← Chapters

တိထျန်းရောက်ရှိလာခြင်း..

Vol. 42 Ch. 580

တိထျန်းရောက်ရှိလာခြင်း..

Vol. 42 Ch. 580

အခြားသော အားကောင်းသော အလင်းတန်းများက တောင်ပိုင်းအရုဏ်ဦး နယ်မြေနှင့် နီးကပ်သော လွင်ပြင်ပေါ်သို့ ကျရောက်သွားသည်။ မြေပြင်ကို ထိလိုက်သည်နှင့် တပြိုင်နက် မြေကြီးလှုပ်ခါသွားကာ လှိုင်းဂယက်များ ပျံ့နှံ့သွားသည်။ တိုက်ကြီးအနီးရှိ အရှေ့ခြမ်းရှိ ကျွန်းသူကျွန်းသားများအားလုံးက သူတို့အပေါ် သောင်းချီသော တောင်များဖိထားကဲ့သို့ ခံစားရသည် ။ သူတို့ကိုယ်ပေါ်မှာ ဖိမိသွားသကဲ့သို့ သွေးအန်လိုက်ရသည်။ သူတို့ထဲက တချို့က ရုတ်တရက် ပေါ်လာသော ပြင်းထန်သော ဖိအားကို မခံနိုင်ဘဲ ပေါက်ကွဲသွားကြသည်။

ဤသည်မှာ ... တန်ခိုးကြီးကျင့်ကြံသူများဆင်းသက်လာသော နိမိတ်ဖြစ်သည်။

အလင်းတန်းများ၏ အသွင်အပြင်က အရှေ့မြေရိုင်းနယ်မြေ

တစ်ခုလုံးကို တုန်လှုပ်စေကာ အာရုံစူးစိုက်မှု အများအပြားကို ဆွဲဆောင်ခဲ့သည်။ အစွမ်းထက်သောကျင့်ကြံသူများအားလုံး၏ အကြည့်များကိုလည်း ဖမ်းစားနိုင်ခဲ့သည်။

အထူးသဖြင့် အရှေ့မြေရိုင်းနယ်မြေ အရှေ့ဘက်တွင် တည်ရှိနေသည့် အချို့သော တည်ရှိမှုများအတွက် အထူးပင်ဖြစ်ပေသည်။ ထိုအချိန်တွင် ကောင်းကင်ယံ၌ မြူခိုးအလွှာတစ်ခု ထွက်ပေါ်လာသည်။ထို့နောက် မြေကြီးတပြင်လုံး လွင့်ပျံ့သွားသည် ။ မြူခိုးများက ချက်ချင်းပင် စက်ဝန်းနယ်မြေတစ်သိန်းခန့်ကို ဖုံးလွှမ်းသွားပြီး လောကကြီးကို ဖုံးလွှမ်းသွားသည်။ အလင်းတိုင်နှစ်တိုင်က မျက်လုံးများအသွင်ဖြစ်နေသည့် ကြီးမားသော မျက်နှာကြီး ဖြစ်သွားသည်။

“တိထျန်း....”

မြူခိုးများကြားမှ လူတစ်ယောက်၏အမောတကောအော်သံက အရပ်ရပ်သို့ ရွေ့လျားသွားသည်။

လူပေါင်းတစ်သောင်းကိုးကွယ်သော အရှေ့မြေရိုင်းနယ်မြေအလယ် တောင်ပေါ်ရှိ ခန်းမဆောင်မှ အလင်းရောင်က ပို၍ စူးရှစွာ ထွန်းတောက်ခဲ့ပါသည်။ ထိုစဉ် လူတစ်ယောက် ဆင်းသက်လာသည်။ သူ့မျက်နှာကို မမြင်နိုင်ပေ။ ဝတ်ပြုသူများက ခန်းမအတွင်းမှ လူကို ချက်ချင်း ပြန်ပျောက်ကွယ်သွားသည်ကို မြင်နိုင်သည်။

