မင်းရဲ့အိမ်မက်တွေထဲမှာ မင်းကဧည့်သည်တစ်ယောက်လား..
Vol. 42 Ch. 581
သို့သော် စုမင်က ဝူလပတ်ဝန်းကျင်ရှိ ကလေးများကို ဖြတ်ကျော်သွားသောအခါတွင် ရှန်ဟန့်၏ အုံ့မှိုင်းနေသော အရိပ်အယောင်များ ကွယ်ပျောက်သွားသည်။ သူ့အမူအရာက မပြောင်းလဲဘဲ သူ့ရင်ခွင်ထဲက လှပစွာထွင်းထုထားသော သားရဲအရိုးတစ်ချောင်းကို ထုတ်ပြီး ကလေးများကို ပေးပြီး ကျေနပ်နေလေသည်။
စုမင်က ရှန်ဟန့် ပြုံးနေတာကို တွေ့လိုက်ရသည်။ ထိုအပြုံးက မယုံနိုင်လောက်အောင် မှုန်ဝါးသွားကာ တခဏမျှသာ ကြာနိုင်သော်လည်း သူမြင်လိုက်ရသည်။ ခဏတာမျှပင် ရှန်ဟန့်၏ နှုတ်ခမ်းတွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာသည်။
နက်မှောင်တောင်မျိုးနွယ်၏ အမဲလိုက်အဖွဲ့ခေါင်းဆောင်အဖြစ် သူက တာဝန်ယူခဲ့ရပြီး အေးစက်ခက်ထန်နေခဲ့သည်။ သူ့ကို တခြားသူများ ကြောက်အောင် လုပ်ရမည်။ သူ့တွင် သတ်ဖြတ်လိုစိတ်နှင့်ရဲရင့်သောစိတ်ဓါတ်က အများဆုံးရှိရမည်၊ သို့မှသာ သူက ပြင်ပလူများနှင့် မျိုးနွယ်စုရှိ လူဆိုးများကို ခြိမ်းခြောက်နိုင်ပြီး သူ့အိမ်ကို ကာကွယ်နိုင်မည်ဖြစ်သည်။
စုနင် မရောက်မီ လောကကြီးက တဖြည်းဖြည်း ထင်ရှားလာသည်။ ဤရှင်းလင်းချက်က သူ့နှလုံးသားထဲတွင် ခံစားနိုင်သောအရာဖြစ်သည်။ သူ့အမြင်ရှင်းလင်းသွားခြင်းမဟုတ်ဘဲ အစကတည်းက ရှင်းလင်းစွာ ရှိနေခြင်းပင်။
သူ့နားရှိ အသံများက တဖြည်းဖြည်းရှင်းလင်းလာသည်။ စုမင်က ထိုနေရာတွင် ရပ်လိုက်ပြီး ခေါင်းညိမ့်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ ထိုကလေးက ဆယ်ကျော်သက် ကောင်လေးပင်ဖြစ်သည်။
“အစ်ကိုကြီး လာဆု”
စုမင်က သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်သည်နှင့် တုန်တုန်၏ စိတ်လှုပ်ရှားနေသော အသံက သူ့နားထဲမှာ ထွက်ပေါ်လာသည်။ သူမကိုကြည့်ရန် မော့ကြည့်လိုက်သော် သူမ နှုတ်ခမ်းစူနေတာကို တွေ့လိုက်ရပြီး သူမမျက်နှာမှာ မှုန်ကုပ်ကုပ်လေး ဖြစ်နေသည် ။
“ကိုကို ညစ်တယ်... ငါ နင့်ကို တွေ့တယ်.. ဒါပေမဲ့ နင် ငါ့ကို မကြားချင်ယောင်ဆောင်နေတာ..ဟမ်.. ငါ ကိုကိုနဲ့မကစားတော့ဘူး”
ကောင်မလေးက သိသိသာသာ ညိုးမှိုင်းသွားသည်။ ထိုအချိန်တွင် သူမက နှုတ်ခမ်းစူပြီး စုမင်ကို လျစ်လျူရှုကာ အဝေးကို ပြေးသွားခဲ့သည်။ပီပီက သူ့နောက်သို့ လျင်မြန်စွာ လိုက်သွားကာ ၎င်း၏သခင်နောက်မှ ခပ်လှမ်းလှမ်းသို့ လိုက်သွားခဲ့သည်။
သုံးရက်ကြာ ကံကောင်းမှု… … ငါ့အိမ်မှာ သုံးရက်လောက်နေလို့ရတာလား’
စုမင်က သူ့မျက်လုံးတွေကိုမှိတ်ထားသော်လည်း အသက်အတန်ကြာပြီးနောက် ချက်ချင်းဖွင့်လိုက်သည်။ သူ မျက်လုံးမှိတ်ထားရင်း အချိန်မဖြုန်းချင်ပေ။ သူသည် အရာအားလုံးကို မှတ်သားထားရန် လိုအပ်သည့် အချိန်တိုင်းကို အသုံးချပြီး ၎င်းတို့အားလုံးကို သူ့အမှတ်တရများတွင် နက်နက်ရှိုင်းရှိုင်း ထွင်းထုထားချင်သည်။
“အစစ်လား အတုလားဆိုတာ အရေးမကြီးဘူး...”
