်းမမြင်နိုင်ဘူး.. မင်းမြင်တဲ့အရာ ငါ...မမြင်ဘူး...”
“နားလည်လား လူလေး”
အဘိုးအိုက မျက်လုံးများကိုဖွင့်၍ ကြင်ကြင်နာနာပြုံးရင်း စုမက် ဆီသို့ လှည့်ကြည့်လိုက်သည်။
စုမင်က ခေါင်းငုံ့ကာ အဖိုးအိုကို မကြည့်မီ တစ်ခဏမျှ ငြိမ်သက်နေခဲ့သည်။
“ငါ့အတိတ်ကို ငါစိတ်မ၀င်စားဘူးဆိုရင် ငါ့ရဲ့အနာဂတ်ကို ငါဘာလို့ နှောင့်ယှက်ရမှာလဲ.. ငါဘယ်သူလဲဆိုတာကို မစွဲလမ်းဘဲနဲ့ ငါက ဘယ်သူလဲဆိုတာကို ရှာဖွေရမယ်.. ငါဘယ်သူလဲလို့ တွေးကြည့်သင့်တယ်… လေပြင်းတွေက ပြင်းထန်ပေမယ့် ငါ့ရင်ထဲက မီးတောက်တွေကို မြန်မြန် မငြိမ်းသတ်နိုင်ဘူး… လောကကြီးကို လောင်ကျွမ်းစေလိမ့်မယ်..
အဖိုးအိုက စုမင်၏ စကားကို ကြားသောအခါ ကြည်နူးမှု အပြုံးများ ပေါ်လာ
သည်။
“အနှေးနဲ့အမြန် ဒီလောကကြီးက မီးလောင်တိုက်သွင်းခံရတော့မယ်! ဒါ... ဘဝပဲ.. ဒါက မင်းရဲ့ဘဝမဟုတ်သလို တခြားသူရဲ့ဘဝလည်းမဟုတ်၊ လောကရဲ့ဘဝပဲ”
“ဘဝဆိုတဲ့ စကားလုံးကတောင် ကံကြမ္မာက အတူတူပဲ.. ဘာလို့ တွယ်ကပ်နေတာလဲ...အမှန်တော့ မင်း နားမလည်သေးဘူး...”
အဘိုးအိုက ပြုံးလိုက်သည်။
စုမင် နှုတ်ဆိတ်သွားသည်။
“မင်းဘယ်သူလဲဆိုတာ သိလာတဲ့အခါ မင်းဟာ မင်းမဟုတ်တော့ဘူး... မင်းဘယ်သူလဲဆိုတာ မင်းမသိတော့တဲ့အခါ မင်းဟာ မင်းပဲဖြစ်လိမ့်မယ်...”
အဘိုးအိုက သူ့ညာလက်ကို မြှောက်လိုက်ပြီး သူ့လက်ထဲက သစ်သားပု လွေက စုမင်အနားမှာ လွင့်ပျံလာခဲ့သည်။
“ယူပါ...အိမ်ပြန်ဖို့ လမ်းပြပေးလိမ့်မယ်”
စုမင်က သူ့ရှေ့တွင် လွင့်နေသော ပုလွေကို ကြည့်နေစဉ် အဖိုးအိုက
၏ အသံက လေထဲတွင် ပဲ့တင်ထပ်နေသည်။ ပို၍တိကျစွာပြောရလျှင် ထိုပလွေက သားရဲ တစ်ကောင်၏ကျောရိုးဖြစ်ပြီး ၎င်း၏မျက်နှာပြင်သည် မယုံနိုင်လောက်အောင် ချောမွေ့နေပါသည်။ အချိန်ကာလတစ်ခုကြာအောင် တည်ရှိခဲ့သည်ကို တွေ့နိုင်သည်။
“ဒါကမင်းကို ကူညီပေးလိမ့်မယ်..မင်းဘဝမှာကြုံတွေ့ရမဲ့ ဘေးဒုက္ခကို ကာကွယ်နိုင်လိမ့်မယ်..ဒါကိုဖြတ်ကျော်နိုင်ရင် မင်းအတွက်ကောင်းတာပေါ့..အဲဒီ့အချိန်ကစပြီး မင်းရဲ့ကံကြမ္မာကို ထိန်းချုပ်ဖို့ တခြားသူအတွက် ခက်ခဲသွားလိမ့်မယ်..”
အဘိုးအိုက စုမင်ကို ပြုံးပြီးကြည့်ကာ၊ မျက်စိမှိတ်လိုက်သည်။
“ငါတို့ အခု သုံးခါလောက် ဆုံတွေ့ကြပေမယ့် ငါတို့ရဲ့ တွေ့ဆုံမှုတွေဟာ ငါတို့ ဘဝရဲ့ သီးခြား သံသရာ ၃ ခုနဲ့ တူတယ်။ မင်း ဒီတဲက ထွက်သွားတာနဲ့ ငါ မင်းကို သုံးရက်ကြာကံကောင်းမှု ပေးမယ်.. မင်းရဲ့မာန်စိတ်ဝိညာဉ်ကို ခိုင်ခိုင်မာမာတည်ဆောက်ပါ..”