ခဏအကြာတွင် ခန်းမတံခါး ရုတ်တရက် ပွင့်လာပြီး လူတစ်ဦး ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

၎င်းမှာ လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး တင်းမာခက်ထန်ပြီး တည်ကြည်ခန့်ငြားသော အသွင်အပြင်ရှိသည်။ သူ၏ အနက်ရောင် ဆံပင်များက သူ့ပခုံးပေါ် ဝဲကျကာ... ထင်ရှားသော ဧကရာဇ် ၀တ်ရုံကို ၀တ်ထားသော်လည်း သရဖူမဆောင်းထားပေ။ သူ့မျက်လုံးများက ရှည်လျားကျဉ်းမြောင်းပြီး မြင်သူတိုင်းကို ထိတ်လန့်သွားစေနိုင်သည့် သတ်ဖြတ်လိုသည့်အသွင်ကို ထုတ်ဖော်ထားသည်။

သူက ဖြည်းညှင်းစွာ ထွက်လာပြီး ခန်းမအပြင်ဘက်သို့ ရောက်သောအခါတွင် အဝေးက ကောင်းကင်ကို မော့ကြည့်ရန် ဦးခေါင်းကို မော့ကာ အသက်ပြင်းပြင်းရှူလိုက်သည်။

“အချိန်အကြာကြီး စောင့်ခဲ့ရတဲ့ယင်မရဏလောက…”

ထိုစကားများ သူ့ပါးစပ်မှ ထွက်သွားသည့်အခိုက်တွင် တောင်ခြေရင်းတွင် ကိုးကွယ်နေကြသော လူတစ်သောင်းတို့က ရိုသေလေးစားဖွယ် အမူအရာများ ထွက်ပေါ်လာပြီး သူတို့၏ အသံများက မြိုင်မြိုင်ဆိုင်ဆိုင်ထွက်ပေါ်လာသည်။

“ကျွန်ုပ်တို့က အင်မော်တယ်တော်ဝင်မျိုးနွယ်စုရဲ့တပည့်များဖြစ်ပါတယ်...အကြီးအကဲတိထျန်း.. “

ကျယ်လောင်သော အသံများက နားထဲသို့ စူးရှစွာ ဝင်သွားသည်။ လူလတ်ပိုင်းအရွယ်က ထိုလူများကို လျစ်လျူရှုခဲ့သည်။ သူလေကို ရှူရှိုက်ရင်း ဖြည်းညှင်းစွာ သူ့မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်က ပိုမိုပြင်းထန်လာသည်။ မြူခိုးအလွှာပါးက သူ့ခန္ဓာကိုယ်မှ ပျံ့နှံ့သွားသည်။ သူ့အား ဝိုင်းရံလိုက်သည်နှင့်အမျှ ကောင်းကင်ယံသို့ လွင့်ပျံသွားကာ အပေါ်မှ တိမ်တိုက်များ ပြိုပျက်သွားလေသည်။ ၎င်းက လီတစ်သိန်း၏ စက်ဝိုင်းဧရိယာကို ဖုံးအုပ်ထားသည့် အဖြူရောင် မြူတိုင်တစ်ခုကို ဖန်တီးခဲ့သည်။ထို့အပြင် အရှေ့မြေရိုင်းနယ်မြေအထက်တွင် မယုံနိုင်လောက်အောင် ထင်ရှားသောတည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။

ထိုလူက တိထျန်းပင်...

သူက သူ့ကိုယ်ပွားတစ်ယောက်ကို စေလွှတ်ပြီးနောက်ပိုင်း နှစ်ပေါင်းများစွာကြာပြီးနောက် မာန်မျိုးနွယ်စုနယ် မြေပတွင် တစ်ဖန်ပြန်လည်ရောက်ရှိခဲ့သည်။