‘ဒါ ငါ့အိမ်’
စုမင်က ကြီးမားသော ခြေလှမ်းများဖြင့် ရှေ့သို့ ခပ်သွက်သွက် လျှောက်လာခဲ့သည်။ သူ့အကြီးအကဲကို တွေ့ချင်သည်။ ဤခံစားချက်က သူ့နှလုံးသားတစ်ခုလုံးကို ပြည့်သွားသည့်အထိ အဆုံးမရှိ ပျံ့နှံ့သွားသည်။
သူ့အမေက ကြိမ်းမောင်းသောကြောင့် ခေါင်းငုံ့ထားသောလေ့ချန်ကို ကျော်သွားသည်။ စုမင် သူ့အနားက ဖြတ်သွားတာကို မြင်တော့ သူ့ကံကောင်းသွားလေသည်။
သို့သော် ဤအမူအရာကို သူ့အမေက မြင်လိုက်ရပြီး သူမက ပို၍ပင် ဒေါသထွက်လာသည်။ သူမက လေ့ချန် ၏နားရွက်ကိုဆွဲကိုင်ကာ ဆူပူကြိမ်းမောင်းခြင်း ထပ်မံပြုလုပ်ခဲ့သည်။
စုမင်က ဝူလနှင့်ကလေးများကို ဖြတ်လျှောက်သွားသည်။ သူရောက်လာတာက ကလေးတွေကို ပျော်ရွှင်စေသည်။ သူတို့ လှမ်းအော်လိုက်သောအခါတွင် တုန်တုန်က ငြူစူဆောင့်အောင့်ပြီး မကျေနပ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
“ကိုကိုလာစုက လှည့်စားတယ်.. သူက ငါ့နဲ့ မဆော့ပေးဘူး..”
ဝူလ၏ မျက်နှာတွင် အထင်အမြင်သေးမှု ထွက်ပေါ်လာပြီး စုမင် စိတ်မ၀င်စားပေ။ သူက ကလေးမျာစကို ပြုံးပြလိုက်သည်။သို့သော် သူ့စိတ်ထဲ စိုးရိမ်ပူပန် နေလေသည်။ သူက သူ့အကြီးအကဲ၏အိမ်အပြင်ဘက်တွင်ရောက်ရှိနေလေသည်။
သူက တံခါးဝတွင်ရပ်ကာ ညာလက်ကို မြှောက်လိုက်သော်လည်း... တံခါးဖွင့်ရန် သူ့ကိုယ်သူ မစွမ်းဆောင်နိုင်ခဲ့ပေ။ သူထိတ်လန့်နေလေသည်။ အားလုံးက အိပ်မက်တစ်ခုသာဖြစ်ပြီး အတုအယောင်ဖြစ်မှာကို သူကြောက်သည်။ သူ တံခါးကို တွန်းဖွင့်လိုက်လျှင် အထဲမှာ ဘာမှမရှိတော့မည်ကို ကြောက်ရွံ့နေလေသည်။
သူ တုန်လှုပ်သွားသည်။ သူ… ကြောက်လန့်သွားသည်။
“ငါ့ရဲ့စုမင်..ဒါ မင်းလား.. ဘာလို့ အပြင်မှာ ရပ်နေတာလဲ၊ ဝင်လာခဲ့”
သူ့အိမ်ကိုဆုံးရှုံးရမှာကို စိုးရွံ့ထိတ်လန့်မှုတွေကြားထဲမှာ ရင်းနှီးသောအသံတစ်ခုက အိမ်ထဲကနေ သူ့နားကိုရောက်လာပြီး စုမင်၏မျက်လုံးထောင့်များကို ချက်ချင်းနီသွားစေသည်။