အဖိုးအို၏ အသံက လေထဲတွင် ပဲ့တင်ထပ်နေသကဲ့သို့ ဆူညံနေသည်။ စုမင်၏အကြည့်များက ပလွေအရိုးပေါ်သို့ ကျဆင်းသွားပြီး တိတ်တဆိတ် ဆုပ်ကိုင်ထားသည်။ အဘိုးအိုကို ကြည့်လိုက်သော် သူ့မျက်နှာမှာ စိတ်ရှုပ်နေလေသည်။ အချိန်အတော်ကြာပြီးနောက် စုမင်က စကားမပြောတော့ဘဲ အဖိုးအို လက်သီးကို ရစ်ပတ်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
အဖိုးအိုနာမည် သို့မဟုတ် သူ့ဇစ်မြစ်ကို မသိနိုင်သော်လည်း အဖိုးအိုနှင့် ပတ်သက်သော ဉာဏ်ပညာနှင့် ရှေးခေတ်လေထုကို သူ ကောင်းကောင်းခံစားနိုင်သည်။ ဦးညွှတ်ပြီးနောက် စုမင်က သူ့အတွေးများကို အနည်းငယ် မှန်ကန်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် ရွက်ဖျင်တဲထဲက လှည့်ထွက်လာသည်။ သူက တဲကို အပြင်ထွက်ရန် ခြေလှမ်းလိုက်သည်။ထို့စဉ် သူ့ခန္ဓာကိုယ်ကို ဆတ်ခနဲတုန်ခါသွကာ အချိန် ရပ်တန့်သွားသလို ခံစားခဲ့ရသည်။ သူ့ညာခြေကို ချထားရန်တောင် မေ့သွားသည်။
သူ့ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ၏ ဝိညာဉ်က တုန်လှုပ်သွားပြီး မယုံကြည်နိုင်မှု ပေါ်လာသည်။ ထိုအချိန်တွင် သူ၏ ရင်ဘတ်ထဲတွင်လည်း တဒုန်းဒုန်းခုန်လာသည်။
ရွက်ဖျင်တဲစကိုမလိုက်သည့်အခိုက်တွင် ကျွန်းနှင့် အနက်ရောင် ကောင်းကင်ကြီးကို မမြင်ခဲ့ရသည့်အပြင် လကို ဖုံးလွှမ်းနေသည့် တိမ်ထူထပ်သော တိမ်တိုက်များကို လည်း မမြင်ခဲ့ရပေ။
လှိုင်းတံပိုးဟောက်သံကိုလည်း မကြားခဲ့ရသလို သူ့ပတ်ဝန်းကျင်မှာ အလင်းရောင်ကိုလည်း မမြင်ရပေ။ သူက ပင်လယ်လေညင်းမှ အနံ့အသက် သို့မဟုတ် လေထဲတွင် အထီးကျန်ခြင်း၏ ခါးသီးသောအနံ့ကို မတွေ့ခဲ့ရပေ။
စုမင်၏ မျက်လုံးများတွင် မယုံကြည်မှုများကြောင့် သူမြင်ရ၊ ကြားခဲ့ရ၊ အနံ့ရခြင်းတို့ကို မယုံနိုင်ဖြစ်ခဲ့ရသည်။ ရွက်ဖျင်တဲအတွင်းမှ အဘိုးအိုကို တွေ့ချင်သော်လည်း အလျင်အမြန် လှည့်ကြည့်လိုက်သည်။ သူ့နောက်မှာ တဲမရှိတော့ပေ။
“သုံးရက်တာ ကံကောင်းမှု…”
အဘိုးအို၏ စကားက စုမင်၏ ခေါင်းထဲတွင် ထပ်မံ ထွက်ပေါ်လာသည်။ သူက မျက်စိမှိတ်ကာ မျက်ရည်များ စီးကျလာသည်...
အပြာရောင်ကောင်းကင်ကြီးကို သူမြင်ရပြီး အပြာရောင်ကောင်းကင်အောက်မှာ လက်ငါးချောင်းနှင့်တူတဲ့ တောင်ထိပ်တစ်ခု၊ သူ့အမှတ်တရထဲက နက်မှောင်တောင်ပင်ဖြစ်သည်။
အိမ်ရှေ့ရောက်မှ အနံ့လေးတွေကြားရတယ်...
“အစ်ကိုကြီး လာစု.. ငါ မင်းကိုတွေ့ပြီ။ ဒါနဲ့ မင်းဒီမှာ ပုန်းနေလိုက်။ မင်း ပျောက်သွားပြီ၊ အခု ပုန်းဖို့နဲ့ မင်းရဲ့ အလှည့်ရောက်ပြီ”
ရွှင်လန်းမှုအပြည့်ရှိသော လူငယ်အသံက စုမင်နားထဲသို့ ရောက်ရှိလာသည်။
....