တိထျန်း၏ကိုယ်ပွားက အရှေ့မြေရိုင်းနယ်မြေအလယ်ပိုင်းရှိ တောင်ပေါ်သို့ ဆင်းသက်လာပြီး လူအများအပြား ချောင်းဆိုးကာ သွေးများစီးကျကာ သူတို့ကြုံတွေ့ခဲ့ရသော တုန်လှုပ်ချောက်ချားမှုကြောင့်ပင် သေဆုံးခဲ့ရကာ နောက်ထပ် အလင်းတိုင်တစ်ခု ရှိသေးသည်။ တိုက်ကြီး၏အစွန်းနားရှိ လွင်ပြင်များတွင် ပုံရိပ်တစ်ခုက လျှပ်တစ်ပြက်မှ ဆင်းသက်လာသည်။

ထိုအရိပ်က မြေပြင်ကို ထိလိုက်သည်နှင့် တပြိုင်နက် မြေပြင်နှင့် ထိတွေ့ကာ လွင်ပြင်တစ်ခုလုံး ပေါက်ကွဲသံများ ကွဲအက်သွားသည်။ ကြီးမားသော အက်ကွဲကြောင်းများက မြေကြီးတလျှောက် ပြန့်ကျဲသွားကာ မြေကြီးအလွှာများ တလိမ့်လိမ့်ကျဆင်းသွားသည်။

ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲသံများက အဆက်မပြတ်ထွက်‌ပေါ်လာပြီး ပဲ့တင်ထပ်သည့် ပဲ့တင်သံများအဖြစ်သို့ ပြောင်းလဲသွားသည်။ အချိန်အတန်ကြာပြီးနောက်၊ သူတို့ တဖြည်းဖြည်း မှေးမှိန်စပြုလာသောအခါ လွင်ပြင်များ ပျောက်ကွယ်သွားကာ သူတို့၏နေရာ၌ ပေါ်လာသည်မှာ ဧရာမတွင်းကြီးဖြစ်သည်။

ကြယ်တစ်ပွင့်က ကောင်းကင်ကနေ ပြုတ်ကျပြီး မြေပြင်ပေါ် ရောက်ရှိနေသကဲ့သို့ပင်။ တွင်းက ပေပေါင်း သောင်းနှင့်ချီ၍ ကျယ်သည်။ အင်အားကြီးသော အလင်းရောင်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် တွင်းထဲသို့ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

သရဖူနှင့် ဧကရာဇ်ဝတ်လုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ သူ၏ ချောမောသော မျက်နှာပေါ်တွင် အေးစက်ပြီး ခက်ထန်နေသည့် အမူအရာများ နှင့် ရှေးဆန်သောလေထုရှိနေလေသည်။ ဧကရာဇ်၏ဝတ်ရုံက အင်အားကြီးပြီး အံ့သြဖွယ်လေထုကိုပေးသည်။

သူ အထက်သို့ ပျံသန်းစဉ် တောင်ပိုင်းအရုဏ်ဦးနယ်မြေဆီသို့ ငြိမ်သက်စွာ ကြည့်လိုက်သည်။ ကောင်းကင်ကိုတောင် အေးခဲသွားစေနိုင်သည့်ကျောချမ်းဖွယ်အကြည့်တစ်ခုက သူ့မျက်လုံးထဲတွင် ပေါ်လာသည်။

“ကံကြမ္မာ(စုမင်).. မင်းမလွတ်မြောက်နိုင်ဘူး”

သူက ကျယ်လောင်သောအသံဖြင့် ပြောလေ၏။ သူ့ညာလက်ကို မြှောက်ထားပြီး လက်ငါးချောင်းလုံးဖြင့် ကောင်းကင်ရှိ‌ လေထုကို သိမ်းပိုက်လိုက်သည်။ ချက်ချင်းပင်၊ သူ့ပတ်ဝန်းကျင်ရှိ မမြင်နိုင်သော လှိုင်းလုံးအလွှာတစ်ခုက အပြင်ဘက်သို့ လွင့်ထွက်သွားသည်။