ထိုအသံက သူ့အမှတ်တရများကဲ့သို့ နူးညံ့သိမ်မွေ့သည်။ထိုပုံစံက မိဘက သူ့ကလေးကို ကြင်နာစွာစကားပြောနေသည့်အတိုင်းပင်ဖြစ်သည်။ စုမင်က ထိုအသံကို ကြားလိုက်သောအခါတွင် သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ တံခါးကို တွန်းဖွင့်လိုက်တော့ အိမ်ထဲမှာ ထိုင်နေသော အဘိုးအိုက စုမင်ကို ပြုံးပြုံးလေးကြည့်ပြီး ခြေချိတ်ထိုင်နေသည်ကို တွေ့လိုက်ရသည်... သူ့အကြီးအကဲ မိုစုပင်ဖြစ်သည်။
လူကြီး၏မျက်နှာပေါ်ရှိ အရေးအကြောင်းများက စုမင် ဘယ်သောအခါမှ မမေ့နိုင်သော အရာတစ်ခုဖြစ်သည်။ ဆံပင်ဖြူဖြူများသည်လည်း သူ့အမှတ်တရများမှ ဖျောက်ဖျက်မရနိုင်သော အရာတစ်ခုဖြစ်သည်။ နူးညံ့သိမ်မွေ့သောအသံ၊ အကျွမ်းတဝင်ရှိနေသည့် ဤအရာများအားလုံးက သူ့လူကြီးကိုတွေ့လိုက်သည့်အခိုက် စုမင် ၏မျက်လုံးများမှ မျက်ရည်များစီးကျလာစေသည်။
ထိုအချိန်တွင်၊ သူက မျက်တောင်မခတ်ဘဲ သတ်နိုင်သော လူသတ်သမားမဟုတ်တော့ပေ။ ကောင်းကင်ဘုံနယ်နမိတ်ကိုပြိုကျစေခဲ့သော ကြမ္မာငင်သူမဟုတ်ပေ။ ကံကြမ္မာကို ကိုးကွယ်သည့်သူလည်းမဟုတ်ပေ။ ရေခဲလွင်ပြင်ကြီး၏ အရှင်သခင်မဟုတ်ပေ။ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ရပြီး အေးစက်ခက်ထန်နေပြီး၊ စိတ်ခံစားချက်ကို ဖုံးကွယ်ထားသူပင်.. သူကတော့ နှစ်ပေါင်းများစွာ ထွက်ခွာပြီး နောက်ဆုံး အိမ်ပြန်လာပြီး သူ့မိသားစုကို ကြည့်နေလေသည်။
“ကောင်လေး”
ထိုအချိန်တွင် စုမင်၏ခန္ဓာကိုယ်က ဆယ်ကျော်သက်အရွယ်ဖြစ်သည်။ သူ့မျက်လုံးများမှ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျဆင်းလာကာ မိုစုကို ပွေ့ဖက်ရန် အမြန်ပြေးသွားခဲ့သည်။
“အကြီးအကဲကိုလွမ်းတယ်...ကျုပ်...ကျုပ်တို့မျိုးနွယ်စုကိုလွမ်းတယ်..ဒီမှာရှိတဲ့အရာရာကိုလွမ်းတယ်...”