တိမ်တွေထဲမှာ မြူတွေ။
အရှေ့မြေရိုင်းနယ်မြေက တောင်ပိုင်းအရုဏ်ဦးနယ်မြေနှင့် တူညီသော ကောင်းကင်ရှိနိုင်သော်လည်း နယ်မြေနှစ်ခုရှိ ရာသီဥတုမှာ လုံးဝကွဲပြားပါသည်။ အရှေ့မြေရိုင်းနယ်မြေအထက် ကောင်းကင်ယံတွင် ရွေ့လျားနေသော တိမ်တိုက်များနှင့် မြူများက ရောယှက်နေလေသည်။
နေရာတိုင်းတွင် တိမ်တိုက်များဖြင့် ပြည့်နေသည်မဟုတ်ပေ။ နေ့ခင်းဘက် မြေပြင်မှာ အလင်းရောင်များ လင်းထိန်နေပြီး အဝေးမှ မြင်ကွင်းများက အင်မတန် လှပနေလေသည်။
တိမ်မည်းများနှင့် အားကောင်းသောအလင်းရောင်များက အရှေ့မြေရိုင်းနယ်မြေအထက် ကောင်းကင်ကို ဖန်ဆင်းသည်။
မရဏ ပင်လယ်က အရှေ့မြေရိုင်းနယ်မြေ ပတ်လည်ရှိ ဧရိယာကို ပြည့်စေခဲ့သည်။ လှိုင်းလုံးများက လောကကြီးကို ဖျက်ဆီးရန် စွမ်းအားများ ပါ၀င်နေသကဲ့သို့ လေထဲသို့ တဟုန်းဟုန်း တက်လာသော်လည်း အရှေ့ မြေရိုင်းနယ်မြေကိုပင် မတုန်လှုပ်နိုင်ပေ။ သူတို့က ကြီးမားသော တိုက်ကြီးကြီးကို အပြောင်းအလဲများစွာ မဖြစ်ပေါ်စေနိုင်ဘဲ လှိုင်းပုတ်ရုံသာလုပ်ဆောင်နိုင်ခဲ့သည်။
လွန်ခဲ့သည့်နှစ်များအတွင်း မာန်မျိုးနွယ်စုများ၏ နယ်မြေ ပြိုပျက်သွားပြီးကတည်းက အရှေ့မြေရိုင်းနယ်မြေက အကြီးမားဆုံး တိုက်ကြီးဖြစ်လာသည်။ထို့အပြင် မယုံနိုင်လောက်အောင် အစွမ်းထက်သော တည်ရှိမှုတစ်ခုလည်း ဖြစ်လာခဲ့သည်။
အရှေ့မြေရိုင်းနယ်မြေ၏ အလယ်ဗဟိုတွင် တိမ်တိုက်များ ဖုံးလွှမ်းနေသည့် တောင်ကြီးတစ်ခုဖြစ်ပြီး တိုက်ကြီး၏အစွန်းနှင့် နီးကပ်သော အခြားနေရာတစ်ခုမှာ တောင်ပိုင်းအရုဏ်ဦးနယ်မြေအနီးတွင်ရှိသော အရေးကြီးသော နယ်မြေတစ်ခုဖြစ်သည်။ ထိုအချိန်တွင် လောကကြီးက တုန်လှုပ်သွားကာ အဆုံးမရှိသော ကောင်းကင်ယံမှ အစွမ်းထက်သော အလင်းတန်းနှစ်ခု ဆင်းသက်လာသည်။ လူပေါင်းများစွာကို ထိတ်လန့်တုန်လှုပ်သွားစေကာ လှုပ်ရှားမှုတိုင်းကို အေးခဲရပ်တန့်သွားစေခဲ့သည်။
ပြင်းထန်သော အလင်းတန်းနှစ်ခုအနက်မှ တစ်ခုက အရှေ့မြေရိုင်းနယ်မြေရှိ၏ဗဟိုရှိ တောင်ပေါ်တွင် ဆင်းသက်လာသည်။ ခြေရင်း၌ လူတစ်သောင်းတို့က မြေပေါ်မှာ ဝပ်တွားလျက် ရှိခိုးကြ၏။ တောင်ထိပ်တွင် ခန်းမကြီးတစ်ခုရှိသည်။ ကျယ်လောင်သောအသံများက တောင်ကြီးကို တုန်လှုပ်စေသည်နှင့်အမျှ ပေထောင်ပေါင်းများစွာ ကျယ်ဝန်းသော အလင်းတန်းများက မြေကြီးနှင့် ကောင်းကင်ကို ဆက်သွယ်ထားရာ ခန်းမကို ဖုံးလွှမ်းသွားသည်။
*Note
လာစု - မာန်ကျင့်ကြံသူ ဖြစ်လာအောင် မလုပ်နိုင်သူတွေကို ခေါ်တဲ့အသုံးအနှုန်း..စုမင်ရဲ့မျိုးနွယ်စုမှ ကလေးမလေးက သူ့ကို ခေါ်တဲ့နာမည်...