လှိုင်းလုံးများက အပြင်ဘက်သို့ ဆက်လက်ပျံ့နှံ့သွားသည်။ လီပေါင်း တစ်သိန်း၊ လီ တစ်သန်း၊ လီဆယ်သန်း... နှင့် ၎င်းတို့က အရှေ့ မြေရိုင်းနယ် မြေတစ်ဝက်လောက်အထိ ဆက်လက်ပျံ့နှံ့သွားခဲ့သည်။ ရေလှိုင်းများ ဖုံးလွှမ်းနေသည့် အစက်အပြောက်များကို မည်သူမျှ သတိမထားမိနိုင်ဘဲ ထိုဒေသများရှိ သက်ရှိသတ္တဝါများအတွက် မည်သည့်အကျိုးသက်ရောက်မှုမှ ရှိလာမည်မဟုတ်ပေ။ သို့သော်လည်း… လှိုင်းလုံးများက တောင်ပိုင်းအရုဏ်ဦးနယ်‌မြေမှ ခွဲထွက်သော ကုန်းမြေအများစုကို ဖုံးလွှမ်းသွားပြီး အရှေ့မြေရိုင်းနယ်မြေနှင့် နီးကပ်သည်။

တစ်စုံတစ်ယောက်က မရဏပင်လယ်တစ်ဝိုက်တွင် ဖြတ်သန်းသွားပြီး အခြားလမ်းကြောင်းမှ အရှေ့ဘက်မြေရိုင်းများပေါ်သို့ ဆင်းသက်ခြင်းမရှိလျှင်‌တောင် ဧကရာဇ်ဝတ်ရုံဝတ်ထားသည့် လူလတ်ပိုင်းအရွယ်အမျိုးသားရောက်ရှိနေခြင်းကို သေချာပေါက်သတိမိမည်ဖြစ်သည်။

ထို့အပြင်၊ ဤလှိုင်းပုတ်ကြီးများနှင့် အရှေ့မြေရိုင်းနယ်မြေပေါ်တွင် အမှန်တကယ်ရွေ့လျားနိုင်သူတစ်ဦးရှိလျှင်ပင် လူလတ်ပိုင်းအရွယ်အမျိုးသားက သူ့အလိုကျ နည်းလမ်းများစွာဖြင့် ၎င်းတို့အတွက် သေချာပေါက်ပြင်ဆင်ထားမည်ဖြစ်သည်။

ဤလူက အရှေ့မြေရိုင်းနယ်မြေ၏ဗဟိုရှိ တောင်ပေါ်ရှိ ခန်းမထဲတွင် ဆင်းသက်သူနှင့် တူညီသောအသွင်အပြင်ရှိသည်။

သူကလည်း တိထျန်း၏ကိုယ်ပွားဖြစ်ခဲ့သည်။

ယခုတစ်ကြိမ်မှာတော့ တိထျန်းက မာန်မျိုးနွယ်စုနယ်မြေမှာဆီသို့ သူ့ကိုယ်ပွားနှစ်ယောက်ကို စေလွှတ်ခဲ့သည်။

တောင်ပိုင်းအရုဏ်ဦးနယ်မြေ အနီးအနားမှာ ဆင်းသက်လာသော ကိုယ်ပွားက စုမင်အတွက် ရှိနေခဲ့တာ ထင်ရှားသည်။

သရဖူဆောင်ထားသောကိုယ်ပွားက တောင်ပိုင်းအရုဏ်ဦးနယ်မြေ ဦးတည်ရာသို့ လှမ်းကြည့်ကာ တွင်း၏ အပြင်ဘက်သို့ ရွေ့လျားသွားသည်။ သူအနားသို့ရောက်သောအခါ သူ့နှင့် ပေထောင်ချီအကွာတွင် ရပ်နေသော အရှေ့မြေရိုင်းနယ်မြေမာန်ကျင့်ကြံသူလေးယောက်ရှိသည်။ ထိုအချိန်တွင် သူတို့၏ မျက်နှာများက ဖြူဖျော့နေပြီး သူ့ကို ထိတ်လန့်စွာ ကြည့်နေကြသည်။ ပေါက်ကွဲနေသော အလောင်း ၃ လောင်းမှာ ၎င်းတို့ဘေးတွင် လဲကျနေသည်။ မူလက ၎င်းတို့ ခုနစ်ဦးရှိသော်လည်း သုံးဦးသည် ဖိအားကို မခံနိုင်ဘဲ သေဆုံးသွားခဲ့သည်။ ကျန်လေးဦးမှာ သွေးအန်ပြီးကျင့်ကြံဆင့်များ ပျက်စီးသွားသော်လည်း မသေဆုံးပေ။