နှစ်ပေါင်းများစွာ ခံစားခဲ့ရသော ဝေဒနာ၊ နှစ်ရှည်လများ သယ်ဆောင်လာခဲ့သည့် တောင့်တမှု၊ နှစ်ပေါင်းများစွာ မသွန်းနိုင်ခဲ့သော မျက်ရည်များနှင့် သူ့အိမ်ရောက်မှ အလွမ်းဖြေနိုင်ခဲ့သည်။ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည့် အကြောင်းကိုလည်း မတွေးချင်ပေ။ ထိုအချိန်တွင် သူ့စိတ်ထဲတွင် အတွေးတစ်ခုသာရှိခဲ့ပြီး ၎င်းမှာ သူ့အကြီးအကဲကို ပွေ့ဖက်ရန်ဖြစ်သည်။ သူလက်မလွှတ်ချင်ပေ။ ဤနေရာက သူ့ဘဝမှာ အနွေးထွေးဆုံးနဲ့ ပြည့်နှက်နေသော နေရာတစ်ခုပင်။ ထိုအရာက... သူ့မိသားစု၊ သူ့အိမ်။
ထိုအရာအားလုံးက အစစ်အမှန်ဟု သူ့ကိုယ်သူပြောခဲ့သည်။ ဤနွေးထွေးမှုသည်လည်း အမှန်တကယ်ဖြစ်ခဲ့သည်။ ဤနေရာ၌ အရာအားလုံးက အမှန်တကယ်ဖြစ်ခဲ့သည်။
မိုစုက ခဏတာ အံ့အားသင့်သွားသည်။ စုမင်ကို ပွေ့ဖက်ထားရင်း စုမင်ငိုနေတာကို ကြည့်ပြီး မေးခွန်းမေးချင်သော်လည်း ဘာမှ မပြောပေ။ ယင်းအစား သူက စုမင်၏ ကျောကို ပုတ်လိုက်သညါ။ သူ့မျက်နှာပေါ်က အပြုံးက ပို၍တောင် ချစ်လာသည်။
“ လာစု... မင်းဘာလို့ ငိုနေတာလဲ ..အဲဒါ မင်းနဲ့ မတူဘူး.. မင်းကို ဘယ်သူက အနိုင်ကျင့်တာလဲ ..ငါ သင်ခန်းစာ ပေးလိုက်မယ် “
ထိုအချိန်တွင် စုမင်ပြောချင်သော စကားလုံးပေါင်း ထောင်နှင့်ချီရှိသော်လည်း သူ့အတွေးများကို အသံမထွက်နိုင်ပေ။ နှစ်များအတွင်း ဖြစ်ပျက်ခဲ့သည့်အရာများကို အကြီးအကဲအား ပြောပြနိုင်မလား။ ဒီနွေးထွေးမှုကို သူ မဖျက်ဆီးချင်ပေ။ ဤနူးညံ့သိမ်မွေ့သောနွေးထွေးမှုက သုံးရက်သာကြာပြီး သူ့အတွက် အလွန်တန်ဖိုးရှိသည်။
စုမင်၏ နှလုံးသားထဲတွင် ပင်ပန်းနွမ်းနယ်မှု လျင်မြန်စွာ မြင့်တက်လာသော်လည်း အကြီးအကဲနှင့်နှင့် ခွဲခွာရမည်စိုးသောကြောင့် မအိပ်ချင်ပေ။ အချိန်အတော်ကြာပြီးနောက် သူ့မျက်ရည်များကို သုတ်လိုက်ပြီး အကြီးအကဲကို ဖြည်းညှင်းစွာ လွှတ်လိုက်သည်။ သူ့အမှတ်တရများထက် အနည်းငယ်ငယ်သော ဤအဘိုးအိုကို အံကြိတ်သောအမူအရာဖြင့် ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။
“အကြီးအကဲ.. ဘာမှမဟုတ်ပါဘူး..ငါ့မှာ အိပ်မက်တစ်ခုရှိတယ်”
လွန်ခဲ့သောနှစ်အနည်းငယ်ကအကြီးအကဲ စုမင်ကိုဖက်ထားကလို စုမင်ငိုခဲ့သည်။
“နှစ်အနည်းငယ်ကြာတော့ ကျုပ်တို့မျိုးနွယ်စုက မဟူရာမျိုးနွယ်စုနဲ့ကို တိုက်တော့မယ်လို့ အိပ်မက်မက်တယ်..ငါတို့ မျိုးနွယ်စုရဲ့ ပြောင်းရွှေ့နေထိုင်မှုနဲ့ ထွက်ခွာမှုကို အိပ်မက်မက်ခဲ့တယ်... တစ်ယောက်တည်း အပြင်ကိုလေလွင့်သွားလာနေတာကို အိပ်မက်မက်ခဲ့တယ်...”
စုမင်က အကြီးအကဲကို ရှိုက်ကြီးတငင်နှင့် ပြောပြသည်။ သူ့အတွေ့အကြုံ သူ့စကားထဲမှာပါသော အကြောင်းအရာများက အရမ်းပညာသားပါသည် ။ သို့သော် စကားလုံးတိုင်းက သူ့ဘဝတစ်ခုလုံးကို ရည်ညွှန်းသည်။
စုမင်က စကားပြောရင်း အကြီးအကဲ၏ မျက်နှာပေါ်က အပြုံးက လေးနက်မှုတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားပါသည်။ သူက စုမင်ကို မယုံကြည်နိုင်စွာကြည်ြခဲ့သည်။ အချိန်အတော်ကြာပြီးနောက် စုမင်က သူ၏ ‘အိပ်မက်’ ကို ပြန်ပြောပြီးသောအခါ အကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။
“အမှန်လား...အမှားလား...”
အကြီးအကဲက သူ့မျက်ခွံများကာမှိတ်ချလိုက်သည်။ ထို့နောက် သူ့မျက်လုံးများကို ဖွင့်ပြီးနောက် စုမင်ကိုကြည့်လိုက်သည်။
“ဒါက အိပ်မက်တစ်ခုပဲလေ..အခု မင်းနိုးလာပြီ.. ဒါကြောင့် အိပ်မက်ထဲမှာ ဖြစ်ပျက်ခဲ့သမျှကို ဂရုမစိုက်ပါနဲ့. မင်း ရှေ့မှာရှိနေတဲ့ငါက အစစ်အမှန်ပဲ”
စုမ်က သူ့အကြီးအကဲကိုကြည့်ရင်း ငြိမ်သက်စွာ ခေါင်းညိတ်လိုက်သည်။ သူ့တွင် သူပြောပြလိုသော အဆုံးမရှိသော အကြောင်းအရာများစွာရှိသည်။
အပြင်ဘက်ရှိကောင်းကင်ယံက တဖြည်းဖြည်းမှောင်လာပြီး အကြီးအကဲ၏မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုပေါ်လာသသည်။ထို့ကြောင့် စုမင်က ငြိမ်သက်စွာမတ်တပ်ထရပ်ကာ အကြီးအကဲအား လက်ဖဝါးကို လက်သီးဖြင့် ပတ်ထားကာဦးညွှတ်လိုက်သည်။ သူက မခွဲခွာနိုင်ပြီး တွန့်ဆုတ်ကာ အိမ်ထဲမှ ထွက်လာခဲ့သည်။
နေမင်းကြီးက အနောက်ဘက်တောင်တန်းများဆီသို့ ပြန်ဝင်သွားလေသည်။ နူးညံ့သော နေရောင်ခြည်များက မြေပြင်ပေါ်တွင် ဖြာကျနေသဖြင့် မဟူရာတောင်တန်းမျိုးနွယ်ရှိ အိမ်များမှ အရိပ်များ မြေပြင်ပေါ်တွင် ပေါ်လာသည်။ မျိုးနွယ်စုဝင်များ ညစာပြင်ဆင်နေခြင်းကြောင့် မီးခိုးငွေ့များ လေထဲသို့ တိုးလာသည်။ ကောင်းကင်ယံတွင် မီးခိုးလုံးများက လိပ်ပြာလေးနှင့် နေဝင်ချိန်၌ တိမ်တိုက်များနှင့် ရောနှောကာ လူများ သူတို့ဆီသို့ လှမ်းကြည့်သောအခါ မယုံနိုင်လောက်အောင် လှပသော မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။
နက်မှောင်တောင်မှ ထွက်သွားကတည်းက စုမင် တခါမှ မခံစားဖူးသော နွေးထွေးမှုက သူ့နှလုံးသားထဲတွင် တိုးဝင်လာသည်။ ဤနွေးထွေးမှုက နဝမမြောက်တောင်ထွဋ်နှင့် မတူညီပေ။ ထိုနေရာက သူ့ကို ကြင်နာမှုပြကာ ခင်မင်ရင်းနှီးမှုပေးကာ တပည့်အပေါ် ဆရာ့မေတ္တာဖြင့် လွှမ်းခြုံထားလေသည်။ ဤနေရာသည် သူ့မွေးရပ်မြေ၏ ရနံ့ဖြစ်သည်။
ညနေခင်းမှာ အမဲလိုက်ရာမှ ပြန်လာ သောကျင့်ကြံသူများကို ကြိုဆိုရန် တံခါးများကို ဖွင့်ထားသည်။
လွန်ခဲ့သည့်တစ်ရက်က သူက အိပ်မက်ဟုတ်မဟုတ်၊ သူမြင်နေရသည့်အရာသည် အိပ်မက်ဟုတ်မဟုတ် မပြောနိုင်တော့ပေ။
စုမင် သူ့ပခုံးကြားမှ လက်တစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ပုတ်လိုက်သည့်ဒါဏ်ကို ခံလိုက်ရသည်။ သူလှည့်ကြည့်လိုက်သော် အေးစက်နေသော အလင်းတန်းတစ်ခု သူ့မျက်လုံးထဲမှာ လျင်မြန်စွာ ထွက်ပေါ်လာသည်။ သူ့နောက်ကလူကို ညာလက်ညိုးဖြင့် ချိန်ရွယ်လိုက်သည်။