တောင်ပိုင်းအရုဏ်ဦးနယ်မြေကိုကြည့်နေစဉ် တိထျန်း၏မျက်နှာက အေးစက်နေသော်လည်း မျက်မှောင်ကြုတ်နေ လေသည်။ သူရောက်လာသည့်အခိုက်အတန့်တွင် သူ၏နတ်ဘုရားအာရုံကို တပြည်လုံးသို့ ပျံ့နှံ့သွားစေခဲ့သည်... သို့သော် ကံကြမ္မာ၏တည်ရှိမှု သို့မဟုတ် သူ၏ချီ အတက်အကျများကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိခဲ့ပေ။

“သူ့ကို ရှာမတွေ့ဘူး...”

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တိထျန်းက အေးစက်စွာ နှာမှုတ်ထုတ်လိုက်ပြီး ထိုင်ရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ပြုလုပ်နေစဉ်တွင် ပေထောင်ပေါင်းများစွာအကွာမှ လူလေးဦးက သွေးအန်နေလေသည်။ ထို့နောက် သူတို့ခေါင်းများ ပေါက်ကွဲပြီး မြေပြင်ပေါ် လဲကျသေဆုံးသွားခဲ့သည်။

အလောင်း ခုနစ်လောင်းမှာ ဦးခေါင်းများ ပျောက်ဆုံးနေသည်။ သူတို့မှာ ကိုယ်ထည်သာ ကျန်တော့သည်။ သူတို့၏သွေးများက နယ်မြေတစ်ခုလုံးကို အရောင်ဆိုးစေခဲ့ပြီး ထိုနေရာကို သေမင်းဧ။်တိတ်ဆိတ်မှုဖြင့် ပြည့်နှက်စေလေသည်။ ထိုအရာကို တိထျန်း ဂရုမစိုက်ပေ။ သူ့ ညာလက်ကို ချိပ်တံဆိပ်ခတ်ရန်အတွက်သာ မြှောက်လိုက်သည်။ ချက်ချင်းပင် အလောင်းခုနစ်လောင်း တုန်လှုပ်သွားကာ အလင်းတိုင်ဆီသို့ တွားသွားကြသည်။

သူတို့ တက်ပြီးသည်နှင့် သူတို့၏ ရင်ဘတ်များကို ထုတ်ပြရန် အဝတ်အစားတွေကို ဆုတ်ဖြဲကြတယ်။ မထင်ရှားသော တစ္ဆေသရဲမျက်နှာတစ်ခု ပေါ်လာပြီး သူတို့အားလုံး အော်ဟစ်နေပုံရသည်။ နောက်အခိုက်အတန့်တွင် လူသေအလောင်း ခုနစ်လောင်းက မတူညီသော လမ်းကြောင်း ခုနစ်ခုဆီသို့ ဦးတည်သွားခဲ့သည်။

အလင်းတိုင်ဆီသို့ စူးစမ်းချင်စိတ်ကြောင့် နောက်ပိုင်းရောက်လာသူတိုင်း တိထျန်း ကိုတွေ့လိုက်သည်နှင့် ခေါင်းပေါက်ကွဲသွားသည်။ထို့နောက် အလောင်းများပေါ်တွင် သရဲတစ္ဆေမျက်နှာပေါ်လာသောအခါမှ ထွက်ခွာသွားကြသည်။

အားလုံးက လမ်းကြောင်းအမျိုးမျိုးကို ထွက်သွားကြတယ်။

‘ငါ့ရဲ့ မြင့်မြတ်တဲ့နတ်ဘုရားအာရုံနဲ့မင်းကို ဆက်လက်ရှာဖွေမယ်.. မင်းငါ့ကို ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားနိုင်လဲဆိုတာ ငါကြည့်ချင်တယ်’

တိထျန်းက မျက်လုံးမှိတ်ပြီး ငြိမ်နေခဲ့သည်။

ထိုအရာက အဘိုးအို စုမင်ကိုပြောဖူးသောဘေးဒုက္ခပင်ဖြစ်သည်။

ဘေးအန္တရာယ်ကျရောက်နေပြီဖြစ်သော်လည်း ထိုအချိန်အတောအတွင်း စုမင်က မရဏပင်လယ်ရှိ ကျွန်းငယ်လေးပေါ်တွင် ရှိနေသေးသည်။ သူ့အသက်ဝိညာဉ်ဆုံးရှုံးသွားသလိုမျိုး ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်ကာ မြူခိုးအလွှာတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ ထိပ်ပြောင်ကြိုးကြာငှက်ကိုတောင် ဖုံးအုပ်ပြီး နောက်ဆုံးမှာ ကျွန်းတစ်ခုလုံးကို ဖုံးအုပ်လိုက်သည့်။

မရဏပင်လယ်တစ်ခုလုံး ပျောက်ကွယ်သွားသလိုပင်ဖြစ်သည်။

စုမင် သူ့ရှေ့တွင် ရပ်နေသော ကလေးမလေးအား စိုက်ကြည့်နေလေသည်။ ချစ်စရာကောင်းသော မျက်လုံးများက ပြူးကျယ်ပြီး အရုပ်လေးကို ပွေ့ဖက်ထားသည်။ မိန်းကလေး၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု ရှိနေပြီး ယခုအချိန်တွင် သူမ ဘယ်လောက်ပျော်နေကြောင်း ကို ဖော်ပြနေလေသည်။

“တုန်တုန်...”

စုမင်က သူ့ရှေ့မှ ကောင်မလေးကို ဗြောင်ကျကျ စိုက်ကြည့်ကာ သူ့ခန္ဓာကိုယ် တုန်ယင်နေသည်။ သူ ထိုကောင်မလေးကို မြင်ရုံတင်မကပေ။… သူ့ပတ်ဝန်းကျင်မှာ ရင်းနှီးသော မျိုးနွယ်စုကိုလည်း တွေ့လိုက်သည်။

နက်မှောင်တောင်တန်းမျိုးနွယ်စုပင်...

မြက်ပင်များ၊ သစ်ပင်များ၊ အိမ်များ၊ အရာအားလုံးနှင့် ရင်းနှီးသောလေထုများပင်ဖြစ်သည်... ဤသည်မှာ သူ့အမှတ်တရများမှ နက်မှောင်တောင်ကြီး.. သူပြန်မရနိုင်တော့ဟု သူထင်သည့်နေရာ... ထိုစိတ်ကူးယဉ်နေရာပင်..

အတုမှန်းသိသော်လည်း ပေလင်း နှင့် ချန်ရှင်းတို့ကို မြင်ပြီး အပြောင်းအလဲအားလုံးကို ဖြတ်သန်းခဲ့ရသော်လည်း ထိုအချိန်တွင် သူ့ကိုယ်သူ မလှည့်စားနိုင်ပေ။ ထို့ကြောင့် မြင်လိုက်ရသည့်အရာက သူ့ကို လှည့်စား၍မရသော်လည်း၊ သူအလွန်တောင့်တနေသည့်နေရာ… သူ့အိမ်ပင်။

မဟူရာတောင်တန်း

ပေလင်းက အဝေးကရပ်နေပြီး လေးနှင့်မြှားကို လေ့ကျင့်နေသည်ကို သူမြင်လိုက်ရသည်။ အပြင်းထန်ဆုံးသောမြှားကို မည်ကဲ့သို့ပစ်ခတ်ရမည်ကို သူ့သားကို သင်ပေးနေတဲ့ မဟူရာတောင်တန်းမျိုးနွယ်စုခေါင်းဆောင်၏ အရပ်ရှည်ရှည်ပုံရိပ်ကို တွေ့လိုက်သည်။