“လေ့ချန်” ဤလက်ချက်သည် ညီအစ်ကိုများကြားမှ နှုတ်ဆက်ခြင်းဖြစ်ပြီး တောင့်တမှုမှ ပေါက်ဖွားလာသော တွေ့ဆုံမှုဖြစ်သည်။
စုမင်ကို ပါးရိုက်ဖူးသူမှာ လေ့ချန် ဖြစ်သည်။ သူက ပြင်းပြင်းထန်ထန် ရယ်မောလိုက်ပြီး သူ့ကိုယ်ပေါ်ကို လက်သီးနဲ့ ထိုးထည့်လိုက်တယ်။ သူ့မျက်နှာတွင် မှိုတက်နေသော အမူအရာ ပေါ်လာသည်။
“မင်းငါ့ကို အကြိမ်အနည်းငယ်ရိုက်ရင်တောင် မင်းရဲ့လက်သီးက ငါ့ကို ဘာမှလုပ်မှာမဟုတ်ဘူး..မင်းဒီမှာဘာလုပ်နေတာလဲ၊ မင်းဘာတွေစိတ်ကူးယဉ်နေတာလဲ၊ ...အမေက ညစာစားဖို့ခေါ်ခိုင်းတယ်။”
စုမင်က လေ့ချန်ကို ကြည့်လိုက်ရာ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ လမ်းလျှောက်လာရင်း သူငယ်ချင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ ထိုအရာက သူ့အကြီးအကဲပေးခဲ့တဲ့ ပွေ့ဖက်မှုနဲ့ မတူဘူး၊ ဒါက ညီအစ်ကိုတွေကြားက ခင်မင်ရင်းနှီးမှု၏ သင်္ကေတပဲပင်
“ဘာဖြစ်နေတာလဲ မင်းဒီနေ့ထူးဆန်းနေတာပဲ...”
လေ့ချန် ခေတ္တအံ့အားသင့်သွားသော်လည်း စုမင်က သူ့ကို ပွေ့ဖက်ခွင့်ပေးလိုက်သည်။ ခဏအကြာစုမင်ကို သူပြန်ကြည့်သောအခါ နှစ်အတော်ကြာ မတွေ့မဆုံဖြစ်ကြသည့် သူ့မျက်လုံးများကို တွေ့လိုက်ရသည်။
သူက ခေါင်းကို ကုတ်လိုက်ပြီး စုမင်ကို မေးခွန်းထုတ်သေယ အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ့သူငယ်ချင်း နဖူးကို ထိဖို့ သူ့လက်ကိုတောင် မြှောက်လိုက်သည်။
“မင်းတစ်ခုခုဖြစ်နေတာလား. မင်းနေမကောင်းဘူးလား”
“မင်းကမှ နေမကောင်းတဲ့သူပဲ”
စုမင်ကဟက်ဟက်ပက်ပင် ရယ်မောပြီး ထိုစကားများကို ထုတ်ပြောလိုက်သည်။
“ဟုတ်တယ် ဒါပုံမှန်ပဲ..
“စူမင်.. ငါ မင်းကို အရင်ပြောခဲ့သမျှ အမှန်ပါပဲ၊ မင်းကို အနိုင်ကျင့်ရဲတဲ့သူကို ငါ ချေမှုန်းပစ်မယ်...”
“ငါက မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာတာနဲ့... ဟဲဟဲ၊ အဲဒီအချိန်မှာ မင်းကို ငါကာကွယ်မယ်၊ ပြီးတော့ ငါတို့နှစ်ယောက်လုံးက နေ့တိုင်း ဝိုင်သောက်ပြီးတော့ အသားစားမယ်..ပေလင်းကို ငါတို့အတွက် နေ့တိုင်း အမဲလိုက်ထွက်ခိုင်းမယ်၊ ပြီးမှ ချန်ရှင်း ရှိမယ်...အင်း၊ ငါ သူ့ကို မင်းဆီလိုက်ပို့ပေးမယ်”
လဲ့ချန်းက ပြုံးပြုံးရွှင်ရွှင်နဲ့ သူ့ရှေ့ကို လျှောက်လာပြီး စုမင်ကို သူ့အိမ်သွားမယ့်လမ်းကို ပြန်ခေါ်သွားလိုက်သည်။