ဘေးမှာထိုင်နေသော ချန်ရှင်းက ပေလင်းကို နူးညံ့စွာ ကြည့်နေသည်ကို သူမြင်လိုက်ရသည်။ သူမလက်ထဲတွင် ရေအပြည့်ထည့်ထားသည့် ဇလုံတစ်လုံးရှိပြီး သူမက ချွေးစိုရွဲနေသော ပေလင်းအား လှမ်းပေးတော့မည့်ပုံပေါ်နေသည်။

မိုစု၏အမည်ကိုရေရွတ်နေသောဝူလကို တွေ့ခဲ့သည်။ ဝူလက စုမင်လက်ထဲမှာပင်သေဆုံးခဲ့သည်။ ထိုခေါင်းမာသော

မိန်းကလေးက ကလေးများနှင့် ဝိုင်းပြီး ပုံပြင်တွေပြောနေခြင်းပင်ဖြစ်သည်။ သူမ၏ အမူအရာများတွင် သက်ဝင်လှုပ်ရှားနေသော အပြောင်းအလဲများနှင့် ရိုင်းစိုင်းသော စကားလုံးများက သူတို့ကို တခစ်ခစ်ရယ်မောစေကာ ထိုရယ်မောခြင်းမှာ သူတို့၏ နှလုံးသားနက်နက်မှ ထွက်ပေါ်လာသော ပျော်ရွှင်မှုလေးများဖြစ်သည်။

စုမင်က လေ့ချန်ကို တွေ့လိုက်သည် ။ လူလတ်ပိုင်း အမျိုးသမီးတစ်ဦး၏ ဆူပူကြိမ်းမောင်းခြင်းကို ခံနေရစဉ်တွင် သူ၏ အချစ်ဆုံးသူငယ်ချင်းနှင့် အစ်ကိုဖြစ်သူမှာ သွေးသားအားလုံးမှလွဲ၍ စိတ်ပျက်လက်ပျက်ဖြစ်ကာ ခေါင်းငုံ့ထားသည်။

စုမင်က ဤအရာအားလုံးကို လေးနက်စွာ စိုက်ကြည့်နေလေသည်။ သူ အရာအားလုံးကို မေ့နေလေပြီ။ သူ့စိတ်က ဗလာနတ္ထိပင် ဖြစ်သည်။ တုန်တုန် ၏ စကားများက အဝေးသို့ ရောက်သွားပုံရပြီး ရှင်းရှင်းလင်းလင်း မကြားရတော့ပေ။

ထို့နောက် ပျဉ်ထောင်အိမ်ကြီးတစ်ခုမှ လူနှစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့ထဲမှ တစ်ခုမှာနက်မှောင်တောင်မျိုးနွယ်ခေါင်းဆောင် ချန်လုံ ဖြစ်သည်။ မျက်မှောင်ကြုတ်ပြီး တစ်ခုခုကြောင့် စိတ်ရှုပ်နေပုံရသည်။ သူ့နောက်က လိုက်လာသောလူက စုမင်၏ အမှတ်တရများထဲမှာ လေးလေးနက်နက် ထွင်းထုထားသော… ရှန်ဟန့်ပင်ဖြစ်သည်။

ရှန်ဟန့်က စုမင် သိသောပုံစံမျိုးပင်။ သူက ယခင်ကကဲ့သို့ သုန်မှုန်နေပြီး စကားပြောခြင်းကို ယခင်ကလို နှစ်သက်သည်။ သူ့ပတ်ဝန်းကျင်ကို ငေးကြည့်မိသည့်အခါ သူ့မျက်နှာမှာ သူ့ခံစားချက်များကို မမြင်နိုင်ဘဲ သိုးရေအရေခြုံထားသော သားရဲတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။

All Chapters